cookie

We use cookies to improve your browsing experience. By clicking «Accept all», you agree to the use of cookies.

avatar

RFA Burmese

လွတ်လပ်တဲ့အာရှအသံရဲ့ တာဝန်နဲ့ရည်ရွယ်ချက်ဟာ သက်ဆိုင်ရာအစိုးရတွေရဲ့ ပိတ်ပင်ဟန့်တားမှုတွေကြောင့် သတင်းလွတ်လပ်ခွင့်မရှိတဲ့ အာရှနိုင်ငံတွေအတွက် တိကျမှန်ကန်တဲ့ သတင်းအချက်အလက်တွေ ထုတ်လွှင့်ပေးဖို့ ဖြစ်ပါတယ်။

Show more
Advertising posts
30 669
Subscribers
+22624 hours
+1 9167 days
+7 52030 days

Data loading in progress...

Subscriber growth rate

Data loading in progress...

မိုးကုတ်မြို့နယ်က စစ်ကောင်စီ စခန်းကို TNLA သိမ်းယူ ~~~ ■ မိုးကုတ်မြို့နယ်က စစ်ကောင်စီရဲ့ ရွှေမျက်ဝန်းတပ်စခန်းကို တအောင်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က တိုက်ခိုက်သိမ်းယူနိုင်ခဲ့တယ်လို့ ဇွန်လ ၃၀ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။ ဇွန်လ ၂၅ ရက်နေ့က စတင်ခဲ့တဲ့ "၁၀၂၇ စစ်ဆင်ရေး" ဒုတိယလှိုင်းအနေနဲ့ တိုက်ပွဲခြောက်ရက်မြောက်နေ့ဖြစ်တဲ့ ဇွန်လ ၃၀ ရက်နေ့မှာ စစ်ကောင်စီ စခန်းသိမ်းယူနိုင်ခဲ့တာကို TNLA က ဇွန်လ ၃ဝ ရက်နေ့ညမှာ သတင်းထုတ်ပြန်တာပါ။ မိုးကုတ်မြို့အတွင်းက စစ်ကောင်စီတပ်စခန်းတွေနဲ့ ရဲစခန်းတွေကို ဇွန်လ ၂၅ ရက်နေ့ကတည်းက TNLA၊ MDY-PDF နဲ့ ဒေသအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ကြတာပါ။ မိုးကုတ်မြို့နယ်တွင်း တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီက ပိတ်ထားတဲ့အတွက် မြို့ခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်ဖို့ ခက်ခဲနေကြတယ်လို့ ‌ဒေသခံတွေက ပြောပါတယ်။ မိုးကုတ်မြို့ တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းနဲ့ မန္တလေးတိုင်း ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။ ဇွန်လ ၂၅ ရက်နေ့ကနေ ဇွန်လ ၂၉ ရက်နေ့အထိ ငါးရက်အတွင်း စစ်ကောင်စီတပ်စခန်း သုံးဆယ်ကျော်ကို သိမ်းယူနိုင်ခဲ့ကြောင်းလည်း TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက RFA ကို ပြောထားပါတယ်။ တစ်ကျော့ပြန် "၁၀၂၇ စစ်ဆင်ရေး" ငါးရက်မြောက်နေ့အထိ စစ်ကောင်စီ တပ်စခန်း သုံးဆယ်ကျော် သိမ်းယူနိုင်ခဲ့သလို စစ်ကောင်စီဘက်က ဗိုလ်မှူးအဆင့်အပါအဝင် ၅၀ ကျော် လက်နက်ချလာတယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ပြောခွင့်ရသူက ပြောပါတယ်။ RFA Burmese Website တွင် ဖတ်ရှုရန် ...
Show all...
မိုးကုတ်မြို့နယ်က စစ်ကောင်စီစခန်းကို TNLA သိမ်းယူ

မိုးကုတ်မြို့အတွင်းက စစ်ကောင်စီတပ်စခန်းတွေနဲ့ ရဲစခန်းတွေကို ဇွန်လ ၂၅ ရက်နေ့ကတည်းက TNLAနဲ့ ပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ကြတာပါ။

