စွမ်းအားရှင် 🇲🇲 🕊
الذهاب إلى القناة على Telegram
သတင်းမှန်များကို အချိန်နဲ့တစ်ပြေးညီ တင်ပြနိုင်ရန် ရည်ရွယ်ပါသည်။
إظهار المزيد9 176
المشتركون
لا توجد بيانات24 ساعات
-547 أيام
-23530 أيام
أرشيف المشاركات
9 176
+2
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ထားဝယ်လေဆိပ်နှင့် လေယာဉ်ပြေးလမ်းအဆင့်မြှင့်တင်ဆောင်ရွက်နေမှုခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ယနေ့ အောက်တိုဘာ ၁၂ ရက်နေ့တွင် ထားဝယ်လေဆိပ်နှင့် လေယာဉ်ပြေးလမ်းအဆင့်မြှင့်တင်ဆောင်ရွက်နေမှုခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် နိုင်ငံတော်သမ္မတက ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်နေချိန်နှင့် ဖော်ဆောင်ပြီးစီးပါက ဖြစ်ပေါ် လာနိုင်သည့် လေယာဉ်သွားလာမှုများ၊ ဆိုက်ကပ်ရပ်နားမှုများများပြားလာနိုင်မည်ဖြစ်ကြောင်း၊ ထားဝယ်လေဆိပ်နှင့်လေယာဉ်ပြေးလမ်းအဆင့်မြှင့်တင်မှုအား ကြိုတင်ဆောင်ရွက်စေခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့ပြင် လုပ်ငန်းများဆောင်ရွက်ရာတွင် ရေရှည်တည်တံ့ကောင်းမွန်မှုရှိစေရေး၊ လေယာဉ်များဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ဆင်းသက်နိုင်ရေးနှင့် လေယာဉ်ပြေးလမ်းတစ်လျှောက် ရေဝပ်ဧရိယာများမရှိစေရေး ရေနုတ်မြောင်းများ စနစ်တကျတွက်ချက်ထည့်သွင်းတည်ဆောက်သွားရန်လိုကြောင်းလည်း ထည့်သွင်းမှာကြားသည်။
9 176
+2
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထားဝယ်မြို့ရှိ တနင်္သာရီတိုင်းဒေသကြီးယဉ်ကျေးမှုပြတိုက် အတွင်း ပြခန်းတစ်ခုချင်းစီအလိုက် ကြည့်ရှုစစ်ဆေး
နိုင်ငံတော်သမ္မတက ရှေးဟောင်းပစ္စည်းများနှင့် သမိုင်းဝင်မှတ်တမ်းများ၊ အထောက်အထားများသည် ငွေကြေးနှင့် တန်ဖိုးမဖြတ်နိုင်သော အဖိုးတန်အမွေအနှစ် များဖြစ်သည့်အတွက် ရေရှည်တည်တံ့စေရန်နှင့်ပျက်စီးယိုယွင်းမှုမရှိစေရန် အထူး ဂရုပြုစောင့်ရှောက်ထိန်းသိမ်းသွားရန်မှာကြားသည်။
မိမိတို့နိုင်ငံနှင့်လူမျိုး၊ မိမိတို့ဒေသ၏ သမိုင်းကြောင်းအစဉ်အလာ၊ အမျိုးသား ရေးလက္ခဏာ (National Identity)၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်နှင့် ဘာသာသာသနာ၊ ယဉ်ကျေးမှုတို့၏ ကြီးမြတ်သည့် ရိုးရာတန်ဖိုးများကို နားလည်သဘောပေါက်သိရှိလာပြီး နိုင်ငံနှင့်လူမျိုး၊ ဒေသကို ချစ်မြတ်နိုးစိတ်များ၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို စဉ်ဆက်မပြတ် ဆက်လက် လက်ဆင့်ကမ်းထိန်းသိမ်းလိုစိတ်များ ဖြစ်ပေါ်လာစေရန် ရပ်နီးရပ်ဝေးမှ လာရောက်လေ့လာကြသူများအပြင် တနင်္သာရီတိုင်း ဒေသကြီးအတွင်းမှ အခြေခံပညာကျောင်းသား၊ ကျောင်းသူများအနေဖြင့်လည်း လာရောက်လေ့လာနိုင်ရေး ဆောင်ရွက်ပေးရန် မှာကြားသည်။
