ကဗျာကဖေး
Open in Telegram
8 793
Subscribers
-224 hours
+797 days
+37930 days
Posts Archive
8 793
လူတစ်ယောက်ကို
သတိရတဲ့အကြောင်း မင်းအိပ်မက်ထဲ
ထည့်မက်ဖူးမှ နာကျင်မှုတွေ
သွေးထွက်လွန်တက်တာမင်း သိလိမ့်မယ်
#ခန့်ထည်
#တစ်ဖက်သတ်ပလိန်း ကဗျာအရှည်မှ
8 793
ပြီးပြည့်စုံတဲ့ ချစ်ခြင်းကိုလိုချင်တာတဲ့လား
အေး
မေတ္တာစစ်မေတ္တာမှန်တွေကို
မျက်ကွယ်ပြုမထားနဲ့
မေတ္တာဆူးရင် ရူးတက်တယ်
#ခန့်ထည်
8 793
မင်းတစ်ယောက် သာဓု ခေါ်ပါလေ
ဘဝက ရူးသွပ်ခြင်းမုန်တိုင်းတွေ
ခပ်ရိုင်းရိုင်းတိုက်ခတ်နေမှာတော့
ဒီဘဝက ဘယ်နေပျော်ပါတော့မလည်းကွယ်
မင်းကမုန်းတယ်လို့ မပြောပေမဲ့
မုန်းလိုက်ပါမေ့လိုက်ပါတော့လိုပြောတော့
ငါကလည်း တစ်ဖက်လက်နဲ့
ကိုယ့်ကိုယ်ကိုယ် နားလည်မှုလွဲလိုက်တယ်
ကိုယ့်ကိုမချစ်တဲ့သူကိုမှ
ချစ်မိနေတဲ့ ကိုယ့်ကိုယ်ကိုယ် မုန်းလာတယ်
ပျော်စရာတွေ ရှားပါးနေသူမို့
မင်းအပြုံးကို ငေးရင်း ပီတိနဲ့ပြုံးနေရတယ်
မင်း ဘယ်အရပ်ဒေသမှာ နေသာသာ
မင်း ဘယ်အရပ်ဒေသမှာ မိုးရွာရွာ
ငါက မင်းကောင်းကင်နဲ့လူလုပ်နေတဲ့အကောင်မို့
မင်းစိတ်ညစ်တဲ့ နေ့ရက်တွေဆို
ငါက ကမ္ဘာပျက်မတက်ပါပဲကွယ်...
ကိုယ့်ကိုယ်ကိုယ်တော့ မင်းကို ချစ်မိနေတဲ့
စိတ်ဆိုတာနဲ့ ဖြေသိမ့်နေမိတော့တယ်...
ပြီးတော့ မင်းအပြုံးတွေနဲ့ဖြေတယ်
မင်းအပြုံးကိုတော့ ကြွေတယ်
မင်းမျက်ဝန်းမှာတော့ ပုန်းလို့မလွတ်တဲ့ စွဲလန်းမှုကြီးပေါ့ကွယ်
ဘယ်အရပ်ကိုရောက်ရောက်
စွဲလန်းတဲ့စိတ်ကြောင့် ပုန်းလို့မလွတ်တဲ့
မင်းမျက်ဝန်းတွေ မြင်နေရတယ်
ဒါကြောက်မို့လည်း
အသောက်အစား မလုပ်မိအောင်နေတယ်
ငါ့ရဲ့စွဲလန်းတဲ့စိတ်နဲ့ မလွယ်မှန်းသိလို့ပါပဲ အချစ်ရယ်
အခုပဲကြည့် မင်းကိုချစ်မိတဲ့
စွဲလန်းမှုနဲ့ ရူးနေရတဲ့ သူကြီးရေ
မင်းနဲ့ဝေးတဲ့နေ့ရက်တွေဆို
အဆင်မပြေမှုတွေက မြှားချက်တွေလို
ပြစ်ခွင်းဝင်ရောက်နေရပါတယ်ကွယ်
မင်း ရယ်သံတွေနဲ့
မင်း သက်ပြင်းသေးသေးလေးနဲ့
မင်းရဲ့ မဆိုးပဲရဲတဲ့နူတ်ခမ်းလေးကိုပဲ
စိတ်နဲ့မှန်းလို့ ဆုတောင်းရင်း
မင်းနေ့နံနဲ့ ပန်းရေချမ်းကပ်လို့
ပြုသမျှကောင်းမှု အဆုဆုနဲ့
မင်းအတွက်အမျှဝေလိုက်တယ်
ငါမဟုတ်တဲ့ တစ်ခြားရင်ခွင်မှာ
ပြုံးတော်မူပြီး ရွှင်ပြုံးပျော်မြူးစွာနဲ့
မင်းတစ်ယောက် သာဓု ခေါ်ပါလေ...
