en
Feedback
THN Public Media

THN Public Media

Open in Telegram

📈 Analytical overview of Telegram channel THN Public Media

Channel THN Public Media (@thnjournalist) in the Burmese language segment is an active participant. Currently, the community unites 10 252 subscribers, ranking 6 113 in the Sports category and 11 299 in the Myanmar region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 10 252 subscribers.

According to the latest data from 07 September, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -7 over the last 30 days and by -10 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 10.47%. Within the first 24 hours after publication, content typically collects 8.50% reactions from the total number of subscribers.
  • Post reach: On average, each post receives 1 073 views. Within the first day, a publication typically gains 871 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 10.

📝 Description and content policy

Channel description not provided.

Thanks to the high frequency of updates (latest data received on 08 September, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Sports category.

10 252
Subscribers
-1024 hours
+327 days
-730 days

Data loading in progress...

Tags Cloud
No data
Any problems? Please refresh the page or contact our support manager.
Incoming and Outgoing Mentions
---
---
---
---
---
---
Attracting Subscribers
September '26
September '26
+74
in 0 channels
August '26
+123
in 9 channels
Get PRO
July '26
+142
in 3 channels
Get PRO
June '26
+236
in 9 channels
Get PRO
May '26
+114
in 8 channels
Get PRO
April '26
+115
in 13 channels
Get PRO
March '26
+203
in 9 channels
Get PRO
February '26
+114
in 8 channels
Get PRO
January '26
+325
in 9 channels
Get PRO
December '25
+119
in 9 channels
Get PRO
November '25
+189
in 9 channels
Get PRO
October '25
+338
in 9 channels
Get PRO
September '25
+325
in 11 channels
Get PRO
August '25
+306
in 9 channels
Get PRO
July '25
+384
in 8 channels
Get PRO
June '25
+668
in 8 channels
Get PRO
May '25
+584
in 0 channels
Get PRO
April '25
+1 202
in 2 channels
Get PRO
March '25
+482
in 1 channels
Get PRO
February '25
+378
in 2 channels
Get PRO
January '25
+907
in 1 channels
Get PRO
December '24
+985
in 1 channels
Get PRO
November '24
+672
in 2 channels
Get PRO
October '24
+607
in 0 channels
Get PRO
September '24
+618
in 3 channels
Get PRO
August '24
+853
in 0 channels
Get PRO
July '24
+2 747
in 1 channels
Date
Subscriber Growth
Mentions
Channels
08 September+3
07 September0
06 September+3
05 September0
04 September0
03 September+3
02 September+23
01 September+42
Channel Posts
MNDAA ထိန်းချုပ်ရာ သိန္နီမြို့နယ်မှာ ယမ်းသိုလှောင်ရုံ ပေါက်ကွဲ၊ လူသေဆုံးမှုရှိ စက်တင်ဘာ ၈ - ၂၀၂၆ MNDAA ကိုးကန့် ထိန်းချုပ်ရာ သိန္နီမြို့နယ် မန်မိုင်ရွာ အနီးမှာ ဒီနေ့ စက်တင်ဘာလ ၈ ရက်နေ့ မနက် အစောပိုင်းက ယမ်းသိုလှောင်ရုံ ပေါက်ကွဲလို့ လူ ထိခိုက် သေဆုံးမှုရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။ "လေယာဥ် မဟုတ်ပါဘူး။ ခြံထဲက ယမ်းအိတ်တွေ မတော်တဆ ပေါက်ကွဲတာပါ။ သိန္နီ မန့်မိုင် အထက်ကုန်း ရာဘာခြံဘက်နား။" လို့ ဒေသခံ တယောက်က ပြောပါတယ်။ ပေါက်ကွဲမှုကြောင့် အနီးဝန်းကျင်ရွာ‌တွေ ဘက်အထိ တုန်ခါပြီး နေအိမ် မျက်နှာကျက်တွေပါ ပြုတ်ကျတာတွေရှိတယ်လို့ သူက ပြောပါတယ်။ "မနက် ၅ နာရီခွဲ ၆ နာရီ ဝန်းကျင်လောက် အသံ အကျယ်ကြီးကြားတယ်။ ထိသူ အများကြီးပဲ။ သေသူလည်းများတယ်။ ဘယ်လောက် ဆိုတာ အတိအကျ မသိရသေးဘူး" လို့ နောက်ထပ် ဒေသခံ တယောက်က ပြောပါတယ်။ သိန္နီ ဆေးရုံမှာ လူနာ အများအပြား ရောက်လာတယ်လို့ သိရပြီး ယမ်းသိုလှောင်ရုံ ပေါက်ကွဲတယ်လို့ ပြောနေကြတယ်လို့ သူက ပြောပါတယ်။ နောက်ထပ် ဒေသခံ အမျိုးသား ကတော့ "ယမ်း ထုတ်လုပ်တဲ့ သိုလှောင်ရုံ ပေါက်ကွဲတာ။ မန်မိုင်ရွာ အပေါ်ဘက်က ကုန်းမှာ" လို့ ပြောပါတယ်။ အဲဒီပေါက်ကွဲမှုကြောင် တရုတ်သူဌေး နှစ်ယောက်နဲ့ MNDAA တပ်သား ရှစ်ယောက်၊ အလုပ်လုပ်နေသူ ငါးယောက် ထိခိုက် သေဆုံးမှုရှိတယ်လို့ ကနဦး သိရပြီး ဒဏ်ရာရသူ သုံးယောက်လည်း သန္နီဆေးရုံမှာ ဆေးကု နေတယ်လို့ သိရတယ်လို့ ဆိုပါတယ်။ ထိခိုက်သေဆုံးတဲ့ သူတွေထဲမှာ တရုတ်နိုင်ငံသားတွေနဲ့ MNDAA တပ်ဖွဲ့ ဝင်တွေလည်း ပါတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ၁၀၂၇ တိုက်ပွဲကာလအတွင်းမှာ သိန္နီမြို့ကို MNDAA တပ်ဖွဲ့က သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။ အခုနှစ် မေလကုန်ပိုင်းတုန်းကလည်း TNLA တပ်ဖွဲ့ ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့နယ် ကောင်းတပ်ရွာမှာ ယမ်းတိုက်တခု ပေါက်ကွဲလို့ လူ ၄၃ ဦး သေဆုံးခဲ့ပြီး ၁၁၂ ယောက် ဒဏ်ရာရခဲ့ကာ နေအိမ် ရာချီ ထိခိုက်ပျက်စီးခဲ့ ပါသေးတယ်။ Photo Crd# ဒေသခံ Crd – VOM --------------------------- THN Public Media - YouTube ချန်နယ်ကြည့်ပြီး ပံ့ပိုးနိုင်ပြီ https://www.youtube.com/channel/UCuKoPNBJF5hbn0X8ASUNkHA THN Public Media တယ်လီဂရမ်မှာ သတင်းတွေကို အချိန်နဲ့အမျှ တင်ဆက်ပေးနေပါပြီ။ https://t.me/+iFZ9Q4hyodJkNjRk https://t.me/THNjournalist တစ်တော့ လာပြီ https://www.tiktok.com/@thnmedia?lang=en - ဖေ့စ်ဘွတ်မှာ Subscribe လုပ်ပြီး ပံ့ပိုးနိုင်ပြီ https://www.facebook.com/becomesupporter/100066613536888/ -------------------------- တွစ်တာလည်း ရှိတယ် Twitter - https://twitter.com/winburmese

2
No text...
158
3
ကာကွယ်ရေးဆိုင်ရာ ပိုမိုနက်ရှိုင်းတဲ့ ဆက်ဆံရေး၊ မြန်မာနဲ့ ဗီယက်နမ် သဘောတူခဲ့ စက်တင်ဘာ ၈ - ၂၀၂၆ ဗီယက်နမ် သမ္မတ တိုလန်းက ဦးမင်းအောင်လှိုင်ကို ဟနွိုင်းမြို့မှာ လက်ခံ တွေ့ဆုံခဲ့စဉ် အတွင်း ပိုမို နက်ရှိုင်းတဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုတွေကို နှစ်နိုင်ငံ ဆက်ဆံရေးရဲ့ ဒေါက်တိုင် တခု အဖြစ် မြှင့်တင်သွားဖို့ ပြီးခဲ့တဲ့ စနေနေ့က သဘောတူညီခဲ့ကြပါတယ်။ စစ်ဘက်ဆိုင်ရာ လေ့ကျင့်ရေး၊ လူငယ်အရာရှိတွေ အကြား ဆက်ဆံရေး၊ ရှာဖွေကယ်ဆယ်ရေး စစ်ဆင်ရေးတွေ နဲ့ သဘာဝ ဘေးအန္တရာယ် တုံ့ပြန်ရေးတို့မှာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးချဲ့သွားဖို့ သဘောတူခဲ့ ကြသလို ရာဇဝတ်မှု တိုက်ဖျက်ရေးမှာလည်း သတင်း အချက်အလက် မျှဝေခြင်းနဲ့ ပူးပေါင်း ညှိနှိုင်းဆောင်ရွက်တာတွေကို တိုးမြှင့်သွားဖို့ သဘောတူခဲ့ကြကြောင်း ဗီယက်နမ် အစိုးရ ထုတ်ပြန်ချက် တခုမှာ ဖော်ပြ ထားပါတယ်။ "ဗီယက်နမ် အနေနဲ့ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေး လုံခြုံစိတ်ချရမှု ရှိစေရေးနဲ့ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်ရေးတို့မှာ မိမိတို့ရဲ့ အတွေ့အကြုံတွေကို မျှဝေပေးဖို့ အသင့်ရှိပါတယ်" လို့ ဆွေးနွေးပွဲအတွင်း တိုလန်း က ပြောကြားခဲ့ကြောင်း အဲဒီ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဘယ်လိုအဖွဲ့အစည်း ဖြစ်ဖြစ် ဒါမှမဟုတ် တသီးပုဂ္ဂလ ဖြစ်ဖြစ် တနိုင်ငံကို ဆန့်ကျင်ဖို့ တခြားနိုင်ငံ နယ်မြေ အသုံးပြုတာကို ခွင့်မပြုဖို့ မြန်မာနဲ့ ဗီယက်နမ် နှစ်နိုင်ငံ အကြား ကတိကဝတ်ကို ထပ်လောင်း အတည်ပြုခဲ့ ကြ ပါတယ်။ နှစ်ဖက်စလုံးက အဆင့်မြင့် ထိတွေ့ဆက်ဆံမှုတွေကို ပိုမိုပြုလုပ်ခြင်းဖြင့် နိုင်ငံရေးဆိုင်ရာ ယုံကြည်မှုကို ခိုင်မာအောင် လုပ်ဆောင် သွားမှာဖြစ်ပြီး