en
Feedback
MYANMA GON NEWS AGENCY

MYANMA GON NEWS AGENCY

Open in Telegram

ပြည်တွင်းသတင်းမှန်များအတည်ပြုနိုင်ပါသည်။

Show more
5 411
Subscribers
-224 hours
-237 days
-11230 days
Posts Archive
ဒလမြို့နယ် ပျော်ဘွယ်ကြီးကျေးရွာတွင် ပြည်သူ့စကားဝိုင်း (Public Talk) ကျင်းပ ဒလ၊ စက်တင်ဘာ ၉ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် ပျော်ဘွယ်ကြီးကျေးရွာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လွှတ်တော်ကိုယ်စားလှယ်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများနှင့် ကျေးရွာပြည်သူများ ပူးပေါင်း၍ ပြည်သူ့စကားဝိုင်း (Public Talk) အခမ်းအနားကို စက်တင်ဘာ ၉ ရက် မွန်းလွဲ ၁ နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်မြင့်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်သီဟ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဆွေဆွေဝင်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ပျော်ဘွယ်ကြီး၊ ပျော်ဘွယ်လေး၊ ရွှေလှေချောင်၊ သမန်ချောင်၊ တယောတန်း၊ ကျွဲလူးအိုင်နှင့် ညောင်ပင်ကျေးရွာများမှ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာပြည်သူ စုစုပေါင်း ၃၀၀ ဦးခန့် တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် လွှတ်တော်ကိုယ်စားလှယ်များက မိတ်ဆက်စကားများ ပြောကြားပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဒေါ်ဆွေဆွေ၀င်းက လွှတ်တော်ဆိုင်ရာအတွေ့အကြုံများကိုရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်အဆင့် ဌာနဆိုင်ရာများက ဌာနအလိုက် ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ပြည်သူများသိရှိလိုသည့် အကြောင်းအရာများကို ဆွေးနွေးတင်ပြခဲ့ကြသည်။ ၎င်းနောက် ကျေးရွာပြည်သူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြသည်။ #Myanmagon

