uz
Feedback

Firibgarlarga uchmang! Telemetrio bunday kanallarni topadi va belgilaydi 👉 Belgini ko‘rmoqchi bo‘lsangiz, obuna bo‘ling 👈

Thae Thae🇲🇲🇲🇲🇲🇲

Thae Thae🇲🇲🇲🇲🇲🇲

Kanalga Telegram’da o‘tish

Music

Ko'proq ko'rsatish
6 560
Obunachilar
Ma'lumot yo'q24 soatlar
-117 kun
-6030 kun
Postlar arxiv
😀😀😀😀 နိုင်ငံတော်သမ္မတက အမိန့် (၇)ခုထုတ်ပြန်၍ အစိုးရအဖွဲ့များအတွင်း အပြောင်းအလဲများထပ်မံပြုလုပ် အောက်တိုဘာ ၁၀၊၂၀၂၆ အစိုးရအဖွဲ့သစ်သက်တမ်း(၆)လအကြာတွင် အစိုးရအဖွဲ့အတွင်း အပြောင်းအလဲများစတင်ပြုလုပ်နေရာ ယနေ့ အောက်တိုဘာ ၁၀ရက်နေ့တွင်လည်း ဒုတိယဝန်ကြီးများခန့်အပ်ခြင်း၊ ဒုတိယဝန်ကြီးများအား နေရာ ပြောင်းရွှေ့တာဝန်ပေးခြင်းအပါအဝင် ပြောင်းလဲမှုအချို့ကို နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုး၍ အမိန့်ထုတ်ပြန်ဆောင်ရွက်ခဲ့သည်။ ၁။ အမျိုးသားစီမံကိန်း၊ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးကျော်ထင်ကို ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနသို့လည်းကောင်း၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်ကို အမျိုးသားစီမံကိန်း၊ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနသို့လည်းကောင်း ပြောင်းလဲတာဝန်ပေးသည်။ ၂။ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးညီညီနှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးထွန်းထွန်းဝင်းတို့ကို မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်များအဖြစ်ပြောင်းလဲတာဝန်ပေး သည်။ ၃။ အမျိုးသမီးရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်စန်းစန်းနွယ်ကို ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်အဖြစ် ပြောင်းလဲတာဝန်ပေးသည်။ ၄။ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်သန်းကို နေပြည်တော်ကောင်စီဝင်အဖြစ် ပြောင်းလဲတာဝန်ပေးသည်။ ၅။ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ဦးဝင်းမောင်သိန်း၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး အဖြစ် ဒေါက်တာတင်ထွန်း၊ အမျိုးသမီးရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး အဖြစ် ဒေါက်တာ နေသွယ် ကြည်၊ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ဦးမျိုးအောင်၊ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ဦးမျိုးကျော်သူတို့ကို ခန့်အပ်သည်။ ၆။ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဦးစောရန်အောင်ကို ခန့်အပ်သည်။ ၇။ ရှမ်းပြည်နယ် တရားလွှတ်တော်တရားသူကြီးအဖြစ် ဒေါ်အေးအေးလှိုင်ကိုခန့်အပ်သည်။ အဆိုပါပြောင်းလဲမှုများကို အမိန့်အမှတ် ၇၄/၂၀၁၆ မှ ၈၀/၂၀၂၆ အထိ နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အစိုးရရုံးဌာနများ၏ ရုံးလုပ်ငန်းများကို အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်းတွင် နေအိမ်မှသာဆောင်ရွက်ကြရန် သတ်မှတ်ကြေညာချက်အား ပယ်ဖျက် နေပြ
အစိုးရရုံးဌာနများ၏ ရုံးလုပ်ငန်းများကို အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်းတွင် နေအိမ်မှသာဆောင်ရွက်ကြရန် သတ်မှတ်ကြေညာချက်အား ပယ်ဖျက် နေပြည်တော် အောက်တိုဘာ ၁ဝ အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ဖြစ်ပေါ်လာခဲ့သည့်စက်သုံးဆီရှားပါးမှုကို ကြိုတင်ကာကွယ်ရန်အတွက် စက်သုံးဆီသုံးစွဲမှုကို ချွေတာလျော့ချရန်ရည်ရွယ်၍ အစိုးရရုံးဌာနများမှ အရာထမ်း၊ အမှုထမ်းများသည် သက်ဆိုင်ရာရုံးဌာနများသို့ သွားရောက်ခြင်းမပြုဘဲ မိမိနေထိုင်ရာ နေအိမ်၊အဆောင်များတွင်သာ ရုံးလုပ်ငန်း ဆောင်ရွက်ခြင်းအား၂၀၂၆၊ မတ်လ ၂၅ ရက်နေ့မှစတင်ပြီး အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တွင် (work from home) ဆောင်ရွက်သွားကြရန် သတ်မှတ်ကြေညာခဲ့သည်။ ထို အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်းတွင် (work from home) ဆောင်ရွက် သွားကြရန် သတ်မှတ်ကြေညာချက်အား အောက်တိုဘာ ၁၀ ရက်မှ စ၍ ပယ်ဖျက်လိုက်ကြောင်း သတင်းရရှိသည်။ Source-MRTV

ဖားကန့်မြို့နယ်အတွင်း ပုဒ်မ ၁၄၄ အရ လူ ၅ ဦးနှင့်အထက် စုဝေးခြင်းကို တားမြစ်ပြီး ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပ
ဖားကန့်မြို့နယ်အတွင်း ပုဒ်မ ၁၄၄ အရ လူ ၅ ဦးနှင့်အထက် စုဝေးခြင်းကို တားမြစ်ပြီး ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားပါတယ်။