လက်ရှိ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေး ယန္တရားတွေကို ပိုမို ကောင်းမွန်စွာ အသုံးပြုသွားမယ်လို့ ပြောကြားခဲ့ကြပါတယ်။ အာဆီယံနဲ့ မဲခေါင် မူဘောင်ထဲမှာ ပိုမိုနီးကပ်စွာ ပူးပေါင်း ဆောင်ရွက် သွားမယ်လို့ ကတိပြုခဲ့ကြသလို တောင်တရုတ် ပင်လယ် အတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ရေကြောင်း၊ လေကြောင်း လွတ်လပ်စွာ သွားလာခွင့် တို့ကို ထောက်ခံကြောင်း ထပ်လောင်း အတည်ပြုခဲ့ကြ တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ref: reuters --------------------------- THN Public Media - YouTube ချန်နယ်ကြည့်ပြီး ပံ့ပိုးနိုင်ပြီ https://www.youtube.com/channel/UCuKoPNBJF5hbn0X8ASUNkHA THN Public Media တယ်လီဂရမ်မှာ သတင်းတွေကို အချိန်နဲ့အမျှ တင်ဆက်ပေးနေပါပြီ။ https://t.me/+iFZ9Q4hyodJkNjRk https://t.me/THNjournalist တစ်တော့ လာပြီ https://www.tiktok.com/@thnmedia?lang=en - ဖေ့စ်ဘွတ်မှာ Subscribe လုပ်ပြီး ပံ့ပိုးနိုင်ပြီ https://www.facebook.com/becomesupporter/100066613536888/ -------------------------- တွစ်တာလည်း ရှိတယ် Twitter - https://twitter.com/winburmese
231
4
No text...
207
5
ပြည်ခိုင်ဖြိုးဘက်က ကန့်ကွက်လွှာကြောင့် ပြည်သူ့ပါတီ ကိုယ်စားလှယ် နှစ်ဦး ပယ်ဖျက်ခံရ၊ ကန့်ကွက်မှုတွေဟာ မဲရလဒ်ကို မပြောင်းလဲ စေနိုင် ဘူးလို့ ပြည်သူ့ပါတီ တုန့်ပြန် စက်တင်ဘာ ၈ - ၂၀၂၆ တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် အတွက် ပြည်သူ့ပါတီက လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးကို ပယ်ဖျက်လိုက်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် UEC က မနေ့က ထုတ်ပြန် ကြေညာလိုက် ပါတယ်။ အနိုင်ရအကုန်ယူစနစ် အရ ပြည်သူ့ပါတီက ဦးခိုင်ဦး ဟာ မြိတ်မြို့နယ် မဲဆန္ဒနယ် ကနေ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ရာ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ သူနဲ့ ယှဥ်ပြိုင်အရွေးခံတဲ့ ပြည်ခိုင်ဖြိုးပါတီက ဦးဝင်းကြူ ကနေ ဦးခိုင်ဦး ကို ကန့်ကွက်လွှာတင်သွင်းခဲ့ပြီးနောက် UEC က ဦးခိုင်ဦး ကို ကိုယ်စားလှယ် အဖြစ်က ပယ်ဖျက်လိုက်ပြီး ဦးဝင်းကြူကို အစားထိုး သတ်မှတ်လိုက်ပါတယ်။ ဦးခိုင်ဦး ပယ်ဖျက်ခံရတဲ့ အတွက် သူရထားတဲ့ မဲရလဒ်ကနေ အချိုးကျကိုယ်စားပြုစနစ် နဲ့ ကိုယ်စားလှယ်ဖြစ်လာတဲ့ ပြည်သူ့ပါတီက ဦးတင်စိုး ပါ အလိုလျောက် ပယ်ဖျက်ပြီးသား ဖြစ်သွားပါတယ်။ ဖြစ်စဥ်မှာ မဲဆွယ်ကာလအတွင်း ဦးခိုင်ဦး ရဲ့ ဗီနိုင်း ၃ ခုမှာ ထုတ်ဝေခွင့် မပါတဲ့ အတွက်နဲ့ နောက်တခုက စီတန်းလှည့်လယ် တယ်ဆိုပြီး ဦးဝင်းကြူ ဘက်က ကန့်ကွက်လွှာတင်သွင်းခဲ့တာ ဖြစ်ပါတယ်။ ပြည်သူ့ပါတီဘက်ကတော့ ကန့်ကွက်လွှာတင်သွင်းမှုဟာ မဲရလဒ်ကို ပြောင်းလဲစေနိုင်တဲ့ အခြေအနေမျိုး မဟုတ်ဘူးလို့ တုန့်ပြန်ပါတယ်။ ဗီနိုင်း ၃ ခုမှာ ထုတ်ဝေခွင့်ကို စတစ်ကာ နဲ့ ပြန်ကပ်ခဲ့ကြောင်းနဲ့ လက်ကမ်းစာစောင် ကားနဲ့ လိုက်ဝေရာမှာ ကား သုံးလေးစီး တနေရာမှာ သွားဆုံတာသာ ဖြစ်ပြီး စီတန်းလှည့်လယ်တာလည်း မဟုတ်ဘူးလို့ သိရပါတယ်။ ရွေးကောက်ပွဲမှာ ဦးခိုင်ဦး က မဲ သုံးသောင်းကျော် ရရှိပြီး ပြည်ခိုင်ဖြိုးက ဦးဝင်းကြူနဲ့ မဲ ၇၀၀ ကျော်ကွာတယ်လို့လည်း သိရပါတယ်။ --------------------------- THN Public Media - YouTube ချန်နယ်ကြည့်ပြီး ပံ့ပိုးနိုင်ပြီ https://www.youtube.com/channel/UCuKoPNBJF5hbn0X8ASUNkHA THN Public Media တယ်လီဂရမ်မှာ သတင်းတွေကို အချိန်နဲ့အမျှ တင်ဆက်ပေးနေပါပြီ။ https://t.me/+iFZ9Q4hyodJkNjRk https://t.me/THNjournalist တစ်တော့ လာပြီ https://www.tiktok.com/@thnmedia?lang=en - ဖေ့စ်ဘွတ်မှာ Subscribe လုပ်ပြီး ပံ့ပိုးနိုင်ပြီ https://www.facebook.com/becomesupporter/100066613536888/ -------------------------- တွစ်တာလည်း ရှိတယ် Twitter - https://twitter.com/winburmese
449
6
+3
No text...
