es
Feedback

¡No caigas en manos de tramposos! Telemetrio encuentra y marca estos canales 👉 Si quieres ver la etiqueta, suscríbete

Dawei Watch

Dawei Watch

Ir al canal en Telegram

Dawei Watch is a regional media based in Dawei, covering mainly southern Myanmar. http://www.daweiwatch.com https://www.facebook.com/DaweiWatch https://www.youtube.com/c/DaweiWatchTV

Mostrar más

📈 Análisis del canal de Telegram Dawei Watch

El canal Dawei Watch (@daweiwatch) en el segmento lingüístico de Birmano es un actor destacado. Actualmente la comunidad reúne a 10 843 suscriptores, ocupando la posición 17 492 en la categoría Noticias y medios y el puesto 10 780 en la región Birmania.

📊 Métricas de audiencia y dinámica

Desde su creación el невідомо, el proyecto ha mostrado un crecimiento acelerado, reuniendo a 10 843 suscriptores.

Según los últimos datos del 22 octubre, 2026, el canal mantiene una actividad estable. En los últimos 30 días la variación de miembros fue de -151, y en las últimas 24 horas de -9, conservando un alto alcance.

  • Estado de verificación: Verificado (confirmado oficialmente por Telegram)
  • Tasa de interacción (ER): El promedio de interacción de la audiencia es 8.26%. Durante las primeras 24 horas tras publicar, el contenido suele obtener 5.86% de reacciones respecto al total de suscriptores.
  • Alcance de las publicaciones: Cada publicación recibe en promedio 896 visualizaciones. En el primer día suele acumular 636 visualizaciones.
  • Reacciones e interacción: La audiencia responde de forma activa: el promedio de reacciones por publicación es 5.

📝 Descripción y política de contenido

El autor describe el recurso como un espacio para expresar opiniones subjetivas:
“Dawei Watch is a regional media based in Dawei, covering mainly southern Myanmar. http://www.daweiwatch.com https://www.facebook.com/DaweiWatch https://www.youtube.com/c/DaweiWatchTV”

Gracias a la alta frecuencia de actualizaciones (últimos datos recibidos el 23 octubre, 2026), el canal mantiene la vigencia y un amplio alcance. La analítica demuestra que la audiencia interactúa activamente con el contenido, lo que lo convierte en un punto de referencia dentro de la categoría Noticias y medios.

10 843
Suscriptores
-924 horas
-517 días
-15130 días
Archivo de publicaciones
အောက်တိုဘာလ ၂၃ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ် -------------------------------- Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စ
အောက်တိုဘာလ ၂၃ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ် -------------------------------- Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့   - အခုနှစ် ဝါကျွတ်ကာလမှာ မီးအလှဆင်ပစ္စည်းတွေထက် အပူဒဏ်ကာကွယ်ရေးပစ္စည်းတွေ အရောင်းသွက်တဲ့အကြောင်း - သရက်ချောင်းမှာ စစ်အာဏာရှင်တပ် သတ်ဖြတ်မြေမြှုပ်ခဲ့တဲ့ အလောင်းနှစ်လောင်းထပ်တွေ့တဲ့သတင်း - တောင်ပြိုဒဏ်ခံခဲ့ရတဲ့ လောင်းလုံးက ကျေးရွာတချို့မှာ အရေပြားရောဂါ ဖြစ်နေတဲ့အခြေအနေ - ထားဝယ်မြို့က ပြောင်းရွှေ့ခံရတဲ့ စျေးသည်တွေ ကုန်တွေပျက်စီးဆုံးရှုံးတဲ့ အကြောင်း - ပုလော ကဒဲရွာ လေကြောင်းဗုံးကြဲမှုမှာ ဘုန်းကြီးကျောင်းဆောင် သုံးဆောင် ပျက်စီးတဲ့သတင်း စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။ ရုပ်သံကြည့်ရန် > https://youtu.be/MnBYThP15cY

photo content

ဝါကျွတ်ကာလ မီးအလှဆင်ပစ္စည်းတွေ ရောင်းအားနည်းပြီး ပန်ကာနဲ့ လေအေးပေးစက်တွေ အရောင်းသွက် ပြင်းထန်အယ်လ်နီညိုကြောင့် နေအပူရှိန် မြင
ဝါကျွတ်ကာလ မီးအလှဆင်ပစ္စည်းတွေ ရောင်းအားနည်းပြီး ပန်ကာနဲ့ လေအေးပေးစက်တွေ အရောင်းသွက် ပြင်းထန်အယ်လ်နီညိုကြောင့် နေအပူရှိန် မြင့်တက်နေတာကို သိသိသာသာ ရင်ဆိုင်နေရတာပါ။ ရုပ်သံကြည့်ရန် > https://youtu.be/_HFy28ATjvQ

