en
Feedback
ဆင်ဖြူရှင်

ဆင်ဖြူရှင်

Open in Telegram

ပြည်တွင်းအတည်ပြုသတင်းများ၊သတင်းမှန်များ၊သတင်းထူးများကိုတင်ပေးမည်။

Show more

📈 Analytical overview of Telegram channel ဆင်ဖြူရှင်

Channel ဆင်ဖြူရှင် (@sinphyushin13) in the Burmese language segment is an active participant. Currently, the community unites 12 467 subscribers, ranking 15 775 in the News & Media category and 9 823 in the Myanmar region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 12 467 subscribers.

According to the latest data from 30 September, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -292 over the last 30 days and by -13 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 5.39%. Within the first 24 hours after publication, content typically collects 4.59% reactions from the total number of subscribers.
  • Post reach: On average, each post receives 672 views. Within the first day, a publication typically gains 572 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 18.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
“ပြည်တွင်းအတည်ပြုသတင်းများ၊သတင်းမှန်များ၊သတင်းထူးများကိုတင်ပေးမည်။”

Thanks to the high frequency of updates (latest data received on 01 October, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the News & Media category.

12 467
Subscribers
-1324 hours
-767 days
-29230 days
Posts Archive
အကြမ်းဖက်အဖွဲ့များအား ထောက်ပံ့နိုင်ရန်ရည်ရွယ်၍ တရားခံပြေး သင်းသင်းနွယ်နှင့်အတူ တရားမဝင် အလှကုန် ပစ္စည်းများနှင့် ကျောက်မျက်ရတနာပစ္စည်းများ ရောင်းချရာတွင် ကူညီဆောင်ရွက်ပေးသူများအား ဖမ်းဆီးရမိ Truth Waves

Repost from Sitt Naing News
Sittnaing News ပြည်တွင်းအတည်ပြုသတင်းများ ပြည်ထောင်စုအဆင့်သတင်းစဉ်များ တပ်မတော်သတင်းမှန်သတင်းစဉ်များနှင့်ထူးခြားဖြစ်စဉ်သတင်းများ တင်ဆက်မည်ဖြစ်ပါတယ်။ Join ထားကြပါအုံးးး မိတ်ဆွေတို့!!! https://t.me/Newschannel11115

Repost from Sitt Naing News
ရေးမြို့ မြသီတာစျေးအနီး ရေဘေးအပြီး စုပေါင်းသန့်ရှင်းရေးပြုလုပ် စက်တင်ဘာ ၃၀ မွန်ပြည်နယ်၊ ရေးမြို့တွင် စက်တင်ဘာ ၂၈ ရက်က မိုးသည်
+5
ရေးမြို့ မြသီတာစျေးအနီး ရေဘေးအပြီး စုပေါင်းသန့်ရှင်းရေးပြုလုပ် စက်တင်ဘာ ၃၀ မွန်ပြည်နယ်၊ ရေးမြို့တွင် စက်တင်ဘာ ၂၈ ရက်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေးမြစ်ရေမြင့်တက်ကာ မြသီတာစျေးအနီးရှိ လမ်းများပေါ်သို့ ရေကျော်မှုများ ဖြစ်ပွားခဲ့သည်။ လက်ရှိတွင် ရေပြန်လည်ကျဆင်းသွားပြီဖြစ်သဖြင့် ရေကြီးရေလျှံစဉ် တင်ကျန်ခဲ့သည့် အမှိုက်သရိုက်များ၊ နုံးများနှင့် ရွံ့နွံများကို ဖယ်ရှားပြီး လမ်းသွားလမ်းလာများ အဆင်ပြေစေရေးအတွက် ယနေ့ စက်တင်ဘာ ၃၀ ရက်တွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ #SittNaing

အကြမ်းဖက်အဖွဲ့များအား ထောက်ပံ့နိုင်ရန်ရည်ရွယ်၍ တရားခံပြေး မန္တလေး ၁၄ လမ်း ၈၁ လမ်း သင်းသင်းနွယ်နှင့်အတူ တရားမဝင်အလှကုန်ပစ္စည်း
+4
အကြမ်းဖက်အဖွဲ့များအား ထောက်ပံ့နိုင်ရန်ရည်ရွယ်၍ တရားခံပြေး မန္တလေး ၁၄ လမ်း ၈၁ လမ်း သင်းသင်းနွယ်နှင့်အတူ တရားမဝင်အလှကုန်ပစ္စည်းများနှင့် ကျောက်မျက်ရတနာပစ္စည်းများ ရောင်းချရာတွင် ကူညီဆောင်ရွက်ပေးသူများအား ဖမ်းဆီးရမိသည်။ နေပြည်တော် စက်တင်ဘာ ၃၀

