ရေဦးမြို့နယ် စစ်ရှောင်ပြည်သူ-ထောက်ပံ့ရေး(𝐍𝐆𝐎)
Open in Telegram
2 190
Subscribers
No data24 hours
-47 days
-3130 days
Posts Archive
Repost from 𝐏𝐞𝐨𝐩𝐥𝐞'𝐬 𝐃𝐞𝐟𝐞𝐧𝐬𝐞 𝐂𝐨𝐦𝐫𝐚𝐝𝐞 {အမေ့သား}
❗️ရေဦး❗️
📍မုံရွာနမခ မှ တက်လာပြီး အရာတော်(စခတ ၁၀) -ရွှေဘို(စခတ ၈) ကနေတဆင့် ပျံသန်းလာတဲ့ Mi-17 စစ်ခွေးထောက်ပို့ယာဥ်တစ်စီးဟာ
ရေဦးမြို့ ဘောလုံးကွင်းသို့ ဆက်သက်ပြီး
သေတ္တာပုံးအကြီး (၁)လုံး/ အသေး (၁)လုံး နှင့် စစ်ခွေး (၁၈)ကောင်ခန့်ပါ ချပေးသွားကြောင်း သတင်းရရှိ ။
သေတ္တာပုံး (၂)လုံးဟာ Paramotor(စက်တပ်လေထီး)ပစ္စည်းများ ဖြစ်နိုင်ချေရှိကြောင်း ခန့်မှန်းရပါတယ်ခင်ဗျာ ။
(မှတ်ချက်။ သတင်းများအား မူရင်းအတိုင်းသာ ကူးယူဖော်ပြခွင့်ပြုသည် ။)
t.me/peoplesdefensecomrade
t.me/aerialintelligence
📡သတင်းပေးပို့ရန် ☞t.me/htookhantzaw5 💬
4/MAR/2025 TUE 13:49
#𝑷𝒆𝒐𝒑𝒍𝒆𝒔𝑫𝒆𝒇𝒆𝒏𝒔𝒆𝑪𝒐𝒎𝒓𝒂𝒅𝒆(𝑷𝑫𝑪)
✰အမေ့သား✰
➠ မြေပြင်သတင်းစုံစမ်းထောက်လှမ်းရေးနှင့်ပြန်ကြားရေးဌာန(ရေဦးအခြေစိုက်)
Repost from 𝐏𝐞𝐨𝐩𝐥𝐞'𝐬 𝐃𝐞𝐟𝐞𝐧𝐬𝐞 𝐂𝐨𝐦𝐫𝐚𝐝𝐞 {အမေ့သား}
ရေဦး
မုံရွာနမခတက် Mi-17 စစ်ခွေးထောက်ပို့ယာဥ်တစ်စီးဟာ အရာတော်(စခတ ၁၀) - ရွှေဘို(လကရ ၈) မှ တဆင့် ရေဦးမြို့ပေါ်သို့ ဆင်းသက်ထားကြောင်း သတင်းရရှိ ။
Paramotor စက်တပ်လေထီးနဲ့ပက်သက်သည့် ပစ္စည်းများ/လက်နက်ခဲယမ်းပစ္စည်းများ ချနိုင်ကြောင်း ခန့်မှန်းရပါတယ်ခင်ဗျာ ။
နမခ-အရာတော်-ရွှေဘို-ရေဦး
(မှတ်ချက်။ သတင်းများအား မူရင်းအတိုင်းသာ ကူးယူဖော်ပြခွင့်ပြုသည် ။)
t.me/peoplesdefensecomrade
t.me/aerialintelligence
📡သတင်းပေးပို့ရန် ☞t.me/htookhantzaw5 💬
4/MAR/2025 TUE 11:46Am
#𝑷𝒆𝒐𝒑𝒍𝒆𝒔𝑫𝒆𝒇𝒆𝒏𝒔𝒆𝑪𝒐𝒎𝒓𝒂𝒅𝒆(𝑷𝑫𝑪)
✰အမေ့သား✰
➠ မြေပြင်သတင်းစုံစမ်းထောက်လှမ်းရေးနှင့်ပြန်ကြားရေးဌာန(ရေဦးအခြေစိုက်)
Repost from NAS-နပ်စ် လေကြောင်းရန်
ရေဦး
ရေဦးမြို့ ဘောလုံးကွင်းသို့ ရွှေဘို စခတ-၈တက် MI-17 Military Transport Helicopter (1)စီး ဆင်းသက်။
#NAS
Mar 4, 11:44AM
📡သတင်းပို့ရန် @infonas
Repost from 𝐏𝐞𝐨𝐩𝐥𝐞'𝐬 𝐃𝐞𝐟𝐞𝐧𝐬𝐞 𝐂𝐨𝐦𝐫𝐚𝐝𝐞 {အမေ့သား}
🔴တန့်ဆည်🔴
💥တန့်ဆည်နယ်အနောက်ခြမ်း တနေရာကို တံတားဦးလေတပ်တက် YAK-130 ဂျက်ဖိုက်တာတစ်စီး ဖြင့် ယနေ့နံနက် 8:57Am ခန့်တွင် ပေါင်(၅၀၀)ဗုံး ကြဲချပြီး လေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားပါတယ်ခင်ဗျာ ။
တော်လှန်ရေးအင်အားစုများ လေကြောင်းထပ်မံ ဂရုစိုက်ပေးကြပါရန် ။
(မှတ်ချက်။ သတင်းများအား မူရင်းအတိုင်းသာ ကူးယူဖော်ပြခွင့်ပြုသည် ။)
t.me/peoplesdefensecomrade
t.me/aerialintelligence
📡သတင်းပေးပို့ရန် ☞t.me/htookhantzaw5 💬
4/MAR/2025 TUE 11:28Am
#𝑷𝒆𝒐𝒑𝒍𝒆𝒔𝑫𝒆𝒇𝒆𝒏𝒔𝒆𝑪𝒐𝒎𝒓𝒂𝒅𝒆(𝑷𝑫𝑪)
