uz
Feedback

Firibgarlarga uchmang! Telemetrio bunday kanallarni topadi va belgilaydi 👉 Belgini ko‘rmoqchi bo‘lsangiz, obuna bo‘ling

Dawei Watch

Dawei Watch

Kanalga Telegram’da o‘tish

Dawei Watch is a regional media based in Dawei, covering mainly southern Myanmar. http://www.daweiwatch.com https://www.facebook.com/DaweiWatch https://www.youtube.com/c/DaweiWatchTV

Ko'proq ko'rsatish

📈 Telegram kanali Dawei Watch analitikasi

Dawei Watch (@daweiwatch) Myanma til segmentidagi kanali faol ishtirokchi. Hozirda hamjamiyat 10 646 obunachidan iborat bo'lib, Yangiliklar & Media toifasida 17 609-o'rinni va Myanma mintaqasida 10 711-o'rinni egallagan.

📊 Auditoriya ko‘rsatkichlari va dinamika

невідомо sanasidan buyon loyiha tez o‘sib, 10 646 obunachiga ega bo‘ldi.

23 Noyabr, 2026 dagi oxirgi ma’lumotlarga ko‘ra kanal barqaror faollikka ega. Oxirgi 30 kunda obunachilar soni -191 ga, so‘nggi 24 soatda esa -7 ga o‘zgardi va umumiy qamrov yuqori darajada qolmoqda.

  • Tasdiqlash holati: Tasdiqlangan (Telegram tomonidan rasmiy tasdiq)
  • Jalb etish (ER): Auditoriya o‘rtacha 8.64% darajada jalb etiladi. Nashrdan keyingi dastlabki 24 soatda kontent odatda umumiy obunachilar sonining 6.25% ini tashkil etuvchi reaksiyalarni to‘playdi.
  • Post qamrovi: Har bir post o‘rtacha 920 marta ko‘riladi; birinchi sutkada odatda 665 ta ko‘rish yig‘iladi.
  • Reaksiyalar va o‘zaro ta’sir: Auditoriya faol: har bir postga o‘rtacha 3 ta reaksiya keladi.

📝 Tavsif va kontent siyosati

Muallif resursni shaxsiy fikrni ifoda etish maydoni sifatida ta’riflaydi:
“Dawei Watch is a regional media based in Dawei, covering mainly southern Myanmar. http://www.daweiwatch.com https://www.facebook.com/DaweiWatch https://www.youtube.com/c/DaweiWatchTV”

Yuqori yangilanish chastotasi (oxirgi ma’lumot 24 Noyabr, 2026 da olingan) sababli kanal doimo dolzarb va katta qamrovli bo‘lib qoladi. Analitika auditoriya kontent bilan faol hamkorlik qilishini, uni Yangiliklar & Media toifasidagi muhim ta’sir nuqtasiga aylantirishini ko‘rsatadi.

