cookie

We use cookies to improve your browsing experience. By clicking «Accept all», you agree to the use of cookies.

avatar

Naung Taw Lay

National Journalist

Show more
Advertising posts
15 967
Subscribers
+324 hours
-17 days
-11630 days

Data loading in progress...

Subscriber growth rate

Data loading in progress...

Photo unavailableShow in Telegram
ယူကရိန်းဒရုန်း ၃၆ စင်းကို ရုရှား၏ လေကြောင်းရန်ကာကွယ်ရေးတပ်များက ဖျက်ဆီးပစ်နိုင်ခဲ့ မော်စကို၊ ဇွန် ၃၀ ရုရှား၏ လေကြောင်းရန်ကာကွယ်ရေးတပ်များသည် ဗဟိုဖက်ဒရယ်ခရိုင်ဒေသများပေါ်တွင် ယူကရိန်းဒရုန်း ၃၆ စင်းကို ဖျက်ဆီးခဲ့ပြီး ၎င်းတို့အနက် ၁၅ စင်းကို နယ်စပ်မျဉ်းရှိ Kursk ဒေသတွင် ဖြတ်ချနိုင်ခဲ့သည်ဟု ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ "မနေ့ညက ရုရှားဖက်ဒရေးရှင်းပိုင်နက်မှာ ရှိတဲ့ အဆောက်အဦတွေကို အကြမ်းဖက်တိုက်ခိုက်ဖို့ Kiev အစိုးရရဲ့ တောင်ပံမဲ့ မောင်းသူမဲ့ လေယာဉ် (UAV) ကို အသုံးပြုဖို့ ကြိုးပမ်းမှု ပျက်ပြယ်သွားပါတယ်။ တာဝန်ကျ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေက Kursk ဒေသ၊ Lipetsk ဒေသ၊ Voronezh ဒေသ၊ Bryansk ဒေသ၊Oryol နှင့် Belgorod ဒေသများမှာ UAV များကို ဖျက်ဆီးပစ်နိုင်ခဲ့ပါတယ်” ဟု ဝန်ကြီးဌာနက ပြောကြားခဲ့သည်။ Ref - TASS Join - https://t.me/MyanmarNationalPost (သတင်းများ ပေးပို့ရန် Viber, Telegram - 09692366274)
Show all...
👍 29 1😁 1
"ဝ" နယ်မှ အကြမ်းဖက်အဖွဲ့များထံ ယူနီဖောင်းချိန်းပြီး လက်နက်နှင့် စစ်ကူပို့နေကြောင်း ဒေသခံများ ပြောဆို ရန်ကုန်၊ ဇွန် ၃၀ ရှမ်းပြည် (မြောက်ပိုင်း)တွင် အကြမ်းဖက်မှုများ ကျူးလွန်နေသည့် TNLA/PDF အကြမ်းဖက်အဖွဲ့များထံ "ဝ"နယ်မှ အင်အားဖြည့်ပေးနေကြောင်း ဒေသခံတစ်ဦးက ဆက်သွယ်ပြောဆိုသည်။ "ဝ" နယ် ဟိုပန်ကနေ အရပ်ဝတ်တွေနဲ့ ပထမတသုတ် တောင်ပိုင်းဘက်ကိုကားကြီး ၃၅စီး၊ ဖိုးဝှီး ၂၅စီးနဲ့ တခါပို့ထားပါတယ်။ ၂၇-၆-၂၀၂၄ ရက်နေ့က ၁၂ဘီးကား ၆စီး အရပ်ဝတ်တွေနဲ့ ဟိုပန်ကနေဖြတ်ပြီး ထပ်ပို့နေပါတယ်။ "ဝ" နယ် ပန်ယောင်းရွာဘက်မှာ အရင် လောက်ကိုင်စစ်ကတည်းက စစ်ဘေးရှောင်တွေကို စုထားတာ ၄သောင်းကျော်ပါတယ်။ အဲဒီကနေဘဲ ရခိုင်ကိုစစ်ကူပို့တာပါ။ အခုတခါ ဒီရှမ်းမြောက်တိုက်ပွဲတွေမှာ "ဝ" က လက်နက်အင်အား၊ လူအင်အားကို အလုံးအရင်းနဲ့ ယူနီဖောင်းချိန်းပြီး ပို့နေ တိုက်နေတာပါ။ သူတို့သိမ်းထားတဲ့ မြို့တွေမှာလည်း နောက်ချန်နည်းနည်းထားခဲ့ပြီး မီးကုန်တိုက်နေတာပါ။ လားရှိုးပတ်ပတ်လည်ရွာတွေမှာ ပလောင်နဲ့ ကိုးကန့်တွေရှိပါတယ်။ "ဝ" နယ်ကနေ တောက်လျောက်စစ်ကူပို့နေပါတယ်။ တပ်မတော်အနေနဲ့ ကာကွယ်နိုင်အောင်လို့ပါ။" ဟု ဆက်သွယ်ပြောဆိုထားသည်။ ရှမ်းပြည် (မြောက်ပိုင်း) နောင်ချို၊ ကျောက်မဲတွင် တပ်မတော်အနေဖြင့် အကြမ်းဖက်နှိမ်နင်းရေး အပြင်းအထန် ဆောင်ရွက်နေရပြီး မိုးကုတ်၊ မတ္တရာမြို့နယ်များတွင်လည်း အကြမ်းဖက်သမားများ စုဖွဲ့ရောက်ရှိနေသည်။ Join - https://t.me/MyanmarNationalPost (သတင်းများ ပေးပို့ရန် Viber, Telegram - 09692366274)
Show all...
Myanmar National Post