✰အမေ့သား✰
➠ မြေပြင်သတင်းစုံစမ်းထောက်လှမ်းရေးနှင့်ပြန်ကြားရေးဌာန(ရေဦးအခြေစိုက်)
Repost from 𝐏𝐞𝐨𝐩𝐥𝐞'𝐬 𝐃𝐞𝐟𝐞𝐧𝐬𝐞 𝐂𝐨𝐦𝐫𝐚𝐝𝐞 {အမေ့သား}
🔴တန့်ဆည်🔴
💥တန့်တည်နယ်အနောက်ခြမ်း တနေရာကို တံတားဦးလေတပ်တက် YAK-130 ဂျက်ဖိုက်တာတစ်စီး ဖြင့် ယနေ့နံနက် 8:57Am ခန့်တွင် ပေါင်(၅၀၀)ဗုံး ကြဲချပြီး လေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားပါတယ်ခင်ဗျာ ။
တော်လှန်ရေးအင်အားစုများ လေကြောင်းထပ်မံ ဂရုစိုက်ပေးကြပါရန် ။
(မှတ်ချက်။ သတင်းများအား မူရင်းအတိုင်းသာ ကူးယူဖော်ပြခွင့်ပြုသည် ။)
t.me/peoplesdefensecomrade
t.me/aerialintelligence
📡သတင်းပေးပို့ရန် ☞t.me/htookhantzaw5 💬
4/MAR/2025 TUE 11:28Am
#𝑷𝒆𝒐𝒑𝒍𝒆𝒔𝑫𝒆𝒇𝒆𝒏𝒔𝒆𝑪𝒐𝒎𝒓𝒂𝒅𝒆(𝑷𝑫𝑪)
✰အမေ့သား✰
➠ မြေပြင်သတင်းစုံစမ်းထောက်လှမ်းရေးနှင့်ပြန်ကြားရေးဌာန(ရေဦးအခြေစိုက်)
Repost from Maun Media
လူစုလူဝေး အသံကြားတာနဲ့ ရေဦးကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်နေ
မတ် ၃၊ ၂၀၂၅
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားနေခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၈ ရက် ည ၁၁ နာရီဝန်းကျင်အချိန်မှာ ရေဦးနယ်အနောက်ခြမ်းက တောင်ပြင်ငယ်ရွာနဲ့ အောင်သုခရွာကြားကို ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး ၂လုံး ကြဲချတိုက်ခိုက်သွားတယ်လို့ သိရပါတယ်။
“စစ်ကြောင်းထိုး တိုက်ပွဲဖြစ်ထားတာမျိုးလည်း အဲ့ရွာဘက်မှာ မရှိဘူး။ ဘယ်လိုသတင်းရလို့ လာကြဲတယ်ဆိုတာ မသိဘူးပေါ့နော်။ လူထိခိုက်မှုကတော့ မရှိခဲ့ပါဘူး” လို့ ရေဦးအခြေပြု People's Defense Comrade ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော် (အမေ့သား) က မောင်းကို ပြောပါတယ်။
အဆိုပါ ဂျက်ဖိုက်တာယာဉ်ဟာ စစ်ကောင်စီရဲ့ တံတားဦးလေတပ်ကနေ ထွက်ခွါလာတာဖြစ်ပြီး ကျွန်းလှနယ်ထဲကို ၁၀ မိနစ်ခန့် ပျံသန်းပြီးတဲ့နောက်မှာမှ ရေဦးအနောက်ခြမ်းက ကျေးရွာတွေကို အခုလို ဗုံးကြဲတိုက်ခိုက်သွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။
အလားတူ ဖေဖော်ဝါရီလ ၂၆ ရက်နေ့တုန်းကလည်း စစ်ကောင်စီက ရေဦးနယ်အနောက်ခြမ်း မဲအိုးရွာနဲ့ တောင်ပြင်ငယ်ရွာကို လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ပါသေးတယ်။
“၂ကြိမ်လုံး ပြည်သူတွေ ထိခိုက်မှုမရှိခဲ့ဘူး။ ကိုယ့်ဘက်က တော်လှန်ရေးအဖွဲ့တွေအနေနဲ့ရော ပြည်သူတွေရော လေကြောင်းအသိ လေကြောင်းသတိရှိကြဖို့ ၊ လူစုလူဝေးပွဲမှန်သမျှ တအားစည်ကားနိုင်စေမယ့်ပွဲမျိုးတွေ တတ်နိုင်သမျှ မပြုလုပ်ကြဖို့ သတိပေးချင်တယ်” ကိုထူးခန့်ဇော်က ဆိုပါတယ်။
