cookie

We use cookies to improve your browsing experience. By clicking ÂŤAccept allÂť, you agree to the use of cookies.

avatar

𝐏𝐞𝐨𝐩𝐥𝐞'𝐬 𝐃𝐞𝐟𝐞𝐧𝐬𝐞 𝐂𝐨𝐦𝐫𝐚𝐝𝐞 🚩{အမေ့သား} 🚩

"ပစ်မိန့်ကိုမကြောက်လို့ စစ်မိန့်ကိုတော်လှန်နေတာ" ★ရေဦးမြို့နယ်အခြေပြု ပြည်သူ့ကာကွယ်ရေးရဲဘော်★ -─═┳︻ အမေ့သား ︻┳═─-

Show more
Advertising posts
7 120Subscribers
+224 hours
+437 days
+16230 days

Data loading in progress...

Subscriber growth rate

Data loading in progress...

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ ကျိုက်ပိကျေးရွာတွင်နေထိုင်သော ဖက်ဆစ်ခွေးမိစ္ဆာအတွက်အလုပ်လုပ်ပေးနေတဲ့ မိစ္ဆာဟောင်းကျော်ကျော်အား ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း ၇၈၀၅ မှ ရဲဘော်တစ်ဦးမှ ပစ်ခက်ရာ ပေါင်ရှပ်ထိ ၁ ချက်၊ ပေါင်အတွင်းကျည်ဖောက်ဝင် ၁ ချက်၊ တင်မဆုံမှဆီးခုံအတွင်းကိုကျည်ဖောက်ဝင် ၁ ချက် ဖြင့်ဆေးရုံမှာ ခွေးမီးဖုတ်ဖြစ်ခါနီးနေကြောင်း သိရှိရ။
Show all...
👍 12👏 2❤ 1🍾 1
Repost from Khit Thit Media
"အခုစစ်တပ်က တကယ့်စစ်တပ်မဟုတ်ဘူး။ တကယ် Professional စစ်တပ် မဟုတ် ဘူး။ Code of conduct မရှိဘူး။ ပြည်သူ လူထုကို ကာကွယ်မယ့် စစ်တပ်က ပြည်သူ လူထုကို မကာကွယ် နှိပ်ကွပ်နေတယ်။ အကြမ်းဖက်လုပ်နေတယ်။ သူတို့ကို ပြန်ကြည့် လိုက် တိုက်ပွဲတိုင်းမှာ အမြဲတမ်းရှုံးနေတာ" By ရန်ကုန်ခေတ်သစ် နိုင်ငံတစ်ဝန်း တိုက်ပွဲတိုင်း ကျဆုံးနေသည့် မြန်မာ အကြမ်းဖက်စစ်ကောင်စီ တပ်များ ၏ အနာဂတ် အလားအလာ အခြေအနေ ပတ်သက်ပြီး အမေရိကန်စစ်တပ် အငြိမ်းစား ဒုဗိုလ်မှူးကြီးလည်းဖြစ်၊ ဟာဝိုင်ယီအခြေစိုက် အာရှ- ပစိဖိတ် လုံခြုံရေး ဆိုင်ရာ လေ့လာရေးဌာနမှ ပါမောက္ခ ဒေါက်တာမီမီဝင်းဘတ်ကို ရန်ကုန်ုခေတ်သစ် သတင်းဌာနက ဆက်သွယ် မေးမြန်းထားပါတယ်။
Show all...
👍 9🤡 1
Repost from Khit Thit Media
ဆီဆိုင်မြို့နယ်၊ ဝိန်းကောင်ရွာနှင့် တံတားကို အကြမ်းဖက်စစ်တပ်နှင့်လက်အောက်ခံ PNO တပ်ဖွဲ့များက ဖောက်ခွဲ ဖျက်ဆီး ရန်ကုန်၊ ဧပြီ ၂၈ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ဝိန်းကောင်ရွာနှင့်တံတားကို အကြမ်းဖက်စစ်တပ်နှင့် လက် အောက်ခံ PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက ဒရုန်းဖြင့် ဗုံးကျဲခြင်း၊ မိုင်းခွဲခြင်းဖြင့် ဖျက်ဆီးခဲ့ကြကြောင်း အရှေ့ရိုးမ ပြည်သူ့ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့က ပြောဆိုရေးဆိုခွင့်ရှိသူက ရန်ကုန်ခေတ်သစ် သတင်း ဌာန ထံသို့ ပြောကြားသည်။ ယမန်နေ့ ဧပြီလ ၂၇ ရက် ည ၁၀ နာရီခွဲခန့်က ဆီဆိုင်မြို့ အနောက်ဘက်၊ ဝန်းကောင်ရွာအနီးရှိ ဝိန်းကောင်တံတားကို တော်လှန်ရေးအင်အားစုများ အသုံးပြုလျက်ရှိသည်ဟု ဆိုကာ အကြမ်းဖက် စစ်တပ်နှင့် လက်အောက်ခံ PNO ပြည်သူ့စစ်များက မိုင်းခွဲဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် ဧပြီလ ၂၇ ရက် နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိ အကြမ်းဖက်စစ်တပ်နှင့် PNO ပြည်သူ့ စစ်များက ဝိန်းကောင်ရွာကို ဒရုန်း ၂ စီးဖြင့် အဆက် မပြတ် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက် ခိုက်မှုအတွင်း မည်သူတစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း သိရသည်။
Show all...
👍 7❤ 1🤬 1
ဖာကျတာ အပေါ်ကနေ အောက်ထိပဲ ဖက်ဆစ်ခွေးတပ်ကလက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် နေအိမ် ၃၀၀ကျော် မီး လောင်ပျက်စီးထားသော မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဓမ္မသကျေးရွာတွင် နယ်မြေတည်ငြိမ်ပြီဟုဆိုကာ ဒေသခံများအား နေရပ်သို့ ပြန်လည်ဝင်ရောက်နေထိုင်ကြရန် ဖက်ဆစ်ခွေးမိစ္ဆာက ဖိတ်ခေါ်ထားကြောင်း သိရသည်။ မွန်ပြည်နယ် ဝန်ကြီးချုပ် အောင်ကြည်သိန်းက ဓမ္မသကျေးရွာသို့ ယမန် နေ့တွင် သွားရောက်ခဲ့ပြီး ၎င်း၏ လူမှုကွန်ရက်စာမျက်နှာ၌ ပြည်သူများပြန်လည်နေထိုင်နိုင်ပြီဖြစ်ကြောင်း ပြောဆိုထားသလို၊ ကျိုက်မရောမြို့ နယ် အထွေထွေအုပ်ချုပ်ရေးမှူရုံးရှေ့တွင်လည်း ပြည်သူများ ပြန်လည်ဝင်ရောက်နေထိုင်နိုင်ပြီဟု ဆိုင်းဘုတ်ထောင်ထားကြောင်း သိရှိရသည်။ ဓမ္မသကျေးရွာတွင် အိမ်ခြေတစ်ထောင်ကျော်ရှိပြီး လူဦးရေခြောက်ထောင်ကျော်နေထိုင်ကာ ပြီးခဲ့သည့် မတ်လ၂၅ ရက်က ကော့ဘိန်းရဲစခန်းသိမ်း ပိုက်ခံရပြီးနောက် စစ်ကောင်စီ၏ ဂျိုင်းမြစ်အတွင်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် နေအိမ်ပေါင်း ၃၀၀ ကျော် မီးလောင်ကျွမ်းခဲ့ပြီး ဒေသခံများမှာ မော်လမြိုင်၊ ဘီလူးကျွန်း၊ ချောင်းဆုံ၊ မုဒုံနှင့် ဘားအံ စသည့်နေရာများ၌ စစ်ရှောင်နေကြရကြောင်း သိရသည်။ ဖာကျခွေးမီးဖုတ်ကဏ္ဍ
