en
Feedback
Dawei Watch

Dawei Watch

Open in Telegram

Dawei Watch is a regional media based in Dawei, covering mainly southern Myanmar. http://www.daweiwatch.com https://www.facebook.com/DaweiWatch https://www.youtube.com/c/DaweiWatchTV

Show more

📈 Analytical overview of Telegram channel Dawei Watch

Channel Dawei Watch (@daweiwatch) in the Burmese language segment is an active participant. Currently, the community unites 11 108 subscribers, ranking 17 174 in the News & Media category and 10 762 in the Myanmar region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 11 108 subscribers.

According to the latest data from 06 September, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -218 over the last 30 days and by -9 over the last 24 hours, overall reach remains high.

  • Verification status: Verified (Officially confirmed by Telegram)
  • Engagement rate (ER): The average audience engagement rate is 9.35%. Within the first 24 hours after publication, content typically collects 6.20% reactions from the total number of subscribers.
  • Post reach: On average, each post receives 1 039 views. Within the first day, a publication typically gains 689 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 4.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
Dawei Watch is a regional media based in Dawei, covering mainly southern Myanmar. http://www.daweiwatch.com https://www.facebook.com/DaweiWatch https://www.youtube.com/c/DaweiWatchTV

Thanks to the high frequency of updates (latest data received on 07 September, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the News & Media category.

11 108
Subscribers
-924 hours
-487 days
-21830 days
Posts Archive
“သရေတစ်မှတ် ရခဲ့ပေမဲ့ ရှုံးသလိုပဲ ခံစားရတယ်” လို့ ဝန်ခံသွားခဲ့တဲ့ မန်ယူနည်းပြ ကာရစ် “ခံစစ်ပေါက်ထွက်ပြီး ဂိုးတွေ အမြဲပေးနေရတာက
“သရေတစ်မှတ် ရခဲ့ပေမဲ့ ရှုံးသလိုပဲ ခံစားရတယ်” လို့ ဝန်ခံသွားခဲ့တဲ့ မန်ယူနည်းပြ ကာရစ် “ခံစစ်ပေါက်ထွက်ပြီး ဂိုးတွေ အမြဲပေးနေရတာကို မဖြစ်မနေ ဖြေရှင်းသွားရပါလိမ့်မယ်” သတင်းဖတ်ရန် > https://www.daweiwatch.com/07/09/2026/136428/

ထိုင်းတွင် မြန်မာအမျိုးသမီးများ ရေချိုးနေစဉ် ဗီဒီယိုခိုးရိုက်သော မြန်မာအမျိုးသား ဖမ်းဆီးခံရ ခိုးရိုက်တာကို သိသွားလို့ အမျိုးသ
+4
ထိုင်းတွင် မြန်မာအမျိုးသမီးများ ရေချိုးနေစဉ် ဗီဒီယိုခိုးရိုက်သော မြန်မာအမျိုးသား ဖမ်းဆီးခံရ ခိုးရိုက်တာကို သိသွားလို့ အမျိုးသမီးတွေက အခန်းထဲသွားရောက်စစ်ဆေးတဲ့အခါ ဖုန်းထဲမှာ ဗီဒီယိုမှတ်တမ်းတွေ တွေ့ရလို့ ရဲကို တိုင်ခဲ့ကြတာပါ။ သတင်းဖတ်ရန် > https://www.daweiwatch.com/07/09/2026/136420/

ထိုင်းတွင် အလုပ်ကြိုပို့ကား မြောင်းထဲထိုးကျပြီး မြန်မာလုပ်သား ၂၀ ကျော် ဒဏ်ရာရ ဒဏ်ရာရသူတချို့ဟာ စိုးရိမ်ရတယ်လို့ ဆိုပါတယ်။ သတင
+3
ထိုင်းတွင် အလုပ်ကြိုပို့ကား မြောင်းထဲထိုးကျပြီး မြန်မာလုပ်သား ၂၀ ကျော် ဒဏ်ရာရ ဒဏ်ရာရသူတချို့ဟာ စိုးရိမ်ရတယ်လို့ ဆိုပါတယ်။ သတင်းဖတ်ရန် > https://www.facebook.com/share/p/19cXiMT1cK/

