cookie

We use cookies to improve your browsing experience. By clicking «Accept all», you agree to the use of cookies.

avatar

Shwe Phee Myay News Agency

News Company

Show more
Advertising posts
28 565
Subscribers
+224 hours
+3217 days
+88230 days

Data loading in progress...

Subscriber growth rate

Data loading in progress...

🟢 မူဆယ်မှာ အိမ်ခြေယာမဲ့နဲ့ မူးယစ်ဆေးသုံးစွဲသူတွေကို ဖမ်းဆီးရိုက်နှက်ခဲ့ပြီး ငွေမရှိသူတွေကို လွှင့်ပစ်ကာ ငွေကြေး ရှိသူတွေကို ငွေနဲ့ လာရွေးခိုင်းထား ရွှေဖီမြေ၊ ဇွန်လ ၁၈ ရက်၊ မူဆယ် မနေ့ ဇွန်လ ၁၇ ရက်နဲ့ ဒီနေ့ ဇွန်လ ၁၈ ရက် နှစ်ရက်အတွင်း မူဆယ်မြို့တွင်းရှိ အိမ်ခြေယာမဲ့နဲ့ မူးယစ်ဆေးစွဲနေသူတွေကို စွမ်စော် အုပ်ချုပ်ရေးမှူး ဦးစိုင်းအိုက်သန်းနဲ့အဖွဲ့၊ နမ့်ခမ်း မြို့မပြည်သူ့စစ် (အဖွဲ့ ၂)၊ စွမ်စော်အရံမီးသတ်အဖွဲ့တို့ ပူးပေါင်းပြီး ဖမ်းဆီးကာ အပြင်းအထန် ရိုက်နှက်ခဲ့တယ်လို့ အတွင်းသတင်းရင်းမြစ်တွေက ရွှေဖီမြေကို ပြောပါတယ်။ စွမ်စော်ရပ်ကွက်အတွင်းမှာရှိတဲ့ အိမ်ခြေယာမဲ့နဲ့ မူးယစ်သုံးစွဲသူတွေကို အဓိက ဖမ်းဆီးနေတာဖြစ်ပြီး ဖမ်းဆီးရမိသူတွေကိုလည်း အပြင်းအထန် ရိုက်နှက်ခဲ့တယ်လို့ ဆိုပါတယ်။ “အဓိက ဖမ်းရမှာက မူးယစ်ရောင်းတဲ့လူတွေလေ။ အခုက အဲရောင်းတဲ့လူတွေက ငွေပေးထားတော့ သုံးတဲ့လူ ဖမ်းလိုက်တဲ့ သဘော။ ပြီးတော့ ပြည်သူ့စစ်ဆို ခြေထောက်တွေနဲ့ကို ကန်တာ ရိုက်တာ။ ဝင်တားလည်း မရဘူး” လို့ မျက်မြင်တွေ့ရှိသူ တစ်ဦးက ပြောပါတယ်။ စွမ်စော်(၁)လမ်းရှိ မူးယစ်ဆေးစွဲသူ ၃ ဦးကိုတော့ တိုက်ပေါ်အထိ လိုက်လံ ဖမ်းဆီးခဲ့ပြီး အဲဒီအထဲက ရှမ်းလူငယ်တစ်ယောက်ကတော့ ငွေနဲ့ ရွေးထုတ်လာခဲ့ရပြီး ကျန်ရှိနေတဲ့ တအာင်းနဲ့ ရှမ်းကတော့ ငွေနဲ့လာရွေးဖို့ စောင့်ဆိုင်းနေတယ်လို့ ဆိုပါတယ်။ အခုလို ဖမ်းဆီးမှုဟာ လာမယ့် ဇွန်လ ၂၆ ရက် စွမ်စော် ရပ်ကွက်(၂) ဘောလုံးကွင်းဟောင်းမှာ ပြုလုပ်မယ့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ ဖမ်းဆီးတာလို့ ဆိုပါတယ်။ မူဆယ်မှာ ပြည့်တန်ဆာအိမ်၊ KTV နဲ့ လောင်းကစားရုံတွေမှာ မူးယစ်ဆေးဝါးမျိုးစုံ ရနေပြီး ရောင်းချမယ့်ပုံစံပေါ် မူတည်ပြီးတော့ သက်ဆိုင်ရာတွေကို အခွန်ဆောင်နေကြတာ ဖြစ်ပါတယ်။ #ဓာတ်ပုံ- Local https://www.facebook.com/100068918215879/posts/792811113026155/ ~ ~ ~ ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Telegram အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။ YouTube https://youtube.com/@ShwePheeMyayNewsAgency Website https://shwepheemyay
Show all...
