Yinmarbin Local People's Defence Force - ယင်းမာပင်မြို့နယ် ပြည်သူကာကွယ်ရေးတပ်ဖွဲ့
Open in Telegram
1 123
Subscribers
No data24 hours
+27 days
+3130 days
Posts Archive
စစ်ကောင်စီတပ်ဘက်မှ သံချပ်ကာနှင့်တင့်ကား ၆ စီးသိမ်းပိုက်ရရှိပြီး လတ်တလော တင့်ကား ၁ စီးမှာ အကောင်းအတိုင်းရှိနေဟု MNDAA ပြော
ရန်ကုန်၊ အောက်တိုဘာ ၃၁
ရှမ်းပြည်နယ်မြောက်ပိုင်းတွင်၊ စစ်ကောင်စီတပ်ဘက်မှ သံချပ်ကာနှင့်တင့်ကား ၆ စီးကို သိမ်းပိုက်ရရှိထားပြီး လတ်တလော တင့်ကား ၁ စီးမှာ အကောင်းအတိုင်းရှိနေကြောင်း MNDAA ပြောခွင့်ရပုဂ္ဂိုလ် လီကျာဝင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
"ဒီနေ့ မုံးကိုးဖောင်းဆိုင်ဘက်မှာ မြေပြင်ရှင်းလင်းလုပ်တဲ့အချိန်မှာ နောက်ထပ် ၁ စီးထပ်ရတယ်။ အားလုံး ၆ စီးရှိပြီ။ အရင်က ရတဲ့ ၅ စီးမှာ ၄ စီးက ပျက်စီးသွားပြီး ၁ စီးက အကောင်းအတိုင်းရတယ်။ ဒီနေ့ ရတဲ့ ၁ စီးက အကောင်းအတိုင်းဆိုရင်တော့ အကောင်း ၂ စီးရမှာပေါ့။ ဒီနေ့ ရတဲ့ ၁ စီးက မကောင်းဘူးဆိုရင် အကောင်းအတိုင်းရတာ ၁ စီးပဲရှိမှာပေါ့" ဟု MNDAA ပြောခွင့်ရပုဂ္ဂိုလ် လီကျာဝင်က ပြောဆိုသည်။
ရှမ်းပြည်မြောက်ပိုင်းတွင် အောက်တိုဘာလ ၂၇ ရက်နေ့ စစ်အာဏာရှင် ဖြုတ်ချရေး ၁၀၂၇ စစ်ဆင်ရေး စတင်ချိန်မှစ၍ ယနေ့အထိ စစ်ကောင်စီတပ်စခန်း ၁၀၀ နီးပါးကို မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ ၃ ခုက တိုက်ခိုက် ရရှိခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်၊ မြောက်ပိုင်းတွင် အင်အား ၇၀ ပါ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား အလောင်း ၄၀ ကျော်၊ လက်နက်ခဲယမ်းများ သိမ်း ဆည်းရရှိ၊ ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်သုံ့ပန်း ၂ ဦး ဖမ်းဆီးရမိ
■ BPLA ရဲဘော် ၄ ဦး မြင့်မြတ်စွာ ကျဆုံး
ရန်ကုန်၊ အောက်တိုဘာ ၂၉
ရှမ်းပြည်နယ်၊ မြောက်ပိုင်းတွင် BPLA နှင့် တော်လှန်ရေး မဟာမိတ်များကို ထိုးစစ်ဆင်သည့် အင်အား ၇၀ ပါ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သား အလောင်း ၄၀ ကျော်နှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း၊ စစ်တပ် ဘက်မှ ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်သုံ့ပန်း ၂ ဦး ဖမ်းဆီးရမိကြောင်း ဗမာ ပြည် သူ့ လွတ်မြောက်ရေးတပ်တော် BPLA မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