417
7
စစ်တပ်ရဲ့ လေကြောင်း ရေကြောင်းတိုက်ခိုက်မှု၊ AA အသေးစိတ် ထုတ်ပြန် စက်တင်ဘာ ၈ - ၂၀၂၆ မနေ့ စက်တင်ဘာ ၇ ရက်နေ့က သံတွဲ နဲ့ ဂွ မြို့တို့ကို စစ်တပ်က လေကြောင်း ရေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တဲ့ အသေးစိတ်ကို အာရက္ခ တပ်တော် AA က ဒီကနေ့ ထုတ်ပြန်ထားပါတယ်။ မနေ့က မနက် (၁၀) နာရီ (၂၇) မိနစ် အချိန် သံတွဲမြို့ပေါ် ကို ဂျက်တိုက်လေယာဉ် တစင်း ကနေ ၂ ကြိမ် ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ရာ အမှတ် (၈) ရပ်ကွက်အတွင်း ကျရောက် ပေါက်ကွဲလို့ အသက် ၈၃ နှစ် အရွယ် ဒေါ်သန်းသန်းကြွယ် သေဆုံးခဲ့ပြီး တခြားလူ ၃ ဦး ဒဏ်ရာရကာ နေအိမ် ၈ လုံး ပျက်စီးသွားတယ်လို့ ဖေါ်ပြထားပါတယ်။ ဂွ နဲ့ သံတွဲ ပင်လယ်ပြင်မှာ ကျောက်ချရပ်နားထားတဲ့ စစ်သင်္ဘောတွေ ပေါ်ကနေလည်း မနက် (၁၁) နာရီ ( ၂၆) မိနစ် အချိန်ကနေ မွန်းတည့် (၁၂) နာရီ အချိန် အထိ ကမ်းခြေတလျှောက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှု တွေကို လေကြောင်းတိုက်ခိုက်မှုအပြီး ရှေ့ဆင့်နောက်ဆင့် ပြုလုပ်ခဲ့တယ် လို့ ဆိုပါတယ်။ နေ့လယ် (၂) နာရီ (၅၂) မိနစ် အချိန်လောက်မှာတော့ သံတွဲမြိုနယ်၊ ကျောက်ကြီး ကျေးရွာနဲ့ စပါးကြီးရွာတို့ကို လေကြောင်းကနေ ဗုံးကြဲ ရာ လူနေအိမ် (၈) လုံးမှာ လုံးဝပျက်စီးသွားခဲ့ပါတယ်။ ပုဏ္ဏားကျွန်းမြို့နယ်မှာတော့ မနေ့က မနက် (၉) နာရီခွဲ အချိန်လောက်မှာ ဖက်ကျ ကျေးရွားကို ဂျက်တိုက်လေယာဉ် တစင်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ နေအိမ် (၄) လုံး ပျက်စီးခဲ့ကြောင်း ဖေါ်ပြထားပါတယ်။ --------------------------- THN Public Media - YouTube ချန်နယ်ကြည့်ပြီး ပံ့ပိုးနိုင်ပြီ https://www.youtube.com/channel/UCuKoPNBJF5hbn0X8ASUNkHA THN Public Media တယ်လီဂရမ်မှာ သတင်းတွေကို အချိန်နဲ့အမျှ တင်ဆက်ပေးနေပါပြီ။ https://t.me/+iFZ9Q4hyodJkNjRk https://t.me/THNjournalist တစ်တော့ လာပြီ https://www.tiktok.com/@thnmedia?lang=en - ဖေ့စ်ဘွတ်မှာ Subscribe လုပ်ပြီး ပံ့ပိုးနိုင်ပြီ https://www.facebook.com/becomesupporter/100066613536888/ -------------------------- တွစ်တာလည်း ရှိတယ် Twitter - https://twitter.com/winburmese
577
8
+2
No text...