👍 15🤬 6 2😁 1🥴 1
👍 5😢 3 1🤮 1
🟢 သိန္နီမှာ ခြံရှင်းနေတဲ့ အမျိုးသမီးတစ်ဦး မြေမြှုပ်မိုင်း နင်းမိပြီး သေဆုံး လွေးပို့ဆပေ၊ ဇွန်လ ၁၈ ရက်၊ သိန္နီ ရှမ်းမြောက် သိန္နီမြို့နယ် ပိန်းဆာကျေးရွာအုပ်စု ပန်စုံကျေးရွာက အမျိုးသမီးတစ်ဦး ခြံရှင်းရင်း မိုင်းနင်းမိခဲ့ပြီး ခြေနှစ်ဖက်စလုံး ပြတ်ထွက်သွားကာ သေဆုံးသွားတယ်လို့ သိရပါတယ်။ ဖြစ်စဉ်ဟာ ဒေါ်နန်းမြသန်း(အသက် ၅၀ ဝန်းကျင်)ဆိုသူက ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက် နေ့လယ် ၁ နာရီဝန်းကျင်မှာ နှမ်းကြဲဖို့အတွက် ခြံရှင်းရာ မြေမြှုပ်မိုင်း နင်းမိခဲ့တာပဲ ဖြစ်ပါတယ်။ ဒေသခံ အမျိုးသား တစ်ဦးက “ နင်းမိတာ ဒီနေ့နဲ့ဆို ၄ ရက်ရှိပြီ။ ခြံသွားရင်း နင်းမိတာတဲ့။ ခြံရှင်းမလို့ လုပ်နေချိန် နင်းမိတာ။ ခြေ‌နှစ်ဖက်လုံးပြတ်သွားတယ် ” လို့ ပြောပါတယ်။ ဒေါ်နန်းမြသန်းရဲ့ ခြံဟာ စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်း (ခလရ-၂၄၀) ရှေ့မှာ တည်ရှိနေတာလည်း ဖြစ်ပါတယ်။ အလားတူ မနေ့ ဇွန်လ ၁၇ ရက် မနက် ၉ နာရီ ခွဲလောက်မှာလည်း မန်တုံမြို့ရှိ စစ်ကောင်စီရဲ့ တပ်စခန်းအောက်မှာ မှိုသွားရှာတဲ့ အမျိုးသမီးတစ်ဦး မိုင်းနင်းမိကာ ပွဲချင်းပြီးသေဆုံးသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်နဲ့ ၁၁ ရက်ကလည်း မန်တောက်ရွာက အသက် (၇၈) နှစ်အရွယ် အမျိုးသားတစ်ဦး ကျွဲသွားရှာရင်း မြေမြှုပ်မိုင်းနင်းမိကာ သေဆုံးသွားသလို မှိုသွားရှာတဲ့ အသက် ၁၆ နှစ်အရွယ်အမျိိုးသားတစ်ဦးလည်း တပ်စခန်းအနီးမှာပဲ မိုင်းနင်းပြီး ဒဏ်ရာရရှိခဲ့ပါတယ်။ ရှမ်းမြောက်မှာ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း မိုင်းနင်းမိသူ ဆက်တိုက်ရှိလာနေပြီး ရွှေဖီမြေ လက်လှမ်းမှီသလောက် ကောက်ယူထားတဲ့ စာရင်းအရ ၂၀၂၄ ခုနှစ် ဇန်နဝါရီလကနေ ဇွန်လ ၁၈ ရက်အထိ ငါးလကျော်အတွင်း မြေမြှုပ်မိုင်းကြောင့် သေဆုံးသူ ၁၀ ဦးနဲ့ ဒဏ်ရာရသူ ၄၆ ဦးအထိ ရှိခဲ့ပါတယ်။ ~ ~ ~ ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Telegram အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။ YouTube https://youtube.com/@ShwePheeMyayNewsAgency Website https://shwepheemyay
Show all...