အောက်တိုဘာလ ၂၈ ရက်နေ့ နံနက်ပိုင်း ရှမ်းမြောက်ဒေသရှိ မဟာမိတ်တပ်ဖွဲ့ များနှင့် BPLA တပ်ဖွဲ့တို့ ဖြန့်ကျက်လှုပ်ရှားထိန်းချုပ်ရာနေရာတစ်ခုသို့ တပ်မ ၃၃ လက်အောက်ခံတပ်ရင်း ခမရ ၁၃ က အင်အား ၇၀ ခန့်ဖြင့် ချဥ်းကပ် လာ ကြောင်း၊ ယင်းနောက် တစ်နာရီ ကျော်ကြာတိုက်ပွဲဖြစ်ပွားပြီးနောက် စစ် သား ၂၀ ကျော်ကျဆုံးကာ တချို့မှာနီးစပ်ရာ ကျေးရွာများအတွင်းသို့ ထွက်ပြေး သွားခဲ့ ကြောင်း သိရှိရသည်။
ထို့နောက် မဟာမိတ်တပ်ဖွဲ့မှ စစ်ကူတချို့ရောက်လာပြီး ရွာထဲအိမ်များမှ ပြည်သူများကို ဓားစာခံလုပ်ကာ ပုန်းအောင်းနေသော စစ်ကောင်စီ တပ်ဖွဲ့ ဝင်များကို တစ်အိမ်ချင်း ခက်ခဲစွာရှင်းလင်းခဲ့ကြောင်း၊ ယမန်နေ့ ညနေ ၅ နာရီတွင် တိုက်ပွဲကို အဆုံးသတ်ထိန်းချုပ်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း ၄၀ ကျော်ရရှိခဲ့ကြောင်း၊ စစ်ကောင်စီတပ်ဘက်မှ ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်သုံပန်း ၂ ဦးကို အရှင်ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ ဗမာ ပြည်သူ့ လွတ်မြောက်ရေးတပ်တော်(BPLA)မှ ရဲဘော် ၄ ဦး တိုင်းပြည်အတွက် မြင့် မြတ် စွာအသက်ပေးကျဆုံးခဲ့ရကြောင်း သိရှိရသည်။
တိုက်ပွဲအတွင်း MA Series ရိုင်ဖယ် ၃၀ လက်၊ စက်ကလေး ၃ လက်၊ ၄၀ မမ ၆ လက်၊ ကျည် ၈၀၊ ၆၀ မမ ၂ လက်၊ ကျည် ၆၀၊ ၈၀ မမ ၁ လက်၊ ၁၀၀ မမ ၂ လက်၊ ကျည် ၁၀၊ RPG ၂ လက်/ကျည် ၁၀၊ ပစ္စတို ၂ လက်၊ Icom စက် ၃ လုံး၊ Drone detector ၁ ခု၊ WiFi Router ၁ ခု နှင့် အခြားစစ်အသုံး အဆောင် ပစ္စည်း အမျိုးမျိုးတို့ သိမ်းဆည်းရရှိကြောင်း သိရှိရသည်။
ထို့ပြင် အောက်တိုဘာ ၂၇ ရက်နေ့ ကနဦးတိုက်ခိုက်မှုတစ်ခုတွင်လည်း စစ် သား အလောင်း ၄ လောင်း၊ ရိုင်ဖယ်သေနတ် ၇ လက်နှင့် အခြားပစ္စည်း များ ကို BPLAက ရရှိခဲ့ကြောင်း သိရှိရသည်။
Repost from Sagaing Scout Network
⚠️ယင်းမာပင်⚠️
ကပိုင်-သီးကုန်းမှထွက်လာေသာစခစစ်ကြောင်း (၅)မိုင် ရောက်ရှိနေ ပင်တောင်လေးပေါ်ကျဖို့ဦးတည်နေပြီ ၄၀မမတွေပစ်ဖောက်နေကြောင်း သတင်းရရှိ။
#SSN
Oct 29,9:46 AM
📬သတင်းပို့ရန် @SagaingScoutNetworkBot