👍 13 1👏 1
ဧရာဝတီမြစ်ရေတက်လို့ မြစ်ကြီးနားမြို့ ရပ်ကွက်တချို့ ရေကြီး ~~~ ■ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဧရာဝတီမြစ်ရေတက်နေပြီး အနိမ့်ပိုင်းရပ်ကွက်က နေအိမ်တွေ ရေနစ်မြုပ်ကုန်တာကြောင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေပေမဲ့ ပိတ်မိနေသူတွေလည်း ရှိနေတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်သူတွေက ပြောပါတယ်။ မြစ်ရေဆက်တက်နေတာကြောင့် ကားတွေသွားလို့ မရတော့ဘဲ ကယ်ဆယ်ရေးလုပ်ဖို့ အခက်အခဲကြုံနေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်နေသူတစ်ဦးက ပြောပါတယ်။ "စီတာပူ၊ ကြက်ပေါင်ခြံ၊ လယ်ကုန်း၊ ရမ်ပူစတဲ့ ရပ်ကွက်တွေမှာ ရေဝင်နေလို့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတာ၊ နေရာရွှေ့ပြောင်းပေးခဲ့ရသူ ရာကြီးပိုင်းလောက်ရှိတယ်၊ ရေကအခုထိ ထပ်တိုးနေတယ်၊ အဲဒါမို့ ကားတွေသွားလို့မရတော့လို့ ပြန်လှည့်လာရတယ်၊ မရွှေ့ပြောင်းနိုင်သေးတဲ့သူတွေလည်းရှိတယ်၊ ကျွန်တော်တို့လည်း မနိုင်တော့ဘူး" ဇွန်လ ၂၉ ရက်နေ့ညက စပြီး ဧရာဝတီမြစ်ရေတက်လာတာလို့ ကူညီကယ်ဆယ်ရေးဆောင်ရွက်သူတွေက ပြောပါတယ်။ ဇွန်လ ၃၀ ရက်နေ့ ည ၇ နာရီခွဲအချိန်မှာ ဧရာဝတီမြစ်ရေဟာ မြစ်ကြီးနားမြို့ရဲ့ စိုးရိမ်ရေအမှတ်ဖြစ်တဲ့ ၁၂၀၀ စင်တီမီတာကို တစ်ပေခန့်ကျော်လွန်ရောက်ရှိနေပြီး နောက်ထပ်လည်း ရေထပ်တိုးလာနိုင်ကြောင်း ကချင်ပြည်နယ် မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြား‌ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးနိုင်လင်းထွေးက သူ့ရဲ့ဖေ့ဘွတ်စ်လူမှုကွန်ရက်စာမျက်နှာမှာ အသိပေးပြောဆိုထားပါတယ်။ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနကလည်း မြစ်ကြီးနားမြို့က နေရာတချို့မှာ ရေကြီးနေတာကြောင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေကြောင်း ထုတ်ပြန်ထားပါတယ်။ RFA Burmese Website တွင် ဖတ်ရှုရန် ...
Show all...
ဧရာဝတီမြစ်ရေတက်လို့ မြစ်ကြီးနားမြို့ ရပ်ကွက်တချို့ ရေကြီး

မြစ်ရေဆက်တက်နေတာကြောင့် ကားတွေသွားလို့ မရတော့ဘဲ ကယ်ဆယ်ရေးလုပ်ဖို့ အခက်အခဲကြုံနေရတယ်လို့ ကူညီနေသူတစ်ဦးက ပြောပါတယ်။