😢 18👍 4🥰 3
Photo unavailableShow in Telegram
🟢 လယ်သွားရင်း မိုင်းနင်းမိတဲ့ ရပ်စောက်က အမျိုးသားတစ်ဦး ခြေတစ်ဖက်ဆုံးရှုံး လွေးလာဝ်ဇာရ်၊ ဇွန်လ ၁၈ ရက်၊ ရပ်စောက် ရှမ်းတောင် ရပ်စောက်မြို့နယ် အင်တောမြို့နယ်ခွဲ၊ ကျောက်ဂူကျေးရွာအုပ်စု လွယ်ကန်ရွာနားမှာ လယ်သွားရင်း မိုင်းနင်းမိတဲ့ ရွာခံအမျိုးသားတစ်ဦး ခြေတစ်ဖက် ပြတ်ထွက်သွားတယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက် မနက် ၉ နာရီဝန်းကျင်မှာ လွယ်ကန်ရွာခံဖြစ်တဲ့ ဦးခင်မောင်(၄၂ နှစ်)ဆိုသူက လယ်တောသွားချိန် လမ်းလယ်တစ်ခုမှာ မိုင်းနင်းမိခဲ့တာလို့ ဆိုပါတယ်။ ဖြစ်စဉ်သိရှိတဲ့ ၎င်းအမျိုးသားက “အကြောင်းရင်းက SSPP ရွာထဲရှိနေတော့ လွယ်ကန်ရဲ့ရွာအထွက် ခြံသွားတဲ့လမ်းမှာ ဆိုရင် ရေလည်းချိုးလို့ရတယ်။ အဲဒီလမ်းမှာ SSPP တွေက ရေလာချိုးမှာဆိုတဲ့ ပုံစံနဲ့ လမ်းအလယ်တည့်တည့်မှာ မိုင်းထောင်ထားတယ်။ အဲလူက လယ်ကို သွားဖို့ မနက်ပိုင်းသွားတော့ နင်းမိတာ။ သူမနင်းခင် သူရဲ့ ကျွဲတစ်ကောင် အရင်နင်းမိတာ။ သူလည်း မသိဘူး။ ကျွဲကို သွားကြည့်မယ်လုပ်တော့ နောက်တစ်လုံး ထပ်နင်းမိတာ” လို့ ပြောပါတယ်။ မိုင်းနင်းမိတဲ့ ဦးခင်မောင်(၄၂ နှစ်) ဟာ ကျောက်ဂူဆေးရုံမှာ ဆေးကုသမှု ခံယူနေပြီး အဲဒီမိုင်းဟာလည်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS က ထောင်ထားတယ်လို့ ရွာခံတွေဆိုပေမယ့် ရွှေဖီမြေအနေနဲ့တော့ သီးခြားအတည်မပြုနိုင်ပါဘူး။ ဆက်လက်ပြီး ၎င်းအမျိုးသားက “SSPP တွေက ရွာထဲမှာရှိလို့ ရွာအပြင်မှာ သူတို့(RCSS)တွေ လာထောင်တာ။ SSPP တွေလည်း နင်းမိတယ်။ RCSS တွေက သူတို့ လာမကြည့်ပါဘူး။ ပြောလည်း ဘာမှမပြောဘူး။ သူတို့ ထောင်ထားတယ်လို့လည်း မပြောဘူး” လို့ ဆိုပါတယ်။ ဒေသခံတွေ ပြောဆ်ိုတာနဲ့ ပတ်သက်လို့ RCSS ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းခမ်းစံကို ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာတော့ မရှိသေးပါဘူး။ မနေ့ ဇွန်လ ၁၇ ရက်မှာလည်း ဒေသခံတွေအသုံးပြုတဲ့ နောင်မွန်ကျေးရွာ လမ်းပေါ်မှာ RCSS ထောင်ထားတဲ့ မြေမြုပ်မိုင်းကြောင့် လယ်ထွန်စက်တစ်ခုနဲ့ ဆိုင်ကယ်တစ်စီး ထိခိုက်ပျက်စီးခဲ့တယ်လို့ SSPP က ဒီနေ့ ဇွန်လ ၁၈ ရက် ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။ #ဓာတ်ပုံ- Google ~ ~ ~ ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Telegram အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။ YouTube https://youtube.com/@ShwePheeMyayNewsAgency Website https://shwepheemyay
Show all...