Show all...
Repost from MDY Revolution
မန္တလေးမြို့🚨🚨 April-27 -9:44PM ဧည့်စစ်သတင်း မဟာအောင်မြေမြို့နယ် ၃၆လမ်း၊၇၁×၇၂လမ်းကြား အောင်ချမ်အေး ရပ်ကွက်သို့ စခ၊ရခ အင်အားအများအပြား ဧည့်စာရင်းစစ်နေကြောင်းသိရပါသည်။ Source -MR Informer #MDYRevo
Show all...
👍 7🔥 2🤬 1🍾 1
Repost from MDY Revolution
မန္တလေးမြို့🚨🚨 April-27 -9:20PM ဧည့်စစ်သတင်း မဟာအောင်‌မြေမြို့နယ် ၄၁လမ်း၊၈၆×၈၇လမ်းကြား သံလျှက်မှော်အရှေ့အကွက်(၄၃၁) ကျောက်ဝိုင်းအနီးစခ၊ရခအင်အား(၂၀)ခန့် ဧည့်စာရင်းစစ်နေကြောင်းသိရပါသည်။ Source -MR Informer #MDYRevo
Show all...
👍 6🔥 4
အမ်းမြို့ တောဟိန်းတောင်ဗျူဟာကုန်း တိုက်ပွဲအတွင်း စစ်ခွေး‌တွေကို ဓာတ်ခဲတို့ မီးဖုတ်ပြီးချိန် လက်နက်ချအရှုံးပေးခဲ့သည့်အတွက် ဘန်ကာထဲဝင်ပုန်းနေသည့် ဖက်ဆစ်မိစ္ဆာ ကျွန်ဝယ်ရာအစစ်ပါများအား ကယ်ထုတ်နေစဉ်။ ခွေးမီးဖုတ်
Show all...
👍 9👏 3🤡 1
"စစ်ရှုံးကောင်စီရဲ့ အရန်တပ်ဖွဲ့ ဥပဒေက ပေးတဲ့ သတင်းစကား" ရှေ့တန်း စစ်မြေပြင်မှာ စစ်ရှုံးကောင်စီရဲ့ အမြဲတမ်း စစ်သားတွေ သေဆုံး၊ ဒဏ်ရာရ၊ လက်နက်ချ၊ ထွက်ပြေးတွေ များလာပြီး စစ်အင်အား မကျန်တော့သလောက် ဖြစ်လာချိန်မှာ- စစ်ရှုံးကောင်စီက စစ်မှုထမ်းဟောင်း အရန်တပ်ဖွဲ့ ဥပဒေကို ထုတ်ပြန်လိုက်တယ်။ အဲ့ထဲက အရေးကြီးတဲ့ အချက်တွေကို ကောက်နုတ်ရရင်- • စစ်မှုထမ်းရမယ့် စစ်မှုထမ်းဟောင်း အသက်ကို (၆၇) နှစ်အထိ သတ်မှတ်တယ်။ • အသက် (၅၅) နှစ်အောက်တွေက ရှေ့တန်းထွက်ရမယ်လို့ ဆိုတယ် (ဒါက သူတို့ အပြော) • စစ်မှုထမ်းဖို့ အကြောင်းမဲ့ ပျက်ကွက်ရင် ပင်စင် အကျိုးခံစားခွင့် ပိတ်ပင်မယ်။ တစ်သက်လုံး ကျွန်ခံပေးခဲ့ရတဲ့ ပင်စင်စားတွေကိုတောင် ပင်စင်နဲ့ ခြိမ်းခြောက်ပြီး အသက် (၆၇) နှစ်အထိကို စစ်မှုထမ်းဖို့ ပြန်ခေါ်နေရတယ် ဆိုတော့- ၁။ လက်ရှိ ခွေးတပ်ထဲက ကောင်တွေကိုရော အသက် ၆၂ နှစ် ပြည့်တာနဲ့ ပင်စင်ပေးပါ့မလား? ၂။ အရပ်သား စစ်မှုထမ်းတွေ အဓမ္မ စုဆောင်းနေတာကရော ၃၅ နှစ်အထက်တွေ မခေါ်ဘူး ဆိုတာ ဖြစ်နိုင်ပါ့မလား? ၃။ ဌာနဆိုင်ရာတွေမှာ ရုံးပျောက်သွားတဲ့ non-CDM ဝန်ထမ်းတွေကိုရော ဘယ်လို စီစဉ်မလဲ? တွေးဆစရာတွေပါ..။ #4C_TruthNews
Show all...