en
Feedback
Thae Thae🇲🇲🇲🇲🇲🇲

Thae Thae🇲🇲🇲🇲🇲🇲

Open in Telegram
6 633
Subscribers
-424 hours
-337 days
-10230 days
Posts Archive
မြင်ရတဲ့ သတင်းတွေအရဆိုရင် တပ်က စစ်တွေကနေ ပုဏ္ဏားကျွန်းဘက်ကို နယ်မြေစိုးမိုးဖို့ ကြိုးစားပုံပဲ။ မနေ့က သတင်းတွေမှာ ပုဏ္ဏားကျွန်းဘက်က ရန်သူခံစစ်နဲ့ ထိတွေ့ပြီး အလောင်း ၆ လောင်း ရတဲ့ သတင်းတွေ့ရတယ်။ ဒါက ပုံမှန် ထိတွေ့မှု အနေအထားတော့ မဟုတ်ဘူးပေါ့။ ပထဝီအနေအထားအရဆိုရင် ပုဏ္ဏားကျွန်းရရင် စစ်တွေ လုံတဲ့ သဘောဖြစ်သွားမယ်။ ရသေ့တောင်ဘက်ခြမ်းက ထားတော့ ။ ထပ်ပြီး အောင်မြေချဲ့နိုင်ရင် ကျောက်တော်နဲ့ မြောက်ဦးဘက်ပေါက်မယ်။ ဒါက တစ်မျိုးပေါ့။ နောက်...ကျောက်ဖြူမှာလည်း ထိတွေ့မှု ရှိနေပြန်တယ်။ တကယ်လို့ စနဲနဲ့ ကျောက်နီမော် ၊ မအီ ရရင် အမ်း က လက်တကမ်းအနေအထားပဲ။ ရခိုင်တောင်ပိုင်းကို အမြီး နင်းထားနိုင်ပြီလို့ ပြောလို့ရပြီ။ ဘာလို့ ဒီလို တွေးရသလဲဆိုတော့....တပ်ရဲ့ Navy တွေက သံတွဲနဲ့ ဂွဘက်ကိုလည်း ထောက်ထားတာမျိုးမြင်ရတယ်။ တကယ်လို့ မအီဘက်သာ Cut off လုပ်နိုင်ရင် သံတွဲ၊ ဂွ ဘက်က ရန်သူတွေ ဘယ်ပြေးမလဲ။ သူတို့ရဲ့ လက်နက်ခဲယမ်းကအစ ထောက်ပို့အဆုံး အကုန်လုံး ပြတ်တောက်သွားနိုင်ပြီလို့ ပြောလို့ရပြီ။ သံတွဲနဲ့ ဂွကိုရရင်....တောင်ကုတ်လမ်းပိုင်းနဲ့ တောင်ကုတ်ရဖို့က ‌အတော်လေး မှန်းလို့ရပြီပေါ့။ ရခိုင်တင်ပဲလားဆိုတော့ မဟုတ်ဘူး။ မနေ့က တရားဝင်ထုတ်ပြန်ချက်သတင်းမှာ ....အရင် တပ်မ ၄၄ လှုပ်ရှားဂွင်ဖြစ်တဲ့ ဖာပွန်၊ ကမာမောင်း၊ ကတိုင်ထိဘက်ကို တပ်က စစ်ကြောင်းထိုးနေတာ ၂/၃ ဆိုတဲ့ အနေအထား ရောက်နေပြီ။ ပုံမှန်ဆိုရင်တော့ ပစ်ထားလည်း အဲ့ဒေသက ကရင်အများစုပဲ ငတ်မှာပါပဲ။ ဖာပွန်တစ်ခုတော့ ရှိတာပေါ့။ ဒီ လမ်းမှာ KNU နဲ့ KNLA ချိုးသွားတဲ့ တံတားတွေ မနည်းဘူး။ သောက်ခြောက်တွေလို့ ပြောရမှာပဲ။ ဖွဲ့စည်းပုံမှာ လုပ်ပိုင်ခွင့် ရအောင်တောင်းပြီး ပါတီအနေနဲ့ အုပ်ချုပ်ရင် ...ဒီဒေသတွေမှာ ဘယ်ပြည်မက ပါတီမှတိုးမပေါက်ဘူး။ ၂၀၂၅ ရွေးကောက်ပွဲမှာ USDP က အင်းလေးမှာ မနိုင်တာလေး သတိထားမိတယ်။ ဒါတောင်လမ်းပန်းဆက်သွယ်ရေးကောင်းပြီး ခေတ်ကိုလိုက်နိုင်တဲ့ဒေသ။ ဖာပွန်ဘက်ကရွာတွေမှာ တခြားပါတီတွေ စည်းရုံးရေးလာဆင်းတောင် ဆယ်စုနှစ် ၂ ခုလောက် စောင့်ရမယ်။ ဒါက အများဆုံး မျှော်လင့်ထားတာ။ ခက်တာက.... လဒူ KNU နဲ့ အပေါင်းအပါတွေက ရေရှည် လက်နက်ကိုင်လို့ ကောင်းအောင် ကော်သူလေးပြည်နယ် ရဖို့ ဆိုပြီး ဘာမှမသိတဲ့ ကရင်လူမျိုးတွေကို ချုပ်ထားတယ်။ ၂၀၂၁ ကနေ ၂၀၂၅ အတွင်း ကျားဖြန့်ကနေ ရတဲ့ ပိုက်ဆံတွေ ဘယ်လက်နက်ကိုင်အများဆုံး ရလဲ ဆိုတာ ကရင်လူမျိုးတွေ မေးခွန်းထုတ်ကြည့်ပါ့လား။ လက်ရှိ KNAတို့၊ KNU တို့၊ KNLAတို့။ အဖွဲ့ခေါင်းစဉ်ပဲ ကွဲတာ‌ပါ။ လက်နက်ကိုင်ရတဲ့ရည်ရွယ်ချက်က ငွေရလွယ်လို့ပဲ ပြောရမှာပဲ။ ငြိမ်းချမ်းရေးအကြောင်းပြပြီး ဘာလုပ်ပိုင်ခွင့်တွေ ရခဲ့ကြသလဲ ဆိုတာ ဒေသခံတွေ အသိဆုံးဖြစ်မှာပဲ။ ဒီလို လုပ်ပိုင်ခွင့်ရသွားတော့ရော...ကရင်ပြည်နယ် တိုးတက်ဖို့ ဘာတွေများ လုပ်ခဲ့ကြဖူးလဲ။ အလွန်ဆုံးရှိလှ အာရှလမ်းပေါ်တက် ဂိတ်ကြေးတောင်းရုံပေါ့။ ပြောချင်တာက ...တပ်က ရခိုင်မှာတင်မကဘူး။ ကရင်ဘက်မှာပါ နယ်မြေစုံ တိုက်စစ်ဖွင့်နေပြီ ဆိုတာပါပဲ။ ရခိုင်က နယ်မြေတချို့ ထပ်ရမယ်၊ ဗန်းမော်ကို အပြီးသတ်ထိန်းနိုင်ပြီး လိုင်ဇာ ထောက်နိုင်ရင်တော့ တပ်မတော်ဆိုတာ အစ်ကိုကြီး ပါပဲ ဆိုပြီး ဂွမ်မော် ထပ်ပြောလာမလား ကြည့်ရတာပေါ့။ #(နရီမိုး)

မျိုးချစ်စိတ် နဲ့ စစ်မှုထမ်း
          စစ်မှုထမ်း ပြဿနာ ကြားရတိုင်း နီပိတ် မီဒီယာတွေ ဘာအော်သလဲ ဆိုတော့ တပ်မတော်ကို ထောက်ခံတယ် ဆိုတဲ့ မျိုးချစ် အုပ်စုက လေနဲ့ ထောက်ခံနေကြတာ တကယ် တပ်ထဲဝင်ပြီး တိုက်ကြရင် စစ်မှုထမ်း ဖို့ အတင်းခေါ်စရာ မလိုဘူးဆိုပဲ ။

        သဘောကျစရာ ကောင်းတယ်နော....အေပေး နီတုံးတွေက PDF အုပ်စိုးတဲ့ ဒေသတွေ မပြောင်းပဲ တပ်မတော် စိုးမိုးတဲ့ ဒေသတွေမှာ နေထိုင်ရင်း အစိုးရ အရိပ်ခိုနေကြရတယ် ။ 

        တပ်မတော် မကောင်းကြောင်း ပြောတယ် ၊ PDF ရံဖန် ရံခါ အသာစီးရရင် ဝမ်းသာအားရ ကြွေးကြော်တယ် ။ ဂုဏ်ယူပါတယ် ဘာညာတွေတောင် လုပ်ကြသေးရဲ့ ။ 

       ကဲ တိုင်းပြည်ကာကွယ်ဖို့ ပြည်သူ့စစ်မှုထမ်း ဥပဒေအရ တာဝန်ထမ်းကြရမယ် ဆိုတော့မှ မင်းတို့ မျိုးချစ်တွေ စစ်ထဲဝင်ကြ ၊ ငါတို့က စစ်မှုမထမ်းချင်ဘူး ... တပ်မတော် နဲ့ အစိုးရ ရဲ့ အရိပ်အောက်နေ အေးအေးဆေးဆေး PDF ကို အားပေးမယ်ပေါ့ ......

         ဆုတောင်းလေ နောက် ဆယ်ဘဝ ထိ ။ အစိုးရ အရိပ်ခိုချင်ရင် အစိုးရ သတ်မှတ်တဲ့ ဥပဒေကို လိုက်နာကြရမှာပဲ ။ မျိုးချစ်စိတ် ရှိလို့ ဆိုပြီး မင်းတို့အစား စစ်မှုထမ်းနေရအောင် မျိုးချစ်တွေက အရူးတွေမှ မဟုတ်တာပဲ ကွ ။

         မျိုးချစ်စိတ် နဲ့  တပ်မတော် ထောက်ခံတာရယ်  ၊ တိုင်းပြည်တာဝန်အတွက် ငါတို့ချည်း စစ်မှုထမ်းမယ် ဆိုတဲ့ အချက်တွေက သီးသန့်ဟ ဆွေမျိုးမတော်ဘူး လေ ။ 

      အဲသလို ဖြစ်စေချင်သလား ... ရှင်းပါတယ် မင်းတို့ နီတုံးတွေ အစိုးရလက်အောက် မနေကြနဲ့ သူပုန်တွေ အုပ်ချုပ်နေတဲ့ မြို့တွေဆီ သွားနေကြပေတော့...မင်းတို့က အစိုးရ မကောင်းဖူးလို့ ယုံကြည်နေပြီး သူပုန်က တရားမျှတယ်လို့ ယုံကြည်နေကြတာ မဟုတ်လား ....

