Yinmarbin Local People's Defence Force - ယင်းမာပင်မြို့နယ် ပြည်သူကာကွယ်ရေးတပ်ဖွဲ့
Open in Telegram
1 123
Subscribers
No data24 hours
+27 days
+3130 days
Data loading in progress...
Similar Channels
Tags Cloud
No data
Any problems? Please refresh the page or contact our support manager.
Incoming and Outgoing Mentions
---
---
---
---
---
---
Attracting Subscribers
December '24
December '24
+2
in 0 channels
November '24
+4
in 0 channels
Get PRO
October '24
+10
in 0 channels
Get PRO
September '24
+15
in 0 channels
Get PRO
August '24
+43
in 0 channels
Get PRO
July '24
+4
in 0 channels
Get PRO
June '24
+5
in 0 channels
Get PRO
May '24
+4
in 0 channels
Get PRO
April '24
+5
in 0 channels
Get PRO
March '24
+4
in 0 channels
Get PRO
February '24
+50
in 0 channels
Get PRO
January '24
+46
in 0 channels
Get PRO
December '23
+73
in 0 channels
Get PRO
November '23
+46
in 0 channels
Get PRO
October '23
+42
in 0 channels
Get PRO
September '23
+43
in 0 channels
Get PRO
August '23
+37
in 0 channels
Get PRO
July '23
+54
in 0 channels
Get PRO
June '23
+27
in 0 channels
Get PRO
May '23
+40
in 0 channels
Get PRO
April '23
+70
in 0 channels
Get PRO
March '23
+47
in 0 channels
Get PRO
February '23
+41
in 0 channels
Get PRO
January '23
+58
in 0 channels
Get PRO
December '22
+73
in 0 channels
Get PRO
November '22
+92
in 0 channels
Get PRO
October '22
+122
in 0 channels
Get PRO
September '22
+192
in 0 channels
Get PRO
August '22
+260
in 0 channels
Get PRO
July '22
+82
in 0 channels
Get PRO
June '22
+87
in 0 channels
Get PRO
May '22
+206
in 0 channels
Get PRO
April '22
+28
in 0 channels
Get PRO
March '22
+282
in 0 channels
| Date | Subscriber Growth | Mentions | Channels | |
| 21 December | 0 | |||
| 20 December | 0 | |||
| 19 December | 0 | |||
| 18 December | 0 | |||
| 17 December | +2 | |||
| 16 December | 0 | |||
| 15 December | 0 | |||
| 14 December | 0 | |||
| 13 December | 0 | |||
| 12 December | 0 | |||
| 11 December | 0 | |||
| 10 December | 0 | |||
| 09 December | 0 | |||
| 08 December | 0 | |||
