cookie

We use cookies to improve your browsing experience. By clicking «Accept all», you agree to the use of cookies.

avatar

DGF21News

DGF21Newsသတင်းများကို မှန်၊မြန်၊တိကျစွာတင်ဆက်ပေးသွားပါမည်၊

Show more
Advertising posts
28 086
Subscribers
+1724 hours
+1007 days
+34430 days

Data loading in progress...

Subscriber growth rate

Data loading in progress...

မပေါ့ဆသင့်သည့် ကိစ္စရပ် =================== NUG လက်အောက်ခံPDF ( မန္တလေး) အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၁၂/က) သင်တန်းဆင်းပွဲပုံရိပ်များထုတ်ပြန်လာပါတယ်။ လက်နက်တွေကိုကြည့်ပါ တပ်မတော်ထုတ်.MA..စီးရီးတွေအကုန်တတ်ဆင်ပေးထားတာတွေ့ရပါတယ်။ ဖြစ်နိုင်ခြေအရှိဆုံးကရှမ်းမြောက်တခွင်(လောက်ကိုင်)ဖြစ်စဥ်တွေကနေ ရလာတဲ့ လက်နက်တွေကို လွှဲပြောင်းပေးလိုက်တယ်လို့ ယူဆရပါတယ်။ အလက်ရေမနည်းပါ။ ဘာကြောင့်လည်းဆိုတော့. ရှမ်းမြောက် (1027)စဆရတလျှောက်လုံးမြောက်သုံးကောင်နဲ့အတူ ( BPLA)ကမောင်ဆောင်းခရဲ့တပ်ဖွဲ့တွေက.MNDAA.လက်အောက်ကနေ ပါဝင်တိုက်ခိုက်ခဲ့ပြီး MA series တွေ အတော်အတန်အသုံးပြုနေပါပြီ ရေရှည်မှာ ခဲယမ်းပြဿနာရှိလာနိုင်တယ်ဆိုပေမယ့် လောလောဆယ်သူတို့ရထားတဲ့ ခဲယမ်းက အနဲဆုံး တစ်နှစ်လောက်တော့ အသုံးပြုလို့ရလောက်အောင်များပြားတယ်လို့ဆိုရပါမယ် မပေါ့ဆသင့်ပါ
Show all...
👍 41👏 2
Photo unavailableShow in Telegram
ပြင်သစ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးဝန်ထမ်းဖြစ်တဲ့ ဌေးဌေးဝင်း ဆိုတဲ့ မိန်းမက CDM ဝင်တယ်ဆိုလို့ ပြောရဦးမယ်...အဲဒီမိန်းမဟာ သံရုံးမှာ သူတာဝန်ထမ်းဆောင်ရတဲ့ သက်တမ်းပြည့်ကာနီးပြီဖြစ်လို့ နိုင်ငံကို မကြာခင်ပြန်လာရတော့မဲ့သူပါ...၂၀၂၄ ဇွန်လ ၂၀ ရက်နေ့ မနေ့ကမှ CDM လုပ်ပါတယ်ဆိုပြီး ပြောတာ သိပ်တော့မူမမှန်ဘူး...သူပြောတဲ့အတိုင်း မကျေနပ်လို့၊ မကြိုက်လို့ CDM လုပ်တယ်ဆိုရင်လည်း စောစောစီးစီးကတည်းက လုပ်လို့ရနေတာပဲ...အခုကြမှ ကောက်ကာငင်ကာနဲ့ CDM လုပ်တာဆိုတော့ မရိုးသားဘူး...ဖြစ်နိုင်တာကတော့ CDM လုပ်ရင် ပြည်ပမှာ ပြည်ပြေးတွေလို အခွင့်အရေးတွေရမယ်၊ ခွက်ခေါက်စားလို့ရမယ်ဆိုတဲ့ အထင်နဲ့ ပြန်မလာတော့ပဲ အနေအစားချောင်ဖို့၊ လုပ်စားဖို့အတွက် CDM လုပ်လိုက်တယ်ဆိုပြီး ပြောလိုက်တာပဲ...
Show all...
👍 19👏 2
Repost from MWD News
08:08
Video unavailableShow in Telegram
မန္တလေးတိုင်းဒေသကြီး ၊ ငါန်းဇွန်မြို့နယ် ၊ ကံမကျေးရွာအနီး ဖြစ်ပွားခဲ့သည့် ပဲခူးမြို့ ၊ ဝင်းနိမ္မိတာရုံကျောင်း ဆရာတော် ဘဒ္ဒန္တ မုနိန္ဒာဘိဝံသ ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ရသည့် ဖြစ်စဉ်အမှန် ပေါ်ပေါက်စေရေးအတွက် စီစစ်ဆောင်ရွက်လျက်ရှိမှုကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း ၏ ပြောကြားချက်။(ဇွန်လ ၂၁)
