en
Feedback

Don't get caught by a cheater! Telemetrio finds and tags such channels 👉 If you want to see the tag, subscribe

တပ်သားလေး ဖိုးထောင် 🇲🇲🪖

တပ်သားလေး ဖိုးထောင် 🇲🇲🪖

Open in Telegram

အောက်‌ခြေရဲဘော်များကို စာနာသောအားဖြင့် သတင်းတင်မည်။ စစ်မြေပြင်သတင်းမှန်များ ဖတ်ရှုနိုင်ပါသည်။ 🇲🇲🪖

Show more
7 648
Subscribers
-524 hours
-267 days
-13130 days
Posts Archive
Repost from Thazin Oo 🇲🇲
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်တပ်မတော်သတင်းမှန်ပြန်ကြားရေးသို့ မေးမြန်းခြင်း ဖြစ်ပါတယ်။ "ဇူလှိုင်လ (၂) ရက်နေ့ ည ၉ နာရီဝ
+1
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်တပ်မတော်သတင်းမှန်ပြန်ကြားရေးသို့ မေးမြန်းခြင်း ဖြစ်ပါတယ်။ "ဇူလှိုင်လ (၂) ရက်နေ့ ည ၉ နာရီဝန်းကျင်၊ မန္တလေးမြို့ 35×36 လမ်း သဂ်ဇာချောင်းအနောက်ဘက် မှာ လူငယ် ၂ ဦး ကွမ်းယာထွက်ဝယ်ရင်း ဆိုင်ကယ်ချိန်းကျ၍ ပြန်လည်ပြုပြင်နေစဥ် ဒေးဝင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမင်းဇော်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်အမည်ခံ ပုဂ္ဂိုလ်များမှ ၎င်းလူငယ် ၂ဦးအား စစ်ဆေးရာ အကြမ်းဖက်အားပေးကြောင်းအထောက်ထားများ မတွေ့ရှိရသော်လည်း ဖုန်းအတွင်း VPN ပါရှိသည်ဟု ဆိုကာ ဒဏ်ငွေအဖြစ် အုပ်ချုပ်ရေးမှူးအား ၅ သိန်းကျပ်၊ လုံခြုံရေး တပ်ဖွဲ့ဝင်အမည်ခံ ပုဂ္ဂိုလ်များကို ဆယ်သိန်းကျပ် ပေးဆောင်ခဲ့ရကြောင်း သိရှိရပါသည်။ ကိုင်ဆောင်ထားသော ဖုန်းနှစ်လုံး ကိုလည်း သိမ်းဆည်းထားကြောင်းနှင့် လူငယ်တစ်ဦးအား ဝါယာကြိုးများဖြင့် ရိုက်နှပ်ထားကြောင်း ထပ်မံသိရှိရပါတယ်။ " ဟု Telegram channel တစ်ခုတွင် သတင်းတွေ့ရှိရပြီး အဆိုပါဖြစ်စဥ် အမှန်တကယ်ဖြစ်ပွားခဲ့ကြောင်းလည်း စုံစမ်းသိရှိရပါသည်။ အဆိုပါကိစ္စရပ်နှင့် ပတ်သက်၍ စုံစမ်းအရေးယူမှုများအား သတင်းထုတ်ပြန်ပေးစေလိုပါတယ်ရှင်။ သူရိယနေဝန်းမှ သဇင်ဦးပါ ။

သတိပေးထားခဲ့တဲ့ ရှော့တိုက်ဒုံးတွေကို ထိုင်ပဲ ကြည့်ခဲ့ကြတော့ ခုအချိန် ကိုယ့်ညီကိုတွေနဲ့ ပြည်သူတွေ ခေါင်းပေါ်ကျနေပြီ။ စိတ်အတော်မကောင်းဘူးဗျာ။ https://t.me/privatephoehtaung/562

