စွမ်းအားရှင် 🇲🇲 🕊
رفتن به کانال در Telegram
သတင်းမှန်များကို အချိန်နဲ့တစ်ပြေးညီ တင်ပြနိုင်ရန် ရည်ရွယ်ပါသည်။
نمایش بیشتر9 179
مشترکین
اطلاعاتی وجود ندارد24 ساعت
-547 روز
-23530 روز
آرشیو پست ها
9 179
စည်းကမ်းမဲ့ လမ်းဖြတ်ကူးသူတွေကို ဒီနေ့ကစပြီး ဖမ်းဆီးအရေးယူ
ရန်ကုန်မြို့မှာ စည်းကမ်းမဲ့ လမ်းဖြတ်ကူးသူတွေကို ဒီနေ့ အောက်တိုဘာ ၁၂ ရက်ကစပြီး ဖမ်းဆီးအရေးယူမှုတွေ စတင်လုပ်ဆောင်နေပြီဖြစ်ပါတယ်။
ဒီနေ့ မနက်ပိုင်းမှာ ကျောက်တံတားမြို့နယ်၊ ဆူးလေခုံးကျော်တံတားအောက်မှာ စည်းကမ်းမဲ့ လမ်းဖြတ်ကူးသူတွေကို ဖမ်းဆီးအရေးယူခဲ့ပြီး တစ်နာရီအတွင်း လူ ၁၄ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးအရေးယူမှုကို မနက် ၈ နာရီခွဲကနေ ၉ နာရီခွဲအထိ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီကလည်း လူကူးမျဉ်းကျားကနေ လမ်းမဖြတ်ကူးဘဲ စည်းကမ်းမဲ့ လမ်းဖြတ်ကူးသူတွေကို အရေးယူတော့မယ်လို့ အောက်တိုဘာ ၁၁ ရက်မှာ အသိပေးကြေညာထားပါတယ်။
ပညာပေးကာလပြီးဆုံးသွားပြီဖြစ်တဲ့အတွက် အခုလို ဖမ်းဆီးအရေးယူတာဖြစ်ပြီး ကျောက်တံတား၊ စမ်းချောင်း၊ ကမာရွတ်နဲ့ ဗဟန်းမြို့နယ်တွေမှာ စတင်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိ သတ်မှတ်ချက်တွေအရ ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်း လမ်းဖြတ်ကူးသူတွေအနေနဲ့ သတ်မှတ်ထားတဲ့ မြေအောက်လမ်း၊ ခုံးကျော်တံတား၊ လူကူးမျဉ်းကျားနဲ့ ခွင့်ပြုထားတဲ့နေရာတွေကသာ လမ်းဖြတ်ကူးရမှာဖြစ်ပါတယ်။
အဲဒီစည်းကမ်းတွေကို လိုက်နာမှုမရှိပါက ၂၀၂၀ ပြည့်နှစ်၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၉၆ အရ ငွေကျပ် သုံးသောင်းထက်မပိုတဲ့ ဒဏ်ကြေးနဲ့ အရေးယူသွားမှာဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့် ပြည်သူတွေအနေနဲ့ ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် သတ်မှတ်ထားတဲ့ လူကူးမျဉ်းကျားနဲ့ ခွင့်ပြုထားတဲ့နေရာတွေကနေသာ လမ်းဖြတ်ကူးကြဖို့ လိုအပ်ပါတယ်။
9 179
+9
စည်းကမ်းမဲ့လမ်းဖြတ်ကူးသူများကို ယနေ့စတင်ဖမ်းဆီးအရေးယူ၊ ဆူးလေခုံးကျော်တံတားအောက်၌ တစ်နာရီအတွင်း ၁၄ ဦး ဖမ်းဆီးရမိ
ရန်ကုန်၊ အောက်တိုဘာ ၁၂
