en
Feedback
Tr. Hpone’s Sharing Era✨

Tr. Hpone’s Sharing Era✨

Open in Telegram

Hello Everyone! Warmly Welcome to my channel.🌥 Here, I will share my experience, knowledge, and study tips along my journey of GED & English self-study learning pathway! 🦋 Stay Tuned for more.🎐 👩🏻‍💻Channel by - 𝐓𝐫𝐞𝐚𝐬𝐮𝐫𝐞 𝐇𝐩𝐨𝐧𝐞

Show more

📈 Analytical overview of Telegram channel Tr. Hpone’s Sharing Era✨

Channel Tr. Hpone’s Sharing Era✨ (@mygedexperience) in the Burmese language segment is an active participant. Currently, the community unites 11 879 subscribers, ranking 16 849 in the Education category and 10 415 in the Myanmar region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 11 879 subscribers.

According to the latest data from 08 July, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by 479 over the last 30 days and by 20 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 42.61%. Within the first 24 hours after publication, content typically collects 13.46% reactions from the total number of subscribers.
  • Post reach: On average, each post receives 5 056 views. Within the first day, a publication typically gains 1 597 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 28.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
Hello Everyone! Warmly Welcome to my channel.🌥 Here, I will share my experience, knowledge, and study tips along my journey of GED & English self-study learning pathway! 🦋 Stay Tuned for more.🎐 👩🏻‍💻Channel by - 𝐓𝐫𝐞𝐚𝐬𝐮𝐫𝐞 𝐇𝐩𝐨𝐧𝐞

Thanks to the high frequency of updates (latest data received on 09 July, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Education category.

11 879
Subscribers
+2024 hours
+847 days
+47930 days
Posts Archive
GED လေးဘာသာလုံးကို လေ့ကျင့်ဖို့ practice websites တွေလိုချင်တယ်ဆိုတဲ့ ကျောင်းသားတွေအတွက်🌐 🔗Post Link: https://t.me/Resource
GED လေးဘာသာလုံးကို လေ့ကျင့်ဖို့ practice websites တွေလိုချင်တယ်ဆိုတဲ့ ကျောင်းသားတွေအတွက်🌐 🔗Post Link: https://t.me/ResourcesbyTreasure/1337 Website ပေါင်း [22] ခုကို description အကျဉ်းနှင့်အတူ တီချယ့်ရဲ့ main channel မှာတင်ပေးထားပါတယ်ရှင်။ 📝Tr. Hpone🌷 https://t.me/TrHponeClass

ငလျင်လှုပ်သွားသေးလားဟင်🥺 ရန်ကုန်မှာပါ

RLA Class Sold Out🤭🎉 ✨Tr. Hpone ရဲ့ July intakte အတွက် RLA Class လေးလူပြည့်သွားပါပြီ။ လူအကန့်အသတ်နှင့်သာလက်ခံမှာဖြစ်တာမို့ (RLA) class အတွက် အတန်းအပ်လက်ခံတာ ရပ်လိုက်ပါပြီနော်။ ✨Social Studies class လေးကတော့ အတန်းအပ်လက်ခံပေးနေပါသေးတယ်။ လူပြည့်ဖို့က 4️⃣ ယောက်သာလိုပါတော့တယ်။ နောက်တစ်ခေါက်အတန်းသစ်ပြန်ဖွင့်ဖို့က [2] လခွဲကျော်ကြာဦးမှာမို့ အပ်ချင်ရင် လာခဲ့လိုက်တော့နော်😉 Social Studies အတန်းအပ်နှံရန် - @TreasureEduphoria သို့ဆက်သွယ်နိုင်ပါတယ်ရှင်။

Tr. Hpone ရဲ့ [Social Studies & RLA] April intake group class မှာ နှစ်ဘာသာလုံးတက်ရောက်ခဲ့ကြတဲ့ ကျောင်းသူညီမငယ်လေးနှစ်ယောက်မှရ
+1
Tr. Hpone ရဲ့ [Social Studies & RLA] April intake group class မှာ နှစ်ဘာသာလုံးတက်ရောက်ခဲ့ကြတဲ့ ကျောင်းသူညီမငယ်လေးနှစ်ယောက်မှရေးပေးထားသော feedback လေးတွေ💌🎀 ဒါအကုန်မဟုတ်သေးပါဘူး၊ နောက်ထပ်ကျောင်းသားတွေရေးပေးထားကြတဲ့ feedback တွေလည်း အများကြီးကျန်ပါသေးတယ်။
ဒီဖက်ချန်နယ်မှာ feedback လေးတွေမတင်ဖြစ်တာကြာလို့ sharing လုပ်လိုက်ပါတယ်ရှင်💖
📍ဒါနဲ့ July intake အတန်းတွေလည်း လူပြည့်တော့မယ်နော်။ အတန်းအကြောင်းအပြည့်အစုံဖတ်ရန် ဒီ Link ကိုနှိပ်ပါ။ Social Studies / RLA (2) ဘာသာလုံးအတွက် အတန်းအပ်လက်ခံပေးနေပါသေးတယ်။ နှစ်တန်းလုံးအတွက် လူပြည့်ဖို့ပိစိလေးပဲ လိုပါတော့တယ်😉 အတန်းအပ်နှံရန်အတွက် - @TreasureEduphoria သို့ဆက်သွယ်နိုင်ပါတယ်ရှင်🎀

[President Speech Questions] တွေကို ဘယ်နေရာမှာလေ့ကျင့်ရမလဲ? လို့🗽 လာမေးနေကြသူလေးတွေအတွက် တီချယ်အရင်တင်ပေးထားလေးရှိပါတယ်နော်။ အပေါ်က post ကို reply လုပ်ပေးထားပါတယ်ရှင်။ 🎯အပုဒ်ပေါင်း (120) ကို (timeline) အလိုက်အစဉ်အတိုင်း Test (4) ခုခွဲပြီး စနစ်တကျစုစည်းပေးထားပါတယ်။ 🎯google form နှင့်သေချာစီစဉ်ပေးထားတာမို့ တစ်ခါတည်းဝင်ဖြေပြီး အဖြေပါတစ်ခါတည်းတိုက်စစ်ရုံပါပဲ။
Kindly reminder for those who may need this information💌💖
🖇Telegram Channel 01 https://t.me/ResourcesbyTreasure 🖇Telegram Channel 02 https://t.me/TrHponeClass 📝Tr. Hpone🌷

photo content
+1

🗓 2လခွဲနှင့် Real Exam ဖြေနိုင်တဲ့အထိသင်ကြားပေးသွားမည့် GED [Social Studies & RLA] All-in-One Class (July Intake) July 1 ရက်နေ့မှာစသင်မယ့် တီချယ့်ရဲ့အတန်းလေးတွေ အတန်းအပ်လက်ခံပေးနေပြီနော်။ တီချယ်တစ်ယောက်ထဲ နိုင်နိုင်နင်းနင်းသင်ကြားပေးတာမို့ (Social Studies) & (RLA) နှစ်ဘာသာအတွက်ပဲ အတန်းရှိပါမယ်။ ✅(2) လခွဲအတွင်း Camp*** ဝင်တဲ့ပုံစံမျိုးနဲ့ ဘာသာရပ်တစ်ခုစီရဲ့သိသင့်သိထိုက်သမျှသင်ခန်းစာတွေနဲ့ Real Exam ဖြေဖို့ လိုအပ်သမျှ skills တွေကို စနစ်တကျနဲ့ ဖိဖိစီးစီးသင်ကြားပေးသွားမှာပါ၊ ✅အတန်းတက်ရတဲ့တစ်ရက်စီ၊ တစ်ချိန်စီတိုင်းမှာ သင်ခန်းစာအနှစ်တွေကို အပြည့်အဝအပိုအလိုမရှိရရှိမယ်၊ ✅တစ်ပတ်တစ်ခါ သင်ပြီးတာတွေနဲ့သက်ဆိုင်တဲ့ အိမ်စာတွေပုံမှန်လုပ်ရမယ်၊ ✅ဒီအတန်းတက်ပြီးတာနဲ့ အခြားဘယ်အတန်းကိုမှ ထပ်ပြီးတက်စရာမလိုအောင် GED စာအုပ် (4) အုပ်နီးပါးလုံးစာကို ပြီးအောင်သင်ပေးသွားမယ်၊ ✅အတန်းပြီးတာနဲ့ လုပ်ဖို့ကျန်နေသေးတာတွေကို စနစ်တကျလေ့လာနိုင်အောင် (Study Plan) လည်း တီချယ်ကိုယ်တိုင်ဆွဲပေးဦးမှာဖြစ်ပါတယ်၊ ✅ဒါ့အပြင် နေ့စဉ် Class Recording တွေကိုလည်း ပုံမှန်ပေးသွားဦးမှာပါ။ ကဲဘာလိုသေးလဲ?😉
📍ဒီဘာသာရပ်တွေကို တစ်ခါမှမသင်ဖူးတဲ့ကျောင်းသားတွေကစပြီး စာမပိုင်ခဲ့လို့ စနစ်တကျပြန်လေ့လာချင်တဲ့ကျောင်းသား အကုန်တက်လို့ရအောင် သင်ရိုးကိုပြင်ဆင်ပေးထားပါတယ်။
အတန်းအကြောင်းအပြည့်အစုံကို ဒီ Link ကနေတစ်ဆင့်ဖတ်ရှုနိုင်ပါတယ်။ 🔗 https://t.me/ResourcesbyTreasure/1308 Timetable အပြည့်အစုံကိုတော့ အောက်ကပုံမှာဝင်ကြည့်ပါနော်။ ════════════════════ 📌Tr. Hpone စီမှာ အရင်တက်ခဲ့တဲ့ကျောင်းသားတွေရဲ့ Feedback များနဲ့ ရမှတ်များကိုကြည့်ပြီး ယုံကြည်တယ်ဆိုမှ အတန်းအပ်နိုင်ပါတယ်ရှင်။ ကြည့်ရှုရန် - https://t.me/TrHponeClass ✔️Social Studies နှင့် RLA (2) တန်းလုံးကို 2026, July 1 ရက်နေ့မှာ စပါမယ်။ လူအကန့်နှင့်သာ လက်ခံမှာဖြစ်တာကြောင့် အရင်ငွေလွှဲပြီးအပ်နှံထားသူများသာ အတည်ဖြစ်ပါမယ်ရှင်။ အတန်းအပ်နှံရန် @TreasureEduphoria သို့ဆက်သွယ်ပေးပါရှင့်🎀

