cookie

We use cookies to improve your browsing experience. By clicking ÂŤAccept allÂť, you agree to the use of cookies.

avatar

S-Power🇲🇲

အမှန်တရားအတွက်ဆိုရင် ရဲဝံ့စွာရင်ဆိုင်သွားမယ်

Show more
Advertising posts
249Subscribers
No data24 hours
-27 days
-830 days

Data loading in progress...

Subscriber growth rate

Data loading in progress...

- ကျောက်တံခါးမြို့နယ်ရှိ လယ်ယာမြေအတွင်း အကြမ်းဖက် KNU/PDF အဖွဲ့မှ မိုင်းထောင်ခဲ့သဖြင့်အပြစ်မဲ့ ပြည်သူတစ်ဦးထိခိုက် *** ဧပြီ ၈ ယနေ့  မွန်းလွှဲ ၃ နာရီအချိန်ခန့်က ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၊ တောကျွဲအင်း (ခ)အောင်မြင်မြို့ ၊ သံမဏီရပ်ကွက်တွင် နေထိုင်သူ ကိုကျော်မိုးနိုင်၊ ၅၆ နှစ်၊ လယ်ယာလုပ်ကိုင်သူသည် ၎င်းပိုင်ဆိုင်သော လယ်ကွက်ရှိရာ  အောင်သိဒ္ဓိကျေးရွာအနီးရှိ လယ်ကွက်အတွင်းသို့ လယ်ယာလုပ်ငန်းခွင် ပဲမှော်များအား မီးရှို့ရန် လှည်းလမ်းမကြီးအတိုင်း ဆိုင်ကယ်ဖြင့် မောင်းနှင်သွားခဲ့စဉ် လယ်ကွက်အတွင်းသို့အရောက်တွင် အကြမ်းဖက်သောင်းကျန်းသူများအဖွဲ့  KNU/PDF အကြမ်းဖက်သမားများ ထောင်ထားသော နင်းမိုင်းတစ်လုံးမှာ ထပေါက်ခဲ့ရာ ကိုကျော်မိုးနိုင် မောင်းနှင်လာသော ဆိုင်ကယ်၏ အနောက်အား မိုင်းစများထိမှန်ခဲ့၍ ဆိုင်ကယ်မှာမှောက်သွားခဲ့ပြီး ကိုကျော်မိုးနိုင်တွင် ဘယ်ပေါင်တွင်မိုင်းစထိ မှန်ပေါက်ပြဲဒဏ်ရာ၊ ဘယ်လက်ကောက်ဝတ် မိုင်းစမှန် ပွန်းပဲဒဏ်ရာများရရှိခဲ့ပြီး ဆိုင်ကယ်မှာ ပျက်ဆီးသွားခဲ့ကြောင်းသိရသည်။ #PAN
Show all...
😢 2
Repost from MWD News
ပဲခူးတိုင်းဒေသကြီး ၊ မင်းလှမြို့နယ်နှင့် အုတ်ဖိုမြို့နယ်တို့မှ လမ်းသွားလမ်းလာ ပြည်သူများကို စစ်မှုထမ်းဆောင်ရန် ပေါ်တာဆွဲဖမ်းဆီးနေကြောင်း သတင်းတု ၊ သတင်းအမှားများကို မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိသည်။(ဧပြီလ ၈)
Show all...
- ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်က ကျေးရွာတစ်ချို့မှာ တအောင်းပလောင်သောင်းကျန်းသူတွေဖြစ်တဲ့ TNLA က စစ်တပ်ထုတ်ကုန်တွေကို ရောင်းချတယ်ဆိုပြီး ဈေးဆိုင်ရှင်တစ်ချိုကို ဖမ်းဆီးတာတွေရှိသလို ဈေးဆိုင်တစ်ချို့က စားသောက်ကုန်တွေကို သိမ်ဆည်းတာတွေ ဖျက်စီးတာတွေလုပ်နေတာကြောင့် ဈေးရောင်းချသူတွေဟာ အခက်အခဲမျိုးစုံနဲ့ ကြုံတွေ့နေရတယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက PAN ကိုပြောပါတယ်။ #pan_broadcasting
Show all...
Repost from MWD News
