People's Spring
前往频道在 Telegram
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။ Facebook >> https://www.facebook.com/LuduNwayOo Youtube >> https://www.youtube.com/@peoplespring Website >> https://www.ludunwayoo.com/
显示更多📈 Telegram 频道 People's Spring 的分析概览
频道 People's Spring (@peoplespring) 缅甸语 语言赛道中的 是活跃参与者。目前社区聚集了 60 816 名订阅者,在 新闻与媒体 类别中位列第 4 411,并在 缅甸 地区排名第 2 316 位。
📊 受众指标与增长动态
自 невідомо 创建以来,项目保持高速增长,吸引了 60 816 名订阅者。
根据 02 八月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -998,过去 24 小时变化为 -35,整体触达仍然可观。
- 认证状态: 已认证(Telegram 官方确认)
- 互动率 (ER): 平均受众互动率为 4.18%。内容发布后 24 小时内通常能获得 3.60% 的反应,占订阅者总量。
- 帖子覆盖: 每篇帖子平均可获得 2 540 次浏览,首日通常累积 2 189 次浏览。
- 互动与反馈: 受众积极参与,单帖平均反应数为 41。
📝 描述与内容策略
作者将该频道定位为表达主观观点的平台:
“People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။
Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/”
凭借高频更新(最新数据采集于 03 八月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 新闻与媒体 类别中的关键影响点。
60 816
订阅者
-3524 小时
-2187 天
-99830 天
帖子存档
60 812
(စစ်တပ် မီးရှို့ဖျက်ဆီးခဲ့တဲ့ မြိုင်မြို့နယ် ကျေးရွာတွေက နေအိမ်တွေ။ ဓာတ်ပုံ - အညာမြေအရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင်)
60 812
မြိုင်မြို့နယ်က စစ်တပ်စစ်ကြောင်း ဒေသခံတွေရဲ့ နေအိမ် ၂၀၀ ကျော် မီးရှို့ဖျက်ဆီး
ဩဂုတ်-၃၊၂၀၂၆။ဖိုးသား/People's Spring
မကွေးတိုင်း၊ မြိုင်မြို့နယ်က စစ်တပ်စစ်ကြောင်းဟာ ဒေသခံတွေရဲ့ နေအိမ်အလုံး ၂၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး ယာကြီးပြင်ကျေးရွာမှာ တပ်စွဲထားတယ်လို့ အညာမြေအရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင် က ဒီကနေ့ ထုတ်ပြန်ပါတယ်။
ဒါ့အပြင် လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ် နေပြီး လေကြောင်းပစ်ကူတွေလည်း သုံးလာနိုင်တဲ့အတွက် ပတ်ဝန်ကျင်ကျေးရွာတွေ အထူးသတိထားနေကြဖို့ အသိပေးပါတယ်။
"ယာကြီးပြင် မြောင်းပြားတဝိုက်ရောက်နေတယ်။စစ် ကြောင်း ဘယ်ထပ်ရွှေ့မလဲ ဆိုတာ ဆက်လက်စောင့်ကြည့်နေဆဲပါ"လို့ ပခုက္ကူခရိုင် အမှတ်(၆) တပ်ရင်းတာ၀န်ရှိသူက ပြောပါတယ်။
အခု ဩဂုတ် ၁ ရက်က သင်းမကျေးရွာကနေ ပြန်ဆုတ်လာတဲ့စစ်တပ်စစ်ကြောင်းဟာ ဘောင့်ဘင်ကျေးရွာကို မီးရှို့ခဲ့ပြီး ဩဂုတ် ၂ရက် မနက်ပိုင်းမှာ ယာကြီးပြင်ကျေးရွာကို၀င်ရောက်ခဲ့တာလို့ ဆိုပါတယ်။
ဇူလိုင် ၁၃ ရက်ကစပြီး စစ်တပ်စစ်ကြောင်းဟာ ကန်နက်ရွာနဲ့အနီးတဝိုက်က နေအိမ် ၃၁လုံး၊ လက်ခုပ်ပင်ရွာက နေအိမ် ၂၉လုံး၊ ညောင်ကုန်း၊ကိုင်းတောမ ထန်းငယ်တောရွာတွေက နေအိမ် ၁၂ လုံး၊သင်းမရွာက နေအိမ် ၄၀ ကျော်နဲ့ ဘောင်ဘင် ရွာက နေအိမ်အလုံး ၉၀ ကျော်ကို မီးရှို့ခဲ့တယ်လို့ သိရပါတယ်။
"မနက်ကတည်းက ယာကြီးပြင် အနောက်ခြမ်းကို လက်နက်ကြီးတွေနဲ့ပစ်နေတာရှိတယ်။တိုက်ပွဲကတော့ အရမ်းပြင်းထန်တာမျိုးမဖြစ်သေးဘူး"လို့ မြိုင်မြို့ခံတော်လှန်ရေးရဲဘော် တစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လက ပေါက်နဲ့ မြိုင်မြို့နယ် ရေပြာရဲစခန်း၊ကုက္ကိုလ်စုနဲ့ သရက်ကန်ပြည်သူ့စစ်ရွာတွေကို တော် လှန်ရေးတပ်တွေသိမ်းပိုက်ခဲ့ပြီးနောက် စစ်တပ်က ပခုက္ကူတပ်မ ၁၀၁ ကနေ အင်အား ၆၀၀ ၀န်းကျင်နဲ့ နှစ်လအကြာ တန်ပြန်ထိုးစစ်ဆင်လာတာဖြစ်ပါတယ်။
"သေချာတာကတော့ စစ်ကြောင်းဟာ ယာကြီးပြင် လမ်းပိုင်းအတိုင်း ရေနံမြေထဲကို ဝင်ရောက်မယ်လို့ ယူဆရပါတယ်။ စစ်တပ်က စခန်းစွန့်ခဲ့ရတဲ့ စခန်းဟောင်းနေရာတွေကို အရင်ဦးဆုံး ဝင်မယ်လို့ ယူဆပါတယ်။ယခုစစ်ကြောင်းဟာ လပေါင်းများစွာကြာအောင် စစ်ကြောင်းထိုးနေမဲ့ စစ်ကြောင်းဖြစ်မယ်လို့ယူဆပါတယ်။ လက်လွတ်ရတဲ့ စခန်းတွေကို ထိုင်ဖို့လာတဲ့စစ်ကြောင်း မဖြစ်နိုင်ဘူးလို့ ယူဆပါတယ်။ လက်လွတ်ဆုံးရှုံးခဲ့ရတဲ့ စခန်းနေရာတွေရဲ့ ပထီအနေအထားတွေကို မြေပြင်ကွင်းဆင်းကြည့်တဲ့ စစ်ကြောင်း ဖြစ်မယ်လို့ယူဆပါတယ်"လို့ အညာမြေအရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင် တာ၀န်ရှိသူက ပြောပါတယ်။
အဲဒီစစ်ကြောင်းဟာ ၂လအတွင်း ပေါက်နဲ့မြိုင်နယ်က အရပ်သားပြည်သူ ၂၄ ဦး ကိုရက်စက်စွာ သတ်ဖြတ်ထားပါတယ်။