503. Privilege – အထူးအခွင့်အရေး 504. Prohibition – တားမြစ်ချက် 505. Prohibit – တားမြစ်သည် 506. Progressive – ပြုပြင်ပြောင်းလဲရေးဝါဒ 507. Propaganda – ဝါဒဖြန့်ခြင်း 508. Prosecution – တရားစွဲဆိုခြင်း 509. Protest – ဆန္ဒပြခြင်း 510. Province – ပြည်နယ် / ဒေသ 511. Provision – ပြဋ္ဌာန်းချက် / ဖြည့်ဆည်းပေးခြင်း 512. Proxy War – ကိုယ်စားလှယ်၊ ကြားခံစစ်ပွဲ 513. Public Policy – ပြည်သူ့မူဝါဒ 514. Pursuit of Happiness – ပျော်ရွှင်မှုကို ရှာဖွေလိုက်စားခွင့် ━━━━━━━━━━━━━━━ Q ━━━━━━━━━━━━━━━ 515. Quantity – အရေအတွက် 516. Quarter – လေးပုံတစ်ပုံ 517. Quotation – ကိုးကားချက် ━━━━━━━━━━━━━━━ R ━━━━━━━━━━━━━━━ 518. Racism – လူမျိုးရေးခွဲခြားမှု 519. Radical – အစွန်းရောက်အယူအဆရှိသော 520. Rally – စုဝေးပွဲ 521. Ratification – အတည်ပြုခြင်း 522. Ratify – အတည်ပြုသည် 523. Rebellion – ပုန်ကန်မှု 524. Recession – စီးပွားရေးကျဆင်းမှု 525. Reciprocal – အပြန်အလှန်သက်ဆိုင်သော 526. Recognition – အသိအမှတ်ပြုခြင်း 527. Recruitment – စုဆောင်းခြင်း 528. Reconstruction – ပြန်လည်တည်ဆောက်ရေး 529. Referendum – ပြည်သူ့ဆန္ဒခံယူပွဲ 530. Reform – ပြုပြင်ပြောင်းလဲမှု 531. Refugee – ဒုက္ခသည် 532. Registration – စာရင်းသွင်းခြင်း 533. Regime – အုပ်ချုပ်ရေးစနစ် 534. Reimbursement – ကုန်ကျငွေပြန်ပေးခြင်း 535. Reparation – လျော်ကြေး 536. Representative – ကိုယ်စားလှယ် 537. Representative Democracy – ပြည်သူ့ကိုယ်စားပြုဒီမိုကရေစီ 538. Republic – ပြည်သူကရွေးချယ်တင်မြှောက်သူမှ အုပ်ချုပ်သောစနစ် 539. Resignation – ရာထူးမှနှုတ်ထွက်ခြင်း 540. Resistance – ခုခံကာကွယ်မှု 541. Retaliate – လက်တုံ့ပြန်အရေးယူခြင်း 542. Revenue – ဝင်ငွေ 543. Riot – အဓိကရုဏ်း 544. Rule of Law – တရားဥပဒေစိုးမိုးရေး 545. Rural – ကျေးလက်ဒေသ 546. Revolution – တော်လှန်ရေး ━━━━━━━━━━━━━━━ S ━━━━━━━━━━━━━━━ 547. Sanction – ပိတ်ဆို့အရေးယူမှု 548. Scarcity – ရှားပါးမှု 549. Secede – ခွဲထွက်သည် 550. Secession – ခွဲထွက်ခြင်း 551. Sectionalism – ဒေသအလိုက်အကျိုးစီးပွားကိုဦးစားပေးမှု 552. Sector – ကဏ္ဍ 553. Segregation – သီးသန့်ခွဲခြားထားခြင်း 554. Senate – အထက်လွှတ်တော် 555. Senator – အထက်လွှတ်တော်အမတ် 556. Separation of Powers – အာဏာခွဲဝေမှုစနစ် 557. Settlement – အခြေချနေထိုင်ခြင်း 558. Socialism – အရင်းအမြစ်တွေကို လူထုအကျိုးအတွက် မျှဝေခံစားတဲ့စနစ် 559. Social Welfare – လူမှုဖူလုံရေး 560. Sovereignty – အချုပ်အခြာအာဏာ 561. Speaker of the House – အောက်လွှတ်တော်ဥက္ကဋ္ဌ 562. Statute – ဥပဒေ 563. Strike – သပိတ်မှောက်ခြင်း 564. Subsidy – အထောက်အပံ့ငွေ 565. Suffrage – မဲပေးခွင့် 566. Supreme Court – တရားရုံးချုပ် 567. Supply – ထောက်ပံ့ပစ္စည်း / ရောင်းလိုအား 568. Surplus – ပိုလျှံမှု ━━━━━━━━━━━━━━━ T ━━━━━━━━━━━━━━━ 569. Tariff – တင်သွင်းကုန်အခွန် 570. Tax Revenue – အခွန်ဝင်ငွေ 571. Taxation – အခွန်ကောက်ခံမှု 572. Territory – နယ်မြေ 573. Terrorism – အကြမ်းဖက်မှု 574. Testify – သက်သေထွက်ဆိုခြင်း 575. Testimony – သက်သေထွက်ဆိုချက် 576. Theocracy – ဘာသာရေးအခြေပြုအစိုးရစနစ် 577. Totalitarianism – အကြွင်းမဲ့အာဏာရှင်စနစ် 578. Trade Deficit – ကုန်သွယ်ရေးလိုငွေ 579. Trade Surplus – ကုန်သွယ်ရေးပိုငွေ 580. Traditional Economy – ရိုးရာစီးပွားရေးစနစ် 581. Treaty – သဘောတူစာချုပ် 582. Trial – တရားစီရင်မှု 583. Tribe – မျိုးနွယ်စု 584. Tribunal – တရားခုံရုံး 585. Two-Party System – နှစ်ပါတီစနစ် 586. Treason – နိုင်ငံကို သစ္စာဖောက်မှု 587. Turmoil – မငြိမ်မသက်အခြေအနေ 588. Tyranny – မင်းဆိုးမင်းညစ်၏အုပ်ချုပ်မှု ━━━━━━━━━━━━━━━ U, V, W, Y, Z ━━━━━━━━━━━━━━━ 589. Unemployment – အလုပ်လက်မဲ့ 590. Unrest – မငြိမ်သက်မှု 591. United Nations (UN) – ကုလသမဂ္ဂ 592. United States Constitution – အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေ 593. Urban – မြို့ပြ 594. Utility – အသုံးဝင်မှု 595. Veto – တစ်ချက်လွှတ်ပိတ်ပင်တားဆီသည့် အာဏာ 596. Veto Override – ဗီတိုအာဏာကို ပယ်ချခြင်း 597. Veteran – စစ်မှုထမ်းဟောင်း 598. Victory – အောင်ပွဲ 599. Vice President – ဒုသမ္မတ 600. Violation – ချိုးဖောက်မှု 601. Warfare – စစ်ပွဲနည်းဗျူဟာ 602. Wages – လုပ်အားခ 603. Weapon – လက်နက် 604. Withdrawal – ထုတ်ယူခြင်း / ဆုတ်ခွာခြင်း 605. Yield – အရှုံးပေးသည် 606. Zoning Law – မြေယာစည်းမျဉ်းဥပဒေ Social Studies အတွက် လိုအပ်တဲ့ vocabularies တွေကို ဘယ်နေရာကနေမှထပ်ရှာစရာမလိုပဲ တစ်နေရာတည်းမှာတစုတစည်းတည်းလေ့လာလို့ရအောင် စုစုပေါင်း စကားလုံးရေ (606) လုံးကို အပိုင်း (6) ပိုင်းခွဲပြီး တင်ပေးထားပါတယ်။ 📍Pin ထောက်ထားကနေစပြီး အစအဆုံးပြန်လေ့လာနိုင်ပါပြီ🥳 📝Tr. Hpone https://t.me/TrHponeClass