9 176
နိုင်ငံတော်သမ္မတ ထားဝယ်မြို့၊ရေကူးကန်၊ ဒိုင်ဗင်ကန်နှင့် ပွဲကြည့်စင်ပါ မိုးလုံလေလုံအဆောက်အဦ(Indoor Stadium)တည်ဆောက်မည့်နေရာအား ကြည့်ရှုစစ်ဆေး
ရေကူးကန်၊ ဒိုင်ဗင်ကန်နှင့် ပွဲကြည့်စင်ပါ မိုးလုံလေလုံအဆောက်အဦ တည်ဆောက်ရာတွင် ရေရှည်အတွက် စနစ်တကျတွက်ချက်၍ တည်ဆောက်သွားရန်နှင့် သတ်မှတ်ကာလအတွင်း ပြီးစီးဆောင် ဆောက်လုပ်သွားရန် နိုင်ငံတော်သမ္မတက မှာကြားသည်။
နောင်အနာဂတ်ကာလတွင် ဖြစ်ပေါ်လာ နိုင်သည့် မော်တော်ယာဉ်နှင့် မော်တော်ကားများ ပိုမိုများပြားလာနိုင်မှုအပေါ် မူတည်တွက်ချက်၍ လမ်းများကိုစနစ်တကျ တိုးချဲ့ဖောက်လုပ်သွားရန်လိုကြောင်းနှင့်လူနေရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရေးအတွက် ရေစီးရေလာများကောင်းမွန်နေစေရေး ရေနုတ်မြောင်းများ စနစ်တကျဖောက်လုပ်ထားရှိရန်နှင့် ရေမြောင်းများအတွင်း အမှိုက်များ ပိတ်ဆို့မှု မရှိစေရေး အမြဲမပြတ်ဖယ်ရှား ရှင်းလင်းသွားရန်ပြောကြားသည်။
လမ်းမီးများစနစ်တကျတပ်ဆင်ထားရှိရန်နှင့် ရာသီဥတုဒဏ်ကိုခံနိုင်သည့် အရိပ်ရလေကာပင်များ စိုက်ပျိုးသွားရန်လိုကြောင်း ထည့်သွင်းမှာကြားသည်။
9 176
+3
သက်တော်ရှည်ဆရာတော်ကြီးအား ကျန်းမာရေးစောင့်ရှောက်မှုပေးထားသည့် အခြေအနေများအား သွားရောက်ကြည့်ရှု
ထို့နောက် နိုင်ငံတော်သမ္မတသည် ထားဝယ်မြို့၊ ပြည်သူ့ဆေးရုံကြီးတွင် တက် ရောက် ဆေးကုသမှုခံယူလျက်ရှိသည့် သက်တော် (၁၀၄)နှစ်၊ ဝါတော် (၈၄) ဝါတော်ရှိ သက်တော်ရှည်ဆရာတော်ကြီးဖြစ်သော ထားဝယ်မြို့၊ ဇေယျဝတီစာသင်တိုက် ပဓာန နာယက ဂဏဝိမုတ်ကူးတို့ဂိုဏ်းချုပ်ဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တ အရိန္ဒမ အား ကျန်းမာရေးစောင့်ရှောက်မှု ပေးထား မှုအခြေအနေများကို သွားရောက်ကြည့်ရှုသည်။
9 176
🍀 မင်္ဂလာရှိသော နံနက်ခင်း ဖြစ်ပါစေ။ အကုသိုလ်ကင်းသော နေ့ရက်များ ပိုင်ဆိုင်ကြပါစေ။
🍀စိတ်၏ချမ်းသာ၊ ကိုယ်ကျန်းမာခြင်း ရှိကြပါစေ။
🍀ဘေးအန္တရာယ်ကင်းရှင်းပါစေ။
🍀 စာဖတ်သူအပေါင်း ဘေးအန္တရာယ် ကင်းပါစေ🙏🙏🙏
9 176
ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၂၉)သင်တန်းဖွင့်ပွဲများအား တိုင်းစစ်ဌာနချုပ်အသီးသီး၌ ကျင်းပပြုလုပ်သည်။ နေပြည်တော်၊ ၂၀၂၆ အောက်တိုဘာ ၁၂
9 176