ဒါ့အပြင် ပေါက်နဲ့ မြိုင်ဒေသအစပ်က တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ရေနံတွင်းတွေဆီကို စစ်တပ်စစ်ကြောင်းဦးတည်ချင်တာလို့ စစ်ရေးသတင်းရင်း မြစ်တွေက သုံးသပ်ထားပါတယ်။
60 812
ရေတိုက်စားမှုကြောင့် လေးမျက်နှာ-ငါးသိုင်းချောင်းလမ်းပေါ်ရှိ တံတားတစ်စင်း ပျက်စီး
ဩဂုတ်-၃၊၂၀၂၆၊တာရာ/People's Spring
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်ရှိ လေးမျက်နှာ-ငါးသိုင်းချောင်းလမ်းပိုင်းဆက်သွယ်ထားတဲ့ တံတားတစ်စင်း ရေတိုက်စားမှုကြောင့် ပြိုကျပျက်စီးခဲ့တယ်လို့ ကယ်ဆယ်ရေးလုပ်ကိုင်သူတွေက ပြောပါတယ်။
ပျက်စီးသွားတဲ့ တံတားဟာ လေးမျက်နှာမြို့နယ်၊ လက်သမားကျေးရွာအနီး မိုင်တိုင်အမှတ် (၆) မိုင် (၃)ဖာလုံ နဲ့ (၆) မိုင် (၄) ဖာလုံအကြား တည်ရှိတဲ့ ကွန်ကရစ်ရေနုတ်ပြွန်တံတားဖြစ်တယ်လို့ သိရပါတယ်။
" ရေတွေကတအားတိုးတော့ ရေတိုက်စားပြီး ပြိုသွားတာ။ မနက် ၇ နာရီလောက်က။ ရေစီးကလည်းတအားသန်တယ်။ ကယ်ဆယ်ရေးတွေလုပ်တဲ့နေရာမှာလည်း အခက်အခဲတွေကအများကြီးရှိတယ်။ အဓိကလှေတွေ မလုံလောက်တာ။ မလောက်တော့ လူတွေအများကြီးကိုမကယ်ထုတ်နိုင်ဘူး။ ရှိတဲ့အင်အားလေးနဲ့အဆင်ပြေအောင်လုပ်နေရတာ။ ရေကတော်တော်နဲ့ပြန်ကျဖို့မလွယ်ဘူး။ ရေစီးတအားသန်တော့ ကြောက်ရတယ်" လို့ ကယ်ဆယ်ရေးလုပ်ကိုင်သူတစ်ဦးကပြောပါတယ်။
လက်ရှိမှာ ရေတွေက ကြိုးကြာကွင်းကျေးရွာအုပ်စုနဲ့ ထိန်တောကြီးကျေးရွာအုပ်စုဘက်ရှိ လယ်မြေတွေထဲကို စီးဝင်နေတယ်လို့ သိရပါတယ်။
လတ်တလောမှာ ငဝန်ရေကာတာ ကျိုးပေါက်တဲ့ အရှိန်ကြောင့် လေးမျက်နှာမြို့နယ်က အိုင်သပြုမြို့နဲ့ ဆက်စပ်နေတဲ့ ငါးသိုင်းချောင်းမြို့အပြင် ကျုံပျော်မြို့နယ် ဘက်ကကျေးရွာတွေဆီပါရေဝင်ရောက်မှုတွေဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
မြစ်ရေဝင်ရောက်မှုကြောင့် ရပ်ကွက်၊ ကျေးရွာအုပ်စု (၁၀) ခုရှိ အိမ်ခြေ (၁,၇၃၄) လုံး၊ အိမ်ထောင်စု (၁,၇၆၄) စုမှ လူဦးရေ စုစုပေါင်း ၈,၃၀၀ ကျော် ရေဘေးသင့်ခဲ့ရတယ်လို့ သိရပါတယ်။
60 812
(ရေကာတာကျိူးပြီး ရေကြီး၊ရေလျှံမှုဖြစ်နေတဲ့ လေမျက်နှာမြို့နယ် တနေရာကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
60 812
ရေကာတာကျိုးလို့ ရေဘေးရင်ဆိုင်နေရတဲ့ ဧရာဝတီတိုင်းမှာ ၁၄ရက်အတွင်းရေပြန်ကျရင် စပါးခင်းတွေ မပျက်စီးနိုင်ဘူးလို့ စစ်ကောင်စီ ထုတ်ပြန်
▪️စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်
ဩဂုတ်-၃၊၂၀၂၆။ ကဖေး/People's Spring
ရေကာတာကျိုးပြီး ကာလရှည်ရေကြီးနစ်မြုပ်မယ့်အခြေအနေကို နားမလည်တဲ့ စစ်ကောင်စီက လေးမျက်နှာမြို့နယ်မှာ ၁၄ရက်အတွင်းရေပြန်ကျရင် စပါးခင်းတွေပျက်စီးမှုမရှိနိုင်ဘူးလို့ ထုတ်ပြန်ပါတယ်။
လေးမျက်နှာမြို့ကိုကာရံထားတဲ့ ငဝန်မြစ်ရေကာတာဟာ ဇူလိုင် ၃၀ရက်မှာ ကျိုးကျခဲ့ပြီး ဆိုးရွားတဲ့ရေဘေးကို ဒေသခံတွေရင်ဆိုင်နေရတာဖြစ်ပါတယ်။ စပါးခင်း အများအပြားလည်း ရေနစ်မြုပ်သွားပြီး ပျက်စီးမယ့်အနေအထားလို့ ဒေသခံတောင်သူလယ်သမားတွေက ပြောပါတယ်။
ဒါပေမယ့် စစ်တပ်လက်အောက်ခံ ဧရာဝတီတိုင်းအစိုးရအဖွဲ့ကတော့ လေးမျက်နှာမြို့နယ်အတွင်း ရေကြီးနစ်မြုပ်ခြင်းကြောင့် မိုးစပါစိုက်ဧက ၁သောင်းကျော် ရေနစ်မြုပ်ခဲ့ပြီး ၁၄ရက်အတွင်း ရေပြန်ကျရင် အပျက်အစီးမရှိနိုင်ဘူးလို့ ဒီနေ့သြဂုတ်လ၃ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။
ဧရာဝတီတိုင်းရဲ့မိုးစပါးစိုက်ဧကမှာ (၃.၇) သန်းစိုက်ပျိုးပြီး လေးမျက်နှာမြို့နယ်ရဲ့ မိုးစပါးစိုက်ဧကမှာ ၃သောင်းကျော်ဖြစ်ကြောင်း၊ လက်ရှိမှာ မိုးစပါစိုက်ဧက ၁သောင်းကျော် ရေနစ်မြုပ်နေပြီး စိုက်ပျိုးထားတဲ့စပါးတွေဟာ ၁၄ရက်ခန့်အထိ ရေမြုပ်နိုင်တဲ့ ခံနိုင်ရည်ရှိတာကြောင့် အဲ့ဒီကာလအတွင်းရေကျသွားပါက ထိခိုက်မှုမရှိနိုင်ဘူးလို့ ထုတ်ပြန်ထားပါတယ်။ရေနစ်မြုပ်တဲ့ ပမာဏဟာ တိုင်းအတွင်းစပါးစိုက်ဧကရဲ့ (၀.၃၁) ရာခိုင်နှုန်း ရှိလို့ မိုးစပါးစိုက်ပျိုးမှုအပေါ် ကြီးမားသည့်ထိခိုက်မှုမရှိနိုင်ဘဲ စိုးရိမ်ပူပန်စရာမလိုကြောင်း ထုတ်ပြန်ထားပါတယ်။
အဲဒီထုတ်ပြန်မှုအပေါ် ဒေသခံတောင်သူလယ်သမားတွေကပြင်းပြင်းထန်ထန်ဝေဖန်နေကြပါတယ်။
" ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဘူး။ စီမံခန့်ခွဲမှုလည်းမလုပ်တတ်ဘူး။ အခုတာကျိုးလို့ကျတဲ့ရေက ဒီတာကျိုးပေါက်ကိုမပိတ်နိုင်ရင် လာမယ့်ဆောင်းရာသီအထိရေနစ်မြုပ်နေမှာ။ ပိတ်နိုင်ရင်တောင် ၁လမကဘူး ရေမြုပ်နေမှာပါ။ အခုက ၁၄ရက်အတွင်း ပြန်ကျရင် အပျက်အစီး မရှိနိုင်ဘူးဆိုတော့ အဲ့ဒီရေကဘယ်ကိုကျမှာလဲ"လို့ လေးမျက်နှာမြို့ခံလယ်သမားတစ်ဦးကပြောပါတယ်။
လက်ရှိမှာ လေးမျက်နှာမြို့နယ်အပြင် ဘေးပတ်ဝန်းကျင်ဒေသတွေဖြစ်တဲ့ အိုင်သပြု၊ ဟင်္သာတ၊ ရေကြည်၊ ကျုံကျော်နဲ့ ငါးသိုင်းချောင်းမြို့နယ်တွေထဲကကျေးရွာတွေမှာပါ ရေကြီးနစ်မြုပ်နေတာဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာတော့ လေးမျက်နှာမြို့နယ်ထဲက စပါးစိုက်ခင်းအရေအတွက်ပဲပါပါတယ်။ မြေပြင်မှာ ရေမြှုပ်နေတဲ့ဧကဟာ ၇သောင်းအထက်ရှိနိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းထားကြပါတယ်။
စစ်ကောင်စီဟာ ရေဘေးကယ်ဆယ်ရေးကိုလည်း စနစ်တကျစီမံခန့်ခွဲနိုင်ခြင်းမရှိဘဲ ပြန်လည်ထူထောင်ရေးအတွက်လည်းတာဝန်မယူချင်လို့ အခုလို့မဖြစ်နိုင်တာတွေကိုလိမ်လည်ထုတ်ပြန်နေတာလို့ ဒေသခံတွေကပြောပါတယ်။
" အပျက်အစီးမရှိဘူးဆိုပြီး ဖြစ်သလိုလုပ်မယ်ထင်တယ်။ ကျနော်တို့ဆီကိုလာကြည့်လိုက်။ လယ်ကွင်းတွေအများကြီးပဲရေမြုပ်နေတာ။ လေးမျက်နှာတစ်မြို့နယ်ထဲမြုပ်နေတာမဟုတ်ဘူး။ စစ်တပ်ကတော့ လိမ်ဖို့ကြိုးစားနေပြီ"လို့ ရေကြည်မြို့နယ်က ဒေသခံတစ်ဦးကပြောပါတယ်။
ရေဘေးစတင်ကြုံတွေ့တာ ဒီနေ့ဆိုရင် ၄ရက်မြောက်ရှိလာပြီဖြစ်ပေမယ့် စစ်ကောင်စီဟာ လေးမျက်နှာမြို့နယ်မှာတောင် ရှာဖွေကယ်ဆယ်ရေးကို စနစ်တကျလုပ်ဆောင်နိုင်ခြင်းမရှိဘူးလို့ ဒေသခံတွေကဝေဖန်နေကြပါတယ်။ လက်ရှိရေဘေးဟာ မိုးတွင်းကာလတစ်ခုလုံး ရေပြန်ကျနိုင်တဲ့အခြေအနေမရှိလို့ ရေရှည်အတွက်ကြိုတင်ပြင်ဆင်ကြဖို့ ကျွမ်းကျင်သူတွေကသတိပေးနေကြပါတယ်။ ရေကတာဟာ အလျား ပေ ၂၀၀ကျော် ပြတ်ကျသွားပြီး အဲဒီနေရာကနေရေတွေဆက်လက်စီးဝင်နေပါတယ်။ ငဝန်မြစ်နဲ့ဆက်စပ်နေတဲ့ ဧရာဝတီမြစ်လည်း ပုံမှန်ထက် မြင့်တက်နေပါတယ်။
ဧရာဝတီမြစ်နဲ့ဒေသတွင်း မြစ်ချောင်းတွေကို မြေသားရေကာတာတွေနဲ့ ကာရံထားတဲ့ ဧရာဝတီတိုင်းမှာ ၁၉၉၁ခုနှစ်မိုးရာကလည်း တာကျိုးပြီး ဆိုးရွားတဲ့ရေဘေးကို လနဲ့ချီပြီး ရင်ဆိုင်ခဲ့ရဖူးပါတယ်။ အဲဒီတုန်းကလည်း လေးမျက်နှာမြို့နယ်က ထိန်ငူရေကာတာကျိုးကျပြီး လေးမျက်နှာ၊ ဟင်္သာတ၊ ရေကြည်၊ ကျုံပျော်၊ အသုတ်၊ သာပေါင်းမြို့တွေအပါအဝင် မြို့ ၁၀မြို့ထက်မနည်း ဆိုရွားတဲ့ရေ ဘေးကြုံတွေ့ခဲ့ဖူးပါတယ်။
60 812
မင်းအောင်လှိုင် ထိုင်းမသွားခင်ရက်ပိုင်းအလို
ဆန္ဒပြခံရ
သြဂုတ်-၃၊၂၀၂၆။People's Spring
အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် ထိုင်းမလာခင် သုံးရက်အလိုမှာ ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့ရှိ မြန်မာကောင်စစ်ဝန်ရုံး ရှေ့မှာ
နမ့်ခုတ်၊ နမ့်ဆိုင်၊ နမ့်ရွတ် နဲ့ မဲခေါင်မြစ် ကာ
ကွယ်ရေး ပြည်သူ့ကွန်ရက် အဖွဲ့က မြန်မာဖက်ခြမ်းက မြေရှားအပါအဝင်သတ္တုတူးဖော်မှုတွေကြောင့် ထိုင်းနိုင်ငံဆီ စီးဆင်းတဲ့ မြစ်ချောင်းတွေညစ်ညမ်းတဲ့အပေါ် ဒီနေ့မနက်ပိုင်းမှာ ဆန္ဒပြကြပါတယ်။
ဒါ့အပြင်မြန်မာဖက်ခြမ်းကမြေရှားအပါ
အဝင် သတ္တုတူးဖော်မှုတွေကြောင့် ထိုင်းနိုင်ငံထဲ စီးဆင်းတဲ့ မြစ်ချောင်းတွေမှာ ဓာတု အညစ်အကြေးတွေ ရောပါလာတဲ့ ပြဿနာကို အမြန်ဆုံး ထိထိရောက်ရောက် ကိုင်တွယ် ဖြေရှင်းပေးဖို့ ကောင်စစ်ဝန်ရုံးဆီ သွား
ရောက်ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဆီ လိပ်မူတဲ့ အိတ်ဖွင့်ပေးစာ တစ်စောင်ကို ပေးအပ်ခဲ့ပါတယ်။
နမ့်ခုတ်၊ နမ့်ဆိုင်၊ နမ့်ရွတ် နဲ့ မဲခေါင်မြစ် ကာ
ကွယ်ရေး ပြည်သူ့ကွန်ရက် အဖွဲ့ဝင်တွေအပါအဝင် ပညာရှင်တွေ ၊လူမှုအဖွဲ့အစည်းကိုယ်စားလှယ်တွေ ၊တက်ကြွလှုပ်ရှားသူတွေက နမ့်ခုတ်မြစ်ထဲ ခပ်ယူလာပြီး ဓာတ်သတ္တုညစ်နွမ်းမှုတွေရောပါနေတဲ့ ညိုညစ်တဲ့ ရေတွေကိုလည်း ရေဘူးတွေထဲ ထည့်ယူလာကြပါတယ်။ အဲဒီအဖွဲ့ဟာ ချင်းမိုင်မြို့ရဲ့ မိန်စီရပ်ကွက်မှာရှိတဲ့ စန္တိဓမ္မဘုရာကျောင်းက
နေ စတင်ပြီး အာဏာသိမ်းစစ်တပ်ရဲ့ကောင်
စစ်ဝန်ရုံးထိ ချီတက်ခဲ့ပါတယ်။
ဒါ့အပြင် ဆန္ဒပြသူတွေက နယ်စပ်ဖြတ်သန်းတဲ့ မြစ်တွေ ညစ်ညမ်းမှု ရပ်တန့်စေရေး၊ သတ္တု တူးဖော်မှုတွေ ရပ်တန့်စေရေး၊ နမ့်ခုတ်မြစ် ဘေးကင်းစေရေး စတာတွေကိုလည်း အော်ဟစ် ကြွေးကြော်ခဲ့ပါတယ်။ အဲဒီအစီ