📍GED Social Studies အတွက် မဖြစ်မနေမှတ်ထားသင့်သည့် Vocabulary usage များစုစည်းပေးမှု — (Part 6)
━━━━━━━━━━━━━━━ M ━━━━━━━━━━━━━━━ 410. Migration Pattern – ရွှေ့ပြောင်းနေထိုင်မှုပုံစံ 411. Military – စစ်တပ် 412. Military Alliance – စစ်မဟာမိတ် 413. Military Draft – စစ်မှုထမ်းရန် ရွေးချယ်ခေါ်ယူခြင်း 414. Militarism – စစ်အင်အားကို အလေးပေးသောမူဝါဒ 415. Militia – ပြည်သူ့စစ် / အရန်စစ်တပ် 416. Minimum Wage – အနည်းဆုံးလုပ်အားခ 417. Minority – လူနည်းစု 418. Minority Rights – လူနည်းစုအတွက်အခွင့်အရေးများ 419. Monarchy – ဘုရင်စနစ် 420. Monetary Policy – ငွေကြေးမူဝါဒ 421. Money Supply – ငွေကြေးပမာဏ 422. Monopoly – တစ်ဦးတည်းမှ လက်ဝါးကြီးအုပ်ချုပ်ကိုင်ခြင်း 423. Monroe Doctrine – ဥရောပနိုင်ငံတွေက အမေရိကတိုက်ထဲမှာ ကိုလိုနီလုပ်ခြင်း၊ ဝင်ရောက်စွက်ဖက်ခြင်းများမလုပ်ရဟူသည့် မူဝါဒ 424. Moral – ကိုယ်ကျင့်တရား 425. Mortgage – အပေါင်စာချုပ် 426. Municipal Government – ဒေသန္တရအစိုးရ 427. Mutiny – စစ်တပ်အတွင်းပုန်ကန်မှု ━━━━━━━━━━━━━━━ N ━━━━━━━━━━━━━━━ 428. Nationalism – နိုင်ငံချစ်စိတ် 429. Natural Rights – အခြေခံလူ့အခွင့်အရေးများ 430. Naturalization – နိုင်ငံသားအဖြစ်ခံယူခြင်း 431. Naturalize – နိုင်ငံသားအဖြစ်ခံယူသည် 432. Native Americans – ဒေသခံအမေရိကန်များ 433. NATO (North Atlantic Treaty Organization) – မြောက်အတ္တလန္တိတ်စစ်မဟာမိတ်အဖွဲ့ 434. Navy – ရေတပ် 435. Nazi – နာဇီဂျာမဏီ 436. Negotiation – ဆွေးနွေးညှိနှိုင်းခြင်း 437. Neutral – ကြားနေသော 438. Neutrality – ကြားနေမှု 439. New Deal – အမေရိကန်၏ စီးပွါးရေးအားပြုပြင်ပြောင်းလဲရေးအစီအစဉ် 440. Nominate – ရွေးချယ်အဆိုပြုသည် 441. Nomination – အမည်စာရင်းတင်သွင်းခြင်း 442. Noncitizen – နိုင်ငံသားမဟုတ်သူ 443. Nonviolence – အကြမ်းမဖက်ရေးလှုပ်ရှားမှု ━━━━━━━━━━━━━━━ O ━━━━━━━━━━━━━━━ 444. Oath – ကျမ်းသစ္စာကျိန်ဆိုခြင်း 445. Obey – လိုက်နာသည်၊ နာခံသည် 446. Objective – ရည်မှန်းချက် 447. Observation – လေ့လာစောင့်ကြည့်မှု 448. Obligation – တာဝန်ဝတ္တရား 449. Obsolete – ခေတ်မမှီတော့သော 450. Occupation – အလုပ်အကိုင် / စစ်တပ်အုပ်ချုပ်မှု 451. Occupy – သိမ်းပိုက်သည် 452. Offense – ပြစ်မှု 453. Officeholder – ရာထူးတာဝန်ထမ်းဆောင်သူ 454. Oligarchy – လူနည်းစုအုပ်ချုပ်မှုစနစ် 455. Opposition – ဆန့်ကျင်ဘက် 456. Oppression – ဖိနှိပ်မှု 457. Oppressor – ဖိနှိပ်သူ 458. Opportunity – အခွင့်အလမ်း 459. Opportunity Cost – ရွေးချယ်မှုတစ်ခုကြောင့် တစ်ဖက်တွင်လက်လွှတ်ဆုံးရှုံးရသော တန်ဖိုး 460. Ordinance – အမိန့်၊ ဥပဒေ 461. Ordinance Law – ဒေသဆိုင်ရာဥပဒေ 462. Outbreak – ရောဂါ/ပဋိပက္ခ ပေါ်ပေါက်ခြင်း၊ ဖြစ်ပွါးခြင်း 463. Outlaw – တရားမဝင်ကြောင်း ကြေငြာသည် 464. Outreach – ဝေးလံသည့်နေရာများသို့ သွားရောက်ကူညီသည် 465. Override – ပယ်ဖျက်သည် 466. Overrule – အာဏာသုံး၍ပယ်ချသည် 467. Oversee – ကြီးကြပ်ကွပ်ကဲသည် 468. Oversight – ကြီးကြပ်စောင့်ကြည့်ခြင်း 469. Overthrow – အာဏာဖယ်ရှားသည်၊ အစိုးရကိုဖြုတ်ချသည် ━━━━━━━━━━━━━━━ P ━━━━━━━━━━━━━━━ 470. Pact – သဘောတူစာချုပ် 471. Pacifism – ငြိမ်းချမ်းရေးဝါဒ / စစ်မလိုလားမှု 472. Pardon – ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခြင်း 473. Parliament – လွှတ်တော် 474. Parole – အကျဉ်းထောင်မှ ခံဝန်ကတိဖြင့် လွတ်မြောက်ခွင့် 475. Partisanship – ဘက်လိုက်မှု 476. Partition – နယ်မြေခွဲခြားခြင်း 477. Patriot – မျိုးချစ်ပုဂ္ဂိုလ် 478. Patriotism – မျိုးချစ်စိတ် 479. Penalty – ပြစ်ဒဏ် 480. Pension – အလုပ်မှအနားယူပြီးနောက် ပင်စင်ငွေ 481. Per Capita Income – လူတစ်ဦးချင်း၏ဝင်ငွေ 482. Persecution – ဖိနှိပ်ညှဉ်းပန်းမှု 483. Petition – တောင်းဆိုစာ 484. Petroleum – ရေနံ 485. Pilgrims – ဘာသာရေးလွတ်လပ်ခွင့်အတွက် ရွှေ့ပြောင်းအခြေချသူများ 486. Political Campaign – မဲဆွယ်လှုပ်ရှားမှု 487. Political Corruption – နိုင်ငံရေးအကျင့်ပျက်ခြစားမှု 488. Political Party – နိုင်ငံရေးပါတီ 489. Politics – နိုင်ငံရေး 490. Poll – မဲပေးမှု / စစ်တမ်း 491. Poll Tax – မဲအခွန် 492. Popular Sovereignty – အစိုးရ၏အာဏာသည် ပြည်သူများ၏လက်ထဲတွင်သာရှိနေမှု 493. Popular Vote – ပြည်သူ့မဲ 494. Population – လူဦးရေ 495. Population Density – လူဦးရေထူထပ်မှု 496. Poverty – ဆင်းရဲမွဲတေမှု 497. Preamble – ဖွဲ့စည်းပုံအခြေခံဥပဒေ၏ နိဒါန်း 498. Precedent – စံနမူနာ၊ သာဓက 499. Prejudice – မျက်စိမှိတ်ဘက်လိုက်ခြင်း 500. President – သမ္မတ 501. Primary Election – အကြိုရွေးကောက်ပွဲ 502. Private Property – ပုဂ္ဂလိကပိုင်ဆိုင်မှု နောက်ဆုံးကျန်နေတဲ့ ဒုတိယတစ်ဖြတ်ကို ဒီည (8:00 PM) မှာထပ်တင်ပေးသွားမယ်နော်🌸✨ 📝Tr. Hpone https://t.me/TrHponeClass