👍 15😢 7🔥 2
Photo unavailableShow in Telegram
🔥 3
🟢ရခိုင်ပြည်နယ် တောင်ကုတ်မှာ စစ်ကောင်စီ လေကြောင်း တိုက်ခိုက်လို့ ကလေးအပါအဝင် ၃ဦး သေဆုံး အိုက်ပွီး၊ ဇွန်လ ၁၈ ရက်၊ တောင်ကုတ် ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်မှာ စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်အပါအဝင် အရပ်သား ၃ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ တိုက်ပွဲဖြစ်ပွါးခဲ့တာမရှိပဲ စစ်ကောင်စီက တောင်ကုတ်မြို့နယ် ကံဆိပ်ကျေးရွာကို ဒီနေ့ ဇွန်လ ၁၈ ရက် မနက် ၁၀ နာရီခွဲဝန်းကျင်မှာ ဂျက်ဖိုက်တာနဲ့ လေကြောင်း ဗုံးကြဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့်ပဲကလေး ၂ ဦးအပါအဝင် ၃ ဦး သေဆုံးခဲ့တာလို့ ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။ "တောင်ကုတ်မြို့ အနီးဝန်းကျင်မှာ တိုက်ပွဲတွေ ရှိတယ်။ ဒါပေမယ့် ကျွန်တော်တို့ ကျေးရွာဘက်မှာတော့ ဘာတိုက်ပွဲမှ မရှိသေးဘူး။ ပြီးတော့ ရွာမှာ တခြားရွာက ရှောင်လာတဲ့ စစ်ဘေးရှောင်တွေ ရှိတယ်။ ဒီမနက် လေကြောင်း တိုက်ခိုက်လို့ မိန်းကလေး ကလေးငယ်နှစ်ဦးနဲ့ အမျိုးသားတစ်ဦး သေဆုံးတယ်" စစ်ကောင်စီက တိုက်ပွဲဧရိယာမဟုတ်ဘဲ အရပ်သားတွေ၊ စစ်ဘေးရှောင်တွေ ခိုလှုံ နေထိုင်တဲ့ ကျေးရွာတွေကို ရည်ရွယ်ချက်ရှိရှိ လေကြောင်း ဗုံးကြဲ တိုက်ခိုက်တာဖြစ်ပြီး အရပ်သားတွေ သေဆုံးခဲ့သလို နေအိမ်တချို့လည်း ပျက်စီးသွားတယ်လို့ ၎င်းက ဆိုပါတယ်။ ကံဆိပ်ကျေးရွာဟာ ပန်းတင်းကျွန်းပေါ်မှာ တည်ရှိသလို တောင်ကုတ်မြို့ရဲ့ အနောက်ဘက်မှာရှိတဲ့ ကျေးရွာလည်းဖြစ်ပြီး စစ်ကောင်စီရဲ့ ရေတပ်က အဲ့ဒီကျွန်းပေါ်ကို ဒီနေ့မနက်ထိ လက်နက်ကြီးတွေ ပစ်ခတ်နေတယ်လို့ သိရပါတယ်။ တောင်ကုတ်မြို့အနီးဝန်းကျင်က ကျေးရွာတွေမှာ ဇွန်လ ၁၅ ရက်နေ့ကစလို့ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်-AA တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်း တိုက်ခိုက်လို့ ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝန်းမှာ စစ်ကောင်စီတပ်ရဲ့ သတ်ဖြတ်ခံရသူ အရပ်သား စုစုပေါင်း ၅,၂၈၅ ဦး ရှိပြီလို့ မနေ့ ဇွန်လ ၁၇ ရက်က AAPP ရဲ့ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။ #ဓာတ်ပုံ- CJ ~ ~ ~ ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Telegram အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။ YouTube https://youtube.com/@ShwePheeMyayNewsAgency Website https://shwepheemyay
Show all...
