Tr. Hpone’s Sharing Era✨
Hello Everyone! Warmly Welcome to my channel.🌥 Here, I will share my experience, knowledge, and study tips along my journey of GED & English self-study learning pathway! 🦋 Stay Tuned for more.🎐 👩🏻💻Channel by - 𝐓𝐫𝐞𝐚𝐬𝐮𝐫𝐞 𝐇𝐩𝐨𝐧𝐞
نمایش بیشتر📈 تحلیل کانال تلگرام Tr. Hpone’s Sharing Era✨
کانال Tr. Hpone’s Sharing Era✨ (@mygedexperience) در بخش زبانی بورمی بازیگری فعال است. در حال حاضر جامعه شامل 12 048 مشترک است و جایگاه 16 524 را در دسته آموزش و رتبه 10 287 را در منطقه ميانمار دارد.
📊 شاخصهای مخاطب و پویایی
از زمان ایجاد در невідомо، پروژه رشد سریعی داشته و 12 048 مشترک جذب کرده است.
بر اساس آخرین دادهها در تاریخ 25 اوت, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر 99 و در ۲۴ ساعت گذشته برابر -5 بوده و همچنان دسترسی گستردهای حفظ شده است.
- وضعیت تأیید: تأیید نشده
- نرخ تعامل (ER): میانگین تعامل مخاطب 28.29% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 12.67% واکنش نسبت به کل مشترکان کسب میکند.
- دسترسی پستها: هر پست به طور میانگین 3 408 بازدید دریافت میکند. در اولین روز معمولاً 1 526 بازدید جمعآوری میشود.
- واکنشها و تعامل: مخاطبان بهطور فعال حمایت میکنند؛ میانگین واکنش به هر پست 75 است.
📝 توضیح و سیاست محتوایی
نویسنده این فضا را محل بیان دیدگاههای شخصی توصیف میکند:
“Hello Everyone!
Warmly Welcome to my channel.🌥
Here, I will share my experience, knowledge, and study tips along my journey of GED & English self-study learning pathway! 🦋
Stay Tuned for more.🎐
👩🏻💻Channel by - 𝐓𝐫𝐞𝐚𝐬𝐮𝐫𝐞 𝐇𝐩𝐨𝐧𝐞”
به لطف بهروزرسانیهای پرتکرار (آخرین داده در تاریخ 26 اوت, 2026)، کانال همواره بهروز و دارای دسترسی بالاست. تحلیلها نشان میدهد مخاطبان بهطور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته آموزش تبدیل کردهاند.
စာအုပ်နှင့် Website — [5] မျိုးကိုတစုတစည်းတည်း sharing လုပ်ပေးသွားပါမယ်။ စာအုပ်တစ်အုပ်ချင်းစီ၊ Website တစ်ခုချင်းစီရဲ့ အသုံးဝင်ပုံအသေးစိတ်ကိုပါ video ထဲမှာ သေချာလေးပြောပြပေးထားတာမို့ စိတ်ဝင်စားသူများဝင်ကြည့်နိုင်ပါတယ်ရှင်။ ဒါလေးက ပထမဦးဆုံးစလုပ်ပေးဖြစ်တဲ့ (Knowledge Sharing Video) လည်းဖြစ်တာမို့ တီချယ့်ရဲ့အသံကို တစ်ခါမှမကြားဖူးသေးသူများလည်း သွားနားထောင်နိုင်ပါပြီ👀💗 Video ကြည့်ရန် - https://youtu.be/3ORv5eddbEI?si=-SGD8n9FjEbsMkyS
