ch
Feedback
🍀 Randy 🍀

🍀 Randy 🍀

前往频道在 Telegram

🎁 Personal Growth & Spirituality 🎁

显示更多
6 718
订阅者
+224 小时
-177 夊
-9730 夊

数据加载中...

标签云
无数据
有任何问题?请刷新页面或联系我们的客服。
进出提及
---
---
---
---
---
---
吸引订阅者
䏃㜈 '26
䏃㜈 '26
+21
在0个频道中
六月 '26
+36
在1个频道中
Get PRO
五月 '26
+15
在0个频道中
Get PRO
四月 '26
+11
在0个频道中
Get PRO
三月 '26
+5
在0个频道中
Get PRO
二月 '26
+11
在0个频道中
Get PRO
一月 '26
+17
在0个频道中
Get PRO
十二月 '25
+38
在0个频道中
Get PRO
十一月 '25
+10
在2个频道中
Get PRO
十月 '25
+20
在0个频道中
Get PRO
九月 '25
+18
在1个频道中
Get PRO
八月 '25
+19
在1个频道中
Get PRO
䏃㜈 '25
+23
在1个频道中
Get PRO
六月 '25
+17
在0个频道中
Get PRO
五月 '25
+50
在0个频道中
Get PRO
四月 '25
+11
在0个频道中
Get PRO
三月 '25
+20
在0个频道中
Get PRO
二月 '25
+31
在0个频道中
Get PRO
一月 '25
+17
在0个频道中
Get PRO
十二月 '24
+13
在0个频道中
Get PRO
十一月 '24
+29
在0个频道中
Get PRO
十月 '24
+29
在0个频道中
Get PRO
九月 '24
+86
在1个频道中
Get PRO
八月 '24
+92
在1个频道中
Get PRO
䏃㜈 '24
+77
在0个频道中
Get PRO
六月 '24
+324
在0个频道中
Get PRO
五月 '24
+87
在0个频道中
Get PRO
四月 '24
+97
在0个频道中
Get PRO
三月 '24
+439
在0个频道中
Get PRO
二月 '24
+434
在0个频道中
Get PRO
一月 '24
+64
在0个频道中
Get PRO
十二月 '23
+8 400
在0个频道中
日期
订阅者增长
提及
频道
15 䏃㜈0
14 䏃㜈+4
13 䏃㜈0
12 䏃㜈0
11 䏃㜈0
10 䏃㜈+1
09 䏃㜈+2
08 䏃㜈+3
07 䏃㜈+1
06 䏃㜈+1
05 䏃㜈+4
04 䏃㜈+1
03 䏃㜈+2
02 䏃㜈+1
01 䏃㜈+1
频道帖子
ပြီးပြည့်စုံမှုကိုသာ တောင့်တ အလိုရှိသော ဤကမ္ဘာကြီးတွင် … ကျွန်တော်တို့သည် အရာရာ ပြီးပြည့်စုံဖို့ ကြိုးစားကာ … ကိုယ့်ကိုယ်ကို မပြည့်စုံမှာကို ကြောက်ရွံ့ရင်း … လေးလံတဲ့ အသံတိတ် ခံစားချက်တွေကို ထမ်းပိုးထား နေမိတတ်ကြပါတယ် … ကြည့်ကောင်းဖို့ အတွက် ကြိုးစားကြတယ် … အပြောချို အပြောကောင်းဖို့ အတွက် ကြိုးစားကြတယ် … အလုပ်တွေကို အပြစ်ကင်းအောင်လုပ်ဖို့ ကြိုးစားကြတယ် … အမှားအယွင်းမရှိ ချစ်ပြနိုင်ဖို့ ကြိုစားကြတယ် … စသည်ဖြင့် အရာရာ ပြီးပြည့်စုံအောင် ကြိုးစားရင်း ရှင်သန်နေတတ်ကြပါတယ် … ဒီလို ပြီးပြည့်စုံခြင်းတွေရဲ့ နောက်ကွယ်မှာတော့ ကျွန်တော်တို့ဟာ လက်ရှိ အနေအထားနဲ့ မလုံလောက် မပြည့်ဝဖူး ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ အတူ အရာအားလုံးကို မှန်ကန်စွာ လုပ်ဆောင်နိုင်ဖို့ လိုတယ် ဆိုတဲ့ အခြားသူတွေရဲ့ အကဲဖြတ် သုံးသပ်မှုတွေ အတွက် စိတ်ဖိစီးမှုတွေနဲ့ တစ်ယောက်ထဲ ကိုယ့်စိတ်နဲ့ ကိုယ် ရုန်းကန် နေရတတ်ကြပါတယ် … ဒီတော့ အရာရာ ပြီးပြည့်စုံဖို့ ကြိုးစားရင်း စိတ်ရော ကိုယ်ဟာ မလွတ်မြောက်တော့ဘူး ဖြစ်လာပါတော့တယ် … တကယ်တော့ စစ်မှန်တဲ့ လွတ်မြောက်မှု ဆိုတာက ပြီးပြည့်စုံအောင် ကြိုးစားခြင်းမှ ဆင်းသက်လာတာ မဟုတ်ပဲ မပြီးပြည့်စုံခြင်း အတွက် စိုးရိမ်သောက ကင်းခြင်းက ဆင်းသက်လာတာပဲ ဖြစ်ပါတယ် … Randy တို့ ငယ်စဉ်ကထဲက ရည်မှန်းချက်တွေ မြင့်မြင့်ထားဖို့, ပိုတော် ပိုတတ် ပိုကောင်းအောင် လုပ်နိုင်ဖို့, မှားနေတဲ့ အရာတွေကို သေသေချာချာ ပြင်ဆင်နိုင်ဖို့ သင်ကြားခြင်း ခံထားရတော့ ဒီအရာတွေဟာ လူတွေကို စိတ်ဓါတ်တတ်ကြွခြင်း Motivation ကို လှုံ့ဆော်ပေးစေနိုင်သော်လဲ ကိုယ့်ကိုယ်ကို သံသယ ဖြစ်စေတဲ့ သံသယ မျိုးစေ့တွေကို စိုက်ပျိုးပေးနေတာနဲ့ အတူတူပါပဲ … ဒီလိုနဲ့ ကြာလာတဲ့ အခါမှာ … ကျွန်တော်တို့ အားလုံးဟာ ပတ်ဝန်းကျင်က သို့မဟုတ် မိဘက သတ်မှတ်ထားတဲ့ စံချိန် စံညွန်းတွေနဲ့ ကိုက်ညီမှ ချစ်စရာကောင်းတယ်, အောင်မြင်နိုင်တယ်, ထိုက်တန်တယ် လို့ ယုံကြည် မှတ်ယူ လာတဲ့ အထိပါပဲ … #MyoThihaKyaw ဒီတော့ ပြီးပြည့်စုံတယ် ဆိုတာ ပိုကောင်းဖို့ အတွက် ဆိုတာထက် စိုးရိမ်သောက ဖြစ်စေဖို့ကို ပိုပြီး ဉီးတည်လာစေနိုင်ပါတယ် … တနည်းအားဖြင့် ဆိုရရင်လဲ အရာရာ ပြီးပြည့်စုံတဲ့ သူဆိုတာ ရှိမှ မရှိတာပဲ … လေးစား အားကျရတဲ့ တချို့ သူတွေမှာတောင် နောင်တ တရားတွေ, အားနည်းချက်တွေ, မမြင်နိုင်တဲ့ သူတို့တွေရဲ့ ရုန်းကန်လှုပ်ရှားမှုတွေ, စသည်ဖြင့် ရှိနေတာပါပဲ … ဒါဆိုရင် ဘာဖြစ်လို့ ဘယ်သူမှ မစွမ်းဆောင်နိုင်တဲ့ ပြီးပြည့်စုံတဲ့ သူတစ်ယောက် ဖြစ်အောင် ကျွန်တော်တို့ ကြိုးစားလို့ နေဉီးမှာလဲ … ဒါကြောင့် မပြီးပြည့်စုံခြင်းတွေကို လက်ခံနိုင်ဖို့ အတွက် Randy တို့ဟာ ကိုယ့်ကိုယ်ကို လက်ခံခြင်း Accaptance ကနေပဲ အစပြုရမှာပဲ ဖြစ်ပါတယ် … ကျွန်တော်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာ, ရုပ်ပိုင်းဆိုင်ရာ ဖြစ်တည်မှု မှန်သမျှကို လက်ခံလာနိုင်တာနဲ့ အမျှ ကိုယ်ဟာ ကိုယ့် Power ကို ပြန်ရလာမှာပဲ ဖြစ်ပါတယ် … ဒီလို လက်ခံလာနိုင်တာနဲ့ အမျှ ကိုယ် မြင်သမျှကို လိုက်လံ ထိန်းချုပ်နေဖို့ မကြိုးစားတော့ပါဘူး … ဒီလို လက်ခံလာနိုင်တာနဲ့ အမျှ ကိုယ့်ကိုယ်ကို မလုံလောက်ဘူးလို့ ထင်တဲ့ Not Good Enough ပြသနာ အတွက် စောင့်မျှော်နေစရာလဲ မလိုတော့ပါဘူး … လက်ခံလာနိုင်တာနဲ့ အမျှ ကြိုးစားဖို့ မကြောက်တော့ သလို လဲကျဖို့ မကြောက်တော့ပါဘူး … လက်ခံလာနိုင်တာနဲ့ အမျှ ပြန်ထဖို့ မကြောက်တော့ သလို သင်ယူဖို့လဲ မကြောက်တော့ပါဘူး … 🍀 လိုအပ်လျှင် Coaching ယူပါ … Twinflame Coaching သီးသန့် ရှိပါတယ် … Have A Nice Day! 🩵🩵🩵 #မျိုးသီဟကျော် ~ #Randy ⭐️ Life & Relationship Coach ⭐️ Healer & Spiritual Guidance Please Don’t Copy … လွတ်လပ်စွာ ဝေမျှ ရှဲနိုင်ပါတယ် ခင်ဗျ …

2
တချို့သော အခြေအနေ, အချိန်ခါတွေ … ဖြစ်ရပ်တွေ … တချို့သော လူတွေက ... Randy တို့ရဲ့ Energy ကို ကုန်ခမ်းသွားအောင် ဆွဲထုတ် ယူသွားတတ်သလို ... မိမိတို့ မသိပဲ ပြုမူ ဆောင်ရွက်နေတဲ့ Repeated Actions တွေကလဲ ကိုယ့်ကိုယ်ကို Energy ကျစေတဲ့ စက်ကွင်းထဲကို ဆွဲခေါ်သွားတတ်ပါတယ် ... တချို့သော ဖြစ်ရပ်တိုင်း ကိစ္စတိုင်းက သူ့အလိုလိုဖြစ်နေတာ မဟုတ်ပဲ Randy ကိုယ်တိုင်က ပါဝင် ပတ်သက် Co Create လုပ်နေတာကြောင့် ... စိတ်ညစ်စရာတွေ စိတ်သောက ရောက်စရာတွေ ဆိုတာကို ကိုယ်တိုင် ဖန်တီးပြီး ဖိတ်ခေါ်နေသလိုမျိုးပါပဲ ... အဲ့ဒီလို ကိုယ့်ရဲ့ Pattern တွေကြောင့်ပဲ ... ကိုယ့်မှာ အားအင်ကုန်ခမ်းမှုတွေ, မောပန်းနွယ်နယ်မှုတွေ, စိတ်ဓါတ်ကျစရာတွေကို ဖြစ်လာစေပါတယ် ... Higher Vibration လို့ပြောရင် ... မေတ္တာတရား, ဂရုဏာတရား, ကျေးဇူးတရား, Joy, Peace စသည့် အချက်တွေ ဆိုတာ အတော်များများက သိထားနှင့်ပါပြီ ... ဒါပေမဲ့ လူသားတွေရဲ့ စွဲမြဲနေတဲ့ အကျင့်ဆိုးဉာဉ်အတိုင်း တစ်ခုခုဆို အလွန်အကျွံ စိုးရိမ်မိတာ, ပူပန်နေတာ, အာဃာတတွေ ဆုပ်ကိုင်ထားတာ, အဆိုးမြင်စိတ် များနေတာ, မာနတရားတွေ လွှတ်မချနိုင်တာ စတာတွေက Randy တို့အတွက် အတော်လေးကို သတိထားစရာပါပဲ ... ဒါတွေက မိမိတို့ရဲ့ Energy Drain စေတဲ့ အဓိက ရန်သူတွေပဲ ဖြစ်ပါတယ် ... ဒါ့ကြောင့် မိမိတို့ရဲ့ Energy ကို Protect လုပ်နိုင်ဖို့ Consciousness Map ရဲ့ အပေါ်မှာလဲ ရှိနေရမှာ ဖြစ်သလို မိမိတို့ရဲ့ Co Create လုပ်နေတဲ့ Pattern တွေ Behavior တွေကိုလဲ Awareness ထားက ပြောင်းလဲ သင့်တာတွေကို ပြုပြင်ပြောင်းလဲ ရမှာပဲ ဖြစ်ပါတယ် ... ပထမဆုံး သတိထားရမှာက အလွန်အကျွံ တွေးတောတတ်ခြင်းပါပဲ ... Over Thinking က သင်ပစ္စုပ္ပန် တည့်တည့်မှာ ရှိမနေခြင်းကို ဖော်ပြနေသလို ရလဒ်ကလဲ မကောင်းနိုင် ... Emotion အနေနဲ့ စိုးရိမ်စရာတွေ, ပူဆွေးစရာတွေ, သောကတွေပဲ တတ်လာနိုင်ပါတယ် ... #MyoThihaKyaw ~ Randy နောက်တစ်ခုက Screen Time နဲ့ Social Media ပါ ... ကိုယ့်ရဲ့ စိတ်ထဲကို ဘာတွေ Input လုပ်နေလဲ ဆိုတာက အရမ်းကို အရေးကြီးပါတယ် ... Positive သတင်း, အကြောင်းအရာတွေ ဆိုရင်တော့ ကိစ္စမရှိပါဘူး ... ဒါပေမဲ့ Social Media က တခါတလေ Toxic တွေ Negative အကြောင်းအရာတွေ သတင်းတွေ များနေတတ်ပါတယ် ... ကြာလာတဲ့အခါ ကိုယ် Input လုပ်နေတဲ့ အရာတွေက မိမိရဲ့ External Reality ရှိလာသယောင် ဖြစ်လာသယောင်တွေ ထင်မှတ်လာတတ်ပြီး မိမိတို့ရဲ့ Energy ကို Absorb လုပ်သွားနိုင်ပါတယ် ... ဒါ့အပြင် ကိုယ်တိုင်က Negative Thinking နဲ့ အပြုသဘောမရှိတဲ့ လူတွေကို ရှောင်ကြဉ်ရမှာပါ ... People Pleasing လဲ လုပ်မနေပဲ ဖြစ်နိုင်လျှင် Toxic Relationship ကျောခိုင်းကာ Boundary Setting သေသေချာချာမှတ်ပြီး နေထိုင်နိုင်ဖို့လဲ အရေးကြီးပါတယ် ... Boundary Set လုပ်ဖို့ ဆိုရင်တော့ ကိုယ့်ကိုယ်ကို သေသေချာချာ သိဖို့ လိုအပ်ပါတယ် ... ကိုယ်အတွက် ဘယ်လို အရာတွေကိုတော့ လက်ခံနိုင်တယ် ... ဘယ်လို အရာတွေတော့ လက်မခံနိုင်ဘူးဆိုတာ သေသေချာချာ သိနားလည်ပြီး Say No … ယဉ်ယဉ်ကျေးကျေး ငြင်းဆို တတ်ရမှာပဲ ဖြစ်ပါတယ် ... ဒီလိုမှ မဟုတ်ရင်တော့ သင့်ရဲ့ Energy ကို သင်ဘယ်လိုမှ Protect မလုပ်နိုင်ပါဘူး ... အရေးကြီးတာက နည်းမှန် လမ်းမှန်နဲ့ စနစ်တကျ အနားယူတာ, အိပ်ရေးဝအောင် အိပ်တာ, ရေဓါတ်ပြည့်ဝအောင် ဖြည့်တာ, ကျန်းမာရေးနဲ့ ညီညွတ်မျှတတာတွေကို အချိန်မှန် စားတာကလဲ သင့်ရဲ့ Energy ကို ကာကွယ်ပြီးသား ဖြစ်စေပါတယ် ... ဒီထက် ပိုကောင်းချင်ရင်တော့ တရားထိုင်တာ, ယောဂကစားတာ, လေ့ကျင့်ခန်းလုပ်တာ, သဘာဝတရားနဲ့ ထိတွေ့တာ, Journal ရေးတာတွေ ဆက်ပြီး လုပ်လို့ ရပါတယ် ... ဒါ့အပြင် ကိုယ့်ကို Energy Drain စေတဲ့ အခြားသော အချက်တွေ ရှိသေးတယ်ဆိုလဲ Comment မှာ ဝေမျှသွားလို့ ရပါတယ် ခင်ဗျ ... 🍀 လိုအပ်လျှင် #Coaching ယူပါ … #Twinflame Coaching သီးသန့် ရှိပါတယ် … Have A Nice Day! 🩵🩵🩵 #မျိုးသီဟကျော် ~ #Randy ⭐️ Life & Relationship Coach ⭐️ Healer & #Spiritual Guidance Please Don’t Copy … လွတ်လပ်စွာ ဝေမျှ ရှဲနိုင်ပါတယ် ခင်ဗျ …
