MYANMA GON NEWS AGENCY
Open in Telegram
5 411
Subscribers
-224 hours
-237 days
-11230 days
Data loading in progress...
Similar Channels
Tags Cloud
No data
Any problems? Please refresh the page or contact our support manager.
Incoming and Outgoing Mentions
---
---
---
---
---
---
Attracting Subscribers
September '26
September '26
+2
in 5 channels
August '26
+14
in 5 channels
Get PRO
July '26
+7
in 2 channels
Get PRO
June '26
+8
in 6 channels
Get PRO
May '26
+3
in 2 channels
Get PRO
April '26
+7
in 1 channels
Get PRO
March '26
+2
in 5 channels
Get PRO
February '26
+13
in 1 channels
Get PRO
January '26
+10
in 5 channels
Get PRO
December '25
+7
in 6 channels
Get PRO
November '25
+12
in 8 channels
Get PRO
October '25
+21
in 6 channels
Get PRO
September '25
+28
in 5 channels
Get PRO
August '25
+13
in 2 channels
Get PRO
July '25
+12
in 3 channels
Get PRO
June '25
+11
in 8 channels
Get PRO
May '25
+11
in 6 channels
Get PRO
April '25
+17
in 11 channels
Get PRO
March '25
+39
in 9 channels
Get PRO
February '25
+18
in 13 channels
Get PRO
January '25
+61
in 11 channels
Get PRO
December '24
+17
in 8 channels
Get PRO
November '24
+13
in 5 channels
Get PRO
October '24
+8
in 8 channels
Get PRO
September '24
+12
in 13 channels
Get PRO
August '24
+53
in 28 channels
Get PRO
July '24
+58
in 12 channels
Get PRO
June '24
+70
in 18 channels
Get PRO
May '24
+138
in 17 channels
Get PRO
April '24
+86
in 26 channels
Get PRO
March '24
+71
in 29 channels
Get PRO
February '24
+95
in 23 channels
Get PRO
January '24
+306
in 40 channels
Get PRO
December '23
+12 895
in 62 channels
| Date | Subscriber Growth | Mentions | Channels | |
| 08 September | 0 | |||
| 07 September | 0 | |||
| 06 September | +1 | |||
| 05 September | +1 | |||
| 04 September | 0 | |||
| 03 September | 0 | |||
| 02 September | 0 | |||
| 01 September | 0 |
Channel Posts
+1
လွိုင်လင်မြို့နယ်တွင် ကျပ်သိန်းပေါင်း ၂၄၂၀၀ ခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
စက်တင်ဘာ ၉
ရှမ်းပြည်နယ်၊ လွိုင်လင်မြို့နယ်၊ မိုင်းပွန်မြို့၊ စစ်စီကျေးရွာအနီးတွင် စက်တင်ဘာ ၇ ရက်က ကာလတန်ဖိုး ကျပ်သိန်းပေါင်း ၂၄၂၀၀ ခန့်ရှိ မူးယစ်ဆေးဝါးများကို တရားခံများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များက မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုများနှင့် တရားမဝင်ပစ္စည်းများ ဖြတ်သန်းသယ်ဆောင်မှုများ မရှိစေရေး ဆောင်ရွက်နေစဉ် စစ်စီကျေးရွာအနီး၌ ခွန်မောင်ကူနှင့် ခွန်မောင်ထွန်းတို့ကို Vigo ခဲရောင်ယာဉ် ၁ စီးနှင့်အတူ စစ်ဆေးဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