စစ်အာဏာရှင်တပ် သကန်ရွာဟောင်းနှင့် ဘန်မဲရွာရှိ နေအိမ်များကိုဖောက်ထွင်း “မွှေနောက်ပြီး အကုန်ယူသွားတယ်” သတင်းဖတ်ရန် > https://ww
စစ်အာဏာရှင်တပ် သကန်ရွာဟောင်းနှင့် ဘန်မဲရွာရှိ နေအိမ်များကိုဖောက်ထွင်း “မွှေနောက်ပြီး အကုန်ယူသွားတယ်” သတင်းဖတ်ရန် > https://www.daweiwatch.com/07/09/2026/136411/

အခေါက်ရွှေ ကျပြီး ထိုင်းဘတ်ဈေး ငြိမ် Dawei Watch | စက်တင်ဘာ ၇ ယနေ့ ဈေးကွက်ပေါက်ဈေးအရ အခေါက်ရွှေဈေး ကျလာပြီး ထိုင်းဘတ်ဈေးက ငြိ
အခေါက်ရွှေ ကျပြီး ထိုင်းဘတ်ဈေး ငြိမ် Dawei Watch | စက်တင်ဘာ ၇ ယနေ့ ဈေးကွက်ပေါက်ဈေးအရ အခေါက်ရွှေဈေး ကျလာပြီး ထိုင်းဘတ်ဈေးက ငြိမ်နေသည်။ ‌အခေါက်ရွှေ တစ်ကျပ်သားလျှင် တစ်သိန်းတစ်သောင်း ကျပ် ကျလာသည်။ ရန်ကုန်ဈေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ၁၀၁၃၀၀၀၀ ကျပ် ဈေးဖွင့်ထားသည်။ ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေဈေးမဖွင့်တော့သည်မှာ ၈၂၀ ရက် မြောက်ရှိလာပြီဖြစ်သည်။ စစ်ကော်မရှင် သတ်မှတ်ဈေးအတိုင်း မရောင်းပါက ဖမ်းဆီးပြီး ပိုင်ဆိုင်မှုကိုပါ သိမ်းဆည်းမည်ဟု ခြိမ်းခြောက်ထားသည့်အတွက် ၂၀၂၄ ခုနှစ် ဇွန်လ ၅ ရက်နေ့မှစကာ အခေါက်ရွှေဈေး မဖွင့်တော့ပေ။ ထိုကြောင့် ထားဝယ်ဈေးကွက်တွင် အခေါက်ရွှေဈေးမဖွင့်တော့ဘဲ ရန်ကုန်ဈေးကွက်ကို အခြေခံကာ ကြိုက်ရောင်းကြိုက်ဝယ် ဖြစ်နေသည်။ ထိုင်းဘတ်ငွေလဲနှုန်းက ငြိမ်နေပြီး မြန်မာငွေတစ်သိန်းလျှင် ၇၈၀ ဘတ် ဈေးဖွင့်ထားသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

တနင်္သာရီတွင် ရေကြီးချိန် ပျောက်ဆုံးနေသည့် တကူဒေသခံ အလောင်းပြန်တွေ့ တကူရွာမှာ ဒေသခံအများစု နေအိမ်မှာ ပြန်လည်နေထိုင်နေကြပြီဖြစ
တနင်္သာရီတွင် ရေကြီးချိန် ပျောက်ဆုံးနေသည့် တကူဒေသခံ အလောင်းပြန်တွေ့ တကူရွာမှာ ဒေသခံအများစု နေအိမ်မှာ ပြန်လည်နေထိုင်နေကြပြီဖြစ်ပြီး မြေနိမ့်ပိုင်းက နေအိမ်တချို့ကတော့ ရေဝင်နေဆဲဖြစ်ပါတယ်။ ပုံစာ - တနင်္သာရီမြို့တွင်း ရေတက်နေစဉ်။ (ပုံဟောင်း) သတင်းဖတ်ရန် > https://www.daweiwatch.com/07/09/2026/136404/