522
9
ရွှေစျေး ငွေစျေး စက်တင်ဘာ ၈ - ၂၀၂၆ ရွှေစျေး - ၁၀၁ သိန်း ၂ သောင်း ဒေါ်လာ - ၄၃၁၅ ရည်ညွှန်းရွှေစျေး - ၇၁ သိန်း ၅ သောင်း ဓါတ်ဆီ -
ရွှေစျေး ငွေစျေး စက်တင်ဘာ ၈ - ၂၀၂၆ ရွှေစျေး - ၁၀၁ သိန်း ၂ သောင်း ဒေါ်လာ - ၄၃၁၅ ရည်ညွှန်းရွှေစျေး - ၇၁ သိန်း ၅ သောင်း ဓါတ်ဆီ - 92 - ၃၇၁၀ / 95 - ၃၈၁၅ ဒီဇယ် - ၄၂၄၀ ----------- မနေ့ကစျေး ရွှေစျေး - ၁၀၁ သိန်း ၃ သောင်း ဒေါ်လာ - ၄၃၃၀ ရည်ညွှန်းရွှေစျေး - ၇၁ သိန်း ၅ သောင်း ဓါတ်ဆီ - 92 - ၃၇၁၀ / 95 - ၃၈၁၅ ဒီဇယ် - ၄၂၄၀ --------------------------- THN Public Media - YouTube ချန်နယ်ကြည့်ပြီး ပံ့ပိုးနိုင်ပြီ https://www.youtube.com/channel/UCuKoPNBJF5hbn0X8ASUNkHA THN Public Media တယ်လီဂရမ်မှာ သတင်းတွေကို အချိန်နဲ့အမျှ တင်ဆက်ပေးနေပါပြီ။ https://t.me/+iFZ9Q4hyodJkNjRk https://t.me/THNjournalist တစ်တော့ လာပြီ https://www.tiktok.com/@thnmedia?lang=en - ဖေ့စ်ဘွတ်မှာ Subscribe လုပ်ပြီး ပံ့ပိုးနိုင်ပြီ https://www.facebook.com/becomesupporter/100066613536888/ -------------------------- တွစ်တာလည်း ရှိတယ် Twitter - https://twitter.com/winburmese
633
10
ကိုဂျင်မီ နဲ့ ကိုဖြိုးဇေယျာသော် ပြည်သူ့တော်လှန်ရေး သူရဲကောင်းဘွဲ့ ရရှိ စက်တင်ဘာ ၇ - ၂၀၂၆ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကနေ ကိုဂျင်မီ နဲ့ ကိုဖြိုးဇေယျာသော် တို့ကို ပြည်သူ့တော်လှန်ရေး သူရဲကောင်းဘွဲ့ ချီးမြှင့်လိုက်ပါတယ်။ ပြည်သူ့တော်လှန်ရေး သူရဲကောင်းဘွဲ့ ရရှိသူ (၂၁) ဦး နဲ့ ပြည်သူ့ တော်လှန်ရေး ဂုဏ်ဆောင်ဘွဲ့ရရှိသူ (၁) ဦး စာရင်းကို NUG က မနေ့က ထုတ်ပြန် ကြေညာလိုက်ပါတယ်။ ပြည်သူ့ တော်လှန်ရေး ဂုဏ်ဆောင်ဘွဲ့ကိုတော့ ၂၀၂၄ ခုနှစ်က ကွယ်လွန် သွားတဲ့ KIA စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးခေါင်လွန်း ရရှိသွားပါတယ်။ အခု ဖေါ်ပြထားတဲ့ ဘွဲ့တွေ အပြင် တခြားဆုတံဆိပ် စုစုပေါင်း ၂၀၀၀ နီးပါးကို အသက်၊ ခန္ဓာ နဲ့ ကိုယ်ကျိုးစီးပွား မငဲ့ကွက်ဘဲ တော်လှန်ရေး (၅) နှစ်တာ ကာလ အတွင်း စစ်ရေးတာဝန်တွေကို ရဲဝံ့စွာ စွမ်းစွမ်းတမံ ထမ်းဆောင် ခဲ့ကြသူတွေကို NUG က ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။ --------------------------- THN Public Media - YouTube ချန်နယ်ကြည့်ပြီး ပံ့ပိုးနိုင်ပြီ https://www.youtube.com/channel/UCuKoPNBJF5hbn0X8ASUNkHA THN Public Media တယ်လီဂရမ်မှာ သတင်းတွေကို အချိန်နဲ့အမျှ တင်ဆက်ပေးနေပါပြီ။ https://t.me/+iFZ9Q4hyodJkNjRk https://t.me/THNjournalist တစ်တော့ လာပြီ https://www.tiktok.com/@thnmedia?lang=en - ဖေ့စ်ဘွတ်မှာ Subscribe လုပ်ပြီး ပံ့ပိုးနိုင်ပြီ https://www.facebook.com/becomesupporter/100066613536888/ -------------------------- တွစ်တာလည်း ရှိတယ် Twitter - https://twitter.com/winburmese
882
11
+1
No text...