      #ကိုရွှေမျိုးဝင်း

ချင်းပြည်နယ်အတွင်း စီးပွားရေးလုပ်ကိုင်လိုသူများ နိုင်ငံတော်ထုတ်ချေးငွေများ ရယူနိုင် တွန်းဇံ၊ စက်တင်ဘာ ၉ ချင်းပြည်နယ်အတွင်း စီ
ချင်းပြည်နယ်အတွင်း စီးပွားရေးလုပ်ကိုင်လိုသူများ နိုင်ငံတော်ထုတ်ချေးငွေများ ရယူနိုင် တွန်းဇံ၊ စက်တင်ဘာ ၉ ချင်းပြည်နယ်အတွင်း စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လိုသူများအနေဖြင့် နိုင်ငံတော်က ထုတ်ချေးပေးသည့် ချေးငွေများ ရယူလိုပါက သက်ဆိုင်ရာဌာနများနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်က ပြောကြားသည်။ ဒုတိယဝန်ကြီးသည် ယမန်နေ့နံနက်ပိုင်းက တွန်းဇံမြို့ရှိ ရိုမန်ကက်သလစ်ဘုရားကျောင်းခန်းမ၌ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများအား တွေ့ဆုံစဉ် ချင်းပြည်နယ် တည်ငြိမ်အေးချမ်းလာပြီဖြစ်သည့်အတွက် ဒေသတွင်း စီးပွားရေးလုပ်ငန်းများ ပြန်လည်လုပ်ကိုင်နိုင်ရေးနှင့်ပတ်သက်၍ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ popularmyanmar.com/ချင်းပြည်နယ်အတွင်း-စီးပ/

IIMM ယန္တရားနှင့် အစီရင်ခံစာများကို မြန်မာနိုင်ငံ ပြင်းထန်စွာ ကန့်ကွက်ပယ်ချ နေပြည်တော်၊ စက်တင်ဘာ ၉ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) ၏ လုပ်ပိုင်ခွင့်အာဏာနှင့် လူ့အခွင့်အရေးကောင်စီသို့ တင်သွင်းသည့် အဋ္ဌမအကြိမ် နှစ်ပတ်လည်အစီရင်ခံစာအပါအဝင် ယင်းယန္တရား၏ ထုတ်ပြန်ချက်များအားလုံးကို မြန်မာနိုင်ငံက ပြင်းထန်စွာ ကန့်ကွက်ပယ်ချကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၉ ရက်တွင် ထုတ်ပြန်သည်။ ဂျီနီဗာမြို့၌ စက်တင်ဘာ ၇ ရက်က ကျင်းပသည့် လူ့အခွင့်အရေးကောင်စီ၏ (၆၃) ကြိမ်မြောက် အစည်းအဝေးကာလအတွင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၏ အစီရင်ခံစာနှင့် IIMM ၏ အစီရင်ခံစာတို့အပေါ် ပေါင်းစပ်အပြန်အလှန်ဆွေးနွေးမှု ပြုလုပ်ခဲ့ပြီးနောက် နိုင်ငံခြားရေးဝန်ကြီးဌာနက ယင်းသို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံသည် IIMM ကို စတင်ဖွဲ့စည်းချိန်မှစ၍ အသိအမှတ်ပြုထားခြင်းမရှိဘဲ ယင်းယန္တရားတွင် ဥပဒေကြောင်းအရ အားနည်းချက်များရှိကြောင်း ရပ်တည်ထားသည်။ IIMM သည် နိုင်ငံတကာ လွတ်လပ်သော အချက်အလက်ရှာဖွေရေးအဖွဲ့ (FFM) ၏ တွေ့ရှိချက်များအပေါ် အခြေခံ၍ မြန်မာနိုင်ငံ၏ သဘောတူညီချက်မပါဘဲ ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်းနှင့် လူ့အခွင့်အရေးကောင်စီ၏ ဆုံးဖြတ်ချက် ၃၉/၂ ဖြင့် ယန္တရားကို ဖွဲ့စည်းခဲ့ခြင်းမှာ ကုလသမဂ္ဂပဋိညာဉ်စာတမ်းနှင့် လူ့အခွင့်အရေးကောင်စီ ဖွဲ့စည်းရေးဆိုင်ရာ ကုလသမဂ္ဂအထွေထွေညီလာခံ ဆုံးဖြတ်ချက် A/RES/60/251 တို့နှင့် ကိုက်ညီမှုမရှိကြောင်း ဝန်ကြီးဌာနက ထောက်ပြထားသည်။ ထို့အပြင် ယန္တရား၏ သက်တမ်းနှင့်ပတ်သက်၍ ရှင်းလင်းသည့် ပြဋ္ဌာန်းချက်မရှိခြင်း၊ လုပ်ငန်းတာဝန်နှင့် လုပ်ငန်းဆိုင်ရာ သတ်မှတ်ချက်များ (TOR) အရ ကုလသမဂ္ဂအရင်းအမြစ်များအပြင် အလှူရှင်နိုင်ငံများထံမှ ရန်ပုံငွေလက်ခံနိုင်ခြင်းတို့ကြောင့် ဘတ်ဂျက်စီမံခန့်ခွဲမှုနှင့် ရန်ပုံငွေသုံးစွဲမှု ပွင့်လင်းမြင်သာမှုအပေါ် မေးခွန်းထုတ်စရာရှိကြောင်း ဖော်ပြထားသည်။ IIMM ၏ နှစ်ပတ်လည်အစီရင်ခံစာ A/HRC/63/19 တွင်လည်း ယခင်နှစ်များနည်းတူ မြန်မာ့တပ်မတော်အပေါ် တစ်ဖက်သတ်စွပ်စွဲချက်များ ပါဝင်နေပြီး အတည်မပြုနိုင်သည့် အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များထံမှ ရရှိသော သတင်းအချက်အလက်များအပေါ် အခြေခံကာ ကိန်းဂဏန်းများကို ဖောင်းပွစွာဖော်ပြထားသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။ ယင်းကဲ့သို့ မြန်မာနိုင်ငံ၏ အခြေအနေကို လွဲမှားစွာဖော်ပြမှုများသည် အကြမ်းဖက်မှုနှင့် မတည်ငြိမ်မှုများ ပိုမိုဖြစ်ပေါ်စေနိုင်သည့်အပြင် ပြည်တွင်းငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် အစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုများကိုလည်း အဟန့်အတားဖြစ်စေနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ လေကြောင်းတိုက်ခိုက်မှုနှင့် စစ်ဆင်ရေးများနှင့်ပတ်သက်၍လည်း လက်နက်ကိုင်အဖွဲ့များက မြို့၊ ရွာများအား တိုက်ခိုက်သိမ်းပိုက်မှုများ ပြုလုပ်လာသည့်အတွက် နိုင်ငံတော်ကာကွယ်ရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ကာကွယ်ရေးအလို့ငှာ တပ်မတော်က ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်း (RoE) နှင့်အညီ စစ်ရေးပစ်မှတ်များကိုသာ တုံ့ပြန်ဆောင်ရွက်ခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

Repost from Ko Myo Win
၅။ နိုင်ငံတကာဆက်ဆံရေးနှင့် မဟာမိတ် - ပြင်ပမှ စီးပွားရေး၊ စစ်ရေးနှင့် နည်းပညာ အကူအညီများ ရရှိခြင်း။ ( ရုရှား ၊ အိန္ဒိယ ၊ တရုတ် ၊ မြောက်ကိုရီးယား ၊ အီရန် ၊ ပါကစ္စတန် တို့နဲ့ ဆက်ဆံပြီး သိသိသာသာ တမျိုး ၊ တိုးတိုးတိတ်တိတ် တဖုံ ရယူနေတဲ့ အကူညီတွေက တရားမဝင် မစို့မပို့ ခိုးပို့နေရရှာတဲ့ အဆင့်နဲ့ ယှဥ် တွေးကြည့်လေ) - နိုင်ငံတကာစင်မြင့်တွင် ရန်သူကို သံတမန်ရေးအရ ဝိုင်းပယ်နိုင်ပြီး မိမိဘက်က တရားဝင်မှု ရရှိခြင်း။ ( နှိုင်းစရာမလိုတော့ဘူး.. တနိုင်ငံပြီး တနိုင်ငံ ခရီးဆက်နေတဲ့ သမ္မတကြီး နဲ့ Zoom မီတင်လေး လုပ်ပါရစေဆိုပြီး တီမောလို နိုင်ငံပေါက်စကို ခြေသလုံးဖက်နေရရှာတဲ့ အဆင့်)          ဘယ်အချက်မှ အသာစီး ရရှိမထားတဲ့ သူပုန်တွေက ဘယ်လို နိုင်မလဲတွေးမရတာ ဦးဏှောက်ရှိသူတိုင်းပါပဲ ။ ငါတို့ကို တကမ္ဘာလုံးက ထောက်ခံတယ် ပြည်သူ သန်း ၅၀ လုံးက ထောက်ခံတယ် ဆိုပြီး အလိမ်အညာ စိတ္တိဇနာမ်လေးတွေနဲ့ နိုင်မယ်ထင်ရင်ဖြင့်....အင်းးးရွာသာကြီးတော့ စည်ကားအုံးမှာပဲ 😬😬😬        ကိုရွှေမျိုးဝင်း