၎င်းတို့ထံမှ ဘိန်းညိုမှုန့် ၂၄၀ ကီလိုဂရမ်နှင့် ဘိန်းဖြူ ဘလောက်တုံး ၂ တုံးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်များအရ မူးယစ်ဆေးဝါးများ လာရောက်ယူဆောင်မည့် ကွင်းဆက်တရားခံများဖြစ်သည့် နားရိုင်းရွာသစ်နေ တွန်းလျန်းနှင့် ရန်ရု့န်ထန်တို့ကိုလည်း ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါ မူးယစ်ဆေးဝါးများ သယ်ဆောင်ရန် နောက်ကွယ်မှ စေခိုင်းသူ ကွင်းဆက်တရားခံကိုပါ ဆက်လက်ဖမ်းဆီးရမိနိုင်ရေး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#Myanmagon
| 2 | ပြင်ဦးလွင်တွင် တက္ကသိုလ်ကျောင်းသားအချင်းချင်း ဓားထိုးမှုဖြစ်ပွား၍ တစ်ဦးသေဆုံး
ပြင်ဦးလွင်၊ စက်တင်ဘာ ၉
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်စာကျေးရွာရှိ ရတနာပုံဆိုက်ဘာစီးတီး နည်းပညာတက္ကသိုလ်ကျောင်းဝင်းအတွင်း စက်တင်ဘာ ၈ ရက် ညပိုင်းက ကျောင်းသားအချင်းချင်း ဓားထိုးမှုဖြစ်ပွားခဲ့ရာ ကျောင်းသားတစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြင်စာနယ်မြေရဲစခန်းမှ သိရသည်။
ဖြစ်စဉ်မှာ တက္ကသိုလ်ကျောင်းဝင်းအတွင်းရှိ ရွှေကျွန်းသာ အမျိုးသားအဆောင် တတိယထပ်တွင် ကျောင်းသားနှစ်ဦး အရက်သေစာသောက်စား၍ ဆူညံနေသဖြင့် အောက်ထပ်ရှိ ကျောင်းသားတစ်ဦးက မဆူညံရန် သွားရောက်ပြောဆိုရာမှ စကားများရန်ဖြစ်ခဲ့ကြောင်း သိရသည်။
ထို့နောက် အရက်သောက်စားနေသည့် ကျောင်းသားနှစ်ဦးက လာရောက်ပြောဆိုသည့် ကျောင်းသားအား လက်သီးဖြင့် ဝိုင်းဝန်းထိုးကြိတ်ခဲ့ရာ အထိုးခံရသည့်ကျောင်းသားက အဆောင်ဝရန်တာလက်ရန်းတွင် တွေ့ရှိသည့် ကြက်သွန်လှီးဓားဖြင့် ပြန်လည်ထိုးခဲ့ကြောင်း သိရသည်။
ဓားဖြင့်ထိုးမှုကြောင့် အရက်သောက်စားနေသည့် ကျောင်းသားနှစ်ဦးအနက် တစ်ဦး သေဆုံးခဲ့ပြီး ကျန်တစ်ဦးမှာ မစိုးရိမ်ရသည့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဓားဖြင့်ထိုးခဲ့သည့် ကျောင်းသားအား ပြင်စာနယ်မြေရဲစခန်းတွင် အမှုဖွင့်၍ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#Myanmagon | 40 |
| 3 | No text... | 31 |
| 4 | မန္တလေးတွင် ကားပေါ်သို့ သစ်ပင်လဲကျ၍ အမျိုးသားတစ်ဦး ပိတ်မိဒဏ်ရာရ
မန္တလေး၊ စက်တင်ဘာ ၉
ယနေ့ စက်တင်ဘာ ၉ ရက် နံနက် ၈ နာရီ ၁၇ မိနစ်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအနောက်ရပ်ကွက်၊ (၃၄) လမ်း၊ (၈၅) လမ်းနှင့် (၈၆) လမ်းကြား၌ ရပ်ထားသည့် မော်တော်ယာဉ်ပေါ်သို့ သစ်ပင်လဲကျခဲ့ရာ ကားခေါင်းခန်းအတွင်း အမျိုးသားတစ်ဦး ပိတ်မိနေကြောင်း သတင်းရရှိသဖြင့် ချမ်းအေးသာစံမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် ကားခေါင်းခန်းအတွင်း ပိတ်မိနေသည့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ပြီး နံနက် ၁၀ နာရီ ၂၅ မိနစ်တွင် ကယ်ထုတ်နိုင်ခဲ့ကာ မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#Myanmagon | 38 |