ဒါလေးပြန်သတိရလို့ပါ...😂😂😂 ဟူတ်မှလည်းလုပ်ပါမောင်ကာဠုရာ

၁၀၂၇ တုံးက လဝက တာဝန်သိဝန်ထမ်းတွေက အသိပေးခဲ့ပါတယ်။ ၁၀၂၇ ဒုတိယပိုင်းမှာလဲ တပ်မတော်ကိုချစ်တဲ့ ပြည်သူတွေက တာဝန်ကျေပွန်စွာ ၁ လလောက်အလိုထဲက အသိပေးကြပါတယ်။ ဝန်ထမ်းတွေပို့သော သတင်းများလဲရှိပါတယ်။ အန္တရာယ်ကြားထဲက ဗီဒီယိုများပါ ရိုက်ပြီးပို့ကြရှာပါတယ်။ အချို့သူများ ဒလန်/ထောက်လှမ်းရေး စွပ်စွဲခံရပြီး အသတ်ခံရပါတယ်။ သို့သော်ငြား ဗေထိဆိုတော့ အလဲအကွဲပါပဲ။ မွေးနေ့အလှူလုပ်ချင်လို့ဆိုရင်တော့လဲ မျက်ရည်ဝိုင်းပြီး သာဓုခေါ်ပေးရမလိုပါ။ တခါမှားတာက မသိလို့မှားတာ နှစ်ခါမှားတာ ညံ့လို့မှားတာ သုံးခါမှားရင်တော့ လဲသေသင့်ပါပြီ ပြည်သူများ တာဝန်ကျေပါတယ်။ တာဝန်မကျေသောသူများ ကိုယ့်ဟာကိုယ်သိ ကိုယ့်ဟာကိုယ်တာဝန်ခံဖို့ ပြင်ထားကြပါ။ https://t.me/privatephoehtaung

Repost from DGF21News
မြန်မာ့တပ်မတော်ဘာလဲဘယ်လဲ? ====================== လားရှိုးအနီးကပ်လာပြီးနေရာယူထားတဲ့MNDAAနဲ့TNLAအကြမ်းဖက်သူပုန်တပ်တွေပါတဲ့။ဝတပ်
မြန်မာ့တပ်မတော်ဘာလဲဘယ်လဲ? ====================== လားရှိုးအနီးကပ်လာပြီးနေရာယူထားတဲ့MNDAAနဲ့TNLAအကြမ်းဖက်သူပုန်တပ်တွေပါတဲ့။ဝတပ်ပါပေမဲ့ပေါ်တင်လှုပ်ရှားတာမတွေ့ ရန်သူဟာလားရှိုးကိုတိုက်မယ်လားရှိုးအနီးအင်အားတွေစုဖွဲ့နေတယ်ဆိုတာလွန်ခဲ့တဲ့တစ်လလောက်ကတည်းကအရပ်သတင်းတွေတွေ့နေရတယ်။ ဒီလိုအခြေအနေမှာ မြန်မာ့တပ်မတော်ကြီးကဖွဲ့စည်းထားပါတယ်ဆိုတဲ့Droneတပ်ဖွဲ့ကြီးကဘယ်မှာလဲ? ၂၄နာရီကင်းထောက်ပျံသန်းလို့ရပါတယ်ဆိုတဲ့CH4ကြီးတွေကဘယ်မှာလဲ? Standard Armyကြီးရဲ့ကြိုတင်ချေမှုန်းနိုင်စွမ်းကဘယ်မှာလဲ? ရန်သူကကိုယ့်ကိုသတ်ဖို့လုပ်နေတာကိုဥပဒေအရတို့သဘောတူညီချက်အရတို့ငြိမ်းချမ်းရေးရှေ့ရှု၍တို့နဲ့ဒီအတိုင်းထိုင်ကြည့်နေကြတယ်။ ရန်သူလာတိုက်ပြီဆိုရင်လည်းမရှုနိုင်မကယ်နိုင် ရန်သူဘာလုပ်နေပြီလဲသိတယ် ရန်သူဘယ်လိုစစ်နည်းဗျူဟာသုံးနေတာလဲသိတယ် ဘယ်နေရာဘာလုပ်သင့်တယ်ဆိုတာလဲသိကြတယ် ခက်တာကဘာမှကိုမလုပ်တာငုတ်တုတ်ထိုင်ကြည့်နေတာအ့ံဩစရာဘဲ ရန်သူ့သတင်းအင်အားနဲ့ပါတ်သက်ရင်လည်းအထက်ကဆူမှာကြောက်ပြီးအမှန်အတိုင်းမတင်ပြရဲအဆင့်ဆင့်ဖြတ်တောက်လိုက်တာကကကြည်းရောက်တော့၅၀လောက်ဘဲကျန်တယ်တကယ်မြေပြင်မှာ၅၀၀၀ဖြစ်နေတယ်သတင်းအမှားတွေနဲ ဘယ်လိုစစ်တိုက်နေသလဲ မသိတော့ ဒီအတိုင်းဆိုMAဘာလဲဘယ်လဲ?