😢 5👍 2
တွင်းငယ်-မိုးမိတ်လမ်းကို ထိန်းချုပ်ထားကြောင်း PLA ထုတ်ပြန် ~~~ ■ မန္တလေးတိုင်း တွင်းငယ်မြို့နယ်နဲ့ မိုးမိတ်မြို့နယ်လမ်းပိုင်းကို အပြည့်အဝထိန်းချုပ်နိုင်လိုက်ပြီး စစ်ကောင်စီရဲ့ ကင်းချောင်းစခန်းကို သိမ်းပိုက်ရရှိခဲ့ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ဇွန်လ ၃၀ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မိုးမိတ်မြို့ကို မလာရောက်နိုင်အောက် တွင်းငယ်နဲ့ မိုးမိတ်လမ်းပိုင်းကို ထိန်းချုပ်ထားတာလို့ လမ်းပန်းဆက်သွယ်ရေးဖြတ်တောက်ရေးအတွက် တာဝန်ယူထားတဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရဲ့ အထွေထွေ အတွင်းရေးမှူး ရဲဘော်နီနီကျော် က ပြောပါတယ်။ “အဲဒီလမ်းက မန္တလေးနဲ့ ရှမ်းမြောက်ဆက်ထားတဲ့လမ်းပါ PLA က ဖြတ်တောက်ရေးတာဝန်ယူထားတော့ အဲဒီလမ်းကြောပေါ်မှာရှိတဲ့ ရွှေကျောက်မောရဲစခန်းနဲ့ ကင်းချောင်း တံတားစောင့်တပ်ကို တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ” ဇွန်လ ၂၅ ရက်နေ့က စတင်ခဲ့တဲ့ "၁၀၂၇ စစ်ဆင်ရေး" ဒုတိယလှိုင်းမှာ တအောင်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့အတူ PLA တပ်ဖွဲ့က ပူးပေါင်းတိုက်ခိုက်နေတာ ဖြစ်ပါတယ်။ ဇွန် ၂၅ ရက်မှာ မိုးမိတ်မြို့နဲ့ တွင်းငယ်မြို့ကြားကို ဖြတ်တောက်ရေးအတွက် စတင်တိုက်ခိုက်ခဲ့ပြီး ဇွန် ၂၆ ရက် မနက်ပိုင်းမှာ ရွှေကျောက်မောရွာ ရဲစခန်းကို ထိန်းချုပ်နိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။ မိုးမိတ်လမ်းပိုင်းထိန်းချုပ်ထားကြောင်းပြောဆိုချက်နဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမယ့်လက်ခံမဖြေဆိုပါဘူး။ မိုးမိတ်မြို့နယ်အတွင်း တွင်းငယ်နဲ့ မိုးမိတ်လမ်းပိုင်းမှာရှိနေတဲ့ စစ်ကောင်စီရဲ့ ကင်းချောင်းစခန်းကို ဇွန်လ ၂၉ ရက်နေ့က စတင်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီ သုံးဦးသေဆုံးပြီး တစ်ဦးကို ဖမ်းဆီးရရှိခဲ့တယ်လို့လည်း PLA က သတင်းထုတ်ပြန်ထားပါတယ်။ ________ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)တပ်ဖွဲ့ဝင် တချို့အား ၂ဝ၂၄ ခုနှစ် ဇွန်လအတွင်းက တွေ့ရစဉ်။ (Photo: People's Liberation Army - PLA)