🤬 15👍 3 3😁 2
Photo unavailableShow in Telegram
😢 12 1
🟢MNDAA ထိန်းချုပ်နယ်မြေအတွင်း မူးယစ်ဆေးဝါး ကင်းစင်ရေး ခေါင်းစဥ်အောက်မှာ ပစ်သတ်ခံရသူနှင့် ပျောက်ဆုံးသူတွေရှိနေ Gawng Loe Mu၊ ဇွန်လ ၁၈၊ ကိုးကန့်ဒေသ ရှမ်းမြောက် ကိုးကန့်တပ်(MNDAA)ထိန်းချုပ်ဒေသအတွင်း မူးယစ်ဆေးဝါး ကင်းစင်ရေးခေါင်းစဥ်အောက်မှာ ပစ်သတ်ခံရသူ နဲ့ ပျောက်ဆုံးနေသူတွေရှိနေကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။ ကိုးကန့်တပ် - MNDAA ဟာ ၁၀၂၇ စစ်ဆင်ရေး အပြီး၎င်းထိန်းချုပ်နယ်မြေမှာ ဒလန်ရှင်းလင်းရေး နဲ့ မူးယစ်ဆေးဝါး ကင်းစင်ရေးဆိုတဲ့ ခေါင်းစဥ် အောက်မှာ လူထုတွေကို မှားယွင်းသတ်ဖြတ်မိတဲ့ ဖြစ်စဥ်တွေအပြင် မူးယစ်ဆေး သုံးစွဲသူတွေကို ဖမ်းဆီးပြီး တစ်ချို့မှာ ပစ်သတ်ခံရတာတွေလည်း ရှိခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။ မူးယစ်ဆေးသုံးစွဲတာကြောင့် ဖမ်းဆီးခေါ်ဆောင်သွားခံရတဲ့ သူတွေထဲ အသက် ၃၀ ဝန်းကျင်အရွယ် မောင်အေးဇော်လွင် လည်းပါဝင်ပြီး ပစ်သတ်ခံခဲ့ရပါတယ်။ "စစ်ဖြစ်တော့ သူ့မိသားစုဝင်တွေက ကွမ်းလုံကမြေကွက်ကိုရောင်းပြီး အဝေးကို ထွက်သွားကြတာ။ သူကသားအကြီးဆုံးပဲ။ ဆေးသုံးတော့ ကိုးကန့်စစ်သားတွေဖမ်းသွားတာ၊ သူကစကားနားမထောင် ပြန်ပြေးလာတော့ သူတို့ပစ်သတ်လိုက်တယ်" လို့မိသားစုနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။ ရွှေဖီမြေရဲ့မြေပြင် စုံစမ်းချက်အရ ကွမ်းလုံမြို့မှာ မူးယစ်ဆေးကြောင့် ဖမ်းဆီးသတ်ပစ်ခံရသူ ၄ ဦးရှိနေပြီး ၎င်းတို့မှာ ကွမ်းလုံမြို့ပေါ်ရှိ ကန်သာယာရပ်ကွက်မှ ရှမ်းအမျိုးသားတစ်ဦး၊ ဝန်ထမ်းရပ်ကွက်မှ အမျိုးသား ၂ ဦး၊ တုံကျက်ကျေးရွာ မှ အမျိုးသားတစ်ဦးတို့ ဖြစ်ပါတယ်။ ကိုးကန့်တပ်ဟာ ၎င်းထိန်းချုပ်နယ်မြေအတွင်းက