cookie

We use cookies to improve your browsing experience. By clicking «Accept all», you agree to the use of cookies.

avatar

ရေဦးမြို့နယ် စစ်ရှောင်ပြည်သူ-ထောက်ပံ့ရေး(𝐍𝐆𝐎)

𝙉𝙤𝙣-𝙂𝙤𝙫𝙚𝙧𝙣𝙢𝙚𝙣𝙩𝙖𝙡 𝙊𝙧𝙜𝙖𝙣𝙞𝙯𝙖𝙩𝙞𝙤𝙣𝙨(𝙉𝙂𝙊) /𝐘𝐞 𝐔

Show more
Advertising posts
1 754Subscribers
+424 hours
+177 days
+7730 days

Data loading in progress...

Subscriber growth rate

Data loading in progress...

Repost from Khit Thit Media
ရေဦးမြို့နယ်၊ နှောကုန်းရွာ ဆွမ်းလောင်းပွဲကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ် ခတ်၊ လောင်းလုံးမြို့ က ရပ်ကွက်ကို စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၁ ဦးသေဆုံး ရန်ကုန်၊ ဧပြီ ၂၇ စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ နှောကုန်းရွာ ဆွမ်းလောင်းပွဲကို အကြမ်းဖက် စစ် တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ဆွမ်းလောင်းပွဲ ပျက်သွားကြောင်း ရေဦးအခြေပြု People's Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ ဧပြီလ ၂၃ ရက်နေ့က ရေဦးမြို့ပေါ် တိုင်းရင်းဆေးရုံ အတွင်း တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ၈၁ မမ လက်နက်ကြီးများဖြင့် နှောကုန်းရွာ ဆွမ်းလောင်းပွဲကို အကြောင်းမဲ့ ပစ်ခတ်ခဲ့ခြင်းကြောင်း သိရသည်။ အကြမ်းဖက် စစ်တပ် လက်နက်ကြီး ကျရောက် ပေါက်ကွဲခြင်းကြောင့် ဆွမ်းလောင်းပွဲ ပျက်သွားပြီး ပြည်သူများထိခိုက်ဒဏ်ရာရရှိမှု မရှိသော်လည်း‌ နေအိမ် တချို့ ပျက်ဆီးခဲ့ကြောင်း သိရှိရသည်။ "ဧပြီလ ၂၃ ရက်နေ့က ရေဦးမြို့ပေါ် တိုင်းရင်းဆေးရုံးအတွင်းက အကြမ်းဖက် စစ်ခွေးတွေက ၈၁ မမ လက်နက်ကြီးတွေနဲ့ နှောကုန်ရွာကို အကြောင်းမဲ့ ပစ်ခတ်ခဲ့တာပါ။ ရေဦး အနောက်ခြမ်း နှောကုန်းရွာမှာ နှစ်စဉ် ကျင်းပပြုနေတဲ့ ဆွမ်းလောင်းပွဲကို ပစ်ခတ်ခဲ့တာ ပြည်သူတွေ ထိခိုက်မှုကတော့ မရှိပါဘူး။ လက်နက်ကြီးကျကွဲတဲ့အချိန် အိမ်ရှင်တွေ အိမ်ထဲရှိနေကြပေမယ့် ထိခိုက်မှုကတော့ မရှိပါဘူး။ စပါး တိုက်နားမှာ ကျရောက်ပေါက်ကွဲခဲ့တာပါ" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။ ထို့ပြင် အကြမ်းဖက် စစ်ကောာင်စီ တပ်သားများသည် ရေဦးမြို့ပေါ်၌ လူ အင်အားနှင့် လက်နက်များ ဖြည့်တင်းနေပြီး Mi-17 ရဟတ်ယာဥ်ဖြင့် ၈၁ မမ လက်နက်ကြီးကျည်များ ထည့်ထားသည့် သေတ္တာအရှည် ၅ လုံး