♡ ခန့်ထည် ♡
#မင်းတစ်ယောက်သာဓုခေါ်ပါလေ
အဆင်မပြေခြင်းအနုပညာ
8 793
ကိုယ့်ကိုမေ့ဖို့ပဲ
အကြောင်းအရာတွေများစွာ
စိုက်ထူပေးခဲ့မိတဲ့
ချစ်ခြင်းရဲ့ အမှတ်တရတွေ
#ခန့်ထည်
8 793
စိတ်ထောင်
ကိုယ်လက်မလွတ်နိုင်တဲ့
အတ္တတစ်ဖက်ခြမ်းမှာ
ကိုယ့်အတွေးနဲ့ကိုလောင်မြိုက်နေရတယ်...
#ခန့်ထည်
8 793
အဆင်မပြေတယ်တော့
ဘယ်ဟုတ်ပါ့မလည်း
အဆင်ပြေအောင်နေနေရတာလေ
#ခန့်ထည်
တစ်ချို့လူတွေအတွက်
အချစ်ဆိုတာလွယ်ကောင်းလွယ်ပါလိမ့်မယ်
ကျွန်တော့်အတွက်တော့
ခက်တယ် သိပ်ကိုခက်တယ်
ဒီတစ်ယောက်ကနေ
နောက်တစ်ယောက်ကို ချစ်တယ်ပြောဖို့
#ခန့်ထည်
8 793
"မမကဗျာ"
ပန်းနှင်းဆီလေးတစ်ပွင့်လောက်
မမပန်ဆင်ကြည့်ပါ
ပန်းလေးလည်း တင့်တယ်ရအောင်ပေါ့
ဟော....
ဟိုမှာကြည့်စမ်း မမ
သက်တံ့လေးလေ မမအပြုံးကိုချေးငှားချင်လို့တဲ့
မောင်သဝန်တိုတယ်နော်
ဒါနဲ့ဟိုတစ်ညကောင်းကင်မှာ
"မမ"နဲ့"လ" နေရာလဲလိုက်သလားလို့
ကြယ်မရံလည်း တင့်တဲ့ညက
မမကောင်းကောင်းပြုံးခဲ့တယ်။
ကဗျာလိုတော့ ဆိုတာပဲမမရဲ့
နိဒါန်းကစလို့
နိဂုံးအဆုံးထိ
"မမ"ပဲပါတယ်
မောင့်ကို သူတို့ပြောကြတယ်"အရူး"တဲ့
ဟုတ်မှာပေါ့လေ
"မမ"နဲ့"ကဗျာ"ဆို မောင်သိပ်ရူးသွပ်တာ
မောင်သိပ်စပ်ချင်တဲ့ ကဗျာက
"မမကဗျာ"။ ။
-နေညို။။။
-မမကဗျာ(၁)
8 793
ရွက်စုတ် ပြက္ခဒိန်ပေါ်မှာသာ
အသက်ဝင်တဲ့ ရက်စွဲတွေလည်း တော်သင့်ပြီ
အသက်ပါပါ
ရှင်ကို အရမ်းချစ်တယ် ဆိုတဲ့စကားလေး
ဘယ် ရွက်စုတ် ပြက္ခဒိန်မှာပြန်ရှာရမလဲ
ရက် လ နှစ် များစွာထိတိုင်
ငါကြားယောင်နေတဲ့ စကားလေးမို့
အိမ်နံရံက
ရွက်စုတ် ပြက္ခဒိန်အသစ်သာပြောင်းသွားတယ်
ပစ္စုပ္ပန်မှာ ထိုစကားလေး မကြားရတော့ဘူး
#ခန့်ထည်
8 793
ကုသလို့ရရင်လည်း
မကုသချင်တော့ဘူး
နာကျင်နေရတာတောင်
မင်းကို သတိရခွင့်ရှိနေလို့
အဲ့ဒါကပဲ… ငါ့အတွက် ဆေးဖြစ်နေခဲ့တယ်။
#ခန့်ထည်
#နာကျင်ခြင်းအနုပညာ
8 793
အချိန်ကကုစားပေးပါတယ် ကိုခန့်ထည်
ကျုပ်တို့ကသာ လက်မခံတာပါ
သေရာသွားရင်တောင် ဒီဒဏ်ရာတွေကို
ပျော်ပျော်ကြီး ပွေ့ပိုက်သွားချင်တာကိုးဗျ။
- နေညို။။။
8 793
အဆင်ပြေရဲ့လား
ဘာမှတော့မဆိုင်ပေမဲ့ တွေးပူနေမိတဲ့အတွက်
တောင်းပန်ပါတယ်...