381
3
လူ အများစုက စောင့်ဆိုင်းခြင်းတွေနဲ့သာ အချိန်တွေ ဖြုန်းနေတတ်ကြပါတယ်။ သူတို့ဟာ အခွင့်ရေးကောင်းကို စောင့်နေ တတ်ကြတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုရှိလာမယ့် အချိန်တွေကို စောင့်နေကြတယ်။ ငွေကြေး ပိုပြည့်စုံလာမယ့် အချိန်ကို စောင့်နေကြတယ်။ ကံကောင်းမယ့် အချိန်ကို စောင့်နေကြတယ်။ Right Person ရောက်လာမှာကို စောင့်နေကြတယ်။ ကြောက်စိတ်တွေ ပျောက်သွားတဲ့ အချိန်ကို စောင့်နေကြတယ်။ ပိုပြီး ပြီးပြည့်စုံ Perfect ဖြစ်လာမယ့် အချိန်တွေကို စောင့်နေတတ်ကြပါတယ်။ ဒါပေမဲ့ သူတို့ စောင့်ဆိုင်းနေတဲ့ အချိန်တွေမှာပဲ ဘဝက ရှေ့ကို ဆက်ပြီး ရွေ့လျားလို့ နေခဲ့ပါတယ်။ အသိ မိတ်ဆွေ အစ်မ တစ်ယောက် ရှိတယ်။ သူမက ကိုယ်ပိုင် လုပ်ငန်းတစ်ခု လုပ်ဖို့ အတွက် နှစ်ပေါင်းများစွာ အိမ်မက် မက်နေခဲ့တာပါ။ သူမရဲ့ မှတ်စု စာအုပ် Note Book ထဲမှာ သူမရဲ့ စိတ်ကူး စိတ်သန်းတွေဟာ အပြည့်ပါပဲ။ Business နဲ့ ပတ်သက်တဲ့ သင်တန်းတွေ တတ်တယ်။ Management တွေ လေ့လာတယ်။ Youtube က ဗီဒီယိုတွေ ကြည့်တယ်။ စာအုပ်တွေ ဖတ်တယ်။ အပြင်က သတင်းတွေကို လေ့လာတယ်။ အောင်မြင်တဲ့ သူတွေ စီကနေ အကြံဉာဏ်တွေကို လိုက်လံ စုဆောင်းနေတတ်ပါတယ်။ ဒါပေမဲ့ သူမ အမြဲ ပြောတဲ့ စကားတစ်ခွန်း ရှိတယ်။ “ အစ်မ နောက်ထပ် အနည်းငယ် ပြင်ဆင်မှုပဲ လိုတော့တာပါ … “ ဆိုတာပါပဲ။ နှစ်တိုင်းလဲ သူမ ဒီစကားကိုပဲ ပြောပါတယ်။ Randy နဲ့ သိကျွမ်းပြီးလို့ အချိန် သုံး နှစ်သာ ကုန်သွားတယ်။ သူမ ကတော့ အိပ်မက်တွေ မက်နေတဲ့ အဆင့်မှာပဲ ရှိနေတုန်းပါပဲ။ အဲ့ဒါနဲ့ Randy လဲ အဲ့ဒီ အစ်မကို မေးခွန်း တစ်ခု မေးခဲ့ပါတယ်။ “ ပြင်ဆင်မှု ဘယ်လောက်ထိ ရှိမှ လုံလောက်ပြီလို့ ပြောနိုင်မှာလဲ … ဘယ်အချိန် ရောက်မှ အစ်မက ကိုယ့်ကိုယ်ကို ပြည့်စုံပြီလို့ ထင်မှာလဲ … “ လို့ … အဲ့ဒီ အတွက် အဖြေ တိုက်ရိုက် သူမ မှာ ရှိ မနေခဲ့ပါဘူး။ ဒါပေမဲ့ သူမ ပြောတာ တစ်ခု ကတော့ “ အစ်မ က ပြင်ဆင်နေတာ မဟုတ်ပဲ ရှောင်ပုန်း နေတာများ ဖြစ်နေမလား” တဲ့ … အစ်မ ဖြစ်ချင်တဲ့ အရာတွေ အတွက် တစ်ခုခုကို စောင့်ဆိုင်းရင်း အစ်မ ရင်မဆိုင် နိုင်တဲ့၊ ရင်မဆိုင် ချင်တဲ့၊ ရင်မဆိုင် ရဲတဲ့ လက်တွေ့ Reality အတွက် အစ်မ ပတ်ပြေး ရှောင်ပုန်း နေတာများ ဖြစ်နေမလား မောင်လေးရယ်” တဲ့ … ဟုတ်ပါတယ်။ သူမက သင်ယူ လေ့လာနေခြင်း ခေါင်းစဉ်တွေနဲ့ ရှောင်ပုန်း နေခဲ့တယ်။ အစီစဉ် ဆွဲနေတာပါ ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ရှောင်ပုန်း နေခဲ့တယ်။ ပြီးပြည့်စုံ ချင်တယ် ဆိုတဲ့ ဆင်ခြေတွေနဲ့ ရှောင်ပုန်း နေခဲ့တာပါ။ ကျွန်တော်တို့ အများစုလဲ အဲ့ဒီလို ပါပဲ။ ကိုယ် ဖြစ်ချင်တဲ့ အရာတွေ အတွက် အကြောင်းပြချက် မျိုးစုံ၊ ဆင်ခြေ မျိုးစုံ သုံးပြီး ရှောင်ပုန်း နေတတ်တာပါပဲ။ ဒါကို အချိန်ခါ ကောင်း စောင့်တယ်လို့ လူတွေက ကိုယ့်ကိုယ်ကို ဆင်ခြေတွေ ပေးနေ မိတတ်ကြပါတယ်။ တကယ်တော့ လူတိုင်းဟာ သေချာ ရေရာမှုကို လိုချင်ပြီး စောင့်နေ တတ်ကြတာပါ။ ပြသနာက သေချာ ရေရာမှု ဆိုတာက တကယ့် လက်တွေ့ လုပ်ကြည့်မှသာ သိရမဲ့ အရာတစ်ခု ဖြစ်ပါတယ်။ ပြီးတော့ လူတိုင်းဟာ ယုံကြည်မှု ရှိရှိနဲ့ ကိုယ်လုပ်ချင်တဲ့ အလုပ်တွေကို အောင်မြင်အောင် လုပ်ချင်ကြသူတွေ ချည်းပါပဲ။ ဒါပေမဲ့ တကယ်တမ်း ကြိုးစားကြပြီ လုပ်ကြပြီ ဆိုရင်တော့ ကိုယ့်ကိုယ်ကို အနည်းနဲ့ အများ သံသယတွေ ရှိနေ တတ်ကြပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှု လျော့နည်း နေတတ် ကြတာပါပဲ။ ကိုယ်လုပ်တဲ့ အလုပ်အပေါ် ယုံကြည်မှု ဆိုတာကလဲ သင်တန်းတွေ၊ စာအုပ်တွေထဲကနေ ရှာလို့ ရတဲ့ အရာ မဟုတ်ပါပဲ တည်ဆောက်ယူရမယ့် အရာလည်းပဲ ဖြစ်ပါတယ်။ ကလေးတစ်ယောက် လမ်းလျှောက်တတ်လာတယ် ဆိုတာက သူကိုယ်တိုင် ပြီးပြည့်စုံတဲ့ အချိန်ကို ရောက်လာလို့ လမ်းလျှောက် တတ်လာတာ မဟုတ်ပါဘူး။ လဲကျမယ်၊ ပြန်ထမယ်၊ ယိမ်းထိုးမယ်၊ ချော်လဲမယ်၊ ပြန်ထမယ်နဲ့ နောက်ဆုံးတော့ အထပ်ထပ် အခါခါ ကြိုးစားရင်းနဲ့မှ လမ်းလျှောက်တတ်လာတာပါ။ ဘဝကလဲ ဒီလို ပါပဲ။ ကျွန်တော်တို့ အားလုံးဟာ ရွေ့လျားရင်းနဲ့ပဲ အဆင်သင့် ဖြစ်လာကြတာပါ။ အဆင်သင့် Ready ဖြစ်လို့ ရွေ့လျားသွား တတ်ကြတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ အားလုံးဟာ ဝန်ထုတ် ဝန်ပိုးတွေကို ထမ်းပိုး ရင်းနဲ့ပဲ သန်မာ လာကြတာပါ။ အမှားတွေ လုပ်မိရင်းနဲ့ပဲ အမှန်ဘက်ကို ပိုပိုရောက်လာကာ ဉာဏ် ပညာ တွေ ရရှိ လာကြတာပါ။ ဒါ့ကြောင့် မို့လို ဘာ လက်ဆုပ် လက်ကိုင်မှ မရှိသေးခင်၊ ဘာ သက်သေမှ မပြနိုင်သေးခင် ကတည်းက ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်ထားပြီး စတင် ကြိုးစားကြည့်ဖို့နဲ့ ထပ်ကာ ထပ်ကာ ကြိုးစား ကြည့်ဖို့ ကသာ အဓိက ပါပဲ။ သင်ရော ဘာတွေကို အကြောင်း ပြ နေမိသေးလဲ။ 🍀 လိုအပ်လျှင် Coaching ယူပါ … Twinflame Coaching သီးသန့် ရှိပါတယ် … Have A Nice Day! 🩵🩵🩵 #မျိုးသီဟကျော် ~ #Randy ⭐️ Life & Relationship Coach ⭐️ Healer & Spiritual Guidance Please Don’t Copy … လွတ်လပ်စွာ ဝေမျှ ရှဲနိုင်ပါတယ် ခင်ဗျ …
452
4
ပြသနာတစ်ခု, ကိစ္စရပ်တစ်ခုကို … ကိုယ် လက်ခံဖို့ ငြင်းဆန်နေသမျှ ကာလပတ်လုံး ကိုယ့်စီမှာ ဒီအရာဟာ ဆက်လက် ဖြစ်ပေါ်နေမှာပဲ ဖြစ်ပါတယ် ... ဘဝမှာ ကိုယ်တွန်းကန် ဆန့်ကျင်နေသမျှ အရာအားလုံးကို ကိုယ်က တောက်လျောက် Attract လုပ် ဆွဲဆောင်နေတာလဲ ဖြစ်ပါတယ် ... ဒါ့ကြောင့် ဘဝမှာ ပြသနာတွေ, ရင်ဆိုင်ရတာတွေ ပေါ်ပေါက်လာတဲ့ အခါ အရင်ဆုံး Accept လုပ် လက်ခံလိုက်ဖို့ ပါပဲ ... ဒါပေမဲ့ လူအတော်များများဟာ ချက်ခြင်း Accept လုပ်နိုင်စွမ်း အားနည်းကြပါတယ် ... ဒီလို ပြသနာ ဖြစ်ရပ်တွေကို ငြင်းဆန်နေခြင်း အားဖြင့် မိမိတို့ဟာ ပိုမို ရုန်းကန် Struggle လုပ်ရသလို .. အဖြေ Solution ကို ရှာတွေ့ဖို့ ဝေးကွာနေတာမျိုးလဲ ဖြစ်တတ်ပါတယ် ... Randy တို့ဟာ Accept လုပ်ပြီး ပြင်ပက ဖြစ်ရပ်တစ်ချို့နဲ့ အတူ လိုက်ပါ စီး‌‌မြောနိုင်စွမ်း မရှိမခြင်း ထိုဖြစ်ရပ် အခြေအနေတွေကို ပြောင်းလဲ နိုင်စွမ်း ရှိလာမှာ မဟုတ်ပါဘူး ... #MyoThihaKyaw ဒီအခြေအနေ ဖြစ်ရပ်တွေကို Negative Side ကနေပဲ မြင်မိနေတာ ဖြစ်စေ, လက်ခံလိုက်ဖို့ ငြင်းဆန်နေတာ ဖြစ်စေ ... ဖြစ်နေပါက ကိုယ်က ဒါကို ဆန့်ကျင်ဖို့ Negative Energy တွေကို တည်ဆောက်နေတာပဲ ဖြစ်ပါတယ် .. ဒါက အထက်မှာ ပြောခဲ့သလို ကိုယ်ဆန့်ကျင်နေတာတွေက ကိုယ်ဆွဲဆောင်နေတာမျိုး ဆက်ပြီး ဖြစ်ပေါ်လာစေနိုင်ပါတယ် ... ဒါ့ကြောင့် ပြသနာရဲ့ အခြေအနေ ဖြစ်ရပ်တွေကို လက်ခံလိုက်ဖို့ လေ့လာသင်ယူနိုင်လိုက်တာနဲ့ တပြိုင်နက် ကိုယ့်ရဲ့ အတွင်းမှာ ပြောင်းလဲမှုနဲ့ အတူ ဖြေရှင်းဖို့ အဖြေ Solutions ကို ရှာဖွေ တွေ့ရှိလာမှာပဲ ဖြစ်ပါတယ် ... Randy တို့ ဘဝရဲ့ ကိစ္စရပ်တိုင်းမှာ အကောင်းအဆိုးဟာ အမြဲ ဒွန်တွဲနေပါတယ် ... ဒါ့ကြောင့် ဘာပြသနာပဲ ကြုံကြုံ Reality ရဲ့ အကောင်းအဆိုးတွေကို မြင်အောင်ကြည့်ပြီး ကိုယ် ရောက်နေတဲ့ နေရာ, ကိုယ်ဖြစ်နေတဲ့ ဖြစ်ရပ်တွေကို Accept လုပ်လိုက်ပါ ... စိတ်ကို လျော့ချလိုက်ပြီး အခြေအနေတွေကို လက်ခံလိုက်တဲ့ အခါ Solutions တွေ အလိုလို ထွက်ပေါ်လာပါလိမ့်မယ် ... 🍀 လိုအပ်လျှင် #Coaching ယူပါ … #Twinflame Coaching သီးသန့် ရှိပါတယ် … Have A Nice Day! 🩵🩵🩵 #မျိုးသီဟကျော် ~ #Randy ⭐️ Life & Relationship Coach ⭐️ Healer & Spiritual Guidance Please Don’t Copy … လွတ်လပ်စွာ ဝေမျှ ရှဲနိုင်ပါတယ် ခင်ဗျ …
496
5