Show all...
8
ကုလအစီရင်ခံစာ စစ်ကောင်စီဗဟိုဘဏ်ကန့်ကွက် ~~~ ■ စစ်ကောင်စီအတွက် ငွေကြေးနဲ့လက်နက်တွေရရှိနိုင်ဖို့ ဘဏ်တွေ ပါဝင်ပတ်သက်တယ်ဆိုတဲ့ ကုလသမဂ္ဂ အစီရင်ခံစာကို စစ်ကောင်စီ ဗဟိုဘဏ်က ကန့်ကွက်လိုက်ပါတယ်။ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ရဲ့အစီရင်ခံစာကို ပြင်းပြင်းထန်ထန်ကန့်ကွက်တယ်လို့ စစ်ကောင်စီအာဘော် သတင်းစာမှာ စနေနေ့က ဖော်ပြတာပါ။ ဒီအစီရင်ခံစာဟာ မြန်မာပြည်သူတွေရဲ့အကျိုးစီးပွား၊ မြန်မာနဲ့တခြားနိုင်ငံတွေ ဆက်ဆံရေးကို အကြီးအကျယ်ထိခိုက်တယ်လို့ စစ်ကောင်စီ ဗဟိုဘဏ်က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူး (Tom Andrews) ဇွန်လ ၂၆ ရက်က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ နိုင်ငံတကာက စစ်ကောင်စီကို အထီးကျန်ဖြစ်အောင် ကြိုးပမ်းပေမဲ့ စစ်လက်နက်ပစ္စည်းတွေ ဝယ်ယူနိုင်နေတုန်းပဲလို့ ဖော်ပြထားပါတယ်။ မတ်လအထိ တစ်နှစ်အတွင်း လက်နက်တွေ၊ စစ်ဘက်-အရပ်ဘက်သုံး နည်းပညာတွေ၊ ထုတ်လုပ်ရေးကိရိယာနဲ့ တခြားပစ္စည်းတွေ အမေရိကန်ဒေါ်လာ ၂၅၃ သန်းဖိုး တင်သွင်းတယ်လို့ လည်း ဆိုပါတယ်။ ဒါတွေကို ဝယ်ယူနိုင်ဖို့ အိမ်နီးချင်း ထိုင်းအပါအဝင် နိုင်ငံတကာကဘဏ်တွေက အထောက်အကူပေးတယ်လို့လည်း ဖော်ပြထားပါတယ်။ စစ်ကောင်စီဗဟိုဘဏ်ကတော့ ပြည်တွင်းနဲ့ နိုင်ငံတကာဘဏ်တွေနဲ့ ငွေလွှဲပြောင်းတဲ့အခါ သေသေချာချာ စိစစ်ဆောင်ရွက်တယ်လို့ ဆိုပါတယ်။ ဆေးဝါးနဲ့ဆေးဘက်ဆိုင်ရာတွေ၊ စိုက်ပျိုးမွေးမြူရေးပစ္စည်း၊ ဓာတ်မြေသြဇာ၊ စားသုံးဆီနဲ့ လောင်စာလို မြန်မာပြည်သူတွေအတွက် မရှိမဖြစ် အခြေခံလိုအပ်တဲ့ ကုန်စည်တွေ တင်သွင်းဖို့ပဲ ငွေလွှဲပြောင်းတယ်လို့လည်း ဗဟိုဘဏ်ရဲ့ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ RFA Burmese website တွင် ဖတ်ရှုရန် ...
Show all...
ကုလအစီရင်ခံစာ စစ်ကောင်စီဗဟိုဘဏ်ကန့်ကွက်