ဘယ်သူက ဘယ်သူ့အတွက်....? =======================              ဟိုတချိန်တုန်းက အနုပညာလောကမှာ အနုပညာသည် ပြည်သူအတွက် ဆိုတဲ့ ဆောင်ပုဒ် ခေတ်စားခဲ့ဖူးတယ် ။ နောက်တော့ အနုပညာသည် အနုပညာအတွက် ဆိုပြီး ကြွေးကြော်လာကြပြန်တယ် ......               အိန္ဒိယ ရုပ်ရှင်ကားတခုမှာ ဥပဒေပညာရှင်ကြီးက တရားခံတယောက်ကို ထောင်မကျ ကျအောင် ကြိုးစားတယ်... တကယ်တန်းကျတော့ တရားခံမကျူးလွန်မှန်းလည်း သူသိတယ် ။ ဒီတော့ တပည့်ဖြစ်သူက ဆရာကြီးကို ပြောတယ်... တရားခံ မကျူးလွန်မှန်း သိနေတာတောင် ဘာကြောင့် ထောင်ကျအောင် ကြိုးစားနေရတာလည်း ဆရာကြီးဆိုတော့ ... '' သူမကျူးလွန်မှန်း ငါသိပေမယ့် သက်သေတွေက ကျူးလွန်တယ်ဆိုတဲ့ အချက်မှာ အလေးသာနေတော့ ဥပဒေသည် ဥပဒေအတွက် ဖြစ်စေဖို့ ငါကြိုးစားရတာ ''            လို့ ပြန်ဖြေလိုက်ပါတယ် ။ အဲဒီ အယူအဆက အမှန်လား အမှားလား ငြင်းခုန်စရာဖြစ်နေပြီး သေချာတာကတော့ ဆင်ခြင်တုံတရား မပါတဲ့ စီရင်ချက်များသည် အမှန်တရားအတွက် အားကိုးဖွယ် မရှိဆိုတဲ့ အချက်ကိုတော့ မီးမောင်းထိုးပြလိုက်တာပါပဲ ။                   တနေ့က လွှတ်တော်မှာ တရားမဝင် ကား ဆိုင်ကယ် ဘေးတွဲ တွေကို အခွန်ယူပြီး လိုင်စင်လုပ်ပေးဖို့ အမတ်မင်းက တောင်းဆိုတယ် ..... ဒု ဝန်ကြီးက ယခင်ကလည်း အဲလို လုပ်ပေးခဲ့ဖူးတယ် ၊ နောက်တော့လည်း လိုင်စင်မဲ့တွေ ပြန်စီးနေတာပဲ... ဒီတော့ လိုင်စင်ယာဥ် စျေးကြီးပေး စီးနေသူတွေ နစ်နာလို့  လိုင်စင်လုပ် မပေးတော့ဘူး တဲ့ ။ နောက်ထပ်မေးခွန်းမှာ ဆိုင်တွေက လိုင်စင်ပါတဲ့ဆိုင်ကယ် စျေးကြီးပေး ဝယ်စီးတော့ ယာယီလိုင်စင် မရှိဘူး ဆိုကာ ဖမ်းဆီးတဲ့ ပြဿနာမေးတော့လည်း ဖမ်းမယ်တဲ့ လိုင်စင်ရ ဆိုင်တွေကို ဒီလို မရောင်းဖို့ အဖွဲ့ဝင် ၇ ဦး နဲ့ တပတ်တခါ ကြီးကြပ်နေသတဲ့ ။             နောက်တခု ပညာရေးချေးငွေ စီမံချက် ( မတတ်နိုင်တဲ့ ကျောင်းသားများအတွက် ကျောင်းစရိတ်ကြိုချေးပေးထားပြီး သူတို့ ဘွဲ့ရ လုပ်ငန်းခွင်ဝင်မှ အရစ်ကျပြန်ဆပ်စေတဲ့ အစီအစဥ်) လုပ်ပေးဖို့ တိုက်တွန်းတော့လည်း ဒုဝန်ကြီးက တိုင်းပြည်က ဆင်းရဲလို့ ပညာသင်စရိတ် ချေးမပေးနိုင်ဘူးတဲ့ ။            ဒီ ပြဿနာတွေကို လေ့လာကြည့်ပါ ။ လိုင်စင်လုပ်ပေးလည်း နောက်ထပ် ခိုးဝင်နေကြအုံးမှာပဲ ဆိုတဲ့ အကြောင်းပြချက်အရ အစိုးရ ရဲ့ တာဝန်မကျေတဲ့ စစ်ဆေးရေးဂိတ်တွေကို ဖြုတ် ထုတ် သတ် လုပ်ပြီး ကြီးကြပ်ကာ ဖြေရှင်းဖို့ မလုပ်နိုင်ကြဘူးလား ။ နောက်တချက် စျေးကြီးပေး ဝယ်စီးနေတဲ့သူတွေ နစ်နာမှာစိုးလို့တဲ့.... ဟုတ်ကဲ့ ဒီလူတွေ မနစ်နာပါဘူး ခင်ဗျ  တကယ်သာ လိုင်စင်လုပ်ပေးလိုက်ပါ အဲဒီလူတွေက ထိပ်ဆုံးကနေ နောက်ထပ် လိုင်စင်ထပ်ယူကြပါလိမ့်မယ် OK ။          ဆိုင်ကြီးတွေကနေ လိုင်စင်ပါဆိုင်ကယ်မှ အပ မရောင်းရ ဆိုတဲ့ စည်းကမ်းကို ချိုးဖောက်ပြီး မသိနားမလည်တဲ့ ပြည်သူတွေထံ ယာယီလိုင်စင်ဆိုပြီး ရောင်းချရာမှာ တကယ်တန်းကျတော့ အဲဒီရောင်းတဲ့ ဆိုင်ကို အဓိကထား အရေးယူရမှာပါ ။ ခုဟာက ဆိုင်ရှင်ဘာမှ မဖြစ်ပဲ လက်ဝယ်ရှိသူပဲ ခံပေတော့ ဆိုတဲ့ ဥပဒေကြီးကလည်း.......           နောက်ဆုံးပြဿနာ ပညာရေးစရိတ်ချေးငွေ ကတော့ ဝန်ကြီးဌာနရဲ့ စိတ်စေတနာကို ထင်ရှားစေတာပါပဲ ။ စိတ်ရှိရင် ချိတ်မိပေမယ့် စိတ်မရှိလို့ မချိတ်မိတဲ့ ပြဿနာလို့ပဲ ဆိုရပါလိမ့်မယ် ။              အပေါ်က ရေးခဲ့တဲ့ အနုပညာသည် အနုပညာ အတွက် ၊ ဥပဒေသည် ဥပဒေအတွက် လုပ်နေသမျှ တရားမျှတမှု နဲ့ အမှန်တရားတို့သည် ပျောက်ကွယ်နေရသလိုပဲ အစိုးရသည် ပြည့်သူ့အတွက် မဟုတ်တော့ပဲ  '' အစိုးရသည် ဌာနဆိုင်ရာအတွက် '' ဖြစ်နေသရွေ့တော့ ပြည်သူ့အတွက် တရားမျှတမှု နဲ့ အမှန်တရားဆိုတဲ့ အရာတွေက လိုက်လေ ဝေးလေ တိမ်ပေါ်အိမ်ဆောက် နေသလို ဖြစ်နေကြအုံးမှာပါပဲ ။           #ကိုရွှေမျိုးဝင်း

တာဘောင်ကြံ့ခိုင်မှုကို ထိန်းနိုင်ဖို့ ဖောက်ချလိုက်တဲ့ ပုံစံပဲ။ ကြည့်ရတာ ရေပိုလွှဲ ကနေ မလွှတ်နိုင်တာ ဖြစ်မယ်။ တစ်ခု ခံသာတာက မိ
တာဘောင်ကြံ့ခိုင်မှုကို ထိန်းနိုင်ဖို့ ဖောက်ချလိုက်တဲ့ ပုံစံပဲ။ ကြည့်ရတာ ရေပိုလွှဲ ကနေ မလွှတ်နိုင်တာ ဖြစ်မယ်။ တစ်ခု ခံသာတာက မိုးကုန်သွားတာပဲ။ ဒီချိန်မိုးတွင်းသာဆိုရင် ပိုဆိုးမယ်။ အိကျတဲ့ နေရာကတော့ နည်းနည်းများသလိုပဲ။ တာခြေထောက်ဖို့အတွက် အတော်လေး လုပ်ယူရမယ်။ သေချာတာကတော့ ဒီဆောင်းနဲ့ နွေတွေမှာ ရှိသမျှ မြေတမံတွေ အကုန်ပြန် Check ဖို့ လိုလိမ့်မယ်။ #(နရီမိုး)

  ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် မျှင်ဝါးတောင်ကျေးရွာ အုပ်စု မမြဆည်တာတမံ နိမ့်ဆင်းမှု ဖြစ်ပေါ်နေသည့် မြင်ကွင်း #PeopleMedia