အစဉ်မှာ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ တက်ကြွလှုပ်ရှားသူတွေ၊ လူမှုအဖွဲ့အစည်း ကိုယ်
စားလှယ်တွေ၊ ပညာရှင်တွေလည်း ပါဝင်ခဲ့ပါတယ်။
နမ့်ခုတ်မြစ် အပါအဝင် ထိုင်းနိုင်ငံထဲ စီးဆင်းတဲ့ မြစ်တွေရဲ့ အထက်ဖက်၊ မြန်မာပိုင်နက်ထဲမှာ သတ္တုတူးဖော်မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ ရေထုညစ်ညမ်းမှုဟာ သန်းနဲ့ချီတဲ့ ထိုင်းပြည်သူတွေကို ထိခိုက် နစ်နာစေကြောင်း ဆန္ဒပြသူတွေက ပြောပါတယ်။
သတ္တုတူးဖော်ရေးမှာ အသုံးပြုတဲ့ အာဆင်းနစ်၊ ခဲ၊ ကက်ဒရီယမ်နဲ့ ပြဒါးလို ဓာတ်သတ္တုတွေ မြစ်ရေထဲ ရောပါလာတာဟာ အဲဒီရေကို မှီခိုနေရတဲ့ လူ့အဖွဲ့အစည်းတွေ၊သဘာဝ အစာကွင်းဆက်နဲ့ ဂေဟစနစ်တွေကို အပြင်း
အထန် ထိခိုက်စေတယ်လို့ ဆိုပါတယ်။
မြန်မာ ကောင်စစ်ဝန်ရုံးဆီ ပေးအပ်ခဲ့တဲ့ စာထဲမှာတော့ နမ့်ခုတ် မြစ်ဝှမ်းဒေသမှာ ဧကပေါင်း သောင်းနဲ့ချီ စိုက်ပျိုးတဲ့ မိုးစပါးနဲ့ နွေစပါးတွေဟာ အဆိပ်အတောက်ဓာတ်တွေ ရောပါနေတဲ့ ရေတွေကို အသုံးပြုနေရပြီး အဲဒီစပါးခင်းတွေက ထွက်ရှိတဲ့ ဆန်စပါးကို ထိုင်းနိုင်ငံအနှံ့ တင်ပို့ရောင်းချနေရတယ်လို့ ပါရှိပါတယ်။ ဒါ့အပြင် ငါးတွေဟာလည်း အန္တရာယ်ရှိတဲ့ ဓာတ်သတ္တုတွေနဲ့ ထိတွေ့မိထားတာကြောင့် လူတွေက စားသုံးဖို့ တွန့်ဆုတ်ကုန်ပြီး ရွာပေါင်း ၆၀ လောက်က တံငါမိသားစုတွေအတွက် စားဝတ်နေရေး ကျပ်တည်းကုန်ကြောင်း ရေးသားထားပါတယ်။
အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ဟာ သြဂုတ် ၆ ရက် ၇ ရက်မှာထိုင်းကိုလာမှာဖြစ်ပြီး ခရီးစဥ်မတိုင်ခင် ၃ ရက်အလိုမှာ ဆန္ဒပြကြတာဖြစ်ပါတယ်။
ထိုင်းကျန်းမာရေး ဝန်ကြီးဌာနကလည်း ရေညစ်ညမ်းမှု ပြဿနာ ကြုံနေတဲ့ မြစ်တွေထဲက ဖမ်းဆီးတဲ့ ပုစွန်၊ ခရု၊ ကဏန်းတွေကို မစားသုံးဖို့၊ ငါးတွေကို စားသုံးရင်လည်း ကလီစာတွေကို သေချာဖယ်ရှားဖို့ တိုက်တွန်းထားပါတယ်။
နယ်စပ်ဖြတ်ကျော် စီးဆင်းတဲ့ မြစ်တွေရဲ့ ညစ်ညမ်းမှု ပြဿနာဟာ မျက်ကွယ်ပြုထားလို့ မရလောက်အောင် ကြီးထွားလာပြီ ဖြစ်တာကြောင့် မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်တပ် အနေနဲ့ အခုပြဿနာကို အလေးထား ဖြေရှင်းပေးဖို့၊ မြစ်ရိုးတလျှောက် သတ္တုတူးဖော်မှုတွေ ရပ်တန့်အောင် ဆောင်ရွက်ပေးဖို့လည်း ထိုင်းနိုင်ငံသားတွေ ပေးပို့တဲ့ စာထဲမှာ ထည့်သွင်းတောင်းဆိုထားခဲ့ပါတယ်။
ကိုးကား-Chiang Mai News
60 812
မင်းအောင်လှိုင် ထိုင်းမသွားခင်ရက်ပိုင်းအလိုဆန္ဒပြခံရ
သြဂုတ်-၃၊၂၀၂၆။People's Spring
အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် ထိုင်းမလာခင် သုံးရက်အလိုမှာ ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့ရှိ မြန်မာကောင်စစ်ဝန်ရုံး ရှေ့မှာ နမ့်ခုတ်၊ နမ့်ဆိုင်၊ နမ့်ရွတ် နဲ့ မဲခေါင်မြစ် ကာကွယ်ရေး ပြည်သူ့ကွန်ရက် အဖွဲ့က မြန်မာဖက်ခြမ်းက မြေရှားအပါအဝင်သတ္တုတူးဖော်မှုတွေကြောင့် ထိုင်းနိုင်ငံဆီ စီးဆင်းတဲ့ မြစ်ချောင်းတွေညစ်ညမ်းတဲ့အပေါ် ဒီနေ့မနက်ပိုင်းမှာ ဆန္ဒပြကြပါတယ်။
ဒါ့အပြင်မြန်မာဖက်ခြမ်းကမြေရှားအပါအဝင် သတ္တုတူးဖော်မှုတွေကြောင့် ထိုင်းနိုင်ငံထဲ စီးဆင်းတဲ့ မြစ်ချောင်းတွေမှာ ဓာတု အညစ်အကြေးတွေ ရောပါလာတဲ့ ပြဿနာကို အမြန်ဆုံး ထိထိရောက်ရောက် ကိုင်တွယ် ဖြေရှင်းပေးဖို့ ကောင်စစ်ဝန်ရုံးဆီ သွားရောက်ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဆီ လိပ်မူတဲ့ အိတ်ဖွင့်ပေးစာ တစ်စောင်ကို ပေးအပ်ခဲ့ပါတယ်။
နမ့်ခုတ်၊ နမ့်ဆိုင်၊ နမ့်ရွတ် နဲ့ မဲခေါင်မြစ် ကာကွယ်ရေး ပြည်သူ့ကွန်ရက် အဖွဲ့ဝင်တွေအပါအဝင် ပညာရှင်တွေ ၊လူမှုအဖွဲ့အစည်းကိုယ်စားလှယ်တွေ ၊တက်ကြွလှုပ်ရှားသူတွေက နမ့်ခုတ်မြစ်ထဲ ခပ်ယူလာပြီး ဓာတ်သတ္တုညစ်နွမ်းမှုတွေရောပါနေတဲ့ ညိုညစ်တဲ့ ရေတွေကိုလည်း ရေဘူးတွေထဲ ထည့်ယူလာကြပါတယ်။ အဲဒီအဖွဲ့ဟာ ချင်းမိုင်မြို့ရဲ့ မိန်စီရပ်ကွက်မှာရှိတဲ့ စန္တိဓမ္မဘုရာကျောင်းကနေ စတင်ပြီး အာဏာသိမ်းစစ်တပ်ရဲ့ကောင်စစ်ဝန်ရုံးထိ ချီတက်ခဲ့ပါတယ်။