| 07 December | 0 | |||
| 06 December | 0 | |||
| 05 December | 0 | |||
| 04 December | 0 | |||
| 03 December | 0 | |||
| 02 December | 0 | |||
| 01 December | 0 |
Channel Posts
| 2 | မုန်းမြို့က တပ်ရင်း ၂ခုကို KNLA နဲ့ PDF တို့ သိမ်းပိုက်
မုန်း၊ ဒီဇင်ဘာ ၃၊ ၂၀၂၃။
ပဲခူးတိုင်း မုန်းမြို့နယ် အခြေစိုက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ တပ်ရင်းတွေဖြစ်တဲ့ တပ်ရင်း ၅၉၉ နဲ့ ၅၉၀ တို့ကို ဒီနေ့ နေ့လယ်ပိုင်းမှာ KNLA နဲ့ PDF အပါအဝင် ပူးပေါင်းတပ်တွေက သိမ်းနိုင်ခဲ့ပြီလို့ ဒေသခံတွေဆီက သိရပါတယ်။
"တိုက်နေတာက ၃၀ ရက်နေ့ကတည်းကစတိုက်နေတာ။ ဒီနေ့မှ တပ်ရင်းတွေကျတာ" လို့ ဒေသခံတဦးက ပြောပါတယ်။
သတင်းအပြည့်အစုံ - https://myaelattathan.org/articles/မုန်းမြို့က_တပ်ရင်း_၂ခုကို_KNLAနဲ့PDFတို့_သိမ်းပိုက် | 616 |
| 3 | No text... | 556 |
| 4 | မုံရွာ၊ ကြာပိုင်ရွာက အမျိုးသား ၁၁ ဦးကို စစ်အုပ်စုက ဖမ်းဆီးပြီးနောက် မီးရှို့သတ်
စစ်ကိုင်း ၊ ဒီဇင်ဘာ ၂ ၊ ၂၀၂၃ ။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကြာပိုင်ရွာကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းတပ်ဖွဲ့က ဒီဇင်ဘာ ၂ ရက် ဒီမနက် ၉ နာရီခန့်မှာ ဝင်ရောက်စီးနင်းပြီး ရွာခံအမျိုး သား ၁၁ ဦး ဖမ်းဆီးပြီးနောက် အရှင်မီးရှို့သတ်သွားတယ်လို့ မုံရွာဒေသခံတွေထံက သိရပါတယ်။
“ ဘာထိတွေ့မှုမှ မရှိဘဲ ဒီအတိုင်းရွာထဲကိုဝင်လာပြီး မီးရှို့သွားတာ။ ၅ယောက်လောက်ကတော့ စစ်ကြောင်းဝင်လို့ထွက်ပြေးတာမှာ မလွတ်ဘဲအဖမ်းခံရပြီး ညှင်းပန်းနှိပ်စက်ခံပြီးမှ အသတ်ခံရတာ။ ” လို့ မုံရွာဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။
သတင်းဆက်ဖတ်ရန်...
https://myaelattathan.org/articles/မုံရွာ_ကြာပိုင်ရွာက_အမျိုးသား၁၁ဦးကို_စစ်အုပ်စုက_ဖမ်းဆီးပြီးနောက်မီး_ရှို့သတ် | 513 |
| 5 | ကိုးကန့်ဒေသ၊ တိုက်ပွဲတွင် စစ်ကောင်စီတပ်ရင်းအလိုက် ရာနှင့်ချီ၍ သေဆုံး | 374 |
| 6 | No text... | 403 |
| 7 | ကနီ၊ ဆယ်ရွာချောင်- လာပို့ရွာအနီး စစ်တပ် စခန်းကို PDF တပ်များက ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၂၀ သေဆုံး၊ PDF ၂ ဦးသေဆုံး
ရန်ကုန်၊ နိုဝင်ဘာ ၂၃
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ဆယ်ရွာချောင်- လာပို့ရွာအနီး စစ်တပ် စခန်းကို PDF တပ်ပေါင်းစုက ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၂၀ သေဆုံးကြောင်း ဒေသကာကွယ်ရေးခေါင်းဆောင်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် အဆိုပါ စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်တပ်ဘက်မှ ၂၀ ဦးသေဆုံးကြောင်း၊ စခန်းစွန့်ခွာထွက်ပြေးသည့် စစ်သားများလည်းရှိကြောင်း သိရှိရသည်။