မနက်ဖြန်ညနေ (6:00 PM) မှာ Social Studies အတွက် vocabulary usage စုစည်းပေးမှု နောက်ဆုံး Part-6 ထပ်လာမယ်နော်…။ နောက်ဆုံးပိတ်, အိတ်နဲ့လွယ်ဆိုသလို စကားလုံးရေစုစုပေါင်းက အများကြီးဖြစ်သွားတာမို့ word limit ရှိတဲ့အတွက် 2ပိုင်းခွဲပြီးတင်ပေးပါမယ်🙂‍↔️ Tomorrow 6:00 PM🕕 Stay Tuned everyone⛅️🎀 Join our GED community💌 https://t.me/GEDdiscussion

စာမလုပ်ချင်ဘူးဆိုတဲ့ကျောင်းသားတွေအတွက်☺️ #justforfun
စာမလုပ်ချင်ဘူးဆိုတဲ့ကျောင်းသားတွေအတွက်☺️ #justforfun

📍GED Social Studies အတွက် မဖြစ်မနေမှတ်ထားသင့်သည့် Vocabulary usage များစုစည်းပေးမှု — (Part 5)
━━━━━━━━━━━━━━━ I ━━━━━━━━━━━━━━━ 331. Innovation – တီထွင်ဖန်တီးမှု 332. Insurrection – ပုန်ကန်ထကြွမှု၊ ဆူပူသောင်းကျန်းမှု 333. Inquisition – တရားဝင်စစ်ဆေးမေးမြန်းခြင်း၊ စစ်ကြောရေး 334. Institution – အဖွဲ့အစည်း 335. Integration – ပေါင်းစည်းခြင်း 336. Interest – အတိုး၊ အကျိုးအမြတ် 337. Interest Group – တူညီတဲ့အကျိုးစီးပွါးကို လိုလားသူများမှ စုဖွဲ့ထားသောအုပ်စု 338. Interdependence – အပြန်အလှန်မှီခိုမှု 339. Internal Conflict – ပြည်တွင်းပဋိပက္ခ 340. Intervention – ဝင်ရောက်စွက်ဖက်မှု၊ ကြားဝင်ခြင်း 341. Iron Curtain – စစ်အေးခေတ်ကာလအတွင်း (အရှေ့)ဥရောပနှင့် (အနောက်)ဥရောပကို ခွဲခြားထားသော နိုင်ငံရေးနယ်နိမိတ်ကန့်သတ်ချက် 342. Isolationism – တံခါးပိတ်ဝါဒီ၊ တစ်ကိုယ်တော်ဝါဒီ ━━━━━━━━━━━━━━━ J ━━━━━━━━━━━━━━━ 343. Jail – အကျဉ်းထောင် 344. Jim Crow Laws – လူဖြူနှင့်လူမဲ ခွဲခြားရေးဥပဒေများ 345. Joint Resolution – ပူးတွဲဆုံးဖြတ်ချက် (လွှတ်တော်နှစ်ရပ်ပူးပေါင်း၍ ချမှတ်သော ဆုံးဖြတ်ချက်) 346. Judge – တရားသူကြီး 347. Judgment – တရားရေးရာစီရင်ချက် 348. Judicial Branch – တရားစီရင်ရေးဌာနခွဲ 349. Judicial Court – တရားရုံး 350. Judicial Review – တရားရုံးမှ ဥပဒေ (သို့) အစိုးရ၏လုပ်ဆောင်ချက်များကို ပြန်လည်သုံးသပ်စစ်ဆေးခြင်း 351. Judiciary – တရားစီရင်ရေးစနစ် / တရားသူကြီးအဖွဲ့ 352. Junta – စစ်အုပ်ချုပ်ရေးကောင်စီ 353. Jurisdiction – တရားစီရင်ပိုင်ခွင့် 354. Juror – ဂျူရီအဖွဲ့ဝင် 355. Jury – ဂျူရီအဖွဲ့ (အမှုဆုံးဖြတ်ရန် ရွေးချယ်ထားသော အကဲဖြတ်ပြည်သူများအဖွဲ့) 356. Justice – တရားမျှတမှု 357. Justification – အကြောင်းပြချက် / ထောက်ခံရှင်းလင်းချက် 358. Juvenile – လူငယ် / အရွယ်မရောက်သေးသူ ━━━━━━━━━━━━━━━ K ━━━━━━━━━━━━━━━ 359. King – ဘုရင် 360. Kingdom – ဘုရင်အုပ်ချုပ်သည့် နိုင်ငံတော် 361. Ku Klux Klan (KKK) – အမေရိကန်သမိုင်းရှိ လူမျိုးရေးအစွန်းရောက်အဖွဲ့ ━━━━━━━━━━━━━━━ L ━━━━━━━━━━━━━━━ 362. Labor – အလုပ်သမား / လုပ်အား 363. Labor Force – အလုပ်သမားအင်အားစု 364. Labor Union – အလုပ်သမားသမဂ္ဂ (အဖွဲ့) 365. Laissez-Faire Economics – အစိုးရမှဝင်ရောက်စွက်ဖက်မှုနည်းသော စီးပွားရေးစနစ် 366. Land Reform – မြေယာပြုပြင်ပြောင်းလဲရေး 367. Landmark Case – အထင်ကရတရားရုံးအမှု 368. Law – ဥပဒေ 369. Law Enforcement – ဥပဒေစိုးမိုးရေး 370. Lawmaker – ဥပဒေပြုအမတ် 371. Lawsuit – တရားစွဲဆိုမှု 372. Lease – ငှားရမ်းစာချုပ် 373. League of Nations – ကမ္ဘာ့ငြိမ်းချမ်းရေးဖော်ဆောင်ရန်ဖွဲ့စည်းထားသော နိုင်ငံများအဖွဲ့ (ကုလသမဂ္ဂ UN မတိုင်မီ) 374. Legislation – ဥပဒေပြဋ္ဌာန်းချက် 375. Legislative Branch – ဥပဒေပြုရေးဌာနခွဲ 376. Legislator – ဥပဒေပြုအမတ် 377. Legitimacy – တရားဝင်ဖြစ်မှု 378. Lender – ငွေချေးပေးသူ 379. Liberalism – လွတ်လပ်ခွင့်နှင့် တန်းတူအခွင့်အရေးကို အလေးထားသော အတွေးအခေါ်ဝါဒ 380. Liberty – လွတ်လပ်ခွင့် 381. Liability – ဥပဒေဆိုင်ရာ တာဝန်ရှိမှု 382. Life Expectancy – ပျမ်းမျှအသက်ရှင်နိုင်နှုန်း (သက်တမ်း) 383. Limited Government – အာဏာကန့်သတ်ထားသော အစိုးရ 384. Line of Succession – အာဏာဆက်ခံမည့် အစဉ်အဆက် 385. Literacy – စာတတ်မြောက်မှု 386. Loan – ချေးငွေ 387. Lobbying – မူဝါဒအပေါ် သြဇာလွှမ်းမိုးရန် စည်းရုံးလှုံ့ဆော်ခြင်း 388. Lobbyist – မူဝါဒအပေါ် ဩဇာသက်ရောက်မှုရှိရန် စည်းရုံးလှုံ့ဆော်သူ 389. Local Election – ဒေသန္တရရွေးကောက်ပွဲ 390. Local Government – ဒေသန္တရအစိုးရ 391. Lockout – အလုပ်ရှင်က အလုပ်သမားများကို ယာယီအလုပ်မပေးခြင်း 392. Long-Term Debt – ရေရှည်ကြွေးမြီ 393. Louisiana Purchase – အမေရိကန်နိုင်ငံ၏ Louisiana နယ်မြေ ဝယ်ယူမှု 394. Levy – အခွန်ကောက်ခံခြင်း / အခွန် ━━━━━━━━━━━━━━━ M ━━━━━━━━━━━━━━━ 395. Magna Carta – အင်္ဂလန်နိုင်ငံ၏ အခြေခံလူ့အခွင့်အရေးစာချုပ် 396. Mandate – အမိန့်ပေးအာဏာ / တာဝန်ပေးချက် 397. Manifest Destiny – အမေရိကန်နိုင်ငံ၏ နယ်မြေချဲ့ထွင်ရေးအယူဝါဒ 398. Manifesto – နိုင်ငံပါတီ၏ မူဝါဒကြေညာစာတမ်း 399. Market – ဈေးကွက် 400. Market Economy – ဈေးကွက်စီးပွားရေးစနစ် 401. Marshall Plan – ဒုတိယကမ္ဘာစစ်အပြီး ဥရောပအားပြန်လည်တည်ဆောက်ရေးအစီအစဉ် 402. Mayor – မြို့တော်ဝန် 403. Mediation – ကြားဝင်ညှိနှိုင်းဖြေရှင်းခြင်း 404. Medicaid – ဆင်းရဲသားများအတွက် ဆေးဝါးအကူအညီ 405. Medicare – သက်ကြီးရွယ်အိုများအတွက် ကျန်းမာရေးအာမခံကူညီမှု 406. Mercantilism – ကုန်တင်ပို့မှုကို အဓိကဦးစားပေးသည့် စီးပွားရေးဝါဒ 407. Merchant – ကုန်သည် 408. Metropolis – မြို့ကြီး 409. Migration – နေရာရွှေ့ပြောင်းခြင်း 📝Tr. Hpone https://t.me/TrHponeClass နောက်ဆုံးကျန်နေတဲ့ (Part 6) ကို တစ်ရက်ထပ်တင်ပေးသွားပါမယ်နော်😽