photo content
+7

ဗိုလ်တစ်ထောင်မြို့နယ်တွင် အိမ်ရှင်သက်ကြီးအမျိုးသမီးအား သတ်ဖြတ်၍ လက်ဝတ်ရတနာများနှင့် လက်ကိုင်ဖုန်းများအား လုယက်ယူဆောင်ခဲ့သူ အိမ်အကူသားအမိကို ဖမ်းမိ ရန်ကုန် စက်တင်ဘာ ၉ ဗိုလ်တစ်ထောင်မြို့နယ်တွင် အိမ်ရှင်သက်ကြီးအမျိုးသမီးအား သတ်ဖြတ်၍ လက်ဝတ်ရတနာများနှင့် လက်ကိုင်ဖုန်းများအား လုယက်ယူဆောင်ခဲ့သူ အိမ်အကူသားအမိကို ဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ထံမှ သိရသည်။ လူသတ်ပြီး ပစ္စည်းများကို ယူဆောင်သွားမှုမှာ စက်တင်ဘာ ၇ ရက် ည ၉ နာရီ ၄၅ မိနစ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ စက်တင်ဘာ ၇ ရက်နေ့ ည ၉ နာရီ ၄၅ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တစ်ထောင်မြို့နယ်၊ အမှတ်(၈)ရပ်ကွက်နေ ဒေါ်သိန်းမြင့်(၇၄)နှစ်အား အိမ်အကူဖြစ်သူ တင်နွယ်(၅၈)နှစ်နှင့် ၎င်း၏သမီးဖြစ်သူ အေးမြတ်မွန်(ခ)သူသူ(၁၇)နှစ်တို့နှစ်ဦးမှ နေအိမ်ရှေ့ ဧည့်ခန်း၌ ဒေါ်သိန်းမြင့်၏ မျက်နှာပေါ်သို့ ခေါင်းအုံးနှင့်စောင်အုပ်၍ သတ်ဖြတ်ကာ ၎င်းဝတ်ဆင် ထားသည့် စိန်နားကပ် ၁ ရံ၊ ပလက်တီနမ်ဆွဲကြိုး ၁ ကုံး၊ SAMSUNG A20 အမျိုးအစား လက်ကိုင်ဖုန်း ၁ လုံး၊ SAMSUNG အမျိုးအစား Tablet ၁ လုံးတို့အား လုယက်ယူဆောင်ထွက်ပြေး သွားခဲ့ကြောင်း သိရသည်။ ဖြစ်စဥ်နှင့်ပတ်သက်ပြီး အသတ်ခံရသူ အမျိုးသမီးကြီး၏ ခင်ပွန်းဖြစ်သူက တိုင်တန်းခဲ့ရာ ဗိုလ်တစ်ထောင်မြို့မရဲစခန်း (ပ)၅၈၈/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၉၄ ဖြင့် အမှုရေးဖွင့်ပြီး ပြစ်မှုကျူးလွန်သူ တရားခံများအား ဖမ်းဆီးရမိနိုင်ရေး စုံစမ်းဆောင်ရွက်ခဲ့သည်ဟု သိရသည်။ အဆိုပါအမှုမှ တရားခံများအား ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၈ ရက်နေ့ မွန်းလွဲပိုင်းတွင် တရားခံ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ ကကရံကျေးရွာနေ တင်နွယ်နှင့် အေးမြတ်မွန်(ခ)သူသူ တို့နှစ်ဦးအား ကျုံမငေးမြို့၊ အဝေးပြေး ကားဝန်းရှိ “အောင်ချမ်းသာ”ကားဂိတ်၌ သက်သေခံ SAMSUNG A20 အမျိုးအစား လက်ကိုင်ဖုန်း ၁ လုံး၊ SAMSUNG အမျိုးအစား Tablet ၁ လုံး၊ ငွေ ၂၄၅ သိန်းကျပ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ဆိုသည်။ ဖမ်းဆီးရမိသူနှစ်ဦး၏ ထွက်ဆိုချက်အရ ၎င်းတို့ နှစ်ဦးသည် လွန်ခဲ့သော တစ်လကျော်ခန့်မှစတင်၍ ဦးခင်မောင်နှင့် ဇနီးဖြစ်သူဒေါ်သိန်းမြင့်တို့၏ နေအိမ်တွင် အိမ်အကူအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ကြောင်း၊ ငွေကြေးလိုအပ်ချက်အရ စက်တင်ဘာလ ၇ ရက်နေ့ မွန်းလွဲပိုင်းတွင် ဦးခင်မောင်သည် အမှတ်(၃)ရပ်ကွက်ရှိ ၎င်းပိုင် မုန့်ဆိုင်သို့ ရောက်ရှိနေစဉ် ဒေါ်သိန်းမြင့်အား အသက်ရှူကြပ်သေဆုံးအောင် မျက်နှာအား ခေါင်းအုံးနှင့်စောင်တို့ဖြင့် ပိတ်၍ သတ်ဖြတ်ခဲ့ပြီး ဒေါ်သိန်းမြင့် ဝတ်ဆင်ထားသည့် စိန်နားကပ် ၁ ရံ၊ ပလက်တီနမ်ဆွဲကြိုး ၁ ကုံး၊ ဖုန်းနှင့် Tablet တို့အား လုယက်ယူဆောင်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ အိမ်ရှင်ဖြစ်သူအား သတ်ဖြတ်၍ လက်ဝတ်ရတနာများနှင့် ဖုန်းများအား လုယက် ယူဆောင်ခဲ့သူ တရားခံ တင်နွယ်နှင့် အေးမြတ်မွန်(ခ)သူသူ တို့နှစ်ဦးအား သက်သေခံပစ္စည်းများ နှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့ထံမှ သိရသည်။ #Myanmagon

photo content

မြန်မာ-အိန္ဒိယ ပူးပေါင်း၍ ကပ္ပလီပင်လယ်ပြင် ရေကြောင်းလုံခြုံရေး မြှင့်တင်မည် စက်တင်ဘာ ၉ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သ
+1
မြန်မာ-အိန္ဒိယ ပူးပေါင်း၍ ကပ္ပလီပင်လယ်ပြင် ရေကြောင်းလုံခြုံရေး မြှင့်တင်မည် စက်တင်ဘာ ၉ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် ကပ္ပလီပင်လယ်ပြင် (Andaman Sea) အတွင်း ရေကြောင်းလုံခြုံရေး မြှင့်တင်ရေးနှင့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများ၊ တရားမဝင်လုပ်ဆောင်မှုများကို နှိမ်နင်းရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံး၏ ထုတ်ပြန်ချက်အရ အဆိုပါကိစ္စရပ်များနှင့်ပတ်သက်၍ အမြင်နှင့် အတွေ့အကြုံများ မျှဝေရန်အတွက် အိန္ဒိယရေတပ်သင်္ဘော Karmuk နှင့် LCU 51 တို့သည် စက်တင်ဘာ ၇ ရက်မှ ၉ ရက်အထိ ရန်ကုန်မြို့သို့ ရောက်ရှိနေကြောင်းသိရသည်။ #Myanmagon