Repost from Ko Myo Win
အနိုင် အရှုံး သီအိုရီ ================           စစ်ပွဲတွေ တိုက်ကြရာမှာ စစ်အောင်နိုင်ရေး အတွက် အချက်တွေ အများအပြားရှိပါတယ် ။ ရှေးခေတ် စစ်ဗျူဟာဆရာကြီး ဆွန်ဇူး (Sun Tzu) ရဲ့ "စစ်သေနင်္ဂဗျူဟာ" အယူအဆများနှင့် ခေတ်သစ်စစ်ရေးအမြင်များအရ စစ်တစ်ခုကို အနိုင်ရဖို့ လိုအပ်တဲ့ အဓိက အခြေခံအချက်တွေကို အောက်ပါအတိုင်း ခွဲခြားနိုင်ပါတယ် - 1 ။ ခေါင်းဆောင်မှုနှင့် စိတ်ဓာတ်အင်အား - စစ်သေနင်္ဂဗျူဟာ ကျွမ်းကျင်ပြီး ပြတ်သားတဲ့ ဆုံးဖြတ်ချက် ပေးနိုင်သော စစ်ဗိုလ်ချုပ်များနှင့် ခေါင်းဆောင်များ ရှိခြင်း ။ ( ကိုယ့်အပွင့် ကိုယ်တပ်ပြီး ရာထူးယူနေကြတဲ့ သူပုန်တွေ နဲ့ အဲဒီသူပုန်ကို ဆရာတင်ပြီး ရပ်ရွာထဲက မိမနိုင် ဖမနိင် ကလေကချေတွေနဲ့ စုဖွဲ့ထားတဲ့ ပေါက်ပန်းသေးအဆင့် နဲ့ ရာထူးတဆင့်တက်ဖို့တောင် မလွယ်တဲ့ တပ်မတော်အဆင့် ၊ အရေးကြီးလှတဲ့ ပြတ်သားတဲ့ ဆုံးဖြတ်ချက် ယခုမှ တပ်မတော်က စ ကျင့်သုံးတာ တွေ့ရ) - စစ်သည်များ၏ တိုက်ခိုက်လိုစိတ်၊ ယုံကြည်ချက်နှင့် စည်းကမ်းပြည့်ဝမှုသည် လက်နက်အင်အားထက်ပင် ပိုမိုအရေးပါတတ်ပါသည် ။ ( စည်းကမ်းကတပ်မတော်နဲ့ တခြားစီပါ ၊ တိုက်ခိုက်လိုစိတ် သူပုန်က ပိုများနိုင်ပါတယ် လုယက်ခွင့်ပေးထားလို့ သို့သော် အမိန့်နာခံမှုက တိုက်ခိုက်လိုစိတ်အား မျှခြေပေးနိုင်ပါတယ် ၊ ယုံကြည်ချက် ဆိုတာ အားနည်းသူတွေအတွက် အားပေးစကားပေါ့ ယုံကြည်ချက်အားကောင်းတိုင်း စစ်နိုင်ရင် ဗကပ တွေ တကမ္ဘာလုံး သိမ်းတာကြာပေါ့) - မိမိဘက်မှ စစ်ပွဲသည် တရားသောစစ်ဖြစ်ပြီး ပြည်သူလူထု၏ တစ်ခဲနက် ထောက်ပံ့ကူညီမှုကို ရရှိခြင်း။ ( ဘယ်သူက လူလို သူလို အုပ်ချုပ်သလဲ မသိဘူး ပြည်သူတွေ ပြေးရရင် တပ်မတော်အုပ်ချုပ်တဲ့ ဒေသချည်း ပြေးနေရတာပဲ ၊၊ ပြည်သူ့ထောက်ခံမှုလား...? အခုဆို ဖိုးချစ် ၊ အောင်ဇမ္မူ ၊ စမ်းရေမိုး တို့လောက်တောင် ပြည်သူက စိတ်မဝင်စားရတဲ့ ကြားထဲ ဘစိုင်းကပါ မျက်နှာဖြတ်ကန်သွားလို့ ငိုချင်းချနေကြတာ ကြည့်ပေတော့.. ) ၂။ စစ်ရေးဗျူဟာနှင့် သတင်းအချက်အလက် - "မိမိအကြောင်းရော ရန်သူ့အကြောင်းပါ သိပါက တိုက်ပွဲပေါင်း ရာချီနိုင်၏" ဆိုသလို ရန်သူ့ အားနည်းချက်၊ အားသာချက်နှင့် လှုပ်ရှားမှုများကို ကြိုတင်သိရှိခြင်း ။ ( ပြည်သူ့ဆီက သတင်း ဒီထက် တန်ဖိုးထားတတ်ရင် တပ်မတော်က ဒီအချက်မှာ ပိုပြီးအားကောင်းပါလိမ့်မယ် ၊ ရန်သူ့ဆီ မိမိသတင်းရောက်နိုင်ဖို့က အတွင်းက ပိုးထိုးလောက်ကိုက် တွေကို သတိထားဖို့ပဲ လိုမယ် 4926 ဘာသံမှ မကြားရပဲ စချပြီး ၂ ရက်လောက်နေမှ သိကြရတာ ကြည့်ပါ) - ရာသီဥတု၊ မြေပြင်အနေအထား ကို ကျွမ်းကျင်စွာ အသုံးချနိုင်မှုနှင့် ထိရောက်သော တိုက်ကွက်များ ဖန်တီးနိုင်မှု ။ ( ခေတ်မှီ လက်နက်တွေက ယခင် အတားအဆီး { မိုး ၊ တိမ်ထု ၊ အမှောင် ၊ တွင်း ကျင်း ကတုတ် } အားလုံးကို ကျော်ဖြတ်နိုင်ပြီး လမ်းပမ်း မြေပြင်ကိုလည်း ကောင်းကင်က ကြည့်ရနေပြီမို့ အားလုံးရဲ့ အသာစီးရမှုက တပ်မတော်ဘက်မှာပါ) ၃ ။ ထောက်ပို့စနစ်နှင့် စီးပွားရေးအင်အား - ရှေ့တန်းရောက် စစ်သည်များအတွက် စားနပ်ရိက္ခာ၊ သောက်သုံးရေနှင့် ဆေးဝါးထောက်ပံ့မှု မပြတ်တောက်ခြင်း ( ရှေ့ပိုင်းတုန်းက သစ္စာဖောက် ကွန်မန်ဒါအချို့ကြောင့် လူကြားမကောင်း ဖြစ်ခဲ့ရတဲ့ ဒီပြဿာနာက ခိုင်းပြီးတာနဲ့ အောက်ခြေထိ ဂရုစိုက်ပြန်ကြည့်တဲ့  တပ်ချုပ်အသစ်လက်ထက်မှာ အေးဆေး.... ရှူးရှဲနဲ့ ထမင်းစား တွေ့တဲ့ရွာ လုစားနေရတာ တကယ်တောတိုးတိုက်နေရတဲ့ PDF တွေ အသိဆုံး...ဘာမှ တန်းမဆိုင် ကြာလေ ကွာလေ) - ခေတ်မီလက်နက်များ အသုံးပြုနိုင်ရုံမျှမက အဆိုပါ လက်နက်များအတွက် ခဲယမ်း၊ စက်သုံးဆီနှင့် အပိုပစ္စည်းများ အချိန်မှန် ထောက်ပံ့ပေးနိုင်ခြင်း ။ ( အရေးကြီးတာ ငွေကြေးနှင့် စီးပွားရေး အပြင် ကြီးကြပ်ကန့်သတ် အဆင့် လက်နက်ခဲယမ်း ရရှိနိုင်မှုပဲ ၊ ငွေရှိတိုင်း ဝယ်မရတဲ့ အဆင့်မြင့်လက်နက်တွေက တရားဝင်အစိုးရအတွက် အလွယ်တကူ အကြွေးနဲ့ ရောင်းချပေးသူတွေ ပလူပျံနေပေမယ့် သူပုန်အတွက် ငွေပုံပေးလည်း မရောင်းရဲပါဘူး ဒါကြောင့် ငှက်ကင် ငှက်ကင် သေအောင်အော်ပြီး အဲဒီ ငှက်တွေက ဖင်ချတာ ခံနေရတာပဲ OK ) ၄ ။ နည်းပညာနှင့် သတင်းပြန်ကြားရေး - ဒရုန်း (Drone)၊ စတိုက် ကင်းစနစ်များ ၊ ဆက်သွယ်ရေး နည်းပညာနှင့် လေကြောင်းစိုးမိုးနိုင်မှု ( ပေါချောင်ကောင်း ဒရုန်းလေးတွေနဲ့ စစ်ပွဲ နိဒါန်းအစမှာ နှစ်ပေါင်းများစွာ ကိုယ့်ဘာသာ သာယာ အထင်ကြီး ဘဝင်ကိုင်နေတဲ့ တပ်မတော်ကို အနိုင်ရခဲ့ပေမယ့် ဒီနေ့ ဒီအချိန်မှာတော့ ကြာလေ ကွာလေ ဖြစ်နေပါပြီ... လေကြောင်းစိုးမိုးက 0 % နဲ့ 100 % ဘယ်လို ယှဥ်ပြရမှန်း​တောင် မသိပါဘူး ) - စစ်ပွဲ၏ မှန်ကန်မှုကို ကမ္ဘာကသိအောင် တင်ပြနိုင်မှု၊ ရန်သူ့စိတ်ဓာတ် ပျက်ပြားအောင် သတင်းပြန်ကြားရေးဖြင့် ထိုးစစ်ဆင်နိုင်မှု။ ( ဒီနေရာမှာဖြင့် အစိုးရ သတင်းထုတ်ပြန်မှုက အခုချိန်ထိ ZERO ပဲ ငွေကုန်သံပြာအဆင့် ၊ ဆိုရှယ်မီဒီယာမှာ တန်ပြန်တိုက်နေကြရတာ ကိုယ့်ဘေလ်ကိုယ်သုံး မျိုးချစ် အုပ်စုပဲ)

အွန်လိုင်းလိမ်လည်မှုနှင့် ဒုစရိုက်မှုလုပ်ငန်းများတွင်ဆက်စပ်ပါဝင်ခဲ့သည့် ပြည်ပနိုင်ငံသား(၁၂)ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လ
အွန်လိုင်းလိမ်လည်မှုနှင့် ဒုစရိုက်မှုလုပ်ငန်းများတွင်ဆက်စပ်ပါဝင်ခဲ့သည့် ပြည်ပနိုင်ငံသား(၁၂)ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးအပ် ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေတွင် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသား(၁၂)ဦးကို ယနေ့ စက်တင်ဘာ ၈ ရက်က သက်ဆိုင်ရာနိုင်ငံများသို့ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ အီသီယိုးပီးယားနိုင်ငံသား(၄)ဦး၊ ကင်ညာနိုင်ငံသား(၃) ဦး၊ ယူဂန်ဒါနိုင်ငံသား(၃)ဦးနှင့် ရဝမ်ဒါနိုင်ငံသား(၂)ဦးတို့အား မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအ ချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ဥပဒေလုပ် ထုံးလုပ်နည်းများနှင့်အညီလွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံတာဝန်ရှိသူများက သက်ဆိုင်ရာနိုင်ငံတာဝန် ရှိသူများထံ ပြည်နှင်လွှဲပြောင်းလက်ခံရေးဆိုင်ရာ အထောက်အထားစာရွက်စာတမ်းများကို စနစ်တကျလွှဲ ပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

Repost from K S News
အဲ့ဒီဒေသမှာရှိတဲ့ အုပ်ချုပ်ရေး ဆိုင်ရာတာဝန်ရှိ လူကြီးမင်းများ ပြည်သူကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်ကြီးများ တရားဥပဒေစိုးမို
အဲ့ဒီဒေသမှာရှိတဲ့ အုပ်ချုပ်ရေး ဆိုင်ရာတာဝန်ရှိ လူကြီးမင်းများ ပြည်သူကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်ကြီးများ တရားဥပဒေစိုးမိုးရေးအတွက် တာဝန် ရှိသူများ ဖော်ထုတ် ဖမ်းဆီးအရေးယူနိုင်ပါ ရန် တင်ပြအပ်ပါသည်။ https://t.me/kyawswar49111