Show all...
၂ (Sequence 2).mp424.30 MB
👍 33 3
ကၠဲးထိၣ်ဝ့ၢ်ဆၣ်အပူၤ ပှၤမၤဆူၣ်တၢ်ဖိKNU/PDFတဖၣ်ဒီး တၢ်ဒုးကဲထီၣ်ဝံၤ အစိၣ်ဒီး စုကဝဲၤတဖၣ် မၤန့ၢ် *** လါဇိၣ် ၂၀သီအနံၤ , မုၢ်ထူၣ် ၁၂ နၣ်ရံၣ်အကတီၢ် ကၠဲးထိၣ်ဝ့ၢ်ဆၣ်, ပ့နဲကိသဝီကပိာ်ကပၤ သုးမုၢ်သံၣ်ဘိတၢ်ဘံၣ်ဘၢဖိတဖၣ် မၤဝဲဟီၣ်ကဝီၤတၢ်ၡဲတၢ်လဲအကတီၢ် KNU တးမဟၣ် (၁) အစုဖီလာ် ပှၤမၤဆူၣ်တၢ်ဖိKNU/PDF တဖၣ်ဒီးကဲထီၣ်ဝဲ တၢ်ဒုးန့ၣ် ဒိးန့ၢ်ဘၣ်တၢ်ကစီၣ်န့ၣ်လီၤ. တၢ်ဒုးကဲထီၣ်ဝဲ ယံာ် ၂၀ မံးန့းဃၣ်ဃၣ်ဝံၤ ပှၤမၤဆူၣ်တၢ်ဖိKNU/PDF တဖၣ် ဘၣ်ဒိဘၣ်ထံးအါဝဲဝံၤ ဃ့ၢ်ဟးထီၣ်ဝဲအဂ့ၢ်ဒီး လၢအဝဲသ့ၣ်အအိၣ်- -ပှၤမၤဆူၣ်တၢ်ဖိပတဲးအစိၣ် ၂စိၣ် -Sig Sauer အကလုာ် ပၠ့းစတိၣ် ၁ဆိ -အဝဲကျိချံဒၢ-၂ခါ -အဝဲကျိသၣ် အဖျၢၣ် ၁၀ -M-16 က့ၢ်ဂီၤဆီတလၢ M-4 carbine ၁ ဆိ -အဝဲကျိချံဒၢ ၃ခါ -အဝဲကျိသၣ် ၄၀ဖျၢၣ် တဖၣ် ဖီၣ်န့ၢ်မၤန့ၢ်ဝဲန့ၣ် ဒိးန့ၢ်ဘၣ်တၢ်ကစီၣ်န့ၣ်လီၤ. ကျိုက်ထိုမြို့နယ်တွင် အကြမ်းဖက် KNU/PDF များနှင့် တိုက်ပွဲဖြစ်ပွားပြီး အလောင်း၊ လက်နက်ခဲယမ်းများ ရရှိ *** ဇွန်လ ၂၀ ရက်နေ့၊ နေ့လည် ၁၂ နာရီအချိန်ခန့်က ကျိုက်ထိုမြို့နယ်၊ ပိန္နဲကုန်းရွာအနီး  တပ်မတော်လုံခြုံးရေးအဖွဲ့ဝင်များမှ နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်စဥ် KNU တပ်မဟာ (၁) လက်အောက်ခံ အကြမ်းဖက် KNU/PDF များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။ တိုက်ပွဲဖြစ်ပွားချိန် မိနစ် ၂၀ ခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက် KNU/PDF များ အထိနာ၍ ထွက်ပြေးသွားခဲ့ကြောင်းနှင့် ၎င်းတို့ထံမှ- - အကြမ်းဖက် ပဒက် အလောင်း ၂ လောင်း - Sig Sauer အမျိုးအစား ပစ္စတို ၁လက် - ၎င်းကျည်အိမ်-၂ ခု - ၄င်းကျည် ၁၀တောင့် - M-16 ပုံပြောင်း M-4 carbine ၁ လက် - ၎င်းကျည်အိမ် ၁ ခု - M-4 အမျိုးစား သေနတ် ၁ လက် - ၎င်းကျည်အိမ် ၃ ခု - ၎င်းကျည် ၄၀ တောင့်တို့ သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိပါသည်။ Saw Ba Maung
Show all...
👍 43👏 2
02:54
Video unavailableShow in Telegram
ယနေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်၊ မိုးမိတ်မြို့၊ မြစ်ဆုံကျေးရွာအတွင်း ဝင်ရောက် တပ်စွဲလာသည့် TNLA ကို ဒေသခံများမှ ဆန္ဒပြပြီး မောင်းထုတ်မှုပြုလုပ်ခဲ့သည်။ #PeopleMedia
Show all...
67.40 MB
👍 49 4👏 4