၂၀၂၆ ခုနှစ် (၂၇)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ပဲခူးတိုင်းဒေသကြီးအဆင့် ဖွင့်ပွဲကျင်းပ ပဲခူး၊ စက်တင်ဘာ ၉ ပဲခူးတိုင်
+9
၂၀၂၆ ခုနှစ် (၂၇)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ပဲခူးတိုင်းဒေသကြီးအဆင့် ဖွင့်ပွဲကျင်းပ ပဲခူး၊ စက်တင်ဘာ ၉ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၂၀၂၆ ခုနှစ် (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (တိုင်းဒေသကြီးအဆင့်) ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၉ ရက် နံနက်ပိုင်းက ပဲခူးမြို့ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။ ဖွင့်ပွဲအခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦးနှင့် လူမှုရေးရာဝန်ကြီး ဒေါက်တာထူးခြားအောင်တို့က ၂၀၂၆ ခုနှစ် (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အမှာစကားပြောကြားခဲ့သည်။ အဆိုပါပြိုင်ပွဲကို စက်တင်ဘာ ၉ ရက်မှ ၁၁ ရက်အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပဲခူး၊ တောင်ငူ၊ ညောင်လေးပင်၊ ပြည်၊ သာယာဝတီနှင့် နတ်တလင်း စသည့် ခရိုင် ၆ ခရိုင်မှ ပြိုင်ပွဲဝင် ၂၅၀ ဦး ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။ #Myanmagon