Repost from U Kyaw Soe Oo
မြင်နိုင်ကြပါစေ။ ပြင်းပြင်းထန်ထန် မကိုင်တွယ်ရင် ဒီလို မြင်ကွင်းတွေ မြင်နေရမှာပါ။
မြင်နိုင်ကြပါစေ။ ပြင်းပြင်းထန်ထန် မကိုင်တွယ်ရင် ဒီလို မြင်ကွင်းတွေ မြင်နေရမှာပါ။

ရန်သူက စိတ်မရှည်တော့ဘူး။ မူလရန်သူဗျူဟာက TNLA က နောင်ချို၊ ကျောက်မဲ၊ သီပေါတို့ကို သိမ်းပိုက်ထိမ်းချုပ်ပြီး လားရှိုးကို ဒုတိယလောက်ကိုင်အဖြစ် အဆက်ဖြတ်ပြီး MNDAA က ဝိုင်းပိတ်တိုက်ဖို့ပါ။ ဒါပေမဲ့ နောင်ချိုနဲ့ ကျောက်မဲမှာ စစ်ဦးကျိုးသွားလို့ ယခုစိတ်မရှည်ပဲ လားရှိုးထိုးစစ် စလိုက်ပါပြီ။ လူအင်အားအမြောက်အများဖိသုံးမဲ့ ဗျူဟာဖြစ်ပြီး AA, UWSA, SSPP စစ်ကူအမြောက်အများပါဝင်ပါတယ်။ တပ်မတော်သားများ တရားသောစစ်ပွဲ အောင်မြင်ကြပါစေ။ https://t.me/privatephoehtaung

ရမခတိုင်း ရှမ်းမြောက်မှာလားရိူးနဲ့မူဆယ်လောက်အုပ်ချုပ်ရသလိုဖြစ်နေတာကြာပြီ။မူဆယ်မြို့လည်းပြန်ပေးဆွဲခံရတာတရုန်းရုန်းနဲ့။ ဟော... အခုလားရိူးတောင်ဖက်အဝင်နားကပ်လျက်ကနောင်မွန်းစခန်းခံချနေရပြီ။သိန်းနီနဲ့ကွတ်ခိုင်ထိပြန်သိမ်းနိုင်ဖို့ဝေလာဝေးမှာပေါ့😂 ဘာတွေမှမျှော်လင့်နေလို့မရတော့ပါဘူး၊သိပြီ ထရုမီဒီယာ

💚💚Happy Birthday 💚💚 တိုင်းပြည်အကျိုး၊ တပ်မတော်အကျိုး သယ်ပိုးထမ်းရွက်နိုင်ပါစေ အဘ https://t.me/privatephoehtaung
💚💚Happy Birthday 💚💚 တိုင်းပြည်အကျိုး၊ တပ်မတော်အကျိုး သယ်ပိုးထမ်းရွက်နိုင်ပါစေ အဘ https://t.me/privatephoehtaung