ဒီအစီရင်ခံစာဟာ မြန်မာပြည်သူတွေရဲ့အကျိုးစီးပွား၊ မြန်မာနဲ့တခြားနိုင်ငံတွေ ဆက်ဆံရေးကို အကြီးအကျယ်ထိခိုက်တယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

👍 10👎 6🤔 3
03:39
Video unavailableShow in Telegram
စိုပြေ မပြောချင်ဘူး ~~~ ■ ပြင်ပဆောင်းပါးရှင် စိုပြေ နှစ်ပတ်တစ်ကြိမ်တင်ဆက်နေတဲ့ စိုပြေမပြောချင်ဘူး အစီအစဉ်ပါ။ ဒီတစ်ပတ်မှာတော့ “နိုဘယ်ဆုနဲ့ လွဲခဲ့သူ" ဆိုတဲ့ခေါင်းစဉ်နဲ့ တင်ပြထားပါတယ်။ "စိုပြေမပြောချင်ဘူး" အစီအစဉ်ပါ အကြောင်းအရာတွေဟာ ဆောင်းပါးရှင်ရဲ့ မူရင်းအာဘော်သာဖြစ်ပါတယ်။
Show all...
B0630SoPyay LOGO.mp4196.72 MB
13👍 8
Photo unavailableShow in Telegram
မန္တလေးမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦး ပစ်သတ်ခံရ ~~~ ■ မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ် ဒေါနခြံရပ်ကွက် အုပ်ချုပ်ရေးမှူး ကိုဖိုးကျော်ကို ဇွန်လ ၂၉ ရက်နေ့မှာ အမည်မသိ လူတစ်စုက သေနတ်နဲ့ လာရောက်ပစ်သတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မန္တလေး၊ ကန်ပတ်လမ်းနားက ထမင်းကြော်ဆိုင်မှာရှိနေချိန် အမည်မသိလူတစ်စု သေနတ်နဲ့ ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။ ကိုဖိုးကျော်ရဲ့ ရုပ်အလောင်းကို စစ်ကောင်စီတပ်ဖွဲ့က မန္တလေးဆေးရုံးကြီးဆီ သယ်ဆောင်သွားပြီး ဒီနေ့မနက်ပိုင်း သင်္ဂြိုဟ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး တိတိကျကျသိရဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်း မရှိပါဘူး။ RFA က ပြုစုထားတဲ့ စာရင်းအရ စစ်မှုထမ်းဥပဒေ ကြေညာပြီးနောက်ပိုင်းကနေ ဇွန်လ ၁၅ နေ့အထိ နိုင်ငံတစ်ဝန်းမှာ ရပ်ကျေးအုပ်ချုပ်ရေးမှူး ရှစ်ဆယ်ကျော် (၈၄ ဦး) သတ်ဖြတ်ခံခဲ့ရပါတယ်။ _________ မန္တလေးမြို့ တစ်နေရာအား ၂၀၂၄ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့က တွေ့ရစဥ်။ (RFA Photo)
Show all...
👍 40👏 6💔 3
02:58
Video unavailableShow in Telegram
ရေဖြူက စစ်ဘေးဒုက္ခသည် လေးထောင်ခန့် အရေးပေါ်အကူအညီ လိုအပ်နေ ~~~ ■ နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်ထဲက စစ်ဘေးဒုက္ခသည် လေးထောင်ခန့်ဟာ နှစ်ပတ်ခန့်ကြာလာချိန်အထိ နေရပ်ကို မပြန်နိုင်သေးလို စားဝတ်နေရေးအတွက် အရေးပေါ်အကူအညီတွေ လိုအပ်နေပြီလို့ အကူအညီပေးနေသူတွေက ပြောပါတယ်။ ဒီအကြောင်း မခက်မာ တင်ပြထားပါတယ်။ _________ RFA Burmese Website တွင် ဖတ်ရှုရန်…
Show all...