ဒီနေ့ညနေ (6:00 PM) မှာ Social Studies အတွက် vocabulary usage စုစည်းပေးမှု Part 5 ထပ်လာမယ်နော်…။ ဒီနေ့ထိတင်ပေးခဲ့တာ စုစုပေါင်း (4) ပိုင်းရှိပါပြီ။ အပေါ်ဆုံးမှာ PIN ထောက်ထားတာကို နှိပ်ပြီး part-1 ကနေ အစအဆုံးပြန်လေ့လာလို့ရပါတယ်📍 စကားလုံးရေစုစုပေါင်းက (500) နီးပါးလောက်လာမှာမို့ Total အပိုင်း (6) ပိုင်းအထိတင်ပေးသွားပါမယ် ညနေ [Part 5] တင်ပေးပါမယ်။ Stay Tuned everyone⛅️🎀 Join our GED community💌 https://t.me/GEDdiscussion

📍GED Social Studies အတွက် မဖြစ်မနေမှတ်ထားသင့်သည့် Vocabulary usage များစုစည်းပေးမှု — (Part 4)
━━━━━━━━━━━━━━━ F ━━━━━━━━━━━━━━━ 256. Feminism – အမျိုးသမီးအခွင့်အရေးဆိုင်ရာ တက်ကြွလှုပ်ရှားမှု 257. Financial Crisis – ဘဏ္ဍာရေးအကြပ်အတည်း 258. Fiscal Policy – ဘဏ္ဍာရေးမူဝါဒ 259. Filibuster – ဥပဒေတစ်ရပ်မပြဌာန်းဖြစ်အောင် ဆွေးနွေးမှုကိုအချိန်ဆွဲ၍တားဆီးခြင်း 260. Foreign Aid – နိုင်ငံခြားမှအကူအညီ၊ အထောက်အပံ့ 261. Foreign Policy – နိုင်ငံခြားရေးရာမူဝါဒ 262. Foreign Investment – နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု 263. Founding Fathers – အမေရိကန်နိုင်ငံအား တည်ထောင်သူဖခင်ကြီးများ 264. Franchise – မဲပေးခွင့် (ရွေးကောက်ပွဲအခွင့်အရေး) 265. Frontier – နယ်ခြားဒေသ 266. Frontline – ရှေ့တန်း (စစ်ရေး/ပဋိပက္ခဖြစ်ရာတွင်) 267. Fraud – လိမ်လည်မှု၊ မရိုးသားမှု 268. Free Enterprise – လွတ်လပ်သောစီးပွါးရေးစနစ် 269. Free Market – လွတ်လပ်သောဈေးကွက်စနစ် 270. Freedom of Assembly – လွတ်လပ်စွာစုဝေးခွင့် 271. Freedom of Petition – လွတ်လပ်စွာလျှောက်ထားတောင်းဆိုခွင့် 272. Freedom of Religion – လွတ်လပ်စွာကိုးကွယ်ခွင့် 273. Freedom of Speech – လွတ်လပ်စွာပြောဆိုခွင့် 274. Freedom of Press – လွတ်လပ်စွာထုတ်ဖော်ရေးသားခွင့် 275. Fundamental Law – အခြေခံဥပဒေ 276. Fundamental Rights – အခြေခံလူ့အခွင့်အရေးများ 277. Fundraising – ရန်ပုံငွေရှာဖွေခြင်း၊ ငွေကြေးစုဆောင်းခြင်း ━━━━━━━━━━━━━━━ G ━━━━━━━━━━━━━━━ 278. GDP (Gross Domestic Product) – ပြည်တွင်းထုတ်ကုန်စုစုပေါင်းတန်ဖိုး 279. General Election – အထွေထွေရွေးကောက်ပွဲ 280. General Welfare – အများပြည်သူကောင်းကျိုး 281. Genocide – လူမျိုးတုံးသတ်ဖြတ်မှု၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း 282. Geography – ပထဝီဝင်ပညာ 283. GI Bill – အမေရိကန်စစ်မှုထမ်းဟောင်းများအတွက် ပညာရေးနှင့်အကျိုးခံစားခွင့်ပေးသော ဥပဒေ (အစီအစဉ်) 284. Global Warming – ကမ္ဘာကြီးပူနွေးလာခြင်း 285. Globalization – ကမ္ဘာလုံးဆိုင်ရာချိတ်ဆက်ပေါင်းစည်းမှု 286. Goods and Services – ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများ 287. Great Depression – ကမ္ဘာ့စီးပွါးပျက်ကပ် 288. Great Migration – အမေရိကန်လူမည်းများ၏ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့နေထိုင်မှု ━━━━━━━━━━━━━━━ H ━━━━━━━━━━━━━━━ 289. Habitat – နေထိုင်ရာပတ်ဝန်းကျင် 290. Hardship – အခက်အခဲ၊ ဒုက္ခ 291. Harmony – ညီညွတ်မှု၊ သဟဇာတဖြစ်မှု 292. Harvest – သီးနှံရိတ်သိမ်းခြင်း 293. Hazard – အန္တရာယ် 294. Head of State – နိုင်ငံ့အကြီးအကဲ 295. Health Care – ကျန်းမာရေးစောင့်ရှောက်မှု 296. Hearing – တရားရုံးတွင် ကြားနာစစ်ဆေးခြင်း 297. Heritage – အမွေအနှစ် 298. Hierarchy – အဆင့်အတန်းအလိုက် (အထောက်မှအောက်သို့ စီထားသောစနစ်) 299. High Court – အထက်တန်းတရားရုံး 300. Holocaust – ဒုတိယကမ္ဘာစစ်အတွင်း နာဇီအစိုးရမှ ဂျူးများအား လူမျိုးတုံးသတ်ဖြတ်မှု 301. Homeland – မွေးရပ်မြေ 302. Homelessness – အိမ်မရှိခြင်း၊ အိမ်ခြေရာမဲ့ဖြစ်ခြင်း 303. Honor – ဂုဏ်သိက္ခာ 304. Hostility – ရန်လိုမှု 305. House of Representatives – ကိုယ်စားလှယ်များလွှတ်တော် (အမေရိကန်အောက်လွှတ်တော်) 306. Household – အိမ်ထောင်စု 307. Human Rights – လူ့အခွင့်အရေးများ 308. Hypocrisy – သူတော်ကောင်းယောင်ဆောင်ခြင်း၊ ကြော်သူတော် ━━━━━━━━━━━━━━━ I ━━━━━━━━━━━━━━━ 309. Ideology – နိုင်ငံရေး/ အယူအဆစနစ် 310. Immigrate – နိုင်ငံတစ်နိုင်ငံသို့ ပြောင်းရွှေ့နေထိုင်သည် 311. Immigration – နိုင်ငံသို့ ပြောင်းရွှေ့ဝင်ရောက်နေထိုင်ခြင်း 312. Impartial – ဘက်မလိုက်သော 313. Impeach – အစိုးရအရာရှိတစ်ဦးအား စွဲချက်တင်အပြစ်ဆိုခြင်း 314. Impeachment – အစိုးရအရာရှိကို စွဲချက်တင်ဖယ်ရှားရေးလုပ်ငန်းစဉ် 315. Imperialism – အင်ပါယာချဲ့ထွင်အုပ်ချုပ်ရေး၊ နယ်ချဲ့ဝါဒီ 316. Implementation – အကောင်အထည်ဖော်ခြင်း 317. Import Tax – တင်သွင်းကုန်အခွန် 318. Inauguration – ကျမ်းသစ္စာကျိန်ဆိုခြင်း၊ တာဝန်ထမ်းဆောင်မှုစတင်ခြင်း 319. Income Tax – ဝင်ငွေအခွန် 320. Independence – လွတ်လပ်ရေး 321. Independent State – လွတ်လပ်သောနိုင်ငံ၊ ပြည်နယ် 322. Index – စာရင်းညွှန်းကိန်း 323. Indigenous – ဒေသခံ၊ မူရင်းနေထိုင်သူ 324. Indirect Democracy – ကိုယ်စားလှယ်များမှတစ်ဆင့်အုပ်ချုပ်သော ဒီမိုကရေစီစနစ် 325. Industrial Revolution – စက်မှုတော်လှန်ရေး 326. Industrialization – စက်မှုဖွံ့ဖြိုးတိုးတက်မှု 327. Inequality – မညီမျှမှု 328. Inflation – ငွေကြေးဖောင်းပွမှု (ကုန်ဈေးနှုန်းများအဆမတန်စျေးတက်ခြင်း) 329. Infrastructure – အခြေခံအဆောက်အအုံများ 330. Initiative – စတင်လုပ်ဆောင်မှု 📝Tr. Hpone https://t.me/TrHponeClass နောက်ထပ်ကျန်နေသေးတဲ့စကားလုံးတွေကို Part (5) မှာ ဆက်ပြီး sharing လုပ်ပေးသွားမှာမို့ လိုချင်တယ်ဆိုရင် ဒီ reaction (💘) လေးပေးသွားခဲ့ကြနော်😍