10 646
Obunachilar
-724 soatlar
-337 kun
-19130 kun
Postlar arxiv
အခေါက်‌ရွှေနှင့် ထိုင်းဘတ်ဈေး ထပ်တက် Dawei Watch | နိုဝင်ဘာ ၂၄ ယနေ့ ဈေးကွက်ပေါက်ဈေးအရ အခေါက်ရွှေ‌နှင့် ထိုင်းဘတ်ဈေး ထပ်တက်လာသ
အခေါက်‌ရွှေနှင့် ထိုင်းဘတ်ဈေး ထပ်တက် Dawei Watch | နိုဝင်ဘာ ၂၄ ယနေ့ ဈေးကွက်ပေါက်ဈေးအရ အခေါက်ရွှေ‌နှင့် ထိုင်းဘတ်ဈေး ထပ်တက်လာသည်။ ရန်ကုန်ဈေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ၁၀၃၃၀၀၀၀ ကျပ် ဈေးဖွင့်ထားသည်။ ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေဈေးမဖွင့်တော့သည်မှာ ၈၉၇ ရက် မြောက်ရှိလာပြီဖြစ်သည်။ စစ်အုပ်စု သတ်မှတ်ဈေးအတိုင်း မရောင်းပါက ဖမ်းဆီးပြီး ပိုင်ဆိုင်မှုကိုပါ သိမ်းဆည်းမည်ဟု ခြိမ်းခြောက်ထားသည့်အတွက် ၂၀၂၄ ခုနှစ် ဇွန်လ ၅ ရက်နေ့မှစကာ အခေါက်ရွှေဈေး မဖွင့်တော့ပေ။ ထိုကြောင့် ထားဝယ်ဈေးကွက်တွင် အခေါက်ရွှေဈေးမဖွင့်တော့ဘဲ ရန်ကုန်ဈေးကွက်ကို အခြေခံကာ ကြိုက်ရောင်းကြိုက်ဝယ် ဖြစ်နေသည်။ ထိုင်းဘတ်ငွေလဲနှုန်းလည်း ထပ်တက်လာပြီး ၆၆၀ ဘတ်လျှင် ကျပ်တစ်သိန်း ဈေးဖွင့်ထားသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။
23 Noy, 23:58

ဘန်ကောက်တွင် မြန်မာအမျိုးသမီးတစ်ဦး အပိုင်းပိုင်းခုတ်ထစ်သတ်ဖြတ် စွန့်ပစ်ခံရ အမျိုးသမီးနဲ့ တွဲနေတဲ့ မြန်မာအမျိုးသားဟာ အခန်းကနေ
ဘန်ကောက်တွင် မြန်မာအမျိုးသမီးတစ်ဦး အပိုင်းပိုင်းခုတ်ထစ်သတ်ဖြတ် စွန့်ပစ်ခံရ အမျိုးသမီးနဲ့ တွဲနေတဲ့ မြန်မာအမျိုးသားဟာ အခန်းကနေ အိတ်ကိုထမ်းပြီး အမှိုက်ပုံမှာ အကြိမ်ကြိမ်သွားရောက် စွန့်ပစ်ခဲ့တာကို CCTV မှာ တွေ့ရှိလို့ ရဲတပ်ဖွဲ့ ဖမ်းဆီးထားပါတယ်။ အပြည့်အစုံဖတ်ရန် > https://www.daweiwatch.com/24/11/2026/141169/
23 Noy, 23:55

မြိတ်မှာ လျှပ်စစ်တစ်ယူနစ် ကျပ်တစ်ရာကျော် စျေးထပ်တက် DaweiWatch | ရုပ်သံ မီတာခက လတိုင်းတက်နေတာပါ။ https://youtu.be/72WnMIZeG4w
မြိတ်မှာ လျှပ်စစ်တစ်ယူနစ် ကျပ်တစ်ရာကျော် စျေးထပ်တက် DaweiWatch | ရုပ်သံ မီတာခက လတိုင်းတက်နေတာပါ။ https://youtu.be/72WnMIZeG4w
23 Noy, 21:33

ကွမ်းသမလေးရဲ့ စစ်သည်တော် အပိုင်း (၆) ကျမလည်း အမေ့လက်ကိုဆွဲပြီး သွားလေသူ ဘီလုံးနှင့် ကျမ၏ ဖြူလေးတို့ ဆောက်ပေးထားသည့် ဗုံးခိုကျ
ကွမ်းသမလေးရဲ့ စစ်သည်တော် အပိုင်း (၆) ကျမလည်း အမေ့လက်ကိုဆွဲပြီး သွားလေသူ ဘီလုံးနှင့် ကျမ၏ ဖြူလေးတို့ ဆောက်ပေးထားသည့် ဗုံးခိုကျင်းဆီ ပြေး၏။ ရဲဘော်များက အိမ်နောက်က သစ်တိုပင်ကြီးအောက် ဝင်ပြေးသွားတာ တွေ့လိုက်ရသည်။ ဗုံးခိုကျင်းထဲ ရောက်တော့ အမေက ရင်ဘတ်ကို ဖိပြီး မေး၏။ အပြည့်အစုံဖတ်ရန် > https://www.daweiwatch.com/23/11/2026/141148/
23 Noy, 21:01