မျက်ရည်ခံထိုးတာမဟုတ်ဘူးဗျ စစ်သားကစစ်သားအလုပ် လုပ်ရမှာကျုပ်တို့သိတယ်။ ကျုပ်ရဲဘော်ရဲဘက်တွေလည်းသိတယ်။ ရေဘေး လေဘေး မုန်တိုင်းဘေးမ
+5
မျက်ရည်ခံထိုးတာမဟုတ်ဘူးဗျ စစ်သားကစစ်သားအလုပ် လုပ်ရမှာကျုပ်တို့သိတယ်။ ကျုပ်ရဲဘော်ရဲဘက်တွေလည်းသိတယ်။ ရေဘေး လေဘေး မုန်တိုင်းဘေးမှာ ငါတို့သည် ငါနိုင်ငံတော် ငါနိုင်ငံသား အတွက် ငါ၏အသက်ကိုစွန့်လွှတ်ရန် အဓိဌာန်ပြုပါသည်လို့ကြွေးကြော်ထားလို့သာ ကျရာတာဝန်ထမ်းဆောင်နေရတာ။ စစ်ခွေးလို့ခေါ်နေတဲ့ ပြည်သူအချို့ဒုက္ခရောက်ချိန်မှာ ကူညီကယ်ဆယ်ရတဲ့ကျုပ်တို့လက်တွေ အားတော့မပါပေမယ့် ခင်ဗျားတို့ တစ်ချိန်မှာ ကျုပ်တို့လိုစစ်ခွေးတွေရဲ့ ရင်ထဲကမေတ္တာစေတနာတွေကိုနားလည်လာမှာပါဆိုတဲ့ စိတ်နဲ့ ကျုပ်တို့သေရဲ သတ်ရဲ ခံရဲတယ်ဗျ။ https://t.me/privatephoehtaung

ငအေးမောင်က အငြိုးအတေး အလွန်ကြီးတယ်။ ယုံကြည်ရသူမဟုတ်ဘူး။ အခုလဲ ANP ပါတီဝင်အချို့ အကြမ်းဖက် AA နဲ့ပတ်သက်မှုရှိနေလို့ ရွေးကောက်ပ
ငအေးမောင်က အငြိုးအတေး အလွန်ကြီးတယ်။ ယုံကြည်ရသူမဟုတ်ဘူး။ အခုလဲ ANP ပါတီဝင်အချို့ အကြမ်းဖက် AA နဲ့ပတ်သက်မှုရှိနေလို့ ရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်ခွင့်ငြင်းလိုက်တော့ အကန်တွေ စပြောလာပြီ။ ဘက်မပြောင်းခင် စောစောစီးစီး ဆွဲစိထားလိုက်တာအေးမယ်။ https://t.me/privatephoehtaung

စွမ်းဆောင်ရည်ညံ့တဲ့ လပခတိုင်းမှူးနေရာကို လူလဲကစားလိုက်ပါပြီ။ တိုင်းမှူးသစ်ကြီး လက်စွမ်းတွေ မျှော်နေပါတယ်။ https://t.me/privat
စွမ်းဆောင်ရည်ညံ့တဲ့ လပခတိုင်းမှူးနေရာကို လူလဲကစားလိုက်ပါပြီ။ တိုင်းမှူးသစ်ကြီး လက်စွမ်းတွေ မျှော်နေပါတယ်။ https://t.me/privatephoehtaung

စဉ့်ကူးမြို့နယ်၊ ပင်လယ်ကြီးရွာရှိ နယ်မြေခံ လုံခြုံရေးစခန်းငယ်ကိုစစ်သွေးကြွများ အင်အားအလုံးအရင်းဖြင့် ၃ ရက်တိတိ တိုက်ခိုက်ပြီး
စဉ့်ကူးမြို့နယ်၊ ပင်လယ်ကြီးရွာရှိ နယ်မြေခံ လုံခြုံရေးစခန်းငယ်ကိုစစ်သွေးကြွများ အင်အားအလုံးအရင်းဖြင့် ၃ ရက်တိတိ တိုက်ခိုက်ပြီးနောက် အထိအခိုက်များစွာဖြင့် ဆုတ်ခွာသွားပြီဖြစ်ပါတယ်။ တပ်နဲ့ ပြည်သူ့စစ်ပေါင်းမှ လူ ၇၀ ကျော်ရှိတဲ့ စစ်စခန်းငယ်တခု ၃ရက်တောင့်ခံနိုင်ပြီး အောင်ပွဲဆွတ်ခူးနိုင်တာ လေးစားပါတယ်ဗျာ။ လက်တင်အလေးပြုပါသည်။ https://t.me/privatephoehtaung