ပုလော ကဒဲရွာ လေကြောင်းဗုံးကြဲမှု ဘုန်းကြီးကျောင်းသုံးဆောင် ပျက်စီး ကဒဲရွာကို တော်လှန်‌ရေးတပ်တွေ ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။ ရု
ပုလော ကဒဲရွာ လေကြောင်းဗုံးကြဲမှု ဘုန်းကြီးကျောင်းသုံးဆောင် ပျက်စီး ကဒဲရွာကို တော်လှန်‌ရေးတပ်တွေ ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။ ရုပ်သံကြည့်ရန် > https://youtu.be/xQ8pkX-HN_0

ချင်းမိုင်ဘူတာတွင် ဖမ်းဆီးခံရသော မြန်မာလူငယ် ၂၇ ဦး ပြန်ပို့ခံရမည် မြန်မာနိုင်ငံသို့ ပြန်ပို့ခံရရင် စစ်မှုထမ်းစုဆောင်းခံရမှာကိ
ချင်းမိုင်ဘူတာတွင် ဖမ်းဆီးခံရသော မြန်မာလူငယ် ၂၇ ဦး ပြန်ပို့ခံရမည် မြန်မာနိုင်ငံသို့ ပြန်ပို့ခံရရင် စစ်မှုထမ်းစုဆောင်းခံရမှာကို စိုးရိမ်နေကြပါတယ်။ ပုံစာ - အောက်တိုဘာလ ၁၉ ရက်နေ့က ချင်းမိုင်ဘူတာတွင် မြန်မာနိုင်ငံသားများ ဖမ်းဆီးခံရစဉ် အပြည့်အစုံဖတ်ရန် > https://www.daweiwatch.com/23/10/2026/139385/

တောင်ပြိုဒဏ်ခံခဲ့ရတဲ့ လောင်းလုံးက ကျေးရွာတချို့မှာ အရေပြားရောဂါဖြစ် အရေပြားပေါ်မှာ အဖုလေး‌‌တွေထွက်လာပြီး ယားယံတာ‌‌တွေ ခံစားနေ
တောင်ပြိုဒဏ်ခံခဲ့ရတဲ့ လောင်းလုံးက ကျေးရွာတချို့မှာ အရေပြားရောဂါဖြစ် အရေပြားပေါ်မှာ အဖုလေး‌‌တွေထွက်လာပြီး ယားယံတာ‌‌တွေ ခံစားနေရတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ရုပ်သံကြည့်ရန် > https://youtu.be/0o78bBA5dtw

ပုလော ကဒဲရွာ လေကြောင်းဗုံးကြဲမှု ဘုန်းကြီးကျောင်းသုံးဆောင်ပျက်စီး ကဒဲရွာဘုန်းကြီးကျောင်းမှာ ဗုံးနှစ်လုံးကျရောက်ပေါက်ကွဲပြီး က
+3
ပုလော ကဒဲရွာ လေကြောင်းဗုံးကြဲမှု ဘုန်းကြီးကျောင်းသုံးဆောင်ပျက်စီး ကဒဲရွာဘုန်းကြီးကျောင်းမှာ ဗုံးနှစ်လုံးကျရောက်ပေါက်ကွဲပြီး ကျောင်းဆောင်တွေ ထိခိုက်ပျက်စီးခဲ့တာပါ။ အပြည့်အစုံဖတ်ရန် > https://www.daweiwatch.com/23/10/2026/139382/

မြဝတီဘက်မှ လက်နက်ကြီးကျည်ဆန်များ ထိုင်းဘက် ကျရောက်၍ နေအိမ်များပျက်စီး “မြန်မာနိုင်ငံဘက်က ပစ်ခတ်လိုက်တဲ့ ၆၀ မမ လက်နက်ကြီးကျည်တ
+3
မြဝတီဘက်မှ လက်နက်ကြီးကျည်ဆန်များ ထိုင်းဘက် ကျရောက်၍ နေအိမ်များပျက်စီး “မြန်မာနိုင်ငံဘက်က ပစ်ခတ်လိုက်တဲ့ ၆၀ မမ လက်နက်ကြီးကျည်တွေ နယ်စပ်ဖြတ်ကျော်ပြီး မဲဆောက်မြို့က ကျေးရွာတွေမှာ ကျရောက်ပေါက်ကွဲခဲ့တာပါ” အပြည့်အစုံဖတ်ရန် > https://www.daweiwatch.com/23/10/2026/139376/