| 5 | ပုလောတွင် မြိတ်-ထားဝယ်ကားလမ်းပေါ် တိုက်မိုင်းနင်းမိ၍ အသက် ၅၇ နှစ်အရွယ် အမျိုးသားတစ်ဦး ဒဏ်ရာရ
စက်တင်ဘာ ၉
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် စက်တင်ဘာ ၇ ရက် မွန်းလွဲပိုင်းက မြိတ်-ထားဝယ်ကားလမ်းပေါ်၌ တိုက်မိုင်းတစ်လုံး ပေါက်ကွဲမှုကြောင့် အသက် ၅၇ နှစ်အရွယ် အမျိုးသားတစ်ဦး မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၇ ရက် ည ၆ နာရီ ၁၅ မိနစ်တွင် ပုလောမြို့နယ်ပြည်သူ့ဆေးရုံ၌ မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
စိစစ်ချက်အရ ယင်းနေ့ ညနေ ၄ နာရီ ၃၀ မိနစ်တွင် ပုလောမြို့နယ်၊ အထက်ပေါင်းကျေးရွာနေ ဦးမင်းနိုင်၊ အသက် ၅၇ နှစ်သည် ကျေးရွာ၏ အရှေ့တောင်ဘက် ၄ ဖာလုံခန့်အကွာရှိ မြိတ်-ထားဝယ်ကားလမ်းသို့ ခြေလျင်သွားရောက်စဉ် တိုက်မိုင်းတစ်လုံးကို နင်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မိုင်းပေါက်ကွဲမှုကြောင့် ဦးမင်းနိုင်တွင် မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများ ရရှိခဲ့သဖြင့် ပုလောမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
#Myanmagon | 39 |
| 6 | သမ္မတ ဦးမင်းအောင်လှိုင် ကမ္ဘောဒီးယားသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီး သွားရောက်မည်
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ကမ္ဘောဒီးယားနိုင်ငံ ဘုရင်မင်းမြတ် ပရယ်ဘတ် ဆမ်ဒက် ပရယ် ဘိုရိုနစ် နိုရိုဒွန် သီဟာမိုနီ၏ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် သွားရောက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် ကမ္ဘောဒီးယားနိုင်ငံ အထက်လွှတ်တော်ဥက္ကဋ္ဌ (ယာယီနိုင်ငံတော်အကြီးအကဲ) နှင့် တွေ့ဆုံကာ နှစ်နိုင်ငံဆွေးနွေးပွဲများ ပြုလုပ်သွားမည်ဖြစ်ပြီး ကမ္ဘောဒီးယားဝန်ကြီးချုပ်နှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့နှင့်လည်း တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
#Myanmagon | 40 |
| 7 | လက်ပံတန်းတွင် နေအိမ်အနီး လက်နက်ကြီးဗုံးသီးကျရောက်ပေါက်ကွဲ၊ လူငယ်တစ်ဦးဒဏ်ရာရ
လက်ပံတန်း၊ စက်တင်ဘာ ၉
ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၊ ကြို့ပင်သာကျေးရွာတွင် စက်တင်ဘာ ၇ ရက် နံနက်ပိုင်းက နေအိမ်အနီးသို့ လက်နက်ကြီးဗုံးသီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အသက် ၁၆ နှစ်အရွယ် လူငယ်တစ်ဦး ဗုံးသီးပေါက်ကွဲစထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၇ ရက် နံနက် ၅ နာရီ ၂၀ မိနစ်တွင် ကြို့ပင်သာကျေးရွာနေ မောင်မင်းသွေးခန့်၊ အသက် ၁၆ နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် နေအိမ်အနီးသို့ PDF အမည်ခံ အကြမ်းဖက်သမားများက အများပြည်သူ ထိခိုက်စေရန် ရည်ရွယ်၍ ပစ်ခတ်လိုက်သည့် လက်နက်ကြီးဗုံးသီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