မန္တလေးတိုင်းဒေသကြီး ၊ အောင်မြေသာစံမြို့နယ်ရှိ “လင်းလက်ဝါ” ရွှေပန်းထိမ်ဆိုင်အား လုယက်မှုကျူးလွန်ခဲ့သူ တရားခံအမျိုးသားခုနှစ်ဦးအား ဖော်ထုတ်ဖမ်းဆီးရမိသည်။(ဧပြီလ ၈)
Show all...
Repost from News Of Myanmar NOM
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရှိ “လင်းလက်ဝါ” á€›á€˝á€žá€ąá€•á€”်းထိမ်ဆိုင်ဥဏး လုယက်မှုကျူးလွန်ခဲ့သူ တရားခံ အမျိုးသားခုနစ်ဦးအား ဖော်ထုတ်ဖမ်းဆီးရမိ   နေပြည်တော်၊ ဧပြီ ၈       ၂၀၂၄ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့ ညနေ ၅ နာရီ ၁၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ၂၂ လမ်းနှင့် ၈၉ လမ်းထောင့်ရှိ “လင်းလက်ဝါ”ရွှေပန်းတိမ်ဆိုင်သို့ လုံခြုံရေး တပ်ဖွဲ့ဝင်များပုံသဏ္ဍာန်အသွင်ယူဝတ်ဆင်ထားသည့် အမျိုးသားလေးဦးသည် အဖြူရောင်မော်တော် ယာဉ်တစ်စီးနှင့်အတူ ရောက်ရှိလာပြီး နေအိမ်အတွင်းသို့ ဝင်ရောက်ကာ ဧည့်စာရင်းစစ်ရန်နှင့် လူများစစ်ဆေးရန်ရှိကြောင်း ပြောဆို၍ အိမ်ရှင်များအား တွန်းထိုးရိုက်နှက်ပြီး နေအိမ် အပေါ် ထပ်ရှိ အခန်းများအား လိုက်လံပြသခိုင်းကာ နေအိမ်တတိယထပ်ရှိ ရွှေထည်ပစ္စည်းများထားသည့် မီးခံသေတ္တာအား ဖွင့်ခိုင်း၍ အဆိုပါမီးခံသေတ္တာအတွင်းမှ ရွှေထည်ပစ္စည်းမျိုးစုံ အလေးချိန်(၂) ပိသာခွဲခန့်၊ ကာလတန်ဖိုးငွေကျပ်သိန်း(၁)သောင်းကျော်ခန့်အား လုယက်ယူဆောင် သွားခဲ့သဖြင့် တရားခံများဖမ်းဆီးရမိနိုင်ရေး အောင်မြေသာစံမြို့နယ်၊ အမှတ်(၅)မြို့မရဲစခန်းတွင် ရာဇသတ်ကြီး ပုဒ်မ ၃၉၄/၁၁၄ ဖြင့် အမှုရေးဖွင့်ဆောင်ရွက်ခဲ့ပါသည်။       ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးရဲတပ်ဖွဲ့ဝင်များက နေ့၊ ညမပြတ် သတင်းရယူစုံစမ်းထောက်လှမ်းခြင်း၊ ခေတ်မီနည်းပညာအကူအညီများ ရယူအသုံး ပြုခြင်း၊ တရားဥပဒေစိုးမိုးရေးနှင့် အေးချမ်းတည်ငြိမ်စွာ နေထိုင်လိုသော ပြည်သူများ၏ ပူးပေါင်း ပါဝင်မှုကြောင့် ပြစ်မှုကျူးလွန်သည့် တရားခံလေးဦးတွင် ပါဝင်သူ ပုသိမ်ကြီးမြို့နယ်၊ အောင်သုခ ရပ်ကွက်နေ မြတ်သူအောင်(၂၄)နှစ်၊ (ဘ)ဦးအောင်ဌေးအား ဧပြီလ ၇ ရက်နေ့ ည ၁၂ နာရီခွဲတွင် ၎င်း၏နေအိမ်တွင် တွေ့ရှိဖမ်းဆီးရမိခဲ့ပါသည်။     ဖမ်းဆီးရမိသူ တရားခံမြတ်သူအောင်၏ ထွက်ဆိုချက်အရ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သူ ပုသိမ်ကြီးမြို့နယ်၊ နတ်စိမ်းကျေးရွာနေ စိုးမိုးဦး(၂၄)နှစ်၊ (ဘ)ဦးမြင့်လင်း၊ ပန်းတိမ်လုပ်ငန်း လုပ်ကိုင်သူအား ဧပြီလ ၈ ရက်နေ့ နံနက် ၁ နာရီ ၄၅ မိနစ်တွင်လည်းကောင်း၊ တစ်ရွာတည်းနေ ညီထူးအောင်(ခ)ညီညီ(၂၃)နှစ်၊ (ဘ)ဦးအောင်ကျော်၊ ကျဘမ်းလုပ်ကိုင်သူအား နံနက် ၂ နာရီတွင် လည်းကောင်း၊ ပုသိမ်ကြီးမြို့နယ်၊ ကံကွဲကျေးရွာနေ မျိုးကို(ခ)မျိုးကိုကို(ခ)အားကွေ့(၂၅)နှစ်၊ (ဘ)ဦးအောင်ငွေ၊ ပန်းတိမ်လုပ်ငန်းလုပ်ကိုင်သူအား နံနက် ၂ နာရီ ၁၅ မိနစ်တွင်လည်းကောင်း ၎င်းတို့၏နေအိမ်အသီးသီးတွင် ဖမ်းဆီးရမိခဲ့ပါသည်။     ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်များအရ “လင်းလက်ဝါ” ရွှေပန်းတိမ်ဆိုင်အား လုယက်၊ ဓါးပြတိုက်ရန် သတင်းပေးခဲ့သူ အောင်မြေသာစံမြို့နယ်၊ ဌာနေအရှေ့ရပ်ကွက်၊ အကွက်(၂၁)၊ ဘုရားငါးဆူဝန်းနေ ကိုကိုနိုင်(ခ)ကိုနိုင်(၄၂)နှစ်၊ (ဘ)ဦးအောင်ခင်၊ ရွှေပန်းတိမ် လုပ်ငန်းလုပ်ကိုင်သူအား နံနက် ၉ နာရီ ၁၅ မိနစ်တွင်လည်းကောင်း၊ လုယက်၊ ဓါးပြတိုက်ရာမှ ရရှိလာသည့် ရွှေထည်ပစ္စည်းများအား ကော်ခွာခြင်း၊  ရွှေအရည်ကျိုခြင်းများ ကူညီလုပ်ကိုင်ပေးသူ ပုသိမ်ကြီးမြို့နယ်၊ နတ်စိမ်းကျေးရွာနေ မင်းမင်းစိုး(ခ)တုတ်ကြီး(၂၃)နှစ်၊ (ဘ)ဦးကြည်သန်း၊ လက်သမားလုပ်ကိုင်သူအား နံနက် ၉ နာရီ ၄၀ မိနစ်တွင်လည်းကောင်း၊ ရွှေပန်းတိမ်ဆိုင်အား လုယက်၊ ဓါးပြတိုက်ရန်အတွက် ကိုကိုနိုင်(ခ)ကိုနိုင်အား မြတ်သူအောင်နှင့် ချိတ်ဆက်တွေ့ဆုံ ပေးပြီး လုယက်၊ ဓားပြတိုက်ရာတွင် အသုံးပြုခဲ့သည့် လိုင်စင်မဲ့မော်တော်ယာဉ်နှင့် သေနတ်ဝယ်ယူ ပေးသူ၊ ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်နေ ထက်လှိုင်(ခ)ကိုလှိုင်ကြီး၊ ကားအရောင်း အဝယ်လုပ်ငန်းလုပ်ကိုင်သူအား နံနက် ၁၀ နာရီခွဲတွင်လည်းကောင်း ၎င်းတို့၏ နေအိမ်အသီးသီး၌ ထပ်မံဖော်ထုတ်ဖမ်းဆီးရမိခဲ့ပါသည်။     ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကို လိုလားသည့် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှု၊ လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၏ နေ့၊ ညမပြတ် ကြိုးပမ်းဆောင်ရွက်မှုတို့ကြောင့် အမှုမှ တရားခံ မြတ်သူအောင်၊ စိုးမိုးဦး၊ ညီထူးအောင်(ခ)ညီညီ၊ မျိုးကို(ခ)မျိုးကိုကို(ခ)အားကွေ့၊ မင်းမင်းစိုး(ခ)တုတ်ကြီး၊ ကိုကိုနိုင်(ခ)ကိုနိုင်နှင့် ထက်လှိုင်(ခ)ကိုလှိုင်ကြီးတို့(၇)ဦးအား ပြစ်မှု ဖြစ်ပွားပြီး (၁၂)ရက်အတွင်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ထံမှ ပါဆုံးသက်သေခံရွှေထည် ပစ္စည်းများနှင့် ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် Mark II 99 အဖြူရောင် မော်တော်ယာဉ် တစ်စီး၊ ပစ္စတိုသေနတ်တစ်လက်တို့အား သိမ်းဆည်းရမိခဲ့ပြီး ပြစ်မှုကျူးလွန်သူတရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Show all...
❤ 1