တနင်္သာရီတိုင်း အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ နိဗ္ဗာန်ယာဉ် အခမဲ့ကူညီမည် နိဗ္ဗာန်ယာဉ်ကို မြို့ခံ ဆရာတော်/သံဃာတော်တွေနဲ့ မြို့ခံအလှူရ
တနင်္သာရီတိုင်း အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ နိဗ္ဗာန်ယာဉ် အခမဲ့ကူညီမည် နိဗ္ဗာန်ယာဉ်ကို မြို့ခံ ဆရာတော်/သံဃာတော်တွေနဲ့ မြို့ခံအလှူရှင်တွေ စုပေါင်းလှူဒါန်းထားတာဖြစ်ပါတယ်။ အပြည့်အစုံဖတ်ရန် > https://www.daweiwatch.com/23/10/2026/139373/

သရက်ချောင်းတွင် စစ်အာဏာရှင်တပ် သတ်ဖြတ်အလောင်းဖျောက်ခဲ့သည့် အလောင်းနှစ်လောင်းထပ်တွေ့ စစ်အာဏာရှင်တပ်စစ်ကြောင်းက ဖမ်းဆီးသတ်ဖြတ်အ
သရက်ချောင်းတွင် စစ်အာဏာရှင်တပ် သတ်ဖြတ်အလောင်းဖျောက်ခဲ့သည့် အလောင်းနှစ်လောင်းထပ်တွေ့ စစ်အာဏာရှင်တပ်စစ်ကြောင်းက ဖမ်းဆီးသတ်ဖြတ်အလောင်းဖျောက်ခဲ့တဲ့ ဒေသခံခြောက်ဦးအထိ ရှိလာပြီဖြစ်ပါတယ်။ အပြည့်အစုံဖတ်ရန် > https://www.daweiwatch.com/23/10/2026/139370/

ထားဝယ်တွင် လေးရက်ကြာပျောက်နေသည့်အမျိုးသား အလောင်းရေတွင်းထဲပြန်တွေ့ "အနံ့ရလို့ ငုံ့ကြည့်တော့မှ လူသေနေတာ။ ရေတွင်းကလည်း ဘုံဆိုင်
ထားဝယ်တွင် လေးရက်ကြာပျောက်နေသည့်အမျိုးသား အလောင်းရေတွင်းထဲပြန်တွေ့ "အနံ့ရလို့ ငုံ့ကြည့်တော့မှ လူသေနေတာ။ ရေတွင်းကလည်း ဘုံဆိုင်ရေတွင်း” ကူညီကယ်ဆယ်ရေးလုပ်ဆောင်ခဲ့သူ အပြည့်အစုံဖတ်ရန် > https://www.daweiwatch.com/23/10/2026/139367/

တောင်ပြိုဒဏ်ခံခဲ့ရသည့် လောင်းလုံးက ကျေးရွာအချို့တွင် အရေပြားရောဂါများ ဖြစ်ပွား အလှူရှင်တွေရဲ့ လှူဒါန်းငွေပေါ် မူတည်ပြီး ဆေးဝါ
တောင်ပြိုဒဏ်ခံခဲ့ရသည့် လောင်းလုံးက ကျေးရွာအချို့တွင် အရေပြားရောဂါများ ဖြစ်ပွား အလှူရှင်တွေရဲ့ လှူဒါန်းငွေပေါ် မူတည်ပြီး ဆေးဝါးဝယ်ယူကုသနေရတာကြောင့် လိုအပ်ချက်တွေ ရှိနေတယ်လို့ ဆိုပါတယ်။ အပြည့်အစုံဖတ်ရန် > https://www.daweiwatch.com/23/10/2026/139362/

စစ်အုပ်စု ကန့်သတ်မှုကြောင့် ဘုတ်ပြင်းက ကျေးရွာအချို့တွင် စားသောက်ကုန်ဈေးမြင့်တက် အဓိက စစ်ဆေးဖမ်းဆီးသည့်ဂိတ်မှာ ကြေးနန်တိုင်တံ
စစ်အုပ်စု ကန့်သတ်မှုကြောင့် ဘုတ်ပြင်းက ကျေးရွာအချို့တွင် စားသောက်ကုန်ဈေးမြင့်တက် အဓိက စစ်ဆေးဖမ်းဆီးသည့်ဂိတ်မှာ ကြေးနန်တိုင်တံတားဂိတ်ဖြစ်ပြီး ဆန်အိတ်တွေနဲ့ စားသောက်ကုန်တွေကို မကြာခဏ ဖမ်းဆီးသိမ်းဆည်းလေ့ရှိတယ်လို့ ဆိုပါတယ်။ ပုံစာ - ဘုတ်ပြင်းမြို့အဝင်ရှိ စစ်အာဏာရှင်တပ် စစ်ဆေးရေးတစ်ခုကို တွေ့ရစဉ်။ Website - https://www.daweiwatch.com/23/10/2026/139356/

