ar
Feedback

لا تقع ضحية للمخادعين! تيليمتريو يكتشف ويُميّز هذه القنوات 👉 إذا كنت تريد رؤية العلامة، اشترك

Tr. Hpone’s Sharing Era✨

Tr. Hpone’s Sharing Era✨

الذهاب إلى القناة على Telegram

Hello Everyone! Warmly Welcome to my channel.🌥 Here, I will share my experience, knowledge, and study tips along my journey of GED & English self-study learning pathway! 🦋 Stay Tuned for more.🎐 👩🏻‍💻Channel by - 𝐓𝐫𝐞𝐚𝐬𝐮𝐫𝐞 𝐇𝐩𝐨𝐧𝐞

إظهار المزيد

📈 نظرة تحليلية على قناة تيليجرام Tr. Hpone’s Sharing Era✨

تُعد قناة Tr. Hpone’s Sharing Era✨ (@mygedexperience) في القطاع اللغوي Burmese لاعباً نشطاً. يضم المجتمع حالياً 11 977 مشتركاً، محتلاً المرتبة 16 966 في فئة التعليم والمرتبة 10 106 في منطقة Myanmar.

📊 مؤشرات الجمهور والحراك

منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 11 977 مشتركاً.

بحسب آخر البيانات بتاريخ 28 أكتوبر, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار -55، وفي آخر 24 ساعة بمقدار 12، مع بقاء الوصول العام مرتفعاً.

  • حالة التحقق: غير موثّقة
  • معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 39.20‎%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 8.79‎% من ردود الفعل نسبةً إلى إجمالي المشتركين.
  • وصول المنشورات: يحصل كل منشور على متوسط 0 مشاهدة. وخلال اليوم الأول يجمع عادةً 1 053 مشاهدة.
  • التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 0.

📝 الوصف وسياسة المحتوى

يصف المؤلف القناة بأنها مساحة للتعبير عن الآراء الذاتية:
“Hello Everyone! Warmly Welcome to my channel.🌥 Here, I will share my experience, knowledge, and study tips along my journey of GED & English self-study learning pathway! 🦋 Stay Tuned for more.🎐 👩🏻‍💻Channel by - 𝐓𝐫𝐞𝐚𝐬𝐮𝐫𝐞 𝐇𝐩𝐨𝐧𝐞”

بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 29 أكتوبر, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة التعليم.

