en
Feedback

Don't get caught by a cheater! Telemetrio finds and tags such channels 👉 If you want to see the tag, subscribe

စွမ်းအားရှင် 🇲🇲 🕊

စွမ်းအားရှင် 🇲🇲 🕊

Open in Telegram

သတင်းမှန်များကို အချိန်နဲ့တစ်ပြေးညီ တင်ပြနိုင်ရန် ရည်ရွယ်ပါသည်။

Show more
9 151
Subscribers
-1124 hours
-707 days
-26030 days
Posts Archive
ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားသည်။ နေပြည်တော် အောက်တိုဘာ ၁၅

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံးသည် အမိန့်အမှတ် ၈၄/၂၀၂၆ အား ယနေ့ရက်စွဲဖြင့် ထုတ်ပြန်သည်။ နေပြည်တော်၊ အောက်တိုဘာ - ၁၅

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထံ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA(၁၁)နှစ်မြောက်နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များက လာရောက်ဂါရဝပြုတွေ့ဆုံသည်။ နေပြည်တော်၊ အောက်တိုဘာ - ၁၅

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) (၁၁)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားသို့ Video Message ပေးပို့မိန့်ခွန်းပြောကြားသည်။ နေပြည်တော်၊ အောက်တိုဘာ - ၁၅

ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ဘားအံစက်မှုဇုန်၌ တည်ဆောက်လျက်ရှိသော စက်ရုံအလုပ်ရုံများအား ကြည့်ရှုစစ်ဆေးသည်။ ဘားအံ အောက်တိုဘာ ၁၅

တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ၂ဝ၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အမျိုးသား/အမျိုးသမီး လက်ဝှေ့ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်အသင်းများအား ကြိုဆိုဂုဏ်ပြု မိတ်ဆက်ခြင်း အခမ်းအနား တက်ရောက်သည်။ ပဲခူး အောက်တိုဘာ ၁၅

တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို တောင်တွင်းကြီးမြို့နယ် လက်ပံရှည်ကျးရွာ တောင်သူ ဦးမောင်ရွှေကြီး၏ ၃ ဧက ချည်မျှင်ရှည်ဝါစိုက်ခင်း ဝါဖြစ်ထွန်းမှု ကြည့်ရှုစစ်ဆေးသည်။ မကွေး အောက်တိုဘာ ၁၅

ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်များအတွက် စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုဆိုင်ရာ အရည်အသွေးမြှင့်တင်ရေးသင်တန်းဖွင့်ပွဲ တက်ရောက်သည်။ တောင်ကြီး အောက်တိုဘာ-၁၅

ဒုတိယဝန်ကြီး ဦးမျိုးမြင့် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံတက္ကသိုလ်အတွင်းရှိ အဆောက်အဦများ ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်မည့်အခြေအနေတို့အား ကြည့်ရှုစစ်ဆေးသည်။ (၁၅-၁၀-၂၀၂၆)

ဒုတိယဝန်ကြီး ဒေါက်တာ သောင်းနိုင် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များ တီးတိန်မြို့ ထေရဝါဒဗုဒ္ဓသာသနာပြုဗဟိုကျောင်းတွင် ဝါဆိုသင်္ကန်းကပ်လှူပွဲ တက်ရောက်သည်။ ချင်း၊အောက်တိုဘာ(၁၅)

မြန်အောင်ခရိုင်နှင့် မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌများနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်များက ကျောင်းစာကြည့်‎တိုက်များနှင့် ပရဟိတရွှေကျောင်းတို့အား သုတ ရသစုံ စာအုပ်များအား တာဝန်ရှိသူများမှ သွားရောက်လှူဒါန်း‎သည်။ ‎မြန်အောင် အောက်တိုဘာ ၁၅