ကမာဝက်လည်းဆိုးနေပြီ ခဏခဏဘဲ... ယနေ့၇ရက် ည၈ နာရီ၅၀အချိန် မုဒုံမြို့နယ်၊ကမာဝက်မြို့ ၊စိန်တောင်ကျေးရွာရပ်ကွက်(၁၁)နေ ဦးထိန်လင်း(ခ)ဦးမော့ ၊အသက်( ၅၃) နှစ် အဖေ ဦးကွန်ဒတ် သည် ၎င်း၏နေအိမ်အောက်ထပ်တွင်ရှိ့နေစဥ် မွန်ပြည်သစ်ခွဲထွက်PDFအဖွဲ့မှ ခေါင်းဆောင်(စီစစ်ဆဲ)ဆိုင်ကယ်နှစ်စီးလူလေးယောက်တို့မှလက်နက်ငယ်များဖြင့်ပစ်ခတ်ခဲ့၍ ဦးထိန်ဝင်း( ခ)ဦးမော့ နှင် ၎င်း၏သားဖြစ်သူ မောင်သိန်းဉာဏ်(၁၈)နှစ်တို့အခင်းဖြစ်နေရာတင်သေဆုံးသွားတယ်လို့သိရသည်။ ထရုမီဒီယာ
Show all...
👍 1😢 1
Repost from Naung Taw Lay
လိင်ပိုင်းဆိုင်ရာ မေးခွန်းများဖြင့် အင်တာဗျူးလုပ်ခဲ့သည့်အပေါ် ဝေဖန်မှုများ မြင့်တက် ရန်ကုန်၊ ဧပြီ ၄ Facebook လူမှုကွန်ရက်တွင် Nyein Chan Htet Aung - WISE အမည်ဖြင့် လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ မေးခွန်းများမေးမြန်း၍ ရုပ်သံဖော်ပြခဲ့သည့်အပေါ် ဝေဖန်မှုများ မြင့်တက်လျက်ရှိသည်။ Nyein Chan Htet Aung ၏ "၁၈နှစ်အောက် မကြည့်ရ [Street Interview]" တွင် မေးမြန်းထားသည့် မေးခွန်းများအပေါ် ဝေဖန်မှုများ မြင့်တက်လျက်ရှိပြီး ထိုသို့သော လုပ်ဆောင်မှုအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများက အရေးယူနိုင်ခြင်း ရှိမရှိ ဆက်သွယ်မေးမြန်းကြသည်။ ထိုသို့ မဖွယ်မရာမေးခွန်းများ မေးမြန်းတင်ဆက်သူကို စပွန်ဆာပေးထားသူများလည်း ရှိသည်။ Nyein Chan Htet Aung ၏ စာမျက်နှာတွင် မိန်းခလေးများအား သူနှင့် လိင်ဆက်ဆံမလားဟု လိုက်လံမေးမြန်းထားသည့် ရုပ်သံကို ပြန်လည် ဖြုတ်ချသွားခဲ့သည်။ Nyein Chan Htet Aung ၏ လုပ်ဆောင်ချက်အပေါ် အရေးယူဆောင်ရွက်၍ ရ/မရ ဟူသည် ရုပ်သံရိုက်ကူးထုတ်လုပ် ဖြန့်ချိမှု စိစစ်ဆောင်ရွက်သူများနှင့် အဓိက သက်ဆိုင်ပါသည်။ ပြန်ကြားရေးဝန်ကြီးဌာန၏ အသိပေးကြေညာချက်တွင် တေးသီချင်းဗွီဒီယိုများ ရိုက်ကူးထုတ်လွှင့် ပြသမှုနှင့် ပတ်သက်၍ ဆင်ဆာမူဝါဒတွင် ကာမရာဂလှုံ့ဆော်မှုများ ပါဝင်မှုမရှိစေရေး အသိပေးထုတ်ပြန်ထားသည်။ ဆင်ဆာမူဝါဒများကို ရိုက်ကူးထုတ်လွှင့် ပြသမှုများဆောင်ရွက်ပါက တည်ဆဲဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မည်ဟု ဆိုသည်။ #News
Show all...
April 7 မြဝတီအာရှလမ်းမကြီး ဒေသအခေါ် ကွမ်းခြံကုန်းနေရာတွင် အကြမ်းဖက် တာဘော၊လက်ပြတ်၊ခွေးဘီလူးအဖွဲ့များရောက်ရှိနေ။ မြဝတီမြို့ကို အကြမ်းဖက်အဖွဲ့တွေ မတိုက်ပါဘူး ယ ပလက်နဲ့ညှိထားကြတာပါ၊ ကော့ကရိတ်အထူးသတိထားရပါလိမ့်မယ်။ ညီနောင် ကို အဓိက တိုက်မယ်သတင်းပေးခဲ့တယ် မကာကွယ်နိုင်ခဲ့ဘူး၊ စိတ်ဓာတ်ညံ့ဖျင်းပြီး တုံးတိုက်တိုက်ကျားကိုက်ကိုက်စိတ်၊ လှေခွက်ချည်းကျန် အလံမလဲသည့်စိတ်၊ နိုင်ငံတော်၊ပြည်သူနှင့်တပ် မတော် အပေါ်အသက် ပေးပြီးကာကွယ်လိုစိတ်တွေ ပျောက်ပြီး ရန်သူ့ရဲ့လှည့်စားထောင်ချောက်ဆင်တဲ့အကွက်ထဲဝင်သွားခဲ့ကြတယ်။ ထပ်ပြောမယ် ကော့ကရိတ်၊ဝေါလေ၊စုကလိ၊ဥကရစ်ထ၊ ကြာအင်းဆိပ်ကြီးဘက်အထူးသတိပြုပါ။ ဒါပြီးလျှင် မွန်ပြည်နယ် ၊တနင်္သာရီတိုင်းဘက် အကြမ်းဖက်အဖွဲ့တွေ စစ်ရှိန်မြင့်အကြမ်းဖက်တိုက်ခိုက်လာလိမ့်မယ်။ မယုံလျှင်မှတ်ထား ဒီနေ့ ၇-၄-၂၀၂၄ ရက်နေ့ ညနေ ၆ နာရီမှာ သတင်းတင်ပေးထားတယ်။ #နန်းငယ်
