cookie

We use cookies to improve your browsing experience. By clicking «Accept all», you agree to the use of cookies.

avatar

Aung Moe Kyaw

Reporter and photographer ကျွန်တော်တို့ကို ကူညီလိုရင်တော့ 09400080398 ကို ကူညီပံ့ပိုးတာတွေ သတင်းပေးပို့တာလုပ်မယ်ဆိုရင်တော့ Kpay,WavePay,Viberနံပါတ်ဖြစ်ပါတယ်။

Show more
Advertising posts
20 220
Subscribers
-224 hours
+147 days
+52330 days

Data loading in progress...

Subscriber growth rate

Data loading in progress...

00:34
Video unavailableShow in Telegram
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်၊ ဥဿာမြို့သစ်ရှိ ဝင်းနိမိ္မတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ မုနိန္ဒာဘိဝံသနှင့် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်၊ ကန်သုံးဆင့်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဂုဏိကာဘိဝံသတို့ ဆရာတော်နှစ်ပါးအားဟာ ငါန်းဇွန်မြို့နယ်၊ ကမ္မကျေးရွာတွင် အသစ်ဆောက်လုပ်မည့် ဓမ္မာရုံအသစ်အတွက် ဩဝါဒပေးပြီး ပြန်ကြွလာစဉ်PDF အကြမ်းဖက်သမားများက သေနတ်နဲ့ဝိုင်းပစ်ခဲ့လို့ ဝင်းနိမိ္မတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ မုနိန္ဒာဘိဝံသမှာ နောက်စေ့ကျည်ဖောက်ဝင်ဒဏ်ရာဖြင့် ပျံလွန်တော်မူခဲ့ကြောင်း သိရပါတယ်.... ကန်သုံးဆင့်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဂုဏိကာဘိဝံသနှင့် ယာဉ်မောင်းဦးကျော်ဝင်းတို့မှာ မစိုးရိမ်ရ ဒဏ်ရာများ ရရှိခဲ့ကြပြီး မန္တလေးမြို့ရှိတပ်မတော်ဆေးရုံမှာ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရပါတယ်.... video မှာ ယာဉ်မောင်းဦးကျော်ဝင်းရဲ့ ပြောဆိုချက်ဖြစ်ပါတယ်။ #MyanmaGone
Show all...
3.35 MB
😢 60👍 17
Repost from MWD News
04:13
Video unavailableShow in Telegram
Breaking News# PDF အမည်ခံ အကြမ်းဖက်သမားများ၏ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဝင်းနိမ္မိတာရုံကျောင်း ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ပျံလွန်တော်မူ ၊ ကံသုံးဆင့် ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တဂုဏိကာဘိဝံသနှင့် ယာဉ်မောင်းတို့ ထိခိုက်ဒဏ်ရာရရှိသည်။(ဇွန်လ ၁၉)
Show all...
၄(Sequence 4).mp419.66 MB
😢 44👍 5