B0630KM For Web.mp4201.48 MB
👍 15😢 6
ဘေးလွတ်ရာ တိမ်းရှောင်တဲ့ မိုးကုတ်မြို့ခံတွေ အခက်ခဲဖြစ်နေ ~~~ ■ တအောင်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်နေတဲ့ မိုးကုတ်မြို့ကို စစ်ကောင်စီတပ်က ပိတ်ဆို့ထားတာကြောင့် မန္တလေးဘက်ကို ထွက်ပြေးတိမ်းရှောင်ကြမဲ့သူတွေ အခက်ခဲဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲပိုပြင်းထန်လာတာကြောင့် ဇွန်လ ၃၀ ရက်နေ့ ဒီနေ့မနက်အစောပိုင်းကစပြီး မြို့ခံတွေဟာ ကားတွေနဲ့ မန္တလေးဘက်ကို တိမ်းရှောင်ခဲ့ကြပေမဲ့ ရှေ့ဆက်သွားမရဘဲ လမ်းမှာပိတ်မိနေကြသလို ထွက်ခွာဖို့ စီစဉ်နေသူတွေကိုလည်း စစ်ကောင်စီတပ်က မြို့ထဲပြန်ဝင်ခိုင်းခဲ့တယ်လို့ ဆိုပါတယ်။ နည်းလမ်းမျိုးစုံနဲ့ မြို့ကနေထွက်ခွာနေကြတဲ့ ဒေသခံတွေကို စစ်ကောင်စီတပ်က ပိတ်ပင်တားဆီးနေသလို တိုက်ပွဲကလည်း ဖြစ်နေတာကြောင့် အခက်အခဲတွေဖြစ်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိုးကုတ် ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။ “ဒီမနက် အစောကြီး ၄ နာရီလောက်ကတည်းက ကားတွေ၊ ဆိုင်ကယ်တွေနဲ့ ထွက်ကြတာ။ ကျပ်ပြင်နဲ့ ဇရပ်ကွင်းမှာ အဲနှစ်နေရာမှာ အဓိက ပိတ်မိနေတာ။ ကျွန်တော့ မိတ်ဆွေတစ်ယောက်က ဒီမနက် ၈ နာရီလောက်ကတော့ ကျပ်ပြင်ကနေ လွတ်ပေးလိုက်တဲ့အထဲ ပါသွားတယ်။ ဒါပေမဲ့ ဇရပ်ကွင်းမှာ ပြန်သွားပိတ်မိနေတယ်။ အခုထိတော့ ပေးမသွားသေးဘူးလို့ ပြောတယ်” ဒီနေ့မနက် ဇရပ်ကွင်းမှာ ပိတ်မိနေတဲ့ မိုးကုတ်မြို့ခံ သားမိနှစ်ဦးလည်း သေနတ်ကျည်ဆန် ထိမှန်ဒဏ်ရာရပြီး ဆေးကုသမှုခံယူနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မိုးကုတ်မြို့ကနေ ထပ်မံတိမ်းရှောင်လာသူတွေကိုလည်း မြို့အဝင် ကျောက်ဖားဂိတ်မှာရှိတဲ့ စစ်ကောင်စီတပ်က ပေးမသွားတော့ပဲ မြို့ထဲကို ပြန်ဝင်ခိုင်းခဲ့တယ်လို့ ဆိုပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။ မိုးကုတ်မြို့အတွင်းက စစ်ကောင်စီတပ်စခန်းတွေနဲ့ ရဲစခန်းတွေကို ဇွန်လ ၂၅ ရက်နေ့ကတည်းက TNLA၊ MDY-PDF နဲ့ ဒေသအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မြို့အနောက်ခြမ်းက စစ်ကောင်စီ တပ်စခန်းတွေကို TNLA ပူးပေါင်းအဖွဲ့က တိုက်သိမ်းယူထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ _________ မန္တလေးတိုင်း၊ မိုးကုတ်မြို့အား ၂၀၂၃ ခုနှစ်အတွင်းက တွေ့ရစဉ်။ (MPA Photo) RFA Burmese Website တွင် ဖတ်ရှုရန်…
Show all...
ဘေးလွတ်ရာ တိမ်းရှောင်တဲ့ မိုးကုတ်မြို့ခံတွေ အခက်ခဲဖြစ်နေ