ယူကရိန်းတွင် စတားလင့်ခ် ရရှိမှုကို ကန်အစိုးရက ဆုံးဖြတ်ခြင်းမဟုတ်ဟု ငြင်းဆို ယူကရိန်းက ပိုမြန်မြန်တုံ့ပြန်နိုင်တဲ့ ကာကွယ်ရေးစန
ယူကရိန်းတွင် စတားလင့်ခ် ရရှိမှုကို ကန်အစိုးရက ဆုံးဖြတ်ခြင်းမဟုတ်ဟု ငြင်းဆို ယူကရိန်းက ပိုမြန်မြန်တုံ့ပြန်နိုင်တဲ့ ကာကွယ်ရေးစနစ် လိုအပ်နေချိန်မှာ စတားလင့်ခ် အင်တာနက်လိုင်းတွေ နှေးသွားတဲ့ အခြေအနေနဲ့ ကြုံခဲ့ရတာပါ။ Website > https://www.daweiwatch.com/23/10/2026/139353/

တနင်္သာရီ တကူကျေးရွာအုပ်စုတွင် လူငယ်တစ်ဦး ကြိုး-ဆွဲ-ချ-သေ-ဆုံး DaweiWatch | အောက်တိုဘာ ၂၃ တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စု
တနင်္သာရီ တကူကျေးရွာအုပ်စုတွင် လူငယ်တစ်ဦး ကြိုး-ဆွဲ-ချ-သေ-ဆုံး DaweiWatch | အောက်တိုဘာ ၂၃ တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စု၊ ပြည့်အေးရွာတွင် အသက် ၂၀ ဝန်းကျင် လူငယ်အမျိုးသားတစ်ဦး အောက်တိုဘာ ၂၂ ရက်ညက ကြိုး-ဆွဲ-ချ-သေ-ဆုံး-သွားကြောင်း ရွာသားများထံမှ သိရသည်။ “သူ့ (သေဆုံးသူ) အဖွားအိမ်က ဝရန်တာမှာပဲ ကြိုး-ဆွဲ-ချ-ပြီး သေ-နေတာ” ဟု တကူရွာသားတစ်ဦးက ပြောသည်။ မည်သည့်အကြောင်းကြောင့် ကြိုး-ဆွဲ-ချ-သေ-ဆုံးသွားသည်ကိုမူ မသိရပေ။ ပြီးခဲ့သည့် ဇန်နဝါရီလနှင့် ဩဂုတ်လတို့တွင် တကူကျေးရွာအုပ်စုမှ ဆယ်ကျော်သက်လူငယ် အမျိုးသားတစ်ဦးနှင့် အသက် ၄၉ နှစ်အရွယ် အိမ်ထောင်သည်အမျိုးသမီးတစ်ဦးတို့ ကြိုး-ဆွဲ-ချ-သေ-ဆုံး-ခဲ့သေးသည်။ ယခု ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ ကာလအတွင်း ထားဝယ်ခရိုင်နှင့် မြိတ်ခရိုင်တို့တွင် ကြိုး-ဆွဲ-ချ-သေ-ဆုံး-သူ အမျိုးသားခြောက်ဦးနှင့် အမျိုးသမီးတစ်ဦး ရှိကြောင်း Dawei Watch က ပြုစုထားသည့် အချက်အလက်များအရ သိရသည်။

အယ်လ်နီညို ဆက်စပ်ဖြစ်စဉ်ကြောင့် လက်တင်အမေရိကတစ်လွှား အဆိုးရွားဆုံး ရေကြီး အယ်လ်နီညိုကြောင့် ဒေသတချို့မှာ မိုးသည်းထန်စွာ ရွာနိ
အယ်လ်နီညို ဆက်စပ်ဖြစ်စဉ်ကြောင့် လက်တင်အမေရိကတစ်လွှား အဆိုးရွားဆုံး ရေကြီး အယ်လ်နီညိုကြောင့် ဒေသတချို့မှာ မိုးသည်းထန်စွာ ရွာနိုင်သလို တချို့နေရာတွေမှာတော့ မိုးခေါင်နိုင်တယ်လို့ မိုးလေဝသပညာရှင်တွေက ဆိုပါတယ်။ Website > https://www.daweiwatch.com/23/10/2026/139341/