ဒါ့အပြင် ဆန္ဒပြသူတွေက နယ်စပ်ဖြတ်သန်းတဲ့ မြစ်တွေ ညစ်ညမ်းမှု ရပ်တန့်စေရေး၊ သတ္တု တူးဖော်မှုတွေ ရပ်တန့်စေရေး၊ နမ့်ခုတ်မြစ် ဘေးကင်းစေရေး စတာတွေကိုလည်း အော်ဟစ် ကြွေးကြော်ခဲ့ပါတယ်။ အဲဒီအစီအစဉ်မှာ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ တက်ကြွလှုပ်ရှားသူတွေ၊ လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်တွေ၊ ပညာရှင်တွေလည်း ပါဝင်ခဲ့ပါတယ်။
နမ့်ခုတ်မြစ် အပါအဝင် ထိုင်းနိုင်ငံထဲ စီးဆင်းတဲ့ မြစ်တွေရဲ့ အထက်ဖက်၊ မြန်မာပိုင်နက်ထဲမှာ သတ္တုတူးဖော်မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ ရေထုညစ်ညမ်းမှုဟာ သန်းနဲ့ချီတဲ့ ထိုင်းပြည်သူတွေကို ထိခိုက် နစ်နာစေကြောင်း ဆန္ဒပြသူတွေက ပြောပါတယ်။
သတ္တုတူးဖော်ရေးမှာ အသုံးပြုတဲ့ အာဆင်းနစ်၊ ခဲ၊ ကက်ဒရီယမ်နဲ့ ပြဒါးလို ဓာတ်သတ္တုတွေ မြစ်ရေထဲ ရောပါလာတာဟာ အဲဒီရေကို မှီခိုနေရတဲ့ လူ့အဖွဲ့အစည်းတွေ၊သဘာဝ အစာကွင်းဆက်နဲ့ ဂေဟစနစ်တွေကို အပြင်းအထန် ထိခိုက်စေတယ်လို့ ဆိုပါတယ်။
မြန်မာ ကောင်စစ်ဝန်ရုံးဆီ ပေးအပ်ခဲ့တဲ့ စာထဲမှာတော့ နမ့်ခုတ် မြစ်ဝှမ်းဒေသမှာ ဧကပေါင်း သောင်းနဲ့ချီ စိုက်ပျိုးတဲ့ မိုးစပါးနဲ့ နွေစပါးတွေဟာ အဆိပ်အတောက်ဓာတ်တွေ ရောပါနေတဲ့ ရေတွေကို အသုံးပြုနေရပြီး အဲဒီစပါးခင်းတွေက ထွက်ရှိတဲ့ ဆန်စပါးကို ထိုင်းနိုင်ငံအနှံ့ တင်ပို့ရောင်းချနေရတယ်လို့ ပါရှိပါတယ်။ ဒါ့အပြင် ငါးတွေဟာလည်း အန္တရာယ်ရှိတဲ့ ဓာတ်သတ္တုတွေနဲ့ ထိတွေ့မိထားတာကြောင့် လူတွေက စားသုံးဖို့ တွန့်ဆုတ်ကုန်ပြီး ရွာပေါင်း ၆၀ လောက်က တံငါမိသားစုတွေအတွက် စားဝတ်နေရေး ကျပ်တည်းကုန်ကြောင်း ရေးသားထားပါတယ်။
အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ဟာ သြဂုတ် ၆ ရက် ၇ ရက်မှာထိုင်းကိုလာမှာဖြစ်ပြီး ခရီးစဥ်မတိုင်ခင် ၃ ရက်အလိုမှာ ဆန္ဒပြကြတာဖြစ်ပါတယ်။
ထိုင်းကျန်းမာရေး ဝန်ကြီးဌာနကလည်း ရေညစ်ညမ်းမှု ပြဿနာ ကြုံနေတဲ့ မြစ်တွေထဲက ဖမ်းဆီးတဲ့ ပုစွန်၊ ခရု၊ ကဏန်းတွေကို မစားသုံးဖို့၊ ငါးတွေကို စားသုံးရင်လည်း ကလီစာတွေကို သေချာဖယ်ရှားဖို့ တိုက်တွန်းထားပါတယ်။
နယ်စပ်ဖြတ်ကျော် စီးဆင်းတဲ့ မြစ်တွေရဲ့ ညစ်ညမ်းမှု ပြဿနာဟာ မျက်ကွယ်ပြုထားလို့ မရလောက်အောင် ကြီးထွားလာပြီ ဖြစ်တာကြောင့် မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်တပ် အနေနဲ့ အခုပြဿနာကို အလေးထား ဖြေရှင်းပေးဖို့၊ မြစ်ရိုးတလျှောက် သတ္တုတူးဖော်မှုတွေ ရပ်တန့်အောင် ဆောင်ရွက်ပေးဖို့လည်း ထိုင်းနိုင်ငံသားတွေ ပေးပို့တဲ့ စာထဲမှာ ထည့်သွင်းတောင်းဆိုထားခဲ့ပါတယ်။
ကိုးကား-Chiang Mai News
60 812
ဒေါ်အောင်ဆန်းစုကြည်ကို ICRCနဲ့ပဲတွေ့ခွင့်
ပြုတာက အကျဉ်းသားအဖြစ်သာသဘော
ထားကြောင်းသိသာထင်းရှားစေဟုAAPP
ထုတ်ပြန်
■ "ICRCဟာနိုင်ငံရေးအရအဖွဲ့အစည်းမဟုတ်ပါ။ ဒါကြောင့်ဒီလုပ်ဆောင်ချက်လောက် နဲ့ မြန်မာနိုင်ငံရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ အ
ထောက်အကူ မဖြစ်သလိုအာဆီယံ နဲ့ နိုင်ငံ
တကာအနေနဲ့လည်း သတိကြီးကြီးထားဖို့ လိုပါလိမ့်မယ်။"-ဦးဘိုကြည် (AAPPတွဲဘက်အတွင်းရေးမှူး)
ဩဂုတ် ၃၊ ၂၀၂၆။ ထားမြတ်/People’s Spring
ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်
ရာကြက်ခြေနီကော်မတီ(ICRC)နဲ့သာရွေး
ချယ်တွေ့ဆုံခွင့်ပေးခြင်းဟာ အကျဉ်းသားအဖြစ်သာ သဘောထားနေကြောင်း သိသာထင်ရှားစေတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေအသင်း(AAPP)က
ထုတ်ပြန်ပါတယ် ။
စစ်အုပ်စုဟာ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူမှ တရားဝင်ရွေးချယ်တင်မြောက်ထားတဲ့ နိုင်ငံ့ခေါင်းဆောင်တဦး အနေဖြင့် အသိအမှတ်ပြုခြင်းမဟုတ်ဘဲ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီကိုသာရွေး
ချယ်၍ တွေ့ဆုံခွင့်ပေးခြင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းသားအဖြစ်သာ သဘောထားနေကြောင်း သိသာထင်ရှားစေကြောင်း AAPP ကဖော်ပြထားပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ဒေါ်အောင်ဆန်းစုကြည်ကိုခြွင်းချက်
မရှိ လွှတ်ပေးရမယ့်အပြင် နိုင်ငံတော်ကို ပြန်
လည်ဦးဆောင်ဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍကို တရားဝင် အသိအမှတ်ပြုရမယ်လို့ လည်းတောင်းဆိုလိုက်ပါတယ်။
