ကဗျာကဖေး
Открыть в Telegram
9 056
Подписчики
+1124 часа
+447 дней
+35630 дней
Архив постов
9 056
ပြတ်လုံး
ရယ်စတွေနဲ့ရောချရင်း
ဝေဒနါကို ဒိုင်းလိုကာတယ်
သွားပေါ်အာင်ပြုံးပြပြီး
မျက်ဝန်းကငိုတယ်
တစ်ခုခုဆို လူသိမခံဝံံ့တဲ့
ဒဏ်ရာတွေကို ဖုံးကွယ်ရင်း
ဒဏ်ရာကို ရယ်စရာတွေနဲ့ရောချတယ်
သွေးထွက်လွန်ထားတဲ့အတိတ်
အဲဒီအတိတ်တွေက ညတွေဆို
တဆစ်ဆစ်နဲ့ကိုက်တဲ့ ဒဏ်ရာတွေ
ဥပေက္ခာပြတ်လုံးတွေကို
ငါမသင်ယူပဲ မင်းဆီကတက်မြောက်ခဲ့တယ်
ရယ် တော့ ရယ် ရ တယ် ဟ
အဆင်မပြေသံကြားရုံနဲ့
ဟောဒီအရူးက
ကိုယ့်နားထင်ကို သေနတ်ဆွဲ
ငါကမင်းကို ကဗျာနဲ့ပျော်တော်ဆက်
မင်းသိလား
ငါ့မျက်ရည်တွေက ပြတ်လုံးတွေလေ
မင်းအရယ်အပြုံးတွေကြားမှာ
ကိုယ်တိုင်လှော်ခတ်ရတဲ့ပြတ်လုံးတွေနဲ့
မမောပန်းနိုင်တဲ့
သူရူးတစ်ကောင်လေ...
မင်းအဆင်ပြေသံလည်းကြားရော
ငါ့အလွမ်းငါထမ်းပြန်တဲ့လမ်း
မင်းဥပေက္ခာတွေနဲ့ခင်းတဲ့ အဲခရီးကြမ်းလိုက်တာကွယ်
ပြန်ခရီးမှာ ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ပြီး
ရှိစုမဲ့စု ပြတ်လုံးကိုထုတ်လို့
ကိုယ့်ကိုယ်ကိုယ်ဖျော်ဖြေခဲ့ရသေးတယ်
#ခန့်ထည်
ပြတ်လုံး
နာကျင်ခြင်းအနုပညာ
၅.၆.၂၀၂၂
9 056
" အလွမ်းဆိုတာဘယ်လို့မျိုးလဲ "
အလွမ်းဆိုတာ ဘယ်လို့မျိုးလဲ
သစ်ရွက်လေးတွေ ကြွေတာ
မြင်ရတဲ့ အခါမျိုးလား
အလွမ်းဆိုတာ ဘယ်လို့မျိုးလဲ
လေထုထဲ မျောလွင့်နေတဲ့
တိမ်တွေကို မြင်ရတဲ့ အချိန်မျိုးလား
အလွမ်းဆိုတာ ဘယ်လို့မျိုးလဲ
နှစ်ဦးအတူ လျှောက်ခဲ့ဖူးတဲ့
လမ်းလေးအပေါ် ပြန်ရောက်တဲ့
အခါမျိုးလား
အလွမ်းဆိုတာ ဘယ်လို့မျိုးလဲ
ဟိုးးးကောင်ကင်ပေါ်က ကြယ်တွေကြွေတာ ငေးရတဲ့ အခါမျိုးလား
အလွမ်းဆိုတာ ဘယ်လို့မျိုးလဲ
နှစ်ဦးအတူ ထိုင်ခဲ့ဖူးတဲ့ ဆိုင်လေးကို တစ်ယောက်တည်း ပြန်ရောက်သွားတဲ့
အခါမျိုးလား ...
-ခန့်
9 056
ဘုရားစင်ပေါ်က ရေချမ်းခွက်တွေဟာ
လက်နက်ကြီးသံတွေကြောင့် တုန်ခါနေတုန်း
ဆုတောင်းသံတွေထက် ကျည်ဆန်သံတွေက ပိုကျယ်လောင်ပြီး
နတ်မင်းကြီးတွေတောင် နားပိတ်ထားရတဲ့ ခေတ်ပျက်ကြီးပေါ့။
#ခန့်ထည်
ခေါစာ ကဗျာအရှည်မှ
9 056
"တစ်ဖတ်သက်အချစ်"
သတ်စရာမလိုပဲ အကြိမ်ကြိမ်သေရ
ဆုလဒ်မရတဲ့ ပြိုင်ပွဲကို
အားကုန်မာန်ကုန် ယှဉ်ပြိုင်ရ။
- နေညို
9 056
ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့ထက်
မင်းကိုပိုချစ်ခဲ့တော့
မင်းပျော်နှင့်ပါစေတော့ဆိုတဲ့
ရည်ရွယ်ချက်လေးထားပြီး
သုံးပွင့်ဆိုင်ဇာတ်လမ်းမှာ
ငါပဲအရင်ငိုနှင့်ခဲ့လိုက်တယ်...