ကိုယ့်ရဲ့ Personality ကို ပိုပြီး သိရှိကာ မိမိတို့ရဲ့ စိတ်နေ စိတ်ထား, ပြုမူ လုပ်ကိုင်ပုံ, ကိုယ်ရည် ကိုယ်သွေး တို့ကို အတိအကျ နားလည်ထားဖို့ Birth Chart တွက်ပြီး မိမိတို့ရဲ့ အတွင်း Deeper ကို ရှာဖွေဖို့ ကူညီပေးတဲ့ Service လေး လက်ခံနေပါပြီ ... Main Big 6 Sings ကိုပဲ တွက်ပေးမှာပါ ... 🎁 လူတစ်ယောက်မှာ ကိုယ့်ကိုယ်ကို ထင်တဲ့ အထင်, မြင်တဲ့ အမြင် ပုံစံဟာ တစ်ခုရှိပြီး ... အခြားသူတွေက ကိုယ့်ကို ထင်တဲ့ မြင်တဲ့ ပုံစံဟာလဲ တစ်ခု ရှိတတ်ပါတယ် ... အဲ့ဒီလိုပဲ သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ ပြုမူပြောဆို ဆက်ဆံတဲ့ ပုံစံဟာ တစ်ခု ရှိနေပြီး ... ချစ်သူ Relationship တွေနဲ့ ဆို ပုံစံ ဆိုတာ တစ်မျိုး ရှိနေပါတယ် ... ဒါတွေဟာ Randy တို့ရဲ့ Sun, Moon, Raising, Mercury, Venus အစရှိတဲ့ Zodiac Sign တွေ အပေါ် မူတည်ပြီး ပြောင်းလဲ နေတာပါ ... Zodiac Sign တစ်ခုထဲဟာ ကိုယ်, ဆိုရင် သိပ်ပြီး မပြည့်စုံပါဘူး ... တစ်ခါတလေ ထိန်းထားတဲ့ ကြားက ကိုယ့်ရဲ့ ဘယ်ကမှန်း မသိတဲ့ ပုံစံတွေ ထွက်ထွက် လာတတ်ပါတယ် ... 🔹 Sun Sing ဟာ ဘယ်လို ပြုမူ နေထိုင်တယ် ဆိုတာကို ကိုယ်စားပြုပါတယ် ... 🔹 Moon Sign ဟာ စိတ်ခံစားချက်တွေ ဘယ်လို ရှိတယ် ဆိုတာကို ကိုယ်စားပြုပါတယ် ... 🔹 Raising Sign ကတော့ အခြားသူတွေက ကိုယ့်ကို မြင်တဲ့ အမြင် ... ပြင်ပ ပုံပန်း သဏ္ဍာန်ကို ကိုယ်စားပြုပါတယ် ... 🔹 Venus ကတော့ Relationship မှာ ကိုယ်က ဘယ်လို ပုံစံမျိုး ဖြစ်တယ် ဆိုတာကို ကိုယ်စားပြုပါတယ် ... စသည်ဖြင့် Main 6 မျိုးကို ရှင်းပြပေးသွားမှာပါ ... 🎁 ကိုယ်တိုင်လဲ Service ယူလို့ ရသလို ... မိမိတို့ ချစ်ရတဲ့ သူတွေကို Deeper နားလည်ဖို့ Service ယူလို့ ရပါတယ် ... လူတစ်ယောက်ရဲ့ စိတ် ခံစားတတ်ပုံ အမူအကျင့်နဲ့ အပြုအမူ အပြောဆို တုန့်ပြန် လုပ်ကိုင်ပုံတွေကို သေသေချာချာ‌လေး ပြောပြပေးသွားမှာပါ ... ဒါမှ ဆောင်ရန် ရှောင်ရန်လေးတွေ ကြိုသိနေပြီး ... ကိုယ်တိုင်က ကိုယ့်ရဲ့ Shadow တွေ မကောင်းတဲ့ ပုံစံ Traits တွေကို Heal လုပ်သင့်တာ, Let go လုပ်သင့်တာတွေကို သိနားလည်ပြီး ပိုကောင်းတဲ့ Version ကို ဖန်တီးနိုင်မှာပဲ ဖြစ်ပါတယ် ... 🔹 ဒီလိုမှ မဟုတ်ပဲ ကိုယ်က ဒီ Sign မို့ ဒီလို လုပ်တာ ဆိုတဲ့ အစွဲနဲ့ ဆိုရင်လဲ ပြည့်စုံတဲ့ Version ကို ဖန်တီးနိုင်မှာ မဟုတ်ပါဘူး ... Sign တိုင်းမှာ အကောင်း အဆိုးတွေက မျှနေတာပါ ... တစ်ကယ်တမ်းက ဘယ် Sign က ပိုကောင်းတယ် ဆိုတာ မရှိပါဘူး ... 🎁 Astrology ဆိုတာ ဟိုး ရှေးခေတ်ပေါင်း မြောက်များစွာ ကတည်းက လူသားတွေရဲ့ စိတ်နေစိတ်ထား, ပြုမူလုပ်ကိုင်ပုံ, ကိုယ်ရည်ကိုယ်သွေးနဲ့ ကံကြမ္မာ ပန်းတိုင် Destiny တို့ကို ရှာဖွေရာမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့တဲ့ Science Ancient Technology တစ်ခုပဲ ဖြစ်ပါတယ် ... ကိုယ့်အကြောင်းကိုယ် Deeper Understand နားလည်ပြီး ကိုယ့် ဘဝလမ်းကြောင်းကို ဘယ်လို Energy နဲ့ လျောက်လှမ်းရမလဲ ဆိုတာ သိဖို့ အသုံးပြုခဲ့တဲ့ ပညာရပ်တစ်ခု ဖြစ်ပါတယ် ... ⭐️ လူသားတစ်ဉီးချင်းစီမှာ မွေးဖွားလာကတည်းက ကောင်းကင်ယံမှာ ကိုယ်ပိုင် ကြယ်လေးတွေ ပါရှိ လာပြီး သားပါ ... အဲ့ဒီ ကြယ်လေးတွေဟာ Randy တို့ရဲ့ လမ်းပြမြေပုံ Roadmap တွေဖြစ်ကြပါတယ် ... ⭐️ ဒီကြယ်လေးတွေကို ကြည့်ခြင်းအားဖြင့် ကိုယ်တောင် သတိမပြုမိတဲ့ အလေ့အထတွေ အလေ့အကျင့် စရိုက် ပုံစံ Pattern တွေ, ပန်းတိုင် လမ်းကြောင်းတွေ, အားနည်းချက်တွေ, အားသာချက်တွေကို ရှာဖွေတွေ့ရှိနိုင်မှာပဲ ဖြစ်ပါတယ် ... မိမိတို့ရဲ့ Big 6 ကို တွက်ပေးပြီး … အသင့်ဖတ်ရန် 12 Signs လုံးကို ရေးပေးထားတဲ့ Telegram Group ထဲ ထည့်ပေးမှာပါ။ စိတ်ဝင်စားလျှင် Facebook Page … Comment မှာ ဖြစ်စေ, Messenger မှာ ဖြစ်စေ BC ဟု ရိုက်ပြီး စုံစမ်း မေးမြန်းနိုင်ပါတယ် ... Have A Nice Day! 🩵🩵🩵 #မျိုးသီဟကျော် ~ #Randy ⭐️ Life & Relationship Coach ⭐️ Healer & Spiritual Guidance
598
6
♐️ 𝗦𝗮𝗴𝗶𝘁𝘁𝗮𝗿𝗶𝘂𝘀 လက်တွဲဖော်တွေက သစ္စာရှိကြသူတွေ ဖြစ်ကြပြီး သူတို့ရဲ့ Partner ကို စိတ်လုံခြုံစေမှု ပေးစွမ်းနိုင်ကြပါတယ် ... ဒါပေမဲ့ သူတို့က စွန့်စားရတာ ကြိုက်တဲ့ သဘာဝ ရှိသူတွေမို့ သင်ဟာ သူနဲ့ဆို Challenge အသစ် အဆန်းတွေကို အတူတူ ရင်ဆိုင်ရကောင်း ရင်ဆိုင်ရနိုင်ပါတယ် ... ဆန့်ကျင်ဘက် အနေနဲ့ လွတ်လပ်မှုကို လိုလားသူတွေမို့ ကတိပေးရမှာ ကြောက်တတ်တဲ့ အမျိုးအစားထဲ ပါဝင်ပြီး ... အတည်အတံ့ ကိစ္စရပ်များကို အတော်လေး အချိန်ယူ စဉ်းစားတတ်သူများ ဖြစ်ကြကာ လက်တွဲဖော်ရဲ့ ခံစားချက်များကို လစ်လျူရှုထားနိုင်သူများလဲ ဖြစ်ကြပါတယ် ... သူတို့ လိုချင်တာတွေက Flexibility ပြောင်းလွယ် ပြင်လွယ်ရှိတာ, စွန့်စားရတာနဲ့ ရိုးသားခြင်းတို့ပဲ ဖြစ်ပါတယ် ... ♑️ 𝗖𝗮𝗽𝗿𝗶𝗰𝗼𝗿𝗻 လက်တွဲဖော်တွေက သူတို့ Partner ရဲ့ လိုအပ်ချက် လိုအင်ဆန္ဒတွေကို ဖြည့်စည်းပေးဖို့ ကြိုးစားကြသလို အတူတကွ စိတ်ချမ်းသာ ပျော်ရွှင်ရေးကို ဉီးစားပေးကြပါတယ် ... ဆန့်ကျင်ဘက် အနေနဲ့ သူတို့ဟာ အလုပ်ကြိုးစားကြသူများ ဖြစ်ကြလို့ ခံစားချက်ပိုင်းဆိုင်ရာမှာ အေးစက်စက် ဖြစ်နေတတ်တယ်ပါတယ် ... Relationship ထက် Career အပိုင်းကို ပိုပြီး ဉီးစားပေးတတ်သူများမို့ ခံစားချက်တွေကို လစ်လျူရှုထားတတ်တဲ့ သူမျိုးတွေပါ ... သူတို့ လိုချင်တာကတော့ တည်ငြိမ် တည်မြဲမှု, အပြန်အလှန်လေးစားမှုနဲ့ ကတိကဝတ်တွေပါပဲ ... ♒️ 𝗔𝗾𝘂𝗮𝗿𝗶𝘂𝘀 လက်တွဲဖော်တွေက ရိုးသားပြီး မှန်ကန်တာကို သဘောကျသူတွေမို့ ဖြောင့်မတ်သူတွေ ဖြစ်ကြပါတယ် ... ပွင့်လင်းမြင်သာမှုနဲ့ အမှန်တရားကို ချစ်မြတ်နိုးတဲ့ အတွက် သူတို့ Partner အပေါ်လဲ ရိုးသားမှုနဲ့ စစ်မှန်တဲ့ ခံစားချက်တွေကို ပေးလေ့ရှိပါတယ် ... ဆန့်ကျင်ဘက် အနေနဲ့ ခေါင်းမာတာ, အလျော့မပေးတာ, ပြောရဆိုရခက်တာနဲ့ ခန့်မှန်းရ ခက်တာမျိုး ဖြစ်နိုင်ပါတယ် ... သူတို့ လိုချင်တာတွေက လက်တွဲဖော်က ဉာဏ်ရည် မြင့်မားတာ, သူတို့ကို Inspiration ဖြစ်စေတာနဲ့ တစ်ခါတလေ Space လိုအပ်တာမျိုးတွေပါ ... ♓️ 𝗣𝗶𝘀𝗰𝗲𝘀 လက်တွဲဖော်တွေက ခံစားချက်တွေကို နားထောင်ပေးမည့် သူတွေပဲ ဖြစ်ပါတယ် ... ကိုယ်ချင်းစာတရား မြင့်မားကြသူတွေမို့ သူတို့ရဲ့ Partner ကို သက်တောင့် သက်သာ ရှိမှု, တန်ဖိုးထားမှုတို့ကို ပေးစွမ်းနိုင်ပါတယ် ... ဆန့်ကျင်ဘက် အနေနဲ့ သူတို့ဟာ Empathy ကနေ ကျော်လွန်ပြီး သူရဲကောင်းဆန်တာမျိုး ဖြစ်သွားကာ Relationship ထဲမှာ ပြသနာတွေ ဖန်တီးမိတတ်ပါတယ် ... ဒါ့အပြင် သူတို့ဟာ စိတ်ကူးယဉ် ကမ္ဘာထဲမှာ နေတတ်ကြလို့ ရင်ဆိုင် ဖြေရှင်းရမှာတွေကို မရင်ဆိုင်ပဲ လက်တွေ့ ကမ္ဘာကြီးကနေ ရှောင်ခွာနေတာမျိုးလဲ ဖြစ်နေတတ်ပါတယ် ... သူတို့ လိုချင်တာက Romantic ဆန်တာ, ဂရုဏာတရားနဲ့ Soul Connection တို့ပဲ ဖြစ်ပါတယ် ... 🍀 လိုအပ်လျှင် Coaching ယူပါ … Twinflame Coaching သီးသန့် ရှိပါတယ် … Have A Nice Day! 🩵🩵🩵 #မျိုးသီဟကျော် ~ #Randy ⭐️ Life & Relationship Coach ⭐️ Healer & Spiritual Guidance Please Don’t Copy … လွတ်လပ်စွာ ဝေမျှ ရှဲနိုင်ပါတယ် ခင်ဗျ …
681
7
Zodiac Signs တွေအရ Relationship တွေမှာ ... ♈️ 𝗔𝗿𝗶𝗲𝘀 လက်တွဲဖော်တွေက စွန့်စားရတာကို နှစ်သက်လို့ ... သင့်ကို Comfort Zone ထဲက အမြဲ ဆွဲထုတ်နေမှာပဲ ဖြစ်ပါတယ် ... အချိန်တိုင်း အသစ် အသစ်တွေ စမ်းကြည့်ဖို့ ... စိန်ခေါ်မှု အသစ်တွေကို ရင်ဆိုင်ကြည့်ဖို့ တိုက်တွန်းနေမှာပါ ... ဆန့်ကျင်ဘက် အနေနဲ့ စိတ်မရှည်တတ်တာ, အကျိုးသင့် အကြောင်းသင့် မစဉ်းစားပဲ လုပ်တတ်တာတွေရဲ့ နောက်ဆက်တွဲ ပြသနာတွေကြောင့် သင့်ကို စိတ်ရှုပ်ထွေးစေနိုင်ပါတယ် ... သူတို့ လိုချင်တာက လွတ်လပ်မှု, စိန်ခေါ်မှု အသစ် အသစ်တွေနဲ့ အမှီခိုကင်းကင်း နေချင်ကြတာပါပဲ ... ♉️ 𝗧𝗮𝘂𝗿𝘂𝘀 လက်တွဲဖော်တွေက သင့်ရဲ့ ခံစားချက်တွေ, အတွေးတွေကို နားထောင်ပေးနိုင်ပြီး သင့်ကို နားလည်ပေး, ကိုယ်ချင်းစားပေးနိုင်တဲ့ သူတွေပါပဲ ... သင့်ကို ခံစားချက်ပိုင်းဆိုင်ရာ သက်တောင့် သက်သာ ဖြစ်စေမှုကို ဖန်တီးပေးနိုင်ပါတယ် ... ဆန့်ကျင်ဘက် အနေနဲ့ ခေါင်းမာတာ, အလျော့မပေးတာ, ပြောရ ဆိုရ ခက်တာ, တစ်ခုခုကို ပြောင်းလဲရမှာ စိုးရိမ်တာ စတာတွေက သင့်ကို စိတ်ရှုပ်ထွေးစေနိုင်ပါတယ် ... သူတို့ လိုချင်တာက အေးချမ်းမှု, ပျော်ရွှင်မှု, မှီခိုအားထားရမှုတို့ပဲ ဖြစ်ပါတယ် ... ♊️ 𝗚𝗲𝗺𝗶𝗻𝗶 လက်တွဲဖော်တွေက တိုင်ပင်လို့ ဆွေးနွေးလို့ ကောင်းပြီး သင့်ကို အကြံကောင်းတွေလဲ ထုတ်ပေးတတ်ပါတယ် ... ဆန့်ကျင်ဘက် အနေနဲ့ သူတို့တွေဟာ အပြောသာများပြီး လက်တွေ့မပါလာတဲ့ အခါမျိုးတွေလဲ ရှိတတ်တာမို့ ကတိမတည်တာမျိုးတွေ ကြုံရနိုင်ပြီး မှီခိုအားထားလို့ မရတာမျိုးလဲ ဖြစ်နိုင်ပါတယ် ... သူတို့ လိုချင်တာက စကားပြောဖော်, အပြောင်းအလဲ အသစ်တွေနဲ့ ဘာကိုပဲ ဖြစ်ဖြစ် အလေးအနက် မထားပဲ ပေါ့ပေါ့ပါးပါးလေးနေချင်တာပဲ ဖြစ်ပါတယ် ... ♋️ 𝗖𝗮𝗻𝗰𝗲𝗿 လက်တွဲဖော်တွေက သင့်ကို ကောင်းစွာ စောင့်ရှောက်ပေးပြီး Supportive ဖြစ်ကြပါတယ် ... သင့်ကို Motivation လဲ ပေးနိုင်သလို Grow ဖြစ်ဖို့ တိုးတတ်ဖို့ အပြင် ရုပ်ပိုင်းဆိုင်ရာ အရရော, စိတ်ပိုင်းဆိုင်ရာ အရပါ ပါ ပံ့ပိုးမှုများ အားပေးမှုများ ပြုလုပ်ပေးနိုင်ပါတယ် ... ဆန့်ကျင်ဘက် အနေနဲ့ အစွဲအလမ်းကြီးခြင်း, ခံစားချက် ပြင်းထန်လွန်းခြင်း, စိတ်ပိုင်းဆိုင်ရာ မှီခိုလွန်းအားကြီးခြင်းတို့ကြောင့် ထိလွယ် ရှလွယ် ဖြစ်တဲ့ ပြသနာတွေနဲ့ ရင်ဆိုင်ရကာ သင့်ကို စိတ်ရှုပ်ထွေးစေနိုင်ပါတယ် ... သူတို့ လိုချင်တာက စိတ်ပိုင်းဆိုင်ရာ လုံခြုံစိတ်ချမှုနဲ့ ကိုယ်ချင်းစာတရားတို့ပဲ ဖြစ်ပါတယ် ... ♌️ 𝗟𝗲𝗼 လက်တွဲဖော်တွေက သင့်ကို သူတို့ရဲ့ ကမ္ဘာကြီး ဖြစ်ကြောင်း ခံစားရစေမှာပဲ ဖြစ်ပါတယ် ... သူတို့ဟာ သစ္စာရှိသူ ချစ်တတ်သူတွေ ဖြစ်သည့် အလျောက် သူတို့ရဲ့ လက်တွဲဖော်တွေကို တန်ဖိုးထားတတ်ကြပါတယ် ... ဆန့်ကျင်ဘက် အနေနဲ့ သူတို့ဟာ မာနကြီးသူများ ဖြစ်ကြလို့ အထက်စီးဆန်တာ, သူတို့ကို လေးစားသမှု ရှိကြောင်းကို လိုအပ်တာမျိုးနဲ့ လွှမ်းမိုးချင်တာမျိုးတွေလည်း ဖြစ်တတ်ကြပါတယ် ... သူတို့ လိုချင်တာက သူတို့ကို အာရုံစိုက်တာ, ချစ်ခင်နှစ်သက်တာနဲ့ သူတို့ကို စိတ်အပန်းပြေစေနိုင်တာမျိုးကို လိုချင်ကြပါတယ် ... ♍️ 𝗩𝗶𝗿𝗴𝗼 လက်တွဲဖော်တွေက သင့်ကို ခက်ခဲတဲ့ အချိန်တွေမှာ Support လုပ်ပေးတာ, ဝိုင်းဝန်း စဉ်းစား အကြံထုတ်ပေးတာမျိုးတွေ လုပ်ပေးပြီး သင့်ရဲ့ အကောင်းဆုံး Version ကို မြင်ချင်သူတွေမို့ ကိုယ့် ဘဝကို အတူတူ စီမံခန့်ခွဲတာမျိုးတွေ လုပ်ပေးတတ်ပါတယ် ... ဆန့်ကျင်ဘက် အနေနဲ့ သူတို့ဟာ အသေးစိတ် အာရုံစိုက်တတ်တဲ့ အကျင့်ကြောင့် အလွန်အကျွံ ‌ဝေဖန် အကဲဖြတ်လွန်းတာ, နေရာတကာ အပြစ်တင် ထောက်ပြတတ်တာ တွေနဲ့ ရင်ဆိုင်ရကာ သင့်ကို စိတ်ရှုပ်ထွေးစေနိုင်ပါတယ် ... သူတို့ လိုချင်တာက စိတ်ရှည် သည်းခံမှု, ဂရုစိုက်မှု, သူတို့နဲ့ တန်းတူ တွေးခေါ် ကြံစနိုင်တို့ပဲ ဖြစ်ပါတယ် ... #MyoThihaKyaw ♎️ 𝗟𝗶𝗯𝗿𝗮 လက်တွဲဖော်တွေက သင့်ရဲ့ အားနည်းချက်တွေကို အားသာချက်တွေ ဖြစ်လာအောင် ကူညီ ထောက်ပံ့ပေးနိုင်ပါတယ် ... သူတို့တွေဟာ သူ့ဘက် ကိုယ့်ဘက် မျှတတဲ့ ဘက်မှ မြင်တတ် ကြည့်တတ်ကြပြီး သာတာ နာတာတွေ သိပ်မတွက်ပဲ တန်းတူညီမျှ အနေအထားကို နှစ်သက်ကြသူတွေပါ ... ဆန့်ကျင်ဘက် အနေနဲ့ သူတို့ရဲ့ ဟန်ချက်ညီမှုကို လိုလားတဲ့ ခံယူချက်ကြောင့် ပဋိပက္ခတွေကို ကြိုတင်ရှောင်ရှားတတ်တဲ့ အကျင့်နဲ့ ပြတ်သားတဲ့ စိတ်ဓါတ်ပိုင်ရှင်များ ဖြစ်သွားတတ်ပါတယ် ... သူတို့ လိုချင်တာက အပေးအယူမျှတာ, အတူတူ ပူးပေါင်းဆောင်ရွက်တာ, မျက်စိပသာဒ ဖြစ်စရာလေးတွေပဲ ဖြစ်ပါတယ် ... ♏️ 𝗦𝗰𝗼𝗿𝗽𝗶𝗼 လက်တွဲဖော်တွေက သင့်ကို ကာကွယ်ပေးဖို့နဲ့ Favor ပေးတတ်တဲ့ အလေ့အကျင့်လေးတွေ ရှိပါတယ် ... ဒါ့ကြောင့် သူတို့နဲ့ ဆိုရင် လုံခြုံစိတ်ချရမှုနဲ့ အလေးအနက်ထားတဲ့ ချစ်ခြင်းမေတ္တာတရားကို ခံစားနိုင်မှာပဲ ဖြစ်ပါတယ် ... ဆန့်ကျင်ဘက် အနေနဲ့ သူတို့ ချစ်တဲ့ သူကို ပိုင်ဆိုင်လိုစိတ် ပြင်းပြတာ, သူများလက်ထဲ ပါသွားမှာ စိုးရိမ်လွန်းတာ, သံသယ များတာ, Control လုပ်လွန်းတာ, လက်တွဲဖော်နဲ့ ပတ်သက်ပြီး မနာလို ဝန်တိုမှု ပြသနာတွေ ဖန်တီးတာမျိုးတွေ ဖြစ်နိုင်ပါတယ် ... သူတို့ လိုချင်တာက အလေးအနက်ထားမှု, ခံစားချက် ပြင်းထန်မှုနဲ့ ယုံကြည်မှုတို့ပဲ ဖြစ်ပါတယ် ...
577
8
တစ်ချိန်က ကိုယ့်ကို ဒဏ်ရာ ရစေနိုင်ခဲ့တဲ့ အရာတွေက ကိုယ့်ကို ပိုပြီး သန်မာလာစေခဲ့တယ်။ ဆိုတာတွေကို မြင်လာ သိလာ လို့ပါပဲ။ ပြီးတော့ ကုစားလိုက်နိုင်တယ် ဆိုတာက လူ အသစ်တစ်ယောက် ဖြစ်သွားအောင် လုပ်လိုက်နိုင်တာလဲ မဟုတ်ပါဘူး။ အကြောင်းကြောင်းကြောင့် တိမ်မြုပ်နေခဲ့တဲ့ ကိုယ့်ရဲ့ Version ကို ပြန်လည် ဖော်ထုတ် နိုင်လိုက်တာပဲ ဖြစ်ပါတယ်။ တစ်ချိန်က အကြောက်တရားတွေ၊ နာကျင်မှုတွေ၊ ငြင်းပယ် ခံရမှုတွေနဲ့ စိတ်ပျက်စရာတွေဟာ ကိုယ့်ကိုယ်ကို “ ငါဟာ မပြည့်စုံတဲ့ သူ၊ မထိုက်တန်တဲ့ သူ” လို့ မ သတ်မှတ်နိုင်ဘူး ဆိုတာကို သေသေချာချာ နားလည်သွားပြီး ကိုယ့်ရဲ့ မူလ ပထမ အစ စစ်မှန်တဲ့ မိမိ Authentic စီကို ပြန်လည် ရောက်ရှိ သွားတာပဲ ဖြစ်ပါတယ်။ ကုစားခြင်းရဲ့ တကယ့် စံနှုန်းက သင် ဘယ်လောက် ထပ်ပြီး ပြီးပြည့်စုံ သွားတာလဲ ဆိုတာ မဟုတ်ပါပဲ သင် ဘယ်လောက်ထိ ငြိမ်းချမ်းလာလဲ ဘယ်လောက်ထိ ကိုယ့်ကိုယ်ကို လက်ခံလာလဲ ဆိုတာတွေပါပဲ။ တစ်ချိန်က ကိုယ့်ကို ရိုက်ခတ်ခဲ့တဲ့ မုန်တိုင်းတွေဟာ အခုချိန်မှာ မိုးတိမ်တောင်လေးတွေ အဖြစ် ကိုယ့်ကို ဖြတ်သန်း သွားရုံပဲ ဆိုတာ သိ နားလည် စေလာတာပါပဲ။ အဲ့ဒီလို သတိထားမိလာပြီ ဆိုရင်တော့ ကိုယ်ဟာ ပြန်လည် သက်သာလာပြီ၊ အဲ့ဒီ အချိန်ကနေ ကိုယ်ဟာ လွတ်မြောက်လာပြီ Healing ဖြစ်လာပြီ ဆိုတာကို သိလိုက်ရတဲ့ အချိန်ပဲ ဖြစ်ပါတော့တယ်။ 🍀 လိုအပ်လျှင် #Coaching ယူပါ … #Twinflame Coaching သီးသန့် ရှိပါတယ် … Have A Nice Day! 🩵🩵🩵 #မျိုးသီဟကျော် ~ #Randy ⭐️ Life & Relationship Coach ⭐️ Healer & Spiritual Guidance Please Don’t Copy … လွတ်လပ်စွာ ဝေမျှ ရှဲနိုင်ပါတယ် ခင်ဗျ …
605
9
အတော်များများ အထင်မှားနေကြတာက Healing ဖြစ်သွားတယ် ဆိုတာ ဒီလူက ပြီးပြည့်စုံ Perfect ဖြစ်သွားတယ်လို့ ထင်နေကြတာပါပဲ။ လူ တွေက Heal ဖြစ်သွားတယ် ဆိုရင် ဝမ်း မနည်း တတ်တော့တာ၊ ဒေါသ မထွက် တတ်တော့တာ၊ နာကျင်မှု မရှိတော့တာ၊ ဘယ်တော့မှ စိတ်ပိုင်း ဆိုင်ရာကို အရမ်းကြီး Struggle မလုပ်ရတော့တာလို့ ထင်နေတတ်ကြတာပါ။ တကယ်တော့ ကုစားခြင်း Healing ဆိုတာ ခံစားချက်တွေ ကင်းမဲ့သွားတာ မဟုတ်ပါဘူး။ ဘာပဲ ကြုံရ ကြုံရ မိမိ စိတ်ထဲမှာ အရမ်းကြီး စိတ် အနှောက်ယှက် မရှိတော့ပဲ ငြိမ်းအေးမှု Inner Peace ကို ပို ရရှိလာတာပဲ ဖြစ်ပါတယ်။ တစ်ချိန်က ကိုယ့်ရဲ့ ခံစားချက်တွေကို ချုပ်ကိုင် နိုင်ခဲ့တဲ့ အရာတွေက ကိုယ့်ရဲ့ ဘဝကို နောက်ထပ် ထပ်ပြီး မချုပ်ကိုင် နိုင်တော့တဲ့ အခါ သင်ဟာ စိတ်ဒဏ်ရာ တွေကနေ ပြန်ပြီး သက်သာလာနေပြီ ဆိုတာ သိရှိနိုင်ပါတယ်။ ဉပမာ တစ်ချိန်က ကိုယ့်ကို ညဘက်တွေမှာ အိပ်မပျော်အောင် လုပ်နိုင်ခဲ့တဲ့ အရာတွေက အခုတော့ သာမာန် အမြင်တစ်ခုသာ ဖြစ်သွားတာမျိုး၊ တစ်ချိန်က ကိုယ့်ရဲ့ ယုံကြည်မှုတွေကိ ရိုက်ချိုးခဲ့တဲ့ ငြင်းပယ် ခံရမှုတွေဟာ အခုတော့ လမ်းကြောင်း အသစ်စီကို ပို့ပေးလိုက်တယ် ဆိုတာကို သေသေချာချာ သိလိုက်ရတဲ့ အခါမျိုး၊ တစ်ချိန်က ကိုယ့်ရဲ့ ရင်ဘတ်ထဲမှာ ရုန်းရင်း ဆန်ခတ် ဖြစ်စေခဲ့တဲ့ အခြေအနေတွေဟာ အခုတော့ သတိမူစရာ Awareness မျှသာ ဖြစ်သွားခဲ့တဲ့ အခါမျိုး တွေပါ။ ပြီးတော့ ကုစားခြင်း ဆိုတာက ကိုယ့်ကိုယ်ကို လုံးဝ ပြောင်းလဲ လိုက်တာ မဟုတ်သလို ကိုယ့်ပတ်ဝန်းကျင် ကမ္ဘာကြီးကိုလဲ ပြောင်းလဲ လိုက်တာ မဟုတ်ရပါဘူး။ အဲ့ဒီ ကမ္ဘာကြီးနဲ့ ကိုယ့်ကြားမှာ ရှိတဲ့ ဆက်ဆံရေး Relationship ကိုသာ ပြောင်းလဲ လိုက်နိုင်တာ ဖြစ်ပါတယ်။ ပြန်လည် သက်သာလာခြင်း Healing ရဲ့ အဓိက လက္ခဏာ တစ်ခုကတော့ တိတ်ဆိတ်ခြင်းဟာလဲ လုံခြုံ စိတ်ချ ငြိမ်းအေးမှုတွေနဲ့ ပြည့်ဝလို့ နေတယ်လို့ ယုံကြည်လာနိုင်ခြင်းပါပဲ။ လူအများစုက တိတ်ဆိတ်နေခြင်းတွေကို ကြောက်ရွံ နေမိ တတ်ကြ ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ တိတ်ဆိတ်နေခြင်းက မိမိကိုယ် မိမိ ပြန်လည် ရင်ဆိုင်နိုင်ဖို့ တွန်းအား ပေးနေသလို ခံစားနေရလို့ပါ။ ဒါ့ကြောင့် လူ အတော်များများက အချိန်တိုင်းကို ဆူညံသံ Noise တစ်ခု မဟုတ် တစ်ခုကို ဖန်တီးထားမိ နေတတ် ကြပါတယ်။ အာရုံလွှဲစရာတွေ ဖြစ်တဲ့ အလုပ်တွေ၊ စာအုပ်တွေ၊ လူထူထပ်တဲ့ နေရာတွေ၊ Social Media တွေ၊ ရှုပ်ထွေးမှုတွေနဲ့ အသားကျ ပျော်ရွှင် နေတတ် ကြပါတယ်။ ဒါပေမဲ့ Healing ဖြစ်လာတဲ့ လူတစ်ယောက်ကတော့ တိတ်ဆိတ် ငြိမ်သက်ခြင်းတွေ ကြားထဲမှာ ငြိမ်ငြိမ်လေး ထိုင်ပြီး နှလုံးသားထဲမှာတင် နွေးထွေး အေးချမ်းစွာ နေထိုင်တတ် လာပါတယ်။ ဒါ့အပြင် နောက်ထပ် Healing ဖြစ်လာတဲ့ လက္ခဏာ တစ်ခုကတော့ မိမိတို့ရဲ့ တန်ဖိုး Self Worth ကို လိုက်လံ သက်သေပြ နေတာမျိုးတွေ ကနေ ရပ်တန့် လိုက်တာပါပဲ။ ကိုယ့် တန်ဖိုးကို မမြင်နိုင်တဲ့ သူတွေ စီကနေ အသိအမှတ် ပြုမှုတွေကို ရရှိနိုင်ဖို့ ထပ်ပြီး မရုန်းကန် မကြိုးစားကြတော့ဘူး။ လူတိုင်းကို လိုက်လံ မရှင်းပြနေတော့ဘူး။ အများရဲ့ လက်ခံမှုကို ရရှိဖို့ ဟန်ဆောင်နေတာမျိုးတွေကိုလဲ ထပ်ပြီး မလုပ်တော့ဘူး။ #MyoThihaKyaw လူတွေရဲ့ အာရုံစိုက်မှု ကြားထဲ မပြေးလွှား နေတော့သလို ကိုယ့်ရဲ့ စိတ် ဝိဉာဉ် နှလုံးသားဟာလဲ တိတ်ဆိတ်မှုတွေကြားထဲ ရုန်းကန် လှုပ်ရှား ယောက်ယက်ခတ် မနေတော့ပါဘူး။ ကိုယ့်ရဲ့ တန်ဖိုး Self Worth ဆိုတာက အပင်ပန်းခံ ရှာဖွေရမယ့် အရာ မဟုတ်ပါပဲ အစကတည်းက ကိုယ့်စီမှာ စွဲစွဲမြဲမြဲ ရှိနေခဲ့တဲ့ အရာဆိုတာကို သေသေချာချာ သဘောပေါက် နားလည် လာတာမျိုးပါ။ ပြီးတော့ ကုစားခြင်း Healing ဆိုတာက ရှုပ်ထွေးမှုတွေ ကြားထဲ ရုန်းရင်း ဆန်ခတ် ဖြစ်မှု အခြေအနေတွေကနေ ရုန်းထွက်ပြီး တည်ငြိမ် အေးချမ်းခြင်းကို ရွေးချယ်ခြင်းလဲ ဖြစ်ပါတယ်။ ဘဝ အတွက် ဒရမ်မာ Drama တွေက ရင်ခုန် စိတ်လှုပ်ရှားစရာ ကောင်းတာ မှန်ပေမဲ့ ငြိမ်းအေးမှု ကတော့ ပိုပြီး စွမ်းအားကြီး သာလွန်‌ ကောင်းမွန်တာကို သိလာတာပါ။ တကယ်တော့ Healing ဖြစ်လာတဲ့ လူတစ်ယောက်ဟာ ကိုယ် ကိုယ်တိုင်ရဲ့ အတ္တ Ego ကို ကာကွယ်ဖို့ အတွက် ရုန်းကန် မနေတော့ပဲ ကိုယ့်ရဲ့ စွမ်းအင် Energy ကိုသာ ပို ကောင်းဖို့၊ ပို တည်ငြိမ်ဖို့ သေသေချာချာလေး စောင့်ရှောက်တတ် လာပါလိမ့်မယ်။ အငြင်းပွားနေမယ့် အစား နားလည်ပေး ဖို့ကို ရွေးချယ် တတ်လာလိမ့်မယ်။ မကျေနပ်ချက်တွေ ထားမယ့် အစား အတိုင်းအတာ Boundaries တွေ သတ်မှတ်ဖို့ ရွေးချယ် တတ်လာမယ်။ ကလဲ့စားချေဖို့ ကြိုးစားမယ့် အစား ကြီးထွား ရင့်ကျက်ဖို့ ပိုပြီး ရွေးချယ် တတ်လာပါလိမ့်မယ်။ အကြီးမားဆုံးသော ပြောင်းလဲမှုက ကိုယ့်ကို ဆွပေးသလို ဖြစ်နေတဲ့ ကိုယ့်ရဲ့ Trigger တွေကို … ကိုယ့်အပေါ်မှာ လွှမ်းမိုး ချုပ်ကိုင် နိုင်သူ အဖြစ် မထားတော့ပဲ ကိုယ့်ကို သင်ပေးစရာ ရှိတဲ့ ဆရာတစ်ယောက်လိုပဲ သဘောထား တတ်လာပါလိမ့်မယ်။ ဘာလို့လဲ ဆိုတော့ တစ်ချိန်က ကိုယ့်ကို ဒေါသထွက်အောင် ဆွပေးခဲ့တဲ့ အရာတွေက ကိုယ့် အကြောင်းကိုယ် ပိုသိအောင် လုပ်ပေးနိုင်ခဲ့တယ်။ တစ်ချိန်က ကိုယ့်ကို နှောက်ယှက်ပေးနိုင်ခဲ့ ဆုံးသော အရာတွေက ကိုယ်ကို သင်ခန်းစာတွေ ပေးနိုင်ခဲ့တယ်။