ဂျာမနီနိုင်ငံ ဘာလင်မြို့ရှိ ရုရှားယဥ်ကျေးမှုဂေဟာနှင့် ဘွန်းမြို့ရှိ ကောင်စစ်ဝန်ချုပ်ရုံးတို့ကို ဂျာမနီအစိုးရက ပိတ်သိမ်းရန် ညွ
ဂျာမနီနိုင်ငံ ဘာလင်မြို့ရှိ ရုရှားယဥ်ကျေးမှုဂေဟာနှင့် ဘွန်းမြို့ရှိ ကောင်စစ်ဝန်ချုပ်ရုံးတို့ကို ဂျာမနီအစိုးရက ပိတ်သိမ်းရန် ညွှန်ကြားခဲ့သည့်အတွက် ရုရှားဖက်ဒရေးရှင်း စိန့်ပီတာစဘာ့ဂ်မြို့ရှိ ဂျာမနီကောင်စစ်ဝန်ချုပ်ရုံးနှင့် ရုရှားရှိ ဂျာမနီယဥ်ကျေးမှုဌာန Gothe Institutes များကို စက်တင်ဘာ ၁၉ မတိုင်မီ အပြီးပိတ်သိမ်း၍ တာဝန်ကျ ဂျာမန်များ ၎င်းနေ့မတိုင်မီ ထွက်ခွာကြရန် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ညွှန်ကြားချက်ထုတ်ပြန်ထား။ * ပါးရိုက်ရင် နားကိုက်မယ်။

မောင်နှမဝမ်းကွဲအိမ်ထောင်ပြုခြင်းကိုပိတ်ပင်မည့်အပေါ်မူဆလင်များဒေါသထွက် NOM အမေရိကန်နိုင်ငံ၊ဖလော်ရီဒါပြည်နယ်ရှိ မူဆလင်များကပြည်နယ်အုပ်ချုပ်ရေးမှူး ရွန်ဒီဆန်တစ်အနေဖြင့်မောင်နှမဝမ်းကွဲအိမ်ထောင်ပြုခြင်းကို ပိတ်ပင်ပါက ပြည်နယ်မှ ထွက်ခွာမည်ဟု ခြိမ်းခြောက်နေကြောင်း သတင်းများထွက်ပေါ်နေသည်။ “မောင်နှမဝမ်းကွဲအိမ်ထောင်ပြုခြင်းသည် ကျွန်ုပ်တို့၏ယဉ်ကျေးမှု၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ၎င်းကို ပိတ်ပင်ခြင်းသည် အစ္စလာမ်ဘာသာကို မုန်းတီးခြင်းဖြစ်သည်။ ဖလော်ရီဒါမှ ထွက်ခွာရန်မှလွဲ၍ အခြားရွေးချယ်စရာမရှိပါ”ဟု မူဆလင်များကပြောဆိုနေသည်။

တနေ့က စိုင်းစိုင်း ရှိုးကို လူကြီး၊ လူငယ် မရွေး လူပင်လယ်ဖြစ်တဲ့အထိ သွားကြတယ်။ လူကြီးလို့ ပြောရတာက စိုင်းစိုင်းနဲ့တန်းတူ အရွယ်တွေတောင် မငယ်တော့တဲ့ အသက်အရွယ်တွေ ရှိကုန်ပြီ မလား။ နှုတ်ခမ်းနီ မလေးတွေရဲ့ အသည်းစွဲ အဆိုတော် ဆိုတော့လည်း ခုချိန်ထိတိုင် ပရိတ်သတ်ကို အင်နဲ့ အားနဲ့ ထိန်းထားနိုင်ဆဲပဲ။ ပြောချင်တာက ဒါနဲ့ပတ်သက်ပြီး ၂၀၂၁ အလွန်ကာလ တုန်းက သူ့ကို Boycott လုပ်ခဲ့တာလေး ပြန်သတိရမိစေတာပါ။ သူကတော့ တခြားသူထက် လုပ်ရပ်ပိုရှင်းတယ်လို့တောင် ပြောရမလားပဲ။ အနီတွေ က သူတို့ကို ထောက်ခံရင် ဓမ္မ၊ သူတို့ကို မထောက်ခံရင် အဓမ္မလို့ ပြောနေချိန်မှာ ပြတ်ပြတ်သားသား ဘေးထွက် နေပေးလိုက်တယ်။ တကယ်တော့ အနီတွေရဲ့ စိတ်ထဲမှာ ဖိအားပေးပြီး သူတို့ဖက်ပါရင် ဒီတော်လှန်ရေးက နိုင်မယ်လို့ တွေးထားကြပုံလည်း ‌ရှိကြလိမ့်မယ်။ ခက်တာက သူတို့ဘက်ကို သဘောရိုးနဲ့ ပါကြတာထက် မထောက်ခံရင် ဒလံခေါင်းစဉ်တပ်၊ ရန်အောင်တို့ ၊ ယုန်လေးတို့ဆို သတ်ပစ်ဖို့အထိပါ ခြိမ်းခြောက်၊ တော်လှန်ရေးကို မထောက်ခံရင် အုံလိုက်ကျင်းလိုက် Boycott လုပ်လိုက်ရင်....ဒီအနုပညာရှင်တွေ ထမင်းငတ်ပြီး လမ်းဘေးရောက်လိမ့်မယ်လို့လည်း ထင်ခဲ့ကြပုံရတယ်။ အနုပညာရှင်တွေထဲမှာ တချို့ ၅၀၅ နဲ့ ထောင်ကျခဲ့သူတွေလည်း ရှိတယ်။ ဒါပေမယ့် သူတို့ ထောင်ကျ ခဲ့တဲ့အထိ ပေးဆပ်ခဲ့တဲ့ လုပ်ရပ်က တန်၏၊ မတန်၏ ဆိုတာ သူတို့ကိုယ်တိုင် အသိဆုံး ဖြစ်မှာပဲ။ ဒီ ၅ နှစ်ကျော်ကာလမှာ အလှူခံသလောက်သာ အိပ်ထဲမထည့်ဘဲ တော်လှန်ရေးကို အားသွန်ခိုက်စိုက်လုပ်ကြရင် တမျိုး တဖုံလည်း ဖြစ်ကောင်း ဖြစ်မှာပေါ့။ ခက်တာက NUG ရဲ့ အောင်ကြည်ညွှန့်တို့၊ နေဘုန်းလတ်တို့ကိုယ်တိုင် က ပြည်ပမှာ ၊ မြေပြင်မှာ ဦးစီးခေါင်းဆောင်သူမရှိ၊ EAO တွေနဲ့ကလည်း ဖက်ဒရယ် ဖွဲ့စည်းပုံ မဆွဲနိုင်၊ အဆုံးအဖြတ် ပေးရအောင်ကလည်း ဒေါ်စုကို ကျော်ပြီး ဘယ်သူမှ မလုပ်ဝံ့ကြတဲ့ အခြေအနေမှာ ....နိုင်ငံရေးဆိုတာ ဘူမသိ၊ ဘာမသိကြတဲ့ လူငယ်တွေက ဘယ်လောက်တောင် အသက်တွေ ပေးခဲ့ကြပြီလဲ မသိ။ ‌CDM အောင်မြင်ဖို့ ကလေးတွေကိုတောင် ကျောင်း မတက်ဖို့ ဆော်ဩခဲ့ကြတဲ့ အသိုင်းအဝိုင်းတစ်ခု၊ အစိုးရ ပြုတ်ကျရင် ပြီးရော...ပြည်တွင်းက investment တွေ ဆုတ်ခွာဖို့ တောင်းဆိုခဲ့ကြတဲ့ အဖွဲ့အစည်း၊ ကိုယ့်ဘက် မထောက်ခံရင် ၊ ကိုယ်နဲ့ သဘောထား မတိုက်ဆိုင်ရင် ခပ်လွယ်လွယ် Boycott လုပ်ကြဟေ့လို့ ပြောတတ်ကြတဲ့ ခပ်ညစ်ညစ် လူ့အဖွဲ့အစည်းကြားမှာ....ဒီမိုကရေစီအယူအဆတောင် နားလည်ကြရဲ့လား မသိ။ နာတော့ မနာကြနဲ့။ တနေ့က ရှိုးပွဲမှာ လွန်ခဲ့တဲ့ ၃ နှစ်က ကိုယ်နဲ့ အမြင်မတူခဲ့တဲ့ " we stand with u" လုပ်ခဲ့ပြီး အရေးတော်ပုံ အောင်ရမယ် ဆိုတဲ့ ပုဂ္ဂိုလ်က စိုင်းစိုင်း Show သွားခဲ့တဲ့ ဓာတ်ပုံတွေကို လူမှုကွန်ရက်ပေါ်မှာ တခမ်းတနား မျှဝေလို့နေရဲ့။ ကြည့်ရတာ....သူတို့ကိုယ်တိုင် သွေးအေးသွားကြပြီ ထင်တယ်။ #(နရီမိုး)