"ဒေါ်အောင်ဆန်းစုကြည်ဆိုတာပြည်သူက ရွေးချယ်ထားတဲ့ ပြည်သူ့ကိုယ်စားလှယ်ပါ။ ပြည်သူ့ဆန္ဒ က ဒေါ်အောင်ဆန်းစုကြည် ကို နိုင်ငံ့ခေါင်းဆောင်အဖြစ်သတ်မှတ်ထားတာပါ။ အဲဒီလိုဘဲ အာဆီယံ နဲ့ နိုင်ငံတကာ က ဒေါ်အောင်ဆန်းစုကြည် ကို ချွင်းချက်မရှိ လွတ်မြောက်ပေးဖို့ နဲ့ မြန်မာနိုင်ငံရေးမှာ ဦးဆောင်တဲ့ နေရာက ပါဝင်နိုင်ဖို့ပါ။ အခု စစ်အုပ်စုလုပ်ဆောင်ချက် က နိုင်ငံတကာနဲ့ပြည်သူကို လှည့်စားဖို့ လုက်ဆောင်ချက်ပါ။ အိုင်စီအာစီ ဟာ နိုင်ငံရေးအရ အဖွဲ့အစည်းမဟုတ်ပါ။ ဒါကြောင့် ဒီလုပ်ဆောင်ချက်လောက် နဲ့ မြန်မာနိုင်ငံရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ အထောက်အကူမဖြစ်သလို အာဆီယံ နဲ့ နိုင်သံတကာအနေနဲ့လည်း သတိကြီးကြီးထားဖို့ လိုပါလိမ့်မယ်။"လို့ တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်ကပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်
ရာ ကြက်ခြေနီကော်မတီ (ICRC) မှ မြန်မာ နိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Arnaude de Baqqueကဩဂုတ် ၃ရက်နံ
နက်ပိုင်းမှာတွေ့ဆုံခဲ့ကြောင်း စစ်အုပ်စုကထုတ်ပြန်ပါတယ်။အဲဒီလိုတွေ့ဆုံခွင့်ပေးခြင်း
ဟာ ပြည်တွင်းပြည်ပနဲ့ အာဆီယံ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ စုပေါင်းဖိ
အားပေးမှုကြောင့်ရရှိလာတဲ့ အောင်မြင်မှု
တစိတ်တပိုင်းဖြစ်ကြောင်းလည်း AAPPက ဆိုပါတယ်။
၂၀၂၁ ဖေဖော်ဝါရီ ၁ရက် စစ်တပ် အာဏာ
သိမ်းစကတည်းက နှစ်ရှည်လများ သတင်းအမှောင်ချ ခံရတဲ့ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ကျန်းမာနေကြောင်းအထောက်
အထားကို အာဏာသိမ်းစစ်အုပ်စုက သြဂုတ်၃ ရက်မှာမှ ပြသလာတာဖြစ်ပါတယ်။
ဒါပေမယ့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တဲ့အကြောင်း မြန်မာစံတော်ချိန်သြဂုတ် ၃ ရက်မွန်းလွဲပိုင်းအထိတရားဝင် ထုတ်ပြန်တာမရှိသေးပါဘူး။
ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိမရှိ ပြသဖို့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအမြန်ဆုံးလွှတ်
ပေးဖို့ နိုင်ငံတကာနဲ့ ပြည်သူလူထုက ပုံစံမျိုးစုံနဲ့ အကြိမ်ပေါင်းများစွာ တောင်းဆိုခဲ့ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၆ ဇူလိုင် ၃၁ ရက်အထိ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံရတဲ့ နိုင်ငံရေးအကျဥ်းသား ပေါင်း ၃၁၆၁၉ ဦးရှိပြီး ၊ထိုထဲမှဖမ်းဆီးထိန်းသိမ်းခံထားရဆဲ နိုင်ငံရေးအကျဥ်းသား ၂၂၅၄၃ ဦးကျန်ရှိနေသေးတယ်လို့ AAPP ကထုတ်ပြန်ထားပါတယ်။ဒါအပြင်စစ်တပ်က ပြည်သူအနည်းဆုံး ၈၂၂၂ ဦးကိုသတ်ဖြတ်ထားတယ်လို့ဖော်ပြပါတယ်။
60 812
စဉ့်ကူးနဲ့ မတ္တရာက စစ်ရှောင်တွေ စားနပ်ရိက္ခာ အကူညီလိုအပ်နေ
ဩဂုတ်-၃၊၂၀၂၆၊ကတ်သရင်း/People's Spring
မန္တလေးတိုင်းက စဉ့်ကူးနဲ့ မတ္တရာမြို့နယ်တို့မှာ စစ်ဘေးရှောင်နေရတဲ့ဒေသခံပြည်သူ ထောင်နဲ့ချီပြီး စားဝတ်နေရေးခက်ခဲ နေတယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးရှောင်ကူညီသူတွေကပြောပါတယ်။
မတ္တရာမြို့နယ်အရှေ့ခြမ်းက ကျေးရွာတွေဟာ ပြီးခဲ့တဲ့၂၀၂၅ ဩဂုတ်က စစ်တပ်ပြန်လည်ဝင် ရောက်စဉ်ကတည်းက ရှောင်တိမ်းနေရပြီး ယခုဆို ၁နှစ်နီးပါးကြာမြင့်ကာ တိမ်းရှောင်နေရတာလို့ သိရပါတယ်။
"မတ္တရာ အရှေ့ခြမ်းက တော့ရွာ ပေါင်းစုံပါပဲဗျ။အဓိက ဆန်၊ဆီ၊ဆားနဲ့ဆေးဝါးရိက္ခာလိုအပ်နေတယ်လို့ကျွန်တော်တို့လည်းသိရတယ်။အလှူရှင်တွေလည်းလာတော့လာတယ်သူတို့ဘက်ကိုမရောက်တာတဲ့"လို့ မန္တလေးကမြေ ပြင်ကင်း ထောက်အဖွဲ့ Voice Of Mandalay ကတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
စစ်ဘေးရှောင်တွေကို ကူညီလိုပါက Voice Of Mandalay ကတဆင့်လည်း လာရောက်ကူညီနိုင်ကြောင်း အဖွဲ့က ကြေညာထားပါတယ်။
အလားတူ စဉ့်ကူးမြို့နယ် အနောက်ခြမ်းက သဲအင်း၊ကျွန်းကြီး၊ကျွန်းတော်၊ဟင်္သာမ၊ကြက်တူရွေး၊မြစ်ကမ်းကြီး ကျေးရွာ တွေမှာလည်း နေအိမ်တွေ မီးရှို့ခံထားရကာယ နေ့အထိ စစ်ဘေးရှောင် နေရတာမို့ အခက်အခဲနဲ့ရင်ဆိုင် နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
"ကျန်းမာ ရေးကိစ္စဘယ်သူက တွေးနိုင်မှာလဲ။အခုက ထမင်းစားဖို့ တောင်အနိုင်နိုင်ဖြစ် နေကြပြီ။ရေတက်တဲ့ကာလဆိုတော့ စစ်တပ်က ဗုံးချရင် တောင်ထွက် ပြေးဖို့ စက်ဆီဖိုးမရှိတဲ့အိမ် တွေရော၊ဖြစ်သွားလည်းဘယ်တက်နိုင်မလဲ။အကုန်ဒုက္ခတွေရောက်ကြတာပါ"လို့ ဒေသခံ တွေက ပြောပါတယ်။