ရွှေအပ်ငရုတ်သီးအခြောက် ဈေးကျပြီး ရေထွက်ကုန်စျေးတက်သည့် ထားဝယ်ဈေးကွက် Dawei Watch| စက်တင်ဘာ ၆ ထားဝယ်ဈေးကွက်တွင် ယခုသီတင်းပတ်အတ
+1
ရွှေအပ်ငရုတ်သီးအခြောက် ဈေးကျပြီး ရေထွက်ကုန်စျေးတက်သည့် ထားဝယ်ဈေးကွက် Dawei Watch| စက်တင်ဘာ ၆ ထားဝယ်ဈေးကွက်တွင် ယခုသီတင်းပတ်အတွင်း ရွှေအပ်ငရုတ်သီးအခြောက် ဈေးကျနေသည်ကို တွေ့ရသည်။ ပြီးခဲ့သည့် သီတင်းပတ် ဩဂုတ်လ ၃၀ရက်တွင် ထားဝယ်ဈေးကွက်၌ ရွှေအပ်ငရုတ်သီးအခြောက် တစ်ပိဿာ ၂၃,၀၀၀ ကျပ် စျေးရှိရာမှ စက်တင်ဘာလ ၅ ရက်တွင် တစ်ပိဿာ ၂၀,၀၀၀ ကျပ်သို့ ဈေးကျသွားခြင်းဖြစ်သည်။ ထို့ကြောင့် တစ်ပတ်အတွင်း ရွှေအပ်ငရုတ်သီးအခြောက် တစ်ပိဿာလျှင် ၃,၀၀၀ ကျပ် ဈေးကျသွားသည်ကို တွေ့ရသည်။ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် အခြားစားဖိုဆောင်သီးနှံများမှာ ဈေးငြိမ်နေသည်။ ထားဝယ်ဒေသထွက် ဆန်နှင့် ရေထွက်ကုန်ပစ္စည်း ဈေးနှုန်းများမှာ ဇယားပါဈေးနှုန်းများအတိုင်း ဈေးမြင့်တက်နေသည်ကို တွေ့ရှိရမည်ဖြစ်သည်။ ယခုသီတင်းပတ်အတွင်း ထားဝယ်ရေထွက်ကုန် ဈေးကွက်၌ ငါးနှင့် ပုစွန် ဈေးနှုန်းများမှာလည်း ဈေးမြင့်တက်လျက်ရှိသည်။

ရေးဘီလူး လူမှုကွန်ရက်စာမျက်နှာတွင် မှတ်ချက်ရေးသူကို စစ်အုပ်စုက ထောင်ဒဏ် ခုနစ်နှစ်ချ တော်လှန်ရေးတပ်ဖွဲ့ရဲ့ လူမှုကွန်ရက်စာမျက်န
ရေးဘီလူး လူမှုကွန်ရက်စာမျက်နှာတွင် မှတ်ချက်ရေးသူကို စစ်အုပ်စုက ထောင်ဒဏ် ခုနစ်နှစ်ချ တော်လှန်ရေးတပ်ဖွဲ့ရဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ မှတ်ချက်ဝင်ရေးသူတွေကို စောင့်ကြည့်ဖမ်းဆီးတာတွေ ဆက်တိုက်ရှိနေပါတယ်။ သတင်းဖတ်ရန် > https://www.daweiwatch.com/06/09/2026/136400/

သံဖြူဇရပ်တွင် ခြံလုပ်သားဇနီးမောင်နှံကို စစ်အာဏာရှင်တပ် ဖမ်းဆီး သံဖြူဇရပ်မြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ဆက်နွှယ်ပတ်သက်တယ
သံဖြူဇရပ်တွင် ခြံလုပ်သားဇနီးမောင်နှံကို စစ်အာဏာရှင်တပ် ဖမ်းဆီး သံဖြူဇရပ်မြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ဆက်နွှယ်ပတ်သက်တယ်ဆိုပြီး လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တွေ၊ အရပ်သားပြည်သူတွေကို ဖမ်းဆီးတာတွေ ဆက်တိုက်ရှိနေပါတယ်။ သတင်းဖတ်ရန် > https://www.daweiwatch.com/06/09/2026/136396/