565
10
Social Media ကိုပဲ ကြည့်ပြီး လူတွေကို အားမကျပါနဲ့ … Social Media မှာ လူတွေက သူတို့ ဘယ်လောက် အောင်မြင်ကြောင်း … အလုပ်တွေ ဘယ်လောက် လုပ်နိုင်ကြောင်း … ကြည့်ကောင်းကြောင်း … အချစ်ခံရကြောင်း … အစရှိတဲ့ ကောင်းတဲ့ Stories တွေကိုပဲ တောက်လျောက် ပြောပြနေပါလိမ့်မယ် … တကယ်တမ်း ဒီ Stories တွေရဲ့ နောက်ကွယ်က Behind the Scenes တွေမှာ အားလုံးဟာ အကောင်း အဆိုး လောကဓံတွေကို ဆင်းရဲ ချမ်းသာ မရွေး ရင်ဆိုင်နေရတာချည်းပါပဲ … ဒါပေမဲ့ Social Media မှာ ပြထားတဲ့ တစ်ကွက်စာ ပုံတွေ စာတွေကိုပဲ ကြည့်ပြီး သူတို့ ဘဝကတော့ ပျော်စရာကောင်းလိုက်တာ… အားကျစရာကောင်းလိုက်တာ ဆိုပြီး ကိုယ့်ကိုယ်ကို Not Enough ပြသနာကို ဖြစ်စေပါတယ် … #MyoThihaKyaw ~ Randy ဒီ ပုံပြင်တွေက … ငါကတော့ သူတို့လောက် ပျော်စရာမကောင်းဘူး … ငါကတော့ သူတို့လောက် မတော်ဘူး … ငါကတော့ သူတို့လောက် မပြီးပြည့်စုံဘူး … ငါကတော့ သူတို့လောက် အချစ်မခံရဘူး … ငါကတော့ သူတို့လောက် အောင်မြင်အောင် မလုပ်နိုင်ဘူး … ငါကတော့ သူတို့လောက် … … ဗလာ ဗလာ …. စသည်ဖြင့် …. ကိုယ့်ကိုယ်ကို အတွင်းထဲမှာ … ပြန်ပြောနေတဲ့ Not Good Enough အသံတွေကို ကြားရစေနိုင်ပါတယ် … ဒါတွေက ကိုယ့်ရဲ့ အေးချမ်းမှုနဲ့ ငြိမ်းချမ်းမှုကို ပျက်ပြားစေပါတယ် … ဒါ့ကြောင့် Just Focus On Yourself ကိုယ့်ကိုယ်ကို အာရုံစိုက် တာပဲ ကောင်းပါတယ် … 🍀 လိုအပ်လျှင် #Coaching ယူပါ … #Twinflame Coaching သီးသန့် ရှိပါတယ် … Have A Nice Day! 🩵🩵🩵 #မျိုးသီဟကျော် ~ #Randy ⭐️ Life & Relationship Coach ⭐️ Healer & Spiritual Guidance Please Don’t Copy … လွတ်လပ်စွာ ဝေမျှ ရှဲနိုင်ပါတယ် …
621
11
ဒီတော့ Narcissism တွေရဲ့ ပစ်မှတ် သားကောင်တွေကတော့ စိတ်ကောင်းရှိပြီး ကိုယ်ချင်းစာတရား မြင့်မားတဲ့ သူတွေ အလိုလို ဖြစ်လာကြတာပါပဲ … သူတို့အတွက် အသုံးဝင်တဲ့ လူတွေကိုလဲ သူတို့ ဘေးနားက ခွာမရအောင် နည်းမျိုးစုံနဲ့ ဆွဲထားနိုင်တာ ဖြစ်ပြီး ... သူတို့ ကစားနည်း တစ်ခုက တဖက်လူကို နာကျင်အောင် လုပ်ပြီးတိုင်း သူတို့ မှားကြောင်း ဝန်ခံတာမျိုး ... အနူးညွတ် တောင်းပန်တာမျိုး အပြင် ကယ်တင်ရှင်ပုံစံနဲ့ ပြန်လည် ချည်းကပ်နိုင်ကြတာပါပဲ ... Relationship တွေမှာ သူတို့နဲ့ ပြသနာ ကြီးကြီးမားမား ရှိခဲ့ရင်တောင် ... ပတ်ဝန်းကျင် အသိုင်းအဝိုင်းက လူတွေ အမြင်မှာ သူတို့ မမှားကြောင်း လက်ခံလာအောင် စည်းရုံး သိမ်းသွင်း နေထိုင် နိုင်စွမ်း ရှိကြလို့ သူတို့ အမှားက ဖုံးကွယ်သွားပြီး ... နောက်ဆုံး ကိုယ့်အလွန်နဲ့ အမှားဖြစ်ကြောင်းသာ ထင်မြင်သွားအောင်လဲ လုပ်ဆောင်တတ်ကြပါတယ် ... သတိထားရမှာက ... သူတို့ကို စကားနိုင်လုဖို့ ... ဒီလို လူ အမျိုးအစားပါလို့ စွပ်စွဲဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး ... သူတို့က ဝန်ခံမှာ မဟုတ်သလို ကိုယ့်ထက် အရမ်း ပါးနပ်ပြီး Smart ဖြစ်လို့ ကိုယ်က စကားကို နိုင်အောင် ပြောနိုင်မှာ မဟုတ်ပါဘူး ... ဒါ့အပြင် သူတို့ အလိုမကျရင် ကလဲ့စားခြေ လက်တုန့်ပြန်တတ်တဲ့ လူ အမျိုးအစားလဲ ဖြစ်တာမို့ သူတို့ကို Narcissistic ပါလို့ စွပ်စွဲလိုက်တာဟာ ကိုယ့်ကို အငြိုးတေးထားစရာ ဖြစ်လာပါလိမ့်မယ် ... ဒါ့ကြောင့် သူတို့တွေနဲ့ ဆက်ဆံတဲ့ အခါ ပါးနပ်ဖို့ လိုပါတယ် ... ဒါ့ကြောင့် မန်းရှင်းခေါ်တာမျိုး ... စွပ်စွဲလိုက်တာမျိုး လုံးဝ မလုပ်ပါနဲ့ ... 🍀 လိုအပ်လျှင် #Coaching ယူပါ … #Twinflame Coaching သီးသန့် ရှိပါတယ် … Have A Nice Day! 🩵🩵🩵 #မျိုးသီဟကျော် ~ #Randy ⭐️ Life & Relationship Coach ⭐️ Healer & #Spiritual Guidance Please Don’t Copy … လွတ်လပ်စွာ ဝေမျှ ရှဲနိုင်ပါတယ် ခင်ဗျ … #repost #psychology #awareness
658
12
Relationship တွေမှာ ဒါမှမဟုတ် မိသားစုဝင်ထဲမှာ Narcissism ပါလာတဲ့ အခါ … မိဘက ( or ) သားသမီးက Narcissism ဖြစ်နေတဲ့ အခါ … သူတို့က ကိုယ့်ကို အနုနည်း အကြမ်းနည်းနဲ့ Mentally & Physically … Manipulate လုပ်တာကို ကြုံရနိုင်ပြီး မိမိတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ Well Being ကို များစွာ အနှောက်ယှက်ဖြစ် ထိခိုက်စေနိုင်ပါတယ် … သူတို့ရဲ့ အပြုအမူ အပြောအဆို လုပ်ရပ်တွေကြောင့် Mental Issues တွေ ဖြစ်တဲ့ ကိုယ့်ကိုယ်ကို ယုံကြည်ချက် မရှိတော့တာ … Self Esteem ကျဆင်းလာတာ … ဘဝက အဓိပ္ပါယ်မဲ့လာတာ … ကိုယ့်ကိုယ်ကို ပျောက်ဆုံးလာတာမျိုးတွေကို ဦးတည်လာစေနိုင်ပါတယ် … Narcissistic အကြောင်းကို ဗဟုသုတ အနေနဲ့ Just Sharing ပုံစံမျိုးလောက်ပဲ ပေါ့ပေါ့ပါးပါးလေး ရေးပေးချင်ပါတယ် ... ဘာလို့လဲ ဆိုရင် ဒီအကြောင်းအရာက အရမ်းကို ကျယ်ပြန့် နက်နဲပြီး Narcissistic တွေရဲ့ အပြုအမူ ပုံစံတွေက အရမ်းကို ရှုပ်ထွေးလွန်းလို့ပါ ... အလွယ်ပြောရရင် Narcissistic ဆိုတာ ပုံမှန်ထက် အရမ်း အတ္တကြီး တကိုယ်ကောင်းဆန် ဘဝင် သမားတွေလို့ ပြောလို့ ရပါတယ် ... ဒီ Narcissistic Disorder အစွန်းရောက် အတ္တကြီး ရောဂါ လက္ခဏာတွေက ပုံစံကွဲတွေ မျိုးစုံ ရှိပြီး Degree အနိမ့်အမြင့် အနည်းအများတွေလဲ ရှိသေးတာမို့ ကျွမ်းကျင်တဲ့ စိတ်ရောဂါကု ဆရာဝန်တွေမှသာ ဒီ နာဆစ်စစ်ရောဂါကို အမည်တပ်ပေးနိုင်မှာ အတိအကျ ပြောပေးနိုင်မှာပဲ ဖြစ်ပါတယ် ... Narcissistic သမားတွေက များသောအားဖြင့် ... ကိုယ့်ကိုယ်ကို ယုံကြည်မှု လွန်ကဲနေတတ်ကြပြီး … သူတို့သာ အရေးကြီးတယ် ... သူတို့ကမှ ပိုပြီး ဘေး လူတွေထက် သာလွန်တယ်လို့ ခံယူကြတယ် ... အထင်ကြီး ခံလိုစိတ် အပြည့်အဝရှိကြတယ် ... သူတို့က သာကြောင်း တော်ကြောင်း ကိုလဲ ချဲ့ကားပြီး ပြောတတ်ကြပါသေးတယ် ... သာမာန်ထက် လွန်ကဲပြီး Self Center ဖြစ်လွန်းတယ်ပေါ့ ... အဲဒီလို စိတ်ကြောင့်ပဲ အတ္တကြီးလွန်းပြီး သူတို့ ပတ်ဝန်းကျင်က လူတွေ ကိစ္စရပ်တွေကို အရာရာ Control လုပ် ချင်ကြပါတယ် … Power အာဏာကိုလဲ လိုချင်ကြတယ် ... သူတို့ကပဲ ဉီးစီး ဉီးဆောင် ပြုရတာကို ပိုပြီး နှစ်သက် လိုလားကြပါတယ် ... ကိုယ်ချင်းစာတရား အားနည်းကာ တစ်ဖက်လူရဲ့ စိတ်ခံစားချက် လိုအင်ဆန္ဒတွေကို လစ်လျူရှုထားနိုင်စွမ်း အားကောင်းပြီး သူတို့ရဲ့ ခံစားချက်နဲ့ လိုအင်ဆန္ဒတွေကိုပဲ ဉီးစားပေး ရှေ့တန်းတင်လေ့ ရှိကြပါတယ် ... အထက်စီးနဲ့ ဆက်ဆံလေ့ ရှိကြသလို အသာစီးရမှ ကြေနပ်လေ့ ရှိတဲ့ သဘာဝလဲ ရှိကြပါတယ် ... တကယ်တမ်းက သူတို့ဟာ Self Esteem အားနည်းကြသူတွေ ဖြစ်ပြီး အရင်က Trauma Base စိတ်ဒဏ်ရာ အခံတွေနဲ့ တုန့်ပြန်နေကြတာပဲ ဖြစ်ပါတယ် … သူတို့တွေကတော့ သူတို့မှာ အားနည်းချက် ဟာကွက် မရှိဘူးလို့ မသိစိတ်ထဲထိ ခံယူလိုက်မိကြပြီး မသိစိတ်ကနေ အစ … အထက်စီးက တုန့်ပြန်နေတာပဲ ဖြစ်ပါတယ် … သူတို့တွေဟာ ရုပ်ပိုင်းဆိုင်ရာ တိုးတတ်မှု အောင်မြင်မှုတွေကို ဉီးစားပေး အလေးထားကြပါတယ် ... ဒါ့အပြင် သူတို့ဟာ ဉာဏ်ရည်သွေး မြင့်မားတတ်ပြီး ဖြတ်ထိုးဉာဏ်ကောင်းကြသလို သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ပုံပန်းသဏ္ဍာန်ကို ပုံမှန်ထက် ပြုပြုပြင်ပြင် နေထိုင်တတ်ကြလို့ သူတို့ဟာ Smart ဖြစ်ပြီ ဆွဲဆောင်မှု ရှိကြပါတယ် ... သူတို့တွေဟာ ကြိုးစားမှု စွမ်းဆောင်ရည် မြင့်မားသူတွေ ဖြစ်သလို Achievement တွေကိုလဲ ကောင်းကောင်း လုပ်ပြနိုင်စွမ်းရှိကြပါတယ် ... သူတို့နဲ့ Level တူ အဆင့်တန်း တူသူတွေနဲ့သာ ပေါင်းသင်းလိုစိတ် ရှိကြပြီး သူတို့ဘေးက လူတွေထက် တစ်ဆင့် မြင့်ကြောင်း သာကြောင်းလဲ အရမ်းပြလိုစိတ် ရှိကြပါတယ် ... #MyoThihaKyaw ~ Randy မကောင်းတာက အခြားသူတွေထဲက အခွင့်အရေးယူဖို့ ... တဖက်လူကို သူတို့ ကိုယ်ကျိုးအတွက်ပဲ အသုံးချဖို့ ... သူတို့ရဲ့ လိုအင်တွေကို ဖြည့်စီးပေးနိုင်ဖို့ အတွက်သာ ဉီးစားပေးပြီး လူတွေကို အပေါင်းအသင်းလုပ်လေ့ ရှိကြပါတယ် ... အခြားသူများထံမှ ဂရုစိုက်မှု အသိမှတ်ပြုမှုတွေကို သူတို့က ခံလိုကြပါတယ် ... မနာလို ဝန်တိုစိတ် များကာ အငြိုးအတေးထားတတ်ပြီး သူတို့ မကြေနပ်တဲ့ အခါ ... လက်တုန့်ပြန်လိုက်ရမှ စိတ်ကြေနပ်တာမျိုး လက်စားခြေလိုက်ရမှ နေသာထိုင်သာ ရှိတာမျိုး ဖြစ်ကြပါတယ် ... သူတို့ဟာ လောကမှာ ဘာလုပ်လုပ် ဘာပြောပြော အမှန်ဆုံး လူသား အတော်ဆုံး သူတွေပဲ ဖြစ်ကြတယ်လို့ ခံယူထားပါတယ် ... အကြောင်းကိစ္စရပ်တိုင်းမှာ သူတို့ဟာ ဘယ်တော့မှ မမှားတာ ဖြစ်တဲ့အတွက် အမြဲတမ်း တဖက်လူရဲ့ အမှား ... တစ်ဖက်လူအပေါ်မှာ အပြစ်ပုံချတာ ... တစ်ဖက်လူ လုပ်သမျှဟာ အပြစ်တွေ ဖြစ်နေတာ စတာမျိုးတွေလုပ်ပြီး တစ်ဖက်လူရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှု Self Confidence ကို ကျလာအောင် ... Self Esteem ကို ကျဆင်းလာအောင် လုပ်တတ်ပါသေးတယ် ... သူတို့ အတော်ဆုံးကတော့ သူတို့ အလိုရှိတာကို ရဖို့ ... သူတို့ အကျိုးအမြတ် ရဖို့ တစ်ဖက်လူကို အနုနည်း အကြမ်းနည်း မျိုးစုံသုံးပြီး Manipulate လုပ်ကာ သူတို့အလိုရှိရာတွေကို လိုလိုလားလား လုပ်ပေးလာနိုင်အောင် ဆွဲဆောင်နိုင်စွမ်း ရှိကြတာပါပဲ ...