Congratulations🥳✨Spain truly deserves it!!!🏆 အိပ်ရေးပျက်ရကျိုးနပ်သောပွဲပါပဲ…။
ဒီဖက်ချန်နယ်မှာ feedback လေးတွေမတင်ဖြစ်တာကြာလို့ sharing လုပ်လိုက်ပါတယ်ရှင်💖📍ဒါနဲ့ July intake အတန်းတွေလည်း လူပြည့်တော့မယ်နော်။ အတန်းအကြောင်းအပြည့်အစုံဖတ်ရန် ဒီ Link ကိုနှိပ်ပါ။ Social Studies / RLA (2) ဘာသာလုံးအတွက် အတန်းအပ်လက်ခံပေးနေပါသေးတယ်။ နှစ်တန်းလုံးအတွက် လူပြည့်ဖို့ပိစိလေးပဲ လိုပါတော့တယ်😉 အတန်းအပ်နှံရန်အတွက် - @TreasureEduphoria သို့ဆက်သွယ်နိုင်ပါတယ်ရှင်🎀
Kindly reminder for those who may need this information💌💖🖇Telegram Channel 01 https://t.me/ResourcesbyTreasure 🖇Telegram Channel 02 https://t.me/TrHponeClass 📝Tr. Hpone🌷
📍ဒီဘာသာရပ်တွေကို တစ်ခါမှမသင်ဖူးတဲ့ကျောင်းသားတွေကစပြီး စာမပိုင်ခဲ့လို့ စနစ်တကျပြန်လေ့လာချင်တဲ့ကျောင်းသား အကုန်တက်လို့ရအောင် သင်ရိုးကိုပြင်ဆင်ပေးထားပါတယ်။အတန်းအကြောင်းအပြည့်အစုံကို ဒီ Link ကနေတစ်ဆင့်ဖတ်ရှုနိုင်ပါတယ်။ 🔗 https://t.me/ResourcesbyTreasure/1308 Timetable အပြည့်အစုံကိုတော့ အောက်ကပုံမှာဝင်ကြည့်ပါနော်။ ════════════════════ 📌Tr. Hpone စီမှာ အရင်တက်ခဲ့တဲ့ကျောင်းသားတွေရဲ့ Feedback များနဲ့ ရမှတ်များကိုကြည့်ပြီး ယုံကြည်တယ်ဆိုမှ အတန်းအပ်နိုင်ပါတယ်ရှင်။ ကြည့်ရှုရန် - https://t.me/TrHponeClass ✔️Social Studies နှင့် RLA (2) တန်းလုံးကို 2026, July 1 ရက်နေ့မှာ စပါမယ်။ လူအကန့်နှင့်သာ လက်ခံမှာဖြစ်တာကြောင့် အရင်ငွေလွှဲပြီးအပ်နှံထားသူများသာ အတည်ဖြစ်ပါမယ်ရှင်။ အတန်းအပ်နှံရန် @TreasureEduphoria သို့ဆက်သွယ်ပေးပါရှင့်🎀
📍GED Social Studies အတွက် မဖြစ်မနေမှတ်ထားသင့်သည့် Vocabulary usage များစုစည်းပေးမှု — (Part 6)━━━━━━━━━━━━━━━ M ━━━━━━━━━━━━━━━ 410. Migration Pattern – ရွှေ့ပြောင်းနေထိုင်မှုပုံစံ 411. Military – စစ်တပ် 412. Military Alliance – စစ်မဟာမိတ် 413. Military Draft – စစ်မှုထမ်းရန် ရွေးချယ်ခေါ်ယူခြင်း 414. Militarism – စစ်အင်အားကို အလေးပေးသောမူဝါဒ 415. Militia – ပြည်သူ့စစ် / အရန်စစ်တပ် 416. Minimum Wage – အနည်းဆုံးလုပ်အားခ 417. Minority – လူနည်းစု 418. Minority Rights – လူနည်းစုအတွက်အခွင့်အရေးများ 419. Monarchy – ဘုရင်စနစ် 420. Monetary Policy – ငွေကြေးမူဝါဒ 421. Money Supply – ငွေကြေးပမာဏ 422. Monopoly – တစ်ဦးတည်းမှ လက်ဝါးကြီးအုပ်ချုပ်ကိုင်ခြင်း 423. Monroe Doctrine – ဥရောပနိုင်ငံတွေက အမေရိကတိုက်ထဲမှာ ကိုလိုနီလုပ်ခြင်း၊ ဝင်ရောက်စွက်ဖက်ခြင်းများမလုပ်ရဟူသည့် မူဝါဒ 424. Moral – ကိုယ်ကျင့်တရား 425. Mortgage – အပေါင်စာချုပ် 426. Municipal Government – ဒေသန္တရအစိုးရ 427. Mutiny – စစ်တပ်အတွင်းပုန်ကန်မှု ━━━━━━━━━━━━━━━ N ━━━━━━━━━━━━━━━ 428. Nationalism – နိုင်ငံချစ်စိတ် 429. Natural Rights – အခြေခံလူ့အခွင့်အရေးများ 430. Naturalization – နိုင်ငံသားအဖြစ်ခံယူခြင်း 431. Naturalize – နိုင်ငံသားအဖြစ်ခံယူသည် 432. Native Americans – ဒေသခံအမေရိကန်များ 433. NATO (North Atlantic Treaty Organization) – မြောက်အတ္တလန္တိတ်စစ်မဟာမိတ်အဖွဲ့ 434. Navy – ရေတပ် 435. Nazi – နာဇီဂျာမဏီ 436. Negotiation – ဆွေးနွေးညှိနှိုင်းခြင်း 437. Neutral – ကြားနေသော 438. Neutrality – ကြားနေမှု 439. New Deal – အမေရိကန်၏ စီးပွါးရေးအားပြုပြင်ပြောင်းလဲရေးအစီအစဉ် 440. Nominate – ရွေးချယ်အဆိုပြုသည် 441. Nomination – အမည်စာရင်းတင်သွင်းခြင်း 442. Noncitizen – နိုင်ငံသားမဟုတ်သူ 443. Nonviolence – အကြမ်းမဖက်ရေးလှုပ်ရှားမှု ━━━━━━━━━━━━━━━ O ━━━━━━━━━━━━━━━ 444. Oath – ကျမ်းသစ္စာကျိန်ဆိုခြင်း 445. Obey – လိုက်နာသည်၊ နာခံသည် 446. Objective – ရည်မှန်းချက် 447. Observation – လေ့လာစောင့်ကြည့်မှု 448. Obligation – တာဝန်ဝတ္တရား 449. Obsolete – ခေတ်မမှီတော့သော 450. Occupation – အလုပ်အကိုင် / စစ်တပ်အုပ်ချုပ်မှု 451. Occupy – သိမ်းပိုက်သည် 452. Offense – ပြစ်မှု 453. Officeholder – ရာထူးတာဝန်ထမ်းဆောင်သူ 454. Oligarchy – လူနည်းစုအုပ်ချုပ်မှုစနစ် 455. Opposition – ဆန့်ကျင်ဘက် 456. Oppression – ဖိနှိပ်မှု 457. Oppressor – ဖိနှိပ်သူ 458. Opportunity – အခွင့်အလမ်း 459. Opportunity Cost – ရွေးချယ်မှုတစ်ခုကြောင့် တစ်ဖက်တွင်လက်လွှတ်ဆုံးရှုံးရသော တန်ဖိုး 460. Ordinance – အမိန့်၊ ဥပဒေ 461. Ordinance Law – ဒေသဆိုင်ရာဥပဒေ 462. Outbreak – ရောဂါ/ပဋိပက္ခ ပေါ်ပေါက်ခြင်း၊ ဖြစ်ပွါးခြင်း 463. Outlaw – တရားမဝင်ကြောင်း ကြေငြာသည် 464. Outreach – ဝေးလံသည့်နေရာများသို့ သွားရောက်ကူညီသည် 465. Override – ပယ်ဖျက်သည် 466. Overrule – အာဏာသုံး၍ပယ်ချသည် 467. Oversee – ကြီးကြပ်ကွပ်ကဲသည် 468. Oversight – ကြီးကြပ်စောင့်ကြည့်ခြင်း 469. Overthrow – အာဏာဖယ်ရှားသည်၊ အစိုးရကိုဖြုတ်ချသည် ━━━━━━━━━━━━━━━ P ━━━━━━━━━━━━━━━ 470. Pact – သဘောတူစာချုပ် 471. Pacifism – ငြိမ်းချမ်းရေးဝါဒ / စစ်မလိုလားမှု 472. Pardon – ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခြင်း 473. Parliament – လွှတ်တော် 474. Parole – အကျဉ်းထောင်မှ ခံဝန်ကတိဖြင့် လွတ်မြောက်ခွင့် 475. Partisanship – ဘက်လိုက်မှု 476. Partition – နယ်မြေခွဲခြားခြင်း 477. Patriot – မျိုးချစ်ပုဂ္ဂိုလ် 478. Patriotism – မျိုးချစ်စိတ် 479. Penalty – ပြစ်ဒဏ် 480. Pension – အလုပ်မှအနားယူပြီးနောက် ပင်စင်ငွေ 481. Per Capita Income – လူတစ်ဦးချင်း၏ဝင်ငွေ 482. Persecution – ဖိနှိပ်ညှဉ်းပန်းမှု 483. Petition – တောင်းဆိုစာ 484. Petroleum – ရေနံ 485. Pilgrims – ဘာသာရေးလွတ်လပ်ခွင့်အတွက် ရွှေ့ပြောင်းအခြေချသူများ 486. Political Campaign – မဲဆွယ်လှုပ်ရှားမှု 487. Political Corruption – နိုင်ငံရေးအကျင့်ပျက်ခြစားမှု 488. Political Party – နိုင်ငံရေးပါတီ 489. Politics – နိုင်ငံရေး 490. Poll – မဲပေးမှု / စစ်တမ်း 491. Poll Tax – မဲအခွန် 492. Popular Sovereignty – အစိုးရ၏အာဏာသည် ပြည်သူများ၏လက်ထဲတွင်သာရှိနေမှု 493. Popular Vote – ပြည်သူ့မဲ 494. Population – လူဦးရေ 495. Population Density – လူဦးရေထူထပ်မှု 496. Poverty – ဆင်းရဲမွဲတေမှု 497. Preamble – ဖွဲ့စည်းပုံအခြေခံဥပဒေ၏ နိဒါန်း 498. Precedent – စံနမူနာ၊ သာဓက 499. Prejudice – မျက်စိမှိတ်ဘက်လိုက်ခြင်း 500. President – သမ္မတ 501. Primary Election – အကြိုရွေးကောက်ပွဲ 502. Private Property – ပုဂ္ဂလိကပိုင်ဆိုင်မှု နောက်ဆုံးကျန်နေတဲ့ ဒုတိယတစ်ဖြတ်ကို ဒီည (8:00 PM) မှာထပ်တင်ပေးသွားမယ်နော်🌸✨ 📝Tr. Hpone https://t.me/TrHponeClass
📍GED Social Studies အတွက် မဖြစ်မနေမှတ်ထားသင့်သည့် Vocabulary usage များစုစည်းပေးမှု — (Part 5)━━━━━━━━━━━━━━━ I ━━━━━━━━━━━━━━━ 331. Innovation – တီထွင်ဖန်တီးမှု 332. Insurrection – ပုန်ကန်ထကြွမှု၊ ဆူပူသောင်းကျန်းမှု 333. Inquisition – တရားဝင်စစ်ဆေးမေးမြန်းခြင်း၊ စစ်ကြောရေး 334. Institution – အဖွဲ့အစည်း 335. Integration – ပေါင်းစည်းခြင်း 336. Interest – အတိုး၊ အကျိုးအမြတ် 337. Interest