အိမ်ခွံပဲကျန်ပြီ - လုယက်၊ ဖျက်ဆီးခံ ကျေးရွာများ စစ်အာဏာရှင်တပ်များ စစ်ကြောင်းထိုး ဝင်ရောက်လာတိုင်း ဒေသခံတို့၏ နေအိမ်များ ဖောက
အိမ်ခွံပဲကျန်ပြီ - လုယက်၊ ဖျက်ဆီးခံ ကျေးရွာများ စစ်အာဏာရှင်တပ်များ စစ်ကြောင်းထိုး ဝင်ရောက်လာတိုင်း ဒေသခံတို့၏ နေအိမ်များ ဖောက်ထွင်းခံရခြင်း၊ တန်ဖိုးရှိ ရွှေငွေ၊ ဆိုင်ကယ်မှအစ အိမ်တွင်းသုံးပစ္စည်းများ၊ စားနပ်ရိက္ခာများနှင့် အသုံးအဆောင်များပါမကျန် အဓမ္မ လုယက်ယူဆောင်ခံရခြင်းတို့ကို တနင်္သာရီတိုင်းက ပြည်သူများ ရင်ဆိုင်နေရသည်။ အပြည့်အစုံဖတ်ရန် > https://www.daweiwatch.com/05/09/2026/136385/

သတ္တုမိုင်းတွေဝေ၊ မြစ်တွေသေ၊ ဝမ်းစာခက်လာတဲ့ ပြည်သူတွေ https://youtu.be/_2rGWNx13YI
သတ္တုမိုင်းတွေဝေ၊ မြစ်တွေသေ၊ ဝမ်းစာခက်လာတဲ့ ပြည်သူတွေ https://youtu.be/_2rGWNx13YI

ချစ်ကြီးသူတယောက်ရဲ့ဘဝ ကျွန်တော် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုတဲ့နှစ် စာမေးပွဲဖြေပြီးလို့ ရွာမှာရောက်နေတဲ့အချိန် သူရွာကိုရော
ချစ်ကြီးသူတယောက်ရဲ့ဘဝ ကျွန်တော် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုတဲ့နှစ် စာမေးပွဲဖြေပြီးလို့ ရွာမှာရောက်နေတဲ့အချိန် သူရွာကိုရောက်လာတယ်။ သူ့နာမည်က ကျော်ရှိန်တဲ့။ သူရုပ်ရည်က ခပ်ဖြောင့်ဖြောင့်လို့ ဆိုနိုင်တယ်။ အသားအရေက သိပ်ဖြူတဲ့ထဲ မပါပေမယ့် အသားလတ်တဲ့သူတစ်ယောက်ပါ။ သူ့နှုတ်ခမ်းမပါးတပါးလေးနဲ့ သီချင်းဆို သိပ်ကောင်းတယ်။ ဆင်မျက်လုံးလေးနဲ့ စူးရှတဲ့အကြည့်တွေရှိတယ်။ နှုတ်ခမ်းမွေး ပါးသိုင်းမွေး ရေးရေးလေးထင်းနေတော့ ပိုပြီးကြည့်ကောင်းတယ်လို့ ထင်ရတယ်။ သတင်းဖတ်ရန် > https://www.daweiwatch.com/05/09/2026/136382/

လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်လအတွင်း တနင်္သာရီအပါအဝင် နိုင်ငံတစ်ဝန်း အမျိုးသမီး ၅၀ကျော် သေဆုံး တိုင်းနဲ့ ပြည်နယ် ကိုးခုမှ
လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်လအတွင်း တနင်္သာရီအပါအဝင် နိုင်ငံတစ်ဝန်း အမျိုးသမီး ၅၀ကျော် သေဆုံး တိုင်းနဲ့ ပြည်နယ် ကိုးခုမှာ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ထိခိုက်ဒဏ်ရာရတဲ့ အမျိုးသမီးဦးရေလည်း ၅၀ ကျော်အထိ ရှိနေပါတယ်။ သတင်းဖတ်ရန် > https://www.daweiwatch.com/05/09/2026/136376/