Repost from Ko Myo Win
           ဇင်းမယ်ဘုရင် အကူညီတောင်းတဲ့ လင်းဇင်းမင်း အန္တရာယ်ကို ရှင်းလင်းနှိမ်နင်းပြီးကြောင်း ၊ လင်းဇင်းမင်းရဲ့ စစ်သေနာပတိ နဲ့ ထက်ထောက်တို့ကို အရှင်ဖမ်းမိကြောင်း အင်းဝ ရှိ ဘုရင့်နောင်ထံ သတင်းပို့လိုက်ပါတယ် ။ ထိုအခါ ဘုရင့်နောင်က အနန်းမြို့ကို ဗညားငသည်လုံ ၊ ဇင်းငသည် မြို့ကို ဗညားသံပိုက် ၊ ပြဲမြို့ကို ဗညားသဲ ၊ တုရိုင်းမြို့ကို ဗညားငသည်တို့ကို အသီးသီး ပေးအပ်ခိုင်းလိုက်ပါတယ် ။          ထို့နောက် ကိုယ့်လက်အောက်က အုပ်ချုပ်ခံ ပြ​ည်သူတွေရဲ့ လုံခြုံရေးအတွက် နဲ့ တရားမျှတတဲ့ အုပ်ချုပ်ရေးအတွက်  အားလုံးနေသားတကျဖြစ်အောင် စနစ်တကျ စီစဥ်ခဲ့ရန် မိန့်ပါတယ် ။ အဲဒါတွေ ပြီးစီးကြောင်း သတင်းပို့မှသာ  သတိုးမင်းစောနဲ့  တပ်မှူး စစ်ကဲ အပေါင်းတို့ကို ပြန်ခဲ့တော့လို့ ခေါ်လိုက်ပါတယ် ။             အင်းဝမှာရှိနေတဲ့ ဘုရင့်နောင်ထံ မိုးဝန်းစော်ဘွား ၊   မိုးနဲစော်ဘွား ခုံမှိုင်း က ဗညားခုံမှိုင်း ၊  လာသာစော်ဘွား ညီစဆိုင်လုံ ၊ စန္ဒားစော်ဘွားက ညီမိုးရစ်စားတို့ကို ခေါ်လာပြီး  လက်ဆောင် ပဏ္ဏာကာရ အများနှင့် ခိုလှုံလာကြပါတယ် ။            ဘုရင့်နောင်က ခိုလှုံလာသော ညီသားတို့ကို သစ္စာတော်ပေးပြီးလျှင် အမည်၊ အရည်၊ အဆောင်၊ အယောင်၊ အထိုက်အလျောက် ချီးမြှင့်ခဲ့ပါတယ် ။ ထို့နောက် သုံးဆယ်စားနှင့် သီရိဓမ္မရတ်ကို ဘုရင့်နောင်ကိုယ်စား စော်ဘွားညီ သားတို့ကို လိုက်၍ သစ္စာတော်ပေးရန် တာဝန်ပေးပါတယ် ။  အဆောင်အယောင်များကိုလည်း စနစ်တကျ ပေးအပ်ကြရပါတယ် ။        ပြီးတော့ ထုံးစံအတိုင်း မိစ္ဆာဒိဋ္ဌိ အယူများကိုလည်း သမ္မာဒိဋ္ဌိဖြစ်အောင် ဆုံးမရသည် ။ သီတင်းသုံးနေလိုသော အရိယာပုဂ္ဂိုလ်တို့ကိုလည်း တောင်းပန်၍ ပိဋကတ်ကျမ်းဂန်နှင့်တကွ သီတင်းသုံးနေရသည်။ စော်ဘွားတို့က တစ်နှစ်သုံးကြိမ် ရွှေဇ၊ မြင်း၊ ခဲ သတ်မှတ် ခွန် ပေးဆောင်ရန် အတည်ပြုကြရပါတယ် ။ သုံးနှစ်တစ်ကြိမ်လည်း  ဟံသာ ဝတီ နေပြည်တော်သို့လာ၍ မဖြစ်မနေ တွေ့ဆုံရမည် မတွေ့ပါက သူပုန်ဟု သတ်မှတ်ချေမှုံးမည်  ။             အလေး၊ တောင်း၊ တင်းတို့ကိုလည်း နေပြည်တော်နှင့် တစ်ချက်တည်း ထားတော်မူသည်။ စော်ဘွားတို့ကိုလည်း တစ်လလေးသီတင်း သရဏဂုံ ပဉ္စသီ အဋ္ဌဒသီ ဆောက်တည်ရသည်။ ပြည်သူရွာသားတို့ကိုလည်း တစ်လလေးသီတင်း တရားနာရသည်။ ဤသို့ ပစ္စုပ္ပန် သံသရာစီးပွားနှစ်ပါးကို ဆောင်တော်မူ၍ သက္ကရာဇ် ၉၂၁ ခု၊ ကဆုန်လဆန်း ဆယ့်နှစ်ရက်၊ တနင်္လာနေ့တွင် အင်းဝ မှ ဟံသာဝတီသို့ ပြန်ရာ  နယုန်လပြည့်ကျော် ၅ ရက်၊ ကြာသပတေးနေ့- ဟံသာဝတီသို့ ပြန်ရောက်ပါတယ် ။               ဟံသာဝတီရောက်တာနဲ့ ဘုရင့်နောင်ဟာ မဟာစေတီ တည်ဖို့ ဆောင်ရွက်ပါတယ် ။ သက္ကရာဇ် ၉၂၁ ခု၊ ဝါဆိုလဆန်းငါးရက်၊ ကြာသပတေးနေ့ ကောင်းမှုတော်၊ မဟာစေတီ ဖိနပ်ရာ တွင်းတူးသည် ။ ဝါဆိုလပြည့်ကျော် ၂ ရက်၊ ကြာသပတေးနေ့တွင် ရွှေအုတ်၊ ငွေအုတ် စချပါတယ် ။ ဇောတိယာရံကျောင်းကို ကျောင်းရံလေးဆယ်နှင့်တကွ ဆောက်လုပ်ပါတယ် ။                   သက္ကရာဇ် ၉၁၂ မှာပဲ နေအိမ်ဆောက်ပါတယ် ။ ၉၁၂ နတ်တော်လဆန်း တစ်ဆယ့်လေးရက်၊ တနင်္ဂနွေနေ့ မှာ မဟာစေတီ သို့ ဌာပနာရန် ဓာတ်တော်များ ပို့ဆောင်ကြပါတယ် ။ မဟာစေတီအရှေ့တွင် မင်းတဲဆောက်၍ မင်း၊ မိဖုရား၊ ကိုယ်လုပ်တော်၊ မောင်းမအပေါင်းနှင့် ကြည့်တော်မူသည်။ ထိုနေ့မှာပဲ ရာဇဒေဝီ မိဖုရားမှ သမီးတော်တပါး ဖွားမြင်လာပါတယ် ။ ထို့ကြောင့် သမီးတော်ကို ရာဇဓာတုကလျှာ လို့ အမည်ပေးလိုက်ပါတယ် ။             အမြင့် အတောင် ၁၅၀ ၊ အောက်ခုံ အတောင် ၁၀၀ ရှိ မဟာစေတီရဲ့ ပထမဆုံး ဌာပနာထည့်ပွဲကို ၉၁၂ နတ်တော်လပြည့်ကျော် ၂ ရက်၊ ဗုဒ္ဓဟူးနေ့ မှာ ဆောင်ရွက်ခဲ့ပါတယ် ။ နောက်ထပ် ၅ ကြိမ် ဌာပနာ ထည့်ခဲ့ကြပါတယ် ။       ဘုရင့်နောင်အတွက် စစ်ပွဲတွေက စောင့်ကြိုနေပြန်ပါပြီ ။ သက္ကရာဇ် ၉၂၁ ခုတွင် အင်းဝကျေးလက်ဖြစ်သော မြောက်ဘက် မင်းခင်းအောက်ရှိ ကျေးလက်များကို ကသည်းစော်ဘွားက ထိပါးဖျက်ဆီးလာကြောင်း ကလေးစော်ဘွားက သတင်းပို့လာပါတယ်  ။ ဘုရင့်နောင်က... “ငါ့နိုင်ငံတော်ဖြစ်သော ကျေးစွန်ရွာလက်တို့ကို ထိပါးလာအား အင်းဝဘုရင် နဲ့  ကလေးစော်ဘွား တို့က လိုက်လံ၍ မဖမ်းကြဘူးလား နယ်မြေအေးချမ်းဖို့ မင်းတို့ကို ဘုရင်ခံရာထူး စော်ဘွားရာထူး ပေးထားတာ မဟုတ်ဖူးလား ”         ဟု ပြတ်သားခက်ထန်စွာ မေးလိုက်ပါတယ် ။ ထိုအခါ          “ကသည်းတို့သည် တောင်တန်း ချောက်ကမ္ဘားများမှာနေပြီး  တစ်ရာတစ်စု ၊ နှစ်ရာတစ်စု တောကြက် တောငှက် အနေနဲ့  ဟင်းရွက်ခူးသူ  ထင်းခွေသူကိုပဲ ဒုက္ခပေးကြပါတယ် ။  သည်အကြောင်းများကိုသိ၍ လိုက်လံဖမ်းဆီးလျှင် တော​ကြိုအုံကြားသို့ ပြေးပုန်း​နေ၍ ဖမ်းရခက်နေကြောင်း ''            ပြန်ဖြေကြပါတယ် ။ ထိုအခါ ဘုရင့်နောင်က... " ကေသရာဇာ ခြင်္သေ့မင်းတို့သည် ကြီးသောသတ္တဝါ၊ ငယ်သောသတ္တဝါဟူ၍ မခွဲခြားပဲ မြဲစွဲသောလုံ့လဖြင့် ဖမ်းစားဘိသကဲ့သို့ ညီတော်၊ သားတော် ၊ မှူး မတ်တော်တို့နဲ့ သွားရောက်နှိမ်နင်းကြမယ် ''             လို့ မိန့်တော်မူရာ နန္ဒသင်္ကြန်က.......        ကိုရွှေမျိုးဝင်း