Group – တူညီတဲ့အကျိုးစီးပွါးကို လိုလားသူများမှ စုဖွဲ့ထားသောအုပ်စု 338. Interdependence – အပြန်အလှန်မှီခိုမှု 339. Internal Conflict – ပြည်တွင်းပဋိပက္ခ 340. Intervention – ဝင်ရောက်စွက်ဖက်မှု၊ ကြားဝင်ခြင်း 341. Iron Curtain – စစ်အေးခေတ်ကာလအတွင်း (အရှေ့)ဥရောပနှင့် (အနောက်)ဥရောပကို ခွဲခြားထားသော နိုင်ငံရေးနယ်နိမိတ်ကန့်သတ်ချက် 342. Isolationism – တံခါးပိတ်ဝါဒီ၊ တစ်ကိုယ်တော်ဝါဒီ ━━━━━━━━━━━━━━━ J ━━━━━━━━━━━━━━━ 343. Jail – အကျဉ်းထောင် 344. Jim Crow Laws – လူဖြူနှင့်လူမဲ ခွဲခြားရေးဥပဒေများ 345. Joint Resolution – ပူးတွဲဆုံးဖြတ်ချက် (လွှတ်တော်နှစ်ရပ်ပူးပေါင်း၍ ချမှတ်သော ဆုံးဖြတ်ချက်) 346. Judge – တရားသူကြီး 347. Judgment – တရားရေးရာစီရင်ချက် 348. Judicial Branch – တရားစီရင်ရေးဌာနခွဲ 349. Judicial Court – တရားရုံး 350. Judicial Review – တရားရုံးမှ ဥပဒေ (သို့) အစိုးရ၏လုပ်ဆောင်ချက်များကို ပြန်လည်သုံးသပ်စစ်ဆေးခြင်း 351. Judiciary – တရားစီရင်ရေးစနစ် / တရားသူကြီးအဖွဲ့ 352. Junta – စစ်အုပ်ချုပ်ရေးကောင်စီ 353. Jurisdiction – တရားစီရင်ပိုင်ခွင့် 354. Juror – ဂျူရီအဖွဲ့ဝင် 355. Jury – ဂျူရီအဖွဲ့ (အမှုဆုံးဖြတ်ရန် ရွေးချယ်ထားသော အကဲဖြတ်ပြည်သူများအဖွဲ့) 356. Justice – တရားမျှတမှု 357. Justification – အကြောင်းပြချက် / ထောက်ခံရှင်းလင်းချက် 358. Juvenile – လူငယ် / အရွယ်မရောက်သေးသူ ━━━━━━━━━━━━━━━ K ━━━━━━━━━━━━━━━ 359. King – ဘုရင် 360. Kingdom – ဘုရင်အုပ်ချုပ်သည့် နိုင်ငံတော် 361. Ku Klux Klan (KKK) – အမေရိကန်သမိုင်းရှိ လူမျိုးရေးအစွန်းရောက်အဖွဲ့ ━━━━━━━━━━━━━━━ L ━━━━━━━━━━━━━━━ 362. Labor – အလုပ်သမား / လုပ်အား 363. Labor Force – အလုပ်သမားအင်အားစု 364. Labor Union – အလုပ်သမားသမဂ္ဂ (အဖွဲ့) 365. Laissez-Faire Economics – အစိုးရမှဝင်ရောက်စွက်ဖက်မှုနည်းသော စီးပွားရေးစနစ် 366. Land Reform – မြေယာပြုပြင်ပြောင်းလဲရေး 367. Landmark Case – အထင်ကရတရားရုံးအမှု 368. Law – ဥပဒေ 369. Law Enforcement – ဥပဒေစိုးမိုးရေး 370. Lawmaker – ဥပဒေပြုအမတ် 371. Lawsuit – တရားစွဲဆိုမှု 372. Lease – ငှားရမ်းစာချုပ် 373. League of Nations – ကမ္ဘာ့ငြိမ်းချမ်းရေးဖော်ဆောင်ရန်ဖွဲ့စည်းထားသော နိုင်ငံများအဖွဲ့ (ကုလသမဂ္ဂ UN မတိုင်မီ) 374. Legislation – ဥပဒေပြဋ္ဌာန်းချက် 375. Legislative Branch – ဥပဒေပြုရေးဌာနခွဲ 376. Legislator – ဥပဒေပြုအမတ် 377. Legitimacy – တရားဝင်ဖြစ်မှု 378. Lender – ငွေချေးပေးသူ 379. Liberalism – လွတ်လပ်ခွင့်နှင့် တန်းတူအခွင့်အရေးကို အလေးထားသော အတွေးအခေါ်ဝါဒ 380. Liberty – လွတ်လပ်ခွင့် 381. Liability – ဥပဒေဆိုင်ရာ တာဝန်ရှိမှု 382. Life Expectancy – ပျမ်းမျှအသက်ရှင်နိုင်နှုန်း (သက်တမ်း) 383. Limited Government – အာဏာကန့်သတ်ထားသော အစိုးရ 384. Line of Succession – အာဏာဆက်ခံမည့် အစဉ်အဆက် 385. Literacy – စာတတ်မြောက်မှု 386. Loan – ချေးငွေ 387. Lobbying – မူဝါဒအပေါ် သြဇာလွှမ်းမိုးရန် စည်းရုံးလှုံ့ဆော်ခြင်း 388. Lobbyist – မူဝါဒအပေါ် ဩဇာသက်ရောက်မှုရှိရန် စည်းရုံးလှုံ့ဆော်သူ 389. Local Election – ဒေသန္တရရွေးကောက်ပွဲ 390. Local Government – ဒေသန္တရအစိုးရ 391. Lockout – အလုပ်ရှင်က အလုပ်သမားများကို ယာယီအလုပ်မပေးခြင်း 392. Long-Term Debt – ရေရှည်ကြွေးမြီ 393. Louisiana Purchase – အမေရိကန်နိုင်ငံ၏ Louisiana နယ်မြေ ဝယ်ယူမှု 394. Levy – အခွန်ကောက်ခံခြင်း / အခွန် ━━━━━━━━━━━━━━━ M ━━━━━━━━━━━━━━━ 395. Magna Carta – အင်္ဂလန်နိုင်ငံ၏ အခြေခံလူ့အခွင့်အရေးစာချုပ် 396. Mandate – အမိန့်ပေးအာဏာ / တာဝန်ပေးချက် 397. Manifest Destiny – အမေရိကန်နိုင်ငံ၏ နယ်မြေချဲ့ထွင်ရေးအယူဝါဒ 398. Manifesto – နိုင်ငံပါတီ၏ မူဝါဒကြေညာစာတမ်း 399. Market – ဈေးကွက် 400. Market Economy – ဈေးကွက်စီးပွားရေးစနစ် 401. Marshall Plan – ဒုတိယကမ္ဘာစစ်အပြီး ဥရောပအားပြန်လည်တည်ဆောက်ရေးအစီအစဉ် 402. Mayor – မြို့တော်ဝန် 403. Mediation – ကြားဝင်ညှိနှိုင်းဖြေရှင်းခြင်း 404. Medicaid – ဆင်းရဲသားများအတွက် ဆေးဝါးအကူအညီ 405. Medicare – သက်ကြီးရွယ်အိုများအတွက် ကျန်းမာရေးအာမခံကူညီမှု 406. Mercantilism – ကုန်တင်ပို့မှုကို အဓိကဦးစားပေးသည့် စီးပွားရေးဝါဒ 407. Merchant – ကုန်သည် 408. Metropolis – မြို့ကြီး 409. Migration – နေရာရွှေ့ပြောင်းခြင်း 📝Tr. Hpone https://t.me/TrHponeClass နောက်ဆုံးကျန်နေတဲ့ (Part 6) ကို တစ်ရက်ထပ်တင်ပေးသွားပါမယ်နော်😽