"တိုက်ပွဲက မနက်ခင်းအစောပိုင်းက တစ်ကြိမ်တိုက်ပွဲ စဖြစ်တယ်။ အဲဒီလိုတိုက်ပွဲဖြစ်နေပြီး မကြာဘူး၊ နမခကနေ ဂျက်လေယာဉ်တစ်စီး မနက် ၈ နာရီလောက် တိုက်ပွဲဖြစ်ပွားရာနေရာကို ပစ်ခတ်မှုမလုပ်ဘဲ ပတ်ကြည့်သွားတယ်။နောက် နေ့လယ် ၁၂နာရီ ၂၀ မိနစ်လောက်ရောက်တော့ဂျက်ဖိုက်တာနဲ့ ဗုံးသီး၃လုံးချပြီး ပစ်ခတ်တာတွေလုပ်သွားသေးတယ်။ အဲဒီလိုပစ်ခတ်လို့ ရွာသား ၄ ဦးကျည် ထိမှန်တယ်။ PDF တပ်တွေဘက်က မွန်းလွဲ ၁ နာရီလောက်ရောက်တော့ ဒုတိယအကြိမ် တိုက်ပွဲထပ်တိုက်တယ်။ မွန်းလွဲ ၃နာရီ မှာ တိုက်ပွဲပြီးတယ်။ စစ်ခွေးတွေဘက်က ၂၀ ဦး ခန့်ကျဆုံးပြီး စခန်းစွန့် ထွက်ပြေးတဲ့ကောင်တွေလည်းရှိတယ်။ PDF ရဲဘော် ၂ဦးကျဆုံးပြီး၅ ဦးဒဏ်ရာရှိခဲ့တယ်" ဟု ဒေသကာကွယ်ရေးခေါင်းဆောင်က ရှင်းပြသည်။
အဆိုပါတိုက်ပွဲတွင် လက်နက်များနှင့် ခဲယမ်းဆက်စပ်ပစ္စည်းများလည်းသိမ်းဆည်းရရှိထားကြောင်း၊ စစ်တပ်က တိုက်ပွဲဖြစ်ပွားသည့်နေရာသို့ ဖုန်းလိုင်းများ ဖြတ်တောက်ထားကြောင်း သိရှိရသည်။
ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။ | 346 |
| 8 | No text... | 389 |
| 9 | စစ်ကောင်စီ လေတပ်အတွက် စစ်ပစ္စည်းများ တင်သွင်းနေသူ စီးပွားရေးသမား အောင်ကျော်မြင့် ချင်းရွှေဟော်တွင် ပစ်ခတ်ခံရပြီး သေဆုံး
■ သေဆုံးသူ အောင်ကျော်မြင့်မှာ အာဏာရှင်ဟောင်းနေဝင်းမြေးများနှင့်အတူ အလုပ်လုပ်နေသူဖြစ်ပြီး Omini Focus ကုမ္ပဏီ၏ ဒါရိုက်တာလည်းဖြစ်
ရန်ကုန်၊ နိုဝင်ဘာ ၁၅
အကြမ်းဖက်စစ်တပ် ဒေါက်တိုင် အာဏာရှင်ဟောင်း အေးနေဝင်းနှင့်စီးပွားဘက်လည်းဖြစ်၊ လေတပ်အတွက် စစ်ပစ္စည်းများ တင်သွင်းပေးနေသူလည်းဖြစ်သူ လုပ်ငန်းရှင် အောင်ကျော်မြင့်သည် ချင်းရွှေဟော်တွင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။
အောက်တိုဘာလ ၂၇ ရက်၊ ၂၈ ရက်ဝန်းကျင် မြောက်ပိုင်းမဟာမိတ်ညီနောင်တပ်များက ချင်းရွှေဟော်မြို့ကို စီးနင်းနေစဉ် လုပ်ငန်းရှင် အောင်ကျော်မြင့်သည် စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်များနှင့်အတူ ရှိနေစဉ် ပစ်ခတ်ခံရ၍ သေဆုံးသွားခြင်းဖြစ်ကြောင်း၊ နဖူးတည့်တည့် ပစ်ခံရပြီး ပွဲချင်းပြီး သေဆုံးခြင်းဖြစ်ကြောင်း သိရှိရသည်။