ရန်ကုန်မြို့တွင်း သတ်မှတ်ထားသည့်နေရာများမှ လမ်းဖြတ်ကူးခြင်းမရှိသည့် စည်းကမ်းဖောက်ဖျက်သူများကို ယနေ့ အောက်တိုဘာ ၁၂ ရက်မှစတင်၍ ဖမ်းဆီးအရေးယူလျက်ရှိရာ ကျောက်တံတားမြို့နယ်၊ ဆူးလေခုံးကျော်တံတားအောက်၌ တစ်နာရီအတွင်း စည်းကမ်းဖောက်ဖျက်သူ ၁၄ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ယနေ့ နံနက် ၈ နာရီခွဲမှ ၉ နာရီခွဲအထိ ဆူးလေခုံးကျော်တံတားအောက်တွင် စည်းကမ်းမဲ့လမ်းဖြတ်ကူးသူများကို စစ်ဆေးဖမ်းဆီးအရေးယူခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း ၁၄ ဦး ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီက အောက်တိုဘာ ၁၁ ရက်တွင် ထုတ်ပြန်ခဲ့သည့် အသိပေးကြေညာချက်အရ ပညာပေးကာလ ကျော်လွန်သွားပြီဖြစ်သဖြင့် အောက်တိုဘာ ၁၂ ရက်မှစတင်ကာ စည်းကမ်းမဲ့လမ်းဖြတ်ကူးသူများကို ဒဏ်ငွေရိုက်၍ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အရေးယူဆောင်ရွက်မှုများကို ကျောက်တံတား၊ စမ်းချောင်း၊ ကမာရွတ်နှင့် ဗဟန်းမြို့နယ်တို့တွင် စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
ထို့ကြောင့် ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်း ခြေလျင်သွားလာသူများအနေဖြင့် လမ်းဖြတ်ကူးရာတွင် သတ်မှတ်ထားသည့် မြေအောက်လမ်း၊ လူကူးခုံးကျော်တံတား၊ လူကူးမျဉ်းကျား သို့မဟုတ် ခွင့်ပြုထားသည့်နေရာများမှသာ ဖြတ်ကူးကြရန် အသိပေးထားသည်။
သတ်မှတ်ထားသည့် လမ်းဖြတ်ကူးစည်းကမ်းများကို လိုက်နာမှုမရှိပါက ၂၀၂၀ ပြည့်နှစ်၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၉၆ အရ ငွေကျပ် ၃၀,၀၀၀ ထက်မပိုသော ဒဏ်ငွေဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
9 179
+9
မိမိတို့ Professional ၏ ဂုဏ်သိက္ခာကို ထိန်းသိမ်း စောင့်ရှောက်သည့် နိုင်ငံတော်က အားကိုးရသည့် တာဝန်ယူမှုရှိသည့် လူနာဗဟိုပြု ဆရာဝန်ကောင်းများ ဖြစ်အောင် ကြိုးစားကြရန် နိုင်ငံတော်သမ္မတလမ်းညွှန်မှာကြား
=================
နိုင်ငံတော်အစိုးရအနေဖြင့် ကျန်းမာရေးကဏ္ဍတွင် “လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိ” ဆိုသည့်မူဝါဒနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အရှိန် အဟုန်ဖြင့်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ပြည်သူတစ်ဦးချင်းစီ၏ ကျန်းမာရေးကို စောင့်ရှောက်ခြင်းသည် မိသားစုတစ်စု၏ အနာဂတ်ကို စောင့်ရှောက်ခြင်းလည်းဖြစ်ကြောင်း၊မိမိတို့၏ ပညာနှင့်စေတနာကို ပြည်သူ့အကျိုးအတွက် အကောင်းဆုံးအသုံးချကြရန်၊ နိုင်ငံတော်က အားထားရသည့် ဆရာဝန်ကောင်းများ၊ ပြည်သူကယုံကြည်အားကိုးရသည့် ကျန်းမာရေးပညာရှင်များဖြစ်အောင်ကြိုးစားကြရန် နိုင်ငံတော်သမ္မတ က တိုက်တွန်းမှာကြားပြောကြားသည်။