လာရောက် ပို့ဆောင်သွားကြောင်း သိရသည်။ အလားတူ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ က ရပ်ကွက်၊ ထိန်သစ်လမ်းကို အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီး ကျရောက်ပေါက်ကွဲမှု ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း လောင်းလုံး PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ ဧပြီလ ၂၆ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် လောင်းလုံးမြို့ပေါ်ရှိ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) ရုံး၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်သူများနေထိုင်သည့် ရပ်ကွက်များကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် က ရပ်ကွက်၊ ထိန်သစ်လမ်းကို လက်နက်ကြီး ကျရောက် ပေါက်ကွဲခဲ့ပြီး အသက် ၇၅ နှစ် အရွယ် ဒေါ်ခင်အေး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။ "တိုက်ပွဲမဖြစ်ဘဲ စစ်ခွေးတွေက အဲ့လို အမြဲ ရမ်းပစ်နေတာ အရင်က စခတွေ လက်နက်ကြီးပစ်တိုင်း သူ့ အိမ်အနားပဲ ကျနေလို့ အခု သူ့သမီးအိမ်မှာ သွားနေနေတုန်း လက်နက်ကြီးထိပြီး ပွဲချင်းပြီး ဆုံးသွားတာ" ဟု လောင်းလုံး PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
Show all...
👍 4😢 2
တန့်ဆည် / ကန့်ဘလူ 🔺 ⭕️ တန့်ဆည်မြို့ပေါ်ကနေ ရိက္ခာပစ္စည်းများသယ်ဆောင်ပြီး ပြန်လည်ထွက်လာတဲ့ အကြမ်းဖက်စစ်ခွေး(၁၀၀)ကျော်ဟာ သဲကုန်းရွာမှာ ဝင်ရောက်တပ်စွဲထားကြောင်း မြေပြင်သတင်းရရှိ။ ⭕️ ကန့်ဘလူ(6006)ခွေးတပ်ကနေထွက်လာတဲ့ စစ်ခွေးအင်အား(၁၀၀)ကျော်လိုက်ပါလာသည့် ခွေးကားအကြီး(၃)စီးဟာ ညောင်ပင်ဆိပ်ရွာမှတဆင့် ကာဘိုးခွေးခြံဆီသို့ ဦးတည်မောင်းတက်နေကြောင်း သိရှိရပါတယ်။ တန့်ဆည်နယ်အရှေ့ခြမ်း မိဘပြည်သူများအားလုံး အထူးဂရုစိုက်ပေးကြပါခင်ဗျာ။ (အောက်ပါ 𝐏𝐃𝐂 တယ်လီဂရမ်ချန်နယ်တို့မှာလည်း ဝင်ရောက်ကြည့်ရှူနိုင်ပါသည်) https://t.me/htookhantzaw5 https:///aerialintelligence ​တိုက်ရိုက် သတင်းပေးပို့ရန် ☞https://t.me/mothersson122021 #မှတ်ချက် 'သတင်းများအား မူရင်းအတိုင်းသာ ကူးယူဖော်ပြခွင့်ပြုသည်' 𝑨𝒑𝒓𝒊𝒍,27,2024/ 11:25Am 【𝐏𝐃𝐂】 🚩 ✰အမေ့သား✰
Show all...
𝐏𝐞𝐨𝐩𝐥𝐞'𝐬 𝐃𝐞𝐟𝐞𝐧𝐬𝐞 𝐂𝐨𝐦𝐫𝐚𝐝𝐞 🚩{အမေ့သား} 🚩

"ပစ်မိန့်ကိုမကြောက်လို့ စစ်မိန့်ကိုတော်လှန်နေတာ" ★ရေဦးမြို့နယ်အခြေပြု ပြည်သူ့ကာကွယ်ရေးရဲဘော်★ - ─═┳︻ အမေ့သား ︻ ┳═─-