အောင်ကျော်မြင့်သည် အာဏာရှင်ဟောင်းနေဝင်း၏ မြေးများ ပိုင်ဆိုင်သော Omini Focus ၏ ဒါရိုက်တာတစ်ဦး ဖြစ်ပြီး အကြမ်း ဖက်စစ်တပ်၏လေတပ်အတွက် စစ်ပစ္စည်းများ တင်သွင်းပေးနေသူ ဖြစ်ကြောင်း၊ အောင်ကျော်မြင့်သည် စစ်တပ် အာဏာသိမ်းမှုကိုထောက်ခံရုံသာမက ပြည်သူ့တော်လှန်ရေး တပ်ဖွဲ့ဝင်များကို အရှင်မထားဘဲ သတ်ပစ်ရန် လူမှုကွန်ရက်မှ တစ်ဆင့် လှုံ့ ဆော်ခဲ့သူဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- စစ်တပ်ဒေါက်တိုင် စီးပွားရေးသမား အောင်ကျော်မြင့်။ | 366 |
| 10 | ⚠️ဆားလင်းကြီး⚠️
ပုလဲမှထွက်လာေသာ စခစစကြောင်းသည် ရွှာသမင်း အောင်ပန်းကြားမှ တောင်အရပ်ကို ဆက်ထွက်လာပြီး ယခုဆုံတားရွာခြေရှေ့ပွိုင့်ရောက်လာကြောင်း သတင်းရ။
#SSN
Nov 12,10:14 AM
📬သတင်းပို့ရန် @SagaingScoutNetworkBot | 391 |
| 11 | ⚠️ပုလဲ⚠️
အေးကုန်းရွာ မီးတင်ခဲ့ေသာ စခစစ်ကြောင်းသည် ရွာရဲ့အရှေ့မြောက်ဘက်မှ စတင်ထွက်လာနေကြောင်း သတင်းရရှိ။
#SSN
Nov 12,9:00 AM
📬သတင်းပို့ရန် @SagaingScoutNetworkBot | 361 |
| 12 | ⚠️ကန့်ဘလူ⚠️
ကန့်ဘလူမြို့လည်(ရဲစခန်းနှင့်မလှမ်းမကမ်း)ရှိ ရွှေသရဖူရွှေဆိုင်တိုက်၏ခေါင်မိုးထပ်တွင် စခများ နေရာယူထားပြီး လက်နက်ပါတပ်ဆင်ထားကြောင်းသိရ။( 7:19PM)
#SSN
Nov 11, 7:38 PM
📬သတင်းပို့ရန် @SagaingScoutNetworkBot | 340 |
| 13 | No text... | 380 |
| 14 | ကရင်နီပြည်နယ်၊ လွိုင်ကော်၊ ဒီးမော့ဆို၊ နန့်မယ်ခုံနှင့် နန်းစံခန်း တို့ရှိ စစ်ကောင်စီ တပ်စခန်း ၇ ခုကို တော်လှန်ရေး တပ်ဖွဲ့များက ယနေ့ နံနက်ပိုင်း တိုက်ခိုက် သိမ်းပိုက်
ရန်ကုန်၊ နိုဝင်ဘာ ၁၁
ကရင်နီပြည်နယ်၊ လွိုင်ကော်၊ ဒီးမော့ဆို၊ နန့်မယ်ခုံနှင့် နန်းစံခန်း တို့ရှိ စစ်ကောင်စီတပ်စခန်း ၇ ခုကို တော်လှန်ရေး တပ်ဖွဲ့များက ယနေ့ နံနက်ပိုင်း တိုက်ခိုက်သိမ်းပိုက်ရရှိကြောင်း မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့က တရားဝင် သတင်းထုတ်ပြန်သည်။
နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်အချိန်မှစတင်၍ ၁၀၂၇ စစ်ဆင် ရေးနှင့်အတူ ဟန်ချက်ညီပူးပေါင်းစစ်ဆင်ရေးဆင်နွှလျက်ရှိသည့် ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) နှင့် မဟာမိတ်တပ်ဖွဲဝင်များပါဝင်သော ပူးပေါင်းအဖွဲ့တို့က ကယားပြည်နယ်၏မြို့တော် လွိင်ကော်အနီး ပတ်ဝန်းကျင်ရှိ စစ်ကောင်စီ၏စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
လတ်တလော လွိုင်ကော်၊ ဒီးမော့ဆို၊ နမ့်မယ်ခုံနှင့် နန်းစံခမ်းတိုဘက်တွင်ရှိသော စစ်ကောင်စီ၏စခန်း ၇ ခုကို သိမ်းပိုက်ရရှိထားပြီး စစ်ကောင်စီ၏ အခြားသောစခန်းများအားလည်း ထပ်မံသိမ်းပိုက်နိုင်ရေးအတွက် ဆက်လက် တိုက်ပွဲဝင်လျက်ရှိကြောင်း မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့က တရားဝင် ထုတ်ပြန်ပြောဆိုထားသည်။