စစ်ဘေးရှောင်ကျန်းမာရေး ကြိုတင်ကာကွယ်ဖို့ အစီအမံ ၅ ရပ် Dawei Watch| Infographic V စစ်ဘေးရှောင်စခန်းတွေ၊ ဘာသာရေးအဆောက်အအုံတွေနဲ
+4
စစ်ဘေးရှောင်ကျန်းမာရေး ကြိုတင်ကာကွယ်ဖို့ အစီအမံ ၅ ရပ် Dawei Watch| Infographic V စစ်ဘေးရှောင်စခန်းတွေ၊ ဘာသာရေးအဆောက်အအုံတွေနဲ့ လူအများစုဝေးနေထိုင်ရတဲ့နေရာတွေမှာ သန့်ရှင်းသောရေ၊ အိမ်သာနဲ့ ကျန်းမာရေးဝန်ဆောင်မှု လုံလောက်မှုမရှိရင် ကူးစက်ရောဂါပြန့်ပွားနိုင်ခြေ မြင့်တက်လာနိုင်ပါတယ်။ ဒါကြောင့် အစီအမံတွေကြိုတင်ချထားဖို့ လိုအပ်ပါတယ်။
23 Noy, 20:52

စစ်အာဏာရှင်တပ်က လေကြောင်းတိုက်ခိုက်လို့ ပုလောမှာ လူနေအိမ်တွေပျက်စီး DaweiWatch | ရုပ်သံ ဒါ့အပြင် စစ်အာဏာရှင်တပ်ဟာ အင်အားအများ
စစ်အာဏာရှင်တပ်က လေကြောင်းတိုက်ခိုက်လို့ ပုလောမှာ လူနေအိမ်တွေပျက်စီး DaweiWatch | ရုပ်သံ ဒါ့အပြင် စစ်အာဏာရှင်တပ်ဟာ အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးနေပါတယ်။ https://youtu.be/WW1ChlIT9V0
23 Noy, 20:32

လောင်းလုံးမှာ ယားနာဖြစ်နေတဲ့ ကျေးရွာတွေကို ရေတွင်းသန့်စင်ဆေးမှုန့် ဖြန့်ဝေမယ် DaweiWatch | ရုပ်သံ တောင်ပြိုပြီးနောက်ပိုင်း လေ
လောင်းလုံးမှာ ယားနာဖြစ်နေတဲ့ ကျေးရွာတွေကို ရေတွင်းသန့်စင်ဆေးမှုန့် ဖြန့်ဝေမယ် DaweiWatch | ရုပ်သံ တောင်ပြိုပြီးနောက်ပိုင်း လောင်းလုံးမြို့နယ်ရှိ ကျေးရွာတိုင်းနီးပါး ယားယံရောဂါခံစားကြရတာပါ။ https://youtu.be/gdIfcHl4NMs
23 Noy, 19:35