👍 6
ရေဦး ‼️ 📌 Apr.23ရက်နေ့မနက်ပိုင်း ၁၀နာရီဝန်းကျင်ခန့် ရေဦးတိုင်းရင်းကနေ အကြမ်းဖက်စစ်ခွေးများမှ အနောက်ဘက်ခြမ်း နှောကုန်းရွာသို့ နှစ်စဥ်ပြုလုပ်နေကျ ဆွမ်းလောင်းပွဲကို 81mmလက်နက်ကြီးဖြင့် ရမ်းကားပစ်ခတ်ခဲ့တာကြောင့် ကျေးရွာအတွင်းရှိ ပြည်သူပိုင်စပါးတိုက်တစ်လုံးပေါ်သို့ ကျရောက်ပေါက်ကွဲသဖြင့် ထိခိုက်ပျက်ဆီးခဲ့ရပါတယ်။ အရပ်သားပြည်သူ ထိခိုက်မှုမရှိခဲ့ပါခင်ဗျာ ။ 📌 ရေဦးနယ်အတွင်းမှာ အကြမ်းဖက်စစ်ခွေးများ စစ်ကြောင်းထိုးနေခြင်းမရှိပေမယ့်လည်း ရေဦးမြို့ပေါ်ကနေ 120mm/81mmလက်နက်ကြီးများအသုံးပြုပြီး ပြည်သူများနေထိုင်ရာကျေးရွာတွေဘက်ကို တိုက်ပွဲဖြစ်ထားခြင်းမရှိပဲ အကြောင်းမဲ့ရမ်းကားပစ်ခတ်လျှက်ရှိသောကြောင့် အနီးဝန်းကျင်ရှိကျေးရွာများ အထူးသတိထားနေထိုင်ပေးကြဖို့ လိုအပ်ပါတယ်ခင်ဗျာ။ အားလုံးဘေးကင်းပါစေ ရေဦး။ (အင်တာနက်လိုင်း ဖြတ်တောက်ခံရမှုများကြောင့် သတင်းတင်ခြင်းနောက်ကျနေရခြင်းဖြစ်ပါတယ် ၊ အားလုံးကိုတောင်းပန်အပ်ပါတယ်ခင်ဗျာ) (အောက်ပါ 𝐏𝐃𝐂 တယ်လီဂရမ်ချန်နယ်တို့မှာလည်း ဝင်ရောက်ကြည့်ရှူနိုင်ပါသည်) https://t.me/htookhantzaw5 https:///aerialintelligence ​တိုက်ရိုက် သတင်းပေးပို့ရန် ☞https://t.me/mothersson122021 #မှတ်ချက် 'သတင်းများအား မူရင်းအတိုင်းသာ ကူးယူဖော်ပြခွင့်ပြုသည်' 𝑨𝒑𝒓𝒊𝒍,26,2024/ 12:45Pm 【𝐏𝐃𝐂】 🚩 ✰အမေ့သား✰
Show all...
𝐏𝐞𝐨𝐩𝐥𝐞'𝐬 𝐃𝐞𝐟𝐞𝐧𝐬𝐞 𝐂𝐨𝐦𝐫𝐚𝐝𝐞 🚩{အမေ့သား} 🚩

"ပစ်မိန့်ကိုမကြောက်လို့ စစ်မိန့်ကိုတော်လှန်နေတာ" ★ရေဦးမြို့နယ်အခြေပြု ပြည်သူ့ကာကွယ်ရေးရဲဘော်★ - ─═┳︻ အမေ့သား ︻ ┳═─-