ဒီနေ့ညနေ (6:00 PM) မှာ Social Studies အတွက် vocabulary usage စုစည်းပေးမှု Part 4 ထပ်လာမယ်နော်…။ ဒီနေ့ထိတင်ပေးခဲ့တာ စုစုပေါင်း (3) ပိုင်းရှိပါပြီ။ PIN ထောက်ထားတာကို နှိပ်ပြီး part-1 ကနေ အစအဆုံးပြန်လေ့လာလို့ရပါတယ်📍 ညနေ [Part 4] ထပ်လာပါမယ်။ Stay Tuned everyone⛅️🎀

📍GED Social Studies အတွက် မဖြစ်မနေမှတ်ထားသင့်သည့် Vocabulary usage များစုစည်းပေးမှု — (Part 3)
━━━━━━━━━━━━━━━ D ━━━━━━━━━━━━━━━ 176. Direct Democracy – ပြည်သူများမှတိုက်ရိုက်အုပ်ချုပ်သော ဒီမိုကရေစီစနစ် 177. Direct Tax – တိုက်ရိုက်ကောက်ခံသောအခွန်ငွေ 178. Discrimination – ခွဲခြားဆက်ဆံမှု 179. Discretion – ကိုယ်ပိုင်ဆုံးဖြတ်ခွင့် 180. Dissent – သဘောထားကွဲလွဲမှု 181. Disenfranchisement – မဲပေးပိုင်ခွင့်ဖယ်ရှားခံရခြင်း 182. Displacement – နေရာရွှေ့ပြောင်းခံရခြင်း 183. Dispute – အငြင်းပွားမှု 184. Dissolution – ဖျက်သိမ်းခြင်း 185. Distribution – ခွဲဝေဖြန့်ဖြူးခြင်း 186. District Court ခရိုင်တရားရုံး 187. District of Columbia – ဝါရှင်တန် ဒီစီ (ကိုလံဘီယာခရိုင်) 188. Division of Labor – အလုပ်ခွဲဝေမှု 189. Division of Power – အာဏာခွဲဝေမှု 190. Doctrine – အယူဝါဒ 191. Document – စာရွက်စာတမ်း၊ စာချုပ် 192. Domestic – ပြည်တွင်းနှင့်ဆိုင်သော 193. Domestic Policy – ပြည်တွင်းမူဝါဒ 194. Domestic Violence – အိမ်တွင်း၊ ပြည်တွင်းအကြမ်းဖက်မှု 195. Dominance – လွှမ်းမိုးချုပ်ကိုင်မှု 196. Draft – စစ်မှုထမ်းရွေးချယ်ခြင်း 197. Due process – တရားမျှတသော ဥပဒေလုပ်ထုံးလုပ်နည်း 198. Due Process Clause – တရားမျှတမှုဆိုင်ရာဥပဒေအပိုဒ် 199. Dynasty – မင်းဆက် 200. Dust Bowl – မြေဆီလွှာပျက်စီးမှုဒေသ ━━━━━━━━━━━━━━━ E ━━━━━━━━━━━━━━━ 201. Economic Sanction – စီးပွားရေးပိတ်ဆို့အရေးယူမှု 202. Economy – စီးပွားရေးစနစ် 203. Ecosystem – သဘာဝပတ်ဝန်းကျင်တည်ရှိမှုစနစ် 204. Elastic Clause – လိုအပ်သလို အဓိပ္ပာယ်ဖွင့်ဆို၊ ဥပဒေပြုနိုင်သောအပိုဒ် 205. Election – ရွေးကောက်ပွဲ 206. Election Day – ရွေးကောက်ပွဲနေ့ 207. Electoral College – သမ္မတကို ရွေးကောက်ရန် အထူးကိုယ်စားလှယ်အဖွဲ့ 208. Electoral Process – ရွေးကောက်ပွဲလုပ်ငန်းစဉ် 209. Eligibility – အရည်အချင်းပြည့်မီမှု 210. Emancipation – လွတ်မြောက်စေခြင်း 211. Emigrant – အမိမြေနိုင်ငံမှထွက်ခွာနေထိုင်သူ 212. Emigrate – အမိမြေနိုင်ငံမှ ထွက်ခွာအခြေချနေထိုင်သည် 213. Emigration – အမိမြေနိုင်ငံမှ ထွက်ခွာခြင်း 214. Embargo – ကုန်သွယ်မှုပိတ်ပင်တားဆီးမှု 215. Embassy – သံရုံး 216. Empire – အင်ပါယာနိုင်ငံ 217. Employment – အလုပ်အကိုင် 218. Enact – ဥပဒေပြဋ္ဌာန်းသည် 219. Enactment – ဥပဒေအတည်ပြုခြင်း 220. Endorsement – ထောက်ခံခြင်း 221. Enforcement – ဥပဒေလိုက်နာစေခြင်း 222. English Bill of Rights – အင်္ဂလိပ်အခွင့်အရေးစာတမ်း 223. Enlightenment – ဉာဏ်အလင်းပွင့်ခြင်း၊ ဉာဏ်ပညာထွန်းကားရေးခေတ် 224. Enrollment – စာရင်းသွင်းခြင်း 225. Entrepreneur – စီးပွားရေးလုပ်ငန်းရှင် 226. Entrepreneurship – စီးပွားရေးလုပ်ငန်းရှင်စိတ်ဓာတ် 227. Epidemic – ကူးစက်ရောဂါပျံ့နှံ့မှု 228. Equal Protection – ဥပဒေအရ တန်းတူကာကွယ်မှု 229. Equality – တန်းတူညီမျှမှု 230. Equilibrium – မျှတမှုအခြေအနေ 231. Era – ခေတ်ကာလ 232. Ethnicity – လူမျိုးစုသတ်မှတ်ချက် 233. Exclusive Power – သီးသန့်အာဏာ 234. Executive – အုပ်ချုပ်ရေးအရာရှိ 235. Executive Branch – အုပ်ချုပ်ရေးဌာနခွဲ 236. Executive Order – သမ္မတ၏အမိန့် 237. Executive Power – အုပ်ချုပ်ရေးအာဏာ 238. Executive Privilege – သမ္မတ၏ အထူးအခွင့်အာဏာ 239. Expedition – စူးစမ်းရှာဖွေရန် ခရီးထွက်ခြင်း 240. Expenditure – အသုံးစရိတ် 241. Exploitation – အလွဲသုံးစားပြုခြင်း၊ ခေါင်းပုံဖြတ်ခြင်း 242. Exploration – စူးစမ်းရှာဖွေခြင်း 243. Expansionism – နယ်မြေချဲ့ထွင်ရေးမူဝါဒ 244. Extremism – အလွန်အကျွံအစွန်းရောက်မှု ━━━━━━━━━━━━━━━ F ━━━━━━━━━━━━━━━ 245. Faction – အဖွဲ့ခွဲ၊ နိုင်ငံရေးအုပ်စုငယ် 246. Fair Election – တရားမျှတသောရွေးကောက်ပွဲ 247. Fair Trial – တရားမျှတသော တရားစီရင်မှု 248. Fascism – ဖက်ဆစ်ဝါဒ 249. Federal Court – နိုင်ငံတော်တရားရုံး 250. Federal Government – နိုင်ငံတော် ဖက်ဒရယ်အစိုးရ 251. Federal Reserve – အမေရိကန်ဗဟိုဘဏ်စနစ် 252. Federalism – အာဏာခွဲဝေသော အစိုးရစနစ် 253. Federalist Papers – ဖက်ဒရယ်စနစ်ကိုထောက်ခံသည့် စာတမ်းများ 254. Feudalism – မြေရှင်ပဒေသရာဇ်စနစ် 255. Felony – ကြီးလေးသောရာဇဝတ်မှု 📝Tr. Hpone https://t.me/TrHponeClass ကျောင်းသားတွေကိုယ့်ဘာကိုယ်ဆိုရင် တစုတစည်းတည်းလိုက်ရှာပြီးလေ့လာရတာမလွယ်ကူတာကြောင့် အခုလိုစုစည်းပေးတာ အားလုံးအတွက်လေ့လာရအဆင်ပြေမယ်လို့ ယုံကြည်ပါတယ်💖 နောက်ထပ်ကျန်နေသေးတဲ့စကားလုံးတွေကို Part (4) မှာ ဆက်ပြီး sharing လုပ်ပေးသွားမှာမို့ လိုချင်တယ်ဆိုရင် ဒီ reaction (💘) လေးပေးသွားခဲ့ကြနော်😍