တနင်္သာရီမြစ်ရေ ပြန်ကျ၊ ပိတ်မိနေသည့်ကားများ ဖြတ်သန်းခွင့်ရ တနင်္သာရီမြို့တွင်းမှာ နေအိမ်တချို့ သန့်ရှင်းရေးလုပ်နေကြပြီး ရေဝင်
တနင်္သာရီမြစ်ရေ ပြန်ကျ၊ ပိတ်မိနေသည့်ကားများ ဖြတ်သန်းခွင့်ရ တနင်္သာရီမြို့တွင်းမှာ နေအိမ်တချို့ သန့်ရှင်းရေးလုပ်နေကြပြီး ရေဝင်နေဆဲ နေအိမ်တွေလည်း ရှိနေပါသေးတယ်။ ပုံစာ - ယနေ့ စက်တင်ဘာလ ၅ ရက် ရေပြန်ကျသွားသည့် လယ်တောင်ယာရွာ လမ်းပိုင်းမြင်ကွင်း။ ဓာတ်ပုံ - KLN သတင်းဖတ်ရန် > https://www.daweiwatch.com/05/09/2026/136373/

တနင်္သာရီသတင်းမှတ်တမ်း (၂၀၂၆ ဩဂုတ် ၂၉ - စက်တင်ဘာ ၄) ———— ရေဘေးက တစ်မျိုး၊ မင်းဆိုးက တစ်ဖုံ ဒဏ်ရာစုံတဲ့ တနင်္သာရီ ▹ အရပ်သားတွေ
တနင်္သာရီသတင်းမှတ်တမ်း (၂၀၂၆ ဩဂုတ် ၂၉ - စက်တင်ဘာ ၄) ———— ရေဘေးက တစ်မျိုး၊ မင်းဆိုးက တစ်ဖုံ ဒဏ်ရာစုံတဲ့ တနင်္သာရီ ▹ အရပ်သားတွေ သတ်ဖြတ်ခံရပြီး ရွာလုံးကျွတ် ပြောင်းရွှေ့ခံရတဲ့ မြိတ် ▹ ရွာ ၂၀ ကျော် ရေဘေးသင့်စေခဲ့တဲ့ တနင်္သာရီမြစ် ▹ ပြေးလွှားနေရတဲ့ သရက်ချောင်းက ရွာတွေ ▹ ဘုန်းတော်ကြီးတွေ ကားမမောင်းရ ▹ ဆာကပေါတပ်ရင်းကို ထုတ်လိုက်တဲ့ KTLA စတဲ့ သတင်းတွေနဲ့အတူ တနင်္သာရီတိုင်းထဲက ထူးခြားသတင်းတွေကို စုစည်းတင်ဆက်ထားပါတယ်။ ရုပ်သံကြည့်ရန် > https://youtu.be/Dp-CSFmkoAc

လောင်းလုံးတွင် သီလရှင်တစ်ပါးက ကားတစ်စီးနှင့် ဆရာလေးသုံးပါးကို ခေါ်ဆောင်သွားမှု အပြန်အလှန်အငြင်းပွား ကား ပိုင်ဆိုင်မှုနဲ့ပတ်သက
လောင်းလုံးတွင် သီလရှင်တစ်ပါးက ကားတစ်စီးနှင့် ဆရာလေးသုံးပါးကို ခေါ်ဆောင်သွားမှု အပြန်အလှန်အငြင်းပွား ကား ပိုင်ဆိုင်မှုနဲ့ပတ်သက်လို့ အငြင်းပွားသလို ဆရာလေးတွေကို ခေါ်ဆောင်မှုမှာလည်း အပြန်အလှန် ပြောဆိုမှုတွေ ရှိနေပါတယ်။ သတင်းဖတ်ရန် > https://www.daweiwatch.com/05/09/2026/136363/