(၂၇)ကြိမ်မြောက် တနင်္သာရီတိုင်းဒေသကြီးအဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ ထားဝယ်၊ စက်တင်ဘာ ၉ ရက် (၂၇)ကြိမ်မြောက် တနင်္သာရီတိုင်းဒေသကြီးအဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၉ ရက် မွန်းလွဲပိုင်းက ထားဝယ်မြို့ ပုလဲဧကရီခန်းမ၌ ကျင်းပခဲ့သည်။ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦး၊ ဇနီး ဒေါ်သီတဂူဇေယျ၊ တရားလွှတ်တော် တရားသူကြီးချုပ်၊ လွှတ်တော်ဒုဥက္ကဋ္ဌနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အကဲဖြတ်ဒိုင်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ မိဘပြည်သူများနှင့် ပြိုင်ပွဲဝင် မောင်မယ်များ တက်ရောက်ခဲ့ကြသည်။ ဖွင့်ပွဲအခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က ယခုအခမ်းအနားသည် အမျိုးသားယဉ်ကျေးမှုကို ပြန်လည်သတိရခြင်း၊ ရိုးရာအမွေအနှစ်များကို ထိန်းသိမ်းခြင်း၊ မျိုးဆက်သစ်များထံ လက်ဆင့်ကမ်းခြင်းနှင့် မြန်မာ့ယဉ်ကျေးမှုဂုဏ်ကို မြှင့်တင်ဖော်ထုတ်ခြင်းတို့ကို တစ်ပြိုင်နက်တည်း ဖော်ဆောင်ပေးသည့် အခမ်းအနားတစ်ရပ်ဖြစ်ကြောင်း ပြောကြားသည်။ နိုင်ငံတစ်ခု၏ သမိုင်း၊ ယဉ်ကျေးမှု၊ စာပေ၊ ဘာသာစကား၊ အနုပညာနှင့် ရိုးရာဓလေ့ထုံးတမ်းများ ခိုင်မာတည်တံ့မှုသည် ထိုနိုင်ငံ၏ အမျိုးသားအင်အားတစ်ရပ်ဖြစ်ပြီး ယဉ်ကျေးမှုသည် နိုင်ငံတစ်ခု၏ အတိတ်သမိုင်း၊ လက်ရှိလူမှုဘဝနှင့် အနာဂတ်မျှော်မှန်းချက်များကို ချိတ်ဆက်ပေးသည့် အမျိုးသားအမွေအနှစ်တစ်ရပ်ဖြစ်ကြောင်းလည်း ပြောကြားသည်။ မြန်မာနိုင်ငံသည် ရှေးအစဉ်အဆက်ကတည်းက တိုင်းရင်းသားအသီးသီး၏ ကိုယ်ပိုင်အမျိုးသားရေးလက္ခဏာ၊ ရိုးရာယဉ်ကျေးမှု၊ အနုပညာအမွေအနှစ်၊ ဘာသာစကား၊ စာပေ၊ ဂီတ၊ အကအလှနှင့် လူမှုဓလေ့ထုံးတမ်းများကို ထိန်းသိမ်းစောင့်ရှောက်လာခဲ့သည့် နိုင်ငံဖြစ်ကြောင်း၊ အဆို၊ အက၊ အရေး၊ အတီးတို့သည် မြန်မာ့ရိုးရာယဉ်ကျေးမှု၏ အရေးပါသည့် အစိတ်အပိုင်းများဖြစ်ပြီး မြန်မာတို့၏ စိတ်ဓာတ်၊ အမျိုးသားရေးလက္ခဏာနှင့် ရိုးရာအမွေအနှစ်များကို မျိုးဆက်တစ်ဆက်မှတစ်ဆက်သို့ လက်ဆင့်ကမ်းပေးနေသည့် ယဉ်ကျေးမှုတံတားများဖြစ်ကြောင်း ပြောကြားသည်။ ယခု (၂၇)ကြိမ်မြောက် ပြိုင်ပွဲအထိ နှစ်စဉ်ဆက်လက်ကျင်းပလာခြင်းအားဖြင့် မြန်မာ့ရိုးရာအနုပညာများကို မျိုးဆက်သစ်လူငယ်များ သိရှိနားလည်လာစေရန်၊ လေ့လာဆည်းပူးလာစေရန်၊ ကျွမ်းကျင်ပိုင်နိုင်လာစေရန်နှင့် ဆက်လက်ထိန်းသိမ်းဖော်ထုတ်နိုင်စေရန် အထောက်အကူပြုစေရန် ရည်ရွယ်ကြောင်း ပြောကြားသည်။ ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် လူငယ်မောင်မယ်များအနေဖြင့် မိမိတို့၏ ပင်ကိုယ်အရည်အချင်းကို ပြသရုံသာမက မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်နေသည့် ယဉ်ကျေးမှုမျိုးဆက်သစ်များဖြစ်သဖြင့် မိမိတို့၏ ရိုးရာယဉ်ကျေးမှုကို ဂုဏ်ယူတန်ဖိုးထားရန်၊ စနစ်တကျ လေ့လာဆည်းပူးရန်နှင့် ခေတ်နှင့်အညီ ဖန်တီးဆန်းသစ်နိုင်သည့် အနုပညာရှင်များ ဖြစ်လာစေရန် တိုက်တွန်းကြောင်း ပြောကြားခဲ့သည်။ #Myanmagon

photo content
+9

လားရှိုးမြို့တွင် ရွှေသင်္ကန်းကပ်လှူပူဇော်ရေး အစည်းအဝေးကျင်းပ လားရှိုး၊ စက်တင်ဘာ ၉ လားရှိုးမြို့ရှိ ရန်တိုင်းအောင် ဆုတောင်းပြ
+3
လားရှိုးမြို့တွင် ရွှေသင်္ကန်းကပ်လှူပူဇော်ရေး အစည်းအဝေးကျင်းပ လားရှိုး၊ စက်တင်ဘာ ၉ လားရှိုးမြို့ရှိ ရန်တိုင်းအောင် ဆုတောင်းပြည့်မြို့ဦးစေတီတော်မြတ်ကြီးနှင့် အရံစေတီတော် ၈ ဆူတို့အား တတိယအကြိမ်မြောက် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေးအတွက် အကြိုညှိနှိုင်းအစည်းအဝေးကို ယနေ့ သီရိမင်္ဂလာ မန်ဆူရှမ်းကျောင်းတိုက်၌ ကျင်းပခဲ့သည်။ အစည်းအဝေးသို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အေးမင်းဦး၊ ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်) ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ရွှေသင်္ကန်းကပ်လှူပူဇော်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သိရသည်။ #Myanmagon