11 977
المشتركون
+1224 ساعات
-227 أيام
-5530 أيام
أرشيف المشاركات
GED Flashcard ကို free လေ့ကျင့်ဖို့အတွက် အကောင့်လေးရလာပါပြီ🥳
ကျောင်းသားများအတွက် Learn GED မှ GED (4) ဘာသာ | တစ်လစာအတွက် Flashcard ဝယ်ပေးထားပါတယ်♥️✨
Flashcard ဆိုတာဘာလဲ❓
GED Flashcard ဆိုတာကို နားလည်လွယ်အောင်ရှင်းပြရရင်… GED Official Organization ဘက်မှ ကျောင်းသားတွေလေ့ကျင့်ဖို့ Practice Questions တွေကို website တစ်ခုမှာ စုစည်းဖန်တီးပေးထားတဲ့ Test ကို flashcard လို့ခေါ်ပါတယ်။ ပုံမှန်အားဖြင့် အဲ့ဒီ့ Test ထဲကမေးခွန်းတွေကို လေ့ကျင့်ချင်တယ်ဆိုရင် ကိုယ့်ရဲ့ GED Account ကနေတစ်ဆင့် dollar နဲ့ ပေးဝယ်ရပါတယ်။💵 အခုတော့ ကိုယ့်ဘာကိုယ်ဝယ်စရာမလိုပဲ free လေ့ကျင့်လို့ရအောင် ကျောင်းဖက်ကဝယ်ပေးထားတာမို့ အဆင်သင့်ဝင်လေ့ကျင့်ရုံပါပဲနော်။
Flashcard ကို လေ့ကျင့်သွားသင့်လား❓
GED ကိုလေ့လာနေကြတဲ့ကျောင်းသားတိုင်း မေးခွန်းတွေလေ့ကျင့်ဖို့ လုံးဝချန်မထားခဲ့သင့်တဲ့ resources တွေထဲမှာ [Flashcard] လည်း အပါအဝင်ဖြစ်ပါတယ် 💯 အထူးသဖြင့် (Math & Science) လို ဘာသာရပ်မျိုးတွေအတွက်ဆိုရင် Flashcard questions တွေကို ကျိန်းသေပေါက်မဖြစ်မနေအနေနဲ့ exam ဖြေဖို့အနီးကပ်သဘောမျိုး များများလေ့ကျင့်သွားသင့်ပါတယ်။ (Social Studies & RLA) နှစ်ဘာသာအတွက်ကျတော့ exam နဲ့ မေးခွန်းပုံစံမဆင်ဘူးဆိုပေမယ့် reading practice အတွက်တော့ flashcard က အထောက်အကူဖြစ်စေမှာမို့ အချိန်ရရင်လုပ်သွားသင့်ပါတယ်။
Flashcard ကို ဘယ်နေရာမှာဝင်လေ့ကျင့်ရမှာလဲ❓
📍Gmail: learnged.mdy@gmail.com 📍Password: Learn_GED_Mandalay https://app.ged.com/login ဒီမှာ Log in ဝင်ပြီး Practice လုပ်ရုံပါပဲ…။ ❗️ကျောင်းသားအားလုံးအဆင်ပြေစေဖို့အတွက် ရည်ရွယ်တာမို့ (password မချိန်းရဘူး) ဆိုတဲ့သတ်မှတ်ထားသောစည်းမျဉ်းကိုတော့ သေချာလေးလိုက်နာပေးဖို့မေတ္တာရပ်ခံချင်ပါတယ်နော်။ Flashcard အကြောင်းကိုမသိသေးတဲ့သူတွေအတွက်ရော၊ free လေ့ကျင့်ချင်လို့ စောင့်မျှော်နေကြတဲ့သူများအတွက်ရော တီချယ်သေချာလေးလမ်းညွှန်ပေးလိုက်ပါတယ်ရှင့်🩷 ✍🏻Tr. Hpone🌷 https://t.me/TrHponeClass

photo content

တီချယ့်အတန်းက ကျောင်းသူညီမလေးတွေ ဖန်တီးပေးတဲ့ အမှတ်တရသီတင်းကျွတ်🪔✨ ပထမတစ်ခုက လက်ရှိသင်ကြားပေးနေတဲ့ group class မှ ကျောင်းသူည
+1
တီချယ့်အတန်းက ကျောင်းသူညီမလေးတွေ ဖန်တီးပေးတဲ့ အမှတ်တရသီတင်းကျွတ်🪔✨
ပထမတစ်ခုက လက်ရှိသင်ကြားပေးနေတဲ့ group class မှ ကျောင်းသူညီမလေးက (100,000) ကျပ်ကို သီတင်းကျွတ်ဂါရဝါပြုကန်တော့တာပါတဲ့… ဒုတိယတစ်ခုကတော့ အရင် group class က ကျောင်းသူဟောင်းညီမလေးမှ သီတင်းကျွတ်လက်ဆောင်လေးကို အိမ်တိုင်ရာရောက်ပို့ပေးပြီးကန်တော့ချင်လို့ပါတဲ့… ဘဝမှာပထမဦးဆုံးရတဲ့ ဂါရဝပြုကန်တော့ငွေနှင့် လက်ဆောင်လေးဖြစ်တာမို့ ဒီနှစ်အတွက်တော့ တကယ်ကိုအမှတ်တရလေးဖြစ်သွားပါတယ်။ အခုလိုမျိုး တီချယ့်ရဲ့ဘဝအတွက် တကယ်ကိုအဓိပ္ပာယ်ရှိစေတဲ့ အမှတ်တရလေးတွေကို ဖန်တီးပေးတဲ့ တီချယ့်ရဲ့တပည့်ညီမလေး Hsu နှင့် May နှစ်ယောက်လုံးကို ကျေးဇူးအများကြီးတင်ပါတယ်နော်။ This is a memory my heart will never forget.💝 ကျောင်သားတွေရဲ့ချစ်ခြင်းမေတ္တာကို ရရှိတာက ဆရာတစ်ယောက်အတွက် ပြီးပြည့်စုံတဲ့ကံကောင်းခြင်းတစ်ခုပါပဲ💐