စစ်ကောင်စီဟာ ရေဦးနယ်တဝိုက်မှာ လူစုလူဝေးပြုလုပ်နေတယ်လို့ သတင်းကြားရုံနဲ့ လေကြောင်းတိုက်ခိုက်တာတွေကို လုပ်ဆောင်နေတာဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဒီကနေ့ မတ်လ ၂ ရက် ညသန်းခေါင် အချိန်မှာလည်း ရေဦးနယ် ဘေးချင်းကပ်ဖြစ်တဲ့ ခင်ဦးနယ်၊ ညောင်ပင်ကြီးစုရွာကို စစ်ကောင်စီက တိုက်ပွဲဖြစ်နေတာမရှိဘဲ YAK-130 ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး ၂လုံး ကြဲချတိုက်ခိုက်သွားတာကြောင့် အသက် (၇၀)ခန့်အရွယ် အဖိုးအိုလင်မယား (၂) ယောက် ဗုံးသီးစ ထိမှန်ဒဏ်ရာရရှိခဲ့ (မစိုးရိမ်ရ) တဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။
ပုံစာ - ဖေဖော်ဝါရီ ၂၆ ရက်နေ့က စစ်ကောင်စီ ဗုံးကြဲမှုကြောင့် မဲအိုးရွာ ဖောင်တော်ဦးဘုရား ထိခိုက်ပျက်စီးခဲ့ပုံ
ဓာတ်ပုံ - ထူးခန့်ဇော် (အမေ့သား)
Repost from 𝐇𝐭𝐨𝐨 𝐊𝐡𝐚𝐧𝐭 𝐙𝐚𝐰 (အမေ့သား)
*နတ်သမီးမြို့ရိုး*
🧝♀️===========🧝♀️
( 𝑨𝒏𝒈𝒆𝒍 𝑪𝒂𝒔𝒕𝒍𝒆 )
၄ နှစ်တင်းတင်း ပြည့်ခဲ့ပြီ 💔🥀
မန္တလေးရဲ့
ပန်းလေးတစ်ပွင့်
ကြွေလွင့်သွားတာ
မဟုတ်ပါဘူး။
တို့အားလုံးရဲ့
ကြယ်နီတစ်လုံး
ဆုံးရှုံးသွားတာ
နှလုံးသားမှာ
အရမ်းကိုနာကျင်ရပါတယ်။
နတ်သမီးမြို့ရိုး
မျက်ရည်ချိုးတဲ့
၃ရက် မတ်လ
မေ့မရဘူး။
🌟 𝐀𝐧𝐠𝐞𝐥 🌟ဆိုတဲ့
🌟 ကြယ်စင် 🌟လေးရေ
မင်းပေးခဲ့တာ
အုတ်တစ်ချပ်မဟုတ်ဘူး
တစ်တိုင်းပြည်လုံးရဲ့
အုဠ်တံတိုင်းပါ။ ။
"ငါတို့ဘယ်ကလာသလဲဆိုတာအရေးမကြီးဘူး"
"ငါတို့ဘာလုပ်သလဲဆိုတာကသာအရေးကြီးတယ်"
မန္တလေးက၁၉နှစ်သမီး
"ကြယ်စင်"(ခ)"ကျားရှီး"ကို
"𝙋𝙡𝙖𝙩𝙞𝙣𝙪𝙢 𝙂𝙚𝙣 𝙕"(ပလက်တီနမ်ဂျန်ဇက်)အဖြစ်
မြန်မာပြည်သူတစ်ရပ်လုံးကတညီတညွတ်ထဲ
သတ်မှတ်ပါတယ်။ကောင်းရာသုဂတိလားပါစေ။
https://t.me/htookhantzawmothersson
t.me/generationz122021 💬
𝟑.𝟑.𝟐𝟎𝟐𝟏 ⇄ 𝟑.𝟑.𝟐𝟎𝟐𝟓
#htookhantzaw/ အမေ့သား
Repost from 𝐏𝐞𝐨𝐩𝐥𝐞'𝐬 𝐃𝐞𝐟𝐞𝐧𝐬𝐞 𝐂𝐨𝐦𝐫𝐚𝐝𝐞 {အမေ့သား}
🔴ခင်ဦး🔴
💥 ယနေ့နံနက်အစောပိုင်း 12:40Am ခန့်တွင် နေပြည်တော်အေလာလေတပ်မှ တက်လာသည့် YAK-130 ဂျက်ဖိုက်တာတစ်စီးဖြင့်
တိုက်ပွဲဖြစ်ထားခြင်းမရှိတဲ့ ခင်ဦးမြို့နယ်အနောက်တောင်ဘက်ခြမ်း ညောင်ပင်ကြီးစုကျေးရွာအား ပေါင်(၅၀၀) ဗုံး ၂ လုံး ကြဲချပြီး လေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားကြောင်း သတင်းရရှိပါတယ်ခင်ဗျာ ။
အကြမ်းဖက်စစ်ရှုံးကောင်စီမှ ညောင်ပင်ကြီးစုရွာ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက်ကြီးပိုင်း အရပ်သားပြည်သူ လင်မယား (၂) ဦး လက်နက်ကြီးစထိမှန်ကာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အသက်အန္တရာယ် မစိုးရိမ်ရကြောင်း ဆေးကုသမှုခံယူနေဆဲဖြစ်ကြောင်း စုံစမ်းသိရှိရပါတယ်ခင်ဗျာ ။
(မှတ်ချက်။ သတင်းများအား မူရင်းအတိုင်းသာ ကူးယူဖော်ပြခွင့်ပြုသည် ။)
t.me/peoplesdefensecomrade