တိုင်ဖွန်းမုန်တိုင်းချံပီအတွက် ထိုင်ဝမ် ပြင်ဆင်၊ လေကြောင်းခရီးစဉ်များ ဖျက်သိမ်း မုန်တိုင်းအား အနည်းငယ်လျော့လာပြီး ထိုင်ဝမ်ကျွ
တိုင်ဖွန်းမုန်တိုင်းချံပီအတွက် ထိုင်ဝမ် ပြင်ဆင်၊ လေကြောင်းခရီးစဉ်များ ဖျက်သိမ်း မုန်တိုင်းအား အနည်းငယ်လျော့လာပြီး ထိုင်ဝမ်ကျွန်းကို တိုက်ရိုက်ဖြတ်သန်းဝင်ရောက်ဖို့ မရှိတော့ပေမဲ့ အန္တရာယ်ရှိနေဆဲလို့ ဆိုပါတယ်။ သတင်းဖတ်ရန် > https://www.daweiwatch.com/23/10/2026/139345/

ဝါကျွတ်ကာလ မီးအလှဆင်ပစ္စည်းများ ရောင်းအားနည်း၊ ပန်ကာနှင့် လေအေးပေးစက်များ အရောင်းသွက် “ပုံမှန်ဆိုရင် ၂ လပိုင်း၊ ၃ လပိုင်း (ဖေ
ဝါကျွတ်ကာလ မီးအလှဆင်ပစ္စည်းများ ရောင်းအားနည်း၊ ပန်ကာနှင့် လေအေးပေးစက်များ အရောင်းသွက် “ပုံမှန်ဆိုရင် ၂ လပိုင်း၊ ၃ လပိုင်း (ဖေဖော်ဝါရီ၊ မတ်) လောက်မှ ပန်ကာတို့၊ အဲကွန်းတို့ ရောင်းရတာ။ ဒီနှစ်ကတော့ အယ်လ်နီညိုကြောင့် စောပြီးရောင်းနေရတယ်” သတင်းဖတ်ရန် > https://www.daweiwatch.com/23/10/2026/139342/

တနင်္သာရီစစ်ရှောင်များ သတိထားရမည့် အဓိကရောဂါ ၄ မျိုး Dawei Watch| Infographic II တနင်္သာရီတိုင်းအတွင်း စစ်ဘေးရှောင်ပြည်သူများ
+3
တနင်္သာရီစစ်ရှောင်များ သတိထားရမည့် အဓိကရောဂါ ၄ မျိုး Dawei Watch| Infographic II တနင်္သာရီတိုင်းအတွင်း စစ်ဘေးရှောင်ပြည်သူများအကြား ငှက်ဖျား၊ ရာသီတုပ်ကွေး၊ ဝမ်းပျက်ဝမ်းလျှောနှင့် အရေပြားရောဂါများကို အထူးသတိပြုရန် လိုအပ်နေပါသည်။ အချို့ဒေသများတွင် အရေပြားရောဂါ ကူးစက်မှု မြင့်တက်နေပြီး ဆေးဝါးကုသမှုအပြင် သန့်ရှင်းသော ရေနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေး အလေ့အထများ ပြောင်းလဲခြင်းကဲ့သို့ ရေရှည်ကျန်းမာရေးစောင့်ရှောက်မှု အကူအညီများ လိုအပ်နေပါသည်။

အောက်တိုဘာလ ၂၂ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ် ********* Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆ
အောက်တိုဘာလ ၂၂ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ် ********* Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ - ထားဝယ်မှာ အတင်းအကျပ်ပြောင်းရွှေ့ခံရတဲ့ စျေးသည်တွေ အပူချိန်ပြင်းတဲ့အတွက် စျေးရောင်းရခက်နေတဲ့ အကြောင်း - ပြည်ထောင်စုလမ်းပေါ်ရှိ ပုလောလမ်းပိုင်းကို လေကြောင်းက ဗုံးကြဲတဲ့ သတင်း - ထားဝယ်ခရိုင်မှာ လျှပ်စစ်မီး နေ့စဉ်ရက်ဆက်ပြတ်နေလို့ လုပ်ငန်း‌တွေ အခက်တွေ့နေတဲ့ အခြေအနေ - ထားဝယ် ရေကြီးတောင်ပြိုဘေး ပြန်လည်ထူထောင်ရေး ရန်ပုံငွေ ပန်းချီပြပွဲကျင်းပမယ့် အကြောင်း - ဒေါ်အောင်ဆန်းစုကြည်နဲ့ သားဖြစ်သူတို့ စကားပြောခွင့်ရတဲ့ သတင်း စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။ https://youtu.be/_JM1Ri54kjE