လာမယ့် November လထဲမှာ တီချယ့်ရဲ့ (GED Social Studies & RLA) All-in-One အတန်းသစ်လေးတွေကို ထပ်ဖွင့်ပေးသွားဖို့ရှိပါတယ်🌷
ဒါ့ကြောင့် ဒီအပတ် Oct (25) ရက်နေ့မှာ အတန်းသစ်တွေအကြောင်းကို တီချယ့်ချန်နယ်တွေကနေတစ်ဆင့် တရားဝင်ကြေငြာပြီး အတန်းအပ်လက်ခံပေးသွားပါမယ်နော်🩷 အတန်းအပ်ချင်သူများကတော့ ကြိုတင်ပြင်ဆင်ထားနိုင်ပါပြီရှင့်။
📍All-in-One class ဆိုတာ…(Preparation + Intensive) 2တန်းပေါင်းထားတာဖြစ်တဲ့အတွက်
💁🏻‍♀️GED ကို အခုမှစပြီး အခြေခံကနေ လေ့လာမယ့်ကျောင်းသားများ 💁🏻‍♀️အတန်းတစ်ခုခုတက်ထားပြီးပေမယ့် စာမပိုင်နိုင်လို့ သင်ခန်းစာတွေကိုစနစ်တကျနဲ့ပြန်လည်သင်ယူချင်တဲ့ကျောင်းသားများ… အားလုံးတက်လို့ အဆင်ပြေပါတယ်။ တီချယ့်ကျောင်းသားဟောင်းတွေရဲ့ Feedback များနှင့် ရမှတ်တွေကို ဒီချန်နယ်လေးထဲမှာ တစုတစည်းတည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ 🔗https://t.me/TrHponeClass (စာသင်သက်တမ်းတစ်လျှောက်လုံးစာအတွက် စုစည်းဖော်ပြပေးထားတဲ့ ချန်နယ်ဖြစ်ပါတယ်) Social Studies & RLA နှစ်တန်းလုံးအတွက် အတန်းကာလကတော့ 2လခွဲသာကြာမြင့်ပါမယ်ရှင်။ အသေးစိတ်စုံစမ်းရန် - @TreasureEduphoria ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။

RLA အတွက် ရတနာသိုက်သဖွယ် မေးခွန်းပေါင်းရာချီကို practice လုပ်နိုင်မယ့်နေရာ🔔 Part (1) အနေနဲ့ မေးခွန်းအပုဒ်ရေ (200) တိတိကို စု
RLA အတွက် ရတနာသိုက်သဖွယ် မေးခွန်းပေါင်းရာချီကို practice လုပ်နိုင်မယ့်နေရာ🔔
Part (1) အနေနဲ့ မေးခွန်းအပုဒ်ရေ (200) တိတိကို စုစည်းပေးထားပါတယ်။ 🔖 စုစုပေါင်း Google Form Test [8] ခု။ 🔖 Test တစ်ခုမှာ မေးခွန်းအပုဒ်ရေ [25] ပုဒ်။ 🔖 Exam Format အတိုင်းဖြစ်စေဖို့ Test တစ်ခုအတွက် စုစုပေါင်းအမှတ် [200] မှတ် စီစဉ်ပေးထားပါတယ်။ 🔗 Post Link: https://t.me/ResourcesbyTreasure/1372 တီချယ့်ရဲ့ main channel မှာတင်ထားပေးပြီးပြီမို့ အဲ့ဖက်မှာသွားလေ့လာလို့ရပါပြီနော်။ ✍🏻Tr. Hpone🌷 https://t.me/TrHponeClass

ကိုယ့်ရဲ့ English Level ဘယ်လောက်ရှိလဲဆိုတာကို သိဖို့ စစ်လို့ရမည့် Application🇬🇧💡
🪧GED လေ့လာမည့်သူများ၊ 🪧(IELTS, Duolingo, SAT, ACT) စတဲ့ exam တွေကို ဝင်ရောက်ဖြေဆိုကြမည့်သူများ၊ 🪧English စာကို လေ့လာနေကြသူများ အနေနှင့် ကိုယ့်ရဲ့ English Level ကို သိထားဖို့ လိုအပ်ပါတယ်။ 📌ဒီနေ့မှာတော့ မိမိရဲ့ English Proficiency Level ကို အမှန်အတိုင်းသိရအောင် စစ်လို့ရတဲ့ application အကြောင်းကို video နှင့်တကွ ပြောပြပေးထားပါတယ်ရှင်။ ပုံမှန်တင်ခဲ့တဲ့ video content တွေလိုမဟုတ်ပဲ short video ဖြစ်တာမို့ စိတ်ဝင်စားတယ်ဆိုရင် အောက်က link ကနေတစ်ဆင့် သွားကြည့်နိုင်ပါပြီ။ 🖇https://youtu.be/Cvk_ZPT9zOA?si=rJyc37Bs2IpXNIqW ✍🏻Tr. Hpone🌷 https://t.me/TrHponeClass