လေးမျက်နှာတွင် တာတမံနိမ့်ကျမှုကြောင့် မီးသတ်တပ်ဖွဲ့က ကယ်ဆယ်ရေးနှင့် ကူညီရေးလုပ်ငန်းများ ဆောင်ရွက် စက်တင်ဘာ ၉ ဧရာဝတီတိုင်းဒေသက
+4
လေးမျက်နှာတွင် တာတမံနိမ့်ကျမှုကြောင့် မီးသတ်တပ်ဖွဲ့က ကယ်ဆယ်ရေးနှင့် ကူညီရေးလုပ်ငန်းများ ဆောင်ရွက် စက်တင်ဘာ ၉ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်တွင် ငဝန်တာအောက်ခံ မြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် တာတမံနိမ့်ကျမှုဖြစ်ပွားရာ မီးသတ်တပ်ဖွဲ့ဝင်များက တာကျိုးနေရာများတွင် သဲအိတ်ဖြည့်ခြင်း၊ ဖို့ခြင်းများ ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် ရေဘေးရှောင်စခန်းများနှင့် ရေဝင်ရောက်သည့်ကျေးရွာများသို့ စားရေရိက္ခာနှင့် သောက်သုံးရေများ ပို့ဆောင်ပေးခြင်း၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အဖွဲ့အစည်းများနှင့် အလှူရှင်များအား သက်ဆိုင်ရာနေရာများသို့ ပို့ဆောင်ပေးခြင်း၊ ဒေသခံပြည်သူများ၏ ကျန်းမာရေးနှင့် လူမှုရေးကိစ္စများအတွက် သွားလာရာတွင် ကူညီပို့ဆောင်ပေးခြင်းများ ဆောင်ရွက်နေကြောင်း သိရသည်။ အလားတူ ရေဘေးကြောင့် စာသင်ကျောင်းများတွင် တင်ကျန်နေသည့် ရွံ့နှင့် နုံးမြေများကိုလည်း ရှင်းလင်းပေးလျက်ရှိကြောင်း သိရသည်။ #Myanmagon

မော်တော်ယာဉ် စုံ/မ ရက်စနစ် ပယ်ဖျက်၊ ပုံမှန်အတိုင်း ပြန်လည်မောင်းနှင်နိုင် နေပြည်တော်၊ စက်တင်ဘာ ၉ စက်သုံးဆီ ခြိုးခြံချွေတာသုံး
မော်တော်ယာဉ် စုံ/မ ရက်စနစ် ပယ်ဖျက်၊ ပုံမှန်အတိုင်း ပြန်လည်မောင်းနှင်နိုင် နေပြည်တော်၊ စက်တင်ဘာ ၉ စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးနှင့် ဖူလုံမှုရှိစေရေးအတွက် ၂၀၂၆ ခုနှစ် မတ်လ ၃ ရက်နှင့် ၄ ရက်တို့တွင် ထုတ်ပြန်ခဲ့သည့် မော်တော်ယာဉ်များအား “စုံ” ရက်၊ “မ” ရက် ခွဲခြား၍ ကန့်သတ်မောင်းနှင်အသုံးပြုရန် သတ်မှတ်ချက်များကို စက်တင်ဘာ ၉ ရက်မှစတင်၍ ပယ်ဖျက်လိုက်ကြောင်း နိုင်ငံတော်သမ္မတရုံး သတင်းထုတ်ပြန်ရေးအဖွဲ့က အသိပေးကြေညာသည်။ စက်သုံးဆီသုံးစွဲမှု ပုံမှန်တည်ငြိမ်သည့်အခြေအနေသို့ ရောက်ရှိလာပြီဖြစ်သဖြင့် ပြည်သူများ သွားလာရေး အဆင်ပြေချောမွေ့စေရန်နှင့် စီးပွားရေးလုပ်ငန်းများ ပုံမှန်လည်ပတ်နိုင်ရန် ရည်ရွယ်၍ ယင်းကန့်သတ်ချက်ကို ပယ်ဖျက်ခြင်းဖြစ်ကြောင်း သိရသည်။ သို့သော် နိုင်ငံ၏စွမ်းအင်လုံခြုံရေးအတွက် စက်သုံးဆီ ဖြန့်ဖြူးရောင်းချမှုစနစ်ကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက လက်ရှိကျင့်သုံးနေသည့် “စုံ/မ” ရက်စနစ်နှင့် QR Code သတ်မှတ်ချက်များအတိုင်း ဆက်လက်ဝယ်ယူရမည် ဖြစ်ကြောင်း အသိပေးထားသည်။ #Myanmagon