TNLA ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်နေတဲ့ မိုးကုတ်မြို့ကို စစ်ကောင်စီတပ်က ပိတ်ဆို့ထားတာကြောင့် မန္တလေးဘက်ကို ထွက်ပြေးတိမ်းရှောင်ကြမဲ့သူတွေ အခက်ခဲဖြစ်နေပါတယ်။

👍 22😢 11
မြစ်ကြီးနားမှာ လူငယ်နှစ်ဦး လက်ပြန်ကြိုးတုပ် အသတ်ခံရ ~~~ ■ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ဇွန်လ ၂၉ ရက်နေ့တစ်ရက်တည်းမှာပဲ လက်ပြန်ကြိုးတုပ်ပြီး အသတ်ခံထားရတဲ့ လူငယ်အမျိုးသားနှစ်ဦး ရုပ်အလောင်းကို တွေ့ရှိခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။ အလောင်းတွေကို ရာဒါကောင်းနဲ့ အေးစေတီ ရပ်ကွက်နှစ်ခုမှာ တွေ့ရှိခဲ့တာဖြစ်ပြီး ခန္ဓာကိုယ်ပေါ်မှာ သျှမ်းနီ တရားစီရင်ရေးအဖွဲ့ စာတန်းပါတဲ့ကတ်ပြား ချိတ်ဆွဲထားတာတွေ့ရတယ်လို့ ဆိုပါတယ်။ သေဆုံးသွားသူနှစ်ဦးရဲ့ အလောင်းတွေကိုတော့ မြစ်ကြီးနား ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ အမည်မဖော်လိုတဲ့ မြစ်ကြီးနားမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။ "သေဆုံးသူတွေရဲ့ ခန္ဓာကိုယ်မှာ သျှမ်းနီတရားစီရင်ရေးအဖွဲ့ဆိုပြီး ကတ်ပြားချိတ်ထားတယ်။ ပြီးတော့ လည်ပင်းတွေမှာလည်း ပြတ်ရှဒဏ်ရာတွေ တွေ့တယ်။ ကြိုးကွင်းစွပ်ထားတဲ့ ဒဏ်ရာတွေလည်းတွေ့တယ်။ ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခံထားရတဲ့ ပုံစံပါပဲ" သေဆုံးသူနှစ်ဦး ဘယ်သူဘယ်ဝါဆိုတာနဲ့ ဘယ်အဖွဲ့က သတ်ဖြတ်ခဲ့သလဲဆိုတာ လတ်တလော မသိရသေးသလို မြစ်ကြီးနားမြို့ပေါ်မှာ အခုလိုပုံစံ သတ်ဖြတ်ခံရမှုဟာ ပထမဆုံးဖြစ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး တိတိကျကျသိရဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်း မရှိပါဘူး။ မြစ်ကြီးနားမြို့မှာ လုယက်သတ်ဖြတ်မှုတွေလည်း မကြာခဏဖြစ်နေပေမဲ့ ကျူးလွန်သူတွေကို အခုအချိန်အထိ ဖမ်းဆီးနိုင်တာမရှိဘူးလို့ မြို့ခံတွေက ပြောပါတယ်။ _________ မြစ်ကြီးနားတွင် လက်ပြန်ကြိုးတုပ် အသတ်ခံခဲ့ရသူတစ်ဦးအား ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့က တွေ့ရစဉ်။ (Citizen Photo) RFA Burmese Website တွင် ဖတ်ရှုရန်…
Show all...
မြစ်ကြီးနားမှာ လူငယ်နှစ်ဦး လက်ပြန်ကြိုးတုပ် အသတ်ခံရ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ လက်ပြန်ကြိုးတုပ်ပြီး အသတ်ခံထားရတဲ့ လူငယ်အမျိုးသားနှစ်ဦး ရုပ်အလောင်းကို တွေ့ရှိခဲ့ပါတယ်။