အဆိုပါပေါက်ကွဲမှုကြောင့် မောင်မင်းသွေးခန့်တွင် ဗုံးသီးပေါက်ကွဲစထိမှန် ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးကုသမှုခံယူနိုင်ရန် လက်ပံတန်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
#Myanmagon | 39 |
| 8 | ပုသိမ်နှင့် ဝါးခယ်မတွင် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ဆောင်ရွက်ပေး
နေပြည်တော်၊ စက်တင်ဘာ ၉
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပုသိမ်မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက နယ်မြေခံတပ်နယ်ရှိ တပ်မတော်သားများနှင့် မိသားစုဝင်များအား နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ရှိသူများအား e-ID စနစ်ဖြင့် UID ကောက်ယူခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်နေမှုကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့်အတူ သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ဆောင်ရွက်ပြီးဖြစ်သည့် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID များကို ကာယကံရှင်များထံ ပေးအပ်ကာ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။
ထို့နောက် ဝါးခယ်မမြို့နယ် ဦးစီးမှူးရုံးသို့ သွားရောက်စစ်ဆေးပြီး ဒေသခံပြည်သူများ၏ အိမ်ထောင်စုလူဦးရေစာရင်း ပြောင်းဝင်/ပြောင်းထွက်၊ မွေးဖွားမှု၊ သေဆုံးမှုအပါအဝင် လူဦးရေ အတိုး/အလျှော့လုပ်ငန်းများ၊ နိုင်ငံသားစိစစ်ရေးကတ် မရှိသေးသူများနှင့် ပျက်စီး/ပျောက်ဆုံးသူများအား ကတ်နှင့် UID ဆောင်ရွက်ပေးနေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့ပြင် နိုင်ငံသားစိစစ်ရေးကတ်ရှိသူများအား UID ကောက်ယူပေးနေမှုနှင့် မြို့နယ်ရုံးမှတ်တမ်းခန်းအတွင်း ကိုယ်ရေးမှတ်တမ်းများ စနစ်တကျထိန်းသိမ်းထားရှိမှုတို့ကို စစ်ဆေးပြီး ဝန်ထမ်းများအတွက် ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
#Myanmagon | 32 |
| 9 | No text... | 27 |
| 10 | ကမမောင်း–ဖာပွန် လမ်းကြောင်း ပြန်လည်ထိန်းချုပ်နိုင်ရေး တပ်မတော်စစ်ကြောင်းများ ဆက်လက်ဆောင်ရွက်
နေပြည်တော်၊ စက်တင်ဘာ ၉
တပ်မတော်စစ်ကြောင်းများသည် KNU၊ KNLA နှင့် PDF အမည်ခံ ပူးပေါင်းအဖွဲ့များ ယာယီထိန်းချုပ်ထားသည့် ကမမောင်း–ဖာပွန် လမ်းကြောင်းတစ်လျှောက် နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ဖျက်ဆီးခံထားရသည့် လမ်း၊ တံတားများကိုလည်း သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်း၍ ပြန်လည်ပြုပြင်တည်ဆောက်လျက်ရှိကြောင်း သတင်းထုတ်ပြန်သည်။
လမ်းကြောင်းပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ၂၀၂၆ ခုနှစ် မေလ ၅ ရက်မှ စတင်၍ စစ်ကြောင်းများခွဲကာ ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၇ ရက်တွင် ကမမောင်း–ဖာပွန်လမ်းကြောင်း မိုင်တိုင် ၂၈/၅ မိုင်၏ အရှေ့ဘက် မီတာ ၁၈၀၀ ခန့်အကွာရှိ ဖာလုံကြီးကျေးရွာကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။