Show all...
Repost from Saw Ba Maung
ကော့ဒွတ်ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းအား အကြမ်းဖက် PDF များမှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ် **** ဧပြီလ ၇ ရက်နေ့ နေ့လည် ၁ နာရီအချိန်ခန့်က မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကော့ဒွတ်ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးအနိုင်နှင့် အခြားအမျိုးသားတစ်ဦးတို့ ကော့ဒွတ်ကျေးရွာမှ ကျိုက်မင်းဝဘုရားဘက်သို့ ကားဖြင့်သွားနေစဉ် အကြမ်းဖက် PDF များမှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားကြောင်း သတင်းရရှိပါသည်။ ဖြစ်စဥ်တွင် အကြမ်ဖက် PDF များမှ အုပ်ချုပ်ရေးမှူးဟောင်း ဦးအနိုင်အား သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီးနောက် ၎င်းနှင့် အတူပါလာသည့် အမျိုးသားတစ်ဦးအားလည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရပါသည်။ ကော့ဒွတ်ကျေးရွာတွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစန်းဝင်းအား အကြမ်းဖက် PDF အဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ဖူးကြောင်း သိရှိရပါသည်။ # Saw Ba Maung
Show all...
- မြဝတီမြို့အနီးတဝိုက်တွင် စစ်ရေးတင်းမာမှုများ မြင့်တက်နေသော်လည်း မြို့တွင်း၌ ပုံမှန်အတိုင်းသာ သွားလာနေကြဟု ဆို ============================================================= ထိုင်း-မြန်မာ နယ်စပ် မြဝတီမြို့အနီးတွင် စစ်ရေးတင်းမာမှုအမြင့်ဆုံးအခြေအနေသို့ ရောက်နေသော်လည်း မြို့တွင်း၌ ယနေ့ ဧပြီ (၇)ရက် နံနက်ပိုင်းအချိန်အထိ ပုံမှန်အတိုင်း သွားလာနေကြကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ စုံစမ်းသိရသည်။ "မြဝတီမြို့က ဒီနေ့ နံနက်ပိုင်းအထိ အေးဆေးပါပဲ။ ဆိုင်ကယ်တွေ ကားတွေလည်း ပုံမှန်သွားနေကြတယ်။ အမှတ်(၂) တံတားကိုလာတဲ့ မြေနီကုန်းလမ်းဆုံမီးပွိုင့်မှာလည်း ‌ပုံမှန်သွားနေကြတယ်။ တိုက်ပွဲဖြစ်တာက ကုန်သွယ်ရေးဇုန် ဟိုဘက်အခြမ်းမှာပါ။ သတင်းတွေကတော့ လိုင်းပေါ်မှာကောလာဟလ ပြန့်နေတာပဲ။ ဒီမှာက အေးအေးဆေးဆေးပါ" ဟု မြဝတီမြို့ခံတစ်ဦးက ယနေ့နံနက်ပိုင်း မြဝတီမြို့၏ အခြေအနေကို ပေါ်ပြူလာနယူးစ်သို့ ပြောပြသည်။ #Popularmyanmar
Show all...
👍 2