cookie

We use cookies to improve your browsing experience. By clicking «Accept all», you agree to the use of cookies.

avatar

Ye Yint Htet (#yyh)☀️

Show more
Advertising posts
21 328
Subscribers
-324 hours
+127 days
+30430 days

Data loading in progress...

Subscriber growth rate

Data loading in progress...

- ဒီပဲယင်းမြို့နယ်တွင် မြို့နယ်ဦးစီးမှူးရုံးမှ ဒုလဝကမှူးနှင့် ဇနီးဖြစ်သူတို့ ၂ ဦး အား PDF အကြမ်းဖက်များက ဖမ်းဆီးခေါ်ဆောင်သွား ============================================================== ၂၀၂၄ ၊ မေ ၁၅ ပြီးခဲ့သည့် မေလ ၁၃ ရက် နံနက် ၉ နာရီခန့်တွင် - စစ်ကိုင်း တိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ မြို့မရပ်ကွက်နေ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒီပဲယင်းမြို့နယ် ဦးစီးမှူးရုံးမှ ဒုလဝကမှူး ဦးကြည်စန်း ၆၂ နှစ်နှင့် ဇနီးဖြစ်သူ ဒေါ်အေးအေးစိုး ၅၆ နှစ်(မူလတန်းပြ၊ အထက-ဒီပဲယင်း)တို့ ၂ ဦး သည် နေအိမ်၌ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများမှ မော် တော်ယာဉ် ၁ စီးဖြင့် ရောက်ရှိလာခဲ့ပြီး ၎င်းတို့ ၂ ဦးအား ရေဦးမြို့နယ်၊ တင်းတိမ်ရံကျေးရွာဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သတင်းရရှိသည်။ #Vital
Show all...
👍 22😱 11😢 6
May 15 လားရှိုးမြို့နယ်၊ နားယကျေးရွာသို့ SSPP/SSA အဖွဲ့များရောက်ရှိအ ခြေပြု၍ လူသစ်စုဆောင်းခြင်း/ဆက်ကြေးကောက်ခံခြင်းများ လုပ်ဆောင်နေ ================================================================ ၂၀၂၄ ၊ မေ ၁၅ ပြီးခဲ့သည့် မေလ ၁၂ ရက် နံနက် ၉ နာရီခွဲခန့်တွင် SSPP/SSA အဖွဲ့မှ ခေါင်းဆောင်(စိစစ်ဆဲ) အင်အား ၅၀ ဦးခန့် သည် ယူနီဖောင်းဝတ်၊ လက်နက်ငယ်ကိုယ်စီကိုင်ဆောင်လျက် မော်တော်ယာဉ် ၄ စီးဖြင့် လားရှိုးမြို့နယ်၊ မော်တောင်းကျေး ရွာဘက်မှ နားယကျေးရွာသို့ရောက်ရှိလာပြီး ကျေးရွာဝန်းကျင်တစ် ဝိုက်တွင် ဖြန့်ခွဲအခြေပြု၍ လှုပ်ရှား လျက်ရှိကြောင်း သိရသည်။ အဆိုပါအဖွဲ့များအနေဖြင့် ၎င်းတို့လှုပ်ရှားသွားလာရာ ကျေးရွာများ အတွင်း အခြားသောင်းကျန်းသူအဖွဲ့များ ဝင်ရောက်မှုမရှိစေရေးအတွက် လှုပ်ရှားခြင်း ဖြစ်နိုင်ကြောင်းနှင့် အမာခံနယ်မြေတည် ဆောက်၍ လူသစ်စုဆောင်းခြင်း၊ ဆက်ကြေး ကောက်ခံခြင်းများ လုပ်ဆောင်လျက်ရှိသည်ဟု မိမိအမာခံသတင်းပေးများထံမှ သတင်း ရရှိသည်။ #Vital
Show all...
👍 19