ဘယ်သူပစ်ပစ် သတင်းထုတ်တာ နောက်ကျတယ်။ ဒါကိုက အားနည်းချက်ဖြစ်နေတာ။ ဖြစ်စဥ်ဖြစ်တဲ့အချိန်နဲ့ ၇ နာရီလောက်ကွာမှ သတင်းထုတ်ပြန်တာက သတင်းအမှားတွေကို ပြန့်နှံ့ဖို့ အချိန်ပေးနေသလိုကြီး။ သတင်းတွေက လက်နက်ကိုင်တဲ့သူတွေ တိုက်ပွဲဝင်နေသလိုပဲ နောက်ကျတဲ့သူက ခံရမှာပဲ။ မှားတာ မှန်တာ နိုင်တဲ့သူက ဆုံးဖြတ်တာ။ #AungMoekyaw
Show all...
👍 75😢 5
ထိုင်းဘုရင်မိသားစု ရှယ်ယာပါဝင်တဲ့ MCL ဘိလပ်မြေစက်ရုံကို အယ်စေးဝါးအဖွဲ့က ဖျက်ဆီးခဲ့တာကြောင့် ထိုင်းဘက်က knu ကို ဘတ်သန်းရာနဲ့ချီ လျော်ကြေးတောင်းထား။ #AungMoeKyaw
Show all...
👍 206 9
09:49
Video unavailableShow in Telegram
ဇွန်လ ၁၉ ရက်နေ့အတွက်ရုပ်သံ ကျွန်တော်တို့ မီဒီယာကို ထောက်ပံ့ပေးမယ်ဆိုရင် KPay Wave Pay နံပါတ်ဖြစ်တဲ့ 09400080398 ကို ပေးပို့ကူညီနိုင်ပြီးသတင်းတွေပေးပို့မယ်ဆိုရင် 09678046496 ကို ဆက်သွယ်ပေးပို့နိုင်ပါတယ်။ #AungMoeKyaw
Show all...
0619.mp4294.95 MB
👍 88 21
ဖုန်းဘေနဲ့ ကြည့်ရတဲ့သူတွေအတွက် အသံသီးသန့် နားဆင်ဖို့ဖြစ်ပါတယ်။ #AungMoeKyaw
Show all...
0619.MP39.05 MB
👍 68 14
ရခိုင်ပြည်နယ်သို့ ပြန်လည်ထူထောင်ရေးပစ္စည်းများ ဆက်လက် ပေးပို့ ရခိုင်ပြည်နယ် ပြန်လည် ထူထောင်ရေး ပစ္စည်းများကို ဇွန် (၁၇) ရက် နံနက်ပိုင်းက ရန်ကုန်မြို့မှ စစ်တွေမြို့သို့ ရေယာဉ်ဖြင့် ဆက်လက်ပေးပို့ခဲ့ကြောင်း အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ သိရပါတယ်။ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ပေးပို့သည့်ဆန် (၂၄) ပြည်အိတ် (၃၉၈၉၈) အိတ်၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့က မှာယူသည့် ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ၊ လောင်စာတောင့်များနှင့် ကယ်ဆယ်ရေးပစ္စည်းများ အပါအဝင် စုစုပေါင်း (၂,၀၈၃.၄ ၄) တန်ကို ရန်ကုန်မြို့မှ စစ်တွေမြို့သို့ ရေယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။ #MMG
Show all...
👍 119👎 29 2🆒 2
ကချင်အထူးဒေသ(၁)က မြေပြင်ခြေနေတွေပါ။ ***** KIA တွေရောက်လာတာနဲ့ မန်ဝိန်း၊ ဆိုင်လော်၊ မန်ဒေါင်၊ ခဝမ် က ပြည်သူတွေကို ဒုက္ခလာပေးပြီ။ ၁၅.၀၆.၂၀၂၄ ရက်နေ့က မန်ဝိန်း KBC ဘုရားကျောင်း နဲ့ မန်ဝိန်း အ.လ.က ကျောင်းဝန်းတွေမှာ ပြည်သူတွေကို အစည်းအဝေးခေါ်ပြီး တစ်အိမ်ထောင်လျှင် ကျပ် ၃၀၀၀၀ မထည့်မနေရ၊ မထည့်ပါက အိမ်မီးရှို့မယ်။ တစ်ရွာလျှင် နွားတစ်ကောင်နဲ့ ဝက်တစ်ကောင်လာရောက်ပေးရမယ့်အပြင် တစ်အိမ်ကို လူတစ်ယောက်စီ စုပေးရမည်လို့ KIA က ဆဒုံးခရိုင်မှူးဆိုသူနဲ့ PDF က ခေါင်းဆောင်နှစ်ဦးတို့က ခြိမ်းခြောက်ပြောဆိုခဲ့တယ်လို့ မန်ဝိန်းမှ ဒေသခံတစ်ယောက်က ပြောပြတယ်။ အခုလို သတင်းပေးတာကို သူ့နာမည်ကို မဖော်ပြဖို့ပြောပါတယ်။ KIA တို့က သတင်းပေးတဲ့သူတွေကို သတ်ပစ်မယ်လို့ ပြောထားတယ်လို့ သိရတယ်။ သတင်းပေးတဲ့လူက မန်ဝိန်းမှာနေလာတာ အစိုးရနဲ့တခြားအဖွဲ့စည်းတွေက အခုလိုမျိုး ငွေမတောင်းကြဘူး။ မတောင်းတဲ့အပြင်ကို ဒေသနဲ့ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ကူညီဆောင်ရွက်ပေးတယ်။ KIA က အခုပဲရောက်တယ်၊ သူတို့လက်အောက်မှာတောင် မနေရသေးဘူး၊ သူတို့သာ အုပ်ချုပ်သွားမယ်ဆိုရင်တော့ ဘယ်လောက်ထိ ဒုက္ခရောက်မလဲဆိုတာ မတွေးရဲလောက်အောင်ပဲလို့ပြောပြလာတယ်။ သတင်းတွေမှာသူတို့ခံစားနေရတဲ့အကြောင်းကို ပြောပေးကြဖို့ တောင်းဆိုလာလို့ ပို့ပေးလိုက်ပါတယ်။ (သတင်းပေးတဲ့သူက အသက် ၅၀ အရွယ်ရှိပြီဖြစ်တဲ့ မန်ဝိန်းဒေသခံအမျိုးသမီးပါ။ နာမည်တော့ မထည့်ရေးပေးလိုက်တော့ဘူးနော် ဆရာရေ) ဝိုင်းမော်မြို့နယ်က ရွာတွေဖြစ်ပါတယ်။ **** ကချင်ထူး(၁)၊ ဝိုင်းမော်မြို့နယ်၊ ခဝမ်ရွာ မှာလည်း KIA လက်အောက်ခံ pdf နဲ့ KIAဂေါ်ရခါးတပ်ရင်းကလူတွေများတယ်လို့သိရတယ်။ KIAဂေါ်ရခါးတပ်ရင်းမှူး ကုလားဘရန်ရှောင်လည်း ပါလာတယ်လို့ကြားတယ်။ **** ကချင်ထူး(၁)မှာ အဓိက စစ်ဆင်ရေးကိုဦးဆောင်တာက ဂွမ်မော် ဖြစ်ပြီး မြေပြင်စစ်ဆင်ရေးက တပ်မဟာ(၅)လက်အောက်က တပ်ရင်း(၃)ရဲ့ တပ်ရင်းမှူး အားတောင် ဆိုသူက စီမံဆောင်ရွက်တယ်လို့သတင်းရပါတယ်။ ****** PDF ကိုတော့ တပ်ရင်း(၃)က ယခင် ဒုရင်းမှူးတာဝန်ထမ်းဆောင်ခဲ့သူ ဗိုလ်မှူး ဂျပတ်လဂျာ ဆိုသူက PDF ရဲ့ တပ်ရင်းမှူးတာဝန်ယူပြီး တပ်ရင်း(၃)က ဒုရင်းမှူး တူးရှန်က PDF တပ်ရင်းမှာလည်း ဒုရင်းမှူးတာဝန်ယူထားတယ်လို့သိရတယ်။ ***** ၁၆.၆.၂၄ ဒီနေ့ kia က အကြီးဆုံး အမ်ဘန်လ၊ ဂမ်ရှောင်၊ အောင်ဆိုင်းလာ၊ ဂွမ်မော် တို့ကို ထိန်ချုံးခရိုင်ကခေါ်ပြီး စည်းဝေးလုပ်ကြတယ်လို့ကြားတယ်။ နယ်စပ်တည်ငြိမ်နေတာကို အနောက်အုပ်စုအားကိုးနဲ့ ပြသနာရှာ၊ မတည်ငြိမ်အောင်လုပ်လို့ဆိုတဲ့သဘောဖြစ်နိုင်တယ်လို သုံးသပ်ရပါတယ်။ ****** #AungMoekyaw
Show all...
👍 155💯 10 3
ပြုပြင်မွမ်းမံနေသည့် ရှေ့ဟောင်း (ပျူခေတ်ဟုယူဆရ) စေတီတော်များရိုက်ကူးရေး။ #AungMoekyaw
Show all...
👍 110 18🙏 6
09:38
Video unavailableShow in Telegram
ဇွန်လ ၁၈ ရက်နေ့အတွက်ရုပ်သံ ကျွန်တော်တို့ မီဒီယာကို ထောက်ပံ့ပေးမယ်ဆိုရင် KPay Wave Pay နံပါတ်ဖြစ်တဲ့ 09400080398 ကို ပေးပို့ကူညီနိုင်ပြီးသတင်းတွေပေးပို့မယ်ဆိုရင် 09678046496 ကို ဆက်သွယ်ပေးပို့နိုင်ပါတယ်။ #AungMoeKyaw
Show all...
0617(1).mp4289.32 MB
70👍 54