ထုံးစံအတိုင်း ရိုးရာမပျက်ပါပဲ…။ အတန်းသစ်စဖွင့်ဖို့ တစ်ပတ်တောင်လိုသေးတဲ့အချိန်မှာတင် Tr. Hpone ရဲ့ September Intake အတွက် (RLA class) လေး sold out သွားပါပြီ။ သတ်မှတ်လူဦးရေပြည့်သွားပြီဖြစ်တဲ့အတွက် အတန်း quality ကိုထိန်းချင်တာကြောင့် RLA အတန်းအတွက် အတန်းသားအသစ်တွေထပ်မံလက်ခံပေးတော့မှာ မဟုတ်ပါဘူးနော်။ 📌Social Studies class လေးအတွက်ကတော့ သတ်မှတ်လူဦးရေပြည့်ဖို့ 5️⃣ နေရာအတိပဲကျန်ပါမယ်။ နောက်တစ်ခေါက်အတန်းသစ်ကို December လထဲမှ ပြန်ဖွင့်ဖြစ်မှာမို့ 2026 နှစ်မကုန်ခင်ဖြေချင်တယ်ဆိုရင် ဒီအတန်းလေးကို လာအပ်လို့ရပါတယ်။ အတန်းသစ်က September (9) ရက်နေ့မှာစပါမယ်ရှင်။ အတန်းအကြောင်းအပြည့်အစုံဖတ်ရန် အတန်းအပ်နှံရန် - @TreasureEduphoria သို့ဆက်သွယ်နိုင်ပါတယ်။💎

GED နှင့်ပတ်သတ်ပြီး သိသင့်သမျှ အကြောင်းအရာပေါင်းချုပ်📍
🔷အခန်း (1): GED အကြောင်း မိတ်ဆက် 🔷အခန်း (2): GED မှာ လေ့လာရမည့် ဘာသာရပ်များ 🔷အခန်း (3): GED စာမေးပွဲအကြောင်းအသေးစိတ် 🔷အခန်း (4): GED အတွက် လေ့လာရေးနည်းလမ်းများ 🔷အခန်း (5): GED နှင့် ပတ်သတ်၍ အမေးများသောမေးခွန်းများ (FAQ) စတဲ့ Total Chapter (5)ခန်းကို ရှင်းလင်းပြောပြပေးမှုများ ပါဝင်မှာဖြစ်ပါတယ်။ တီချယ်ကိုယ်တိုင် သေချာလေးစိတ်ရှည်လက်ရှည်နဲ့ video ထဲမှာပါဝင်တဲ့ slide တစ်ခုချင်းစီကို အားစိုက်ပြီးဖန်တီးပေးထားပါတယ်။ Video ရှည်တယ်ဆိုပေမယ့် knowledge အနှစ်သာရတွေ အများကြီးပါဝင်တာမို့ အချိန်ပေးပြီးကြည့်စေချင်ပါတယ်ရှင်။ 🖇Video ကြည့်ရန် - https://youtu.be/HLOufvNKlJI?si=3ZKjKGC9Rgx0QJkC ✍🏻Tr. Hpone🌷 https://t.me/TrHponeClass