ဓာတ်ပုံ- စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေသော KNDF တပ်ဖွဲ့ဝင်တချို့။ (ပုံအဟောင်းဖြစ်ပါသည်။) | 334 |
| 15 | စစ်ရေးသတင်းထုတ်ပြန်ချက်
ကောလင်းမြို့သို့ စစ်ကြောင်းထိုးလာသည့် ရန်သူ့တပ်ကို တိုက်ခိုက်ချေမှုန်း
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၀) ရက်နေ့
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်တွင် စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်မှ ကောလင်းမြို့ ဘက်သို့ စစ်ကြောင်းထိုးရန် ထွက်လာသည့် ရန်သူ့အင်အား (၂၀၀) ကျော်ပါ စစ်ကြောင်းကို နိုဝင်ဘာလ (၁၀) ရက်၊ နံနက် (၈:၄၀) နာရီတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အမှတ် (၁) စစ်ဒေသ ကွပ်ကဲမှုဖြင့် ကန့်ဘလူခရိုင် အမှတ် (၂) တပ်ရင်း၊ ခရိုင် ပကဖ လှုပ်ရှားရေးအဖွဲ့နှင့် မြို့နယ်/နယ်မြေခံ ပကဖအဖွဲ့များ ပူးပေါင်းကာ ကန့်ဘလူ မြို့နယ်၊ အလယ်ခုံကျေးရွာ အနောက်မြောက်ဘက်တွင် တိုက်ခိုက်ချေမှုန်း ခဲ့ရာ ရန်သူ့ တပ်သား (၈၀) ဦးကျော်ခန့် သေဆုံးခဲ့ပြီး (၂၀) ဦး ဝန်းကျင် ထိခိုက် ဒဏ်ရာရရှိခဲ့သည်။
ရန်သူ့တပ်ထံမှ လက်နက်မျိုးစုံ (၅၉) လက်နှင့် ခဲယမ်းမီးကျောက်အမြောက်အမြား သိမ်းဆည်းရရှိ ခဲ့ကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ (စစ်ရုံးချုပ်)
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ | 374 |
| 16 | No text... | 538 |
| 17 | ထောက်ပို့များနှင့် ထိုးစစ်ဆင်
မိဘပြည်သူများခင်ဗျာ
ယနေ့အချိန်ကာလသည် ကျွန်ုပ်တို့ရဲ့ ခံစစ်ကာလကိုကျော်လွန်ပြီး ထိုးစစ်ဆင်နေကြသည် ကာလကိုရောက်ရှိလို့လာခဲ့ပြီဖြစ်ပါသည်။ တနေ့ထက်တနေ့ အောင်ပွဲတွေဆွတ်ခူးနိုင်နေတာ ၊ စခန်းသိမ်းတိုက်ပွဲများ ဆင်နွှဲနေနိုင်တာဟာ ကျွန်ုပ်တို့ မိဘပြည်သူများရဲ့ ထောက်ပို့အားတွေကြောင့်ဖြစ်တယ်ဆိုတာ အလေးအနက် ဂုဏ်ယူဝံ့ကြွားစွာ ပြောကြားလိုပါတယ်။ ဆက်လက်ပြီး အောင်ပွဲတွေအလီလီဆွတ်ခူမယ့့် ထိုးစစ်တွေကို ဆင်နွှဲရာမှာ လိုအပ်သော လက်နက်ခဲယမ်းနှင့် စားနှပ်ရိတ်ခါများ ဖြည့်တင်းရန် မိဘပြည်သူများ၏ ထောက်ပို့အားဟာ သိပ်အရေးကြီးပါတယ်ခင်ဗျာ။ ထိုးစစ်ဟာ ပန်းပွင့်မယ့် ရိုးတံဖြစ်လျှင် ထောက်ပို့ဟာ ရေသောက်မြစ်ဖြစ်ပါတယ်။ ဒါကြောင့် မိဘပြည်သူများအားလုံး နိုင်ရာကနေ ပါဝင်အားဖြည့်ရုံတင်မဟုတ်တော့ပဲ အားသွင်ခွန်စိုက် ထောက်ပို့အားကိုဖြည့်တင်းပြီး ထိုးစစ်အောင်ပွဲတွေ ဆွတ်ခူးကြရအောင်ခင်ဗျာ။