786
12
ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ ရခိုင်စာ/စကား နဲ့ဖြင့် သင်ကြားဖို့ ပြဌာန်းတာကို ပြင်းထန်စွာ ကန့်ကွက် စက်တင်ဘာ ၈ - ၂၀၂၆ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် အခြေခံပညာရေး သင်ရိုးညွန်းတမ်းကို ရခိုင်ဘာသာ/စကား နဲ့ ဖြင့် သင်ကြားဖို့ အာရက္ခတပ်တော် ULA/AA က ပြဌာန်းလိုက်တဲ့အပေါ် ဒေသခံပြည်သူအများစုရဲ့ သဘောဆန္ဒမပါဘဲ အတင်းဓမ္မ သင်ကြားစေတာ ဖြစ်လို့ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ကမ္ဘာလုံးဆိုင်ရာခူမီးအဖွဲ့အစည်း (GKO) က စက်တင်ဘာ ၆ ရက်နေ့ ထုတ်ပြန် ကြေညာလိုက်ပါတယ်။ ဒါဟာ ကုလသမဂ္ဂရဲ့ ဌာနတိုင်းရင်းသားများဆိုင်ရာ အခွင့်အရေး ကြေညာစာတမ်း ကို ချိုးဖေါက်ရာ ရောက်တယ်လို့လည်း ဖေါ်ပြထား ပါတယ်။ --------------------------- THN Public Media - YouTube ချန်နယ်ကြည့်ပြီး ပံ့ပိုးနိုင်ပြီ https://www.youtube.com/channel/UCuKoPNBJF5hbn0X8ASUNkHA THN Public Media တယ်လီဂရမ်မှာ သတင်းတွေကို အချိန်နဲ့အမျှ တင်ဆက်ပေးနေပါပြီ။ https://t.me/+iFZ9Q4hyodJkNjRk https://t.me/THNjournalist တစ်တော့ လာပြီ https://www.tiktok.com/@thnmedia?lang=en - ဖေ့စ်ဘွတ်မှာ Subscribe လုပ်ပြီး ပံ့ပိုးနိုင်ပြီ https://www.facebook.com/becomesupporter/100066613536888/ -------------------------- တွစ်တာလည်း ရှိတယ် Twitter - https://twitter.com/winburmese
797
13
+1
No text...
666
14
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး FREE HER လှုပ်ရှားမှု စတင်ကြောင်း သားဖြစ်သူ ကင်မ်အဲရစ် ကြေညာ စက်တင်ဘာ ၈ - ၂၀၂၆ Proof of Life နောက်တဆင့် တက်တဲ့ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး FREE HER လှုပ်ရှားမှုကို စတင်နေကြောင်း သားဖြစ်သူ ကင်မ်အဲရစ် က စက်တင်ဘာ ၆ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။ အသက်ရှင်သေးကြောင်း ပြသဖို့ အရင်လှုပ်ရှားမှုကြောင့် ဒေါ်အောင်ဆန်းစုကြည် ဟာ ICRC နဲ့ တွေ့ခွင့်ရတဲ့ အပေါ် စိတ်သက်သာရ အနည်းငယ် ရပေမယ့် ဘယ်မှာ ထိန်းသိမ်းထားတယ် ဆိုတာ မသိရသလို ကင်မ် အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တွေခွင့် စကားပြောခွင့် မရသေး ကြောင်းလည်း ဖေါ်ပြထားပါတယ်။ ဒီအတွက် နောက်တဆင့်အနေနဲ့ အခုလို FREE HER လှုပ်ရှားမှုကို စတင် တာလို့ ထုတ်ပြန်ထားပါတယ်။ --------------------------- THN Public Media - YouTube ချန်နယ်ကြည့်ပြီး ပံ့ပိုးနိုင်ပြီ https://www.youtube.com/channel/UCuKoPNBJF5hbn0X8ASUNkHA THN Public Media တယ်လီဂရမ်မှာ သတင်းတွေကို အချိန်နဲ့အမျှ တင်ဆက်ပေးနေပါပြီ။ https://t.me/+iFZ9Q4hyodJkNjRk https://t.me/THNjournalist တစ်တော့ လာပြီ https://www.tiktok.com/@thnmedia?lang=en - ဖေ့စ်ဘွတ်မှာ Subscribe လုပ်ပြီး ပံ့ပိုးနိုင်ပြီ https://www.facebook.com/becomesupporter/100066613536888/ -------------------------- တွစ်တာလည်း ရှိတယ် Twitter - https://twitter.com/winburmese
729
15
+1
No text...
655
16
တပ်ရင်း ၃ ခု NUG က ထွက်ပြီး ယောလွတ်မြောက်ရေးတပ်တော် YLA ကို သီးခြားဖွဲ့စည်း၊ NUG နဲ့ ပဋိပက္ခ ဖြစ်ခြင်း လုံးဝမဟုတ်ကြောင်း ထုတ်ပြန် စက်တင်ဘာ ၈ - ၂၀၂၆ NUG ဂန့်ဂေါ ခရိုင်စစ်ဌာန အမှတ် ၁၊ ၁၈ နဲ့ ၁၉ တပ်ရင်း ၃ ခုဟာ NUG ကနေ နုတ်ထွက်ကာ ယောလွတ်မြောက်ရေးတပ်တော် YLA အဖြစ် သီးခြား ဖွဲ့စည်း တည်ထောင်လိုက်ကြောင်း စက်တင်ဘာ ၅ ရက်နေ့က ထုတ်ပြန် ကြေညာလိုက်ပါတယ်။ အခုလို သီးခြားရပ်တည်ရတာဟာ NUG/MOD ရဲ့ ဦးဆောင်မှုကို အယုံအကြည် မရှိခြင်း၊ သက်ဆိုင်ရာဌာ နအသီးသီးက ပုဂ္ဂိုလ်တွေနဲ့ ပဋိပက္ခ ဖြစ်ခြင်းတို့ကြောင့် လုံးဝမဟုတ်ကြောင်း ဖေါ်ပြထားပါတယ်။ အဓိက ကတော့ ယောဒေသအရေးကို မိမိတို့ကိုယ်တိုင် ပုံဖော် ထုဆစ်နိုင်ရေး၊ စစ်ရေးအရ ပိုမိုလွတ်လပ်စွာ လှုပ်ရှားနိုင်ရေး၊ တခြား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့တွေနဲ့ ပိုမို ကျယ်ပြန့်စွာ မဟာမိတ် ပြုနိုင်ရေးတို့ကြောင့် အခုလို သီးခြား တည်ထောင်လိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။ - #ထုတ်ပြန်ချက်အပြည့်အစုံ ----------------------- ယောလွတ်မြောက်ရေးတပ်တော် ဖွဲ့စည်းတည်ထောင်ကြောင်း ထုတ်ပြန်ကြေညာချက် ရက်စွဲ။ ။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၅) ရက် ထုတ်ပြန်ကြေညာချက်အမှတ် ။ ( ၁ / ၂၀၂၆ ) ၁။ ၂၀၂၆ခုနှစ်၊ ဩဂုတ်လ (၁)ရက်တွင် ယောဒေသအရေးကို ရှေးရှု၍ ယောလွတ်မြောက်ရေး တပ်တော် (YLA) ကို စတင်တည်ထောင် လိုက်သည်။ ၂။ ယောလွတ်မြောက်ရေးတပ်တော် (YLA) အနေဖြင့် ယောဒေသ အရေးကို မိမိတို့ကိုယ်တိုင် ပုံဖော်ထုဆစ်နိုင်ရေး၊ စစ်ရေးအရ ပိုမို လွတ်လပ်စွာ လှုပ်ရှားနိုင်ရေး၊ အခြားသော လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များနှင့် ပိုမိုကျယ်ပြန့်စွာ မဟာမိတ်ပြုနိုင်ရေးတို့ကို ရည်ရွယ်၍ တည်ထောင်လိုက်ခြင်းဖြစ်သည်။ ၃။ ယောလွတ်မြောက်ရေးတပ်တော် (YLA) အဖြစ် ရပ်တည်ကြသော အင်အားစုများမှာ ဂန့်ဂေါ ခရိုင်စစ်ဌာန လက်အောက်တွင် တာဝန် ထမ်းဆောင်ခဲ့သော အမှတ် (၁၊ ၁၈၊ ၁၉) တပ်ရင်းတို့မှ ရဲဘော် များဖြစ်ပြီး (၅) နှစ်တာလုံး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်တွင် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြပါသည်။ ၄။ ယောလွတ်မြောက်ရေးတပ်တော် (YLA) အဖြစ် သီးခြား ရပ်တည် ရခြင်းမှာ NUG/MOD ၏ ဦးဆောင်မှုအား အယုံအကြည်မရှိခြင်း၊ သက်ဆိုင်ရာဌာနအသီးသီးရှိ ပုဂ္ဂိုလ်များနှင့် ပဋိပက္ခ ဖြစ်ခြင်းတို့ကြောင့် လုံးဝမဟုတ်ပါ။ ယောဒေသတွင်း တော်လှန်ရေးလုပ်ငန်းစဉ်များကို ပိုမိုအာရုံစိုက် လုပ်ဆောင်လိုခြင်းကြောင့်သာဖြစ်ပါသည်။ လက်ရှိအချိန်တွင်လည်းကောင်း၊ နောင်အနာဂတ်တွင် လည်းကောင်း NUG/ MOD လက်အောက်ရှိ တပ်ရင်းတပ်ဖွဲ့များ၊ အခြားမဟာမိတ် တပ်ဖွဲ့များနှင့် အတူယှဉ်တွဲ၍ အသက်အပ်နှင်း တိုက်ပွဲဝင်ကြမည်သာ ဖြစ်သည်။ ၅။ မိမိတို့ ယောလွတ်မြောက်ရေးတပ်တော် (YLA) ၏ အဓိက ရည်မှန်းချက် ပန်းတိုင်မှာ စစ်အာဏာ ရှင်စနစ် အမြစ်ပြတ်တိုက်ထုတ်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ထွန်းလာရေး ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ စစ်မှန်သော လက်နက်ကိုင် တော်လှန်ရေးလမ်းစဉ်မှ သွေဖယ်သော မည်သည့်လုပ်ငန်းကိုမျှ လုပ်ဆောင်မည်မဟုတ်ပါ။ လက်ရှိအချိန်တွင်လည်း ယောလွတ်မြောက်ရေး တပ်တော် (YLA) အနေဖြင့် ချင်းပြည်တောင်ပိုင်း (မင်းတပ်နယ်) နှင့် ယောဒေသ (ကျောက်ထုနယ်) တို့တွင် ဒေသခံတပ်များ(ယော)၊ MOD လက်အောက်ခံ တပ်ရင်းများ၊ မဟာမိတ်များနှင့် တစ်သားတည်းရပ်တည်ကာ တိုက်ပွဲ ဝင်နေပါသည်။ ၆။ ယောလွတ်မြောက်ရေးတပ်တော် (YLA) အဖြစ် ရပ်တည်ပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချုပ်ငြိမ်းရေးနှင့် ယောဒေသတွင်းရှိ လက်နက်ကိုင် တော်လှန်ရေးတပ်များ တစ်စုတစ်စည်းတည်း ဖြစ်တည် လာရေးကို အဓိကထား ကြိုးစားလုပ်ဆောင်သွားမည်ဖြစ်သည်။ ၇။ မိမိတို့ ယောလွတ်မြောက်ရေးတပ်တော် (YLA) အနေဖြင့် ယောဒေသနှင့် မြန်မာတစ်နိုင်ငံလုံး မလွတ်မြောက်မချင်း၊ ယောပြည်သူလူထုအပါအဝင် အခြားတိုင်းရင်းသား ညီအစ်ကို မောင်နှမများနှင့် တစ်သားတည်းရပ်တည် တိုက်ပွဲဝင် သွားမည် ဖြစ်ကြောင်း ထုတ်ပြန် ကြေညာလိုက်သည်။ ယောလွတ်မြောက်ရေးတပ်တော် ယောဒေသ --------------------------- THN Public Media - YouTube ချန်နယ်ကြည့်ပြီး ပံ့ပိုးနိုင်ပြီ https://www.youtube.com/channel/UCuKoPNBJF5hbn0X8ASUNkHA THN Public Media တယ်လီဂရမ်မှာ သတင်းတွေကို အချိန်နဲ့အမျှ တင်ဆက်ပေးနေပါပြီ။ https://t.me/+iFZ9Q4hyodJkNjRk https://t.me/THNjournalist တစ်တော့ လာပြီ https://www.tiktok.com/@thnmedia?lang=en - ဖေ့စ်ဘွတ်မှာ Subscribe လုပ်ပြီး ပံ့ပိုးနိုင်ပြီ https://www.facebook.com/becomesupporter/100066613536888/ -------------------------- တွစ်တာလည်း ရှိတယ် Twitter - https://twitter.com/winburmese
737
17
No text...