👍 3
တန့်ဆည် 🔺 📌 ကန့်ဘလူနယ် ကာဘိုးခွေးခြံမှထွက်လာတဲ့ အကြမ်းဖက်စစ်ခွေး(၁၃၀)ခန့်ဟာ တန့်ဆည်နယ်အရှေ့ဘက် ရွှေလမ်းဆုံခွေးဂိတ်ဘက်သို့ရောက်ရှိထားပြီး နောက်ချန်ခွေးအုပ်စုဟာ အက်တောကျေးရွာတဝိုက်တွင် ရှိနေကြောင်း မြေပြင်သတင်းရရှိ ။ 📌 ယမန်နေ့က သာကေတရွာနဲ့ တုတ္တလုတ်ကျေးရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြတဲ့ အကြမ်းဖက်ခွေးစစ်ကြောင်းဟာလည်း တုတ္တလုတ်ကျေးရွာတွင် ဝပ်ကျင်းချထားဆဲဖြစ်ကြောင်း သိရှိရပါတယ်။ အကြမ်းဖက်စစ်ခွေးကြောင်းများနဲ့ အနီးဝန်းကျင်ရှိပြည်သူများ ဘေးလွတ်ကင်းရာတိမ်းရှောင်ပေးထားကြဖို့ သတိပေးတင်ပြအပ်ပါတယ်။ အားလုံးဘေးကင်းပါစေ တန့်ဆည်။ (အောက်ပါ 𝐏𝐃𝐂 တယ်လီဂရမ်ချန်နယ်တို့မှာလည်း ဝင်ရောက်ကြည့်ရှူနိုင်ပါသည်) https://t.me/htookhantzaw5 https:///aerialintelligence ​တိုက်ရိုက် သတင်းပေးပို့ရန် ☞https://t.me/mothersson122021 #မှတ်ချက် 'သတင်းများအား မူရင်းအတိုင်းသာ ကူးယူဖော်ပြခွင့်ပြုသည်' 𝑨𝒑𝒓𝒊𝒍,25,2024/ 17:47 【𝐏𝐃𝐂】 🚩 ✰အမေ့သား✰
Show all...
𝐏𝐞𝐨𝐩𝐥𝐞'𝐬 𝐃𝐞𝐟𝐞𝐧𝐬𝐞 𝐂𝐨𝐦𝐫𝐚𝐝𝐞 🚩{အမေ့သား} 🚩

"ပစ်မိန့်ကိုမကြောက်လို့ စစ်မိန့်ကိုတော်လှန်နေတာ" ★ရေဦးမြို့နယ်အခြေပြု ပြည်သူ့ကာကွယ်ရေးရဲဘော်★ - ─═┳︻ အမေ့သား ︻ ┳═─-