May 15 တန့်ယန်းမြို့နယ်၊ နောင်ချိုကျေးရွာမှ ပွိုင့်-၂၃၇၈ အနီး တောင်ကြောသို့ TNLA သောင်းကျန်းသူ အဖွဲ့များရောက်ရှိအခြေပြုခိုအောင်းနေ =============================================================== ၂၀၂၄ ၊ မေ ၁၅ ပြီးခဲ့သည့် မေလ ၁၂ ရက် နံနက်  ၁၂နာရီခွဲခန့်တွင် - တန့်ယန်းမြို့နယ်၊ နောင်ချိုကျေးရွာတွင် ဖြန့်ခွဲအခြေပြု၍ လှုပ်ရှားလျက်ရှိသော TNLA သောင်းကျန်းသူအဖွဲ့မှ ခေါင်းဆောင်(စိစစ်ဆဲ)အင်အား ၅၀ ဦးခန့်သည် ယူနီဖောင်း ဝတ်၊ လက်နက်ငယ်ကိုယ်စီကိုင်ဆောင်လျက် ပွိုင့်-၂၃၇၈အနီး တောင်ကြော ခန့်မှန်းမြေပုံညွှန်း(အမ်အက်ဖ်-၀၂၇၀၂၃)သို့ ရောက်ရှိ လာပြီး ယာယီတဲများထိုး၍ အခြေပြုခိုအောင်းလျက်ရှိကြောင်း သိရသည်။ အဆိုပါသောင်းကျန်းသူ အဖွဲ့များအနေဖြင့် ၎င်းတို့လှုပ်ရှားသွားလာရာ ကျေးရွာများ၌ အမာခံနယ်မြေတည်ဆောက် ခြင်းနှင့် နယ်မြေစိုးမိုးမှုရရှိရန် လှုပ်ရှားသွားလာခြင်းဖြစ်နိုင်သည်ဟု သတင်းရရှိသည်။ #Vital
Show all...
👍 17
May 15 ကျုံအိတ်တံတားအား KNU/PDF အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့ များမှ Drop Bomb ဖြင့် လာရောက်ပစ်ချတိုက်ခိုက်ခဲ့ ================================================================= ၂၀၂၄ ၊ မေ ၁၅ ယမန်နေ့ မေလ ၁၄ ရက် နံနက် ၁၂ နာရီ ၁၀ မိနစ်ခန့်တွင် - သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာအုပ်စု၊ ကမာစိုင် ကျေးရွာရှိ သထုံ-ဘီးလင်းသို့ ဆက်သွယ်ထားသော ကျုံအိတ်တံတားအား KNU/PDF အကြမ်းဖက်သောင်းကျန်သူပူးပေါင်းအဖွဲ့များမှ Drop Bomb ၂ လုံးဖြင့် လာရောက်ပစ်ချ တိုက်ခိုက်ရာ ကျုံအိတ်တံတား(သထုံဘက်အခြမ်း)တွင် လုံခြုံရေးဆောင်ရွက်နေသည့် နေရာနှင့် ကိုက် ၁၀၀ ခန့်အကွာ၊ သထုံ-ရန်ကုန်သွားကားလမ်းမ၏ ဘယ်ဘက်ခြမ်းရှိ ကွင်းပြင်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး လူ/အဆောက်အဦထိခိုက်မှုမရှိကြောင်း မိမိအမာခံ သတင်းပေးများထံမှ သတင်းရရှိသည်။ #Vital
Show all...
👍 13🤬 6
May 15 မြန်မာ့ပင်လယ်ပြင်အတွင်း တရုတ်နိုင်ငံပိုင် ကုန်တင်ရေယာဉ်ကြီးတစ်စီးပေါ်မှ ပြင်းထန်ဒဏ်ရာရရှိပြီး အရေးပေါ်ဆေးကုသရန်လိုအပ်လျက်ရှိသော ရေယာဉ်အမှုထမ်းအား တပ်မတော်(ရေ)မှ ကူညီကယ်ဆယ် နေပြည်တော်၊ မေ ၁၅
Show all...
👍 26
May 15 သံတွဲမြို့နယ်၊ လင်းသီကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁၀ ဦး သေဆုံးခဲ့ရကြောင်း တစ်ဖက်သတ်စွပ်စွဲရေးသားထား သည့် သတင်းတု၊ သတင်းအမှားများကို လှုံ့ဆော်ရေးသားဖြန့်ဝေလျက်ရှိ နေပြည်တော်၊ မေ ၁၅
Show all...
👍 17
May 15 ရေစကြိုမြို့နယ်၊ ကိုင်းမကြီးကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းတု၊ သတင်း အမှားများ မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိ နေပြည်တော်၊ မေ ၁၅