t.me/aerialintelligence
📡သတင်းပေးပို့ရန် ☞t.me/htookhantzaw5 💬
3/MAR/2025 MON 13:38
#𝑷𝒆𝒐𝒑𝒍𝒆𝒔𝑫𝒆𝒇𝒆𝒏𝒔𝒆𝑪𝒐𝒎𝒓𝒂𝒅𝒆(𝑷𝑫𝑪)
✰အမေ့သား✰
➠ မြေပြင်သတင်းစုံစမ်းထောက်လှမ်းရေးနှင့်ပြန်ကြားရေးဌာန(ရေဦးအခြေစိုက်)
Repost from 𝐏𝐞𝐨𝐩𝐥𝐞'𝐬 𝐃𝐞𝐟𝐞𝐧𝐬𝐞 𝐂𝐨𝐦𝐫𝐚𝐝𝐞 {အမေ့သား}
▪️စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင်၊ရေဦးမြို့နယ်ကို ၂၀၂၄ ခုနှစ် တစ်နှစ်အတွင်း အကြမ်းဖက်စစ်ရှုံးကောင်စီ မှ လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း (၇) ကြိမ် ပြုလုပ်ခဲ့ ၊ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ (၄)ဦး သေဆုံး
၃၊မတ်၊၂၀၂၅ (တနင်္လာ)
𝐏𝐃𝐂 (ရေဦး)
စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင်၊ရေဦးမြို့နယ်အတွင်းရှိ ကျေးရွာများကို ၂၀၂၄ ခုနှစ် တစ်နှစ်အတွင်း လေကြောင်းတိုက်ခိုက်မှု (၇) ကြိမ်ပြုလုပ်ခဲ့တာကြောင့် ကလေးသူငယ်အပါအဝင် အပြစ်မဲ့အရပ်သားပြည်သူ (၄)ဦးခန့် ထိခိုက်သေဆုံးခဲ့ရပြီး ထိမှန်ဒဏ်ရာရရှိသူများ ရှိခဲ့သလို နေအိမ်များပျက်ဆီးမှုများလည်း ရှိခဲ့ပါသည် ။
၂၀၂၄ ခုနှစ်၊ သြဂုတ်လ၊ ၁၁ ရက်၊ ၁၃ ရက်နေ့တို့တွင် မုံရွာနမခတက် Mi-35 တိုက်ခိုက်ယာဥ်ဖြင့် ရေဦးနယ်အနောက်ဘက်ခြမ်း၊မုတ်စီရွာ ဝန်းကျင် နှင့် ပြည်တော်ရွာအနီးကို (၂)ကြိမ် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည် ၊ ပစ်ခတ်တိုက်ခိုက်ခဲ့ရာတွင် အရပ်သားပြည်သူ ထိခိုက်မှုမရှိပဲ မုတ်စီရွာတောင်ပိုင်းအစွန်ရှိ ပြည်သူပိုင်နေအိမ်တစ်လုံး ထိမှန်ပျက်စီးခဲ့ရပါသည် ။
၂၀၂၄ ခုနှစ်၊ သြဂုတ်လ၊ ၁၈ ရက်နေ့တွင် တံတားဦးလေတပ်တက် ဂျက်ဖိုက်တာ (၂)စီးဖြင့် တင်းတိန်ရံရွာ နှင့် ရွာမရွာဘက်ကို လေကြောင်းတိုက်ခိုက်မှု (၂)ကြိမ် ပြုလုပ်ခဲ့ပါသည် ၊ ထိုသို့ပြုလုပ်ခဲ့တာကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုမရှိခဲ့သော်လည်း (၃)ဦးခန့် ထိမှန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့ပါသည် ။
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ၊ ၅ ရက်၊ ၈ ရက်နေ့တို့တွင် တင်းတိန်ရံရွာကို တံတားဦးလေတပ်တက် ဂျက်ဖိုက်တာ နှင့် မိတ္ထီလာရှမ်းတဲတက် ဂျက်ဖိုက်တာတို့ ဖြင့် လေကြောင်းတိုက်ခိုက်မှု (၂) ကြိမ် ပြုလုပ်ခဲ့ပါသည် ၊ လေကြောင်းတိုက်ခိုက်မှုများကြောင့် အပြစ်မဲ့ပြည်သူ အမျိုးသမီး (၂)ဦး နှင့် ကလေးငယ် (၂)ဦး စုစုပေါင်း (၄)ဦး သေဆုံးခဲ့ရပြီး ပြည်သူတချို့ ထိခိုက် ဒဏ်ရာရရှိခဲ့ပါသည် ၊ ပြည်သူပိုင်နေအိမ် (၂)လုံးလည်း ထိခိုက်ပျက်စီးခဲ့ပါသည် ။
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ၊ ၂၀ ရက်နေ့ မိတ္ထီလာရှမ်းတဲတက် ဂျက်ဖိုက်တာဖြင့် မဲအိုးရွာနှင့် စည်သာမြေရွာကြားကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါသည် ၊ ပြည်သူထိခိုက်သေဆုံးမှု နေအိမ်ပျက်စီးမှု မရှိခဲ့ပါ ။