Repost from Sitt Naing News
ထားဝယ်တွင် ရေကြီးရေလျှံမှုကြောင့် ဖြစ်ပေါ်ခဲ့သည့် ရွှံ့နွံနှင့် လဲကျသစ်ပင်များ ရှင်းလင်း ထားဝယ်၊ စက်တင်ဘာ ၃၀ စက်တင်ဘာ ၃၀ ရက်
+5
ထားဝယ်တွင် ရေကြီးရေလျှံမှုကြောင့် ဖြစ်ပေါ်ခဲ့သည့် ရွှံ့နွံနှင့် လဲကျသစ်ပင်များ ရှင်းလင်း ထားဝယ်၊ စက်တင်ဘာ ၃၀ စက်တင်ဘာ ၃၀ ရက် မွန်းလွဲ ၁ နာရီတွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ကညုံရပ်ကွက်နှင့် ကြက်စားပြင်ရပ်ကွက်တို့၌ ရေကြီးရေလျှံမှုကြောင့် မတ္တရာဘုန်းကြီးကျောင်းဝန်းနှင့် မြို့နယ်ပညာရေးမှူးရုံးဝန်းအတွင်း တင်ကျန်ခဲ့သည့် ရွှံ့နွံများ၊ လဲကျနေသည့် သစ်ပင်များနှင့် ရေမြောင်းများကို ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ အဆိုပါ ရှင်းလင်းရေးလုပ်ငန်းများကို ထားဝယ်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် ၄ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ #SittNaing

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မြို့နယ်အသီးသီးရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား တွေ့ဆုံ၍ စားသောက်ဖွယ်ရာများ ချီးမြှင့်ပေးအပ်
+3
ရှမ်းပြည်နယ်(တောင်ပိုင်း)၊  မြို့နယ်အသီးသီးရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား တွေ့ဆုံ၍ စားသောက်ဖွယ်ရာများ ချီးမြှင့်ပေးအပ် စက်တင်ဘာ  ၃၀

Repost from Sitt Naing News
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ လေဖိအားနည်းရပ်ဝန်း အခြေအနေ အမှတ်စဉ်(၁၁/၂၀၂၆) အားထုတ်ပြန် (လေဖိအားနည်းရပ်ဝန်းသည် မြ
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ လေဖိအားနည်းရပ်ဝန်း အခြေအနေ အမှတ်စဉ်(၁၁/၂၀၂၆) အားထုတ်ပြန် (လေဖိအားနည်းရပ်ဝန်းသည် မြန်မာနိုင်ငံမှ ဖြတ်ကျော်ခဲ့ပြီး ဖြစ်သည့်အတွက် အစိမ်းရောင်အဆင့် သတ်မှတ် စက်တင်ဘာလ ၃၀ ရက်နေ့၊ ည ၇ နာရီအချိန်ထုတ်ပြန်ချက်) #MRTV

အမရပူရမြို့နယ်တွင် ဒုဌဝတီမြစ်ကမ်းပါးပြိုကျခဲ့ရာ နေအိမ် ၅ လုံးပြိုကျမှုဖြစ်ပွား စက်တင်ဘာ၃၀ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ
+2
အမရပူရမြို့နယ်တွင် ဒုဌဝတီမြစ်ကမ်းပါးပြိုကျခဲ့ရာ နေအိမ် ၅ လုံးပြိုကျမှုဖြစ်ပွား စက်တင်ဘာ၃၀ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ဥယျာဉ်တော်ကျေးရွာတွင် ယနေ့(စက်တင်ဘာ၃၀ရက်)မွန်းလွဲ၁၂နာရီ၅၁မိီနစ်က ဒုဌဝတီမြစ်ကမ်းပါးပြိုကျခဲ့ရာ နေအိမ် ၅ လုံးပြို ကျမှုဖြစ်ပွါးခဲ့ကြောင်းမီးသတ်တပ်ဖွဲ့မှသိရသည်။ အမရပူရမြို့နယ်၊ဥယျာဥ်တော်ကျေးရွာတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဒုဌဝတီမြစ်ကမ်းပါးပြိုကျခဲ့ပြီးမြစ်ကမ်းဘေးရှိ နေအိမ် ၅ လုံး ပြိုကျခဲ့ပြီး ကျန်ရှိနေအိမ်များကိုလည်း အရေးပေါ် ရွှေ့ပြောင်းမှုများပြုလုပ်ခဲ့ရကြောင်းသိရသည်။ ဒုဌဝတီမြစ်ကမ်းပါးပြိုကျမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် အမရပူရမြို့နယ်မီးသတ်စခန်း၊ မြစ်ငယ်နယ်မြေမီးသတ်စခန်း၊ တောင်သမန်အရန်မီးသတ်စခန်း၊ ရွှေကြက်ယက်အရန်မီးသတ်စခန်း၊ ဖျောက်ဆိတ်ကုန်းအရန်မီးသတ်စခန်းတို့မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှု ကူညီရေးအသင်းများဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။ #SN

