ကဗျာကဖေး
Kanalga Telegram’da o‘tish
“မိုး”ဆိုသောကောင်မလေးကို မိုးလောက်ကြီးထက်ပိုပြီးချစ်တယ်💗
Ko'proq ko'rsatish7 953
Obunachilar
-224 soatlar
+1117 kunlar
+55630 kunlar
Postlar arxiv
7 953
ကဗျာဆရာသေဆုံခြင်း
စာမျက်နှာအလွတ်ပေါ်မှာ
ကလောင်သွားဟာ ရုတ်တရက်ရပ်တန့်သွားခဲ့ပေါ့
သူချန်ထားခဲ့တဲ့ သတ်ပုံတွေကတော့
ရွတ်ဖတ်မိတိုင်း
ထိရှအက်ကွဲ တောက်ခတ်သံ မစဲ
နှလုံးသားတစ်ခုလုံးကို
မင်ရည်လုပ်ပြီး ကမ္ဘာကြီးကို ဆေးခြယ်ခဲ့သူလေ
အခုတော့...
သူကိုယ်တိုင် ဖန်တီးခဲ့တဲ့
ကဗျာတစ်ပုဒ်ဖြစ်လို့ သွားရရှာခဲ့ပြီပေါ့
လောကကြီးက
သူ့ရဲ့ အဓိပ္ပာယ်တွေကို
တမ်းတမ်းတတ ရှာဖွေနေဆဲမှာပဲ၊
သူ့ရဲ့ နှုတ်ဆက်ခြင်းမဲ့
နိဂုံးက ကဗျာစာအုပ်နောက်ကျောမှာ
တိတ်တဆိတ် အဆုံးသတ်သွားခဲ့ပြီပေါ့
စာရေးဆရာ
ကဗျာဆရာ တစ်ဦး တစ်ယောက်
သေဆုံးတိုင်း ကမ္ဘာကြီးအတွက် နစ်နာရစမြဲ
#ခန့်ထည်
7 953
@Call_me_Mario ရောက်ရာအရပ်ကနေ ငါ့အကောင့်ထဲစာလာပို့ပေးပါ နင့်သူငယ်ချင်း rpမိနေလို့ မေးစရာလေးရှိလို့ စာလေးလာပို့ပေးဦး သူငယ်ချင်းရေ
-နွေဦးလေပြေ
7 953
အိမ်အလွမ်း
အမှတ်တရများစွာကို သယ်ပိုးရင်း
သတိရခြင်းလို့ ခေါင်းစဥ်တပ်
ကိုယ်လက်လှမ်းမီတဲ့ အရာ
ခြေမချနိုင်တဲ့ နေရာတွေကို
ဝေးသောအရပ်မှာ စိတ်နဲ့နီးချင်၍
ကိုယ့်ကိုယ်ကိုယ် လောင်ကျွမ်းနေခဲ့ရပါတယ်...။
#ခန့်ထည်
7 953
ချစ် တယ် စ ကား ခင် များ မ ကြား ချင် တာ မ သိ ရိုး အ မှန် ပါ
မေး မိ တဲ့ မေး ခွန်း အ ပြန် မဲ့ တယ်
♡ ခန့်ထည် ♡
တောင်း ပန် ပါ တယ် ခင် များ မ ကြား ချင် တဲ့ ရင် ထဲ က စ ကား တွေ ပြော ခဲ့ မိ လို့
♡ ခန့်ထည် ♡
နာကျင်မှုအပိုင်းအစများ
7 953
မင်းအပြုံးကြောင့် ဖြစ်တည်ခဲ့တဲ့ကမ္ဘာဟာ
မင်းအပြုံးကြောင့်ပဲ ပြိုပျက်ခဲ့တယ်
ကလေးမရယ် မုန်းတယ်လို့မပြောရုံတမယ်
ငါ့ရှေ့မှာ ဟိုကောင့်ကိုချစ်ပြနေတာများကွယ်။
- နေညို။။။
7 953
နင်ေxာက်ရမ်းမုန်းတဲ့ ဝေယံလင်းဆ်ိုတဲ့ အမျိုးသားကို ငါကေxာက်ရမ်းချစ်တယ်....
-နွေဦးလေပြေ
7 953
နေကောင်းလား မေမေ
သက်တမ်း တဝက်နီးပါးက
အခန်းကျဥ်းလေးထဲမှာ
မွေးနေ့မှာ မွေးနေ့ရှင် မရှိပဲ
ဆုတောင်းစကားတွေက မျက်ရည်လည်ရတယ်
မေမေရေ
ကျန်းကျန်းသာလို့ မာပါရဲ့လား
နေကောင်းလား မေမေ လို့
မေးနေကြတာတွေက မျက်ရည်ကျရတယ်
ကျွန်တော်တို့တတွေ မေမေ့
အပြုံးတွေကို သိပ်လွမ်းတာပဲ
အခု ကျွန်တော်
ဦးထူးအိမ်သင့် ရဲ့
နေကောင်းလားမေမေ သီချင်းကို
ကိုးခါမြောက် နားထောင်နေပါတယ်...
#ခန့်ထည်
7 953
ကျွန်တော်လက်မြှောက်အရှုံးပေးလိုက်ပါပြီ
ရယူခြင်းကင်းတဲ့အချစ်နဲ့ အဝေးကချစ်မယ်...
ခင်များကိုသိပ်ချစ်တဲ့အကြောင်းထပ်မပြောမိဖို့ကြိုးစားမယ်
ကျုပ်ရှုံးတာနှလုံးသား ဟုတ်တယ် ရှုံးတယ်နှလုံးသားရှုံးခဲ့တယ်
မင်းရှုံးခဲ့တာအချစ်စစ် ဟုတ်တယ် မင်းရှုံးခဲ့တာ အချစ်စစ်
အနိုင်အရှုံးမသက်မှတ်ပေမဲ့...