မောင်တောဘက်ကသတင်းတွေ ဖုန်းဆက်ပြီးလာပြောတာတွေရှိတယ် မနေ့ကနဲ့ ဒီနေ့ နစ်ရက်အတွင်း လေယာဥ် အမြောက်တွေရဲ့ ပစ်ချက်တွေ ထိရောက်လို့ AA အဖွဲ့ကကောင်တွေ ရွာတွေမှာအလောင်းတွေပုံထားရတယ် အဲ့ဒီအလောင်းတွေမြုပ်ဖို့ မွတ်ဆလင်တွေ တစ်ရွာအယောက် ၂၀ ဆီခေါ်ထားတယ်လို့တော့ ကြားသိရတယ် ပုံတွေတော့ရိုက်ခိုင်းထားတယ် ရရင်တင်ပေးပါ့မယ်
Show all...
👍 48👏 3
- လားရှိုးမြို့နယ်၊ သံလွင်ကျေးရွာဝန်းကျင်တစ်ဝိုက် MNDAA/TNLA/AA အကြမ်းဖက်ပူးပေါင်းအဖွဲ့များ ဖြန့်ခွဲအခြေပြုနေ ============================================================ ၂၀၂၄ ၊ ဇွန် ၂၀ ပြီးခဲ့သည့် ဇွန်လ ၁၈ ရက် နံနက် ၁၁နာရီခန့်ခွဲတွင် - လားရှိုးမြို့နယ်၊ မုံးယော်ကျေးရွာရှိ ဘုန်းကြီး ကျောင်းတွင် အခြေပြုလျက်ရှိသော MNDAA သောင်းကျန်းသူအဖွဲ့၊ တမဟ(၂၁၁)၊ ရင်း(၂၀၅)မှ ရင်းမှူးအဆင့်ရှိ ခေါင်းဆောင် (စိစစ်ဆဲ)အင်အား ၃၀ ဦးခန့်နှင့် မုံးယော်ကွက်သစ် (တရုတ်) တွင် အခြေပြုလျက်ရှိသော MNDAA သောင်းကျန်းသူအဖွဲ့၊ တမဟ (၂၁၁)၊ ရင်း(၂၀၅)မှ ခေါင်း ဆောင် (စိစစ်ဆဲ)အင်အား ၇၀ ဦးခန့်တို့ပူးပေါင်း၍ မော်တော်ယာဉ် ၈ စီးဖြင့် လားရှိုးမြို့နယ်၊ သံလွင်ကျေး ရွာသို့ ရောက်ရှိလာကြောင်း သိရသည်။ ထို့နောက် သံလွင်ကျေးရွာတွင် အ ခြေပြုလျက်ရှိသော MNDAA/TNLA/ AA အကြမ်းဖက်သောင်း ကျန်းသူပူးပေါင်းအဖွဲ့မှ ခေါင်း ဆောင်(စိစစ်ဆဲ)အင်အား ၂၀၀ ဦး ခန့်နှင့် ထပ်မံပူးပေါင်း၍ ကျေးရွာဝန်းကျင်တစ်ဝိုက်တွင် ဖြန့်ခွဲအ ခြေပြုလျက်ရှိကြောင်း သိရသည်။ အဆိုပါအကြမ်းဖက်သောင်း ကျန်းသူပူးပေါင်းအဖွဲ့အနေဖြင့် ၎င်းတို့လှုပ်ရှားရာ နယ်မြေ များအတွင်း ဒေသခံများအား လူသစ်စုဆောင်းခြင်း၊ ဆက်ကြေးကောက်ခံခြင်းများ လုပ်ဆောင်လျက်ရှိသည့်အ ပြင် တပ်မတော်စစ်ကြောင်းများ၊ တပ်/ဌာနချုပ်များ၊ လုံခြုံရေး စခန်းများအား အဝေးမှလက်နက် ကြီးများဖြင့် နှောင့်ယှက်ပစ်ခတ်ခြင်း၊ Drone Bomb ဖြင့် တိုက်ခိုက်ခြင်းများလုပ်ဆောင်ရန် စီစဉ်လျက်ရှိသည်ဟု သတင်းရရှိသည်။ #Vital
Show all...
👍 44
Photo unavailableShow in Telegram
👍 23
တိုက်ပွဲဖြစ်လာနိုင်ချေရှိသည့် မိုင်းခွန်းကျေးရွာမှပြည်သူများ တနိုင်းဘက်သို ရွှေ့ပြောင်းလာ မြစ်ကြီးနား၊ ဇွန် ၂၁ ကချင်ပြည်နယ်၊ တနိုင်းမြိုနယ်၊ မိုင်းခွန်းကျေးရွာတွင် တိုက်ပွဲဖြစ်လာနိုင်ချေ ရှိသည့်အတွက် ပြည်သူများ တနိုင်းဘက်သို ရွှေ့ပြောင်းလာကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇွန်လ ၁၅၊ ၁၆ ရက်ဝန်းကျင်ခန့်မှ စတင်ပြီး KIA၊ PDF ပူးပေါင်းအဖွဲများမှာ မိုင်းခွန်းကျေးရွာ အနီး အနားသို ရောက်ရှိလာပြီး မြိုသိမ်းတိုက်ပွဲ ရှိလာမည်ဖြစ်သည့်အတွက် ဒေသခံပြည်သူများအား ဘေးလွတ်ရာ သို