-မုတ်စီ/ပြည်တော် ၂ ကြိမ်
-တင်းတိန်ရံ ၃ ကြိမ်
-ရွာမ ၁ ကြိမ်
-မဲအိုး/စည်သာမြေကြား ၁ ကြိမ်
(၂၀၂၄ ခုနှစ်အတွင်း ရေဦးမြို့နယ် 𝐏𝐃𝐂 မှ သတင်းရရှိထားသော Mi-35 / ဂျက်ဖိုက်တာများ ဖြင့် လေကြောင်းတိုက်ခိုက်မှုများကိုသာ ဖော်ပြပေးထားခြင်းဖြစ်ပြီး ဒရုန်းများဖြင့် လေကြောင်းတိုက်ခိုက်မှုများ ကျန်ရှိနေသေးကြောင်း ထုတ်ပြန်တင်ပြအပ်ပါသည်)
(မှတ်ချက်။ သတင်းများအား မူရင်းအတိုင်းသာ ကူးယူဖော်ပြခွင့်ပြုသည် ။)
t.me/peoplesdefensecomrade
t.me/aerialintelligence
📡သတင်းပေးပို့ရန် ☞t.me/htookhantzaw5 💬
#𝑷𝒆𝒐𝒑𝒍𝒆𝒔𝑫𝒆𝒇𝒆𝒏𝒔𝒆𝑪𝒐𝒎𝒓𝒂𝒅𝒆(𝑷𝑫𝑪)
✰အမေ့သား✰
➠ မြေပြင်သတင်းစုံစမ်းထောက်လှမ်းရေးနှင့်ပြန်ကြားရေးဌာန(ရေဦးအခြေစိုက်)
Repost from Khit Thit Media
မိုးဗြဲတွင် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီး ထိမှန်ပြီး အသက် ၁၆ နှစ်အရွယ် မိန်းကလေး ၁ ဦးသေဆုံးကာ ၄ ဦးဒဏ်ရာရ၊ ရေဦးတွင်လည်း စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်
ရန်ကုန်၊ မတ် ၂
ရှမ်းပြည်နယ်နှင့် ကရင်နီ ပြည်နယ်အစပ် မိုးမြဲမြို့ကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းသောကြောင့် အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ် ၁ ဦးသေဆုံးကာ ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း Mobye Rescue Team ထံမှ သိရသည်။
မတ်လ ၁ ရက်နေ့တွင် မိုးဗြဲမြို့ အတွင်းကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် တောင်ယာတွင် အလုပ်လုပ်ကိုင်နေသည့် ပြည်သူ ၅ ဦး လက်နက်ကြီးကျည် ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ထိမှန်၍ အမျိုးသမီး ၄ ဦးနှင့် အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဒဏ်ရာရရှိသူများထဲမှ အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ် ၁ ဦးသေဆုံးခဲ့ကြောင်း၊ ကျန်ရှိနေသော ဒဏ်ရာရ ပြည်သူ ၄ ဦးကို Mobye Rescue Team မှ ဆရာ၊ ဆရာမ များက အချိန်မှီ ဆေးကုသမှု ပေးနိုင်ခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ရှိ ကျေးရွာများကိုလည်း အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား) က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ည ၁၁ နာရီခန့်တွင် တံတားဦးမှ တက်လာသော အကြမ်းဖက် စစ်တပ်၏ ဂျက်ဖိုက်တာ ၁ စီးက ရေဦးမြို့နယ် အနောက်ခြမ်း တောင်ပြင်ငယ်ရွာနှင့် အောင်သုခရွာ အကြားနှင့် တောင်ပြင်ငယ်ရွာအနောက်ဘက် တောင်ပေါ်ဘုန်းကြီးကျောင်းအနီးကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မရှိဘဲ ကွင်းပြင်များထဲကိုသာ ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် နေအိမ်၊ အဆောက်အဦးများ ပျက်စီးမှုမရှိကြောင်း သိရှိရသည်။