ပါဝင်သော အဖွဲ့အစည်းများ
၁။မကွေးခရိုင် အမှတ် (၁) တပ်ရင်း
၂။ ရွှေဘိုခရိုင် တပ်ရင်း (၁၅) တပ်ခွဲ (၁၃)
၃။ YINMARBIN LOCAL PDF
၄။ Regional Friend Fighters
၅။ Scarlet Revolution Force တို့အားထောက်ပို့ ထိုးစစ်ဆင်သွားပါမည်။ | 498 |
| 18 | https://www.facebook.com/photo.php?fbid=753611956811470&set=a.659868382852495&type=3&mibextid=cr9u03 | 411 |
| 19 | အညာက တော်လှန်ရေးအထောက်အကူပြု ရွေ့လျားရုပ်ရှင်ရုံတွေ (ရုပ်/သံ)
ယင်းမာပင်၊ နိုင်ဝင်ဘာ ၂၊ ၂၀၂၃။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်းက ကျေးရွာတွေမှာ တော်လှန်ရေးမှာ အထောက်အကူဖြစ်စေဖို့ ပြည်သူလူထုကို တော်လှန်ရုပ်ရှင်တွေ လှည့်လည်ပြသပေးနေတယ်လို့ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ကော်မတီထံက သိရပါတယ်။
တော်လှန်ရုပ်ရှင်ကို ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ကော်မတီနဲ့ နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေးသပိတ်တို့ ပူးပေါင်းပြီး တော်လှန်ရေးရုပ်ရှင်ပြပွဲတွေနဲ့အတူ လူထုကို နိုင်ငံရေးတရားဟောပြောတာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
နိုင်ငံရေးဟောပြောပွဲတွေချည်းပြုလုပ်နေပါက လူထုစိတ်ဝင်စားမှုနည်းပါးနိုင်တာကြောင့် တော်လှန်ရေးနဲ့သက်ဆိုင်တဲ့ ရုပ်ရှင်တွေကို တွဲဖက်ပြသနေရတာလို့ ဦးဆောင်သူတွေက ဆိုပါတယ်။
အခုလိုတော်လှန်ရုပ်ရှင်ပြသတာက ယင်းမာပင်မြို့နယ်အတွင်းမှာပြသတာများပြီး ရေစကြိုမြို့နယ်က ကျေးရွာတရွာမှာ အောက်တိုဘာလ ၂၉ ရက်က ၁ ပွဲပြသခဲ့ရာ စုစုပေါင်းရုပ်ရှင် ၃၂ ပွဲပြသခဲ့တယ်လို့ ဆိုပါတယ်။
ရုပ်ရှင်ပြပွဲတွေနဲ့အတူ ဒါရိုက်တာ ကိုဏကြီး၊ ရုပ်ရှင်သရုပ်ဆောင် မပိုင်ဖြိုးသု နဲ့ တော်လှန်ရေးရဲဘော် ကိုကောင်းကောင်း(ကျီးကန်း)၊ တို့က ပြည်သူလူထုအား ဂုဏ်ပြုစကားပြောတာတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
https://youtu.be/Fl8yLnuILR0?si=YBNdkzs-S34cQc_v
သတင်း - စောကျော်ငြိမ်း၊ စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်
#မြေလတ်အသံ
#ရုပ်သံသတင်း #သတင်း #မြေလတ်သတင်း #စစ်ကိုင်းတိုင်း #ယင်းမာပင် #ဆားလင်းကြီး #တော်လှန်ရေး #ရုပ်ရှင် #ဒါရိုက်တာဏကြီး #ပိုင်ဖြိုးသု | 439 |
| 20 | တစ်နိုင်ငံလုံးရှိ တော်လှန်ရေး တပ်ဖွဲ့များအနေဖြင့် ကိုယ့်ဒေသတွင်းရှိ တပ်စခန်းများ၊ စစ်ဖက်နှင့် သက်ဆိုင်သော စခန်းများကို တပြိုင်တည်း ဝင်တိုက်ကြရန် ညီနောင်မဟာမိတ် ၃ ဖွဲ့ က တိုက်တွန်း