နိုင်ငံတော်သမ္မတ က ၊ကျန်းမာရေးဝန်ကြီးဌာန ဆရာဝန်(သစ်လွင်)များနှင့် သွားနှင့်ခံတွင်းဆရာဝန်(သစ်လွင်)များအား နိုင်ငံ့ဝန်ထမ်းပြန်တမ်းဝင်အရာရှိအဖြစ် တာဝန်ပေးအပ်ခြင်း ခန့်အပ်လွှာပေးအပ်ပွဲအခမ်းအနားသို့တက်ရောက် အမှာစကားပြောကြားရာတွင်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
9 179
9 179
+9
1️⃣2️⃣➖1️⃣0️⃣➖2️⃣0️⃣2️⃣6️⃣
🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲
အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ လေ့ကျင့်ရေးကျောင်းတွင် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဥ် (၂၉)သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ပြီး အခမ်းအနားကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌတို့ ဂုဏ်ပြုတက်ရောက်ခဲ့။
#PMS
ပြည်သူ့စစ်မှုထမ်းချန်နယ်လေးကို
Join ထားနိုင်ပါတယ်
9 179
+9
❝ကျန်းမာရေးကဏ္ဍအတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ကျပ် ၁.၃၉ ထရီလီယံကျော် သုံးစွဲရန် လျာထား❞
≋ပြည်သူ့ကျန်းမာရေးအတွက် စေတနာ၊ ဂရုဏာထား ဆောင်ရွက်ကြရန် ဆရာဝန်သစ်လွင်များကို နိုင်ငံတော်သမ္မတ တိုက်တွန်း≋
𝙈𝙃𝙏 𝙉𝙀𝙒𝙎《𝙊𝘾𝙏~𝟭𝟮》
ကျန်းမာရေးကဏ္ဍအတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်၏ စုစုပေါင်းအသုံးစရိတ်၏ ၂.၈ ရာခိုင်နှုန်းဖြစ်သည့် ကျပ် ၁.၃၉ ထရီလီယံကျော် တိုးမြှင့်ချထားပေးထားကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားပြီး ဆရာဝန်သစ်လွင်များနှင့် သွားနှင့်ခံတွင်းဆရာဝန်သစ်လွင်များအနေဖြင့် မိမိတို့၏ ပညာရပ်များကို အသုံးချကာ ပြည်သူ့ကျန်းမာရေးအတွက် စေတနာ၊ ဂရုဏာထား ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားခဲ့သည်ဟု သိရသည်။
ကျန်းမာရေးဝန်ကြီးဌာနမှ ဆရာဝန်သစ်လွင်များနှင့် သွားနှင့်ခံတွင်းဆရာဝန်သစ်လွင်များအား နိုင်ငံ့ဝန်ထမ်း ပြန်တမ်းဝင်အရာရှိများအဖြစ် ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနားတွင် နိုင်ငံတော်သမ္မတက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး ပြည်သူများ၏ မျှော်မှန်းသက်တမ်းကို လက်ရှိ ၆၉ နှစ်မှ ၂၀၃၀ ပြည့်နှစ်တွင် နှစ် ၇၀ ကျော်အထိ တိုးမြှင့်နိုင်ရေး ရည်မှန်းထားကြောင်းကိုလည်း ထည့်သွင်း..