န်ိုင်ငံတော်ယာယီသမ္မတကတော်ကို ဘေးခုံတွင်သာ ထိုင်ခိုင်းတာက protocol အောက်နေပါတယ်။ ဖွဲ့စည်းပုံအရ ယာယီသမ္မတသည် ကာကွယ်ရေးဦးစီးချု
+1
န်ိုင်ငံတော်ယာယီသမ္မတကတော်ကို ဘေးခုံတွင်သာ ထိုင်ခိုင်းတာက protocol အောက်နေပါတယ်။ ဖွဲ့စည်းပုံအရ ယာယီသမ္မတသည် ကာကွယ်ရေးဦးစီးချုပ်အထက်ရှိနေဆဲပါ။ https://t.me/privatephoehtaung

မြန်မာ့တပ်မတော်ရဲ့ ပြည်တွင်းထုတ် 240မမ အတွဲလိုက်ပစ် ဒုံးစနစ် MAM-02 ပြည်ပနည်းပညာရယူပြီး ပြည်တွင်းမှာ ကိုယ်ပိုင် အမြောက်အများထုတ်လုပ်လျက်ရှိပါတယ်။ လက်ရှိတိုက်ပွဲစဉ်တွေမှာ အသုံးပြုနေတဲ့ 120မမ တွေထက် ပေါက်ကွဲအား ၂ ဆကြီးပါတယ်။ https://t.me/privatephoehtaung

Repost from Aung Moe Kyaw
ပြင်ဦးလွင်ကို ရှောင်လာရတဲ့ မိသားစုတွေကိုတော့ ကျွန်တော်တို့အသင်းက တွဲဖက်အတွင်းရေးမှူးက အဝတ်အစားတွေ တက်နိုင်သလောက် သွားရောက်ကူညီခဲ့ပါတယ်။ လိုအပ်ဦးမှာသိပေမယ့် ကြိုးစားပါဦးမယ်။ #AungMoeKyaw

လေကြောင်းရန်ကာကွယ်ရေးတပ်ဆိုတော့ တိုက်ပွဲအတွေ့အကြုံနည်းတယ်။ လက်နက်တွေ အကောင်းအတိုင်းပါကုန်တာတော့ နှမြောစရာပါ။ မတ္တရာတဝိုက်စုဖွ
+5
လေကြောင်းရန်ကာကွယ်ရေးတပ်ဆိုတော့ တိုက်ပွဲအတွေ့အကြုံနည်းတယ်။ လက်နက်တွေ အကောင်းအတိုင်းပါကုန်တာတော့ နှမြောစရာပါ။ မတ္တရာတဝိုက်စုဖွဲ့နေတာ ကြာနေပြီဖြစ်တဲ့ ပဒက်တွေက စခန်းတွေသိမ်းလာတဲ့ အခြေအနေဖြစ်လာပြီမို့လို့ လပခ ဖိဖိစီးစီး အလုပ်လုပ်ရမဲ့ အချိန်ရောက်ပါပြီ။ https://t.me/privatephoehtaung