❝ရန်ကုန်တွင် နှစ်ရက်အတွင်း စည်းကမ်းမဲ့လမ်းဖြတ်ကူးသူ ၃၅ ဦးကို ဥပဒေအရ အရေးယူ❞ 𝙈𝙃𝙏 𝙉𝙀𝙒𝙎《𝙊𝘾𝙏~𝟏𝟓》 ရန်ကုန်မြို့တော် စည်
❝ရန်ကုန်တွင် နှစ်ရက်အတွင်း စည်းကမ်းမဲ့လမ်းဖြတ်ကူးသူ ၃၅ ဦးကို ဥပဒေအရ အရေးယူ❞ 𝙈𝙃𝙏 𝙉𝙀𝙒𝙎《𝙊𝘾𝙏~𝟏𝟓》 ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်း သတ်မှတ်ထားသည့် ခုံးကျော်တံတား၊ မြေအောက်လမ်း၊ လူကူးမျဉ်းကျားနှင့် ခွင့်ပြုထားသောနေရာများမှ ဖြတ်သန်းသွားလာခြင်းမရှိဘဲ စည်းကမ်းမဲ့လမ်းဖြတ်ကူးသူ ၃၅ ဦးကို နှစ်ရက်အတွင်း ဥပဒေအရ အရေးယူဆောင်ရွက်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ သိရသည်။ ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ၏ ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၁၂ ရက်တွင် ဆူးလေခုံးကျော်တံတားအောက်မှ လမ်းဖြတ်ကူးသည့် အမျိုးသား ၁၀ ဦးနှင့် အမျိုးသမီး ၉ ဦး၊ အောက်တိုဘာ ၁၃ ရက်တွင် အမျိုးသား ၁၃ ဦးနှင့် အမျိုးသမီး ၃ ဦးတို့ကို ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၉၆ အရ အရေးယူခဲ့ခြင်းဖြစ်သည်။ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် အများပြည်သူ ခရီးသွားလာရာတွင် ဘေးကင်းလုံခြုံမှုရှိစေရန် ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ကျောက်တံတားမြို့နယ် ယာဉ်ထိန်းတပ်ဖွဲ့စုမှ ဒုတိယရဲမှူး မိုးဝင်းက ပြောကြားပြီး.... 𝗥𝗲𝗮𝗱 𝗠𝗼𝗿𝗲.. https://telegra.ph/Myanmar-Hard-Talk-10-15-11

ငြိမ်းချမ်းရေးသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ်လိုအပ်သည့် အခြေခံအုတ်မြစ်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ပြောကြား
ငြိမ်းချမ်းရေးသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ်လိုအပ်သည့် အခြေခံအုတ်မြစ်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ပြောကြား 𝙈𝙃𝙏 𝙉𝙀𝙒𝙎《𝙊𝘾𝙏~𝟏𝟓》 ငြိမ်းချမ်းရေးသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ်လိုအပ်သည့် အခြေခံအုတ်မြစ်ဖြစ်ကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်လှိုင်က ပြောကြားသည်။ ယနေ့ အောက်တိုဘာ ၁၅ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရှိ Horizon Lake View Resort Hotel ၌ ကျင်းပလျက်ရှိသည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ၁၁ နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားသို့ Video Message မှတစ်ဆင့် အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ အလားတူ ပြည်နယ်တစ်ခုသည် လူမျိုးတစ်မျိုးတည်း၏ ပိုင်ဆိုင်မှုမဟုတ်ဘဲ အဆိုပါဒေသတွင် နေထိုင်ကြသည့် လူမျိုးအားလုံး၏ ပိုင်ဆိုင်မှုဖြစ်သည်ဆိုသည့် သဘောထားကို အလေးထားရန်လိုကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။ ထို့ပြင် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများကြောင့် နိုင်ငံတော်နှင့်... 𝗥𝗲𝗮𝗱 𝗠𝗼𝗿𝗲.. https://telegra.ph/Myanmar-Hard-Talk-10-15-12

NCA (၁၁)နှစ်ပြည့် အခမ်းအနားသို့ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များတက်ရောက်သည့် မြင်ကွင်း နေပြည်တော်
+7
NCA (၁၁)နှစ်ပြည့် အခမ်းအနားသို့ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များတက်ရောက်သည့် မြင်ကွင်း နေပြည်တော်၌ ယနေ့ အောက်တိုဘာ ၁၅ ရက်နံနက်ပိုင်းကကျင်းပလျက်ရှိသည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ချုပ်ဆိုခြင်း (၁၁) နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကျင်းပလျက်ရှိသည်။ အဆိုပါ အခမ်းအနားသို့ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနက် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့တက်ရောက်လာသည်။