618
13
မိမိ စိတ်ကို အမြဲ Remind လုပ်သင့်သည့် အရာများ … 🔹 Stress တွေလျော့ချဖို့ အကောင်းဆုံး နည်းလမ်းက ကိုယ်ထိန်းချုပ်လို့ မရတဲ့ အရာများကို Accept လုပ်လိုက်ပါ။ 🔹 အတိတ်က ဖြစ်ပြီးတဲ့ ကိစ္စတွေနဲ့ ပတ်သတ်လို့ ဘယ်တော့မှ ပြန်ပြီး အပြစ်ရှိနေတယ်လို့ မခံစားပါနဲ့။ 🔹 ဘဝရဲ့ အချိန်တိုင်း၊ စက္ကန့်တိုင်းကို Enjoy ဖြစ်အောင် နေပါ။ 🔹 ကိုယ့်ကို စိတ်ခံစားမှု ဖြစ်စေလွန်းတဲ့ နေရာနှင့် ကိုယ့်စိတ်ခံစားမှု ဘာမှ မရရှိနိုင်တဲ့ နေရာ ကြား အလယ်လတ်ဖြစ်တဲ့ နေရာမှာပဲ နေပါ။ 🔹 ခံစားချက် တစ်ခုကို ဖြစ်စေ၊ အခြေနေ တစ်ရပ်ကို ဖြစ်စေ၊ လူတစ်ယောက်ကို ဖြစ်စေ အရမ်း လေးလံလာပြီ ဆိုရင်တော့ လွှတ်ချလိုက်ပါ။ ~ Myo Thiha Kyaw ~ Randy ~ 🔹 ကိုယ်လုပ်နိုင်သလောက် များများလုပ်ပါ။ ကိုယ်သွားနိုင်သလောက် မြင့်မြင့်ပျံသန်းပါ။ 🔹 ဘဝဆိုတာ ရုတ်တရက် ခွဲခွာ နှုတ်ဆက်ခြင်းတွေနဲ့လဲ ပြည့်နှက်နေတတ်ပါတယ်။ ထွက်သွားခွင့် ပြုလိုက်ပါ။ 🔹 စကားဝိုင်း တစ်ခုက၊ အလုပ်တစ်ခုက၊ Relationship တစ်ခုက၊ ပတ်ဝန်းကျင် တစ်ခုက ဘယ်အချိန်မှာ လှည့်ထွက်ခဲ့ရမယ်၊ နောက်ဆုတ်ခဲ့ရမယ်၊ အဆုံးသတ်လိုက်ရမယ်ဆိုတာကိုလဲ သိနေပါစေ။ 🔹 ကိုယ့်အတွက် Toxic Relationship တွေကို အဆုံးသတ်သွားမှာ မကြောက်ပါနှင့်။ 🔹 ကိုယ့်ပတ်ဝန်းကျင်က လူတွေရဲ့ အကြိုက်ကို ကျေနပ်အောင် လိုက်လုပ်ပေးရင်းနဲ့ ကိုယ့်ကိုယ်ကို ပျောက်ဆုံးသွားမှာ၊ ကိုယ်လုပ်ချင်တာတွေ မလုပ်ရတော့မှာကို စိုးရိမ်ရမှာပါ။ 🍀 လိုအပ်လျှင် Coaching ယူပါ … Twinflame Coaching သီးသန့် ရှိပါတယ် … Have A Nice Day! 🩵🩵🩵 မျိုးသီဟကျော် ~ Randy ⭐️ Life & Relationship Coach ⭐️ Healer & Spiritual Guidance Please Don’t Copy … လွတ်လပ်စွာ ဝေမျှ ရှဲနိုင်ပါတယ် …
599
14
တစ်ခါတလေကျတော့ အဲ့ဒီ ကာကွယ်မှုကပဲ ပြန်ပြီး ကိုယ့်ကိုယ်ကို ပိတ်မိ နေစေတဲ့ အကျဉ်းထောင်ထဲ ရောက်နေ သလိုမျိုး ဖြစ်စေ ပြန်ပါတယ်။ အပြည့်အဝ ချစ်လဲ မချစ်ပေးနိုင်၊ ကိုယ့်ကိုယ်ကိုလဲ ဘာမှ မကာကွယ်နိုင်နဲ့ အလယ်မှာ ကန့်လန့်ကြီး ဖြစ်နေတတ်ပါတယ်။ အမှန်တရား တစ်ခုကတော့ အဓိပ္ပါယ် ရှိတဲ့ ချစ်ခြင်းတရားနဲ့ ဆက်ဆံရေးတွေ အားလုံးက လောကကြီးထဲကို မရရာ မသေချာမှုတွေ သယ်ဆောင် လာပေးတာပါပဲ။ ဘယ်သူကမှ ထာဝရ ရှိနေပေးမယ်လို့ အာမ မခံနိုင်ကြဘူး။ ရှင်ကွဲ ရှိတယ်။ ‌ေ-သကွဲ ရှိတယ်။ လူတွေဟာ ပြောင်းလဲ တတ်ကြတယ်။ အခြေအနေတွေက ပြောင်းလဲ နေတတ်တယ်။ ဘဝကြီး ကိုယ်တိုင် ကလဲ အပြောင်းအလဲတွေ ရှိနေ ပြန်ပါတယ်။ ဒါပေမဲ့ အားလုံးက အာမ ခံချက် လိုတယ်။ သေချာ ချင်တယ်။ မနာကျင် ချင်ကြဘူး။ ဒုက္ခတွေ မခံစားချင် ကြပါဘူး။ တကယ်တမ်း အချစ်ကတော့ ခံစားချက်တွေကို ပိုပြီး များများ မွေးဖွားပေးဖို့နဲ့ အတွေ့အကြုံ အသစ်တွေကို ပိုပြီး ရရှိလာနိုင်စေဖို့ အသက်သက်ပဲ ဖြစ်ပါတော့တယ်။ 🍀 လိုအပ်လျှင် Coaching ယူပါ … Twinflame Coaching သီးသန့် ရှိပါတယ် … Have A Nice Day! 🩵🩵🩵 #မျိုးသီဟကျော် ~ #Randy ⭐️ Life & Relationship Coach ⭐️ Healer & Spiritual Guidance Please Don’t Copy … လွတ်လပ်စွာ ဝေမျှ ရှဲနိုင်ပါတယ် ခင်ဗျ …
748
15
စ ချစ်ထဲက ရှုံးပြီးသား … သိသိရက်နဲ့ ချစ်မိခဲ့တာပဲ … ဆိုတဲ့ သီချင်းစာသားက တကယ်တော့ အရမ်း မှန်တယ်။ အချစ် ဆိုတာ “ ‌ေ-သနတ် တစ်လက်ကို ကျည် အပြည့် ဖြည့် မောင်း တင် ပေးပြီး တစ်ဖက်လူ လက်ထဲကို ထည့် ပေးပြီး ကာမှ ကိုယ့်ကိုတော့ ပြန် မပစ်လောက်ပါဘူးလို့ မျက်ကန်း ယုံကြည် နေတာမျိုးပဲ။ “ Psychoanalysis ဂုရုကြီး Sigmund Freud ကတော့ … “ ကျွန်တော်တို့ ချစ်မိသွားတဲ့ အခါ နာကျင်မှုနဲ့ ဆင်းရဲ ဒုက္ခ ဝေဒနာတွေ အပေါ်မှာ မတွန်းလှန် မကာကွယ် နိုင်လောက်အောင် အကာအကွယ် မဲ့သွားတဲ့ အချိန်မျိုး ဖြစ်သွားတတ်ကြပါတယ်။ ကိုယ် ချစ်ရတဲ့ သူကို ဆုံးရှုံး လိုက်ရတဲ့ အခါ ဒါမှ မဟုတ် အဲ့ဒီ လူစီက ရခဲ့တဲ့ အချစ်ကို ဆုံးရှုံး လိုက်ရတဲ့ အခါမျိုး တွေမှာ … ကျွန်တော်တို့ အားလုံးဟာ ကူရာကယ်ရာ မဲ့သလို ခံစားရကာ အဆိုးဝါးဆုံး စိတ် ဆင်းရဲမှု ဒဏ်ကို ခံစားရတတ်ပြီး မပျော်ကြတော့ပါဘူး။ “ တဲ့ … တကယ်တော့ အချစ် ဆိုတာ ဘဝရဲ့ အကြီးမြတ်ဆုံးသော လက်ဆောင်တွေထဲက တစ်ခု ဖြစ်သလို တစ်ချိန်ထဲမှာပဲ အချစ်ဟာ ဘဝရဲ့ အကြီးမားဆုံးသော စွန့်စားမှု Risks တွေထဲက တစ်ခုလဲ ဖြစ်နေ ပြန်ပါတယ်။ ကျွန်တော်တို့ဟာ တစ်စုံတစ်ယောက်ကို ချစ်မိသွားတဲ့ အခါ တခြား ဘယ်သူမှ မရောက်ရှိ နိုင်တဲ့ ကျွန်တော်တို့ရဲ့ စိတ် ဝိဉာဉ်ရဲ့ အနက်ရှိုင်းဆုံး နေရာတွေ စီကို … အခြားသူကို အလွယ်တကူ ဝင်ရောက်ခွင့် ရအောင် တံခါးကို ကိုယ်တိုင် ဖွင့်ပေးလိုက် သလို မျိုးပါပဲ။ ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်တွေကို သူတို့ အပေါ်မှာ သွားထား မိတတ်ကြတယ်။ ကျွန်တော်တို့ရဲ့ အိမ်မက်တွေထဲ သူတို့ကို ဝင်ခွင့်ပေးလိုက်ကြတယ်။ ကျွန်တော်တို့ရဲ့ ကြောက်ရွံ့မှုတွေနဲ့ အလိုအပ် ဆုံးသော စိတ် ခံစားချက်ရဲ့ အနက်ရှိုင်းဆုံး အပိုင်းတွေ အထိ သူတို့ကို ပြပေး လိုက်မိ ကြပါတယ်။ အချစ်က နှလုံးသားကို ပွင့်ဟ စေပါတယ်။ ဒါပေမဲ့ ပွင့်ဟနေတဲ့ နှလုံးသားကလဲ ဒဏ်ရာ ရလွယ် နေတတ် ပြန်ပါတယ်။ ဒါတွေဟာ စိတ်ပညာရှင် ဂုရုကြီး Sigmund Freud က အချစ်နဲ့ ပတ်သက်ပြီး ထောက်ပြ ပေးချင် ခဲ့တဲ့ အချက်တွေပါပဲ။ ချစ်မိ လေလေ ဒဏ်ရာ ရလွယ် လေလေ၊ ချစ်တတ် လေလေ အကာကွယ်မဲ့ Defenseless ဖြစ်လာ လေလေ၊ ပိုပြီး နာကျင် လွယ်လာ လေလေ ပါပဲ။ လူ အတော်များများက ခံစားချက်တွေကို ကာကွယ်ဖို့ အတွက် နှစ်ပေါင်းများစွာ တံတိုင်းတွေ တည်ဆောက် ခဲ့တတ် ကြပါတယ်။ စိတ်ပျက် ရတာတွေ၊ ငြင်းပယ် ခံရတာတွေ၊ နာကျင်မှုတွေ စီကနေ ကိုယ့် ခံစားချက်တွေကို ကာကွယ်နိုင်ဖို့ အတွက် တစ်သက်လုံး အများကြီး လေ့လာ သင်ယူ ခဲ့ကြ ရပါတယ်။ ဒီလိုကနေ အားလုံးဟာ သန်မာ လာကြတယ်။ အမှီအခို ကင်းလာကြတယ်။ ကိုယ့် ခြေထောက်ပေါ် ကိုယ် ရပ်တည် နိုင်လာကြတယ်။ ဒါပေမဲ့ အချစ် ရောက်ရှိလာတဲ့ အခါမှာတော့ လူတစ်ယောက် စီမှာ အဲ့ဒီ ကာကွယ်ထားတဲ့ တံတိုင်းတွေ အားလုံးဟာ အလိုလို ပြိုကျ ပျက်စီး သွားပါတော့တယ်။ ဘာလိုလဲ ဆိုတော့ အချစ်က လူတစ်ယောက်ကို သူ့ အလိုလို ယုံကြည်ပေးဖို့ တောင်းဆိုတယ်။ အချစ်က လူတစ်ယောက်ကို အလိုလို မျှော်လင့်ချက်ထားဖို့ တောင်းဆိုနေတယ်။ အချစ်က လူတစ်ယောက်ကို အလိုလို အလေးနက် တန်ဖိုးထားဖို့ တောင်းဆို နေတတ်လို့ပါပဲ။ #MyoThihaKyaw ~ Randy ဒီတော့ အချစ်က ဘာလုပ်လဲ ဆိုရင် အဲ့ဒီ တစ်သက်လုံး ကိုယ့်ကိုယ်ကို ကာကွယ်ထားတဲ့ နံရံ တံတိုင်းကြီးကို ဖြိုချ ပစ် ပေး လိုက်တာပါပဲ။ ချစ် ချင်တာကိုး။ လူတစ်ယောက်ကို မယုံရင် ဘယ်လိုမှ ချစ်လို့ မရဘူး။ ချစ်နေပြီ ဆိုရင်လဲ ဘယ်သူတွေ ဘယ်လောက်ပဲ မယုံခိုင်း နေပါစေ ပစ်ပြီး ယုံကြတာပဲလေ။ ပြီးတော့မှ ကျွန်တော် တို့ဟာ ပိုပြီး ယုံကြည်မိလေ ပို နာကျင်ရလေ၊ ပိုပြီး မျှော်လင့်မိလေ ပို ခံစားရလေ၊ ပိုပြီး တန်ဖိုးထားမိလေ ပို စိတ် ပျက်စရာတွေ ကြုံလာ ရလေ ဖြစ်လာတော့ တာပါပဲ။ ဘာလို့လဲ ဆိုတော့ ပို အလေးအနက် ထားလို့သာ ပိုပြီး နာကျင်မှု ဒုက္ခ ဝေဒနာကို ခံစားကြရတာပါ။ ဒါ့ကြောင့် လူတစ်ယောက်ကို ချစ်မိလို့ အရမ်း နာကျင် ကြရတယ် ဒါမှမဟုတ် အသဲတွေ ကွဲကြ ရတယ် ဆိုတာက မှားယွင်းတဲ့ ချစ်ခြင်းတရားလို့ ဖွင့်ဆိုလို့ မရပါဘူး။ ချစ်မိတာ ကိုယ့် အမှားလဲ မဟုတ်ရပါဘူး။ တကယ့်ကို လူတစ်ယောက် အပေါ် အချစ်စစ် အချစ်မှန်နဲ့ ချစ်ပေးခဲ့တယ် ဆိုတာ ထင်ရှားတဲ့ သက်သေ တစ်ခု သက်သက် ပါပဲ။ တကယ်လို့ ဘယ်တုန်းကမှ အချစ်ကြောင့် မနာကျင် ခဲ့ရ ဖူးဘူး၊ အသဲ မကွဲ ခဲ့ရဖူးဘူး ဆိုမှသာ နှလုံးသားကို တကယ် အပြည့်အဝ ဖွင့်ပြီး မချစ်ဖူး သေးဘူးလို့ပဲ ပြောရမှာပါ။ ယနေ့ ခေတ် လူ အများစုက နာကျင်မှုတွေကို ကာကွယ်နိုင်ဖို့ အတွက် သံယောဇဉ် တွယ်ငြိမှုကို ကြိုတင်ပြီး ရှောင်ကျဉ်ထားဖို့ အရင်ဆုံး ကြိုးစားတတ် ကြပါတယ်။ အတော်များများ စိတ်အတွင်းထဲမှာ ကိုယ့်ကိုယ်ကို ပြန်ပြောနေ ကြတာက “ ငါ ဘယ်သူကိုမှ မလိုအပ်ဘူး “။ အခြား လူတစ်ယောက်ရဲ့ ခံစားချက်တွေနဲ့ ဝေးနိုင်သမျှ ဝေးဝေး နေနိုင်ရင် ငါဟာ လုံခြုံနေတယ်လို့ ထင်နေ တတ် ကြတာပါပဲ။ ခပ်ခွာခွာ နေတယ် ဆိုတာနဲ့ ကိုယ်ဟာ အချစ်က လွတ်မြောက်သွားတာ မဟုတ်ပါဘူး။ ကိုယ်ဟာ ကာကွယ်နေခြင်း သက်သက်ပဲ ဖြစ်ပါတယ်။ ပြီးတော့ အချစ်ဟာ မမျှော်လင့်တဲ့ အချိန်တွေမှာ တွေ့ရ တတ်တာမို့ ကာကွယ်နေလို့ မထူးပါဘူး။
642
16