ထုတ်ပြန်ချက်အရ ယင်းလုပ်ငန်းစဉ်အတွင်း ထိတွေ့တိုက်ပွဲ ၅၆ ကြိမ် ဖြစ်ပွားခဲ့ပြီး ယာယီခြေကုပ်စခန်း ၁၁ ခု၊ လက်နက် ၁၅ လက်၊ FPV Drone ၂၄ စီးနှင့် မိုင်းမျိုးစုံ ၂၄၃ လုံးအပါအဝင် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ဖော်ပြထားသည်။
ထို့ပြင် ဖျက်ဆီးခံခဲ့ရသည့် ရေပူတံတား၊ မိုင် ၄၀ တံတားနှင့် ကညင်ဒုံတံတားတို့ကို ပြန်လည်ပြုပြင်ပြီးစီးခဲ့သဖြင့် မော်တော်ယာဉ်များနှင့် ခရီးသွားပြည်သူများ ပုံမှန်ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ဖာလုံကြီး–ဖာပွန် လမ်းပိုင်းအား ဆက်လက်ထိန်းချုပ်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
#Myanmagon | 28 |
| 11 | No text... | 32 |
| 12 | နှလုံးသွေးကြောပိတ်ရောဂါ လူနာ ၆ ဦးအား နှလုံးစက်မသုံးဘဲ ခွဲစိတ်ကုသ
မန္တလေး၊ စက်တင်ဘာ ၉
တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ရှိ Yida Hospital၊ Shanghai University Medical School မှ နှလုံးနှင့်သွေးကြောခွဲစိတ်ဌာန ဥက္ကဋ္ဌနှင့် ပါမောက္ခ ဒေါက်တာ Feng Wan ဦးဆောင်သည့် အဖွဲ့ဝင် ၅ ဦးပါ ဆေးဘက်ဆိုင်ရာအဖွဲ့သည် မန္တလေးပြည်သူ့ဆေးရုံကြီး၊ နှလုံးနှင့်သွေးကြောခွဲစိတ်ကုဌာနနှင့် ပူးပေါင်း၍ ဩဂုတ် ၂၄ ရက်မှ ၂၇ ရက်အထိ နှလုံးသွေးကြောပိတ်ရောဂါ လူနာ ၆ ဦးအား နှလုံးစက်အသုံးပြုခြင်းမရှိဘဲ နှလုံးသွေးကြောအစားထိုးဖြတ်ကျော်ဆက်သွယ်ခြင်း (Off-Pump Coronary Artery Bypass Surgery) ဖြင့် ခွဲစိတ်ကုသပေးခဲ့ကြောင်း သိရသည်။
ခွဲစိတ်ကုသမှုခံယူခဲ့သည့် လူနာ ၆ ဦးအား မန္တလေးပြည်သူ့ဆေးရုံကြီး၊ နှလုံးနှင့်သွေးကြောခွဲစိတ်ကုဌာနတွင် လိုအပ်သည့် ဆေးကုသမှုများ ဆက်လက်ပေးလျက်ရှိပြီး ကျန်းမာရေးအခြေအနေ တိုးတက်ကောင်းမွန်လျက်ရှိကြောင်း သိရသည်။
#Myanmagon | 29 |
| 13 | AA အကြမ်းဖက်အဖွဲ့ ချေမှုန်းရေးတွင် စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့သည့် ပြည်သူ့စစ်မှုထမ်း ၂ ဦး စစ်မြေပြင်အဆင့်တိုး ဂုဏ်ပြုခံရ
စက်တင်ဘာ ၉
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းဒေသအတွင်း AA အကြမ်းဖက်အဖွဲ့နှင့် ထိတွေ့တိုက်ပွဲများတွင် စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့သည့် ပြည်သူ့စစ်မှုထမ်း စစ်သည် ၂ ဦးအား စစ်မြေပြင်အဆင့်တိုးဖြင့် ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်သည် ၂ ဦးသည် စစ်မြေပြင်အတွင်း ရဲဝံ့စွာ တာဝန်ထမ်းဆောင်ခဲ့မှုနှင့် ပတ်သက်သည့် ဒရုန်းမှတ်တမ်းများ ထွက်ပေါ်လာပြီးနောက် နပခတိုင်းမှူးကိုယ်တိုင် စစ်မြေပြင်အဆင့်တိုးပေးအပ်ကာ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
#Myanmagon | 91 |
| 14 | စက်တင်ဘာလ ၈ ရက်နေ့အတွက်သတင်း