Repost from Ko Myo Win
တပင်ရွှေထီး နဲ့ ဘုရင့်နောင် ( 52) ========================= " အင်း..ညီတော် သတိုးဓမ္မလျှောက်တင်ချက်ကို ငါသဘောကျတယ် ဒီတော့ ငါနဲ့ထပ်တူ စိတ်ချရတဲ့ ညီတော် သတိုးမင်းစောက ငါ့ကိုယ်စား စစ်ချီရမယ်.. ငါ့အာဏာကို ညီတော်အား ယုံကြည်စွာ သုံးခွင့်ပေးလိုက်တယ်... ညီတော်အနေနဲ့ ငါ၏ အာဏာအား တလွဲမသုံးရ သုံးခဲ့သော် ကွပ်မည် ''              ရှင်း၏ ပြတ်၏ အာဏာကို ခွဲဝေပေးလိုက်တယ် ၊ တလွဲမသုံးနဲ့ သုံးရင် သတ်မတဲ့.... ဧကရာဇ်မင်း ပီသပါပေ့ ဒီလို အာဏာကို ခွဲဝေသုံးတတ်လို့လဲ စိုးမိုးအုပ်အုပ်ရမယ့် နယ်ပယ်တွေ ကျယ်သထက် ကျယ်လာရတာပေါ့လေ ။             အမိန့်ကြောင့် စစ်ပြင်ကြပါတယ် ။ -  လက်ယာရဲတိုင် ၊ တုရင်ရာဇာ ၊ လက်ယာ ယောဓာ ၊ ရာဇတမန် ၊ နန္ဒသိန်းစည်း မြင်းတပ် ၅ တပ် ။ ဆင်တပ်မှာ ဗညားကျန်းတော ၊ ဘယကျော်ထင် ၊ ရာဇသင်္ကြန် ၊ နန္ဒကျော်ထင် ၊ သမိန်သံလိုက် ၊ သီရိဇေယ ကျော်ထင် ၊ အဲမွန်ဒယာ ၊ နေမျိုးကျော်ထင် ၊ သမိန်ဇိပ်ပွန် ၊ ညောင်ရွှေ စော်ဘွား ၊ မိုးနဲစော်ဘွား ၊  အင်းဝဘုရင် သတိုးမင်းစော ဆင်တပ် ၁၂ တပ် ။ စုစုပေါင်း ၁၇ တပ် တိုက်ဆင် ၊ မြင်း ၆၀၀ ၊ စစ်သည် ၁၄၀၀၀၀ နှင့် သက္ကရာဇ် ၉၂ဝ ခု၊ နတ်တော်လဆန်း ၇ ရက်၊ ဗုဒ္ဓဟူးနေ့မှာ  ရွာငံသို့စတင် ချီတက်လာကြပါတယ် ။          သတိုးမင်းစောတို့ စစ်ကြောင်းက ရွာငံမှတဆင့်ဆက်သွားကာ  မိုးနဲမှာ နားပြီးမှ  ထားစင်ဆိပ်ကိုကူး၍ ဇင်းမယ်သို့ ချီတက်ပါတယ် ။ စစ်ချီလမ်းကြောင်းမှာ မိမိပိုင်နက် အတွင်း ကျရောက်ပြီး အမှန် သြဇာကြီးသူ ဘုရင့်နောင်မို့ သူ့ရဲ့ စစ်တပ်ကြီးကို ကြားဖြတ်တိုက်ရဲမယ့်သူ မရှိပဲ ချောမောစွာနဲ့ ဇင်းမယ်ထိ ရောက်သွားပါပြီ ။             ဇင်းမယ်တွင် ထားခဲ့တဲ့ ဗညားဒလ၊ ဗညားစက်တို့နှင့် တိုင်ပင်ပါတယ် ၊၊ ထို့နောက် နယ်ခံဇင်းမယ်အမတ် ငသည်လုံ တို့ကို ခေါ်ပြီး မြေပြင်အခြေအနေကို မေးမြန်းပါတယ် ။ လင်းဇင်းမင်းသည် တုရိုင်းမြို့မှာ အလုံးအရင်း နဲ့ တပ်တည်နေပြီး အခွင့်အခါ ရတာနဲ့ တိုက်ခိုက်ဖို့ ကြံစည်နေကြောင်း သတင်းပေးကြပါတယ် ။             သတို့မင်းစောက ရန်သူ တုရိုင်းမှာ ရှိရင် တုရိုင်းကို သွားတိုက်မယ် ဆိုကာ  အမတ် ငသည်လုံတို့ကို လူစုစေပြီး တုရိုင်းသို့ ချီတက်ကြပါတော့တယ် ။   အင်းဝဘုရင် သတိုးမင်းစောတို့လည်း တုရိုင်းသို့ရောက်လျှင် အကဲခတ်ကြည့်ပါတယ် ။ ရန်သူ့ အင်အား မြို့ပြအနေအထား မျက်မြင် ဖြစ်တာနဲ့ သတိုးမင်းစောလည်း ဗျူဟာခင်းဖို့ တိုင်ပင်ပါတယ် ။ " ကဲ ရန်သူ့မြို့ကို တွေ့ရပြီ ငါ့အမြင် ပြောရရင်တော့ ဘာမှ မဟုတ်လှပေဘူး ရေစိမ်ထားတဲ့ စက္ကူလို အလွယ်ပင် ဆွဲဖြဲလို့ ရပါလိမ့်မယ်... ဒါပေမယ့် ငါလိုချင်တာက လင်းဇင်းဘုရင်ကို အရှင်ဖမ်းပြီး နောင်တော်ကြီးထံ ဆက်သချင်တာပဲ... ''          ထိုအခါ ဘယကျော်ထင်က... " ဒီလိုဖြင့် ကျနော်မျိုးတို့ဘက်က ပြေးပေါက် ကြိုပိတ်ထားဖို့ လိုပါလိမ့်မယ်.. ပိတ်ဆို့သူများအား လင်းဇင်းမင်းကို လက်ရဖမ်းဆီးဖို့ အမိန့်ပေးရပါ့မယ်.. လွတ်ရင် သေဒဏ် ၊ အသေဖမ်းမိရင် အပိုင်စားမြို့ ပြန်ရုတ်မယ့် အမိန့်ထုတ်ဖို့ အရေးတကြီး လိုအပ်ပါတယ်... ဒါကြောင့် စစ်မြေပြင်မှာ ဆင်ခြေမရှိ အောင်ပွဲယူခဲ့တဲ့ သူရဲကောင်းတွေကို ဒီတာဝန်နဲ့ ဒီအမိန့် ပေးပါက ကိုယ်တော့်ရဲ့ ဆန္ဒ ပြည့်ပါလိမ့်မယ် ''            သတိုးမင်းစောလည်း ဘယကျော်ထင် ရဲ့ အကြံကို သဘောကျတာနဲ့ အဲဒီအတိုင်းဆောင်ရွက်ပါတယ် ။ ဖမ်းဆီးရေး အဖွဲ့ နေရာချထားမှု စီစဥ်ပြီးတာနဲ့ သူ့မူအတိုင်း တုရိုင်းမြို့ကို ဆင်အား မြင်းအား ခြေလျှင်အားတို့နဲ့ ပြင်းထန်စွာ ဝင်ဆောင့်တိုက်ပါတော့တယ် ။          လင်းဇင်းသားတွေ အတွက်တော့ သတိုးမင်းစောရဲ့ ရဲတင်းလွန်းတဲ့ တိုက်စစ်ကို အံ့သြတကြီး ခုခံကြပေမယ့် မရပါဘူး ။ ကြုံးဝါးသံတွေ ခြိမ်းခြောက်သံတွေ ဗမာစစ်မောင်းသံတွေ ရဲ့ ကြားထဲမှာ လင်းဇင်းသားတို့ အိပ်မက်တွေ ပြိုကျလာရပါပြီ ။ မြို့တံခါးကို ခိုင်ခန့်လှပြီ ထင်ခဲ့ကြပေမယ့် ဗမာ့တိုက်ဆင်တွေရဲ့ အလှည့်ကျ တိုးဝှေ့ တွန်းထိုးတဲ့ ဒဏ်ကို မခံနိုင်ပါဘူး ။          ဝုန်းကနဲ ပွင့်သွားတဲ့ မြို့တံခါးအတွင်းကို အလုအယက် ဝင်လာကြတဲ့ စစ်ဆင် စစ်မြင်းတွေက တောင်ကျရေကဲ့သို့  တွေ့သမျှအား တွန်းထိုးခုတ်ထစ်ကြရင်း မြို့လယ်က လင်းဇင်းမင်းရဲ့ တည်နေရာကို တစိုက်မတ်မတ် တိုးဝင်သွားကြပါတယ် ။ တပ်မှူး နဲ့ အကြပ်တွေက လင်းဇင်းမင်းကို အရှင်ဖမ်း မသေစေနဲ့ ဆိုတဲ့ အမိန့်တွေနဲ့ အဆက်မပျက် သတိပေးနေရလေရဲ့ ။               လင်းဇင်းမင်းလည်း စစ်သူကြီး ဗညားကင်နှင့် စစ်ကဲငသည်စုတ် ၊ ငသည်ဝင်တို့နဲ့အတူ လျှင်မြန်စွာ ထွက်ပြေးပါတော့တယ် ။ ပြေးရာမှာ ပိတ်ဆို့ထားတဲ့ ကြားယိုပေါက်ကနေ အလစ်ပြေးရာမှ ဝိုင်းဖမ်းကြသော်လည်း ဗညားကင် နဲ့ အမတ်တွေက အသေအလဲ ခုခံပြီး လင်းဇင်းမင်းကို ပြေးစေတဲ့အတွက် စစ်သူကြီး ဗညားကင် နဲ့ စစ်ကဲ ငသည်စုတ် ၊ ငစည်ဝင် တို့ကိုပဲ လက်ရဖမ်းမိခဲ့ပါတယ် ။ လင်းဇင်းမင်း လွတ်သွားပေမယ့် စစ်သေနာပတိ တဖွဲ့လုံးကို ဖမ်းနိုင်လို့ အပြစ်မပေးပါဘူး ။           လင်းဇင်းမင်းပြေးရာ လမ်းတကြောက အနန်းစား၊ ပြစား၊ ဇင်းငသည်စား၊ ဇင်းခေါင်းစားတို့လည်း လက်မခံရဲတဲ့ အတွက် မိမိတို့မြို့ကို ပစ်၍ သားမယားနှင့်တကွ လင်းဇင်းမင်းနှင့်အတူ ပြေးကြပါတယ် ။

ပျဥ်းမနားမြို့တွင် တောင်ကျရေစီးဆင်းမှုကြောင့် လူနေအိမ်များပျက်စီးခဲ့သည့်အပြင် ဒေသခံများကိုလည်း အမြင့်ပိုင်းသို့ပြောင်းရွေ့ပေး
ပျဥ်းမနားမြို့တွင် တောင်ကျရေစီးဆင်းမှုကြောင့် လူနေအိမ်များပျက်စီးခဲ့သည့်အပြင် ဒေသခံများကိုလည်း အမြင့်ပိုင်းသို့ပြောင်းရွေ့ပေးခဲ့ရ NOM၊စက်တင်ဘာ၈၊၂၀၂၆ နေပြည်တော်ကောင်စီနယ်မြေ၊ ပျဥ်းမနားမြို့၊ကြို့တန်းကျေးရွာတွင် ယ မန်နေ့(စက်တင်ဘာ၇ရက်)ည၁၁နာရီခွဲခန့်ကတောင်ကျရေစီဆင်းမှုကြောင့် လူနေအိမ်များ၊ ခြံစည်းရိုများ၊ လမ်းများပျက်စီးခဲ့သည့်အပြင်ဒေသခံများကိုလည်း အမြင့်ပိုင်းသို့ပြောင်းရွေ့ပေးခဲ့ရသည့်ဟု လူမှုကရုဏရှင်လူမှုကူညီရေးအသင်းမှတာဝန်ရှိသူတစ်ဦးကပြောသည်။ တောင်ပေါ်ဒေသတွင်မိုးများပြီးတောင်ကျရေစီးဆင်းမှုများလာပြီးရေတားကာထားသည့်တာဘောင်ပျက်စီးကါပျဥ်းမနားမြို့၊လှေခွင်းတောင်အရှေ့ဘက်၊ ကတို့ဆိပ်ကျေးရွာအုပ်စုကြို့တန်းကျေးရွာအတွင်းသို့ ရေစီးဆင်းမှုအရှိန်ဖြင့်ဝင်ရောက်ခဲ့သည့်တွက် ကျေးရွာအတွင်းလူထိခိုက်မှုမရှိသော်လည်းပျက်ဆီးမှုများပြားခဲ့ကြောင်းသိရသည်။ ကြို့တန်းကျေးရွာတွင် တောင်ကျရေစီးဆင်းမှုကြောင့်ကျေးရွာအတွင်းရေဝင်ရောက်နေကြောင်း သတင်းရရှိသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံလူမှုကူညီရေးအသင်းများကသွားရောက်ပြီးကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

8.9.2026 ******** ယနေ့ နံနက် ၅နာရီ အချိန်ကျော်ခန့်က ရှမ်းမြောက်ဒေသ၊ သိန်းနီမြို့နယ်၊စယ်အူကျေးရွာ၌ MNDAA အဖွဲ့၏ လက်နက်ခဲယမ်း ဂိုဒေါင် ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့သည်။ အဆိုပါ ပေါက်ကွဲမှုကြောင့် ဒေသခံများ သေဆုံးဒဏ်ရာ ရရှိမှု ဖြစ်ပေါ်ခဲ့သည်။ #PeopleMedia