👍 5
ရေဦး ‼️ 💢 ယမန်နေ့က ရေဦးတိုင်းရင်းအတွင်းမှ ငတ်နာကျပြီးခွေးရှုးပြန်နေကြတဲ့ အကြမ်းဖက်စစ်ခွေးတသိုက်မှ 81mmလက်နက်ကြီးဖြင့် ရေဦးနယ်အနောက်ဘက်ခြမ်းကျေးရွာများဘက်သို့ နေ့ရောညပါ ၂ကြိမ်တိုင်တိုင်ရမ်းကားပစ်ခတ်ခဲ့ပါတယ် ။ နှောကုန်းကျေးရွာအတွင်းမှ ပြည်သူပိုင် စပါးတိုက်တစ်လုံးပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သောကြောင့် ထိခိုက်ပျက်ဆီးခဲ့ရပြီး အရပ်သားပြည်သူထိခိုက်မှုမရှိခဲ့ပါခင်ဗျာ။ ပြီးခဲ့သည့်ရက်ပိုင်းက မုံရွာ/နမခတက် Mi-17 စစ်ခွေးမသာတင်ယာဥ်(1)စီးဖြင့် ရေဦးသို့ဆင်းသက်ပြီး 81mmလက်နက်ကြီးကျည်များထည့်ထားသည့်သေတ္တာအရှည် ၅လုံးခန့် ချပေးထားခဲ့ကြောင်း သိရှိရ ၊ ထို81mmလက်နက်ကြီးများအသုံးပြုပြီး ရေဦးမြို့ပေါ်မှ အကြမ်းဖက်စစ်ခွေး မအေloeများဟာ စစ်ရေးပစ်မှတ်မဟုတ်သည့် ပြည်သူများနေထိုင်ရာကျေးရွာများကို ယခုလိုရမ်းကားပစ်ခတ်လာပြီဖြစ်သောကြောင့် အနီးဝန်းကျင်ရှိ မိဘပြည်သူများအနေဖြင့် အသိသတိဖြင့်သာ အထူးဂရုစိုက်နားစွင့်နေထိုင်ပေးကြဖို့ သတိပေးအပ်ပါတယ်ခင်ဗျာ ။ (အင်တာနက်လိုင်းအခက်ခဲများကြောင့် မြေပြင်သတင်းစီးဆင်းမှုများ ပြတ်တောက်နေရသည့်အတွက် တောင်းပန်အပ်ပါတယ်ခင်ဗျာ) ပြည်သူအားလုံး ဘေးကင်းကြပါစေ။ (အောက်ပါ 𝐏𝐃𝐂 တယ်လီဂရမ်ချန်နယ်တို့မှာလည်း ဝင်ရောက်ကြည့်ရှူနိုင်ပါသည်) https://t.me/htookhantzaw5 https:///aerialintelligence ​တိုက်ရိုက် သတင်းပေးပို့ရန် ☞https://t.me/mothersson122021 #မှတ်ချက် 'သတင်းများအား မူရင်းအတိုင်းသာ ကူးယူဖော်ပြခွင့်ပြုသည်' 𝑨𝒑𝒓𝒊𝒍,24,2024/ 21:10 【𝐏𝐃𝐂】 🚩 ✰အမေ့သား✰
Show all...
𝐏𝐞𝐨𝐩𝐥𝐞'𝐬 𝐃𝐞𝐟𝐞𝐧𝐬𝐞 𝐂𝐨𝐦𝐫𝐚𝐝𝐞 🚩{အမေ့သား} 🚩

"ပစ်မိန့်ကိုမကြောက်လို့ စစ်မိန့်ကိုတော်လှန်နေတာ" ★ရေဦးမြို့နယ်အခြေပြု ပြည်သူ့ကာကွယ်ရေးရဲဘော်★ - ─═┳︻ အမေ့သား ︻ ┳═─-