ဒါ့အပြင် ကျေးရွာတွေဘက်ကို စစ်တပ်က ဒရုန်းနဲ့ဗုံးကြဲတာ၊လက်နက်ကြီးနဲ့ပစ်တာတွေကြောင့် ပြည်သူသေဆုံးတာတွေရှိနေလို့ ပြည်သူတွေဟာ ကျေးရွာတွေက ရှောင်တိမ်းနေရဆဲဖြစ်တယ်လို့ သိရပါတယ်။
60 812
+1
(ဒေါ်အောင်ဆန်းစုကြည် နဲ့ ICRC က မြန်မာ
နိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Arnaude de Baqque တို့တွေ့ဆုံစဥ်။
ဓါတ်ပုံ-စစ်ကောင်စီ
60 812
တော်ကို ပြန်လည် ဦးဆောင်ရန် သူမရဲ့အခန်းကဏ္ဍကို တရားဝင်အသိမှတ်ပြုရမယ်လို့တိုက်တွန်းထုတ်ပြန်ထားပါတယ်။
(သတင်းကို သြဂုတ် ၃ ရက် နေ့ခင်း ၁၂ နာရီ ၁၂ မိနစ်မှာထပ်မံဖြည့်စွက်ထားပါတယ်)
60 812
ဒေါ်အောင်ဆန်းစုကြည် နှင့် ICRC အရာရှိ
တွေ့ဆုံခဲ့ကြောင်းစစ်တပ်ထုတ်ပြန်
■ ဒေါ်အောင်ဆန်းစုကြည်သက်ရှိထင်ရှားရှိနေသေးကြောင်းအထောက်အထားကိုအာ
ဏာသိမ်းခေါင်းဆောင်ထိုင်းမသွားခင် ၃ ရက်
အလိုမှထုတ်ပြန်
■ICRC ကမူ သတင်းမထုတ်ပြန်သေး
သြဂုတ်-၃၊၂၀၂၆။နေ့သစ်/People's Spring
အာဏာသိမ်းစစ်တပ်က ဖမ်းဆီးထားတဲ့
နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် ကယနေ့ မနက်မှာသွားရောက်တွေ့ဆုံတယ်လို့ စစ်ကောင်စီကဓါတ်ပုံနဲ့တကွ သတင်းထုတ်ပြန်ပါတယ် ။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ငါးနှစ်ခွဲကျော်အတွင်းမှာ စစ်တပ်က ဒေါ်အောင်ဆန်းစုကြည် ကို စစ်တပ်လက်အောက်ခံမဟုတ်ပဲသီးခြားလွတ်လပ်တဲ့ ကြားခံအဖွဲ့အည်းကလူနဲ့ ယှဥ်တွဲပြီး လူမြင်ကွင်းမှာ ပထမဆုံးအကြိမ်ထုတ်ပြတာလည်းဖြစ်ပါတယ် ။
ဒေါ်အောင်ဆန်းစုကြည် နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို တရားခွင်အတွင်း CCTV မှတ်တမ်းဓါတ်ပုံ ပေါ် ထွက်ခဲ့ဖူးပေမယ့် အချိန်ကာလမသိခဲ့ရပါဘူး။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် နဲ့ စစ်ကောင်စီ အရာရှိအချိူ့ တွေ့ဆုံတဲ့သတင်းဓါတ်ပုံနဲ့ သတင်းအတိုကို ဧပြီ ၃၀ မှာ စစ်တပ်ထုတ်ပြန်ခဲ့ပေမယ့် အချိန်ကာလမပါသလို ပြည်သူအများစုက ပုံအစစ် ဟုတ် ၊မဟုတ် ဝေခွဲမရခဲ့ကြပါဘူး။
စစ်တပ်အာဏာသိမ်းပြီး ဒေါ်အောင်ဆန်းစုကြည်သတင်းကို အမှောင်ချထားပြီး သားဖြစ်သူကိုပါ ဆက်သွယ်ခွင့်မပေးသလို ရှေ့နေတွေကိုပါဆက်သွယ်ခွင့်မရတော့လို့ ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်လျက် ရှိသေးရဲ့လားလို့ နိုင်ငံတကာကပါ ပူပန်စွာမေးခွန်းထုတ်လာမှ စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ICRC က မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်နဲ့တွေ့ဆုံကြောင်းသြဂုတ် ၃ ရက်မနက်မှာထုတ်ပြန်လာတာဖြစ်ပါတယ်။
အဖြူရောင်ပေါ်မှာ ပန်းပွင့်ပုံ အီကျီလက်ရှည် ၊အနက်ရောင်ထဘီ ဝတ်ဆင်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ICRC အရာရှိနဲ့တွေ့ဆုံချိန်မှာ ဦးခေါင်းမှာပန်းပန်ထားတာမတွေ့ရပါဘူး။စစ်တပ်က ဖမ်းဆီးထောင်ချထားတာ ၅ နှစ်ခွဲကျော်ခံထားရဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ဆံပင်တွေဟာ သိသိသာသာ ဖြူလာတာကိုတွေ့ရပါတယ်။ဒါပေမယ့် စစ်တပ်က တွေ့ဆုံတဲ့ သတင်းဓါတ်ပုံကို ကြည်ကြည်လင်လင်ဖော်ပြမထားပဲ ပုံအရည်အသွေးမကောင်းပဲ ဝါးနေတဲ့ ဓါတ်ပုံကိုသာထုတ်ပြန်တာဖြစ်ပါတယ် ။
ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်သက်ရှိထင်ရှားရှိနေသေးကြောင်း ခိုင်မာတဲ့ အထောက်အထားကို စစ်တပ်က အာဏာသိမ်းပြီး ငါးနှစ်ခွဲကြာမှ ထုတ်ပြန်တာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ICRC က မြန်မာ
နိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်Mr. Arnaude de Baqque က လာရောက်တွေ့ဆုံခဲ့တယ်လို့သာ အကျဥ်းဖော်ပြပြီး တွေ့ဆုံမှုအသေးစိပ်ကိုတော့ မဖော်ပြထားပါဘူး။
စစ်တပ်က အခုလိုထုတ်ပြန်ချိန်ဟာ အာဆီယံအပါအဝင် နိုင်ငံတကာက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဥ်းသမားတွေကို ပြန်လွှတ်ပေးဖို့ ဖိအားပေးတောင်းဆိုချိန် ၊ အာဏာသိမ်းခေါင်းဆောင် မင်းအောင်
လှိုင် ထိုင်းနိုင်ငံကို သြဂုတ် ၆၊ ၇ မသွားခင် ၃ ရက်အလိုမှာထုတ်ပြန်တာဖြစ်ပါတယ် ။
ICRC ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံတဲ့သတင်းနဲ့ ပတ်သက်ပြီး အခုချိန်ထိ သူတို့ရဲ့ လူမှုကွန်ယက်စာမျက်နှာတွေကနေထုတ်ပြန်တာမရှိသေးပါဘူး။ ဒါကြောင့် ICRC အနေ့နဲ့သတင်းထုတ်ပြန်ပေးဖို့ မင်းသားဒေါင်းနဲ့ နိုင်ငံရေးတက်ကြွသူအချို့က လူမှုကွန်ယက်မှာတောင်းဆိုနေကြပါတယ်။