မြိတ်မြို့ နှစ်ကျိပ်ရှစ်ဆူဘုရား အပူဇော်ခံထားသည့်မြင်ကွင်း Dawei Watch| နိုဝင်ဘာလ ၂၃ ၉၆ ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်ပ
+9
မြိတ်မြို့ နှစ်ကျိပ်ရှစ်ဆူဘုရား အပူဇော်ခံထားသည့်မြင်ကွင်း Dawei Watch| နိုဝင်ဘာလ ၂၃ ၉၆ ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်ပွဲအတွက် ဘုရားများကို မြိတ်မြို့ အမှတ် ၁ ကျောင်းလမ်းရှိ ဈေးဆိုင်တန်းများနေရာတွင် အပူဇော်ခံထားရှိသည်ကို တွေ့ရသည်။ ယနေ့ည (နိုဝင်ဘာလ ၂၃ ရက်) အပူဇော်ခံထားသည်မှာ ငါးရက်မြောက်ဖြစ်ပြီး နိုဝင်ဘာလလ ၂၄ ရက် တန်ဆောင်မုန်းလပြည့်ညတွင် မြို့အတွင်းလှည့်လည်ကာ အပူဇော်ခံမည်ဖြစ်သည်။ ပြီးခဲ့သည့်နှစ်များက နှစ်ကျိပ်ရှစ်ဆူဘုရားများကို ဘုရားငါးဆူကွင်းတွင် အပူဇော်ခံခဲ့သော်လည်း ယခုနှစ်တွင်မူ အမှတ် ၁ ကျောင်းလမ်းရှိ ဈေးဆိုင်တန်းများနေရာတွင် အပူဇော်ခံထားခြင်းဖြစ်သည်။
23 Noy, 10:30

photo content
+9
23 Noy, 10:05

ထားဝယ်တန်ဆောင်တိုင်ဘုရားလှည့်ပွဲည မြင်ကွင်းများ Dawei Watch | ဓာတ်ပုံသတင်း ထားဝယ်ဒေသ၏ အထင်ကရ တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူဘုရ
ထားဝယ်တန်ဆောင်တိုင်ဘုရားလှည့်ပွဲည မြင်ကွင်းများ Dawei Watch | ဓာတ်ပုံသတင်း ထားဝယ်ဒေသ၏ အထင်ကရ တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူဘုရားများ ဒေသစာရီလှည့်လည်အပူဇော်ခံပွဲကို ယနေ့ အဖိတ်နေ့ (နိုဝင်ဘာလ ၂၃ ရက်) ညနေ ၅ နာရီမှစ၍ ထားဝယ်မြို့တွင် ကျင်းပနေသည်။ ရပ်ကွက်၊ ကျေးရွာ အသီးသီးက ပင့်ဆောင်ပူဇော်ထားသော နှစ်ကျိပ်ရှစ်ဆူဘုရားများ၊ ကိုယ်စားရုပ်ပွား၊ စေတီများနှင့် ဝသုန္ဒြေနတ်မင်းတို့ကို ကနုတ်တံကဲ၊ လျှပ်စစ်မီး၊ ပန်းများဖြင့် အလှဆင်ထားသော လှည်းများဖြင့် ပင့်ဆောင်ကာ ထားဝယ်မြို့အတွင်း တန်ဆောင်မုန်းလပြည့်နေ့ အရုဏ်တက်အထိ ညလုံးပေါက်အပူဇော်ခံမည်ဖြစ်သည်။ ဘုရားလှည့်လည်မည့်လမ်းကြောင်းကိုလည်း ယခင်နှစ်များထက် နှစ်လမ်းတိုးချဲ့လှည့်လည်မည်ဖြစ်သည် ။ လမ်းတလျှောက်တွင် ဘုရားဖူးရန် စောင့်ဆိုင်းနေသူများနှင့် စတုဒီသာ ကျွေးမွေးလှူဒါန်းလှူသူများကို တွေ့ရသည်။ မြို့တွင်းဘုရားဖူးများအပြင် ရပ်ဝေးဘုရားဖူးအချို့တွေ့ရသော်လည်း ကိုဗစ်မတိုင်မီ ကျင်းပပြုလုပ်သည့် တန်ဆောင်တိုင်ပွဲကဲ့သို့ လူပင်လယ်အလား စည်ကားနေသည်ကို မတွေ့ရပေ။
23 Noy, 10:05