ကိုယ့်ရဲ့ Energy တွေကို ထပ်ကာ ထပ်ကာ ခိုးယူနေတဲ့ အရာတွေကို ရှောင်ပါ ... ဘာလို့လဲ ဆိုရင် ကိုယ့်ရဲ့ Energy ဟာ ကိုယ့်ဘဝရဲ့ အရာရာ ဖြစ်လို့ပါပဲ ... အခြားအရာတွေ, လူတွေက ခိုးယူသွားတာကို ကိုယ်က ခံနေရသမျှ ကာလပတ်လုံး အဆင်မပြေမှုတွေကို ကြုံနေရမှာလဲ ဖြစ်နေလို့ပါ ... Randy တို့ရဲ့ ပျော်ရွှင်မှုတွေ, ရည်မှန်းချက် ပန်းတိုင်တွေကို လျောက်လှမ်းနိုင်ဖို့ ကိုယ့်မှာ ရှိတဲ့ ကိုယ့်ရဲ့ ကိုယ်ပိုင် Energy တွေကို မြှင့်တင်ထားရမှာပဲ ဖြစ်ပါတယ် ... ဘဝမှာ ကိုယ့်ဘေးမှာ ရှိတဲ့ တချို့သော အရာတွေ, လူတွေက ကိုယ့်ရဲ့ စွမ်းအင်တွေကို အရမ်း လျော့ကျ ပျက်စီးစေပါတယ် ... သူတို့က စုပ်ယူသွားလိုက် ကိုယ်က ကိုယ့်ကိုယ်ကို ထပ်ဖြည့်လိုက်နဲ့ သံသရာ လည်နေပြီး ရှေ့ကို မရောက်နိုင်တော့ပါဘူး ... ကိုယ်တိုင်က Energy ဖြည့်တင်းတဲ့ Exercises တွေ Activities တွေ လုပ်နေပေမဲ့ ကိုယ့်ထဲက နုတ်ယူသွားမည့် အရာတွေ, လူတွေကို ဘေးမှာ ထားနေရင်တော့ ဘာမှ ထူးမနေပါဘူး ... ကျွန်တော်တို့ Low Energy တွေနဲ့ ကိုယ့်ကိုယ်ကို Run နေတဲ့ အခါ ခံစားချက် မကောင်းတာ, မပျော်တော့တာ, ကိုယ့်စီကနေ ထပ်ပြီး နောက်ထပ် Low Vibe တွေကို ထုတ်နေမိတာတွေ ဖြစ်တတ်ပြီး ဒါတွေကိုပဲ Repeatedly Attract လုပ်မိနေတတ်ပါတယ် ... ဒီတော့ ကိုယ် မလိုချင်တာတွေ ထပ်ကာ ထပ်ကာ ရောက်လာတော့တာပါပဲ ... ဒါ့ကြောင့် ကိုယ့် Energy တွေကို ကျဆင်းစေတဲ့ အရာတွေကို ရှာဖွေပါ ... ~ Myo Thiha Kyaw ~ ဉပမာ ... ကျန်းမာရေးနဲ့ မညီညတ်တဲ့ အစားအသောက်တွေ, အချိန်လုံလောက် ပြည့်ဝအောင် မအိပ်စက်နိုင်တာတွေ, ဆေးဝါး အရက် စတာတွေ, ကဖိန်းဓါတ် အလွန်အကျွံဖြစ်တာနဲ့ သကြားအလွန်အကျွံစားမိတာတွေ, Negativity တွေ, ဆိုးဝါးတဲ့ သတင်း Media တွေ … မပြတ်သားတဲ့ ရည်မှန်းချက် ပန်းတိုင်တွေ, ကိုယ့် Value နဲ့ လုံးဝ မကိုက်ညီတဲ့ လူတွေ … အစရှိတဲ့ ကိုယ့်ကို Energy ကျဆင်းစေတဲ့ အရာတွေကို ရှာဖွေပြီး ပထမဉီးစွာ လျော့ချတာ, နောက်ပိုင်းမှာ လုံးဝ ရှောင်ကြဉ်တာမျိုးတွေကို လုပ်ရမှာပဲ ဖြစ်ပါတယ် ... ဒါတွေကို Energy Vampires တွေလို့ ခေါ်ပါတယ် ... ဒီအထဲမှာမှ လုပ်ဖော်ကိုင်ဖက်, မိတ်တွေ သူငယ်ချင်း, Relationship နဲ့ မိသားစုဝင်ထဲက လူတွေလဲ ပါဝင်နိုင်ပါတယ် ... ရှောင်နိုင်သမျှ ရှောင်နိုင်တာတော့ အကောင်းဆုံးပါပဲ ... တခါတလေ အဲ့ဒီအမျိုးအစား မိဘတို့ သားသမီးတို့ တစ်အိမ်ထဲ အတူနေကြရတဲ့ အခါ Boundary လေးတွေနဲ့ ခပ်ခွာခွာ ခပ်ကင်းကင်း နေနိုင်ရင်တော့ ပိုကောင်းပါတယ် ... ဒါဟာ တကိုယ်ကောင်းဆန်လွန်းတယ်လို့ မတွေးပဲ ... Self Love အတွက် လုပ်သင့် လုပ်ထိုက်တာကို အလယ်အလတ် လမ်းစဉ်နဲ့ Unconditional Love ပြန်လည် ရယူလိုမှု မပါတဲ့ မေတ္တာတရား, ဂရုဏာတရား, ဉပက္ခာတရားတို့နဲ့ ယှဉ်တွဲကာ လုပ်ပေးပါလို့ပဲ အကြံပေးချင်ပါတယ် ... ကိုယ့်ကို Energy ကျဆင်းစေတာတွေက ဘာတွေလဲ? စရင်းပြုစုကြည့်ပြီး အဲ့ဒီအရာတွေ အတွက် အကောင်းဆုံး ဘယ်လို ကိုင်တွယ်ဖြေရှင်းပြီး ကိုယ် ဘာတွေကို အကောင်းဆုံး လုပ်ဆောင်မှာလဲ? ဒီအကြောင်းရာတွေ ထဲမှာ မကောင်းတဲ့ ကိုယ့်ရဲ့ ခံစားချက်တွေ, အတွေးတွေ, ခံယူချက်တွေ, အပြောတွေ, အလုပ်တွေလဲ ပါ ပါတယ် … ကိုယ့်ကြောင့် ကိုယ် Energy Drain တာဆိုရင်လဲ .. မကောင်းတာတွေကို Let Go လုပ်ပါ … 🍀 လိုအပ်လျှင် Coaching ယူပါ … Twinflame Coaching သီးသန့် ရှိပါတယ် … Have A Nice Day! 🩵🩵🩵 မျိုးသီဟကျော် ~ Randy ⭐️ Life & Relationship Coach ⭐️ Healer & Spiritual Guidance Please Don’t Copy … လွတ်လပ်စွာ ဝေမျှ ရှဲနိုင်ပါတယ် …
756
17
စိတ်ဝင်စားသူများ Comment မှ ဖြစ်စေ Messenger မှ ဖြစ်စေ SL ဟု စာရိုက်ပြီး စုံစမ်းမေးမြန်းလို့ ရပါတယ် … ကိုယ်ချစ်ခင်ရတဲ့ Spiritual ကို စိတ်ဝင်စားတဲ့ သူတွေကိုလဲ လက်ဆောင် ဝယ်ပေးလို့ ရပါတယ် ခင်ဗျ … 🍀 လိုအပ်လျှင် Coaching ယူပါ … Twinflame Coaching သီးသန့် ရှိပါတယ် … Have A Nice Day! 🩵🩵🩵 #မျိုးသီဟကျော် ~ #Randy ⭐️ Life & Relationship Coach ⭐️ Healer & Spiritual Guidance Please Don’t Copy … လွတ်လပ်စွာ ဝေမျှ ရှဲနိုင်ပါတယ် ခင်ဗျ …
797
18
Manifestation နဲ့ ဘဝမှာ ဒီထက်ပိုပြီး အဆင်ပြေစေဖို့ ... Next Level ကို မှန်ကန်တဲ့ Wisdom နဲ့ အတူ သက်တောင့် သက်သာ သွားနိုင်ဖို့ ... Manifestation ရလဒ်တွေ လျှင်လျှင်မြန်မြန် ဆွဲဆောင်နိုင်ဖို့ Law of Attraction တစ်ခုထဲကိုပဲ အသုံးပြုနေတော့မှာလား ? ☯️ Unlock Your Potential with Spiritual and Universal Law … Spiritual လမ်းကြောင်းအပေါ်မှာ ဘဝကို ဒီထက် ပိုပြီး အဓိပ္ပါယ် ပြည့်ပြည့်ဝဝနဲ့ ရှင်သန်နိုင်ဖို့ ... ကြုံလာရတဲ့ လောကဓံ Challenge တွေကို အကြောင်း အကျိုးနားလည်ပြီး ပူလောင်နေတာတွေကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်ဖို့ ... စိတ်မကြေနပ်မှု Satisfy မဖြစ်တာတွေကနေ Shift လုပ်နိုင်ဖို့ ... စိတ်ဖိစီးမှုတွေကို ကိုင်တွယ်နိုင်ပြီး မိမိတို့ရဲ့ ရည်ရွယ်ချက်, ဆန္ဒ, အေးချမ်းမှု, ပျော်ရွှင်မှုနဲ့ အနှစ်သာရ ရှိမှုတွေကို ဟန်ချက်ညီညီ ပျိုးထောင်နိုင်မည့် စကြာဝဠာ နိယာမ ၁၂ ခု 12 Law of Universe နှင့် အကြောင်း အကျိုး နိယာမ ၁၂ ခု 12 Law of Karma တစ်ခုချင်းစီ အပြင် ... အေးချမ်း တည်ငြိမ်စွာနဲ့ မိမိတို့ သတ်မှတ်ထားတဲ့ ဘဝအောင်မြင်မှုတွေကို ဖော်ဆောင်နိုင်မည့် စိတ်ဝိဉာဉ်ပိုင်းဆိုင်ရာ အောင်မြင်မှု နိယာမ ၇ ခု 7 Law of Spiritual Success တို့ကို တစ်ခုချင်းစီ အသေးစိတ် အနှစ်ချုပ် ဖတ်ရှုရမည့် Article Telegram Paid Group ကို Offer လုပ်ပေးပါ့မယ် ... All about Spiritual and Universal Law … Paid Article Group ထဲမှာ လက်တွေ့ လိုက်နာ ကျင့်ကြံရမည့် Practice တွေလဲ ပါရှိပါတယ် … အနှစ်ချုပ် စာမြည်း အနေနဲ့ ... ☯️ Law of Divine Oneness … အရာအားလုံးက အချိတ်ဆက် မိမိ တည်ရှိနေကြတာပါ ... ဘဝရဲ့ တစ်နေရာမှာ ဟန်ချက်ပျက်ရင် အခြားနေရာတွေမှာပါ လိုက်ပြီး ဟန်ချက်ပျက်သလို ... ကမ္ဘာပေါ်မှာ ရှိတဲ့ သက်ရှိ သက်မဲ့ အရာဝတ္တု အားလုံးဟာ ချိတ်ဆက်နေတာမို့ တစ်နေရာမှာ အခက်ခဲ ဒုက္ခတွေကြုံနေရရင် ... အခြားနေရာတွေ, အကြောင်းအရာ‌တွေကိုပါ လိုက်ပြီး သက်ရောက်မှု ရှိပါတယ် ... ဒီ နိယာမဟာ Randy တို့နဲ့ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိတဲ့ ကမ္ဘာကြီးရဲ့ အရာအားလုံးဟာ ချိတ်ဆက်နေတယ် ဆိုတာကို နားလည်စေမှာပဲ ဖြစ်ပါတယ် ... ☯️ Law of Vibration … အရာအားလုံးဟာ Energy ဖြစ်တာမို့ သက်ရှိ သက်မဲ့ အရာဝတ္တုတိုင်းမှာ ကိုယ်ပိုင် Frequency နဲ့ Vibration တွေရှိပါတယ် ... ကိုယ်က Negative ခံစားချက်တွေနဲ့ အတွေးအခေါ် အပြုအမူတွေက Lower Frequency ဖြစ်နေရင် ကိုယ်ရဲ့ Vibration ‌တွေကြောင့် ... ကိုယ့်စီကို Negative တွေပဲ ထပ်ကာ ထပ်ကာ ဆွဲဆောင်နေမှာမို့ … ကိုယ့်က အေးချမ်းမှု, ပျော်ရွှင်မှု, မေတ္တာတရား, ဂရုဏာတရား, ကျေးဇူးတရားတို့နဲ့ နေထိုင်ကာ Positive Energy တွေကို Attract လုပ်လို့ရပါတယ် ... ☯️ Law of Attraction … Energy တူရာ တူရာ ဆွဲဆောင်တာမို့ ... ကိုယ် အလိုရှိတဲ့ အရာတွေ, ကောင်းမွန်တဲ့ အရာတွေ, Positive Energy တွေကိုပဲ ပိုပြီး အာရုံစိုက်စေချင်ပါတယ် ... ကိုယ့်မှာ မရှိတာတွေ, အဆင်မပြေတာတွေ, ချို့တဲ့တာတွေကို အာရုံစိုက်မိပြီး စိတ်ပျက်နေတာမျိုး မလုပ်ရပါဘူး ... ကိုယ် အလိုရှိတဲ့ အရာတွေ, ချစ်ခြင်းတရားတွေ, အောင်မြင်မှုတွေနဲ့လဲ ကိုယ်ဟာ ထိုက်တန်ပါတယ်ဆိုတာ နက်နက်နဲနဲ ယုံကြည်ဖို့ လိုအပ်ပါတယ် ... ☯️ Law of Companion … ကိုယ်ပေးတာ ကိုယ်ပြန်ရမှာပါ ... ကိုယ်က အများအပေါ်မှာ မေတ္တာတရား, ဂရုဏာတရား, Positive Energy တွေ များများပေးနိုင်လေ ကိုယ်က ဒီအရာတွေကို ဆပွားပြန်ရမှာ မလွဲမသွေပါပဲ ... ဒါ့ကြောင့် ကိုယ် အလိုရှိတဲ့ အရာတွေကိုလဲ တတ်နိုင်သလောက် အခြားသူတွေကို ဝေမျှပေးနိုင်ရမှာပဲ ဖြစ်ပါတယ် ... ဉပမာ အနေနဲ့ Money Energy ကောင်းဖို့ အတွက် ကိုယ်နိုင်သလောက် Happy Money ဝေမျှပေးတာမျိုးကို လုပ်ခြင်းအားဖြင့် More Money ကို Attract လုပ်နိုင်မှာပဲ ဖြစ်ပါတယ် ... စသည်ဖြင့် Universal Law, Spiritual Law, Karma Law စတာတွေကို Telegram တစ်ခုထဲမှာ Articles တွေ အနေနဲ့ ဖတ်ရှုရမှာပဲ ဖြစ်ပါတယ် ... ☸️ ဒီ Program ထဲမှာ Spiritual & Universal Laws တွေဖြစ်တဲ့ သဘာဝတရားရဲ့ ဉပဒေသ နိယာမ 31 ခုကို နားလည်လွယ်အောင် အနှစ်ချုပ်ပြီး Articles 21 ပုဒ်အနေနဲ့ Paid Telegram Group မှာ တင်ထားပေးပါတယ် ... ☸️ Randy တို့အားလုံးဟာ သဘာဝတရားရဲ့ နိယာမတွေကို လွန်ဆန်လို့ မရပါဘူး ... ယခု ဖော်ပြမည့် Law တွေကို ကိုယ်က မသိ နားမလည်ပဲ ဆန့်ကျင်ပြီး ကြိုးစားဆောင်ရွက်နေတာဟာ သဘာဝတရားကို ဆန့်ကျင်နေတာဖြစ်လို့ ဘဝ ခရီးလမ်းဟာ ပိုပြီး ခက်ခဲကြမ်းတမ်းတာ, ခရီး ထင်သလောက် မတွင်တာမျိုးတွေ ဖြစ်နိုင်ပါတယ် ... ☸️ ဒါ့ကြောင့် သဘာဝတရားရဲ့ အလုပ်လုပ်ပုံတွေကို သေသေချာချာ သိရှိ နားလည်ပြီး သဘာဝတရားရဲ့ ဉပဒေသအတိုင်း ဆောင်ရွက်မယ် ဆိုရင် မိမိတို့ရဲ့ ဘဝ ခရီးလမ်းတွေဟာ ပိုမို ချောမွေ့ လွယ်ကူလာတာ ... မိမိတို့ရဲ့ ပန်းတိုင်တွေကို လျှင်လျှင်မြန်မြန် လျှောက်လှမ်းနိုင်တာ ... Manifest တွေဟာ အလွယ်တကူ ပြည့်ဝလာတာ ... ဘဝကို အဓိပ္ပါယ် ရှိရှိ ပြည့်ပြည့်ဝဝ ပိုမို ဖြတ်သန်းလာနိုင်တာမျိုးတွေကို ရရှိနိုင်မှာပဲ ဖြစ်ပါတယ် ...