မြန်မာ့တပ်မတော်အပေါ် တစ်ဖက်သတ် စွပ်စွဲချက်များ၊ အတည်မပြုနိုင်သည့် ဆန့်ကျင်ဘက်အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များထံမှ ရရှိသည့်
+1
မြန်မာ့တပ်မတော်အပေါ် တစ်ဖက်သတ် စွပ်စွဲချက်များ၊ အတည်မပြုနိုင်သည့် ဆန့်ကျင်ဘက်အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များထံမှ ရရှိသည့် သတင်းများနှင့် ကိန်းဂဏန်း ဖောင်းပွမှုများအပေါ် အခြေခံရေးသားထားသော IIMM ၏ စွပ်စွဲချက် အစီရင်ခံစာများအား ပြင်းထန်စွာကန့်ကွက်ပယ်ချကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အသိပေး #Myanmagon

မော်တော်ယာဉ် စုံ/မ စနစ် ပယ်ဖျက် မော်တော်ယာဉ်များကို စုံ/မ နံပါတ်အလိုက် ခွဲခြားမောင်းနှင်သုံးစွဲရသည့် စနစ်အား ယနေ့ စက်တင်ဘာ ၉ ရက်မှစတင်၍ ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ #ဒေါ်ခိုင်ခိုင်စိုး(ဒုတိယ၀န်ကြီး) နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ #Myanmagon

ရေငန်းဆည်အတွင်း အမျိုးသားတစ်ဦး ရေနစ်သေဆုံး နေပြည်တော်၊ စက်တင်ဘာ ၉ စက်တင်ဘာ ၉ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်က နေပြည်တော်၊ ဇမ္ဗူသီ
+3
ရေငန်းဆည်အတွင်း အမျိုးသားတစ်ဦး ရေနစ်သေဆုံး နေပြည်တော်၊ စက်တင်ဘာ ၉ စက်တင်ဘာ ၉ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်က နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဉာဏသိဒ္ဓိရပ်ကွက်၊ မြမြင့်မိုရ်လမ်းရှိ ရေငန်းဆည်အတွင်း အမျိုးသားတစ်ဦး ရေနစ်နေကြောင်း သတင်းရရှိသဖြင့် ဇမ္ဗူသီရိမြို့နယ်မီးသတ်စခန်းနှင့် ဗလသိဒ္ဓိနယ်မြေမီးသတ်စခန်းတို့မှ မီးသတ်ယာဉ် ၂ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ရှာဖွေမှုများ ဆောင်ရွက်ခဲ့ရာ မွန်းလွဲ ၁ နာရီ ၁၈ မိနစ်တွင် ရေနစ်သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ပြီး စိုးမိုးသူ ပရဟိတလူမှုကူညီရေးအသင်းယာဉ်ဖြင့် ကုတင် ၁၀၀၀ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ #Myanmagon