690
18
သံတွဲမြို့ကို စစ်တပ်က စတင် ဗုံးကြဲနေကြောင်း AA ထုတ်ပြန်၊ တပ်ထောက်ခံသူတွေက ၄၉၂၆ စစ်ဆင်ရေးလို့ ဆို စက်တင်ဘာ ၇ - ၂၀၂၆ ရခိုင်ပြည်နယ် သံတွဲမြို့ကို စစ်တပ်ကနေ ဒီကနေ့ မနက် ၁၀ နာရီခွဲ က စလို့ ဗုံးကြဲ တိုက်ခိုက်မှုတွေ ပြုလုပ်နေကြောင်း အာရက္ခတပ်တော် AA က သတင်းထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ဒီကနေ့ မနက် (၇) နာရီ (၄၅) မိနစ်ကနေ (၈) နာရီလောက် အချိန် အထိ ပုဏ္ဏားကျွန်းမြို့ နေရာတချို့ကိုလည်း စစ်တပ်က လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။ စစ်တပ်ထောက်ခံသူတချို့ကတော့ အခု ရခိုင်ကို တိုက်ခိုက်နေမှုတွေဟာ စက်တင်ဘာ ၄ ရက်နေ့က စတင်လိုက်တဲ့ စစ်တပ်ရဲ့ ၄၉၂၆ စစ်ဆင်ရေးလို့ ပြောဆိုနေကြပါတယ်။ --------------------------- THN Public Media - YouTube ချန်နယ်ကြည့်ပြီး ပံ့ပိုးနိုင်ပြီ https://www.youtube.com/channel/UCuKoPNBJF5hbn0X8ASUNkHA THN Public Media တယ်လီဂရမ်မှာ သတင်းတွေကို အချိန်နဲ့အမျှ တင်ဆက်ပေးနေပါပြီ။ https://t.me/+iFZ9Q4hyodJkNjRk https://t.me/THNjournalist တစ်တော့ လာပြီ https://www.tiktok.com/@thnmedia?lang=en - ဖေ့စ်ဘွတ်မှာ Subscribe လုပ်ပြီး ပံ့ပိုးနိုင်ပြီ https://www.facebook.com/becomesupporter/100066613536888/ -------------------------- တွစ်တာလည်း ရှိတယ် Twitter - https://twitter.com/winburmese
939
19
No text...
856
20
PDF ၂၀၃ ဦး လက်နက်ခဲယမ်းတချို့နဲ့ ပြန်ဝင်လာတယ်လို့ စစ်တပ်က သတင်းထုတ်ပြန် စက်တင်ဘာ ၇ - ၂၀၂၆ PDF အဖွဲ့ဝင် ၂၀၃ ဦး လက်နက် ခဲယမ်း တချို့နဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ဝင်ရောက်လာကြောင်း စစ်တပ်ဘက်က ဒီကနေ့ သတင်း ထုတ်ပြန်ထားပါတယ်။ PDF တွေကို လက်ခံကြိုဆိုပြီး မိဘအုပ်ထိန်းသူတွေထံ ပြန်လည် အပ်နှံတဲ့ အခမ်းအနား ဒီကနေ့ မနက်ပိုင်းက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ ကျင်းပ ခဲ့တယ်လို့ ဖေါ်ပြထား ပါတယ်။ --------------------------- THN Public Media - YouTube ချန်နယ်ကြည့်ပြီး ပံ့ပိုးနိုင်ပြီ https://www.youtube.com/channel/UCuKoPNBJF5hbn0X8ASUNkHA THN Public Media တယ်လီဂရမ်မှာ သတင်းတွေကို အချိန်နဲ့အမျှ တင်ဆက်ပေးနေပါပြီ။ https://t.me/+iFZ9Q4hyodJkNjRk https://t.me/THNjournalist တစ်တော့ လာပြီ https://www.tiktok.com/@thnmedia?lang=en - ဖေ့စ်ဘွတ်မှာ Subscribe လုပ်ပြီး ပံ့ပိုးနိုင်ပြီ https://www.facebook.com/becomesupporter/100066613536888/ -------------------------- တွစ်တာလည်း ရှိတယ် Twitter - https://twitter.com/winburmese
960