Show all...
👍 16
May 15 ညောင်ရွှေမှာ WFP က ထောက်ပံ့တဲ့ ဆန်အိတ် ကိုးရာကို စစ်ကောင်စီတပ် သိမ်းယူကြောင်း လုပ်ကြံရေးသား ဝါဒဖြန့်ဝေလျက်ရှိ
Show all...
👍 21
- သထုံမြို့နယ်တွင် Drop Bomb တိုက်ခိုက်မှုကြောင့် ခရီးသည်ယာဉ်ငယ် တစ်စီး မီးလောင် သထုံ၊ မေ ၁၅ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ရေဝေကျေးရွာဆိုင်းဘုတ်အနီးတွင် Drop Bomb ဖြင့် တိုက်ခိုက်မှုကြောင့် ခရီးသည်ယာဉ်ငယ် တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ မေလ ၁၅ ရက်နေ့ နေ့လည် ၁နာရီ ၁၅ မိနစ်အချိန်ခန့်က KNU/PDF တပ်ဖွဲ့များမှ ဒရုန်းဗုံးဖြင့် တိုက်ခိုက်ခဲ့ရာ ဒရုန်းဗုံးတစ်လုံးမှာ ရန်ကုန်-မော်လမြိုင်ကားလမ်းမမှ သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာသို့သွားသည့်လမ်းသွယ်၊ ရေဝေကျေးရွာ ဆိုင်းဘုတ်အနီးတွင် ရပ်ထားသော ယာဉ်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သည်။ အဆိုပါယာဉ်မှာ ပြည်မြို့နေ အသက် ၄၀ နှစ်အရွယ် ဦးအာကာမြင့် မောင်းနှင်သော ရန်ကုန်-မြဝတီ ပြေးဆွဲသည့် ပြည့်အားမာန် ယာဉ်လိုင်းမှ HIGER အမျိူးအစား အဖြူရောင်(အန်စာတုံး)ယာဉ်ဖြစ်သည်။ ဒရုန်းဗုံးတစ်လုံးမှာ ကားပေါ်ကျရောက်ပေါက်ကွဲခဲ့ပြီး တစ်လုံးမှာ ကားရပ်ထားသည့် နေရာ မြောက်ဘက်သို့ ကျရောက်ပေါက်ကွဲခဲ့သည်။ ဒရုန်းကျရောက်ပေါက်ကွဲမှုကြောင့် ယာဉ်မှာ မီးလောင်သွားခဲ့ပြီး အနီးနားရှိ ဒေသခံများ၊ ယာဉ်မောင်းများနှင့် ခရီးသွားများမှ ဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြရာ လူထိခိုက်မှု မရှိကြောင်း သိရသည်။ ရာမညတိုင်း
Show all...
😢 18👍 12
Repost from FACT CHECK
KIA စစ်ဦးစီးချုပ် ခေါင်လွမ်း အသည်းရောဂါနဲ့သေဆုံးသွားတယ်လို့ Khit Thit Media မှ ဗြောင်လိမ်ကာရေးသား ***************************
မေလ ၇ ရက်နေ့၌ ကချင်ပြည်နယ်၊ မိုးမောက်မြို့ရှိ စကစတပ်စခန်းနေရာများအား KIA/ PDF အဖွဲ့များက အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်လာချိန်တွင် စကစတပ်မှ လက်နက်ကြီးနဲ့ တန်ပြန်ပစ်ခတ်ခတ်ခဲ့ရာမှာ KIA စစ်ဦးစီးချုပ် ခေါင်လွမ်း ဒဏ်ရာအပြင်းအထန်းရရှိခဲ့ကာ ဆေးကုသခွင့်လုံလောက်စွာမရသဖြင့် ၁၃ ရက်နေ့တွင် ရရှိတဲ့ဒဏ်ရာအရှိန်ကြောင့် သေဆုံးသွားရခြင်းကို Khit Thit Media မှ KIA စစ်ဦးစီးချုပ် ခေါင်လွမ်း မှာ အသည်းရောဂါနဲ့ သေဆုံးခဲ့တယ်ဆိုပြီး ဖြစ်စဉ်ကိုအမှန်မရေးဘဲ ဗြောင်လိမ်ကာရေးသားထားခြင်းသာ ဖြစ်ပါတယ်။
#Disinformation https://t.me/factcheckmm ✅🇲🇲
Show all...
👍 27