ကျွန်တော် ခင်များကို မရှုံးပေးလိုက်ပါပြီ
ကျုပ်လာရာလမ်းအတိုင်းပြန်ခဲ့ပါတယ်
အလာမှာ အချစ်တွေတပွေ့တပိုက်နဲ့
အပြန်မှာ ဒဏ်ရာကျောပိုးအိတ်တစ်လုံးနဲ့ အဆင်ကိုပြေလို
ကျွန်တော်ရင်ဖွင့်မပြောပြချင်တော့ဘူး
ဆားနဲ့ပတ်မဲ့သူတွေများလွန်းလို့ နုတ်ဆိတ်နေတက်ခဲ့ပါပြီ
အချစ်မှာ အသွားအပြန်ရှိပါတယ် ဥပမာ
ကျွန်တော်ပဲသွားပြီး ကျွန်တော်ပဲပြန်လာရတာမျိုးပါ...
ကျွန်တော်ဝေးရာလွင့်ခဲ့ပါပြီ လွင့်ခဲ့ပါပြီ လွင့်ခဲ့ပါပြီ...
မင်းလွှတ်လိုက်တဲ့ စွန်လေးဆိုပါတော့ကွယ်...
ဒဏ်ရာတွေထဲ ခေါင်းထိုးအိပ်မယ် နာကျင်စရာတွေထဲ
လူးလိမ့်မယ် ခင်များကိုတော့ အဆင်ပြေပါစေဆုတောင်းမယ်
ခင်များအနောက်အယှက်ဖြစ်မှာဆိုးလို့
စာလွှာတွေမပို့မိအောင်နေမယ်
ကျွန်တော်ပို့မှ အားနာနာနဲ့ပြန်ပို့ပေးတဲ့ ခင်များကိုလည်း အားနာတယ်
မီးစိမ်းလေးပဲထိုင်ကြည့်မယ်...
ကျွန်တော်ခင်များတို့ချစ်ခြင်းကို အရှုံးပေးလိုက်ပါတယ်....
♡ ခန့်ထည် ♡
၉.၆.၂၀၂၁
နာကျင်ခြင်းအနုပညာ
၁၀:၂၀ pm
7 953
ခေါင်းကျကျ ပန်းကျကျ
ကျွန်တော်က သူမနဲ့ပတ်သက်ရင်
မျက်ရည်ကျရပါတယ်...။
#ခန့်ထည်
#အဆင်မပြေခြင်းအနုပညာ
7 953
ကိုယ့်တို့ ချစ်ခြင်းကိုဘယ်လို တရားနဲ့ခွဲမလဲ
ပုလဲလုံးလေးလို့ တောက်ပ တဲ့ မျက်ဝန်းဝိုင်းဝိုင်းလေးကို
ဘယ်လို မေ့ဖျောက်ပစ်နိုင်မလဲ ။
နှုတ်ခမ်းပါးလေးကနေ ခက်မဲ့မဲ့ပြုံးလိုက်တဲ့
အပြုံးလေး မရှိတော့ရင် ကိုယ့် ဘယ်လိုအသက်ရှုမလဲ "
-ခန့်
တစိမ့်စိမ့်ကြည့် // ဖိုးကာ
Video crd
7 953
စာအုပ်များ ၊ ပညာရေး ၊ လူမှုရေး အကြောင်းအရာ တခုအပေါ်မူတည်၍ memberများ debate များပြုလုပ်၍ လာရောက်ဆွေးနွေး မျှဝေ တိုင်ပင်နိုင်သည့်ရပ်ဝန်းတခု။
- နေညို။။။
https://t.me/sharingbyeveryone
7 953
ကို့လက်က ကြမ်းပါတယ်
တော်ဝင်ဆန်တဲ့ ပန်းတစ်ပွင့်ကို
ခူးဆွတ်ဖို့ မတန်ပါဘူး
တိမ်မျှင်လေးရေ
ပျော်ရာကိုသာ သွားတော့ကွယ်။
- နေညို။။။
7 953
သူမ က
ရွှေးချယ်စရာဘယ်လောက်များများ
ကျွန်တော့်ကိုတော့ သူမ
မရွှေးချယ်မှုထဲမှာ ထိပ်ဆုံးကဆိုတာမျိုးလေ
အဲဒီလိုမျိုးပေါ့
#ခန့်ထည်
7 953
ချစ်ခြင်းမေတ္တာနဲ့ပတ်သက်လာရင်
မင်းက ကိုယ့်အတွက်တော့
အစလည်းဖြစ်သလို အဆုံးလည်းဖြစ်တယ်
ပြိုင်ပွဲတစ်ခုရဲ့
တာထွက်တစ်ခုဟာ မင်းဖြစ်သလို
ကိုယ့်ဝင်မယ့် ပန်းတိုင်ဟာ မင်းပါပဲကွယ်
#ခန့်ထည်
7 953
သူ့ဘက်က စပြီး
ဆက်ဆံရေးတွေ အေးစက်သွားတဲ့အခါ
ကျွန်တော်က အလိုက်သိစွာ
မဆက်သွယ်ခြင်းဖြင့် ကူညီလိုက်ပါတယ်...။
#ခန့်ထည်
#အဆင်မပြေခြင်းအနုပညာ
Endi mavjud! Telegram Tadqiqoti 2025 — yilning asosiy insaytlari 