စိတ်နဲ့လူနဲ့မကပ်တဲ့ မင်းအကြောင်းကြားတော့
ငါ့စိတ်က မင်းရှိရာအရပ် လွင့်မိတယ်...
တစ်ခုခုဆို မင်းသတင်းကြားမိရင်
ကောင်းသောသတင်းတွေသာကြားချင်မိတယ်
ဥပမာ
မင်းချစ်တဲ့သူရဲ့ရင်ခွင်မှာပျော်နေတာမျိုးပေါ့
အခုတလော ခိုလေးတွေအစာကျွေးတယ်
ငါးလေးတွေလွတ်တယ် မင်းနေ့နံမှာပန်းကပ်တယ်
ကြောင်လေးတွေအစာကျွေးတယ်
မင်းတစ်ယောက် အဆင်ပြေပါစေဆုတောင်းတယ်...
ဒီလောက်ပါပဲ
♡ ခန့်ထည် ♡
#အဆင်ပြေရဲ့လား
အဆင်မပြေခြင်းအနုပညာ
8 793
ဝေယံလင်းဆိုသော ကလေးငယ်လေးအား
ကိုရေ ဘာလိုလိုနဲ့ ၆ လတောင်ပြည့်ခဲ့ပြီနော်... အမြဲတမ်းအလျှော့ပေးခဲ့တာတွေ၊ စိတ်ဆိုးရင် အချိန်ပေးပြီးေချာ့တာတွေအတွက် အများကြီးကျေးဇူးတင်တယ်နော်...
နှစ်ဝက်တောင်ရောက်ေနပြီဆိုတော့ မြဲနေတဲ့လက်ကို ဆက်တွဲကြမယ်နော်...။ ပြတ်မယ်လို့ပြောတိုင်း...ကို့ဘက်က သည်းခံပြီးချော့ပေးတယ်...။ အားငယ်ေနတိုင်း ၊ နေမကောင်းတိုင်း နှစ်သိမ့်ပေးလို့ အရင်ကထက်ပိုချစ်တယ် ချစ်သူလေးရေ...။ ပေးထားတဲ့ကတိတွေကိုတည်အောင်ကြိုးစားကြမယ်နော်...။ ကျွန်မရဲ့အချစ်နဲ့ရှင့်ကို အမြဲတမ်းနွေးထွေးစေလမ့်မယ်လို့ထင်ပါတယ်...။
-နွေဦးလေပြေ
-ဝေယံလင်းဆိုသောချစ်သူလေးအား
-လူတိုင်းချစ်ခြင်းမေတ္တာနဲ့ခံစားနိုင်ကြပါစေ
8 793
"တောင်းပန်ပါတယ်"
သိလားနွေ
ကိုယ့်အတောင်ကိုယ်ချိုးပြီး
မပျံသန်းတဲ့ စာသူငယ်ဟာ
လောက်လေးကြောင့်လို့
လောကကြီးကို အပြစ်မတင်ပါဘူး
ဒီအသိုက်မှာ နေခွင့်မရလို့
တခြားအသိုက်မပြောင်းချင်ရုံပါ
လေဒဏ်၊မိုးဒဏ် ဆိုတာလည်း
နှလုံးသားဒဏ်လောက် မပြင်းပါဘူးကွယ်။
- နေညို။။။
-တောင်းပန်ပါတယ်နွေ
8 793
အချိန်က ကုစားသွားမှာဘာတဲ့
တကယ်တော့
လက်တစ်လုံးခြား ကိုယ့်ကိုယ်ကိုယ် လိမ်ခဲ့ခြင်းပါပဲ
#ခန့်ထည်