"ရေဦးနယ် အနောက်ခြမ်း တောင်ပြင်ငယ်ရွာနဲ့ အောင်သုခရွာကြားကို တစ်လုံးကျကွဲတယ်လို့ သိရတယ်။ တောင်ပြင်ငယ်ရွာအနောက်ဘက် တောင်ပေါ်ဘုန်းကြီးကျောင်းအနီး တစ်လုံးကျကွဲတယ်။ ပြည်သူထိခိုက်မှု ပျက်စီးမှုမရှိဘူးလို့ အတည်ပြုနိုင်ပြီ ကိုယ့်ဘက်က တော်လှန်ရေးအဖွဲ့တွေအနေနဲ့ရော ပြည်သူတွေရော လေကြောင်းအသိ လေကြောင်းသတိရှိကြဖို့နဲ့ လူစုလူဝေးပွဲမှန်သမျှ တအားစည်ကားနိုင်စေမယ့်ပွဲမျိုးတွေ တတ်နိုင်သမျှ မပြုလုပ်ကြဖို့ သတိပေးချင်တယ်" ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား) က ပြောဆိုသည်။
Repost from ရေဦးမြို့နယ် စစ်ရှောင်ပြည်သူ-ထောက်ပံ့ရေး(𝐍𝐆𝐎)
ရေဦးမြို့နယ် စစ်ရှောင်ပြည်သူ့ထောက်ပံ့ရေး-𝑵𝑮𝑶 ထံမှာ မီးဘေးသင့်၊စစ်ဘေးရှောင်ပြည်သူများအတွက် ကူညီလှူဒါန်းပေးလိုကြသည့် အလှူရှင်များအနေဖြင့် အောက်ဖော်ပြပါ တာဝန်ခံ>𝗔𝗱𝗺𝗶𝗻 အကောင့်များဖြစ်တဲ့ >>>
@htookhantzaw5
@generationz122021
တို့ထံသို့ ဆက်သွယ်လှူဒါန်းပေးနိုင်ပါသည် ။
𝑻𝒆𝒍𝒆𝒈𝒓𝒂𝒎 >>>
t.me/yeucharitableorganization
#ရေဦးမြို့နယ်စစ်ရှောင်ပြည်သူ_ထောက်ပံ့ရေး(𝑵𝑮𝑶)
Repost from 𝐏𝐞𝐨𝐩𝐥𝐞'𝐬 𝐃𝐞𝐟𝐞𝐧𝐬𝐞 𝐂𝐨𝐦𝐫𝐚𝐝𝐞 {အမေ့သား}
Paramotor (စက်တပ်လေထီး) အသုံးပြု ဗုံးကြဲတိုက်ခိုက်ခံရမှု ကာကွယ်ရန် နည်းလမ်းများ
အာဏာသိမ်း စစ်အုပ်စုဟာ ၂၀၂၄ နှစ်ကုန်ပိုင်းက စလို့ မြန်မာနိုင်ငံ နေရာအနှံ့အပြားကို Paramotor (စက်တပ်လေထီး)တွေ အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်နေပါတယ်။ အထူးသဖြင့် စက်တပ်လေထီး ကို တုန့်ပြန် တိုက်ခိုက်နိုင်တဲ့ လက်နက်အင်အား အားနည်းတဲ့ အညာဒေသ မန္တလေး၊ စစ်ကိုင်းနဲ့ မကွေးတိုင်းထဲ ပိုမို ပစ်မှတ်ထား တိုက်ခိုက်နေတာပါ။
ဒါကြောင့် စက်တပ်လေထီး အသုံးပြု ဗုံးကြဲတိုက်ခိုက်မှုတွေကို ကာကွယ်နိုင်ဖို့ အကြံပြုချက်တချို့ကို မျှဝေ လိုက်ပါတယ်။
Paramotor - စက်တပ်လေထီး ဆိုတာဘာလဲ
Paramotor ဆိုတာ လေထီးနဲ့ စက်အင်ဂျင်ကို ပေါင်းစပ်ပြီး ရွေ့လျားပျံသန်းနိုင်အောင် ပြုလုပ်ထားတဲ့ ယာဉ် အမျိုးအစား ဖြစ်ပါတယ်။ စက်တပ်လေထီးဟာ လွယ်ကူစွာ စီးနင်းပျံသန်းနိုင်တဲ့အပြင် အခြား အားသာချက်တွေ လည်း ရှိပါတယ်။
စက်တပ်လေထီးရဲ့ ပုံသဏ္ဌာန်၊ အလုပ်လုပ်ပုံနဲ့ အားသာချက်တွေ
အဝေးကကြည့်လျင် ရိုးရိုး လေထီးနဲ့ ဆင်တူပါတယ်။ လေထီးကို အသုံးပြုပြီး စီးနင်းသူရဲ့ ကျောကုန်းမှာ ကျောပိုးအိတ် ပုံစံ စက်အင်ဂျင် တပ်ဆင်ထားပါတယ်။ အင်ဂျင်က ထုတ်လုပ်တဲ့ စွမ်းအင်နဲ့ လေထဲမှာ ရွေ့လျားနိုင်အောင် ဒလက်ပန်ကာတွေ အသုံးပြုထားပါတယ်။