မက်ဆီ ရဲ့ အင်တာမိုင်ယာမီ ပွဲစဉ် ၇ ပွဲ အပါအဝင် ၁၇ ပွဲကို YouTube မှာ တိုက်ရိုက် ကြည့်ခွင့် ရမယ် ပထမဆုံး အခမဲ့ပြသမယ့် ပွဲစဉ်ကတေ
မက်ဆီ ရဲ့ အင်တာမိုင်ယာမီ ပွဲစဉ် ၇ ပွဲ အပါအဝင် ၁၇ ပွဲကို YouTube မှာ တိုက်ရိုက် ကြည့်ခွင့် ရမယ် ပထမဆုံး အခမဲ့ပြသမယ့် ပွဲစဉ်ကတော့ မနက်ဖြန် တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်မယ့် အင်တာ မိုင်ယာမီ နဲ့ အတ္တလန်တာ ယူနိုက်တက် တို့ရဲ့ပွဲစဉ်ပါ။ သတင်းဖတ်ရန် > https://www.daweiwatch.com/05/09/2026/136360/

ရန်ကုန်လေဆိပ်တွင် ပျောက်ဆုံးခဲ့သည့် ထားဝယ်ဒေသခံအမျိုးသား အိမ်ပြန်ရောက် အဆက်အသွယ်မရဘဲ ပျောက်ဆုံးပြီး လေးရက်အကြာမှာ အိမ်သို့ ပြ
ရန်ကုန်လေဆိပ်တွင် ပျောက်ဆုံးခဲ့သည့် ထားဝယ်ဒေသခံအမျိုးသား အိမ်ပြန်ရောက် အဆက်အသွယ်မရဘဲ ပျောက်ဆုံးပြီး လေးရက်အကြာမှာ အိမ်သို့ ပြန်လည်ရောက်ရှိလာတာပါ။ သတင်းဖတ်ရန် > https://www.daweiwatch.com/05/09/2026/136354/

မောတောင်မြို့တွင် လက်နက်နှင့် လုပ်ပိုင်ခွင့်ကြောင့် ပျူစောထီးထဲ ဝင်ရောက်သူများလာ ပျူစောထီးဖြစ်ပါက လက်နက်ကိုင်ရတာ၊ စားရေး၊နေရေ
မောတောင်မြို့တွင် လက်နက်နှင့် လုပ်ပိုင်ခွင့်ကြောင့် ပျူစောထီးထဲ ဝင်ရောက်သူများလာ ပျူစောထီးဖြစ်ပါက လက်နက်ကိုင်ရတာ၊ စားရေး၊နေရေး အဆင်ပြေတာအပြင် စစ်ရှောင်တွေရဲ့ ပစ္စည်းတွေလည်း ပေါ်ပေါ်တင်တင်ယူလို့ရတယ်လို့ ဆိုပါတယ်။ Website > https://www.daweiwatch.com/05/09/2026/136349/

ကျွန်တော်တို့ ကျွန်မတို့သည် ဆင်ကလေးများ တော်လှန်ဆရာ၊ဆရာမတွေ ပူးပေါင်းပြီး တော်လှန်အလယ်တန်းကျောင်းသား (ဆဌမတန်း) ကျောင်းသားလေးတ
ကျွန်တော်တို့ ကျွန်မတို့သည် ဆင်ကလေးများ တော်လှန်ဆရာ၊ဆရာမတွေ ပူးပေါင်းပြီး တော်လှန်အလယ်တန်းကျောင်းသား (ဆဌမတန်း) ကျောင်းသားလေးတွေအတွက် ၂၀၂၄ စက်တင်ဘာလ ၁ ရက်နေ့တုန်းက ကျင်းပပေးခဲ့တဲ့ “ လူကုန်ကူးမှုပပျောက်ရေး အားလုံးဝိုင်းဝန်းကူညီပေး” PowerPoint Presentation ပြိုင်ပွဲလေးတစ်ခုမှာ ပြိုင်ပွဲဝင်ကျောင်းသားလေးတွေအတွက် ကျွန်တော်ခွန်အားဖြည့်စကား ပြောကြားခွင့် ရခဲ့ပါတယ်။ အပြည့်အစုံဖတ်ရန် > https://www.daweiwatch.com/04/09/2026/136342/