𝗥𝗲𝗮𝗱 𝗠𝗼𝗿𝗲.. https://telegra.ph/Myanmar-Hard-Talk-10-12-15
9 179
+7
အနောက်တောင်တိုင်းစစ်ဌာနချုပ်ရှိ လေ့ကျင့်ရေးကျောင်းတွင် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၉) ဖွင့်လှစ်
အောက်တိုဘာ ၁၂၊ ၂၀၂၆
အနောက်တောင်တိုင်းစစ်ဌာနချုပ်ရှိ လေ့ကျင့်ရေးကျောင်းတွင် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၉) သင်တန်းဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၁၂ ရက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
9 179
+7
အနောက်တောင်တိုင်းစစ်ဌာနချုပ်ရှိ လေ့ကျင့်ရေးကျောင်းတွင် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၉) ဖွင့်လှစ်
အောက်တိုဘာ ၁၂၊ ၂၀၂၆
အနောက်တောင်တိုင်းစစ်ဌာနချုပ်ရှိ လေ့ကျင့်ရေးကျောင်းတွင် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၉) သင်တန်းဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၁၂ ရက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
9 179
+5
ချင်းမိုင်ရှိ အဆောင်ခန်းတစ်ခုမှ အိုက်စ် ၂၈၇ ကီလိုဂရမ် သိမ်းဆည်းရမိ၊ အခန်းငှားနေထိုင်သူ မြန်မာနိုင်ငံသား ထွက်ပြေးတိမ်းရှောင်
𝙈𝙃𝙏 𝙉𝙀𝙒𝙎《𝙊𝘾𝙏~𝟏𝟐》
ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ ဆန်ဆိုင်းမြို့နယ်ရှိ အဆောင်ခန်းတစ်ခုကို ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေရာမှ အိုက်စ်မူးယစ်ဆေးဝါး ၂၈၇ ကီလိုဂရမ်ကို သိမ်းဆည်းရမိခဲ့ပြီး အခန်းငှားရမ်းနေထိုင်သည့် မြန်မာနိုင်ငံသားတစ်ဦးမှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း ထိုင်းသတင်းဌာနများက အောက်တိုဘာ ၁၀ ရက်တွင် ဖော်ပြထားသည်။
ထိုင်းသတင်းများအရ အောက်တိုဘာ ၉ ရက်တွင် ထိုင်းရဲတပ်ဖွဲ့၊ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များနှင့် စုံစမ်းထောက်လှမ်းရေးအဖွဲ့တို့ ပူးပေါင်းကာ ချင်းမိုင်ခရိုင်၊ ဆန်ဆိုင်းမြို့နယ်၊ ဆန်ဖရာနော့ဒေသရှိ ဝပ်မဲခေါင်အနီး အဆောင်တစ်ခု၏ ဒုတိယထပ်ရှိ အခန်းကို ဝင်ရောက်ရှာဖွေခဲ့ခြင်းဖြစ်သည်။ ရှာဖွေမှုအတွင်း ပလတ်စတစ်ပုံးများအတွင်း ထည့်သွင်းသိုဝှက်ထားသည့် အိုက်စ်မူးယစ်ဆေးဝါးများကို တွေ့ရှိသဖြင့် သိမ်းဆည်းခဲ့ကြောင်း သိရသည်။
အဆောင်ပိုင်ရှင်၏ ပြောကြားချက်အရ အဆိုပါအခန်းကို မြန်မာနိုင်ငံသား နိုင်ဂျိုင် (นายจาย) အမည်ရှိသူက ငှားရမ်းနေထိုင်ခဲ့ခြင်းဖြစ်ပြီး..
𝗥𝗲𝗮𝗱 𝗠𝗼𝗿𝗲.. https://telegra.ph/Myanmar-Hard-Talk-10-12-12
9 179
+9
ဖောင်တော်ဦးဘုရားပင့်ဆောင်လာသည်ကို
ကျေးပေါခုံကျေးရွာအုပ်စုမှ ကြိုဆိုရန်
အသင့်စောင့်ဆိုင်းနေမှုမြင်ကွင်းများ
https://t.me/shanstatenews
9 179
ရွှေအင်းသား/သူတို့အပျော်ဆုံးနေ့ရက်ရောက်ပါပြီ။
အင်လေးဖောင်တော်ဦးဘုရားမှရွှေအင်းတိမ်သို့ဒေသစာရီကြွတော်မူပါပြီ။