လွိုင်လင်မြို့နယ်တွင် ကျပ်သိန်းပေါင်း ၂၄၂၀၀ ခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ စက်တင်ဘာ ၉ ရှမ်းပြည်နယ်၊ လွိုင်လင်မြို
+1
လွိုင်လင်မြို့နယ်တွင် ကျပ်သိန်းပေါင်း ၂၄၂၀၀ ခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ စက်တင်ဘာ ၉ ရှမ်းပြည်နယ်၊ လွိုင်လင်မြို့နယ်၊ မိုင်းပွန်မြို့၊ စစ်စီကျေးရွာအနီးတွင် စက်တင်ဘာ ၇ ရက်က ကာလတန်ဖိုး ကျပ်သိန်းပေါင်း ၂၄၂၀၀ ခန့်ရှိ မူးယစ်ဆေးဝါးများကို တရားခံများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များက မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုများနှင့် တရားမဝင်ပစ္စည်းများ ဖြတ်သန်းသယ်ဆောင်မှုများ မရှိစေရေး ဆောင်ရွက်နေစဉ် စစ်စီကျေးရွာအနီး၌ ခွန်မောင်ကူနှင့် ခွန်မောင်ထွန်းတို့ကို Vigo ခဲရောင်ယာဉ် ၁ စီးနှင့်အတူ စစ်ဆေးဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ၎င်းတို့ထံမှ ဘိန်းညိုမှုန့် ၂၄၀ ကီလိုဂရမ်နှင့် ဘိန်းဖြူ ဘလောက်တုံး ၂ တုံးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်များအရ မူးယစ်ဆေးဝါးများ လာရောက်ယူဆောင်မည့် ကွင်းဆက်တရားခံများဖြစ်သည့် နားရိုင်းရွာသစ်နေ တွန်းလျန်းနှင့် ရန်ရု့န်ထန်တို့ကိုလည်း ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ အဆိုပါ မူးယစ်ဆေးဝါးများ သယ်ဆောင်ရန် နောက်ကွယ်မှ စေခိုင်းသူ ကွင်းဆက်တရားခံကိုပါ ဆက်လက်ဖမ်းဆီးရမိနိုင်ရေး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ #Myanmagon

ပြင်ဦးလွင်တွင် တက္ကသိုလ်ကျောင်းသားအချင်းချင်း ဓားထိုးမှုဖြစ်ပွား၍ တစ်ဦးသေဆုံး ပြင်ဦးလွင်၊ စက်တင်ဘာ ၉ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်စာကျေးရွာရှိ ရတနာပုံဆိုက်ဘာစီးတီး နည်းပညာတက္ကသိုလ်ကျောင်းဝင်းအတွင်း စက်တင်ဘာ ၈ ရက် ညပိုင်းက ကျောင်းသားအချင်းချင်း ဓားထိုးမှုဖြစ်ပွားခဲ့ရာ ကျောင်းသားတစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြင်စာနယ်မြေရဲစခန်းမှ သိရသည်။ ဖြစ်စဉ်မှာ တက္ကသိုလ်ကျောင်းဝင်းအတွင်းရှိ ရွှေကျွန်းသာ အမျိုးသားအဆောင် တတိယထပ်တွင် ကျောင်းသားနှစ်ဦး အရက်သေစာသောက်စား၍ ဆူညံနေသဖြင့် အောက်ထပ်ရှိ ကျောင်းသားတစ်ဦးက မဆူညံရန် သွားရောက်ပြောဆိုရာမှ စကားများရန်ဖြစ်ခဲ့ကြောင်း သိရသည်။ ထို့နောက် အရက်သောက်စားနေသည့် ကျောင်းသားနှစ်ဦးက လာရောက်ပြောဆိုသည့် ကျောင်းသားအား လက်သီးဖြင့် ဝိုင်းဝန်းထိုးကြိတ်ခဲ့ရာ အထိုးခံရသည့်ကျောင်းသားက အဆောင်ဝရန်တာလက်ရန်းတွင် တွေ့ရှိသည့် ကြက်သွန်လှီးဓားဖြင့် ပြန်လည်ထိုးခဲ့ကြောင်း သိရသည်။ ဓားဖြင့်ထိုးမှုကြောင့် အရက်သောက်စားနေသည့် ကျောင်းသားနှစ်ဦးအနက် တစ်ဦး သေဆုံးခဲ့ပြီး ကျန်တစ်ဦးမှာ မစိုးရိမ်ရသည့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဓားဖြင့်ထိုးခဲ့သည့် ကျောင်းသားအား ပြင်စာနယ်မြေရဲစခန်းတွင် အမှုဖွင့်၍ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ #Myanmagon