Paramotor ကို အသုံးပြုပျံသန်းနိုင်ဖို့ အချိန်အနည်းငယ်အတွင်း လေ့ကျင့်သင်ကြားနိုင်ပါတယ်။
ကွင်းပြင်လို နေရာမျိုးကနေ စတင်ပျံသန်းနိုင်ပါတယ်။
သတိထားရမည့် အချက်တွေ
စက်တပ်လေထီးဟာ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၁၈,၀၀၀ အထိ၊ မြန်နှုန်းအားဖြင့် တစ်နာရီ မိုင် ၆၀ နီးပါးအထိ ပျံသန်းနိုင်ပါတယ်။ ဒါကြောင့် မျှော်လင့်မထားတဲ့ နေရာတွေကနေ ရုတ်တရက် ပေါ်ထွက် တိုက်ခိုက်နိုင်ပါတယ်။
လေထီး အရွယ်အစားပေါ်မူတည်ပြီး ကီလိုဂရမ် ၂၄၀ (၁တန်= ၁၀၀၀ ကီလိုဂရမ်) အထိ သယ်ဆောင် နိုင်တာကြောင့် လက်ပစ်ဗုံးငယ်တွေ သာမက အမြောက်ဆံတွေအထိ သယ်ဆောင်နိုင်ပါတယ်။
ဒါတွေကို လိုက်နာပါ
စက်တပ်လေထီးဟာ စက်အင်ဂျင်အသံ ကျယ်လောင်တာကြောင့် မြင်နိုင်တဲ့ အကွာအဝေး မရောက်ခင်မှာပင် စက်သံကို သတိထားမိနိုင်ပါတယ်။ ဒါ့ကြောင့် အင်ဂျင်စက်သံ/ ပန်ကာ (ဒလက်) အသံ ကြားလျင် ပတ်ဝန်းကျင်ကို လေ့လာပါ။
တစ်နာရီ မိုင် (၆၀) နီးပါးအထိ မြန်ဆန်တာကြောင့် ထင်မှတ်မထားတဲ့ နေရာတွေကို ရုတ်တရက် အလျင်အမြန် တိုက်ခိုက်လာနိုင်တာကို သတိပြုပါ။
စက်တပ်လေထီး (ဒါမှမဟုတ်) လေထီးကို မြင်ပါက ဒါမှမဟုတ် အန္တရာယ် သတိပေးချက် ရလျင်ရချင်း အခိုင်အမာ တည်ဆောက်ထားတဲ့ ဗုံးခိုကျင်းထဲ ပုန်းခိုပါ။
ကျေးရွာတွေ၊ လူထူထပ်တဲ့ နေရာတွေနဲ့ စစ်ရေးအခြေစိုက် စခန်းတွေကို ဦးတည် တိုက်ခိုက်နိုင်တာကြောင့် အဲ့ဒီလို နေရာတွေကို သတိပြုရှောင်ရှားပါ။
ကိုးကား - Paramotor Specifications, Military Use of Paramotors
#Mandalay_Free_Press_MFP
#အညာ #MFP #နွေဦးတော်လှန်ရေး #စစ်ကိုင်း #မန္တလေး #မကွေး #Paramotor #AirStrike
(မှတ်ချက်။ သတင်းများအား မူရင်းအတိုင်းသာ ကူးယူဖော်ပြခွင့်ပြုသည် ။)
t.me/peoplesdefensecomrade
t.me/aerialintelligence
📡သတင်းပေးပို့ရန် ☞t.me/htookhantzaw5 💬
#𝑷𝒆𝒐𝒑𝒍𝒆𝒔𝑫𝒆𝒇𝒆𝒏𝒔𝒆𝑪𝒐𝒎𝒓𝒂𝒅𝒆(𝑷𝑫𝑪)
✰အမေ့သား✰
➠ မြေပြင်သတင်းစုံစမ်းထောက်လှမ်းရေးနှင့်ပြန်ကြားရေးဌာန(ရေဦးအခြေစိုက်)
Repost from 𝐏𝐞𝐨𝐩𝐥𝐞'𝐬 𝐃𝐞𝐟𝐞𝐧𝐬𝐞 𝐂𝐨𝐦𝐫𝐚𝐝𝐞 {အမေ့သား}
+4
⚠️ Parammotor (စက်တပ်လေထီး) အသုံးပြု ဗုံးကြဲတိုက်ခိုက်ခံရမှု ကာကွယ်ရန် နည်းလမ်းများ
Repost from 𝐏𝐞𝐨𝐩𝐥𝐞'𝐬 𝐃𝐞𝐟𝐞𝐧𝐬𝐞 𝐂𝐨𝐦𝐫𝐚𝐝𝐞 {အမေ့သား}
❗️ရေဦး❗️
📍ရေဦးမြို့တွင်း စာမေးပွဲဖြေနေကြသောကြောင့် မြို့ပေါ်နေရာအနှံ့ အကြမ်းဖက်စစ်ခွေး+ပျုခွေးများ လုံခြုံရေးတင်းကြပ်စွာ ချထားကြောင်း သတင်းရရှိထားပြီး ဂါဝီပန်းခြံဘက်တွင်လည်း စစ်ခွေးအကောင်ရေ (၄၀)နီးပါးခန့် ရောက်ရှိထားကြောင်း သတင်းရရှိထားပါတယ်ခင်ဗျာ ။
ယနေ့ ရေဦးမြို့တွင်း သွားလာနေကြသော မိဘပြည်သူများ အထူးဂရုစိုက်သွားလာကြပါရန် သတိပေးတင်ပြအပ်ပါတယ်။
(မှတ်ချက်။ သတင်းများအား မူရင်းအတိုင်းသာ ကူးယူဖော်ပြခွင့်ပြုသည် ။)