လက်ရှိ ရခိုင်ပြည်နယ်ရဲ့ ပြဿနာက ဖက်ဒရယ် ပုံစံ အခင်းအကျင်း မဟုတ်နေဘူး။ ဒီဒေသဟာ ငါတို့ လူမျိုး အပိုင်ဆိုတဲ့ တဇောက်ကန်း အမျိုးချစ်စိတ်ကနေ ကိုယ့်လူမျိုး၊ ကိုယ်ဒေသ ပျက်စီးရေး လမ်းကြောင်းကို တဖြည်းဖြည်း ဦးတည်နေခဲ့တာလို့ ပြောလို့ရတယ်။ စစ်ပွဲက ဖြစ်ပြီးသွားရင် ပြန်လည်ထူထောင်ရေး လုပ်ဖို့ဆိုတာ သိပ်လွယ်ကူနေတဲ့အရာ မဟုတ်ဘူး။ တကယ်လို့ စစ်ကြောင့် ပျက်စီးသွားရတဲ့ ဒေသက မဟာဗျူဟာမြောက် စီမံကိန်း မရှိရင်...ကိုယ်ထူကိုယ်ထ စနစ်နဲ့သာ သွားရဖို့ အဖြစ်နိုင်ဆုံးပဲ။ ဒီနေရာမှာ ဖြစ်သင့်၊ ဖြစ်ထိုက်တဲ့ လမ်းကြောင်းကို ရွေးချယ်ဖို့ထက် တပ်မတော်ကို ခုတုံးလုပ်ပြီး ရခိုင်ကို ဗမာက ကျူးကျော်ပါတယ် Mindset တွေ သွင်းပြီး လူသစ်စုနိုင်ဖို့ ကြိုးစားကြ၊ ပြည်ပကနေ ထောက်ပံ့ငွေတွေ ရနိုင်ဖို့ လုပ်ခဲ့ကြတာက ...စစ်အနိုင်တိုက်ပြီး ခွဲထွက်ရေးလုပ်ဖို့လား၊ စစ်ပွဲကို ကြာသထက်ကြာအောင် ဖန်တီးပြီး ရခိုင်လူမျိုး အရုပ်ရေးပြရအောင် လုပ်ကြတော့မလို့လား ဆိုတာ ဆန်းစစ်ကြည့်ကြစေချင်တယ်။ စစ်ဖြစ်လာရင် တရားမဝင် မှောင်ခို လုပ်ငန်းကလွဲရင် ဘာလုပ်ငန်းမှ အတည်တကျ မလုပ်နိုင်တော့ဘူး။ စပါးတွေ မစိုက်နိုင်တော့ဘူး။ လယ်တွေ ပစ်ထားကြရပြီ။ လူလတ်ပိုင်းတွေကလည်း AA ရဲ့ လူသစ်စုဆောင်းမှုကို ခံရတဲ့သူ တချို့ရှိသလို တချို့ကလည်း ပြည်မထဲကို ပြေးလာကြသူတွေလည်း ရှိကြမှာပဲ။ AA ဘယ်လောက်ငြင်းငြင်း ၊ လက်နက်ခဲယမ်းအတွက် မူးယစ်ဆေးဝါး ကုန်ကူးတာနဲ့ ပြည်ပရောက် ရခိုင်တွေရဲ့ အလှူငွေ ထည့်ဝင်တာတွေနဲ့ပဲ လည်ပတ်လို့ ရမယ်။ ပြည်ပ ရောက် ရခိုင်ဆိုတာကလည်း သူတို့ကိုယ်တိုင်မှ စစ်တိုက်ရတာ မဟုတ်။ သူတို့ ထောက်ပံ့လေလေ ...စစ်ဟာ ရပ်ဖို့ခက်ပြီး စစ်နွံ ဖြစ်လေလေ ဆိုတာ သတိမချပ်နိုင်သရွေ့ ဆယ်စုနှစ် တခုစာ ရှည်ကြာသွားလည်း ထူးပြီး အံ့အားသင့်စရာတော့ မဟုတ်ဘူး။ တကယ်တော့ ရခိုင်ပါတီတွေ သိပ်အားကောင်း ညီညွှတ်နေရင် ပြည်မထဲက ဘယ်ပါတီမှ လာအုပ်ချုပ်လို့ မရပါဘူး။ ရခိုင်ပြည်နယ်ထဲမှာ ဗမာ လူမျိုး အလွန်ဆုံး ရှိလှလည်း ဝန်ထမ်း အဖွဲ့အစည်းလောက်ပဲ ဖြစ်မှာပါ။ ဒါကို ဇွတ် ကွန်ဖန်ထရိတ်လုပ်ပြီး အာရက္ခပြည် လုပ်ချင်တာကတော့ အစွန်းရောက်တယ်ပဲ ပြောရမှာပဲ။ ဒီလို အစွန်းရောက်လို့လည်း အပစ်ရပ်က ယာယီပဲ ခံခဲ့တာပေါ့။ AA မရှိတော့ရင်...ရခိုင်ပြည်နယ် ငြိမ်းချမ်းပြီလို့ ပြောလို့ ရနိုင်မလားပဲ။ ခက်တာက သူတို့ လူမျိုး အစွန်းရောက်စိတ်က ဗမာ မဆိုထားနဲ့၊ ဒေါ်စောမြရာဇာလင်းရဲ့ တပ်ဖွဲ့တွေကိုတောင် လစ်ရင် လစ်သလို သတ်တာ ဆိုတော့လည်း ....ခန့်မှန်းရ အတော်ခက်တယ်။ ဘယ်တတ်နိုင်မလဲ...တချို့ အစွန်းရောက်စိတ်က ဘာနဲ့မှ ပြုပြင်လို့မှ မရဘဲ။ #(နရီမိုး)

တာမွေမြို့နယ်အတွင်း ရေကြီးစဉ် ရေမြောင်းအတွင်း ပြုတ်ကျ ပျောက်ဆုံးသူ ၁၄ နှစ်အရွယ် ကလေးငယ်ကို ပုဇွန်တောင်ချောင်း၌ ဆက်လက်ရှာဖွေနေ ရန်ကုန်၊ စက်တင်ဘာ ၈ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုဖြစ်ပွားစဉ် တာမွေမြို့နယ်အတွင်းရှိ ရေမြောင်းအတွင်း ပြုတ်ကျမျောပါသွားသည့် အသက် ၁၄ နှစ်အရွယ် ကလေးငယ်ကို စက်တင်ဘာ ၇ ရက် ညပိုင်းအထိ မတွေ့ရှိသေးဘဲ ယနေ့တွင် ပုဇွန်တောင်ချောင်းအတွင်း ရှာဖွေရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေကြောင်း မိသားစုဝင်များနှင့် သက်ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။ ဖြစ်စဉ်မှာ စက်တင်ဘာ ၇ ရက် ညနေပိုင်းက ရန်ကုန်မြို့၌ မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် တာမွေမြို့နယ်အတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။ ထိုသို့ ရေကြီးနေချိန် တာမွေမြို့နယ်၊ ၁၅၄ လမ်း၊ စည်ပင်ဝန်ထမ်းအိမ်ရာဝန်းတွင် နေထိုင်သည့် အဆိုပါ ၁၄ နှစ်အရွယ် ကလေးငယ်သည် သူငယ်ချင်း နှစ်ဦးနှင့်အတူ ဝန်းအနီးရှိ ရေမြောင်းအတွင်း ရေဆင်းဆော့ကစားရာမှ ရေစီးနှင့်အတူ မျောပါပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဖြစ်စဉ်ဖြစ်ပွားပြီးနောက် မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတ လူမှုကူညီရေးအဖွဲ့များနှင့် တာဝန်ရှိသူများက အခင်းဖြစ်ပွားရာ အနီးဝန်းကျင်ရှိ ရေမြောင်းများအတွင်း ည ၁၂ နာရီခန့်အထိ ဝင်ရောက်ရှာဖွေခဲ့သော်လည်း ပျောက်ဆုံးနေသူကို ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိပေ။ လက်ရှိတွင် သက်ဆိုင်ရာ ကယ်ဆယ်ရေးအဖွဲ့များက ပုဇွန်တောင်ချောင်းတစ်လျှောက် နယ်မြေရှင်းလင်းကာ ပျောက်ဆုံးနေသည့် ကလေးငယ်အား ရှာဖွေရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိသည်။ ဓာတ်ပုံ-မိုးကျော်

တာမွေမြို့နယ်အတွင်း ရေကြီးစဉ် ရေမြောင်းအတွင်း ပြုတ်ကျ ပျောက်ဆုံးသူ ၁၄ နှစ်အရွယ် ကလေးငယ်ကို ပုဇွန်တောင်ချောင်း၌ ဆက်လက်ရှာဖွေနေ
တာမွေမြို့နယ်အတွင်း ရေကြီးစဉ် ရေမြောင်းအတွင်း ပြုတ်ကျ ပျောက်ဆုံးသူ ၁၄ နှစ်အရွယ် ကလေးငယ်ကို ပုဇွန်တောင်ချောင်း၌ ဆက်လက်ရှာဖွေနေ