photo content

မန္တလေးတွင် ကားပေါ်သို့ သစ်ပင်လဲကျ၍ အမျိုးသားတစ်ဦး ပိတ်မိဒဏ်ရာရ မန္တလေး၊ စက်တင်ဘာ ၉ ယနေ့ စက်တင်ဘာ ၉ ရက် နံနက် ၈ နာရီ ၁၇ မိနစ်
+2
မန္တလေးတွင် ကားပေါ်သို့ သစ်ပင်လဲကျ၍ အမျိုးသားတစ်ဦး ပိတ်မိဒဏ်ရာရ မန္တလေး၊ စက်တင်ဘာ ၉ ယနေ့ စက်တင်ဘာ ၉ ရက် နံနက် ၈ နာရီ ၁၇ မိနစ်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအနောက်ရပ်ကွက်၊ (၃၄) လမ်း၊ (၈၅) လမ်းနှင့် (၈၆) လမ်းကြား၌ ရပ်ထားသည့် မော်တော်ယာဉ်ပေါ်သို့ သစ်ပင်လဲကျခဲ့ရာ ကားခေါင်းခန်းအတွင်း အမျိုးသားတစ်ဦး ပိတ်မိနေကြောင်း သတင်းရရှိသဖြင့် ချမ်းအေးသာစံမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်ကြောင့် ကားခေါင်းခန်းအတွင်း ပိတ်မိနေသည့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ပြီး နံနက် ၁၀ နာရီ ၂၅ မိနစ်တွင် ကယ်ထုတ်နိုင်ခဲ့ကာ မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ #Myanmagon

ပုလောတွင် မြိတ်-ထားဝယ်ကားလမ်းပေါ် တိုက်မိုင်းနင်းမိ၍ အသက် ၅၇ နှစ်အရွယ် အမျိုးသားတစ်ဦး ဒဏ်ရာရ စက်တင်ဘာ ၉ တနင်္သာရီတိုင်းဒေသကြီ
ပုလောတွင် မြိတ်-ထားဝယ်ကားလမ်းပေါ် တိုက်မိုင်းနင်းမိ၍ အသက် ၅၇ နှစ်အရွယ် အမျိုးသားတစ်ဦး ဒဏ်ရာရ စက်တင်ဘာ ၉ တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် စက်တင်ဘာ ၇ ရက် မွန်းလွဲပိုင်းက မြိတ်-ထားဝယ်ကားလမ်းပေါ်၌ တိုက်မိုင်းတစ်လုံး ပေါက်ကွဲမှုကြောင့် အသက် ၅၇ နှစ်အရွယ် အမျိုးသားတစ်ဦး မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။ စက်တင်ဘာ ၇ ရက် ည ၆ နာရီ ၁၅ မိနစ်တွင် ပုလောမြို့နယ်ပြည်သူ့ဆေးရုံ၌ မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။ စိစစ်ချက်အရ ယင်းနေ့ ညနေ ၄ နာရီ ၃၀ မိနစ်တွင် ပုလောမြို့နယ်၊ အထက်ပေါင်းကျေးရွာနေ ဦးမင်းနိုင်၊ အသက် ၅၇ နှစ်သည် ကျေးရွာ၏ အရှေ့တောင်ဘက် ၄ ဖာလုံခန့်အကွာရှိ မြိတ်-ထားဝယ်ကားလမ်းသို့ ခြေလျင်သွားရောက်စဉ် တိုက်မိုင်းတစ်လုံးကို နင်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မိုင်းပေါက်ကွဲမှုကြောင့် ဦးမင်းနိုင်တွင် မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများ ရရှိခဲ့သဖြင့် ပုလောမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။ #Myanmagon

သမ္မတ ဦးမင်းအောင်လှိုင် ကမ္ဘောဒီးယားသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီး သွားရောက်မည် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည်
သမ္မတ ဦးမင်းအောင်လှိုင် ကမ္ဘောဒီးယားသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီး သွားရောက်မည် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ကမ္ဘောဒီးယားနိုင်ငံ ဘုရင်မင်းမြတ် ပရယ်ဘတ် ဆမ်ဒက် ပရယ် ဘိုရိုနစ် နိုရိုဒွန် သီဟာမိုနီ၏ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် သွားရောက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် ကမ္ဘောဒီးယားနိုင်ငံ အထက်လွှတ်တော်ဥက္ကဋ္ဌ (ယာယီနိုင်ငံတော်အကြီးအကဲ) နှင့် တွေ့ဆုံကာ နှစ်နိုင်ငံဆွေးနွေးပွဲများ ပြုလုပ်သွားမည်ဖြစ်ပြီး ကမ္ဘောဒီးယားဝန်ကြီးချုပ်နှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့နှင့်လည်း တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။ #Myanmagon

MYANMA GON NEWS AGENCY - Statistics & analytics of Telegram channel @myanmagone99