နေပြည်တော် လယ်ဝေးမြို့နယ်မှာ မိသားစုလိုက် သေနတ်နဲ့ပစ်သတ်ခံရ အောက်တိုဘာ ၉ ၊ ၂၀၂၆ CC( VOM) နေပြည်တော် ၊ လယ်ဝေးမြို့နယ် ၊ ပင်သောင်ကျေးရွာအုပ်စု၊ ကျောက်အိုးကျေးရွာက နေအိမ်တခုမှာ မိသားစုလိုက် သေနတ်နဲ့ပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။ ဖြစ်စဉ်က အောက်တိုဘာ ၇ ရက်နေ့ ၊ ညပိုင်းမှာ နေအိမ်ထဲထိဝင်ရောက်ပြီး အသက် ၄၂ နှစ်အရွယ် ဦးဝင်းဦး နဲ့ ဇနီးဖြစ်သူ အသက် ၃၅ နှစ်အရွယ် ဒေါ်ဖြူသွယ်ဦး ၊ သူရဲ့မောင်ဖြစ်သူ အသက် ၂၀ အရွယ် မောင်စိုးလင်းထက် နဲ့ တူဖြစ်သူ ၁၇ နှစ်အရွယ် မောင်ဆန်းသူအောင်တို့ကို သေနတ်နဲ့ ပစ်သတ်သွားတာ ဖြစ်ပါတယ်။ လက်နက်ကိုင်ထားတဲ့ လူခြောက်ယောက်လောက်က ဝင်ရောက်ပစ်သတ်သွားတာဖြစ်ပြီး ဒေသခံတွေ နဲ့ လုံခြုံရေးတပ်ဖွဲ့နီးစပ်သူတွေပြောပြချက်အရတော့ သတ်ဖြတ်သွားသူတွေဟာ ဒေသတွင်းလက်နက်ကိုင်အဖွဲ့ ဖြစ်တယ်လို့ သိရပါတယ်။ " အသတ်ခံရတာကို မနက်မှသိကြတာ။ အကုန်လုံးက အနီးကပ်ပစ်ခံရတဲ့ဒဏ်ရာတွေ နဲ့ပါ။ နားထင် ၊ နောက်စေ့ ၊ ဗိုက် ၊ရင်ဘတ်မှာ သေနတ်ဒဏ်ရာတွေ။ သူတို့မိသားစုတွေ အရှိုချင်းတိုင်းရင်းသားတွေပါ ။ " လို့ ဖြစ်စဉ်သိတဲ့ ဒေသခံက ပြောပါတယ်။ ကျောက်အိုးရွာဟာ အရှိုချင်းတိုင်းရင်းသားတွေ နေထိုင်တဲ့ရွာဖြစ်ပြီး လယ်ဝေးမြို့နယ်အစပ် ပဲခူးရိုးမနားကရွာဖြစ်ကြောင်း ၊ လက်ရှိအသတ်ခံရတဲ့ မိသားစုဟာ တောင်ယာလုပ်ကိုင်သူတွေဖြစ်ပြီး ဘာကြောင့်အသတ်ခံရသလဲဆိုတာကိုတော့ မသိရသေး ပါဘူး။ အဲဒီမိသားစုတွေ အသတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်လို့လည်း ​ဒေသတွင်းလက်နက်ကိုင်အဖွဲ့တွေဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ လက်ရှိမှာတော့ အသတ်ခံရသူတွေကို သက်ဆိုင်ရာက သဂြိုလ်ပြီးပြီ ဖြစ်ကြောင်း ၊ သက်ဆိုင်ရာရဲတပ်ဖွဲ့ကလည်း. တရားခံတွေကို အမြန်ဆုံးဖမ်းမိရေး လိုက်လံရှာဖွေနေတယ်လို့ သိရပါတယ်။ ဒါကြောင့် အခြေအနေကိုသိနိုင်ဖို့ သက်ဆိုင်ရာ လယ်ဝေးမြို့နယ်ရဲစခန်းကို ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းဆက်သွယ်လို့မရခဲ့ပါဘူး။ အောက်တိုဘာ ၂ ရက်နေ့ကလည်း ပဲခူးတိုင်း ၊ ပန်းတောင်းမြို့နယ်၊ ကျီးပင်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးကျော်လင်းအောင်ကိုလည်း လက်နက်ကိုင်အဖွဲ့က နေအိမ်အထိ ဝင်ရောက်သတ်ဖြတ်မှုရှိခဲ့ပါတယ်။ အလားတူ အောက်တိုဘာ ၁ ရက်ကလည်း မန္တလေးတိုင်း ၊ မတ္တရာမြို့နယ်၊ နံ့သာမြိုင်ကျေးရွာက ရာအိမ်မှူး ဦးဌေးဝင်းကို လက်နက်ကိုင်နှစ်ယောက်က သေနတ်နဲ့ပစ်သတ်မှုရှိခဲ့ပါတယ်။ ဓာတ်ပုံ - CJ #Voiceofmyanmar #VOM #နေပြည်တော် #လယ်ဝေး #မိသားစုလိုက်အသတ်ခံရ

လူမှုကွန်ရက်ပေါ်တွင် တပ်မတော်သားတစ်ဦးကဲ့သို့ အယောင်ဆောင်ကာ ပြည်သူ့စစ်မှုထမ်းများ ပြန်လည်ထုတ်ပေးနိုင်ကြောင်း လိမ်လည်ဖော်ပြ၍ ငွေကြေးလိမ်လည်နေသူများအား ဖမ်းဆီးရမိ

■ အဆိုတော် ဆက်နိုင် အသတ်ခံရပြီး သေဆုံးသည်ဆိုသည့်သတင်းများမှာ မှားယွင်းပြီး နေအိမ်သို့ အသက်ရှင်လျက် ပြန်လည်ရောက်ရှိနေကြောင်း ရဲတပ်ဖွဲ့ပြောကြား အဆိုတော် ဆက်နိုင်သတ်ခံရပြီး သေဆုံးသည်ဟူသော သတင်းများထွက်ပေါ်နေခြင်းမှာ မှားယွင်းကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှ အောက်တိုဘာ ၉ ရက်နေ့ည ၇နာရီက ရဲတပ်ဖွဲ့တာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။ မန္တလေးမြို့၊ တံတားဦးမြို့နယ်တွင် နေထိုင်သည့် အဆိုတော် ဆက်နိုင်ဆိုသူသည် အမရပူရမြို့နယ်နှင့်ပြည်ကြီးတံခွန်မြို့နယ်ကြားရှိ ရန်ကုန်-မန္တလေး အမြန်လမ်း၊ တံတားဖြူတံတားအောက်ရှိသံလမ်းတွင် သတ်ခံရပြီးသေဆုံးခဲ့သည့်သတင်းများ အောက်တိုဘာလ၉ရက်နေ့ နံနက်ပိုင်းမှစတင် ပျံ့နှံ့ခဲ့ကြောင်း သိရသည်။ အွန်လိုင်းပေါ်တွင် ပုဂ္ဂိုလ်ရေးကိစ္စများ အပြန်အလှန်ရေးသားကြပြီးနောက် ယခုကဲ့သို့ အသတ်ခံရသည့်သတင်းထွက်ပေါ်လာသဖြင့် မန္တလေးတိုင်းရဲတပ်ဖွဲ့မှစုံစမ်းစစ်ဆေးရှာဖွမှုများပြုလုပ်ခဲ့ပြီး ညနေ၆နာရီကျော်တွင် ၎င်း၏နေအိမ်သို့ ပြန်ရောက်ပြီဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့မှ အတည်ပြုခဲ့သည်။ " အိမ်ကနေပျောက်သွားတာ ၇ရက်နေ့ကပါ။ဘယ်လိုဖြစ်လို့ပျောက်တယ် အဆက်သွယ်မရတာတော့ မသိသေး ဘူး။ ဒီကနေ့ ညနေ ၆နာရီ၂၀မိနစ်မှာ တံတားဦးက သူ့အိမ်ကို ပြန်ရောက်နေပါပြီ။ မိခင်ဖြစ်သူက သီလရှင်ဝတ်နေတာပါ။ အခုတော့ ရဲတပ်ဖွဲ့စစ်ဆေးဆောင်ရွက်မှုတွေပြုလုပ်နေဆဲဖြစ်ပါတယ်"ဟု မန္တလေးတိုင်းရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားခဲ့သည်။