t.me/peoplesdefensecomrade
t.me/aerialintelligence
📡သတင်းပေးပို့ရန် ☞t.me/htookhantzaw5 💬
2/MAR/2025 SUN 8:50Am
#𝑷𝒆𝒐𝒑𝒍𝒆𝒔𝑫𝒆𝒇𝒆𝒏𝒔𝒆𝑪𝒐𝒎𝒓𝒂𝒅𝒆(𝑷𝑫𝑪)
✰အမေ့သား✰
➠ မြေပြင်သတင်းစုံစမ်းထောက်လှမ်းရေးနှင့်ပြန်ကြားရေးဌာန(ရေဦးအခြေစိုက်)
Repost from 𝐏𝐞𝐨𝐩𝐥𝐞'𝐬 𝐃𝐞𝐟𝐞𝐧𝐬𝐞 𝐂𝐨𝐦𝐫𝐚𝐝𝐞 {အမေ့သား}
🚨လေကြောင်းအသုံးပြုတိုက်ခိုက်မှုများအတွက် သတိပြုရန်အချက်များ🚨
🕹️မြေပြင်စစ်ရေးတွင် အင်အားချည့်နဲ့နေသည့် အကြမ်းဖက်စစ်တပ်သည် လေကြောင်းတိုက်ခိုက်မှု၊ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် စက်တပ်လေထီးများ အသုံးပြု တိုက်ခိုက်ခြင်းစသည့် လေကြောင်းအသုံးပြု တိုက်ခိုက်ခြင်းများကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာပါသည်။
🕹️၁၀၂၇ စစ်ဆင်ရေး၊ ဒုတိယလှိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှု အစီရင်ခံစာအရ အကြမ်းဖက်စစ်တပ်သည် လေယာဥ်ကွင်း (၂၁)ခုကိုအဓိကအသုံးပြု၍ လေကြောင်းတိုက်ခိုက်မှုများကို ပြုလုပ်လျက်ရှိသည်။ ယင်းတို့အနက် တံတားဦးလေတပ်ဆွယ်၊ မိတ္ထီလာလေတပ်စခန်း၊ မကွေးလေတပ်စခန်းနှင့် နေပြည်တော် (ဧလာ)လေတပ်စခန်းတို့ကို အများဆုံး အသုံးပြုတိုက်ခိုက်ကြောင်း တွေ့ရသည်။
🕹️အရပ်သားများနေထိုင်ကြသည့် ကျေးရွာများ၊ လူနေအိမ်များ၊ စစ်ရှောင်စခန်းများ၊ စာသင်ကျောင်းနှင့် ဆေးရုံများကို ပစ်မှတ်ထား တိုက်ခိုက်လျက်ရှိသည်။ လေကြောင်းပစ်ကူခြင်းကို မနက်နှင့်နေ့လယ် ပိုင်းတွင် အများဆုံးလုပ်ဆောင်ပြီး အရပ်သားပစ်မှတ်များကိုမူ ညသန်းခေါင်နှင့် မနက်ဝေလီဝေလင်း အချိန်များတွင် တိုက်ခိုက်လျက်ရှိသည်။ (Source: EAR and NAS)
🕹️လေကြောင်းမှ တိုက်ခိုက်ခြင်းသည် ကုန်ကျစရိတ်များသည့်အတွက် အကြမ်းဖက်စစ်တပ်သည် ကုန်ကျစရိတ် သက်သာစေနိုင်မည့် ဒရုန်းဖြင့်ဗုံးကြဲခြင်းနှင့် စက်တပ်လေထီးဖြင့်တိုက်ခိုက်ခြင်းတို့ကိုလည်း တိုးချဲ့လုပ်ဆောင်လာသည်။ ယင်းကဲ့သို့တိုက်ခိုက်မှုများကို မန္တလေး၊ စစ်ကိုင်းနှင့် မကွေးတိုင်းတို့တွင် အဓိကကြုံတွေ့နေရသည်။
🛑လေကြောင်းမှ တိုက်ခိုက်ခြင်းကြောင့် အရပ်သားများထိခိုက်ဒဏ်ရာရခြင်းမှ ကာကွယ်နိုင်ရန် ပုံတွင်ဖော်ပြထားသည့် အချက်များကို သတိပြုလိုက်နာသင့်ပါသည်။
https://www.facebook.com/share/p/1A4e8jFAnF/
ပြည်ထောင်စုဝန်ကြီး
ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
t.me/peoplesdefensecomrade
t.me/aerialintelligence
တိုက်ရိုက် သတင်းပေးပို့ရန် ☞t.me/htookhantzaw5 💬
မှတ်ချက်။ သတင်းများအား မူရင်းအတိုင်းသာ ကူးယူဖော်ပြခွင့်ပြုသည် ။
#𝑷𝒆𝒐𝒑𝒍𝒆𝒔𝑫𝒆𝒇𝒆𝒏𝒔𝒆𝑪𝒐𝒎𝒓𝒂𝒅𝒆(𝑷𝑫𝑪)
✰အမေ့သား✰
➠ မြေပြင်သတင်းစုံစမ်းထောက်လှမ်းရေးနှင့်ပြန်ကြားရေးဌာန(ရေဦးအခြေစိုက်)