Repost from Sagaing Scout Network
⚠️ယင်းမာပင်⚠️
ယင်းမာပင်နယ် ကပိုင်၊ သီးကုန်းရွာတွင်ခွေးများညအိပ်တပ်စွဲထားသောကြောင့် အနီးအနား ပြည်သူများ သတိရှိကာဂရုစိုက်နေထိုင်ကြပါရန်။
#SSN
Oct 28,8:56 PM
📬သတင်းပို့ရန် @SagaingScoutNetworkBot
Repost from Sagaing Scout Network
⚠️ယင်းမာပင်⚠️
လက္ကပြားရွာမှ ထွက်ခွာလာေသာ စခစစ်ကြောင်းသည် သီးကုန်မှာ (၁)ဖွဲ့နဲ့ ကပိုင်မှာ (၂)ဖွဲ့ ညအိပ်တပ်စွဲထားကြောင်း သတင်းရ။
#SSN
Oct 27,8:09 PM
📬သတင်းပို့ရန် @SagaingScoutNetworkBot
Repost from Sagaing Scout Network
⚠️ယင်းမာပင်⚠️
မောက်လုပ်ရွာမှာ ညအိပ်ခဲ့ေသာစစ်ကြောင်းသည် လက္ကပြားတောင်ဘက် ဇရပ်မှာ တဖွဲ့၊ လက္ကပြားနဲ့ အင်တော
အင်းသာရွာကြားကျောက်ကုန်းပေါ်မှာ တဖွဲ့ ခဏတပ်ဖျောက်ထားပြီး တစ်ဖွဲ့လက္ကပြားရွာထဲသို့လည်း ဝင်ရောက်ရှာဖွေခိုးယူနေကြောင်း သတင်းရရှိ။
#SSN
Oct 26,9:50 AM
📬သတင်းပို့ရန် @SagaingScoutNetworkBot
Repost from Sagaing Scout Network
⚠️ယင်းမာပင်-ပုလဲ⚠️
ငါးနန်းရွာမှ ထွက်လာသော စစ်ကြောင်းသည် ယခုအချိန်တွင် မောင်းလှုပ်ရွာကို သေနတ်ဖောက်ရင်း ဝင်လာကြောင်း သတင်းရရှိ။
ခွေးကြောင်းသည် ဖြန့်ကျက်ဝင်ရောက်လာသဖြင့် မည်သည့်ဘက်သွားမည် ခန့်မှန်းရခက်ပါသဖြင့် အထူးဂရုပြု သွားလာကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်ရှင့်🙏🙏
#SSN
Oct 25,11:10 PM
SSN
Oct 25 , 9:13AM
📬သတင်းပို့ရန် @SagaingScoutNetworkBot
📬သတင်းပို့ရန် @SagaingScoutNetworkBot
Repost from Sagaing Scout Network
⚠️ယင်းမာပင်-ပုလဲ⚠️
ပေါက်သဖရွာကထွက်လာတဲ့စခစစ်ကြောင်း အထက်ငါးနန်းရွာဘက်ရှေ့ကင်းတိုးထွက်နေကြောင်းသိရ
SSN
Oct 25 , 9:13AM
📬သတင်းပို့ရန် @SagaingScoutNetworkBot
Repost from Sagaing Scout Network
ပုလဲ⚠
ယင်မာပင် ရင်ပေါင်တိုင်ဘက်နေ
စခစစ်ကြောင်းမှ စခတချို့ကမ္ဘာရပ်ရွာဘက် ရောက်ရှိသွားဟုသိရ။
#SSN
Oct.22, 1:20 PM
📬သတင်းပို့ရန် @SagaingScoutNetworkBot
ရွှေကူအခြေစိုက် စစ်တပ်၏ ခမရ ၆၀၂ နှင့် ခလရ ၅၆ တပ်ရင်း စခန်း ၂ ခုကို KIA က တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်း အများ အပြား သိမ်းဆည်းရရှိ
ရန်ကုန်၊ အောက်တိုဘာ ၁၈