ငွေတိုက်စာချုပ် =============           ငွေတိုက်စာချုပ်ဆိုတာ အစိုးရကနေ ဘက်ဂျက်လိုငွေပြသောအခါ ဗဟိုဘဏ် ၊ ပုဂ္ဂလိကဘဏ်များ နဲ့ ပြည်သူများထံမှ နှစ်ရှည်ချေးငွေသဘောဖြင့် ငွေချေးယူခြင်း ဖြစ်ပါတယ် ။ အတိုးနှုံးက ယခင်ကာလများမှာ ချေးငွေသက်တမ်းအလိုက် 7.5 % မှ 9.5 % ထိ ရရှိပါတယ် ။ စာချုပ်သက်တမ်းပြည့်သောနှစ် ပြည့်မှသာ ငွေရင်းထုတ်ပေးပါတယ် ။ ယခု ငွေတိုးနှုံးမှာ 11.5 % မှ 12 % ထိ တိုးမြှင့်ထားပါတယ် ။   ဦးသိန်းစိန်   ၅ နှစ်         4500 ဘီလီယ်မှ 5000 ဘီလီယံ  ဒေါ်စုကြည် ၅ နှစ် 10800 ဘီလီယံ မှ 12000 ဘီလီယံ နစက ၅ နှစ် 20000 ဘီလီယံ မှ 25000 ဘီလီယံ            ဒီစာရင်းက အစိုးရ ၃ ခုရဲ့ ငွေတိုက်စာချုပ် ရောင်းထားရတဲ့ စာရင်းတွေပါပဲ ။ ငွေတိုက်စာချုပ်အား ပုဂ္ဂလိကဘဏ်များ နဲ့ ပြည်သူများက ဝယ်ယူလျှင် ငွေစက္ကူအသစ်ရိုက်ရန် မလိုအပ်ပါဘူး ။ ဗဟိုဘဏ်က ဝယ်ယူရာမှာ ဗဟိုဘဏ်ရဲ့ ချေးနိုင်တဲ့ ပမာဏထက် ပိုများနေရင် ငွေစက္ကူ အသစ် ရိုက်ရလေ့ရှိပြီး လှည့်လည်သုံးစွဲနေသော ငွေကြေးစနစ်ထဲ အများအပြား ဝင်လာပြီး ငွေကြေးတန်ဖိုးကျကာ ကုန်စျေးနှုံး မြင့်မားစေတဲ့ အရေးကြီးအချက်တချက် ဖြစ်လာစေပါတယ် ။            နစက လက်ထက်မှာ ပျမ်းမျှတနှစ် 4000 ဘီလီယံခန့် ထုတ်ရောင်းချခဲ့ပါတယ် ။ ယခု ရွေးကောက်ပွဲပြီး အစိုးရသစ်လက်ထက်မှာ 2100 ဘီလီယံထုတ်ရောင်းခြင်းသည် ဘက်ဂျက်လိုငွေ နည်းပါးစေရန် ချွေတာလာတဲ့ သဘော ပြနေပါတယ် ။ ကျနော်တို့ စိုးရိမ်ရမှာက ယခင် တနှစ် ဘီလီယံ ၄၀၀၀ ထုတ်ရောင်းရာကနေ ယခု တနှစ် ၄၀၀၀ ဘီလီယံ အထက် ထုတ်ရောင်းရပြီ ဆိုရင်တော့ ကြက်ဥတလုံး ၇၀၀ ကနေ ၁၅၀၀ ဖြစ်သွားနိုင်ပါတယ် ။            ငွေတိုက်စာချုပ်ဆိုတာ မြန်မာနိုင်ငံအနေနဲ့  နှစ်စဥ်ရောင်းကို ရောင်း​နေရအုံးမယ့် အနေအထားပါပဲ ။ ဘာကြောင့်လည်း ဆိုတော့ ရှေ့အစိုးရတွေ ရောင်းထားတဲ့ ငွေတိုက်စာချုပ်ရဲ့ အရင်းငွေ ထုတ်ယူမည့်ကာလဟာ နောက်အစိုးရလက်ထက်မှာ ပြန်ထုတ်ပေးရပါ့မယ် ၊ ဒီတော့ ပြန်ထုတ်ပေးနိုင်ဖို့ ထပ်ရောင်းလို့ ရတဲ့ငွေနဲ့ ပြန်ဆပ်ကြရတာပါ ။            ဒီတော့ အနှစ်ချုပ်ပြောရရင် ယခင်ကာလများမှာ ရောင်းချခဲ့တဲ့ တနှစ်စာ ငွေတိုက်စာချုပ်ပမာဏ ထက် လျှော့ရောင်းရပြီ ဆိုရင် စိုးရိမ်စရာ မလိုသေးပါဘူး ။ ပိုရောင်းနေရပြီ ဆိုရင်တော့ ပြည်သူတွေ ဒုက္ကရစရိယာ ကျင့်ကြံအားထုတ်ထားဖို့ပဲ အကြံပြုချင်ပါတယ် ။         #ကိုရွှေမျိုးဝင်း