#ခန့်ထည်
ချစ်ခြင်းရဲ့နာကျင်ခြင်းအနုပညာ
9 056
အချစ်နဲ့စစ်မှာ
မတရားတာမရှိဘူးတဲ့
ဖြစ်နိုင်ပါတယ်လေ
နှလုံးသားနက်နက်မှာ
ဆူးသွားတဲ့ သွားစွယ်လေး
အချစ်တွေနဲ့သာကိုက်လိုက်ချင်ပါရဲ့လေ
ချစ်မိခြင်းကြလျှပ်တပြက်
မေ့ဖို့ကြတစ်သက်တာယူလိုက်ရတဲ့ အချိန်တွေ
~ ခန့်ထည် ~
9 056
ချစ်ရသူရဲ့ ပုခုံးပေါ်လက်ကလေးတင်ပြီး
သူ့အပြုံးကိုငေးခဲ့ရချိန်တွေဟာ
တသက်မှာ တစ်ခါကြည်နူးခဲ့ရတဲ့
ရာသီစက်ဝန်းတစ်ခုလေးပဲဆိုပါတော့လေ
#ခန့်ထည်
9 056
"မေတ္တာတေး"
ချစ်ခြင်းမေတ္တာဆိုတာ
ကျွန်တော်လက်လှမ်းမှီတဲ့ မျက်ခုံးလေးရယ်
ကျွန်တော် ခိုစီးနိုင်တဲ့ဆံမြိတ်လေးရယ်ပါပဲ
သိလားမမရဲ့
မမနဲ့သာဆိုရင်
သံသရာလည်း ရှည်စေလိုပါတယ်
အဖန်တစ်ရာလည်း ပြန်ဖြစ်လိုပါတယ်
သံသရာမှာ အတူမစပေမဲ့
သံသရာကိုတော့ အတူဆုံးချင်တယ်
မမရေ
ကျွန်တော်ပြုတဲ့ "နိဗ္ဗာနပစ္စယောဟောတု"ကို
မမက သာဓုခေါ်ပေးကွယ်။
- နေညို။။။
-ကဗျာနှင့်မမ(မမယမုံ)
-ပန်းနုရောင်အိပ်မက်များ(၂)
9 056
အဝေးချစ်
စိတ်နဲ့ပဲ ပြေးတွေ့
စိတ်နဲ့ပဲ ပွေ့ဖက်
စိတ်နဲ့ပဲ နမ်း
စိတ်ကူးတွေနဲ့ပဲ ချစ်နေရတယ်
#ခန့်ထည်
9 056
သတိတရစိတ်နဲ့
နာကျင်မှုတွေ အရောင်တင်လိုက်တာ
ငါ့မှာ
လောကကို အပိုင်ပေးဖို့
ကဗျာတွေရလာခဲ့တယ်...
#ခန့်ထည်
နာကျင်ခြင်းအနုပညာ
9 056
မင်းသိအောင် တခုတော့ပြောလိုက်မယ်... ကဗျာတင်နေတဲ့ channel ဖြစ်လို့ သည်းခံလိုက်တာ... ကိုယ့်အမေကို ထိလာတဲ့အခါ ငါလည်း လက်တုံ့ပြန်တတ်တယ်... ဒီမနက် ၉ နာရီလောက်အထိ Van ပွဲကို ချန်နယ်မှာ ပြဖို့ေရာ ကြည့်ဖို့ရော အစီအစဉ်ရှိမနေဘူး... လက်ဝှေ့ပွဲတွေကို ဝါသနာလည်းမပါသလို ကိုအောင်လအန်ဆန်းထိုးတုန်းက ပွဲတွေကလွဲရင် ဘယ်လောက်မြန်မာပွဲဖြစ်နေနေ တခါမှမကြည့်ခဲ့ဘူး...
ဖြစ်ချင်တော့ ဒီမနက် YouTube ကြည့်ရင်း Van ပွဲ လွှင့်နေတဲ့ live stream တွေတွေ့လို့ ဝင်ကြည့်မိရာကနေ Van ပွဲကို ကြည့်ချင်လျက်နဲ့ ကြည့်ဖို့အခက်အခဲရှိနေတဲ့သူတွေ အဆင်ပြေအောင်ဆိုပြီး live လွှင့်ပေးဖို့ တွေးမိသွားတာ...
ဖြစ်ချင်တော့ channel မှာ တခါမှ screen share ပြီး မလွှင့်ဖူးဘူးဖြစ်နေတယ် (ဒါက ကြိုပြင်ဆင်မထားမိတဲ့အတွက် ကျွန်တော့်အားနည်းချက်)
Live လွှင့်လိုက်တော့ ဝင်ကြည့်တဲ့သူ ၁၅/၂၀ ယောက်လောက်တော့ရှိတယ်... သူတို့မြင်ရလား မမြင်ရလား ပြန်မေးကြည့်တော့ အေးအေးဆေးဆေးပဲ ပြန်ဖြေပေးကြတယ်... အဲ့ဒီတယောက်ပဲ တခြားသူရဲ့မိဘကို ထိခိုက်စေလောက်အောင် ပြောထွက်တဲ့ မိဘနဲ့ ဆရာသမားတွေက ဆုံးမသွန်သင်မှုအားနည်းတဲ့ တယောက်ပါလာတယ်...
စိတ်ထဲမှာ မတင်မကျဖြစ်လာလို့ ပို့်စ်တင်လိုက်တာ...
ဒီလိုမျိုး မိဘဆုံးမမှုအားနည်းတဲ့သူကို ချန်နယ်ကနေရော group chat ကနေရောပါ တရားဝင် ban ပါတယ်...။
ကျွန်တော့်ကိုရော ကျွန်တော့်ချန်နယ်က admin တွေကိုရော ထိပါးစော်ကားလာတာမျိုးရှိလာပါက ဘယ်သူ့ကိုမဆို channel နဲ့ group ကနေပါ ban ပါမယ်ခင်ဗျာ...။
Neogene