NCA (၁၁)နှစ်ပြည့် အခမ်းအနားသို့ သက်ဆိုင်ရာအဖွဲ့အစည်းများအသီးသီး တက်ရောက်လာသည့် မြင်ကွင်း နေပြည်တော်၌ ယနေ့ အောက်တိုဘာ ၁၅ ရက်နံ
+9
NCA (၁၁)နှစ်ပြည့် အခမ်းအနားသို့ သက်ဆိုင်ရာအဖွဲ့အစည်းများအသီးသီး တက်ရောက်လာသည့် မြင်ကွင်း နေပြည်တော်၌ ယနေ့ အောက်တိုဘာ ၁၅ ရက်နံနက်ပိုင်းကကျင်းပသည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ချုပ်ဆိုခြင်း (၁၁) နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ JMC ကိုယ်စားလှယ်များ၊ ငြိမ်းချမ်းရေးလုပ်ငန်းတွင်ပါဝင်သူများ၊ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ (NCA-S EAO)၊ NCA လက်မှတ်ရေးထိုးမထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ(NCA-NS EAO)၊ နိုင်ငံရေးပါတီများ၊ မိတ်ဖက်အဖွဲ့အစည်းများတက်ရောက်လာသည့်မြင်ကွင်းပုံရိပ်များ ဖြစ်ပါသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၁၁) နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားကျင်းပ ယနေ့ အောက်တိုဘာလ ၁၅ ရက
+9
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၁၁) နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားကျင်းပ ယနေ့ အောက်တိုဘာလ ၁၅ ရက်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ရေးထိုးခြင်း (၁၁) နှစ်မြောက်နှစ်ပတ်လည်နေ့အခမ်းအနားကို နေပြည်တော်ရှိ Horizon Lake View Resort Hotel ၌ ကျင်းပလျက်ရှိသည်။ အခမ်းအနားသို့ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဌ ဒုဗိုလ်ချုပ်ကြီးရာပြည့်ဦးဆောင်သော NSPNC ကော်မတီဝင်များ၊ အကြံပေးများ၊ NSPNC အဖွဲ့ဝင်ပြည်ထောင်စုဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ JMC ကိုယ်စားလှယ်များ၊ ငြိမ်းချမ်းရေးလုပ်ငန်းတွင်ပါဝင်သူများ၊ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ (NCA-S EAO)၊ NCA လက်မှတ်ရေးထိုးမထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ(NCA-NS EAO)၊ နိုင်ငံရေးပါတီများ၊ မိတ်ဖက်အဖွဲ့အစည်းများဖြင့် လူပေါင်း ၁၆၀ ကျော်တက်ရောက်ပါဝင်ဆွေးနွေးခဲ့သည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အကြား ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကိုဖော်ဆောင်မည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ကို သမိုင်းဝင်စာချုပ်အဖြစ် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်တွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ ရှေးဦးစွာ အခမ်းအနားတွင် နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်မှ ဗီဒီယိုဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၁၁) နှစ်မြောက်နှစ်ပတ်လည်နေ့အခမ်းအနားအတွက် နှုတ်ခွန်းဆက်ကြိုဆိုစကားပေးပို့ခဲ့သည်။ ထို့နောက် NCA (၁၁)နှစ်မြောက် နှစ်ပတ်လည်အတွက် ဒုဗိုလ်ချုပ်ကြီးရာပြည့်နှင့်တကွ NCA လက်မှတ်ရေးထိုးစဉ် နိုင်ငံတကာအသိသက်သေကိုယ်စားလှယ်များ၊ ငြိမ်းချမ်းရေးလုပ်ငန်းတွင်ပါဝင်သူများနှင့် လက်မှတ်ရေးထိုးပွဲ၌ ပါဝင်ခဲ့သည့်အသိသက်သေများ၊ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များ အသီးသီးမှ အထိမ်းအမှတ်စကားပြောကြားခဲ့သည်။ ဆက်လက်၍ (၁၁) နှစ်တာ NCA အ‌တွေ့အကြုံ၊ အောင်မြင်မှုနှင့် စိန်ခေါ်မှုများကို ပြန်လည်သုံးသပ်၍အနာဂတ်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် နည်းလမ်းများဖော်ထုတ်ရန် "ငြိမ်းချမ်းရေး၊ လူမှုသဟဇာတဖြစ်ရေးမှ ဖွံ့ဖြိးတိုးတက်ရေးဆီသို့" ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေး‌ပွဲကို သက်ဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်များမှ ယနေ့ အောက်တိုဘာလ ၁၅ရက် (ပထမနေ့)တွင် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်သည်။ ယခုကျင်းပလျက်ရှိသည့် NCA အခမ်းအနားအား NSPNC မှ ဦးစီးကာ အောက်တိုဘာလ ၁၅ ရက်နှင့် ၁၆ ရက် (၂) ရက်တာ ကျင်းပါသွားမည်ဖြစ်သည်။ NSPNC သည်ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်တို့ကိုအခြေခံသည့် ပြည်ထောင်စုပေါ်ထွန်းရေးအတွက် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးအသိုက်အဝန်းတည်ဆောက်နိုင်ရန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရ၏ မူဝါဒများ၊ လမ်းညွှန်ချက်များနှင့်အညီ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊နိုင်ငံရေးပါတီများ၊ ငြိမ်းချမ်းရေးဆိုင်ရာမိတ်ဖက်အဖွဲ့များနှင့် ငြိမ်းချမ်းရေးလိုလားသူ အဖွဲ့အစည်းများအားကြိုတင်ကန့်သတ်ချက်များမထားဘဲ တွေ့ဆုံဆွေးနွေးခြင်း၊ ငြိမ်းချမ်းရေးစကားဝိုင်းများ ပြုလုပ်၍ရရှိလာသော အကျိုးရလဒ်များ၊ အကြံပြုချက်များအား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ သန်လျင်ရေနံချက်စက်ရုံ(အပိုင်း-၁) ဖွင့်ပွဲအခမ်းအနားသို့ တက
+6
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ သန်လျင်ရေနံချက်စက်ရုံ(အပိုင်း-၁) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်ဖွင့်လှစ်ပေးပြီး ဂုဏ်ပြုအမှာစကားပြောကြားချက်မှ ကောက်နုတ်ချက်  

မလေးရှားမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသား ၁၄၂ ဦးကို မြိတ်မြို့တွင် ကြိုဆိုပြီး နေရပ်ပြန်ပို့ မလေးရှားနိုင်ငံမှာ အခက်အခဲတွေ ကြုံတွေ့ခဲ့ရတဲ့ မြန်မာနိုင်ငံသား ၁၄၂ ဦးအား စစ်ရေယာဉ် ပြည်တော်အေး(၄)ဖြင့် ရန်ကုန်မြို့ကတစ်ဆင့် မြိတ်မြို့ကို ပြန်လည်ပို့ဆောင်ခဲ့ပြီး တာဝန်ရှိသူတွေက မြိတ်ဆိပ်ကမ်းမှာ နွေးထွေးစွာ ကြိုဆို… ပြန်လည်ရောက်ရှိလာသူတွေကို ခရိုင်အားကစားခန်းမမှာ ခေတ္တထားရှိပြီး ကျန်းမာရေးစစ်ဆေးမှု၊ UID၊ e-ID နဲ့ PSMS စစ်ဆေးမှုတွေ ဆောင်ရွက်ပေးခဲ့ကာ သက်ဆိုင်ရာမြို့နယ်တွေထံ လွှဲပြောင်းပြီး နေရပ်အသီးသီးကို ပြန်လည်ပို့ဆောင်ပေးခဲ့။ မှိုင်းဝေ

၁၅-၁၀-၂၀၂၆ ရက်နေ့ ယနေ့ နေပြည်တော်တွင် NCA (၁၁)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနား စတင်ကျင်းပ