681
19
Self Worth ဆိုတာ မိမိကိုယ် မိမိ ဘယ်လောက်ထိ ကြွယ်ဝ ချမ်းသာတယ် ... ထိုက်တန်တယ် ဆိုတာကို သိတဲ့ နှလုံးသားက လာတဲ့ အသိပဲ ဖြစ်ပါတယ် ... Self Esteem လိုပဲ မိမိကိုယ် မိမိထားရှိတဲ့ တန်ဖိုး ဘယ်လောက်ထိ ခိုင်မာတယ် ဆိုတာကို လက်ခံ ယုံကြည်ထားတာပဲ ဖြစ်ပါတယ် ... Self Worth အားကောင်းတယ် ဆိုတာကို ... မိမိတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ပိုင်ဆိုင်မှုတွေနဲ့ မတိုင်းတာပါဘူး ... စိတ်ပိုင်းဆိုရာ ဘယ်လောက်ထိ မြင့်မား ချမ်းသာ ကြွယ်ဝ ခိုင်မာတယ် ဆိုတာမျိုးနဲ့ပဲ တိုင်းတာတာ ဖြစ်ပါတယ် ... Self Worth အားကောင်းဖို့ ဆိုရင် မိမိကိုယ် မိမိ မြင်တဲ့ အမြင် Self Image ကောင်းရပါမယ် ... ပြီးရင် မိမိကိုယ် မိမိ တန်ဖိုးထားမှု Self Esteem မြင့်မားဖို့ လိုပါတယ် ... ဒါ့အပြင် Self Respect ဖြစ်တဲ့ မိမိကိုယ် မိမိ လေးစားနိုင်မှု အပြည့်အဝ ရှိနေရမှာပါ ... Self Image နဲ့ ပတ်သက်ရင် အခြားသူတွေရဲ့ အထင်နဲ့ အမြင်ထက် ကိုယ့်ကို ပိုပြီး ဒုက္ခပေးနေတာက ကိုယ့်ကိုယ်ကို ထင်တဲ့ မြင်တဲ့ အမြင်က ပိုဆိုးနေတတ်တာပါ ... ကိုယ့်ရဲ့ နှလုံးသားထဲမှာ ဉီးနှောက်ထဲမှာ ... ကိုယ့်ကိုယ်ကိုယ် ပန်းချီကား တစ်ခု ဘယ်လိုဆွဲထားလဲ ဆိုတာ ပြန်စဉ်းစားကြည့်ပါ ... လှပနေတဲ့ ပန်းချီကားတစ်ခုလား ... မပြည့် မစုံနဲ့ ရှုပ်ထွေးနေတဲ့ ပန်းချီကား တစ်ချပ်လား ... တကယ်က ဘယ်လိုပဲ ဖြစ်ဖြစ် ကိုယ့်ပန်းချီကားလေးကို ကိုယ်ကြိုက်နေဖို့ပဲ လိုအပ်တာပါ ... လောကမှာ ဘယ်အရာမှ ပြီးပြည့်စုံတယ် ဆိုတာ မရှိဘူးလေ ... ~ Myo Thiha Kyaw ~ Randy ~ Self Esteem … အကြောင်း ပြောရရင်တော့ ... အဲ့ဒီ ကိုယ့်ရဲ့ ကိုယ်ပိုင် ပန်းချီကားလေးကို တန်ဖိုး ဘယ်လောက်ထားလဲ ဆိုတာမျိုးပေါ့ ... ကိုယ်ကမှ တန်ဖိုး မထားရင် ... အခြားသူကလဲ တန်ဖိုး ထားမှာ မဟုတ်ဖူးလေ ... ဒါ့ကြောင့် ကိုယ့်ကိုယ်ကို သတ်မှတ်တဲ့ တန်ဖိုး ကောင်းနေဖို့ ရေးကြီးတာပေါ့ ... ဒါ့အပြင် Self Esteem အားကောင်းတဲ့ သူတွေက ... ကိုယ့်ကိုယ်ကို အကျိုး မရှိစေတဲ့ အတွေးတွေ ... အပြောတွေ ... အလုပ်တွေလဲ မလုပ်သလို ... အခြားသူကို အကျိုး မရှိစေတဲ့ လုပ်ရပ်တွေကိုလဲ မလုပ်တတ်ကြပါဘူး ... ပြီးတော့ သူတို့က သူတို့ကိုယ် သူတို့ မြင်တဲ့ အမြင်လဲ ကောင်းသလို အခြားသူတွေ အပေါ် မြင်တဲ့ အမြင်လဲ ကောင်းကြတယ် ... ပတ်ဝန်းကျင်ကို မြင်တဲ့ အမြင်လဲ ကောင်းကြတာမို့ သူတို့ရဲ့ စဉ်းစားတွေးခေါ် လုပ်ကိုင်ပုံတွေက အပြုသဘော ဆောင်တဲ့ Positive ဘက်ကို အရမ်းရောက်ကြလို့ သူတို့ရဲ့ ရလဒ်တွေကလဲ အတော်လေး ကောင်းကြပါတယ် ... ဒီလို အပေါ်က အချက်တွေ ကောင်းလာပြီ ဆိုရင်တော့ မိမိကိုယ် မိမိ ယုံကြည်မှု အားကောင်းလာမယ် … လေးစားနိုင်မှု Self Respect က အလိုလို တိုးတတ်လာမှာပါ ... ဘယ်လို အခြေအနေမျိုးပဲ ဖြစ်ဖြစ် မိမိကိုယ်မိမိ အပြည့်အဝ လက်ခံနိုင်လာတာမျိုးကို တွေ့ရပါတယ် ... ပတ်ဝန်းကျင်က ဖြစ်ပျက်သမျှ ကြုံလာသမျှကိုလဲ Self Acceptance ရှိလာကြတယ် ... ဒီလို နှလုံးသွင်းမှုတွေ အတော်လေး ပြည့်စုံလာရင်တော့ ကိုယ့်ရဲ့ Soul က Self Worth ကို ခံစားလာရမှာပါ ... ပြင်ပက ကြွယ်ဝ ချမ်းသာမှုဆိုတာက မမြဲပါဘူး ... အတွင်းကလာတဲ့ စစ်မှန် ခိုင်မာတဲ့ နှလုံးသွင်းမှုမျိုးနဲ့ လက်ခံတတ်မှုတွေက မိမိကို ပိုပြီး More Abundance ဖြစ်စေပါတယ် ... 🍀 လိုအပ်လျှင် Coaching ယူပါ … Twinflame Coaching သီးသန့် ရှိပါတယ် … Have A Nice Day! 🩵🩵🩵 မျိုးသီဟကျော် ~ Randy ⭐️ Life & Relationship Coach ⭐️ Healer & Spiritual Guidance Please Don’t Copy … လွတ်လပ်စွာ ဝေမျှ ရှဲနိုင်ပါတယ် …
847
20
သဘာဝမှာ ရှိတဲ့ အရာအားလုံးကို သတိထားပြီး ကြည့်ကြည့်လိုက်ပါ ... အားစိုက်ထုတ်စရာ မလိုတဲ့ သဘော သဘာဝ တရားတွေကို တွေ့ရပါလိမ့်မယ် ... မြက်တွေဟာ ကြီးထွားဖို့ ကြိုးစားစရာ မလိုပဲ ကြီးထွားလာကြပါတယ် ... ပန်းတွေဟာ ပွင့်ဖို့ မကြိုးစားပဲ ပွင့်လန်းကြပါတယ် ... ငှက်တွေဟာလဲ ပျံသန်းဖို့ကို ခက်ခက်ခဲခဲ ကြိုးစားရတာ မဟုတ်ပဲ ပျံသန်းနိုင်ကြပါတယ် ... နေရဲ့ သဘာဝကိုက တောက်ပဖို့ ... ကြယ်ရဲ့ သဘာဝကိုက လင်းလက်ဖို့ ... ကမ္ဘာကြီးဟာလဲ သူ့ရဲ့ ဝန်ရိုးပေါ်မှာ သက်တောင့် သက်သာ လွယ်လွယ်ကူကူ လည်ပတ်နိုင်ကြပါတယ် ... အရမ်းကြီး ကြိုးစား အားထုတ်စရာ မလိုကြပါဘူး ... လူသားတွေရဲ့ သဘောတရားကလဲ မိမိတို့ရဲ့ အိမ်မက်တွေကို လက်တွေ့ဖြစ်လာအောင် လွယ်လွယ်ကူကူ သက်တောင့် သက်သာနဲ့ Manifest လုပ်နိုင်တဲ့ သဘာဝရှိပြီးသားပါ ... ဒါပေမဲ့ လူသားတွေ အားလုံးဟာ တကိုယ်ရည် ပိုင်ဆိုင် ရယူလိုမှု, ကိုယ်ပိုင် အတ္တ အခြေခံမှုတွေကြောင့် Universe ရဲ့ Energy Flow ကို ဖြတ်တောက် ပိတ်ဆို့ခြင်း ခံရပြီး ဒီ သဘာဝတရားနဲ့ ပြတ်တောက်သွားခဲ့ကြပါတယ် ... #MyoThihaKyaw သဘာဝတရားရဲ့ ဉာဏ်ရည် ဉာဏ်သွေး လုပ်ဆောင်မှုကိုက အားစိုက်ထုတ်မှု အနည်ဆုံး, သက်တောင့် သက်သာ ရှိမှု, မေတ္တာတရားနဲ့ ဟန်ချက်ညီမှု တို့ဖြင့် ဖွဲ့စည်းထားပါတယ် ... ဒါ့ကြောင့် Randy တို့ရဲ့ စိတ်အားထက်သန်မှုတွေ, စိတ်ဆန္ဒတွေ, ဖြစ်ချင်တဲ့ အရာတွေကို မေတ္တာတရား ပေါင်းထည့်ပြီး ... အခြားလူတွေအတွက် အကူညီ အထောက်ပံ့ဖြစ်စေမည့် စိတ်ကောင်းစေတနာတွေနဲ့ပါ ပေါင်းစပ်ကာ ... သက်တောင့် သက်သာ အေးအေးဆေးဆေး The Law of Least Effort ကြိုးစား အားစိုက်ထုတ်မှု အနည်းဆုံး နိယာမနဲ့ လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ရမှာပဲ ဖြစ်ပါတယ် ... ဒီနိယာမကို အသုံးပြုပြီး မိမိတို့ အလိုရှိတဲ့ အိမ်မက်တွေ, ကြွယ်ဝချမ်းသာမှုတွေ, စိတ်ရော ကိုယ်ပါ ကျန်းမာ ချမ်းသာခြင်းတွေကို Manifest လုပ်လို့ ရပါတယ် ... ဒါပေမဲ့ သတိထားရမှာက မိမိတို့ အလိုရှိရာတွေ ရဖို့ အခြားလူတွေ အရာတွေကို အများကြီး Control လိုက် လုပ်နေမိတာ ... ပြင်ပက အသိအမှတ်ပြုမှုတွေ လက်ခံမှုတွေ အာရုံစိုက်မှုတွေကို ရှာဖွေနေမိပြီး လုပ်ကိုင်နေတာ ... အတ္တ Ego ကို အခြေခံပြီး စဉ်းစား တွေးခေါ် ဆုံးဖြတ် ပြုမူ လုပ်ကိုင် ဆောင်ရွက်တာတွေက Energy Low Vibe ဖြစ်သွားလို့ ကောင်းမွန်တဲ့ အရာတွေကို Attract မလုပ်နိုင်တော့ပါဘူး ... ဒါတွေ အားလုံးဟာ External ပြင်ပကို မှီခို လွန်းတာ ဖြစ်တဲ့ အတွက် အရမ်းကို ပင်ပန်း မောပန်း ရသလို ကိုယ်တိုင်ရဲ့ Energy ကိုလဲ အလွန်အကျွံ ဖြုန်းတီး စားသုံးနေရာ ရောက်ပါတယ် ... 🔹 All about Spiritual and Universal Law … Paid Telegram Article Group ထဲမှ … စိတ်ဝင်စားသူများ Comment မှ ဖြစ်စေ Messenger မှ ဖြစ်စေ SL ဟု စာရိုက်ပြီး စုံစမ်းမေးမြန်းလို့ ရပါတယ် … ကိုယ်ချစ်ခင်ရတဲ့ Spiritual ကို စိတ်ဝင်စားတဲ့ သူတွေကိုလဲ လက်ဆောင် ဝယ်ပေးလို့ ရပါတယ် ခင်ဗျ … 🍀 လိုအပ်လျှင် Coaching ယူပါ … Twinflame Coaching သီးသန့် ရှိပါတယ် … Have A Nice Day! 🩵🩵🩵 #မျိုးသီဟကျော် ~ #Randy ⭐️ Life & Relationship Coach ⭐️ Healer & Spiritual Guidance Please Don’t Copy … လွတ်လပ်စွာ ဝေမျှ ရှဲနိုင်ပါတယ် ခင်ဗျ …
775