📍GED Social Studies အတွက် မဖြစ်မနေမှတ်ထားသင့်သည့် Vocabulary usage များစုစည်းပေးမှု — (Part 4)━━━━━━━━━━━━━━━ F ━━━━━━━━━━━━━━━ 256. Feminism – အမျိုးသမီးအခွင့်အရေးဆိုင်ရာ တက်ကြွလှုပ်ရှားမှု 257. Financial Crisis – ဘဏ္ဍာရေးအကြပ်အတည်း 258. Fiscal Policy – ဘဏ္ဍာရေးမူဝါဒ 259. Filibuster – ဥပဒေတစ်ရပ်မပြဌာန်းဖြစ်အောင် ဆွေးနွေးမှုကိုအချိန်ဆွဲ၍တားဆီးခြင်း 260. Foreign Aid – နိုင်ငံခြားမှအကူအညီ၊ အထောက်အပံ့ 261. Foreign Policy – နိုင်ငံခြားရေးရာမူဝါဒ 262. Foreign Investment – နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု 263. Founding Fathers – အမေရိကန်နိုင်ငံအား တည်ထောင်သူဖခင်ကြီးများ 264. Franchise – မဲပေးခွင့် (ရွေးကောက်ပွဲအခွင့်အရေး) 265. Frontier – နယ်ခြားဒေသ 266. Frontline – ရှေ့တန်း (စစ်ရေး/ပဋိပက္ခဖြစ်ရာတွင်) 267. Fraud – လိမ်လည်မှု၊ မရိုးသားမှု 268. Free Enterprise – လွတ်လပ်သောစီးပွါးရေးစနစ် 269. Free Market – လွတ်လပ်သောဈေးကွက်စနစ် 270. Freedom of Assembly – လွတ်လပ်စွာစုဝေးခွင့် 271. Freedom of Petition – လွတ်လပ်စွာလျှောက်ထားတောင်းဆိုခွင့် 272. Freedom of Religion – လွတ်လပ်စွာကိုးကွယ်ခွင့် 273. Freedom of Speech – လွတ်လပ်စွာပြောဆိုခွင့် 274. Freedom of Press – လွတ်လပ်စွာထုတ်ဖော်ရေးသားခွင့် 275. Fundamental Law – အခြေခံဥပဒေ 276. Fundamental Rights – အခြေခံလူ့အခွင့်အရေးများ 277. Fundraising – ရန်ပုံငွေရှာဖွေခြင်း၊ ငွေကြေးစုဆောင်းခြင်း ━━━━━━━━━━━━━━━ G ━━━━━━━━━━━━━━━ 278. GDP (Gross Domestic Product) – ပြည်တွင်းထုတ်ကုန်စုစုပေါင်းတန်ဖိုး 279. General Election – အထွေထွေရွေးကောက်ပွဲ 280. General Welfare – အများပြည်သူကောင်းကျိုး 281. Genocide – လူမျိုးတုံးသတ်ဖြတ်မှု၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း 282. Geography – ပထဝီဝင်ပညာ 283. GI Bill – အမေရိကန်စစ်မှုထမ်းဟောင်းများအတွက် ပညာရေးနှင့်အကျိုးခံစားခွင့်ပေးသော ဥပဒေ (အစီအစဉ်) 284. Global Warming – ကမ္ဘာကြီးပူနွေးလာခြင်း 285. Globalization – ကမ္ဘာလုံးဆိုင်ရာချိတ်ဆက်ပေါင်းစည်းမှု 286. Goods and Services – ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများ 287. Great Depression – ကမ္ဘာ့စီးပွါးပျက်ကပ် 288. Great Migration – အမေရိကန်လူမည်းများ၏ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့နေထိုင်မှု ━━━━━━━━━━━━━━━ H ━━━━━━━━━━━━━━━ 289. Habitat – နေထိုင်ရာပတ်ဝန်းကျင် 290. Hardship – အခက်အခဲ၊ ဒုက္ခ 291. Harmony – ညီညွတ်မှု၊ သဟဇာတဖြစ်မှု 292. Harvest – သီးနှံရိတ်သိမ်းခြင်း 293. Hazard – အန္တရာယ် 294. Head of State – နိုင်ငံ့အကြီးအကဲ 295. Health Care – ကျန်းမာရေးစောင့်ရှောက်မှု 296. Hearing – တရားရုံးတွင် ကြားနာစစ်ဆေးခြင်း 297. Heritage – အမွေအနှစ် 298. Hierarchy – အဆင့်အတန်းအလိုက် (အထောက်မှအောက်သို့ စီထားသောစနစ်) 299. High Court – အထက်တန်းတရားရုံး 300. Holocaust – ဒုတိယကမ္ဘာစစ်အတွင်း နာဇီအစိုးရမှ ဂျူးများအား လူမျိုးတုံးသတ်ဖြတ်မှု 301. Homeland – မွေးရပ်မြေ 302. Homelessness – အိမ်မရှိခြင်း၊ အိမ်ခြေရာမဲ့ဖြစ်ခြင်း 303. Honor – ဂုဏ်သိက္ခာ 304. Hostility – ရန်လိုမှု 305. House of Representatives – ကိုယ်စားလှယ်များလွှတ်တော် (အမေရိကန်အောက်လွှတ်တော်) 306. Household – အိမ်ထောင်စု 307. Human Rights – လူ့အခွင့်အရေးများ 308. Hypocrisy – သူတော်ကောင်းယောင်ဆောင်ခြင်း၊ ကြော်သူတော် ━━━━━━━━━━━━━━━ I ━━━━━━━━━━━━━━━ 309. Ideology – နိုင်ငံရေး/ အယူအဆစနစ် 310. Immigrate – နိုင်ငံတစ်နိုင်ငံသို့ ပြောင်းရွှေ့နေထိုင်သည် 311. Immigration – နိုင်ငံသို့ ပြောင်းရွှေ့ဝင်ရောက်နေထိုင်ခြင်း 312. Impartial – ဘက်မလိုက်သော 313. Impeach – အစိုးရအရာရှိတစ်ဦးအား စွဲချက်တင်အပြစ်ဆိုခြင်း 314. Impeachment – အစိုးရအရာရှိကို စွဲချက်တင်ဖယ်ရှားရေးလုပ်ငန်းစဉ် 315. Imperialism – အင်ပါယာချဲ့ထွင်အုပ်ချုပ်ရေး၊ နယ်ချဲ့ဝါဒီ 316. Implementation – အကောင်အထည်ဖော်ခြင်း 317. Import Tax – တင်သွင်းကုန်အခွန် 318. Inauguration – ကျမ်းသစ္စာကျိန်ဆိုခြင်း၊ တာဝန်ထမ်းဆောင်မှုစတင်ခြင်း 319. Income Tax – ဝင်ငွေအခွန် 320. Independence – လွတ်လပ်ရေး 321. Independent State – လွတ်လပ်သောနိုင်ငံ၊ ပြည်နယ် 322. Index – စာရင်းညွှန်းကိန်း 323. Indigenous – ဒေသခံ၊ မူရင်းနေထိုင်သူ 324. Indirect Democracy – ကိုယ်စားလှယ်များမှတစ်ဆင့်အုပ်ချုပ်သော ဒီမိုကရေစီစနစ် 325. Industrial Revolution – စက်မှုတော်လှန်ရေး 326. Industrialization – စက်မှုဖွံ့ဖြိုးတိုးတက်မှု 327. Inequality – မညီမျှမှု 328. Inflation – ငွေကြေးဖောင်းပွမှု (ကုန်ဈေးနှုန်းများအဆမတန်စျေးတက်ခြင်း) 329. Infrastructure – အခြေခံအဆောက်အအုံများ 330. Initiative – စတင်လုပ်ဆောင်မှု 📝Tr. Hpone https://t.me/TrHponeClass နောက်ထပ်ကျန်နေသေးတဲ့စကားလုံးတွေကို Part (5) မှာ ဆက်ပြီး sharing လုပ်ပေးသွားမှာမို့ လိုချင်တယ်ဆိုရင် ဒီ reaction (💘) လေးပေးသွားခဲ့ကြနော်😍