ကျွန်တော်တို့ မီဒီယာကို ထောက်ပံ့ပေးမယ်ဆိုရင်KPay Wave Pay နံပါတ်ဖြစ်တဲ့ 09400080398 ကို
ပေးပို့ကူညီနိုင်ပြီးသတင်းတွေပေးပို့မယ်ဆိုရင် 09678046496 ကို ဆက်သွယ်ပေးပို့နိုင်ပါတယ်။
#AungMoeKyaw | 146 |
| 15 | ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်
ကမ္ဘောဒီးယားနိုင်ငံ ဘုရင်မင်းမြတ် ပရယ်ဘတ် ဆမ်ဒက် ပရယ် ဘိုရိုနစ် နိုရိုဒွန် သီဟာမိုနီ ၏ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံသို့
နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်သွားရောက်မည်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ကမ္ဘောဒီးယားနိုင်ငံ ဘုရင်မင်းမြတ် ပရယ်ဘတ် ဆမ်ဒက် ပရယ် ဘိုရိုနစ် နိုရိုဒွန် သီဟာမိုနီ၏ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) သွားရောက်မည်ဖြစ်သည်။
ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် ကမ္ဘောဒီးယားနိုင်ငံ၏ အထက်လွှတ်တော် ဥက္ကဋ္ဌ (ယာယီနိုင်ငံတော် အကြီးအကဲ) နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်းနှင့် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်၊ ကမ္ဘောဒီးယားနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့နှင့် တွေ့ဆုံ ခြင်းတို့ကို ပြုလုပ်သွားမည်ဖြစ်သည်။ ထို့အပြင် ကမ္ဘောဒီးယားနိုင်ငံရှိ အထင်ကရနေရာများနှင့် ရှေးဟောင်းဘုရားများကို လေ့လာဖူးမြော်သွားမည်ဖြစ်သည်။
#PPIB
#Myanmagon | 167 |
| 16 | တောင်ကျချောင်းရေကြောင့် ပျက်စီးသွားသည့် ဇီးရိုင်းချောင်းတံတားနှင့် ရေဝင်ရောက်ခဲ့သည့်နေရာများအား နေပြည်တော်ကောင်စီအဖွဲ့ ကွင်းဆင်းကြည့်ရှု
ပျဉ်းမနား၊ စက်တင်ဘာ ၈
စက်တင်ဘာ ၈ ရက် မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ခန့်က နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ သစ်တွန်အုပ်စုအတွင်း တောင်ကျချောင်းရေ ရုတ်တရက်စီးဆင်းမှုကြောင့် ဇီးရိုင်းချောင်းတံတား (အလယ်ကူးတံတား) ပြိုကျပျက်စီးခဲ့သည့်နေရာနှင့် တောင်ကျရေဝင်ရောက်ခဲ့သည့် နေရာများအား နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ ဗိုလ်မှူးကြီးရဲမိုးနှင့် ကောင်စီအဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ကွင်းဆင်းစစ်ဆေးရာတွင် လမ်းတံတားဆောက်လုပ်ရေးအဖွဲ့၊ မြေစာရင်းဦးစီးဌာန၊ လျှပ်စစ်ဌာန၊ သစ်တောဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ ပါဝင်ခဲ့ကြပြီး တောင်ကျရေဝင်ရောက်မှုနှင့် တံတားပျက်စီးမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။
#Myanmagon | 168 |
| 17 | တနင်္သာရီတိုင်း အမျိုးသမီးရေးရာအဖွဲ့က ထားဝယ် အထက(၆)ရှိ ကျောင်းသား၊ ကျောင်းသူများအား ထောက်ပံ့ပစ္စည်းများပေးအပ်၊ အာဟာရကျွေးမွေး
ထားဝယ်၊ စက်တင်ဘာ ၈