GED နှင့်ပတ်သတ်ပြီး သိသင့်သမျှ အကြောင်းအရာပေါင်းချုပ်📍
🔷အခန်း (1): GED အကြောင်း မိတ်ဆက် 🔷အခန်း (2): GED မှာ လေ့လာရမည့် ဘာသာရပ်များ 🔷အခန်း (3): GED စာမေးပွဲအကြောင်းအသေးစိတ် 🔷အခန်း (4): GED အတွက် လေ့လာရေးနည်းလမ်းများ 🔷အခန်း (5): GED နှင့် ပတ်သတ်၍ အမေးများသောမေးခွန်းများ (FAQ) စတဲ့ Total Chapter (5)ခန်းကို ရှင်းလင်းပြောပြပေးမှုများ ပါဝင်မှာဖြစ်ပါတယ်။ တီချယ်ကိုယ်တိုင် သေချာလေးစိတ်ရှည်လက်ရှည်နဲ့ video ထဲမှာပါဝင်တဲ့ slide တစ်ခုချင်းစီကို အားစိုက်ပြီးဖန်တီးပေးထားပါတယ်။ Video ရှည်တယ်ဆိုပေမယ့် knowledge အနှစ်သာရတွေ အများကြီးပါဝင်တာမို့ အချိန်ပေးပြီးကြည့်စေချင်ပါတယ်ရှင်။ 🖇Video ကြည့်ရန် - https://youtu.be/HLOufvNKlJI?si=3ZKjKGC9Rgx0QJkC ✍🏻Tr. Hpone🌷 https://t.me/TrHponeClass

photo content
+1

🗓2026 နှစ်မကုန်ခင် GED ကို အပြီးဖြေချင်ကြတဲ့ကျောင်းသားများအတွက် (Preparation + Intensive) class လေးကို လာမယ့် September 9ရက်နေ့မှာ ဖွင့်လှစ်ပေးသွားပါတော့မယ်။ 🔔Social Studies နှင့် RLA (2)ဘာသာအတွက် ▪️အခြေခံအားဖြင့်သင်ယူဖို့ လိုအပ်တဲ့ [background knowledge + essential concepts] အနှစ်တွေကို အတန်းပြီးတာနဲ့ အားလုံးသင်ယူပြီးသားဖြစ်မယ်။ ▪️အတန်းထဲမှာ လက်တွေ့ [question practice] များ အမြဲပုံမှန်လုပ်ပေးတာကြောင့် Real Exam ဖြေဖို့ အလိုအပ်ဆုံးဖြစ်တဲ့ စာဖတ်နည်း၊ မေးခွန်းဖြေနည်း၊ အဖြေမှန်ရွေးချယ်နည်း techniques တွေကို ကျွမ်းကျင်ပိုင်နိုင်အောင် သင်ယူခွင့်ရရှိမယ်။ Tr. Hpone ကိုယ်တိုင်ဆွဲထားတဲ့ သင်ရိုး [PowerPoint lessons] များနှင့် (Background Knowledge + Question Practice) ကို ထိထိမိမိ သင်ကြားပို့ချပေးသွားမှာဖြစ်ပါတယ်။ 📌အတန်းအကြောင်းအပြည့်အစုံဖတ်ရန် : https://t.me/ResourcesbyTreasure/1352 အများကြီးမပြောတော့ဘူးနော်။ အတန်းရဲ့ quality ကို သိချင်ရင် တီချယ့်ရဲ့ 🎀Class Telegram Channel https://t.me/TrHponeClass မှ ကျောင်းသားတွေရဲ့အမှတ်များ၊ feedback များနှင့် 🎀YouTube Channel https://youtube.com/@learnwith_trhpone?si=6vUsVgwEFUhuxNHX မှာ တင်ပေးထားတဲ့ video content များကို လေ့လာကြည့်ပြီး ယုံကြည်တယ်ဆိုမှ အတန်းကိုလာရောက်အပ်နှံနိုင်ပါတယ်။ သင်တန်းကြေးလွှဲ၍ အတန်းအပ်နှံရန် @TreasureEduphoria သို့ဆက်သွယ်နိုင်ပါတယ်။