လူရာဝင်မှု ရေချိန် ============== ဦးသိန်းစိန် ( 25 နိုင်ငံ) - အာဆီယံနိုင်ငံများ - ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအို၊ ဖိလစ်ပိုင်၊ ဘရူနိုင်း - အာရှနိုင်ငံများ - တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယာ - ဥရောပနိုင်ငံများ - ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ နော်ဝေး၊ ဖင်လန်၊ ဩစတြီးယား၊ ဘယ်လ်ဂျီယံ၊ အီတလီ၊ ဆဗစ်ဇာလန်၊ နယ်သာလန် -  အမေရိကန်ပြည်ထောင်စု (ကုလသမဂ္ဂညီလာခံနှင့် အိမ်ဖြူတော်ခရီးစဉ်) ၊ သြစတြေးလျ ဦးထင်ကျော် (၂၀၁၆ - ၂၀၁၈) { 7 နိုင်ငံ} - အာဆီယံနိုင်ငံများ - လာအို၊ ဗီယက်နမ်၊ ထိုင်း၊ ကမ္ဘောဒီးယား - အာရှနိုင်ငံများ - အိန္ဒိယ၊ တရုတ် - ဥရောပနိုင်ငံများ - ရုရှား (အာဆီယံ-ရုရှား ထိပ်သီးအစည်းအဝေး) ဦးဝင်းမြင့် (၂၀၁၈ - ၂၀၂၁) { 6 နိုင်ငံ } - အာဆီယံနိုင်ငံများ - စင်ကာပူ၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအို - အာရှနိုင်ငံများ - အိန္ဒိယ၊ နီပေါ ဒေါ်စုကြည် { 19 နိုင်ငံ နယ်သာလန် မပါ } - လာအိုနိုင်ငံ (မေလ ၂၀၁၆) ၊ ထိုင်းနိုင်ငံ (ဇွန်လ ၂၀၁၆) ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ (ဩဂုတ်လ ၂၀၁၆) ၊ အိန္ဒိယနိုင်ငံ (အောက်တိုဘာလ ၂၀၁၆) ၊ ဗီယက်နမ် ၊ စင်ကာပူ ၊ မလေးရှား ၊ ကမ္ဘောဒီးယားနှင့် အင်ဒိုနီးရှား - အင်္ဂလန် ၊ အီတလီ ၊ ဗာတီကန် ၊ ပြင်သစ် ၊ ဘယ်လ်ဂျီယံ ၊ ဆွီဒင် ၊ (မေလ - ဇွန်လ ၂၀၁၇) - အမေရိကန် (စက်တင်ဘာလ ၂၀၁၆) - ဂျပန် ၊ တောင်ကိုရီးယား ၊ သြစတြေးလျှ ( 2016 မှ 19) ( 2019 ဒီဇင်ဘာ နယ်သာလန် ICJ ခရီးက တရားရင်ဆိုင်ရန် )            ဒါတွေက မြန်မာသမ္မတများရဲ့ အစိုးရ သက်တမ်း ၅ နှစ်အတွင်း ပြည်ပနိုင်ငံတွေကနေ အစိုးရခြင်း ဖိတ်ခေါ်ချက်အရ သွားခဲ့ကြရတဲ့ တရားဝင်ခရီးတွေပါပဲ ။             ယခု သမ္မတကြီး ဦးမင်းအောင်လှိုင်ဟာ သက်တမ်း ၇ လ ခန့်အတွင်း ပြည်ပအစိုးရများရဲ့ ဖိတ်ခေါ်ချက်အရ ၉ နိုင်ငံ သွားပြီးပါပြီ ။ လတ်တလောကာလအတွင်း ဆက်လက် သွားရမယ့် တိုင်းပြ​ည်တွေလည်း ရှိပါသေးပါတယ် ။           ဒီတော့ ရုပ်သေးသမ္မတ ၂ ဦးကို ဘေးဖယ်ပြီး အချိုးကျ သုံးသပ်ရရင် 5 နှစ်အတွင်း ဦးသိန်းစိန် ( 25 နိုင်ငံ) ဒေါ်စုကြည် ( 19 နိုင်ငံ) လို့ တွေ့ရလို့ ဦးသိန်းစိန်သည် ပျမ်းမျှ တနှစ် ၅ နိုင်ငံ ၊ ဒေါ်စုကြည်သည် ပျမ်းမျှ တနှစ် ၄ နိုင်ငံခန့် ဆိုပြီး တွေ့နိုင်ပါတယ် ။           ဒေါ်စုကြည်ကို တကမ္ဘာလုံးက ထောက်ခံတယ်လို့ ကြွေးကြော်နေပေမယ့် တကယ်တမ်း စနစ်တကျ လူရာသွင်း ဖိတ်ခေါ်မှုမှာတော့ ဦးသိန်းစိန်ထက် သိသိသာသာ လျော့နည်းနေတာ တွေ့ရပါတယ် ။           ကမ္ဘာက လက်မခံပါဘူးဆိုပြီး လူယုတ်မာတွေ တွင်တွင်အပုပ်ချနေတဲ့  သမ္မတသစ် ဦးမင်းအောင်လှိုင်ကတော့ 182 ရက် ( ၆ လ) အတွင်း တရားဝင်ဖိတ်ခေါ်ချက်အရ ပြည်ပခရီး 9 ခု သွားခဲ့ပြီးပါပြီ ။ ပျမ်းမျှ အနေနဲ့ တွက်ဆပါက ဒေါ်စုကြည်သည် တနှစ် ၄ နိုင်ငံနှုံးသာ သွားနိုင်ခဲ့တာမို့ ဦးမင်းအောင်လှိုင်က သူမရဲ့ တနှစ်စကေးကို ၆ လ နဲ့ ၂ ဆ နီးပါး ကျော်လွန်နေပြီ ဖြစ်ကြောင်း တွေ့ရပါ့မယ် ။          တချို့ ကိစ္စတွေက ကိန်းဂဏန်း အချက်အလက်တွေထက် ကောလဟာလတွေက ဟိတ်ဟန်ပိုကြီးနေတတ်တာ တွေ့ရပါတယ် ။           #ကိုရွှေမျိုးဝင်း { ခွေးနာ လောက်ကိုက်လေးတွေက လာအုံးမယ် စားဆီစျေး ၊ ကြက်သွန်နီစျေး ၊ လောင်စာဆီစျေး ဘလာ ဘလာ နဲ့ မန့်အုံးမယ် ၊ ခုပြောထားတာ ကုန်စျေးနှုံး ပြဿနာမဟုတ်ဖူး နိုင်ငံတကာ အသိအမှတ်ပြုခြင်း မပြုခြင်း ၊ လူရာဝင်ခြင်း မဝင်ခြင်း ကိုပဲ DATA နဲ့ နှိုင်းယှဥ်ပြထားတာ နော် }

နိုင်ငံရေးတွင် အကြောင်းမဲ့ တိုက်ဆိုင်မှုမရှိ ========== ၁။ ရိုက်တာသတင်းဌာနရဲ့ ရေးသားချက်ကိုပဲ ကိုးကားပြောရရင်... အမေရိကန်နဲ့ မြန်မာအစိုးရကြားမှာ တိုက်ရိုက်ထိတွေ့ဆက်ဆံမှု တစ်ခု ရှိနေခဲ့ပြီလို့ ပြောလို့ရတယ်‌ပေါ့။ ဒါက ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅/၁၆ ရက်လောက်က နေပြည်တော်မှာ အမေရိကန်နိုင်ငံသား အဒမ် ကက်စ်တီလို လွတ်မြောက်ရေးက အဓိကကိစ္စတစ်ခုဖြစ်ခဲ့သလို အွန်လိုင်းလိမ်လည်မှု၊ မြေရှားသတ္တုနဲ့ တခြား အကြောင်းအရာတွေကိုပါ ဆွေးနွေးခဲ့ကြတယ်လို့ သတင်းမီဒီယာတွေက ယူဆနေခဲ့ကြတယ်။ ------ ၂။ တစ်ခုရှိတာက...အမေရိကန်ရဲ့ ပြောင်းလဲလိုက်တဲ့ နိုင်ငံခြားရေး မဟာဗျူဟာနဲ့ ဒေသတွင်းအင်အားချိန်ခွင်လျှာအရ...မိုက်ကယ် ဗန့်စ်ရဲ့ အခန်းကဏ္ဍနဲ့အတူ နှစ်နိုင်ငံကြား ဘာတွေ လျို့ဝှက်သဘောတူခဲ့ကြမလဲ ဆိုတဲ့ မေးခွန်းကလည်း လက်ရှိ အခြေအနေမှာ စိတ်ဝင်စားစရာကောင်းပါတယ်။ ၃။ ပိုပြီး စိတ်ဝင်စားစရာကောင်းတာက Time မဂ္ဂဇင်းရဲ့ အင်တာဗျူးက ဩဂုတ်လ ၂၈ ရက်နေ့၊ နေပြည်တော် မှာ လုပ်ခဲ့တာပါ။ ဒီအင်တာဗျူးမှာ သမ္မတဘက်က အမေရိကန် အနေနဲ့ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့မှုတွေကို ပြန်လည်သုံးသပ်ပေးဖို့ လိုလားကြောင်း ပြောဆိုထားတာ ရှိခဲ့တယ်။ ဒီအင်တာဗျူးက မိုက်ကယ် ဗန့် လာပြီး စက်တင်ဘာ ၂၃ မှာမှ ထုတ်ပြန်လာခဲ့တာပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒီအင်တာဗျုးကနေ မြန်မာနိုင်ငံမှာ အစိုးရတစ်ရပ် ရှိနေပြီဆိုတဲ့ အကြောင်း၊ ငြိမ်းချမ်းရေးဆွေးနွေးမှု တွေ လုပ်နေသလို အနောက်နိုင်ငံတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်လိုတဲ့ ဆန္ဒ ရှိတယ်ဆိုတာ ကို သတင်းစကား ပါးနိုင်ခဲ့ပါတယ်။ -------- ၄။ အမေရိကန်ရဲ့ မူဝါဒက ဘာကိုရည်ရွယ်သလဲ မေးရင်.....ဖြစ်နိုင်ချေ အရှိဆုံးက တရုတ်အပေါ် မှီခိုမှုကိုလျှော့ချဖို့ ကနဦး လိုလားမယ်။ တစ်ဖက်မှာလည်း ဒေသတွင်းသြဇာလွှမ်းမိုးမှုဆိုင်ရာ အကျိုးစီးပွားတွေ ပါဝင်နိုင်တယ်ဆိုတဲ့ ယူဆချက်ကလည်း မလွှဲမသွေ မျှော်လင့်ထားလို့ရနိုင်ပါလိမ့်မယ်။ ဖြစ်နိုင်တဲ့ အကျိုးစီးပွားက အချက် ၃ ချက်ကို အကောင်အထည် ဖော်ချင်ပါလိမ့်မယ်။ ပထမအချက်က ကျားဖြန့် အွန်လိုင်း လိမ်လည်မှု၊ ဒုတိယက မြေရှား သတ္တုနဲ့ တတိယက ဒေသတွင်း ဩဇာအာဏ ပြန်ရယူနိုင်ဖို့ ရည်ရွယ်ပါလိမ့်မယ်။ ----- ၅။ နိုင်ငံရေးမှာတော့ အကြောင်းမဲ့ တိုက်ဆိုင်မှု ဆိုတာ မရှိပါဘူး။ သဘောထားတင်းမာပါတယ် ဆိုတဲ့ မလေးရှားက ကိုယ်တွေ သမ္မတကြီးကို ဖိတ်ပြီး အာဆီယံထဲ ပြန်ပေါင်းထုတ်နိုင်ဖို့ ကူညီမယ်ဆိုတဲ့ စကားအခံကလည်း ရှိနေပြန်ပါတယ်။ ဒါက အာဆီယံ ကိုယ်၌က အိုးကမပူဘဲ စလောင်းဘက်က စပြီး ပူပြလာတဲ့ သဘောပါ။ စကားမစပ် UN ထိုင်ခုံ ရွေးချယ်ရေးမှာ အမြဲတမ်း ၃ နိုင်ငံထဲက အမေရိကန်ပါ ကိုယ်တွေဘက် ရှိနေရင်တော့...ကျော်မိုးထွန်းလည်း ပြေးပေါက် ကြိုရှာထားရမယ့်သဘောပဲ။ အကောင်းတကာ့ အကောင်းဆုံးကတော့ အမေရိကန်ရဲ့ ထိတွေ့ဆက်ဆံရေးမူရော၊ အာဆီယံရဲ့ ထိတွေ့မှုတွေမှာပါ ဘုံ ၅ ချက်က လျော့တိလျော့ရဲဖြစ်သွားသလို ရာဇဝင်ထဲမှာပါ စု ကို ချန်ထားရစ်ခဲ့ပြီ ဆိုတဲ့ သဘော တွေ့နေရတာတော့ အမှန်ပဲ။ #(နရီမိုး)