ချင်းရွှေဟော်ကျပြီးသိပ်မကြာခင်မှာ Facebook မှာရင်းနှီးတဲ့လူကြီးတစ်ယောက်ကိုအကြံပေးဖူးတယ်။ သူ့တပည့်တွေကအခုလက်ရှိ တပ်ရင်းမှူး၊ G1 ၊ ဗျူဟာမှူးအဆင့်တွေ။ အရင်ကသူပုန်သိမှာစိုးလို့ public မှာမပြောခဲ့တာ။ အခုတော့သိပ်လဲမကျန်တော့ဘူးဆိုတော့ ပြင်ဖို့မီလိုမီငြား confidential ကို risk ယူပြီးပြောပါမယ်။ မိမိဘက်မှာ Drone မရှိခင်အခြေအနေကစာ၊ အခု Drone တောင်ဖြည့်ထားပြီးပြီဆိုတော့အဲ့ထက်ပိုအားသာမယ်ယူဆတယ်။ ကျွန်တော့်စာဖတ်နေကြတဲ့အထဲက တပ်ရင်းနဲ့အထက်အဆင့်တွေအတွက်အကြံပြုချက်ပါ။ . လှုပ်ရှားတွေစစ်နည်းဗျူဟာပြောင်း။ . တပ်မကျရေးနဲ့ကျတဲ့တပ်ပြန်ရရေးအတွက် တပ်ကိုပဲမဲပြီး ခံစစ်သေမလုပ်နဲ့၊ ခံစစ်​သေနဲ့ပုံသေပစ်ကြောင်းအောက်နေရင် အင်အား ၁၀၀၀ ဖြည့်လဲ ၁၀၀၀ လုံးကုန်မှာပဲ။ . တပ်ကိုလာတိုက်မဲ့ရန်သူကိုကြိုရှာတိုက်နိုင်ရင် တပ်အနားရန်သူကပ်တောင်မကပ်နိုင်ဘူး။ . Command and control အတွက် ဆက်သွယ်ရေးကွန်ရက်တည်ဆောက်။ . မိသားစုတွေကိုကြိုရွှေ့ထား။ ကိုယ့်ဇနီးသားသမီးအတွက်ပူနေရရင်ဘယ်စစ်သားမှစစ်ကိုဖြောင့်ဖြောင့်မတိုက်နိုင်ဘူး။ ၂၈.၆.၂၀၂၄ Geopolitics Admin ပြန်လည်ကူးယူဖော်ပြပါသည်။ https://t.me/privatephoehtaung

အခုလက်ရှိ နောင်ချိုမှာထိုင်နေတဲ့ဗျူဟာမှူး က နာမည်တလုံးနဲ့နေတာ၆၆ ဗျူဟာမှူးနဲ့တုန်းကလည်း မိုးမြဲ PDFတွေကို စုတ်ပြတ်သတ်နေအောင်သမပြီးသွားပြီ... အခုလည်း နောင်ချိုဗျူဟာမှူးနဲ့ အနီးကပ်ကွပ်ကဲနေပြီး သူနေတဲ့ ၆၀၆ ကို TNLA သာလွန်အင်အား၂ ထောင်ကျော်နဲ့ဝင်ဆောင့်တာဂရုမစိုက်ဘဲ ခံချနေတာ ၇ ရက်ရှိနေပြီ .... ပလောင် လန်ပြန်ဆင်းကုန်ကြပြီ....သူပြောပြောနေကျစကားတခုရှိတယ်...''အေးဆေးပါကွာ .. ကျည်တစ်ထောင့် လူတယောက်ကျန်တဲ့ထိချမယ်...အဖမ်းတော့မခံဖူးတဲ့" လေးစားပါတယ်ဗျူဟာမှူးကြီး... https://t.me/privatephoehtaung

ဗဟိုဘဏ်ကြေငြာချက်က ပုံမှန်ဘဏ်လုပ်ငန်းတွေကို ထိခိုက်မှုမရှိပါ။ မစိုးရိမ်ကြပါနဲ့။ https://t.me/privatephoehtaung
+1
ဗဟိုဘဏ်ကြေငြာချက်က ပုံမှန်ဘဏ်လုပ်ငန်းတွေကို ထိခိုက်မှုမရှိပါ။ မစိုးရိမ်ကြပါနဲ့။ https://t.me/privatephoehtaung