GED (4) ဘာသာလုံးကို YouTube ကနေလေ့ကျင့်ဖို့ Video တွေစုစည်းပေးထားသော Playlist များ🎞 GED Real Exam ကို ဖြေကြတော့မယ့်ကျောင်းသာ
GED (4) ဘာသာလုံးကို YouTube ကနေလေ့ကျင့်ဖို့ Video တွေစုစည်းပေးထားသော Playlist များ🎞 GED Real Exam ကို ဖြေကြတော့မယ့်ကျောင်းသားများအနေနဲ့ Textbook တွေ၊ Workbook တွေ အကုန်လေ့ကျင့်ပြီးသွားလို့ စာမေးပွဲဖြေခါနီးပြီမို့ အရမ်း heavy ဖြစ်တာကြီးတွေမလုပ်တော့ပဲ မေးခွန်းလေးတွေပေါ့ပေါ့ပါးပါးလေ့ကျင့်ချင်တယ်ဆိုရင် YouTube က မေးခွန်းတွေက လေ့ကျင့်ဖို့ကွက်တိပါပဲ။ Get Sum Maths | Test Prep Champions စတဲ့ ချန်နယ်တွေကတင်ပေးထားတဲ့ တစ်ချို့မေးခွန်းတွေက စာမေးပွဲမေးခွန်းနဲ့ ပုံစံအတော်လေးဆင်တာမို့ ဒါတွေကိုလည်း ချန်မထားပဲ ကျိန်းသေလုပ်သွားကြည့်နိုင်ဖို့ (practice test video) တွေကို တစ်ဘာသာစီအတွက် စနစ်တကျလေးစုစည်းပေးလိုက်ပါတယ်။ 🎯Mathematical Reasoning GED Math Practice Test Collection 🎯Social Studies GED Social Studies Practice Test Collection 🎯Science GED Science Practice Test Collection 🎯Reasoning through Language Arts GED RLA Practice Test Collection ———————————————————————— 📍My Socials 🖇Telegram Channel 01 https://t.me/ResourcesbyTreasure 🖇Telegram Channel 02 https://t.me/TrHponeClass 📝Tr. Hpone🌷

GED လေ့လာနေကြသူအများစု ကြုံတွေ့ကြရတဲ့ အခက်အခဲတွေထဲကတစ်ခုဟာဆိုရင် "Reading" ပိုင်းကို improve ဖြစ်အောင် ဘယ်လိုမျိုးလေ့ကျင့်ရမလဲဆိုတာကို မသိတာပါပဲ…။ ဒီနေ့မှာတော့ အဲ့ဒီ့အခက်အခဲကိုဖြေရှင်းနိုင်ဖိုအတွက်… 🔑စာပိုဒ်တွေအများကြီးကိုလည်း ဖတ်လို့ရမယ်၊ 🔑Reading Comprehension တိုးတက်အောင် မေးခွန်းတွေကိုလည်း တစ်ခါတည်းလေ့ကျင့်လိုရမယ့်
စာအုပ်နှင့် Website — [5] မျိုးကို
တစုတစည်းတည်း sharing လုပ်ပေးသွားပါမယ်။ စာအုပ်တစ်အုပ်ချင်းစီ၊ Website တစ်ခုချင်းစီရဲ့ အသုံးဝင်ပုံအသေးစိတ်ကိုပါ video ထဲမှာ သေချာလေးပြောပြပေးထားတာမို့ စိတ်ဝင်စားသူများဝင်ကြည့်နိုင်ပါတယ်ရှင်။ ဒါလေးက ပထမဦးဆုံးစလုပ်ပေးဖြစ်တဲ့ (Knowledge Sharing Video) လည်းဖြစ်တာမို့ တီချယ့်ရဲ့အသံကို တစ်ခါမှမကြားဖူးသေးသူများလည်း သွားနားထောင်နိုင်ပါပြီ👀💗 Video ကြည့်ရန် - https://youtu.be/3ORv5eddbEI?si=-SGD8n9FjEbsMkyS

Congratulations🥳✨ Spain truly deserves it!!!🏆 အိပ်ရေးပျက်ရကျိုးနပ်သောပွဲပါပဲ…။
Congratulations🥳✨
Spain truly deserves it!!!🏆 အိပ်ရေးပျက်ရကျိုးနပ်သောပွဲပါပဲ…။

GED လေးဘာသာလုံးကို လေ့ကျင့်ဖို့ practice websites တွေလိုချင်တယ်ဆိုတဲ့ ကျောင်းသားတွေအတွက်🌐 🔗Post Link: https://t.me/Resource
GED လေးဘာသာလုံးကို လေ့ကျင့်ဖို့ practice websites တွေလိုချင်တယ်ဆိုတဲ့ ကျောင်းသားတွေအတွက်🌐 🔗Post Link: https://t.me/ResourcesbyTreasure/1337 Website ပေါင်း [22] ခုကို description အကျဉ်းနှင့်အတူ တီချယ့်ရဲ့ main channel မှာတင်ပေးထားပါတယ်ရှင်။ 📝Tr. Hpone🌷 https://t.me/TrHponeClass