👍 6🤬 4
ကျွန်တော်တို့ရဲ့ ရေဦးမြို့နယ်အခြေစိုက် 𝐏𝐞𝐨𝐩𝐥𝐞'𝐬 𝐃𝐞𝐟𝐞𝐧𝐬𝐞 𝐂𝐨𝐦𝐫𝐚𝐝𝐞 မှ facebook page, Telegram Channal တို့မှာ အင်တာနက်လိုင်းအခက်ခဲများကြောင့် စစ်ရေးသတင်းအခြေအနေလှုပ်ရှားမှုများ ပြတ်တောက်နေရသည့်အတွက် တင်ပြမပေးနိုင်သေးတာ နားလည်ပေးကြပါရန် ပြည်သူများအား (အမေ့သား)မှ အနှုးအညွှတ်တောင်းပန်အပ်ပါတယ်ခင်ဗျာ 🙏🙏🙏 ပြည်သူများအားလုံး အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးအောက်ကနေ အမြန်ဆုံးလွတ်မြောက်ရုန်းထွက်နိုင်ကြပါစေခင်ဗျာ 🙏 𝑨𝒑𝒓𝒊𝒍,12,2024 【𝐏𝐃𝐂】 🚩 ✰အမေ့သား✰
Show all...
👍 16 4
Repost from Khit Thit Media
တန့်ဆည်-ရေဦး-ခင်ဦး နယ်စပ်ကို စစ်ကြောင်းထိုးခဲ့သော စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပြီး တော်လှန်ရေး ရဲဘော် ၂ ဦးကျဆုံး၊ စစ်တပ်က ပြည်သူ ၄ ဦးကို သတ်ဖြတ် ■ စစ်တပ် စစ်ကြောင်းက ချောင်းရိုးရွာနှင့် မုံလှရွာရှိ နေအိမ်၊ ဈေးဆိုင်နှင့် ကြက်ခြံများကို မီးရှို့ဖျက်ဆီး ရန်ကုန်၊ မတ် ၂၉ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်-ရေဦးမြို့နယ်-ခင်ဦးမြို့နယ် အစပ်ကို စစ်ကြောင်းထိုးခဲ့သော အကြမ်းဖက် စစ်တပ်က တော်လှန်ရေး ရဲဘော် ၂ ဦး အပါအဝင် ပြည်သူ ၆ ဦးကို သတ်ဖြတ်ပြီး ချောင်းရိုးရွာနှင့် မုံလှရွာရှိ နေအိမ်၊ ဈေးဆိုင်နှင့် ကြက်ခြံများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ မတ်လ ၂၁ ရက်နေ့က တန့်ဆည်မြို့ပေါ်မှ ထွက်လာသည့် ကန့်ဘလူ ဝါသဝ ပျူစောထီး စစ်ကြောင်းနှင့် အကြမ်းဖက် စစ်သား အင်အား ၁၃၀ ကျော်သည် တန့်ဆည်မြို့နယ် တောင်ဘက်ခြမ်းရှိ ကျေးရွာများဘက်ကို စစ်ကြောင်းထိုး စီးနင်းခဲ့ကြောင်း သိရသည်။ မတ်လ ၂၂ ရက်နေ့နှင့် ၂၃ ရက်နေ့တွင် တန့်ဆည်မြို့နယ်၊ ချောင်းရိုးရွာကို ပစ်ခတ် ဝင်ရောက် စီးနင်းပြီး ခရစ်ယာန် ဘာသာဝင် အမျိုးသား ၂ ဦးကို ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ခရစ်ယာန်သုဿာန်ထဲ၌ ပြည်သူ ၁ ဦးကို ခေါင်းဖြတ် သတ်ကာ ကျန် ၁ ဦးကို လည်ပင်းကို ကြိုးဖြင့်ချီ၍ သစ်ပင်၌ တွဲလောင်းချီကာ လည်လှီး သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ ချောင်းရိုးရွာသည် ကက်သလစ် ခရစ်ယာန် ဘာသာဝင်များ နေထိုင်သော ကျေးရွာတစ်ရွာဖြစ်ပြီး အကြမ်းဖက် စစ်တပ်၏ အကြိမ်ကြိမ် မီးရှို့ဖျက်ဆီးခြင်းကြောင့် ရွာလုံးကျွတ် မီးလောင် ဆုံးရှုံးခဲ့ပြီး ဘုရားကျောင်းတစ်ခုသာ မီးမလောင်ဘဲ ကျန်ရှိခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်က ချောင်းရိုးရွာရှိ ကြက်ခြံ ၃ ခြံနှင့် ကားလမ်းဘေးရှိ စားသောက်ဆိုင်ခန်း ၅ ဆိုင်၊ နေအိမ် ၄ လုံးကိုလည်း မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရသည်။ မတ်လ ၂၄ ရက်နေ့တွင် တန့်ဆည်မြို့နယ်၊ ချောင်းရိုးရွာမှ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရေဦးမြို့နယ်၊ ဗိုလ်ရုံရွာကို ဆက်လက် စစ်ကြောင်းထိုးလာပြီး ဗိုလ်ရုံရွာကို မဝင်ရောက်မီ ရေဦးမြို့ အထိုင်ဂိတ်ရှိ စစ်ကောင်စီ တပ်သားများက ဗိုလ်ရုံရွာနှင့် ပန်းကုံးရွာရှိ စစ်ဘေးရှောင် ပြည်သူများကို လက်နက်ကြီး ၁၂၀ မမများဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဗိုလ်ရုံရွာမှ အသက် ၄၀ ကျော် အရွယ် ဒေါ်ကြူနှင့် အသက် ၇၀ အရွယ် ဒေါ်အုန်းရင်တို့ သေဆုံးခဲ့ကြောင်း သိရှိရသည်။ ရေဦးမြို့ပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက်နက်ကြီး ပစ်ကူများ ပစ်ခတ်ပြီးနောက် စစ်ကောင်စီ တပ်သားများသည် ဗိုလ်ရုံရွာကို ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ ယင်းနေ့ညပိုင်းတွင် ဗိုလ်ရုံရွာမှ ပန်းကုံးရွာကို ထပ်မံ ဝင်ရောက် စီးနင်း တပ်စွဲခဲ့ပြီး ပန်းကုံးရွာထိပ်မှ မူးချောင်းကို ဖောင်များနှင့် အရှေ့ဘက်ကို ဖြတ်ကူးပြီး ဖိန်းကားရွာကို ထပ်မံ ဝင်ရောက်ခဲ့ကြောင်း သိရသည်။ အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ဖိန်းကားရွာကို ဝင်ရောက် သွားပြီးနောက် ဒဏ်ရာရ စစ်သားများကို ရေဦးမှ လာကြိုသည့် ကားကြီးများဖြင့် တင်ဆောင်ကာ ရေဦးမြို့ကို ခေါ်ဆောင်သွားပြီး ကျန်ရှိနေသော စစ်ကောင်စီ တပ်သားများသည် ခြေလျင် စစ်ကြောင်းဖြင့် မြို့ထဲကို ဝင်ရောက်သွားကြောင်း သိရှိရသည်။ မတ်လ ၂၅ ရက်နေ့တွင် ရေဦးမြို့ထဲ ရောက်ရှိနေသော စစ်ကောင်စီ တပ်သားများသည် ခင်ဦးမြို့ထဲကို ထပ်မံ စစ်ကြောင်းထိုးနေခဲ့ပြီး မတ်လ ၂၈ ရက်နေ့တွင် မုံလှရွာကို မီးရှို့ပျက်စီးခဲ့ကြောင်း သိရသည်။ "မတ်လ ၂၂ ရက်နဲ့ ၂၃ ရက်နေ့က တန့်ဆည်မြို့နယ် ချောင်းရိုးရွာမှာရှိတဲ့ ကြက်ခြံ ၃ ခြံ ၊ နေအိမ် ၄ လုံး ကားလမ်းဘေးက စျေးဆိုင်၅ ဆိုင်ကို မီးရှို့ခဲ့တယ်။ အသတ်ခံရသူက ချောင်းရိုးရွာသားနဲ့ ဖန်းခါးဇင်ရွာသားပါ။ ချောင်းရိုးရွာထိပ်က ပြည်သူတွေစုပေါင်း ဆောက်လုပ်ထားတဲ့ ဇရပ်ပါ မကျန် မီးရှို့သွားတာ အဲ့ဒီဝါသဝ ပျူစစ်ကြောင်းက မနေ့က ခင်ဦးနယ် မုံလှရွာကို မီးရှို့ပြီး ရေဦးနယ် အောင်သာယာပျူရွာကနေ ကန့်ဘလူနယ် ကာဘိုးဘက်ပြန်ဝင်သွားပြီ အဲ့ဒီ ဝါသဝပျူစောထီးစစ်ကြောင်းမှာ ကန့်ဘလူနယ်ဘက်က မဘသ ဘုန်းကြီး ၃ ပါး ဦးဆောင်ပြီး လိုက်ပါလာတယ်။ အခုတခေါက် သူတို့ ရှို့သွားတဲ့ရွာတွေက ခရစ်ယာန်ရွာတွေချည်းပဲရှို့သွားတယ်" ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။ အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် တော်လှန်ရေး တပ်ဖွဲ့များ ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး တော်လှန်ရေး ရဲဘော် ၂ ဦးကျဆုံးခဲ့ကြောင်း သိရသည်။
Show all...
👍 10