Repost from Ko Myo Win
ပြည် ဝေဒနာ ===========               ကျနော်တို့ ငယ်စဥ်က နာမည်ကြီး ရုပ်ရှင် တပြည်သူမရွှေထား ကို သိမှီသူတွေ အများကြီးပါပဲ ။ မေသန်းနု နေတဲ့ အိမ်ကြီးကိုလည်း မှတ်မိကြအုံးမှာပါပဲ ။ ကြီးကျယ်ခမ်းနားတဲ့ အိမ်ကြီးပေါ့ဗျာ ။ တနေ့က ပြည်ကိုရောက်တော့ ဟိုဟိုဒီဒီ လျှောက်လည်ရင်း ဗေဒါရီ ရေခပ်ဆင်းတယ် ဆိုတဲ့ ဂူနား ရောက်ပါရော ။              ကားလမ်းက ကျဥ်းပေမယ့် ကောင်းပါတယ်.. ရှေ့နားမှာ သစ်ပင်လဲနေလို့ ကားသွားမရတော့ဘူး ။ လမ်းထိပ်မှာ အမိုးနီနီနဲ့ အိမ်ကြီးကို မြင်ရပြီး မိတ်ဆွေက အဲဒါ တပြည်သူ မရွှေထားရဲ့ အိမ်ကြီးဗျ ဓာတ်ပုံရိုက်ချင် ရိုက်ခဲ့တဲ့ ။ ဒါနဲ့ လမ်းပိတ်နေတဲ့ သစ်ကိုင်းတွေကြားထဲကနေ အိမ်ကြီးဆီ သွားပြီး ဓာတ်ပုံရိုက်ခဲ့ပါတယ် ။ ကြီးမားခန့်ညားတဲ့ အိမ်ကြီးက ဖရိုဖရဲ ပျက်စီးနေတာ နှမျှောစရာပါပဲ ။ အစိုးရပိုင် အိမ်ကြီးမို့ မပြုပြင်ပဲ ပစ်ထားဟန်တူပါတယ် ။           ကတ္တရာလမ်းကြီးရှိတယ်.. နာမည်ကျော် ဗေဒါရီဂူကျောင်းနားလည်း ဖြစ်တယ်.. မြို့ပြနဲ့ နီးကပ်စွာရှိတယ်... နာမည်ကျော် ရုပ်ရှင်ဇာတ်ကားရဲ့ ဇာတ်အိမ်တည်ရာ အိမ်ကြီးလည်း ဖြစ်တယ်... ဘာကြောင့်များ မထိမ်းသိမ်းနိုင်ကြသလဲ တွေးမိပါရဲ့ ။ ပြုပြင်ပြီး အဆင့်မြင့်ကော်ဖီဆိုင်ဖွင့်လိုက်ရင်ကိုပဲ အကျိုးရှိနိုင်မယ့် နေရာလို့ ထင်ပါတယ် ။ ခုတော့ တနေ့တခြား ယိုယွင်းနေလေရဲ့...စိတ်ထဲမှာတော့ မေသန်းနု နဲ့ အိမ်ကြီးကို သတိရပြီး မြင်ရတဲ့ အိမ်အိုကြီးကြောင့် စိတ်မကောင်းဖြစ်မိတယ် ။          နောက်ထပ်စိတ်မကောင်း ဖြစ်မိတာ ရှိသေးတယ် ။ လူငယ်ဘဝကတည်းက ကြိုက်ခဲ့ရတဲ့ ကိုရွှေထူးရဲ့ ကာတွန်းထဲက ဇာတ်လိုက်ကျော် ကိုတင့် နဲ့ သားငယ် နိုင်ထူးတို့ အကြောင်းပေါ့ ။ ကိုတင့်က ပြည်မှာ တကယ်ရှိခဲ့တဲ့သူပဲ ။ စရိုက်ကလည်း ကာတွန်းထဲကအတိုင်းပဲတဲ့ ။ သူ့သားကလည်း အပြင်မှာအမည်ရင်း နိုင်ထူးပဲ ။             ပရဟိတလုပ်ရင်း သူတပါးကို အမြဲကူညီတတ်တဲ့ ကိုတင့်ကို ခင်မင်သူတွေ များကြသတဲ့ ။ ကာတွန်းနဲ့မတူတာက အပြင်က ကိုတင့်က အရက်အရမ်းသောက်တယ်... အဲဒီ အရက်ကြောင့်ပဲ ဆိုင်ကယ်မှောက်ပြီး ဆုံးပါးသွားခဲ့ရတယ် ။ သားဖြစ်သူ နိုင်ထူးလည်း ဖအေကိုတင့်နဲ့ ကံတူကျိုးပေး ပြောရမယ် ဖအေဆုံးပြီး မကြာဘူး သူလည်း အရက်မူးပြီး ဆိုင်ကယ်မှောက် ဆုံးပါးသွားရပြန်တယ် ။ ဒီအကြောင်း ကြားရတော့လည်း ကိုယ်သဘောကျတဲ့ ကာတွန်းဇာတ်လိုက် ကိုတင့်တို့ သားအဖအတွက် စိတ်မကောင်းဖြစ်ရပြန်ရော ။            ဒီပို့စ်က သွားရင်းလာရင်း သိလာရတာတွေကို မှတ်တမ်းတင်တဲ့သဘောပါပဲ ။ သင်ခန်းစာကတော့ ရှေ့လူတွေ ဘယ်လောက်ကြီးကျယ်ခန်းနားအောင် တည်ဆောက်ခဲ့ပါစေ နောက်လူမထိမ်းသိမ်း မပြုပြင်နိုင်ရင် ပျက်စီးမှာပဲ ဆိုတာရယ်... လူချစ်လူခင် ဘယ်လောက်များများ အရက်သောက်ပြီး သတိလက်လွတ်ဖြစ်ရင် ကိုယ်ပဲ နစ်နာရပြီး ဘယ်သူမှ မကယ်နိုင်ဘူးဆိုတဲ့ အကြောင်း သတိချပ်နိုင်ဖို့ပါပဲ ။        ကိုရွှေမျိုးဝင်း