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း ဓနသိဒ္ဓိအမြန်နှုန်း ရေသန့်စင်စက်ရုံဖွင့်ပွဲ၊ မြို့နယ်ပေါင်းစုံအသက် ၂၅ နှစ်အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲ၊ ဆုချီးမြှင့်ပွဲအခမ်းအနားနှင့် နေပြည်တော်အတွင်းရှိ အထင်ကရစေတီများ ပြန်လည်ပြုပြင်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်သည်။ နေပြည်တော် အောက်တိုဘာ ၁၂
9 176
ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း သထုံမြို့နယ် ဝါးပါးရေလှောင်တမံ ရေသိုလှောင်၊ ပေးဝေနိုင်ရေး၊ သုဝဏ္ဏမွေးမြူရေးဇုန် ဆောင်ရွက်နေမှု၊ အမှတ်(၈)စက်မှုသင်တန်းကျောင်း(သထုံ)၌ သင်တန်းများပို့ချနိုင်ရေးနှင့် သထုံမြို့နယ် အပူရှောင်စခန်း အမှတ်(၁)ဖွင့်လှစ်ထားရှိမှု အခြေအနေတို့အား ကြည့်ရှုစစ်ဆေးသည်။ မော်လမြိုင်၊ အောက်တိုဘာ ၁၂
9 176
ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦး စစ်တွေမြို့နယ်အတွင်း ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ တုံ့ပြန်ကာကွယ်ဆေး တိုက်ကျွေးနေမှုကြည့်ရှုအားပေး၊ ရခိုင်ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။ စစ်တွေ အောက်တိုဘာ ၁၂
9 176
ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး ၂၀၂၆ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲတွင် စုပေါင်းတံခွန်စိုက်ဖလားရရှိခဲ့သော ရှမ်းပြည်နယ် ပြေးခုန်ပစ်အသင်းအား ကြိုဆိုဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနား တက်ရောက်သည်။ တောင်ကြီး အောက်တိုဘာ-၁၂
9 176
ဒုတိယဝန်ကြီး ဦးရဲတင့် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ဂျီတီစီ ပုံနှိပ်စက်ရုံ၊ စာပေဗိမာန် ပုံနှိပ်စက်ရုံနှင့် အောင်ဆန်းပုံနှိပ်စက်ရုံတို့ကို ကြည့်ရှုစစ်ဆေးသည်။ ရန်ကုန် - အောက်တိုဘာ ၁၂
9 176
မမြရေလှောင်တမံ ဆည်ရေဝင်ရောက်နိုင်သည့် ကျေးရွာများအား ပြောင်းရွှေ့နိုင်ရေး ဆောင်ရွက်ပေးသည်။ မြန်အောင်၊ အောက်တိုဘာ ၁၂
9 176
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကျန်းမာရေးဝန်ကြီးဌာန ဆရာဝန်(သစ်လွင်)များနှင့် သွားနှင့် ခံတွင်းဆရာဝန်(သစ်လွင်)များအား နိုင်ငံ့ဝန်ထမ်းပြန်တမ်းဝင်အရာရှိအဖြစ် တာဝန်ပေးအပ်ခြင်း ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားသည်။ နေပြည်တော်၊ အောက်တိုဘာလ ၁၂ရက်။
9 176
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။ နေပြည်တော်၊ အောက်တိုဘာ - ၁၂
9 176
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထားဝယ်မြို့ကျက်သရေဆောင် လောကမာရဇိန်ရုပ်ပွားတော်မြတ်ကြီးနှင့် ရွှေတောင်စားစေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညိုသည်။ နေပြည်တော်၊ အောက်တိုဘာ - ၁၂