■ ကန်တောင်ယန် (ဂန်ဒေါင်ယန်) စခန်း သိမ်းတိုက်ပွဲတွင် ခမရ ၃၈၇ မှ တပ်ရင်းမှူး သေဆုံး
ရန်ကုန်၊ အောက်တိုဘာ ၃၁
တစ်နိုင်ငံလုံးရှိ တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် ကိုယ့်ဒေသတွင်းရှိ အကြမ်းဖက်စစ်တပ်စခန်းများ၊ စစ်ဖက်နှင့် သက်ဆိုင်သော စခန်းများကို တပြိုင်တည်း ဝင်တိုက်ကြရန် ညီနောင်မဟာမိတ် ၃ ဖွဲ့က တိုက်တွန်းထုတ်ပြန်လိုက်သည်။
အောက်တိုဘာလ ၂၇ ရက်နေ့မှစတင်ခဲ့သော ညီနောင်မဟာမိတ် (၃) ဖွဲ့၏ Operation 1027 (၁၀၂၇ စစ်ဆင်ရေး) သည် ယနေ့ အောက်တိုဘာလ ၃၁ ရက်နေ့ဆိုလျှင် စစ်ဆင်ရေး ၅ ရက်မြောက်နေ့ကို ရောက်ရှိလာခဲ့ပြီဖြစ်ပြီး သတ်မှတ်ထားသော စစ်ဆင်ရေးပစ်မှတ်များကို ဆက်လက်ထိုးစစ်ဆင် တိုက် ခိုက် လျက်ရှိကြောင်း၊ ပထမ ၅ ရက်တာ စစ်ဆင်ရေးကာလအတွင်း ကိုးကန့်ပြည်နယ်၊ အထူးဒေသ ၁ အတွင်းရှိ အဓိကမြို့များထဲမှ "ချင်းရွှေဟော်" နှင့် "ဖောင်းဆိုင်" မြို့များကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး နောက် အဆိုပါမြို့များကို လုံးဝထိန်းချုပ်ထားနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ထို့အပြင် သိန္နီမြို့ကိုလည်း ထိန်းချုပ် ထား ဆဲဖြစ်ကြောင်း သိရသည်။
၁၀၂၇ စစ်ဆင်ရေးနှင့်အတူ ဟန်ချက်ညီ ပူးပေါင်းစစ်ဆင်ရေးများကို အခြားသောမဟာမိတ်များ အနေ ဖြင့် လည်း တပြိုင်နက်တည်း ဆင်နွှဲလာခဲ့ကြသည်ကို တွေ့ရှိနေရပြီး ဤသည်မှာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး အတွက် အကြိုနိမိတ်ပင်ဖြစ်ကြောင်း၊ အခြားသော တော်လှန်ရေး လက်နက်ကိုင် အဖွဲ့ အစည်း များအနေဖြင့်လည်း ဤကဲ့သို့သော ရတောင့်ရခဲ၊ ကြုံတောင့် ကြုံခဲအခွင့်အရေးကို အမိအရဖမ်း ဆုပ် ကိုင်ပြီး ကိုယ့်ဒေသအတွင်းရှိ စစ်ကောင်စီ၏ တပ်စခန်းများ၊ စစ်ဖက်နှင့် သက်ဆိုင်သောစခန်း များ ကို တပြိုင်နက်တည်း ဝင်တိုက်ကြရန် လေးလေး နက်နက် တိုက်တွန်းပါကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့မှ ထုတ်ပြန်သည်။
ယနေ့ အောက်တိုဘာလ ၃၁ ရက် နံနက် ၆ နာရီခန့်အချိန်မှစ၍ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် ရက္ခိုင့်တပ်တော် (AA) ပူးပေါင်းစစ်ကြောင်းတို့သည် ကချင်ပြည်၊ လိုင်ဇာမှ ၂၅ ကီလိုမီတာခန့် ကွာဝေးသော မြစ်ကြီးနား-ဗန်းမော်ကားလမ်းမ အနီးရှိ စစ်ကောင်စီ၏ “ကန်တောင်ယန် (ဂန်ဒေါင်ယန်) စခန်း” ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ၂ နာရီခွဲခန့်အကြာ သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါစခန်းသိမ်းတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ် ခမရ ၃၈၇ တပ်ရင်းမှူး သေဆုံးခဲ့ပြီး လက် နက် ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများနှင့် ရန်သူ့အလောင်းအချို့တို့ကိုသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