ဒီနေ့ညနေ (6:00 PM) မှာ Social Studies အတွက် vocabulary usage စုစည်းပေးမှု Part 3 ထပ်လာမယ်နော်…။ Stay Tuned everyone⛅️🎀

📍GED Social Studies အတွက် မဖြစ်မနေမှတ်ထားသင့်သည့် Vocabulary usage များစုစည်းပေးမှု — (Part 2)
━━━━━━━━━━━━━━━ C ━━━━━━━━━━━━━━━ 91. Cash Crops – စိုက်ပျိုးသီးနှံများ 92. Census – လူဦးရေစာရင်း၊ သန်းခေါင်စာရင်း 93. Census Bureau – လူဦးရေကောက်ယူသောစာရင်းဌာန 94. Central Government – ဗဟိုအစိုးရ 95. Centralization – ဗဟိုအစိုးရမှ အာဏာကိုအလုံးစုံချုပ်ကိုင်မှု 96 Charter – လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်များကိုဖော်ပြထားသောစာတမ်း၊ အမိန့်စာ 97. Checks and Balances – အာဏာကိုချိန်ညှိထိန်းချုပ်သောစနစ် 98. Chief – အကြီးအကဲ၊ ခေါင်းဆောင် 99. Chief Justice – ရာထူးအကြီးဆုံးတရားသူကြီးချုပ် 100. Citizen – နိုင်ငံသား 101. Citizenship – နိုင်ငံသားအဖြစ်ခံယူမှု 102. Civics – ပြည်သူ့နီတိ (အုပ်ချုပ်ရေးနှင့် ပြည်သူများ၏အခွင့်အရေးများအားလေ့လာမှု) 103. Civil Disobedience – ဥပဒေမလိုက်နာသော်လည်း ငြိမ်းချမ်းစွာဆန္ဒပြခြင်း 104. Civil Rights –နိုင်ငံသားအခွင့်အရေးများ 105. Civil War – ပြည်တွင်းစစ် 106. Civilian – အရပ်သား 107. Civilization – ယဉ်ကျေးမှုအဆင့်မြင့်လူ့အဖွဲ့အစည်း 108. Claim – တောင်းဆိုချက်၊ အခိုင်အမာပြောဆိုချက် 109. Coalition – ပူးပေါင်းခြင်း၊ မဟာမိတ်ဖွဲ့ခြင်း 110. Cold War – စစ်အေးတိုက်ပွဲ 111. Colombian Exchange – ဥရောပနှင့်အမေရိကတိုက်အကြား အပြန်အလှန်ကုန်သွယ်မှု 112. Colony – ကိုလိုနီနယ်မြေ 113. Commerce – ကုန်သွယ်ရေး 114. Commission – ကော်မရှင်အဖွဲ့ 115. Committee – ကော်မတီ 116. Commodity – ကုန်ပစ္စည်း 117. Communist Party – ကွန်မြူနစ်ပါတီ 118. Communism – ကွန်မြူနစ်စနစ် 119. Comparative Advantage – သာလွန်သောအားသာချက် 120. Compensation – လျော်ကြေး၊ နစ်နာကြေး 121. Compromise – အလျှော့အတင်းညှိနှိုင်းသဘောတူညီမှု 122. Conservation – သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး 123. Conservatism – ရှေးရိုးစွဲဝါဒ 124. Constituent – မဲဆန္ဒရှင် 125. Constitution – ဖွဲ့စည်းပုံအခြေခံဥပဒေ 126. Constitutional Monarchy – ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဘုရင်အုပ်ချုပ်ရေးစနစ် 127. Constitutional Convention – ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီကျင်းပသော အစည်းအဝေး၊ ညီလာခံ 128. Constitutional Right – ဖွဲ့စည်းပုံအခြေခံဥပဒေအရအခွင့်အရေး 129. Consumer – စားသုံးသူ၊ သုံးစွဲသူ 130. Consumer Goods – စားသုံးကုန်၊ လူသုံးကုန် 131. Containment – တားဆီးထိန်းချုပ်ရေးမူဝါဒ 132. Continent – တိုက်ကြီး (အာရှတိုက်၊ ဥရောပတိုက်) 133. Contract – စာချုပ် 134. Convention – ညီလာခံ၊ အစည်းအဝေး၊ သဘောတူညီချက် 135. Cooperation – ပူးပေါင်းဆောင်ရွက်မှု 136. Corporation – ကုမ္ပဏီအဖွဲ့အစည်း 137. Corruption – အကျင့်ပျက်ခြစားမှု 138. Council – အဖွဲ့အစည်းကောင်စီ 139. Court System – တရားစီရင်ရေးစနစ် 140. Credit – ချေးငွေ၊ ယုံကြည်မှုအခွင့်အရေး 141. Crisis – အရေးပေါ်အခြေအနေ၊ ကပ်ဆိုက်သောကာလ 142. Criminal Law – ရာဇဝတ်ဥပဒေ 143. Criticism – ဝေဖန်ချက် 144. Culture – ယဉ်ကျေးမှု 145. Cultural Diffusion – ယဉ်ကျေးမှုပြန့်ပွါးခြင်း 146. Cultural Diversity – ယဉ်ကျေးမှုမျိုးစုံတည်ရှိမှု 147. Cultural Exchange – ယဉ်ကျေးမှုအပြန်အလှန်ဖလှယ်ခြင်း 148. Currency – ငွေကြေး ━━━━━━━━━━━━━━━ D ━━━━━━━━━━━━━━━ 149. Debt – အကြွေး 150. Debt Ceiling – အကြွေးယူခွင့်အမြင့်ဆုံးကန့်သတ်ချက် 151. Debate – ဆွေးနွေးငြင်းခုံခြင်း 152. Decentralization – အာဏာခွဲဝေအုပ်ချုပ်ခြင်း 153. Declaration of Independence – လွတ်လပ်ရေးကြေညာစာတမ်း 154. Delegate – ကိုယ်စားလှယ်၊ လုပ်ပိုင်ခွင့်အာဏာအပ်နှင်းသည် 155. Delegation – ကိုယ်စားလှယ်အဖွဲ့ 156. Demand – လိုအပ်ချက် / ဝယ်လိုအား 157. Democracy – ဒီမိုကရေစီစနစ် 158. Democratic Republic – ဒီမိုကရက်တစ်သမ္မတနိုင်ငံ 159. Department – ဌာန 160. Dependent – မှီခိုသူ 161. Dependency – မှီခိုမှု 162. Depopulation – လူဦးရေလျော့နည်းခြင်း 163. Depression – စီးပွားရေးကျဆင်းမှု 164. Deportation – နယ်နှင်ဒဏ်ပေးခြင်း၊ နိုင်ငံမှနှင်ထုတ်ခြင်း 165. Deregulation – စည်းမျဉ်းလျှော့ချခြင်း 166. Desegregation – လူမျိုးရေး၊ အသားရောင်ခွဲခြားမှုကို ဖျက်သိမ်းခြင်း 167. Destruction – ပျက်စီးဆုံးရှုံးမှု 168. Deterrence – တားဆီးကာကွယ်ရေးမူဝါဒ၊ အဟန့်အတား 169. Devastation – ပျက်စီးဆုံးရှုံးမှု (အကြီးစား) 170. Dictator – အာဏာရှင် 171. Dictatorship – အာဏာရှင်စနစ် 172. Diplomacy – သံတမန်ရေး 173. Diplomat – သံတမန် 174. Deficit – လိုငွေပြနေခြင်း၊ အရှုံးပေါ်ခြင်း 175. Diversity – မျိုးစုံကွဲပြားမှု 📝Tr. Hpone https://t.me/TrHponeClass နောက်ထပ်ကျန်နေသေးတဲ့စကားလုံးတွေကို Part (3) မှာ ဆက်ပြီး sharing လုပ်ပေးသွားမယ်နော်။ Coming soon😽🤍

ဒီနေ့ညနေ (6:00 PM) မှာ Social Studies အတွက် vocabulary usage စုစည်းပေးမှု Part 2 လာမယ်နော်…။ Stay Tuned everyone⛅️🎀