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် အခြေစိုက် အကြမ်းဖက် စစ်တပ်၏ ခမရ ၆၀၂ နှင့် ခလရ ၅၆ တပ်ရင်း စခန်း ၂ ခုကို KIA က တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်း အများ အပြား သိမ်းဆည်းရရှိခဲ့ကြောင်း KIA သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
အောက်တိုဘာလ ၁၈ ရက်နေ့ နံနက် ၆ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်၏ ခမရ ၆၀၂ နှင့် ခလရ ၅၆ တပ်ရင်း စခန်း ၂ ခုလုံးကို KIA တပ်ရင်း ၁၂ က တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြားကာ ထွက်ပြေးသူ အများအပြားရှိကြောင်း သိရသည်။
"ရွှေကူ ဒေသမှာရှိ စစ်ခွေးတွေရဲ့ ခမရ ၆၀၂ တပ်ရင်း နဲ့ ခလရ ၅၆ တပ်ရင်း စခန်း ၂ ခုလုံးကို KIA က သိမ်းထားတယ်။ လက်နက်အများ အပြားသိမ်းဆည်းရရှိတယ်။ စစ်ခွေးအသေများတယ်။ အရေအတွက် မသိရသေးဘူး။ တချို့ စစ်ခွေးတွေ ခွေးပြေးဝက်ပြေးဘဝဖြစ်ကြတယ်" ဟု KIA သတင်းရင်းမြစ်များက ပြောဆိုသည်။
Repost from မြေလတ်အသံ - Myaelatt Athan
နေပြည်တော် ရဲဘက်စခန်းမှ အကျဉ်းသား ၇ ဦး ထွက်ပြေးနေ
နေပြည်တော်၊ အောက်တိုဘာ ၁၈၊ ၂၀၂၃ ။
စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၊ ကင်းသာရွာရှိ ကင်းသာ(၂)ကုန်ထုတ်စခန်းမှ အကျဉ်းသား ၇ ဦး အောက်တိုဘာ ၁၇ ရက် မနေ့ ညနေပိုင်းက ထွက်ပြေးသွားတယ်လို့ သိရပါတယ်။
အောက်တိုဘာ ၁၇ ရက် ညနေ ၅ နာရီခန့်မှာ ကင်းသာကုန်ထုတ်ရဲဘက်စခန်းကနေ အကျဉ်းသား ၇ ဦး ဖြစ်တဲ့ ကိုနိုင်လင်း၊ ကိုသန်းထိုက်အောင်၊ ကိုရဲမင်းဦး၊ ကိုနေထက်အောင်၊ ကိုဇာလီ၊ ကိုကျော်ကျော်သက်၊ ကိုအောင်နိုင်စိုးတို့ ထွက်ပြေးလွတ်မြောက်သွားတာဖြစ်တယ်လို့ နေပြည်တော်အကျဉ်းဦးစီးနဲ့နီးစပ်သူထံက သိရပါတယ်။
သတင်းအပြည့်အစုံ - https://www.myaelattathan.org/articles/နေပြည်တော်_ရဲဘက်စခန်းမှ_အကျဉ်းသား၇ဦး_ထွက်ပြေးနေ
မြေလတ်အသံ Facebook Page ကို Like ပေးခြင်း၊ YouTube Channel ကို Subscribed ခြင်းဖြင့် မြေလတ်အသံ ရေရှည်ရပ်တည်နိုင်ရေး ဝိုင်းဝန်းကူညီပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Repost from Sagaing Scout Network
⚠️ယင်းမာပင်⚠️
စခစစ်ကြောင်း ရင်ပေါင်တိုင်ရွာအရှေ့ဘက်ကနေ ရှေ့ကင်းအချို့မြင်သာကုန်းရွာဘက်ဥဦးတည်ထွက်လာနေ။
(2:10pm)