ဒါ့အပြင် စစ်ကောင်စီ သတင်းရင်းမြစ်အချို့က ဒေါ်အောင်ဆန်းစုကြည်နဲ့ ICRC အရာရှိတွေ့ဆုံတာဟာ ဇူလိုင် လကုန်ပိုင်းဖြစ်ပြီး စစ်တပ်က သြဂုတ် ၃ ရက်မှ တွေ့သလိုသတင်းထုတ်ပြန်တာဖြစ်တယ်လို့ပြောပါတယ်။ ဒါပေမယ့် လူထုနွေဦးအနေနဲ့ တွေ့ဆုံတဲ့ရက်ကိုသီးခြားအတည်မပြုနိုင်ပါဘူး။ICRC က မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်Mr. Arnaude de Baqque ဟာ ဇူလိုင် ၃၀ ရက်ကနေပြည်တော်ရှိ စစ်တပ်ခန့် နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေ နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ် ။ တွေ့ဆုံစဉ် မြန်မာနိုင်ငံထဲမှာ ICRC က ဆောင်ရွက်နေတဲ့လုပ်ငန်းတွေနဲ့ လူသားချင်းစာနာမှုအကူအညီများ ပေးအပ်ရေးနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီကထုတ်ပြန်ခဲ့ပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)ကလည်းဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီတို့ ကိုစစ်တပ်ကတွေ့ဆုံခွင့်ပေးခြင်းဟာ ပြည်တွင်းပြည်ပနှင့် အာဆီယံ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်း တွေရဲ့စုပေါင်းဖိအားပေးမှုကြောင့် ရရှိလာသည့် အောင်မြင်မှု တစိတ်တပိုင်းဖြစ်ကြောင်း၊ဒါ ပေမယ့် စစ်အုပ်စုဟာ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူမှ တရားဝင်ရွေးချယ်တင်မြောက်ထားတဲ့ နိုင်ငံ့ခေါင်းဆောင်တဦး အနေနဲ့ အသိအမှတ်ပြုခြင်းမဟုတ်ဘဲICRC ကိုသာရွေးချယ်၍ တွေ့ဆုံခွင့်ပေးခြင်းမှာ အကျဉ်းသားအဖြစ်သာ သဘောထားနေကြောင်း သိသာထင်ရှားစေတယ်လို့ ထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပြဿနာများကို ဖြေရှင်းနိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည်ကို ချွင်းချက်မရှိ လွှတ်ပေးရမှာဖြစ်တဲ့အပြင် နိုင်ငံ
60 812
သိုးခြံဘူတာအနီးက ဆိုင်ခန်းပေါင်း ၃၀ ဖယ်ပေးဖို့ စစ်အုပ်စု စာထုတ်
သြဂုတ် ၃၊ ၂၀၂၆ မေရီ/People's Spring
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ သိုးခြံဘူတာအနီးက လုပ်ငန်းနဲ့ ဆိုင်ခန်း ၃၀ကို ဖယ်ရှားပေးဖို့ အာဏာသိမ်းစစ်တပ်ရဲ့လက်အောက်က မြန်မာ့မီးရထားက စာပို့ထားကြောင်း နီးစပ်သူတွေက ပြောပါတယ်။
လူသွားလူလာများပြီး အချက်အချာကျတဲ့ ချမ်းမြသာစည်မြို့နယ်၊ သိုးခြံဘူတာနယ်မြေ၊ မြဝတီမင်းကြီးလမ်းပေါ်မှာရှိတဲ့ မြေငှားဆိုင်ခန်းနဲ့ လုပ်ငန်း ၁၈ ခု၊ ၆၂ လမ်းပေါ်က မြေငှား ဆိုင်ခန်းနဲ့လုပ်ငန်း ၁၂ ခု၊ စုစုပေါင်း ၃ဝ ခုကို ပြီးခဲ့တဲ့ ဧပြီ ၁ ရက်ကစပြီး လုပ်ငန်းပိတ်သိမ်းစေခဲ့တယ်လို့ မြန်မာ့မီးရထား တိုင်းအမှတ်(၃)ရဲ့ စာမှာ ဖော်ပြပါတယ်။
အဲဒီနေရာတွေကို မြေနေရာဆက်လက်ငှားရမ်းခွင့်မပြုတော့တာကြောင့် မိမိတို့အစီအစဥ်နဲ့ အမြန်ဆုံးဖယ်ရှားပေးကြဖို့နဲ့ ဖယ်မပေးဘူးဆိုရင် ဖယ်ရှားရှင်းလင်းသွားမယ်လို့ ဇူလိုင် ၂၄ ရက်နေ့စွဲနဲ့ ခြိမ်းခြောက်ထားပါတယ်။
အဲဒီနေရာတွေဟာ ယခင်စစ်တပ်အစဥ်အဆက်အုပ်ချုပ်စဥ်က ဆိုင်ခန်းဆောက် ရောင်းစားခဲ့ကြတဲ့နေရာတွေဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။ "အရင်က စည်ပင်တွေလုပ်စားထားကြတဲ့ နေရာတွေ ဖယ်ရတာ။"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အဆိုပါဆိုင်ခန်းတွေဟာ မိုဘိုင်းဖုန်းဆိုင်အပါအဝင် လုပ်ငန်းကြီးတွေ အများအပြား ပါဝင်နေတာကြောင့် ယခုလို ဖယ်ပေးရမယ့်အပေါ် အခက်အခဲတွေရှိနေကြတယ်လို့ သိရပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဌာနအသီးသီးရဲ့ရုံးတွ ဆောက်လုပ်ရောင်းချထားတဲ့ ဆိုင်ခန်းတွေကို ဆက်တိုက်ဖယ်ရှားနေတာဖြစ်ပါတယ်။ မန္တလေးမြို့မှာဆိုရင် ရဲစခန်းတိုက်တန်း၊ ဗထူးကွင်းတိုက်တန်း၊ မဟာအောင်မြေ အားကစားကွင်းတိုက်တန်း၊ ဆောက်လုပ်ရေးရုံးတိုက်တန်း၊ မြို့နယ်ပညာရေးရုံးတွေက တိုက်တန်းတွေနဲ့ အခြားဌာနဆိုင်ရာကရောင်းချထားတဲ့တိုက်တန်းတွေ ဖယ်ရှားခံနေရပါတယ်။
60 812
(ဆင်ဖြူရှင်စစ်ဆင်ရေးသရုပ်ပြနေစဉ်အတွင်း စစ်တပ်သုံး ဖိုက်တာဂျက်လေယာဉ် ၂ စင်း ဗုံးကြဲချနေတာကို ၂၀၁၈ ဖေဖော်ဝါရီ ၂၈ရက် က တွေ့ရစဉ်။ ဓာတ်ပုံ-EPA)