ငလျင်လှုပ်သွားသေးလားဟင်🥺 ရန်ကုန်မှာပါ

RLA Class Sold Out🤭🎉 ✨Tr. Hpone ရဲ့ July intakte အတွက် RLA Class လေးလူပြည့်သွားပါပြီ။ လူအကန့်အသတ်နှင့်သာလက်ခံမှာဖြစ်တာမို့ (RLA) class အတွက် အတန်းအပ်လက်ခံတာ ရပ်လိုက်ပါပြီနော်။ ✨Social Studies class လေးကတော့ အတန်းအပ်လက်ခံပေးနေပါသေးတယ်။ လူပြည့်ဖို့က 4️⃣ ယောက်သာလိုပါတော့တယ်။ နောက်တစ်ခေါက်အတန်းသစ်ပြန်ဖွင့်ဖို့က [2] လခွဲကျော်ကြာဦးမှာမို့ အပ်ချင်ရင် လာခဲ့လိုက်တော့နော်😉 Social Studies အတန်းအပ်နှံရန် - @TreasureEduphoria သို့ဆက်သွယ်နိုင်ပါတယ်ရှင်။

Tr. Hpone ရဲ့ [Social Studies & RLA] April intake group class မှာ နှစ်ဘာသာလုံးတက်ရောက်ခဲ့ကြတဲ့ ကျောင်းသူညီမငယ်လေးနှစ်ယောက်မှရ
+1
Tr. Hpone ရဲ့ [Social Studies & RLA] April intake group class မှာ နှစ်ဘာသာလုံးတက်ရောက်ခဲ့ကြတဲ့ ကျောင်းသူညီမငယ်လေးနှစ်ယောက်မှရေးပေးထားသော feedback လေးတွေ💌🎀 ဒါအကုန်မဟုတ်သေးပါဘူး၊ နောက်ထပ်ကျောင်းသားတွေရေးပေးထားကြတဲ့ feedback တွေလည်း အများကြီးကျန်ပါသေးတယ်။
ဒီဖက်ချန်နယ်မှာ feedback လေးတွေမတင်ဖြစ်တာကြာလို့ sharing လုပ်လိုက်ပါတယ်ရှင်💖
📍ဒါနဲ့ July intake အတန်းတွေလည်း လူပြည့်တော့မယ်နော်။ အတန်းအကြောင်းအပြည့်အစုံဖတ်ရန် ဒီ Link ကိုနှိပ်ပါ။ Social Studies / RLA (2) ဘာသာလုံးအတွက် အတန်းအပ်လက်ခံပေးနေပါသေးတယ်။ နှစ်တန်းလုံးအတွက် လူပြည့်ဖို့ပိစိလေးပဲ လိုပါတော့တယ်😉 အတန်းအပ်နှံရန်အတွက် - @TreasureEduphoria သို့ဆက်သွယ်နိုင်ပါတယ်ရှင်🎀

[President Speech Questions] တွေကို ဘယ်နေရာမှာလေ့ကျင့်ရမလဲ? လို့🗽 လာမေးနေကြသူလေးတွေအတွက် တီချယ်အရင်တင်ပေးထားလေးရှိပါတယ်နော်။ အပေါ်က post ကို reply လုပ်ပေးထားပါတယ်ရှင်။ 🎯အပုဒ်ပေါင်း (120) ကို (timeline) အလိုက်အစဉ်အတိုင်း Test (4) ခုခွဲပြီး စနစ်တကျစုစည်းပေးထားပါတယ်။ 🎯google form နှင့်သေချာစီစဉ်ပေးထားတာမို့ တစ်ခါတည်းဝင်ဖြေပြီး အဖြေပါတစ်ခါတည်းတိုက်စစ်ရုံပါပဲ။
Kindly reminder for those who may need this information💌💖
🖇Telegram Channel 01 https://t.me/ResourcesbyTreasure 🖇Telegram Channel 02 https://t.me/TrHponeClass 📝Tr. Hpone🌷

photo content
+1