မူးယစ်ဆေးသုံးစွဲ သူတွေကို "ဝ" ပြည်နယ် နမ့်တစ်မြို့သို့ ပို့ဆောင်ပြီး လက်ရှိအချိန်ထိ မိသားစုဝင်တွေနဲ့ အဆက်အသွယ် မရသူတွေလည်းရှိနေပါတယ်။ "စဖမ်းတဲ့အချိန်က အဆက်အသွယ် ရတယ်။ နမ့်တစ်ကထောင်ထဲမှာ ရှိတုန်းက၊ အခု အဆက်အသွယ် မရတာကြာပြီ။ အဲလိုပစ်သတ်ခံရတာတွေကြားရင် သားကိုစိတ်ပူတယ်။ ခုထိဘယ်နေရာမှာ ဘယ်လိုနေနေလဲမသိရဘူး" လို့ ကွမ်းလုံမြို့ပေါ်က အမည်မဖော်လိုသူ မိခင်တစ်ဦးက ဆိုပါတယ်။ ဒါ့အပြင် သိန္နီ၊ နမ့်ဟူး၊ မုံးကိုး၊ လောက်ကိုင် အစရှိတဲ့မြို့တွေမှာလည်း အလားတူ မူးယစ်ဆေးကြောင့် ဖမ်းဆီး၊ ရိုက်နက် ခံရသူတွေရှိပါတယ်။ " တစ်ချို့ကျ စစ်ထဲထည့်လိုက်တယ်။ မနေနိုင်တော့ ပြန်ပြေးလာတယ်။ မိရင်တော့ ပစ်သတ်ခံရတယ်၊ သူတို့နယ်မြေထဲ ဘိန်းစားမထားဘူးဆိုပြီး၊ တစ်ချို့က သူခိုးတွေမို့ကို ဖမ်းတာ" လို့ဆိုပါတယ်။ ကိုးကန့်တပ် MNDAA ရဲ့အခုလို ဥပဒေ ဘောင်နဲ့ ဆန့်ကျင်ပြီး ပြည်သူတွေပေါ် သတ်ဖြတ်တာ၊ ၎င်းထိန်းချုပ်နယ်မြေမှာ ပြစ်မှုအလိုက် သေဒဏ်စီရင်တာ စတာတွေနဲ့ပက်သက်ပြီး ဥပဒေအထောက်အကူပြု ကွန်ရက်မှ ဥပဒေရှု့ထောင့်ကနေ ပြီးခဲ့တဲ့ဇွန်လ ၇ ရက်နေ့ရက်စွဲနဲ့ အိတ်ဖွင့်မေးမြန်းစာ ပေးပို့ခဲ့ပါတယ်။ လူ့အခွင့်ရေးအရ အသက်ရှင်သန်နေထိုင်ခြင်းဟာ လူသားတိုင်းအတွက် အခြေခံအကျဆုံး အခွင့်အရေးတစ်ရပ်ဖြစ်တာကြောင့် ပြစ်မှုတွေပေါ် သေချာစီစစ်ပြီးမှပြစ်ဒဏ်တွေကို စီရင်ဖို့ တိုက်တွန်းထားပါတယ်။ #ဓာတ်ပုံ - Local ~ ~ ~ ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Telegram အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။ YouTube https://youtube.com/@ShwePheeMyayNewsAgency Website https://shwepheemyay
Show all...
👍 20 3👎 1👏 1😁 1
Photo unavailableShow in Telegram