ဆော်ဒီလေဆိပ်ဒုံးကျည်ထိပြန် NOM ဆော်ဒီအာရေးဗီးယားနိုင်ငံရီယာဒ့်မြို့တော်ရှိရီယာဒ့်အပြည်ပြည်ဆိုင်ရာလေဆိပ်သည်ယနေ့ညနေကဟူသီတို့၏ပဲ့ထိန်းဒုံးကျည်ထိမှန်ခဲ့ပြန်သည်။

Repost from Ko Myo Win
မုခ်ဦး နဲ့ လုံခြုံရေး ==============               တိုင်းပြည်ကာကွယ်ရေးအတွက် အသဲအသန် ကျိုးစားခဲ့ကြရတဲ့ တပ်ချုပ် ဗိုလ်ချုပ်ကြီးနေဝင်းလက်ထက်မှာ တရုတ်တွေက သူ့တပည့် ဗကပတွေရဲ့ ရန်သူဦးနေဝင်းကို လှောင်ပြောင်ပြီး ရေဒီယိုအစီအစဥ်ကနေ အတင်းပြောကြတယ် ။      '' နေဝင်းက မြန်မာပြည်ကို ဖျာစုတ်လေး ခြောက်ချပ် နဲ့ ဟိုနားလှည့်ကာ ဒီနားလှည့်ကာ လုပ်နေရရှာတာပဲ ''         ဆိုပြီးပေါ့ ။ အင်း..အဲဒီ ကာလတွေတုန်းက တပ်မတော်မှာ တိုက်ခိုက်ရေးတပ်မကြီးက ၆ ခုပဲ ရှိသေးတာကိုး ။ သူတို့တွေ အသက်ပေးကာကွယ်ခဲ့ကြလို့ပဲ မြန်မာ့မြေ ပဲ့ ပါမသွားတာ အားလုံးအသိပါပဲ ။            ခရီးထွက်ရင်း  ဒီသမိုင်းလေး ပြန်တွေးပြီး လမ်းဘေး ဝဲ ယာ လျှောက်ကြည့်တော့ ဘုန်းကြီးကျောင်း မုခ်ဦးတွေကို လှလှပပ ခန့်ခန့်ညားညား တွေရတယ်ဗျ ။ ပြဿနာက မုခ်ဦးကြီးကသာ လူမြင်ကွင်းမှာ ခန့်ညားနေတာ ဘုန်းကြီးကျောင်းကို ဘယ်နားဆိုတာ မမြင်ရတဲ့အပြင် ကျောင်းဝန်းနယ်နမိတ်အဖြစ် စည်းရိုး အုတ်တံတိုင်းကို မတွေ့ရပါဘူး... ခန့်ခန့်ညားညား မုခ်ဦးကြီးကတော့ ထီးထီးကြီး မားမားမတ်မတ်ရပ်လို့....           ကျနော်သိထားရသလောက် မုခ်ဦး ဆိုတာ အဝင်အထွက်လုပ်ဖို့ ဘုန်းကြီးကျောင်းဝန်း အဝင်တံခါးမှာ ခန့်ညားစွာ တည်ဆောက်ကြတာပါ ။ သူ့ဝန်းကျင် နယ်နမိတ်ကိုလည်း ကာရံထားတဲ့ အုတ်တံတိုင်း တည်ဆောက်ထားပြီးမှ မုခ်ဦးကနေ ဝင်ထွက်လုပ်ဖို့ စီစဥ်ကြလေ့ရှိတာပါ ။ အခု တွေ့ခဲ့ရတဲ့မုခ်ဦးကြီးတွေက ဘယ်နားက ဝင်ဝင်ရနေတဲ့ ဖင်ဟောင်းလောင်း ခြံစည်းရိုးထိပ် တည်နေတာ တွေ့ရတော့ အမြင်တမျိုးပဲ....တကယ်ကျတော့ ဘယ်ကဝင်ဝင် ရနေတဲ့ နေရာမှာ မုခ်ဦးထဲက မဝင်ပဲ လွယ်တဲ့ ဘေးကပဲ ဝင် ထွက် ကြမှာမို့ ကြွားဝါရုံပဲ အသုံးတဲ့သော မုခ်ဦးကြီးတွေပေါ့ဗျာ....              အင်း ကားပေါ်ကနေ ရောက်တတ်ရာရာ တွေးမိတွေးရာ လျှောက်တွေးရင်း လက်ဖက်ရည်သောက် နားအုံးမယ်ဗျာ ။         ကိုရွှေမျိုးဝင်း