photo content
+9
23 Noy, 10:05

photo content
+9
23 Noy, 10:04
23 Noy, ~10:05

photo content
+9
23 Noy, 10:04
23 Noy, ~10:05

နိုဝင်ဘာ ၂၃ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ် ********* Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရ
နိုဝင်ဘာ ၂၃ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ် ********* Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ - ထားဝယ်တန်ဆောင်တိုင်ကာလမှာ ပစ်ခတ်သတ်ဖြတ်၊ လူဖမ်းတာနဲ့ လျှပ်စစ်မီးပြတ်တောက်တာတွေ ဖြစ်ပွားခဲ့တဲ့အကြောင်း - စစ်အာဏာရှင်တပ်က လေကြောင်းတိုက်ခိုက်တာကြောင့် ပုလောမှာ လူနေအိမ်တွေ ပျက်စီးခဲ့ရတာ - ထားဝယ်အထူးစီးပွားရေးဇုန်ထဲမှာ ဒီကနေ့ နှစ်ဖက်ပစ်ခတ်မှုဖြစ်ခဲ့လို့ ဒေသခံတွေ ထွက်ပြေးနေကြရတဲ့အခြေအနေ - လောင်းလုံးမြို့နယ် တောင်ပြိုကပ်ဘေးသင့်ရွာတွေထဲက ယားနာဖြစ်နေတဲ့ရွာတွေကို ရေတွင်းသန့်စင် ဆေးမှုန့်တွေဖြန့်ဝေပေးမယ့်သတင်း - မြိတ်မြို့ လျှပ်စစ်မီတာခ ဈေးထပ်တက်သွားတဲ့အကြောင်း စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။ https://youtu.be/9j-oNCzLwfg
23 Noy, 07:41

ထိုင်းတွင် မြန်မာလုပ်သားသုံးရာကျော် နစ်နာကြေးမရဘဲ ရုတ်တရက် အလုပ်ထုတ်ခံရ အလုပ်ထုတ်ခံရတာမှာ လုပ်သက်ခြောက်နှစ်အထိရှိတဲ့ အလုပ်သမာ
ထိုင်းတွင် မြန်မာလုပ်သားသုံးရာကျော် နစ်နာကြေးမရဘဲ ရုတ်တရက် အလုပ်ထုတ်ခံရ အလုပ်ထုတ်ခံရတာမှာ လုပ်သက်ခြောက်နှစ်အထိရှိတဲ့ အလုပ်သမားတွေ ပါဝင်ပါတယ်။ သတင်းဖတ်ရန် > https://www.daweiwatch.com/23/11/2026/141106/
23 Noy, 03:49

စစ်အာဏာရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပုလောတွင် လူနေအိမ်များပျက်စီး စစ်အာဏာရှင်တပ်က ပုလောလမ်းပိုင်းကို အင်အားအများအပြ
+6
စစ်အာဏာရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပုလောတွင် လူနေအိမ်များပျက်စီး စစ်အာဏာရှင်တပ်က ပုလောလမ်းပိုင်းကို အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးနေပြီးတော့ လေကြောင်းတိုက်ခိုက်မှုတွေပါ လုပ်ဆောင်နေတာပါ။ သတင်းဖတ်ရန် > https://www.daweiwatch.com/23/11/2026/141095/
23 Noy, 03:12

ထားဝယ်အထူးစီးပွားရေးဇုန်အတွင်း ယနေ့ ပစ်ခတ်မှုဖြစ် မူးဒူးရွာက ဘုန်းတော်ကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်အာဏာရှင်တပ်နဲ့ တော်လှန်ရ
ထားဝယ်အထူးစီးပွားရေးဇုန်အတွင်း ယနေ့ ပစ်ခတ်မှုဖြစ် မူးဒူးရွာက ဘုန်းတော်ကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်အာဏာရှင်တပ်နဲ့ တော်လှန်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ သတင်းဖတ်ရန် > https://www.daweiwatch.com/23/11/2026/141092/
23 Noy, 02:56