👍 20😢 13👎 4🤔 1💔 1
DMG ဝန်ထမ်းနှစ်ဦးကို ပြန်လွှတ်ပေးဖို့ ရခိုင်အခြေစိုက် သတင်းဌာနတွေ တောင်းဆို ~~~ ■ ရခိုင်ပြည်နယ် အခြေစိုက် Development Media Group (DMG) သတင်းဌာနရဲ့ သတင်းထောက် ကိုထက်အောင်နဲ့ ရုံးဝန်ထမ်း ကိုစိုးဝင်းအောင်တို့ကို စစ်ကောင်စီက ထောင်ဒဏ်ငါးနှစ် ချလိုက်တဲ့အပေါ် ချက်ချင်းပြန်လွှတ်ပေးဖို့ ရခိုင်အခြေစိုက် သတင်းဌာနတွေက စုပေါင်းတောင်းဆိုလိုက်ပါတယ်။ Development Media Group (DMG)၊ Narinjara၊ Western News၊ Arakan News နဲ့ Border News Agency တို့ စုပေါင်းပြီး ဇွန်လ ၂၉ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန် တောင်းဆိုခဲ့တာပါ။ DMG ဝန်ထမ်းနှစ်ဦးဟာ အပြစ်မရှိဘဲ ထောင်ဒဏ်ချမှတ်ခံလိုက်ရတာဖြစ်ပြီး စစ်ကောင်စီရဲ့ လုပ်ရပ်အပေါ် အရေးယူနိုင်ဖို့ နိုင်ငံတကာအဖွဲ့စည်းတွေထံ မြေပြင်သတင်းအချက်အလက်တွေ ပေးပို့သွားမယ်လို့လည်း ဆိုပါတယ်။ သတင်းသမားတွေကို အကြမ်းဖက်ပုဒ်မနဲ့ ထောင်ဒဏ်ချမှတ်တာ မတရားတဲ့ လုပ်ရပ်ဖြစ်တယ်လို့ (DMG) သတင်းထောက် ကိုထက်အောင်ရဲ့ မိသားစုဝင်တစ်ဦးက RFA ကို ပြောပါတယ်။ “မိသားစုဝင်တွေအနေနဲ့က အတော်လေး စိတ်မကောင်းဖြစ်တယ်။ သူက သတင်သမား သတင်းယူတာကလွဲပြီး ဘာမှလုပ်ထားတာမရှိဘဲ အကြမ်းဖက်ပုဒ်မနဲ့ ထောင်ချလိုက်တာက မတရားဘူးပေါ့။ မိသားစုဝင်အတွက်လည်း ထိခိုက်နစ်နာမှုတွေ ရှိပါတယ်” DMG သတင်းထောက် ကိုထက်အောင်နဲ့ ရုံးဝန်ထမ်း ကိုစိုးဝင်းအောင်တို့ကို စစ်တွေမြို့နယ် တရားရုံးကနေ ဇွန်လ ၂၈ ရက်နေ့မှာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က) နဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်ငါးနှစ်စီ အမိန့်ချမှတ်ခဲ့တာပါ။ သူတို့နှစ်ဦးကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့မှာ စစ်ကောင်စီတပ်က ဖမ်းဆီးပြီးနောက် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၅ နဲ့ အမှုဖွင့်ထားခဲ့ပေမဲ့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွင်း ထောင်ဘက်ကို ပြောင်းရွှေ့ချိန် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က) နဲ့ ပြောင်းလဲပြီး အမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ သတင်းသမားတွေကို ဖမ်းဆီးထောင်ချတဲ့နေရာမှာ တတိယမြောက် အဆိုးဝါးဆုံးနိုင်ငံဖြစ်တယ်လို့ နယူးယောက်မြို့အခြေစိုက် စာနယ်ဇင်းသမားများ ကာကွယ်စောင့်ရှောက်နေရေးအဖွဲ့ (CPJ) က ဖော်ပြထားပြီး သတင်းသမားတွေအတွက် အန္တရာယ်အရှိဆုံး တိုင်းပြည်တစ်ခုလည်း ဖြစ်နေပါတယ်။ _________ ရခိုင်ပြည်နယ်၊ စစ်တွေမြို့အခြေစိုက် သတင်းဌာန Development Media Group ၏ ရုံးခန်းအား ၂ဝ၁၉ ခုနှစ်အတွင်းက တွေ့ရစဉ်။ (RFA Photo) RFA Burmese Website တွင် ဖတ်ရှုရန်…
Show all...
DMG ဝန်ထမ်းနှစ်ဦးကို ပြန်လွှတ်ပေးဖို့ ရခိုင်အခြေစိုက် သတင်းဌာနတွေ တောင်းဆို

ရခိုင်ပြည်နယ် အခြေစိုက် Development Media Group (DMG) သတင်းဌာနရဲ့ သတင်းထောက် ကိုထက်အောင်နဲ့ ရုံးဝန်ထမ်း ကိုစိုးဝင်းအောင်တို့ကို စစ်ကောင်စီက ထောင်ဒဏ်ငါးနှစ် ချလိုက်တဲ့အပေါ် ချက်ချင်းပြန်လွှတ်ပေးဖို့ ရခိုင်အခြေစိုက် သတင်းဌာနတွေက စုပေါင်းတောင်းဆိုလိုက်ပါတယ်။

👍 29
Choose a Different Plan

Your current plan allows analytics for only 5 channels. To get more, please choose a different plan.