#SSN
Oct 16, 2:19 PM
📬သတင်းပို့ရန် @SagaingScoutNetworkBot
Repost from Chindwin Reflexion(ချင်းတွင်းပုံရိပ်)
ယင်းမာပင်ခရိုင်တပ်ရင်း ၂၀ မှ ရဲဘော် ၃ ဦး ဖမ်းဆီးခံထားရပြီးအခြားတပ်ရင်းတရင် ရဲဘော်တဦးလည်း ခေါင်းဖြတ်သတ်ဖြတ်ခံထားရ
အောက်တိုဘာ ၁၅ ရက် ၂၀၂၃
ပုလဲနယ်မှ စစ်မိစ္ဆာစစ်ကြောင်း တကြောင်းဟာ ယင်းမာပင်နယ် ရွှေလှံမှာ ရောက်ရှိနေပါတယ်။ ထိုစစ်ကြောင်းမှ ယင်းမာပင်ခရိုင် တပ်ရင် ၂၀ မှ ရဲဘော် ၃ ဦးလည်း အရှင်ဖမ်းဆီးခံထားရကြောင်း သိရှိရပါတယ်။ အခြားတပ်ရင်း တရင်းမှ ရဲဘော်တဦးလည်း အဖမ်းအဆီးခံရပြီး
ခေါင်းဖြတ်သတ်ခံရကြောင်း တပ်ဖွဲ့ တဖွဲ့မှ တာဝန်ရှိသူ တဦးက ပြောပါတယ်။
အလောင်းတော်ကဿပ နယ်မြေသတင်း
Repost from Sagaing Scout Network
⚠️ယင်းမာပင်⚠️
ရွှေလှံရွာ ဘက်မှ စခများ ဆင်တဲရွာဘက်သို့ စစ်ကြောင်းထိုး ဝင်ရောက်နေကြောင်းသိရ။
SSN
Oct 16 , 7:30AM
📬သတင်းပို့ရန် @SagaingScoutNetworkBot
3.10.2023
သတင်းထုတ်ပြန်ကြေငြာချက်
3.10.2023ရက်နေ့ မနက်ခင်း6:00နာရီတွင် ကျွန်ုပ်တို့ချိုမိုင်မိုင် ယင်းမာပင်မြို့နယ် မဟာမိတ်တပ်ပေါင်းစုမှ ယင်းမာပင်မြို့နယ် မုံရွာ ပုသိမ်လမ်းဆုံအနီး အောင်ဇေယျအကျိုးအကန်းကုန်း၊စစ်ကောင်စီတပ်သားများ ခိုနားရာ သီတဂူကျောင်း၊ရဲတပ်ရင်း(၂၈) စစ်ကောင်စီတပ်စွဲထားရာPoint(3)ခုကြားထဲတွင် ဝင်ရောက်ပစ်ခတ်ရှင်းလင်းနိူင်ခဲ့ပါသည်။
ထိုသို့ပစ်ခတ်ရှင်းလင်းရာတွင် ဒုရဲအုပ်(၁)ယောက်၊ရဲတပ်ကြပ်(၂)ယောက် စုစုပေါင်း(၃)ယောက် ငရဲသို့ရောက်သွားပါသည်။ယခုmissionအား ကျွန်တော်တို့ရဲဘော်များနှင့်စစ်ကောင်စီတပ်သားသည်(7)meterအကွာအဝေး၊အထူးကွန်မန်ဒို(7)ယောက်၊တိုက်ပွဲကြာချိန် 7mins ဖြင့်သပ်သပ်ရပ်ရပ် ထိထိရောက်ရောက်လုပ်ဆောင်နိူင်ခဲ့ပါသည်။ယင်းmissionမှ စစ်ကောင်စီတပ်၏ G3 နှစ်လက်၊UZi တစ်လက်သိမ်းဆည်းရရှိခဲ့ပါသည်။ကျွန်ုပ်တို့ ချိုမိုင်မိုင် ယင်းမာပင်မြို့နယ် မဟာမိတ်တပ်ပေါင်းစုမှ ရဲဘော်များသည် ပြည်သူများပို့သသော မေတ္တာတရားများဖြင့် အထိအခိုက်မရှိပဲ လုံခြုံစိတ်ချရသောနေရာသို့ရောက်ရှိပါပီ။
စစ်ရေးအရှိန်မြင့်ရန်အတွက် ကြိုးစားနေပါသောကြောင့် ပြည်တွင်းပြည်ပရှိမိဘပြည်သူများအနေဖြင့် တတ်နိူင်သလောက်ပါဝင်ကူညီပေးကြပါအုံးဗျ။
ပြည်သူသာလျင် အမိအဖ