https://t.me/shanstatenews
9 179
+6
အင်းလေးဖောင်တော်ဦး ဘုရားပွဲတော် စတင်၊ ရွှေအင်းတိန်သို့ ဒေသစာရီ ကြွချီပူဇော်ခံမည်
𝙈𝙃𝙏 𝙉𝙀𝙒𝙎《𝙊𝘾𝙏~𝟏𝟐》
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်ရှိ အင်းလေးဖောင်တော်ဦး မြတ်စွာဘုရားပွဲတော်ကို ယနေ့ အောက်တိုဘာ ၁၂ ရက်တွင် စတင်ကျင်းပနေပြီး ဖောင်တော်ဦးကျောင်းတော်မှ ရွှေအင်းတိန်သို့ ဘုရားရုပ်ပွားတော်များ ဒေသစာရီ ကြွချီပူဇော်ခံမည်ဖြစ်ကြောင်း သိရသည်။
ယခုနှစ် ပွဲတော်ကို အောက်တိုဘာ ၁၂ ရက်မှ ၂၉ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး အင်းလေးဒေသ၏ အထင်ရှားဆုံး ဘာသာရေးပွဲတော်များအနက် တစ်ခုဖြစ်သည့်အပြင် ဒေသခံတို့၏ ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများကို ဖော်ထုတ်ပြသသည့် ပွဲတော်တစ်ခုလည်း ဖြစ်သည်။
ဖောင်တော်ဦးဘုရားပွဲတော်သည် သီတင်းကျွတ်ကာလတွင် နှစ်စဉ်ကျင်းပလေ့ရှိပြီး ဖောင်တော်ဦးကျောင်းတော်ရှိ မြတ်စွာဘုရားရုပ်ပွားတော်မြတ်များကို အင်းလေးကန်အတွင်းရှိ ဒေသများသို့ ရေကြောင်းဖြင့် ဒေသစာရီ ကြွချီပူဇော်ခံသည့် အစဉ်အလာကြောင့် ထင်ရှားပြီး ပွဲတော်ကာလအတွင်း အင်းလေးဒေသရှိ ဘုရားဖူးပြည်သူများက ရုပ်ပွားတော်မြတ်များကို ဖူးမြော်ကြည်ညိုခြင်း၊ ပန်း၊ ဆီမီးနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်း.....
𝗥𝗲𝗮𝗱 𝗠𝗼𝗿𝗲.. https://telegra.ph/Myanmar-Hard-Talk-10-12-11
9 179
+9
ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် တရားမဝင်အဆောက်အအုံများအား စနစ်တကျဆက်လက်ဖြိုချဖျက်ဆီး
9 179
🙏မင်္ဂလာနံနက်ခင်း မေတ္တာပို့ ဆုတောင်း 🙏
🌻ကောင်းသော အတိတ်၊ကောင်းသောနိမိတ်၊ကောင်းသောစကားတို့ကိုသာ မြင်ရ၊ကြားရ၊ပြောရပါစေသား🙏
🌻ကပ်ကြီးသုံးပါး၊ ရန်သူမျိုး ငါးပါးတို့မှ ကင်းဝေးကြပါစေသား...🙏
🌻ခလုတ်မထိ ဆူးမငြိပဲသွားလမ်းသာ၍ လာလမ်းဖြောင့်ဖြူးနိုင်ကြပါစေသား🙏
9 179
မြန်အောင်မြို့နယ်ရှိ မမြရေလှောင်တမံ တမံဘောင်လျော့ကျမှုကြောင့် အရေးပေါ်ရေပိုလွှဲမှ ဆည်ရေများ လျှော့ချလျက်ရှိ၊ ဒေသခံပြည်သူများအား ဘေးလွတ်ရာသို့ ကူညီရွေ့ပြောင်းပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ မြန်အောင်၊ အောက်တိုဘာ ၁၁
9 179
(၆၁)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ စတုတ္ထနေ့ ဆက်လက်ကျင်းပ၊ ပုလဲအတွဲပေါင်း ၂၂၈ တွဲ ရောင်းချနိုင်ခဲ့သည်။ နေပြည်တော်၊ အောက်တိုဘာ ၁၁
9 179
အနုပညာရှင်များ (၆၁)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲသို့ လာရောက်ကြည့်ရှုအားပေးသည်။ နေပြည်တော်၊ အောက်တိုဘာ ၁၁
9 179
ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် တရားမဝင်အဆောင်အအုံများအား စနစ်တကျ ဆက်လက်ဖြိုချဖျက်ဆီးသည်။ နေပြည်တော်၊ အောက်တိုဘာ ၁၁