အလားတူ ကချင်တပ်မတော် (KIA) နှင့် ရက္ခိုင့်တပ်တော် (AA) ပူးပေါင်းတပ်ဖွဲ့မှ နမ္မတူမြို့နယ်၊ မုံးမော်၊ နမ့်ဟိုင်းရှိ စစ်ကောင်စီလက်အောက်ခံ “ခလရ (၃၂၄)” အား အပြီးသတ် ချေမှုန်းသိမ်းပိုက်ပြီးကြောင်း သိရသည်။
ထို့အပြင် အောက်တိုဘာလ ၃၀ ရက်နေ့တွင် တအာင်းပြည်နယ်၊ တပ်မဟာ ၁ စစ်ဒေသ၊ နမ့်ခမ်းမြို့ရှိ စစ်ကောင်စီ၏ “မန်ခမ်းစုပေါင်းစစ်ဆေးရေး ဂိတ်စခန်း” အား တအာင်းတပ်မတော် (TNLA) နှင့် ပူး ပေါင်း အဖွဲ့တို့မှ ချေမှုန်းတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၃ ဦး သေဆုံးကာ ဒု-ရင်းမှူးအပါဝင် ၈ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အောက်တိုဘာလ ၃၀ ရက် နံနက် ၄ နာရီ ၁၅ မိနစ်ချိန်တွင် တအာင်းပြည်နယ်၊ တပ်မဟာ ၆ စစ်ဒေသ၊ လားရှိုးမြို့နယ်ရှိ စစ်ကောင်စီ၏ “မိုင်းကျက်တပ်စခန်း” အား TNLA တပ်ဖွဲ့မှ ယနေ့ အထိ ဆက်လက် တိုက်ခိုက်နေဆဲဖြစ်ပြီး လားရှိုးနှင့် သိန္နီကြားရှိ “မိုင်းပါးတပ်စခန်း”ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သား များမှာ အောက်တိုဘာလ ၃၀ ရက် ညသန်းခေါင်ယံအချိန်က စခန်းတစ်ခုလုံးစွန့်ခွာထွက်ပြေးသွားသဖြင့် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
စစ်ဆင်ရေး ၅ ရက်အတွင်း ရန်သူ့အလောင်း အမြောက်အမြားနှင့်အတူ လက်နက်ခဲယမ်း၊ စစ်အသုံးအ ဆောင် ပစ္စည်း အမြောက်အမြားတို့ ကို သိမ်းဆည်းရမိသကဲ့သို့ စစ်သုံ့ပန်းအချို့ကိုလည်း စစ်သုံ့ပန်း ဥပ ဒေ နှင့်အညီ ကောင်းမွန်စွာ ထိန်းသိမ်းထားကြောင်း သိရသည်။
အကြမ်းဖက် စစ်ကောင်စီသည် မြေပြင်စစ်ကူ ပေးပို့နိုင်ခြင်းမရှိသဖြင့် လေကြောင်းမှ စစ်လက်နက် ပစ္စည်းများ ချပေးခြင်း၊ ဂျက်လေယာဉ်၊ Mi-35 တိုက်လေယာဉ်ဖြင့် လေကြောင်းစစ်ကူခြင်းနှင့် တိုက် ပွဲဖြစ်ပွားခြင်းမရှိသော နေရာဒေသများမှ အရပ်သားပြည်သူများအား လေကြောင်းမှ ဦးတည်တိုက် ခိုက်ခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း၊ ယနေ့ အောက်တိုဘာလ ၃၁ ရက် ညနေ ၂ နာရီခွဲခန့်တွင် ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီး အလော့န်ဘွမ်တောင်ကုန်းကို အကြမ်းဖက်စစ်ကောင်စီက လေ ကြောင်းမှ ဗုံးကျဲတိုက်ခိုက်လျက်ရှိကြောင်း ညီနောင် ၃ ဖွဲ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ | 458 |