တနင်္သာရီတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နာယက၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ယနေ့ စက်တင်ဘာ ၈ ရက် မွန်းလွဲပိုင်းက ထားဝယ်မြို့ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းသုံးသန့်ရှင်းရေးပစ္စည်းများနှင့် ဗလာစာအုပ်များကို ကျောင်းအုပ်ကြီးထံ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထို့အပြင် ကျောင်းသား၊ ကျောင်းသူများအား အာဟာရဖြည့်အစားအစာများဖြစ်သည့် နွားနို့၊ ငှက်ပျောသီးနှင့် ကြက်ဥပြုတ်များကို ကျွေးမွေးခဲ့ကြောင်း သိရသည်။
#Myanmagon | 151 |
| 18 | ပျဉ်းမနားမြို့နယ်တွင် တောင်ကျရေတိုက်စားမှုကြောင့် တံတားနှင့် လမ်းပျက်စီးမှု ကြည့်ရှုစစ်ဆေး
နေပြည်တော်၊ စက်တင်ဘာ ၈
ပျဉ်းမနားမြို့နယ်အတွင်း ယမန်နေ့ညက မိုးသည်းထန်စွာရွာသွန်းပြီး ဇီးရိုင်းချောင်း တောင်ကျရေစီးဆင်းမှုကြောင့် ပျက်စီးခဲ့သည့် တံတားနှင့် လမ်းပိုင်းများကို နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ကူးတို့ဆိပ်အုပ်စု၊ ဇီးရိုင်းကျေးရွာနှင့် သစ်တွန်အုပ်စု၊ ဖလောင်းကျေးရွာတို့ကို ဆက်သွယ်ထားသည့် အရှည်ပေ ၆၀၊ အကျယ် ၁၄ ပေရှိ အလယ်ကူးချောင်း ဘေလီတံတား၏ ချဉ်းကပ်လမ်း ရေတိုက်စားပျက်စီးမှုအခြေအနေကို စစ်ဆေးခဲ့ကြောင်း သိရသည်။
#SN | 145 |
| 19 | (၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် ပဲခူးတိုင်းရဲတပ်ဖွဲ့ စုပေါင်းသွေးလှူဒါန်း
ပဲခူး၊ စက်တင်ဘာ ၈
(၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ်အဖြစ် ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့ နံနက်ပိုင်းက ပဲခူးမြို့ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး၊ အောင်သုခဆေးကုသဆောင်၌ ကျင်းပခဲ့သည်။
သွေးလှူဒါန်းပွဲသို့ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးများမှ ရဲတပ်ဖွဲ့ဝင်များနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၁၅၀ ဦးကျော်က စုပေါင်းသွေးလှူဒါန်းခဲ့ကြပြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့က အာဟာရဖြည့်စွက်စာများနှင့် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
#Myanmagon | 138 |
| 20 | ပဲခူးမြို့၌ ၂၀၂၆ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားကျင်းပ
ပဲခူး၊ စက်တင်ဘာ ၈
၂၀၂၆ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ပဲခူးမြို့ မြို့တော်ခန်းမ၌ ကျင်းပရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အမှာစကားပြောကြားပြီး လူမှုရေးရာဝန်ကြီး ဒေါက်တာထူးခြားအောင်က UNESCO ညွှန်ကြားရေးမှူးချုပ်၏ သဝဏ်လွှာကို ဖတ်ကြားခဲ့သည်။ ထို့နောက် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် Video Clip ကို ပြသခဲ့သည်။
ဆက်လက်၍ ပဲခူးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အထက-မြို့အနောက်(ခ)မှ ကျောင်းသား၊ ကျောင်းသူများက တေးသီချင်းများဖြင့် ဖျော်ဖြေခဲ့ကြရာ ဝန်ကြီးချုပ်နှင့် ဇနီးတို့က ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
#Myanmagon | 170 |