ထိုင်းပြည်သူ့ပါတီအမတ်ကို တော်ဝင်ဥပဒေဖြင့် ထောင်ဒဏ်သုံးနှစ် ချ ပြည်သူ့ပါတီကနေ နှစ်ကြိမ်ဆက် အနိုင်ရထားတဲ့ လူငယ်အမျိုးသမီး လွှတ်
ထိုင်းပြည်သူ့ပါတီအမတ်ကို တော်ဝင်ဥပဒေဖြင့် ထောင်ဒဏ်သုံးနှစ် ချ ပြည်သူ့ပါတီကနေ နှစ်ကြိမ်ဆက် အနိုင်ရထားတဲ့ လူငယ်အမျိုးသမီး လွှတ်တော်အမတ်ဖြစ်ပြီး ထိုင်းတွေအပြင် မြန်မာတွေကြားမှာလည်း လူသိများထင်ရှားသူ ဖြစ်ပါတယ်။ သတင်းဖတ်ရန် > https://www.daweiwatch.com/23/11/2026/141088/
23 Noy, 02:36

လောင်းလုံးတွင် ယားနာဖြစ်နေသည့် ကျေးရွာများအား ရေတွင်းသန့်စင်ဆေးမှုန့် ဖြန့်ဝေမည် “ယားယံတာက အဓိကအဖြစ်များတယ်။ ရွာတိုင်း အဖြစ်မ
လောင်းလုံးတွင် ယားနာဖြစ်နေသည့် ကျေးရွာများအား ရေတွင်းသန့်စင်ဆေးမှုန့် ဖြန့်ဝေမည် “ယားယံတာက အဓိကအဖြစ်များတယ်။ ရွာတိုင်း အဖြစ်များတယ်။ အောက်ဘက်က ရွာတွေမှာဆိုရင် လူ ၁၀၀ မှာ ၈၀ လောက်အထိဖြစ်တာတွေ့ရတယ်” သတင်းဖတ်ရန် > https://www.daweiwatch.com/23/11/2026/141085/
23 Noy, 02:31

အခေါက်‌ရွှေနှင့် ထိုင်းဘတ်ဈေး တက် Dawei Watch | နိုဝင်ဘာ ၂၃ ယနေ့ ဈေးကွက်ပေါက်ဈေးအရ အခေါက်ရွှေ‌နှင့် ထိုင်းဘတ်ဈေး တက်လာသည်။ ရန
အခေါက်‌ရွှေနှင့် ထိုင်းဘတ်ဈေး တက် Dawei Watch | နိုဝင်ဘာ ၂၃ ယနေ့ ဈေးကွက်ပေါက်ဈေးအရ အခေါက်ရွှေ‌နှင့် ထိုင်းဘတ်ဈေး တက်လာသည်။ ရန်ကုန်ဈေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ၁၀၂၃၀၀၀၀ ကျပ် ဈေးဖွင့်ထားသည်။ ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေဈေးမဖွင့်တော့သည်မှာ ၈၉၆ ရက် မြောက်ရှိလာပြီဖြစ်သည်။ စစ်အုပ်စု သတ်မှတ်ဈေးအတိုင်း မရောင်းပါက ဖမ်းဆီးပြီး ပိုင်ဆိုင်မှုကိုပါ သိမ်းဆည်းမည်ဟု ခြိမ်းခြောက်ထားသည့်အတွက် ၂၀၂၄ ခုနှစ် ဇွန်လ ၅ ရက်နေ့မှစကာ အခေါက်ရွှေဈေး မဖွင့်တော့ပေ။ ထိုကြောင့် ထားဝယ်ဈေးကွက်တွင် အခေါက်ရွှေဈေးမဖွင့်တော့ဘဲ ရန်ကုန်ဈေးကွက်ကို အခြေခံကာ ကြိုက်ရောင်းကြိုက်ဝယ် ဖြစ်နေသည်။ ထိုင်းဘတ်ငွေလဲနှုန်းက ငြိမ်နေပြီး ၆၇၀ ဘတ်လျှင် ကျပ်တစ်သိန်း ဈေးဖွင့်ထားသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။
23 Noy, 02:26