ရွေ့ပြောင်းနေထိုင်ရန် သတိပေးပြောဆိုမှုများကြောင့် ကျေးရွာပြည်သူအချို တနိုင်းဘက်နှင့် ဆွေမျိုးရှိရာ မြိုနယ်များသို ရွေ့ပြောင်းမှုရှိလာကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။ "ဒီလ ၁၀ ရက်ကျော်ကတည်းက KIA၊ PDF တွေက သတိပေးတာမျိုး ရွာထဲမှာရှိလာတယ်။ ဒါကြောင့် တနိုင်း ဘက်နဲ့ တစ်ခြားရွာတွေကို ရွေ့ပြောင်းနေကြတယ်။ တစ်ချိုကတော့ အဆင်သင့်ပြင်ဆင်ထားကြပြီ။ တစ်ချိုက လယ်လုပ်ငန်းမပြီးသေးလို မပြောင်းရွေ့ကြတာလည်း ရှိတယ်။ တိုက်ပွဲက ဘယ်အချိန်၊ ဘယ်နေ့ ထဖြစ်မလဲ မသိနိုင်တာမို ကြိုပြင်ဆင်ထားကြတဲ့သူက များတယ်" ဟု ၎င်းမှဆိုသည်။ အဆိုပါ တိုက်ပွဲရှောင်လာကြသည့် ပြည်သူများအား တနိုင်းမြိုတွင် ယာယီစစ်ရှောင်နေရာအဖြစ် သတ်မှတ် နေရာ မရှိသေးသည့်အတွက် နီးစပ်ရာ ဆွေမျိုးအိမ်များနှင့် အိမ်ငှားနေထိုင်လျက်ရှိကြပြီး၊ တိုက်ပွဲရှောင်လာ သည့် ပြည်သူများမှာ ခန့်မှန်းအားဖြင့် လူဦးရေ (၅၀) နီးပါးရှိကြောင်း သိရသည်။ ပြီးခဲ့သည့် မေလ ၁၆ ရက်နေ့တွင် KIA၊ PDF ပူးပေါင်းအဖွဲများမှ တနိုင်းမြိုနယ် နမ်ဗျူ၊ နမ်ခမ်းရှိ တပ်မတော် စခန်းများကို တိုက်ခိုက်ခဲ့သည့်အပြင် ဇွန်လ ၈ ရက်နှင့် ၉ ရက်တိုတွင်လည်း တနိုင်းရွှေမှော်ရှိ တပ်မတော် စခန်းများ၊ ရေကန်တောင်ဘက် တပ်မတော်စခန်းများကို တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ အလင်း
Show all...
👍 25
Photo unavailableShow in Telegram
နောင်ချိုမြို့တွင် စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ နေပြည်တော်၊ ဇွန် ၂၁ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ဇွန်လ ၁၉ ရက်နေ့ ၁၆၄၅ အချိန် နောင်ချိုမြို့အဝင်၊ အိုရီယမ်တယ်တိုးဂိတ်အနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် လားရှိုးမြို့ဘက်မှ နောင်ချိုမြို့ဘက်သို့ မောင်းနှင်လာသည့် ခရီးသည်တင် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် လိုက်ပါလာသော ခရီးသည် မဆိုင်းနူးပန် ၏ ခရီးဆောင်အိတ်အတွင်းမှ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် Happy Water အလေးချိန် ၉၆၀ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၄၈၀)၊ အက်တက်စီဆေးပြား ၄၅၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၁၂.၅ သိန်း)နှင့် လက်ကိုင်ဖုန်း  ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။ မဆိုင်းနူးပန်(၂၈)နှစ်အား နောင်ချိုမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်
Show all...
👍 33
Choose a Different Plan

Your current plan allows analytics for only 5 channels. To get more, please choose a different plan.