www.mmnationalpost.com News Agency

👍 30 2😁 2🤬 1
17:15
Video unavailableShow in Telegram
ဆန်ဈေးနှုန်း အမြတ်ကြီးစားသူများ စိစစ် ထိန်းသိမ်း၊ မြန်မာ - ထိုင်း ပူးပေါင်းဆောင်ရွက်မှုနှင့် အကြမ်းဖက်နှိမ်နင်းရေး၊ Join - https://t.me/MyanmarNationalPost (သတင်းများ ပေးပို့ရန် Viber, Telegram - 09692366274)
Show all...
093.MP4387.48 MB
👍 30🤣 2
Photo unavailableShow in Telegram
ပေါင်မြို့နယ်၊ မုတ္တမမြို့တွင် တည်ထားကိုးကွယ်လျက်ရှိသော ရှေးဟောင်းသမိုင်းဝင် မြို့ဝန်ကြီးစေတီ၊ အာရုံခံတန်စောင်း အသစ်ပြန်လည် ဆောက်လုပ်လှူဒါန်းခြင်း ရေစက်ချ အလှူတော်မင်္ဂလာကျင်းပပြုလုပ် နေပြည်တော်၊ ဇွန် ၃၀ မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မုတ္တမမြို့တွင် တည်ထားကိုးကွယ်လျက်ရှိသော ရှေးဟောင်းသမိုင်းဝင် မြို့ဝန်ကြီးစေတီ၊ အာရုံခံတန်စောင်း အသစ်ပြန်လည်ဆောက်လုပ် လှူဒါန်းခြင်း ရေစက်ချအလှူတော်မင်္ဂလာကို ယနေ့နံနက်ပိုင်းတွင် အဆိုပါစေတီ တော်မြတ်ကြီး အာရုံခံတန်ဆောင်း၌ ကျင်းပရာ မော်လမြိုင်မြို့၊ မြစေတီစာသင်တိုက် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိမလဗုဒ္ဓိ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်လင်းမောင် နှင့် ဌာနဆိုင်ရာတာဝန်ရှိသူ များ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ အလှူရှင်များ၊ ဖိတ်ကြားထားသူများ တက် ရောက်ကြသည်။ ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူး တို့က စေတီတော်ရှိ ဗုဒ္ဓရုပ်ပွားတော်၊ ဆင်းတုတော်များအား ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ကြပြီး မြစေတီ စာသင်တိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကာ သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များကို နာယူကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး မြစေတီစာသင် တိုက် ဆရာတော်ထံမှ အနုမောဒနာတရားနာယူကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကြောင်း သတင်းရရှိသည်။ Join - https://t.me/MyanmarNationalPost (သတင်းများ ပေးပို့ရန် Viber, Telegram - 09692366274)
Show all...
16👍 9🤣 2
နိုင်ငံတော်သမ္မတ (ငြိမ်း) ဦးသိန်းစိန် တရုတ်နိုင်ငံ၌ ကျင်းပသည့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ရပ် ချမှတ်ခဲ့သည့် နှစ် (၇၀) ပြည့် အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ခဲ့ပြီးနောက် နေပြည်တော်သို့ ပြန်လည်ရောက်ရှိ ပေကျင်း၊ ဇွန် ၃၀ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့သို့ ခေတ္တရောက်ရှိလျက်ရှိသော နိုင်ငံတော်သမ္မတ (ငြိမ်း) ဦးသိန်းစိန်သည် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၉ ရက် နံနက်ပိုင်းတွင် ပေကျင်းမြို့ရှိ လင်ကွန်းကျောင်းတိုက်သို့ သွားရောက်ကာ မြတ်ဗုဒ္ဓစွယ်တော်အား သွားရောက်ဖူးမြော်ခဲ့ပြီး လင်ကွန်းကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ချမ်းကျန့်အား ရိုသေစွာဖြင့် သွားရောက်ဂါရဝပြု တွေ့ဆုံခဲ့သည်။ ထိုသို့ တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတ (ငြိမ်း) ဦးသိန်းစိန်သည် နေပြည်တော်မှ ပင့်ဆောင်လာသည့် မာရဝိဇယဘုရား၏ ရုပ်ပွားတော်ငယ်အား လှူဒါန်းခဲ့သည်။ ယင်းနေ့ (၁၇ ၀၀) နာရီတွင် နိုင်ငံတော်သမ္မတ (ငြိမ်း) ဦးသိန်းစိန်သည် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးရာ ဗဟိုကော်မရှင်ရုံး ညွှန်ကြားရေးမှူးနှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိအား ပေကျင်းမြို့ရှိ ကျောက်ယွိထိုင် နိုင်ငံတော်ဧည့်ဂေဟာတွင် လက်ခံတွေ့ဆုံခဲ့ကြသည်။ ထို့သို့တွေ့ဆုံစဉ် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည် ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုနှင့် မြန်မာနိုင်ငံ၏ ပြည်တွင်းရေး ဖြစ်ပေါ်တိုးတက်မှုအခြေအနေတို့နှင့် ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့သည်။ နိုင်ငံတော်သမ္မတ (ငြိမ်း) ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ ကျင်းပသည့် ငြိမ်းချမ်းစွာအတူယှဉ်တွဲမူကြီး (၅) ရပ် ချမှတ်ခဲ့သည့် နှစ် (၇၀) ပြည့် အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ခဲ့ပြီးနောက် ၃၀-၆-၂၀၂၄ ရက် (၁၄ ၂၅) နာရီတွင် အထူးလေယာဉ်ဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့မှ နေပြည်တော်သို့ ပြန်လည်ရောက်ရှိခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးဝဏ္ဏမောင်လွင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၂)၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦး၊ ရန်ကုန်မြို့၊ တရုတ်သံရုံးမှ သံရုံး ဒုတိယအကြီးအကဲ (သံမှူးကြီး) မစ္စစ် ချောင်ဂျင်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီးများက နေပြည်တော် လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။ Join - https://t.me/MyanmarNationalPost (သတင်းများ ပေးပို့ရန် Viber, Telegram - 09692366274)
Show all...
👍 26 6😁 1
ပြည်တွင်းဆန်ဈေးကွက်တွင် သင့်တင့်မျှတသည့်ဈေးကွက်ဈေးနှုန်းထက်ပိုမို၍ ဈေးနှုန်းမြှင့်တင်ရောင်းဝယ်နေသူများအား ဖော်ထုတ်ဖမ်းဆီးအရေးယူ
Show all...
👍 45 2👏 1😁 1
ပြည်တွင်းဆန်ဈေးကွက်တွင် သင့်တင့်မျှတသည့်ဈေးကွက်ဈေးနှုန်းထက်ပိုမို၍ ဈေးနှုန်းမြှင့်တင်ရောင်းဝယ်နေသူများအား ဖော်ထုတ်ဖမ်းဆီးအရေးယူ
Show all...
👍 42
08:30
Video unavailableShow in Telegram
သမ္မတ (ငြိမ်း) ဦးသိန်းစိန် ၏ အခန်းကဏ္ဍ Join - https://t.me/MyanmarNationalPost (သတင်းများ ပေးပို့ရန် Viber, Telegram - 09692366274)
Show all...
092.MP4193.09 MB
👍 54 8🥰 1
07:33
Video unavailableShow in Telegram
ကံဆိုးမသွားလေရာ မိုးလိုက်လို့ရွာ (၃၀-၆-၂၀၂၄) ဘင်္ဂါလီအရေးနှင့် အမွှေစု ပြဿနာကို မပုတု (မဟာသွေး) က ဆွေးနွေးတင်ပြထားပါတယ်။ Join - https://t.me/MyanmarNationalPost (သတင်းများ ပေးပို့ရန် Viber, Telegram - 09692366274)
Show all...
091.MP4172.12 MB
👍 61 6🥰 1😁 1
01:59
Video unavailableShow in Telegram
မတ္တရာမြို့ အနီးဝန်းကျင် TNLA အကြမ်းဖက်သမားများ နေရာယူထားသည့်အခြေအနေ၊ လေကြောင်းပစ်ကူများ ပစ်မှတ်ကို ထိရောက်မှုမရှိသည့်အခြေအနေ၊ Join - https://t.me/MyanmarNationalPost (သတင်းများ ပေးပို့ရန် Viber, Telegram - 09692366274)
Show all...
090.MP445.48 MB
👍 75 2😁 2🙏 2
Choose a Different Plan

Your current plan allows analytics for only 5 channels. To get more, please choose a different plan.