9 176
စည်းကမ်းမဲ့ လမ်းဖြတ်ကူးသူတွေကို ဒီနေ့ကစပြီး ဖမ်းဆီးအရေးယူ
ရန်ကုန်မြို့မှာ စည်းကမ်းမဲ့ လမ်းဖြတ်ကူးသူတွေကို ဒီနေ့ အောက်တိုဘာ ၁၂ ရက်ကစပြီး ဖမ်းဆီးအရေးယူမှုတွေ စတင်လုပ်ဆောင်နေပြီဖြစ်ပါတယ်။
ဒီနေ့ မနက်ပိုင်းမှာ ကျောက်တံတားမြို့နယ်၊ ဆူးလေခုံးကျော်တံတားအောက်မှာ စည်းကမ်းမဲ့ လမ်းဖြတ်ကူးသူတွေကို ဖမ်းဆီးအရေးယူခဲ့ပြီး တစ်နာရီအတွင်း လူ ၁၄ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးအရေးယူမှုကို မနက် ၈ နာရီခွဲကနေ ၉ နာရီခွဲအထိ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီကလည်း လူကူးမျဉ်းကျားကနေ လမ်းမဖြတ်ကူးဘဲ စည်းကမ်းမဲ့ လမ်းဖြတ်ကူးသူတွေကို အရေးယူတော့မယ်လို့ အောက်တိုဘာ ၁၁ ရက်မှာ အသိပေးကြေညာထားပါတယ်။
ပညာပေးကာလပြီးဆုံးသွားပြီဖြစ်တဲ့အတွက် အခုလို ဖမ်းဆီးအရေးယူတာဖြစ်ပြီး ကျောက်တံတား၊ စမ်းချောင်း၊ ကမာရွတ်နဲ့ ဗဟန်းမြို့နယ်တွေမှာ စတင်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိ သတ်မှတ်ချက်တွေအရ ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်း လမ်းဖြတ်ကူးသူတွေအနေနဲ့ သတ်မှတ်ထားတဲ့ မြေအောက်လမ်း၊ ခုံးကျော်တံတား၊ လူကူးမျဉ်းကျားနဲ့ ခွင့်ပြုထားတဲ့နေရာတွေကသာ လမ်းဖြတ်ကူးရမှာဖြစ်ပါတယ်။
အဲဒီစည်းကမ်းတွေကို လိုက်နာမှုမရှိပါက ၂၀၂၀ ပြည့်နှစ်၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၉၆ အရ ငွေကျပ် သုံးသောင်းထက်မပိုတဲ့ ဒဏ်ကြေးနဲ့ အရေးယူသွားမှာဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့် ပြည်သူတွေအနေနဲ့ ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် သတ်မှတ်ထားတဲ့ လူကူးမျဉ်းကျားနဲ့ ခွင့်ပြုထားတဲ့နေရာတွေကနေသာ လမ်းဖြတ်ကူးကြဖို့ လိုအပ်ပါတယ်။
9 176
+9
စည်းကမ်းမဲ့လမ်းဖြတ်ကူးသူများကို ယနေ့စတင်ဖမ်းဆီးအရေးယူ၊ ဆူးလေခုံးကျော်တံတားအောက်၌ တစ်နာရီအတွင်း ၁၄ ဦး ဖမ်းဆီးရမိ
ရန်ကုန်၊ အောက်တိုဘာ ၁၂
ရန်ကုန်မြို့တွင်း သတ်မှတ်ထားသည့်နေရာများမှ လမ်းဖြတ်ကူးခြင်းမရှိသည့် စည်းကမ်းဖောက်ဖျက်သူများကို ယနေ့ အောက်တိုဘာ ၁၂ ရက်မှစတင်၍ ဖမ်းဆီးအရေးယူလျက်ရှိရာ ကျောက်တံတားမြို့နယ်၊ ဆူးလေခုံးကျော်တံတားအောက်၌ တစ်နာရီအတွင်း စည်းကမ်းဖောက်ဖျက်သူ ၁၄ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ယနေ့ နံနက် ၈ နာရီခွဲမှ ၉ နာရီခွဲအထိ ဆူးလေခုံးကျော်တံတားအောက်တွင် စည်းကမ်းမဲ့လမ်းဖြတ်ကူးသူများကို စစ်ဆေးဖမ်းဆီးအရေးယူခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း ၁၄ ဦး ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီက အောက်တိုဘာ ၁၁ ရက်တွင် ထုတ်ပြန်ခဲ့သည့် အသိပေးကြေညာချက်အရ ပညာပေးကာလ ကျော်လွန်သွားပြီဖြစ်သဖြင့် အောက်တိုဘာ ၁၂ ရက်မှစတင်ကာ စည်းကမ်းမဲ့လမ်းဖြတ်ကူးသူများကို ဒဏ်ငွေရိုက်၍ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အရေးယူဆောင်ရွက်မှုများကို ကျောက်တံတား၊ စမ်းချောင်း၊ ကမာရွတ်နှင့် ဗဟန်းမြို့နယ်တို့တွင် စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
ထို့ကြောင့် ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်း ခြေလျင်သွားလာသူများအနေဖြင့် လမ်းဖြတ်ကူးရာတွင် သတ်မှတ်ထားသည့် မြေအောက်လမ်း၊ လူကူးခုံးကျော်တံတား၊ လူကူးမျဉ်းကျား သို့မဟုတ် ခွင့်ပြုထားသည့်နေရာများမှသာ ဖြတ်ကူးကြရန် အသိပေးထားသည်။
သတ်မှတ်ထားသည့် လမ်းဖြတ်ကူးစည်းကမ်းများကို လိုက်နာမှုမရှိပါက ၂၀၂၀ ပြည့်နှစ်၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၉၆ အရ ငွေကျပ် ၃၀,၀၀၀ ထက်မပိုသော ဒဏ်ငွေဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
9 176
+9
မိမိတို့ Professional ၏ ဂုဏ်သိက္ခာကို ထိန်းသိမ်း စောင့်ရှောက်သည့် နိုင်ငံတော်က အားကိုးရသည့် တာဝန်ယူမှုရှိသည့် လူနာဗဟိုပြု ဆရာဝန်ကောင်းများ ဖြစ်အောင် ကြိုးစားကြရန် နိုင်ငံတော်သမ္မတလမ်းညွှန်မှာကြား
=================
နိုင်ငံတော်အစိုးရအနေဖြင့် ကျန်းမာရေးကဏ္ဍတွင် “လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိ” ဆိုသည့်မူဝါဒနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အရှိန် အဟုန်ဖြင့်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ပြည်သူတစ်ဦးချင်းစီ၏ ကျန်းမာရေးကို စောင့်ရှောက်ခြင်းသည် မိသားစုတစ်စု၏ အနာဂတ်ကို စောင့်ရှောက်ခြင်းလည်းဖြစ်ကြောင်း၊မိမိတို့၏ ပညာနှင့်စေတနာကို ပြည်သူ့အကျိုးအတွက် အကောင်းဆုံးအသုံးချကြရန်၊ နိုင်ငံတော်က အားထားရသည့် ဆရာဝန်ကောင်းများ၊ ပြည်သူကယုံကြည်အားကိုးရသည့် ကျန်းမာရေးပညာရှင်များဖြစ်အောင်ကြိုးစားကြရန် နိုင်ငံတော်သမ္မတ က တိုက်တွန်းမှာကြားပြောကြားသည်။
နိုင်ငံတော်သမ္မတ က ၊ကျန်းမာရေးဝန်ကြီးဌာန ဆရာဝန်(သစ်လွင်)များနှင့် သွားနှင့်ခံတွင်းဆရာဝန်(သစ်လွင်)များအား နိုင်ငံ့ဝန်ထမ်းပြန်တမ်းဝင်အရာရှိအဖြစ် တာဝန်ပေးအပ်ခြင်း ခန့်အပ်လွှာပေးအပ်ပွဲအခမ်းအနားသို့တက်ရောက် အမှာစကားပြောကြားရာတွင်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
9 176