Repost from Ko Myo Win
သေမင်းတမန် ဆိုတာ ================== မြန်မာ့တပ်မတော်တွင် အသုံးပြုလျက်ရှိသော ထင်ရှားသည့် အမြှောက်ကြီးများ (Artillery) ကို အမျိုးအစားအလိုက် ခွဲခြားဖော်ပြပေးထားပါသည်။ ၁ ။ တာဝေးပစ် ဒုံးလက်နက်ဆန်းများ (Multiple Rocket Launcher Systems - MRLS 1 - 122 mm MRLS (Type-81/Type-90B/M-1985): ဒုံးသီး ၄၀ ကို စက္ကန့်ပိုင်းအတွင်း ဆက်တိုက်ပစ်ခတ်နိုင်ပြီး တပ်မတော်၏ ပစ်ကူပေးစနစ်တွင် အဓိကအသုံးပြုသည်။ ( 122 mm Rocket: ဒုံးသီးတစ်လုံးတွင် ယမ်း explosive Weight ၁၈-၂၁ ကီလိုဂရမ်ခန့် ပါဝင်ပြီး ပေါက်ကွဲမှုကြောင့် အချင်း ၃၀ မှ ၅၀ မီတာ အတွင်းရှိ ပစ်မှတ်များကို ပြင်းထန်စွာ ပျက်စီးစေသည်။122 mm Rocket: ဒုံးသီးတစ်လုံးတွင် ယမ်း explosive Weight ၁၈-၂၁ ကီလိုဂရမ်ခန့် ပါဝင်ပြီး ပေါက်ကွဲမှုကြောင့် အချင်း ၃၀ မှ ၅၀ မီတာ အတွင်းရှိ ပစ်မှတ်များကို ပြင်းထန်စွာ ပျက်စီးစေသည်။) 2 ။ 240 mm / 300 mm MRLS (SY-300 / MAM-01): တာဝေးပစ် ဒုံးပစ်စနစ်များဖြစ်ပြီး ကီလိုမီတာ ၁၀၀ မှ ၁၅၀ ကျော်အထိ ပစ်ခတ်နိုင်သော မဟာဗျူဟာမြောက် အမြှောက်ကြီးများ ဖြစ်သည် ။( 240 mm / 300 mm Rocket (SY-300 / MAM-01): ထိပ်ဖူးအလေးချိန် ၁၅၀ မှ ၅၀၀ ကီလိုဂရမ်အထိ ပါရှိသဖြင့် ပေါက်ကွဲအား အလွန်ပြင်းထန်ပြီး အချင်း ၁၀၀ မှ ၂၀၀ မီတာ အတွင်းရှိ ဘန်ကာ၊ အဆောက်အအုံများနှင့် သံချပ်ကာယာဉ်များကို စိစိညက်ညက် ပျက်စီးစေနိုင်သည်။) 3 ။ 155 mm အမြှောက်မှာ ၂ မျိုးရှိတယ် ။ ယာဥ်တင် (ဆွဲတင်)  နဲ့ ယာဥ်ဆွဲ ( ဆွဲမ) ဆိုပြီးပေါ့ ။ - ရိုးရိုးယမ်းပြင်းကျည် (Standard HE Shell) ၁၈ မိုင် မှ ၂၄ မိုင်ခန့် (၃၀ - ၄၀ ကီလိုမီတာ) - ဒုံးစနစ်ပါကျည် (Rocket-Assisted Projectile - RAP) ၂၅ မိုင် မှ ၃၁ မိုင်ခန့် (၄၀ - ၅၀ ကီလိုမီတာ) - ခေတ်မီ လမ်းကြောင်းထိန်းကျည်များ (Excalibur/Precision Shells) ၂၈ မိုင် မှ ၃၇ မိုင်ခန့် (၄၅ - ၆၀ ကီလိုမီတာ) - ထိခိုက်နိုင်မှုကြည့်ပါ ....တစ်လုံးတည်း ပစ်ခတ်မှုဖြင့် ဧရိယာ စတုရန်းမီတာ ၇,၅၀၀ ခန့် (၁.၈ ဧကခန့်) အတွင်းရှိ အကာအကွယ်မဲ့ ပစ်မှတ်များကို ထိခိုက်စေနိုင်ပါသည်။ ကျည် အမျိုးအစားအလိုက် ထိခိုက်မှု - Airburst Shell (မြေပြင်အထက် လေထဲတွင် ကွဲသည့်ကျည်)         မြေပြင်မထိမီ လေထဲတွင် ဖောက်ခွဲလိုက်သည့်အတွက် သံစအနများသည် အပေါ်မှ အောက်သို့ ဖြန်းချသကဲ့သို့ ကျရောက်သဖြင့် ကတုတ်ကျင်း သို့မဟုတ် အကာအကွယ် နောက်ကွယ်ရှိ လူအင်အားများပါ ထိခိုက်ပြီး ထိခိုက်မှု ဧရိယာ ၂ ဆခန့် ပိုမိုကျယ်ပြန့် သွားသည်။ - Cluster Rounds (DPICM - အစုလိုက်ကွဲ ကျည်)        ကျည်တစ်လုံးအတွင်း ဗုံးငယ် (Submunitions) ၈၈ လုံးခန့် ပါဝင်ပြီး ဘောလုံးကွင်း ၂ ကွင်းစာခန့်ရှိသော မီတာ ၁၅၀ x ၃၀၀ ဧရိယာ တစ်ခုလုံးကို ပြန့်နှံ့ ပေါက်ကွဲစေသည်။ - Thermobaric (လေစုပ်/အပူလှိုင်းကျည်)      အပူချိန်လွန်စွာမြင့်မားပြီး အောက်ဆီဂျင်ကို စုပ်ယူကာ လေဖိအားလှိုင်း ဖန်တီးသဖြင့် ဘန်ကာနှင့် အဆောက်အအုံ အတွင်းပိုင်းအထိ ပေါက်ကွဲအား သက်ရောက်သည်။ 4 ။ 105 mm Light Howitzer (M101 / L118)           တောင်တန်းဒေသများနှင့် ရှေ့တန်းစခန်းများသို့ ရဟတ်ယာဉ်ဖြင့် မယူရွှေ့ပြောင်းနိုင်သော ပေါ့ပါးသည့် ပစ်ကူအမြှောက်များ ဖြစ်သည်။ -  ရိုးရိုးယမ်းပြင်းကျည် (Standard HE Shell) ၆.၈ မိုင် မှ ၁.၅ မိုင်ခန့် (၁၁ မှ ၁၇ ကီလိုမီတာ) - ဒုံးစနစ်ပါကျည် (Rocket-Assisted Projectile - RAP) ၁၂.၄ မိုင် မှ ၁၃.၆ မိုင်ခန့် (၂၀ မှ ၂၂ ကီလိုမီတာ)           ထိရောက်မှုက... တိုက်ရိုက်စိစိညက်ညက် ပျက်စီးသည့် ဇုန် (Lethal Radius) အချင်း ၁၅ မှ ၂၀ မီတာ (ပေ ၅၀ မှ ပေ ၆၅ ခန့်) ကျည်ကျရောက် ပေါက်ကွဲသည့် နေရာမှ ပေ ၃၀ ပတ်လည်အတွင်းရှိ ပစ်မှတ်များကို စိစိညက်ညက် ပျက်စီးစေသည်။ အစအနများကြောင့် ထိခိုက်နိုင်သည့် ဇုန် (Casualty Radius): အချင်း မီတာ ၆၀ မှ ၈၀ (ပေ ၂၀၀ မှ ပေ ၂၆၀ ခန့်) ( ပေါက်ကွဲသည့်နေရာမှ မီတာ ၃၅-၄၀ ပတ်လည်အတွင်းရှိ အကာအကွယ်မဲ့ လူအင်အားများကို သေစေနိုင်သည်အထိ ဒဏ်ရာရစေသည်။) စုစုပေါင်း ထိခိုက်မှု ဧရိယာ ကျည်တစ်လုံးလျှင် စတုရန်းမီတာ ၃,၅၀၀ ခန့် (ဝ ဒဿမ ၈ ဧကခန့်) စာ ဧရိယာကို သက်ရောက်မှု ရှိသည်။            ရခိုင်လို တောင်တန်းထူထပ်တဲ့ နေရာကတော့ ၁၀၅ နဲ့ ကွက်တိ ။ ပေါက်ကွဲအားက ၁၅၅ နဲ့ စာရင် နည်းပေမယ့် ပစ်အားနဲ့ ထိရောက်မှု ဧရိယာချဲ့နိုင်တယ် ။           တချိန်က ရှိနေတဲ့ သေနတ် ခါးကြားထိုးပြီး သွားကြားထိုးတံနဲ့ တိုက်နေလို့ မင်းတို့ သူပုန်တွေ အူခွင့် ဟောင်ခွင့် ရခဲ့ကြတာပါ တကယ်ချမယ့် ရွှေဘ လာပြီဆိုတော့ ကပစ ထုတ် လက်နက်ကြီးကျည်တွေ ဖောဖောသီသီ စမ်းသပ်လို့ ရတာပေါ့လေ... အမြှောက်တပ်သားတွေ လက်ရည်တက်လာမှာ မြင်ယောင်ပါသေးရဲ့ ။              အင်း..တိုက်ခိုက်ရေး ရဟတ်ယာဥ်တွေ ၊ တိုက်လေယာဥ်တွေ ၊ ပေါင် ၅၀၀ ၊ ပေါင် ၁၀၀၀ တွေ အကြောင်း မပြောတော့ပါဘူးကွာ ။ ဒါတွေက မင်းတို့လည်း ခဏ ခဏစားနေရလို့ ဝအီနေပြီ မဟုတ်လား ။ ကဲ...အသေခံ ပဒက်လေးတွေ သေခြင်းဆိုးနဲ့ မသေချင်ရင် မင်းတို့ရဲ့ သဘောကောင်းလှတဲ့ ဘဘကြီး ဦးမင်းအောင်လှိုင် အုပ်ချုပ်နေတုန်း အလင်းဝင်ကြပေတော့....             ကိုရွှေမျိုးဝင်း

လူငယ်တစ်ဦးကို ဆွဲခေါ်နေသည့် ဗွီဒီယိုမှာ ပစ္စည်းခိုးသူကို ဖမ်းခြင်း ဖြစ်ဟု ကာယကံရှင် ဖြေရှင်း သုတကျော် (NP News) - စက်တင်ဘာ ၇ အင်တာနက်တွင် ပြန့်နေသော လူငယ်တစ်ဦးကို ဆွဲခေါ်နေသည့် ဗွီဒီယိုမှာ ပစ္စည်းခိုးသူကို ဖမ်းခြင်း ဖြစ်ကြောင်း ဗွီဒီယိုပါ အမျိုးသားက ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်ထက်တွင် စာရေးသား ဖြေရှင်းထားကြောင်း တွေ့ရသည်။ ယင်းဗွီဒီယိုသည် အင်တာနက်တွင် ထွက်ပေါ်ခဲ့ရာ လူအများကြား စိတ်ဝင်စားခဲ့ကြပြီး မျှဝေမှုများစွာရှိခဲ့သည်။ "ယခုလိုင်းပေါ်မှာ ​ဖြစ်ပေါ်နေတဲ့ပေါ်တာဆွဲနေတယ်ဆိုတာ သတင်းအမှန် မဟုတ်ပါဘူးဗျာ။ အင်္ကျီအမဲနဲ့ဆွဲနေတဲ့လူက ကျွန်တော်ပါ။ ဖြစ်စဥ်က မရမ်းကုန်းမြို့နယ်၊ ရွှေတဆုပ်လမ်း၊ မြေညီ အိမ်ရှေ့မှ ကျွန်တော့်စက်ဘီး ရပ်ထားတာပါ။ စက်ဘီးရှေ့ခြင်းထဲက လွယ်အိတ် အစိမ်းရောင်ကို ခိုးသွားတာမို့ လိုက်ဖမ်းရခြင်းဖြစ်ပါတယ် (အိတ်ထဲတွင်ဖုန်းနှင့်ပိုက်ဆံပါလို့ပါ)။ သူယူနှိုက်ပီးပြေးသွားတဲ့အချိန် ကွမ်းယာဆိုင်မှ အန်တီက သားရေနင့်အိတ်ပါသွားပြီပြောလို့ အပြေးလိုက်ဖမ်းတာပါ။ ဖမ်းမိခဲ့တဲ့လမ်းကရွှေဝါထွန်းလမ်းပါ။ ခိုးသူက အိတ်ကို လမ်းမတစ်နေရာ ပစ်ထားခဲ့တာပါ ရပ်ကွက်မှ လူများ ကူညီပေးမှုကြောင့် အိတ်ရော ဖုန်းရော ပိုက်ဆံတွေပါ ပြန်ရခဲ့ခြင်းပါတယ်" ဟု ရေးသားထားသည်။