မော်ဒယ်မြင့်ကားတွေနဲ့ ကားအသစ်တွေ အဝယ်အေးပြီး ဈေးနှုန်းတချို့ ပြန်လည်ကျဆင်းလာ အောက်တိုဘာ ၈ - ၂၀၂၆ SS (VOM) ပြည်တွင်း ကားစျေးကွက်အတွင်း ပြီးခဲ့တဲ့ လပိုင်းတွေက အရောင်းအဝယ်သွက်ပြီး စျေးနှုန်းမြင့်တက်ခဲ့တဲ့ မော်ဒယ်မြင့်ကားတွေနဲ့ ကားအသစ်တွေဟာ လက်ရှိမှာ အဝယ်အေးသွားပြီး စျေးနှုန်းတချို့ ပြန်ကျလာနေတယ်လို့ ကားဝယ်ရောင်း လုပ်ကိုင်သူတွေနဲ့ ဈေးကွက် ကျွမ်းကျင်သူတွေက ပြောပါတယ်။ “အခုက အောက်ကား အနည်းအကျဉ်းလောက် အရောင်းအဝယ် ဖြစ်တာကလွဲပြီး ဈေးကွက်အေးသွားတယ်။ ကားအမျိုးအစားအလိုက် အမြင့်ဆုံးဈေးထက် ကျပ်သိန်း ၁၀၀ ကနေ ၁၅၀ ဝန်းကျင်အထိ ပြန်ကျလာတယ်။ သိန်း ၃၀၀၀ အထိ ဈေးခေါ်ခဲ့တဲ့ အာတီဂါဆိုရင်လည်း သိန်း ၅၀၀ ၊ ၆၀၀ အထိကို ဆင်းသွားတယ်” လို့ ဝါရင့် ကားဝယ်ရောင်းလုပ်ငန်း လုပ်ကိုင်သူ တယောက်က ပြောပါတယ်။ လက်ရှိ စျေးကွက်အတွင်း မော်ဒယ်မြင့် SUV (Sport Utility Vehicle) ကားတွေနဲ့ လူကြိုက်များတဲ့ ကားအသစ်တချို့ ခေါ်စျေးတွေ အနည်းငယ်စီ ပြန်လည် ကျဆင်းလာပေမယ့် လုပ်ငန်းသုံး၊ အိမ်စီးကား အလတ်စားတွေနဲ့ စျေးနှုန်းသက်သာတဲ့ မော်ဒယ်နိမ့်ကားတွေကတော့ အရောင်းအဝယ် ပုံမှန် ရှိနေဆဲပဲလို့ သူက ပြောပါတယ်။ “ဆီဈေး တက်သွားတာကြောင့်ရော၊ ကားဈေးအမြင့်ဆုံး ရောက်သွားတာကြောင့်ရော အဝယ်သမားတွေ အားလုံးလိုလိုက အဝယ်တွေ ခဏ ရပ်ထားကြတယ်။ အခြေအနေ စောင့်ကြည့်နေကြတယ်ပေါ့။ သိန်းထောင်ချီ ခေါ်ထားတဲ့ ကားတချို့ဆိုရင် အဝယ်မရှိတော့လို့ သိန်းရာဂဏန်းကနေ ထောင်ဂဏန်းအထိ စျေးပြန်လျှော့ပြီး ခေါ်လာကြတာမျိုးရှိတယ်” လို့ သူက ပြောပါတယ်။ ပြည်ပကနေ ကားအစိတ်အပိုင်းတွေ တင်သွင်းပြီး ပြည်တွင်းမှာ ထုတ်လုပ် တပ်ဆင်တဲ့ SKD နဲ့ CKD ကားတွေဟာ ပြီးခဲ့တဲ့ လပိုင်းတွေက စက်ရုံထုတ်ဈေးထက် ပြင်ပပေါက်ဈေး ကျပ်သိန်းထောင်ချီ မြင့်တက်ကာ ဝယ်လိုအား ကောင်းခဲ့ပေမယ့် အခု အောက်တိုဘာ လဆန်းပိုင်းမှာ ဈေးကွက်အတွင်း အရောင်းအဝယ်ပုံမှန်သာ ရှိတော့တယ်လို့ ကားဈေးကွက် ကျွမ်းကျင်သူတစ်ယောက်က ပြောပါတယ်။ “ကားဈေးမဆင်းဘူးလို့ ပြောနေကြပေမယ့် Suzuki Ertiga type D က အရင် သိန်း ၂၈၀၀ ကျော်ကနေ အခု သိန်း ၂၆၀၀ ကျော်အထိ ဈေးချရောင်းနေရတယ်။ ၂၅၀၀ ကျော်တောင် ဝယ်သူ မရှိတော့ဘူး။ တခြားကားတွေကလည်း သီတင်းကျွတ် ပရိုမိုးရှင်းဆိုပြီး သိန်း ၅၀ ကနေ ၁၀၀ အထိ ဆင်းနေတယ်။ EV ကားတွေလည်း အရောင်းအဝယ် ငြိမ်နေတယ်” လို့ သူက ပြောပါတယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်း မတည်ငြိမ်မှု၊ ကျပ်ငွေကြေးတန်ဖိုး ကျဆင်းမှုတို့ကြောင့် ငွေကိုင်ထားသူတချို့က ကားဈေးကွက်အတွင်း ရင်းနှီးမြှုပ်နှံလာကြတဲ့အတွက် ပြီးခဲ့တဲ့ လတွေက ဝယ်လိုအားတွေ မြင့်တက်ခဲ့ပြီး ဈေးနှုန်းတွေ အမြင့်ပိုင်းကို ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။ စျေးကွက် ကျွမ်းကျင်သူတွေရဲ့ သုံးသပ်ချက်အရ နိုင်ငံခြား ငွေလဲလှယ်နှုန်းနဲ့ မော်တော်ယာဉ် တင်သွင်းမှုဆိုင်ရာ မူဝါဒ အပြောင်းအလဲတွေပေါ် မူတည်ကာ စျေးကွက်အခြေအနေ ဆက်လက် ပြောင်းလဲနိုင်ခြေ ရှိနေပြီး လက်ရှိ အဝယ်အေးနေတဲ့ အခြေအနေကြောင့် စျေးနှုန်းတွေ ထပ်မံ ကျဆင်းလာနိုင်ခြေ ရှိ၊ မရှိ ဆိုတာကတော့ စောင့်ကြည့်ရဦးမယ်လို့ သိရပါတယ်။ Photo - CJ #voiceofmyanmar #VOM #ကားဈေးကွက်

ကော်ဇောနီထက်က ခြေလှမ်းများ ==================== သမ္မတကြီးရဲ့ မလေးရှားခရီးစဉ်ကတော့ မနေ့ကပဲ အစပြုခဲ့ပါပြီ။ မလေးရှားနိုင်ငံကို ရောက်တဲ့အချိန် ကော်ဇောနီခင်းပြီး ကြိုဆိုပုံက အနီတွေအတွက်တော့ အသည်းပေါက်စရာဖြစ်လိမ့်မယ်။ လမ်း တစ်လျှောက်က သမ္မတကြီးကို ဂုဏ်ပြုကြိုဆိုတဲ့ပုံတွေ၊ နှစ်နိုင်ငံ အလံတွေကို လွှင့်ထူထားတာ တွေက လှိုက်လှဲနွေးထွေးမှုကို ပြနေတာပဲ။   ရောက်ရောက်ချင်းပထမနေ့မှာပဲ သမ္မတကြီးအနေနဲ့ မြန်မာ-မလေးရှား နှစ်နိုင်ငံ စီးပွားရေးဆိုင်ရာ အဆင့်မြင့်ဆွေးနွေးပွဲကို တက်ရောက်မိန့်ခွန်းပြောခဲ့ပါတယ်။ ရောက်တဲ့နိုင်ငံတိုင်းမှာ ပြည်သူ/ ပြည်သားတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ၊ စီးပွားရေးအခွင့်အလမ်းတွေ ရှာဖွေနိုင်ဖို့ ကြိုးစားနေတဲ့ သမ္မတကြီးရဲ့ စေတနာကို မြင်ရလိမ့်မယ်။ မလေးရှား စီးပွားရေးလုပ်ငန်းရှင်တွေဘက် ကလည်း စိတ်ဝင်တစားနဲ့ အားတက်သရော ဆွေးနွေးခဲ့ကြပါတယ်။   ညနေပိုင်းမှာ မြန်မာသံရုံး၊ စစ်သံရုံး မိသားစုဝင်တွေကို သွားရောက်တွေ့ဆုံပြီး အမှာစကားပြောကြား ခဲ့တယ်။ အထူးသဖြင့် မလေးရှားနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာအလုပ်သမားတွေရဲ့ အရေးကိစ္စကို အရေးတယူဆောင်ရွက်ပေးဖို့၊ ဥပဒေအရ ကာကွယ်ပေးဖို့၊ အမျိုးဂုဏ် ဇာတိဂုဏ်ကို မြှင့်တင်နိုင် အောင် ကြိုးစားဆောင်ရွက်ကြဖို့ မှာခဲ့တယ်။ ဘယ်နေရာပဲ ရောက်နေနေ ကိုယ့်နိုင်ငံသားတွေပဲဖြစ်လို့ ကိုယ့်နိုင်ငံသားတွေရဲ့ အခွင့်အရေးအပြည့်အဝ ရဖို့ကို သက်ဆိုင်ရာနိုင်ငံတွေရဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံတဲ့အခါမှာလည်း သမ္မတကြီးအနေနဲ့ လေးလေးနက်နက် ပြောဆိုခဲ့တာ တွေ့ရလိမ့်မယ်။     ဒီကနေ့မှာ မလေးရှားနိုင်ငံ ဝန်ကြီးချုပ်နဲ့ တွေ့ဆုံဆွေးနွေးသွားဖို့ ရှိနေတယ်။ ဝန်ကြီးချုပ်ရုံးမှာ ကော်ဇောနီခင်းပြီး ဂုဏ်ပြုတပ်ဖွဲ့နဲ့ တခမ်းတနားကြိုဆိုဖို့ ပြင်ဆင်နေတဲ့ မြင်ကွင်းပုံရိပ်တွေက အနီ တွေအတွက် ငိုမယ်ဆိုရင် ငိုချင်စရာပဲပေါ့။   #ကိုလူပျို (၈-၁၀-၂၀၂၆)