📍GED Social Studies အတွက် မဖြစ်မနေမှတ်ထားသင့်သည့် Vocabulary usage များစုစည်းပေးမှု — (Part 1)
━━━━━━━━━━━━━━━ A ━━━━━━━━━━━━━━━ 1. Abolish – ဖျက်သိမ်းသည်၊ ရုတ်သိမ်းသည် 2. Abolitionism – ကျွန်စနစ်ဖျက်သိမ်းရေးလှုပ်ရှားမှု 3. Abolitionist – ကျွန်စနစ်ဖျက်သိမ်းရေးတက်ကြွလှုပ်ရှားသူ 4. Abstain – ရှောင်ရှားသည်၊ ကြားနေသည် 5. Abuse – အလွဲသုံးစားလုပ်သည် 6. Acquire – ရယူသည်၊ ပိုင်ဆိုင်သည် 7. Acquisition – ရယူခြင်း၊ သိမ်းယူခြင်း 8. Accusation – စွပ်စွဲခြင်း၊ အပြစ်တင်ခြင်း 9. Act – လုပ်ဆောင်ချက်၊ ဥပဒေတစ်ရပ် 10. Activism – နိုင်ငံရေးတက်ကြွလှုပ်ရှားမှု 11. Administration – စီမံခန့်ခွဲရေး၊ အုပ်ချုပ်ရေး 12. Adoption – အတည်ပြုလက်ခံခြင်း (ဥပဒေ၊ မူဝါဒ) 13. Advocate – ထောက်ခံအားပေးသူ၊ အရေးဆိုသူ 14. Affiliation – ဆက်နွယ်မှု၊ အဖွဲ့အစည်းတစ်ခုနှင့် အသင်းဝင်ဆက်စပ်မှု 15. Affirmation – အတည်ပြုခြင်း၊ ထောက်ခံကြောင်းဖော်ပြခြင်း 16. Agitation – လှုံ့ဆော်မှု၊ ဆန္ဒပြလှုပ်ရှားမှု 17. Aggression – ကျူးကျော်တိုက်ခိုက်ခြင်း 18. Agriculture – စိုက်ပျိုးမွေးမြူရေး 19. Aid – အကူအညီ၊ အထောက်အပံ့၊ လက်ထောက် 20. Alien – နိုင်ငံခြားသား၊ ပြည်ပမှလာသူ 21. Allegation – စွပ်စွဲချက် 22. Alleged – စွပ်စွဲခံထားရသော၊ သက်သေမပြနိုင်သေးသော 23. Alliance – မဟာမိတ်၊ ပူးပေါင်းခြင်း 24. Ally – မဟာမိတ်နိုင်ငံ၊ မိတ်ဖက် 25. Allocate – ခွဲဝေသတ်မှတ်သည် 26. Amend – ပြင်ဆင်သည်၊ တည်းဖြတ်သည် 27. Amendment – ဥပဒေပြင်ဆင်ဖြည့်စွက်ချက် 28. Ambassador – သံအမတ် 29. Anarchy – မင်းမဲ့စနစ်၊ ပရမ်းပတာဝရုန်းသုန်းကားအခြေအနေ 30. Ancestor – ဘိုးဘေးဘီဘင် 31. Ancestry – မျိုးရိုးဇာတိ၊ ဘိုးဘေးဘီဘင်အဆက်အနွယ် 32. Annex – တိုက်ခိုက်သိမ်းယူသည် 33. Annexation – တိုက်ခိုက်သိမ်းပိုက်ခြင်း 34. Applicant – လျှောက်ထားသူ 35. Appeal – မေတ္တာရပ်ခံသည်၊ အသနားခံသည် 36. Appeal Court – အယူခံတရားရုံး 37. Appeasement – အလျှော့ပေးညှိနှိုင်းမှု၊ ရန်လိုမှုကို ရှောင်ရှားရန် လိုက်လျောပေးခြင်း၊ ကြေအေးပေးခြင်း 38. Appointment – ခန့်အပ်ခြင်း 39. Approval – ခွင့်ပြုချက် 40. Arbitration – ခုံသမာဓိဖြင့် ဖြေရှင်းခြင်း 41. Aristocracy – အထက်တန်းလွှာ၊ မင်းမျိုးမင်းနွယ် 42. Armed Forces – ကြည်းရေလေ တပ်မတော် 43. Armistice – စစ်ရပ်ဆိုင်းရန် နှစ်ဖက်သဘောတူညီမှု 44. Arrest – ဖမ်းဆီးသည် 45. Articles of Confederation – အမေရိကန်ပြည်ထောင်စု၏ ပထမဆုံးဖွဲ့စည်းပုံအခြေခံဥပဒေ 46. Assembly – အကြောင်းကိစ္စတစ်ရပ်အတွက် စည်းဝေးခြင်း 47. Assert – အခိုင်အမာပြောဆိုသည် 48. Assimilate – ပေါင်းစည်းသည်၊ လက်သင့်ခံသည် 49. Assassination – ချောင်းမြောင်းလုပ်ကြံသတ်ဖြတ်ခြင်း 50. Assumption – ယူဆချက် 51. Asylum – နိုင်ငံရေးခိုလှုံခွင့် 52. Attack – တိုက်ခိုက်သည် 53. Attorney – ရှေ့နေ 54. Atrocity – ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်၊ လူမဆန်သော ရာဇဝတ်မှု 55. Authority – အခွင့်အာဏာ၊ ဩဇာ 56. Authoritarian – အာဏာရှင်ဆန်သော 57. Autocracy – သက်ဦးဆံပိုင် အာဏာရှင်စနစ် 58. Autonomy – ကိုယ်ပိုင်အုပ်ချုပ်ခွင့် ━━━━━━━━━━━━━━━ B ━━━━━━━━━━━━━━━ 59. Bail – အာမခံငွေ 60. Ballot – မဲလက်မှတ် 61. Bank run – ဘဏ်တွင်ငွေထုတ်ယူရန် လူအများအပြား အလျင်အမြန်စုပြုံလာခြင်း 62. Bankrupt – ဒေဝါလီခံသည် 63. Barrier – အတားအဆီး 64. Battlefield – စစ်မြေပြင် 65. Bias – ဘက်လိုက်မှု 66. Bicameral – လွှတ်တော်နှစ်ရပ်ပါဝင်သောစနစ် 67. Bill – ဥပဒေမူကြမ်း 68. Bill of Rights – အခြေခံလူ့အခွင့်အရေး 10 ချက် 69. Bloc – (အကျိုးတူပူးပေါင်းထားသည့်နိုင်ငံများ၊ ပါတီများ) အုပ်စု 70. Blockade – ပိတ်ဆို့တားဆီးခြင်း 71. Bond – အစိုးရ/ ကုမ္ပဏီမှ ထုတ်သည့် အကြွေးစာချုပ် 72. Border – နယ်နိမိတ် 73. Boycott – သပိတ်မှောက်ခြင်း 74. Boycott (Economic) – ကုန်ပစ္စည်း/ ဝန်ဆောင်မှုများအား မဝယ်ယူဟုသပိတ်မှောက်ခြင်း 75. Branches of Government – အစိုးရအာဏာခွဲသုံးရပ် 76. Bribery – လာဘ်ထိုးခြင်း၊ လာဘ်ပေးလာဘ်ယူမှု 77. Broadcast – ထုတ်လွှင့်ခြင်း 78. Budget – အသုံးစရိတ် 79. Bureau – ဌာန၊ အဖွဲ့အစည်း 80. Bureaucracy – အစိုးရအရာရှိစနစ် ━━━━━━━━━━━━━━━ C ━━━━━━━━━━━━━━━ 81. Cabinet – အစိုးရအကြီးတန်းဝန်ကြီးအဖွဲ့ 82. Campaign – မဲဆွယ်လှုပ်ရှားမှု 83. Capital – မြို့တော်၊ အရင်းအနှီးငွေ 84. Capital Punishment – သေဒဏ် 85. Capitalism – ပုဂ္ဂလိကပိုင်စီးပွားရေးစနစ် 86. Capitol – လွှတ်တော်အဆောက်အအုံ 87. Capture – ဖမ်းဆီးသည်၊ သိမ်းယူသည် 88. Caste – လူမှုအဆင့်အတန်း (ဇာတ်) ခွဲခြားသောစနစ် 89. Caucus – ပါတီတွင်းဆွေးနွေးပွဲ၊ မဲဆန္ဒရှင်အဖွဲ့အစည်းအစည်းအဝေး 90. Central Bank – နိုင်ငံတော်ဗဟိုဘဏ် 📝Tr. Hpone https://t.me/TrHponeClass နောက်ထပ်ကျန်နေသေးတဲ့စကားလုံးတွေကို Part (2) မှာ ဆက်ပြီး sharing လုပ်ပေးသွားမှာမို့ လိုချင်တယ်ဆိုရင် ဒီ reaction (💘) လေးပေးသွားခဲ့ကြနော်😍