Repost from Sitt Naing News
ငနောက်ဆည်အတွင်း ရေစီးရေလာကောင်းမွန်စေရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက် တောင်ငူ၊ စက်တင်ဘာ ၃၀ စက်တင်ဘာ ၃၀ ရက် နေ့လည်ပိုင်းတွင်
+9
ငနောက်ဆည်အတွင်း ရေစီးရေလာကောင်းမွန်စေရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက် တောင်ငူ၊ စက်တင်ဘာ ၃၀ စက်တင်ဘာ ၃၀ ရက် နေ့လည်ပိုင်းတွင် တောင်ငူမြို့ အမှတ်(၂၂) မင်းကြီးညိုရပ်ကွက်၊ ပေါက်လှကြီးလမ်းရှိ ငနောက်ဆည်အတွင်း ရေစီးရေလာကောင်းမွန်စေရေးအတွက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ အဆိုပါ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးကျော်ထက်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ #SittNaing

Repost from Sitt Naing News
ပြောင်းလဲလာသည့် စစ်အတတ်ပညာနှင့် စစ်လက်နက်ပစ္စည်းများကို လေ့လာပြီး လက်တွေ့အသုံးချနိုင်ရန်လိုဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြေ
+1
ပြောင်းလဲလာသည့် စစ်အတတ်ပညာနှင့် စစ်လက်နက်ပစ္စည်းများကို လေ့လာပြီး လက်တွေ့အသုံးချနိုင်ရန်လိုဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြော တပ်မတော်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်များ ထမ်းဆောင်ရန်အတွက် တိုက်စွမ်းရည်၊ တိုက်စွမ်းအားများ ပြည့်ဝရန်လိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ပြောကြားသည်။ ပြောင်းလဲလာသည့် စစ်အတတ်ပညာနှင့် စစ်လက်နက်ပစ္စည်းများကို အမြဲလေ့လာနေရမည်ဖြစ်ပြီး စစ်မြေပြင်တွင် လက်တွေ့အသုံးပြုနိုင်ရန်လိုကြောင်းလည်း ၎င်းက ပြောကြားသည်။ ထို့အပြင် ပြည်သူများက ယုံကြည်အားကိုးရသည့် စွမ်းရည်ပြည့်ဝသော တပ်များဖြစ်လာစေရန် အမြဲကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက စက်တင်ဘာ ၂၆ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ သန်လျင်တပ်နယ်နှင့် ဒလတပ်နယ်များမှ အရာရှိ၊ စစ်သည်များနှင့် မိသားစုများအား သန်လျင်တပ်နယ်ခန်းမ၌ တွေ့ဆုံ၍ အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ SN September 30

Repost from Sitt Naing News
ရုရှားနိုင်ငံက မြန်မာနိုင်ငံသို့ နေကြာဆီ မက်ထရစ်တန် ၅၃၀ ကျော် လူသားချင်းစာနာမှုအကူအညီ ပေးအပ် စက်တင်ဘာ ၃၀ ရုရှားနိုင်ငံက လူသား
+1
ရုရှားနိုင်ငံက မြန်မာနိုင်ငံသို့ နေကြာဆီ မက်ထရစ်တန် ၅၃၀ ကျော် လူသားချင်းစာနာမှုအကူအညီ ပေးအပ် စက်တင်ဘာ ၃၀ ရုရှားနိုင်ငံက လူသားချင်းစာနာမှုအကူအညီအဖြစ် နေကြာဆီ မက်ထရစ်တန် ၅၃၀ ကျော်ကို ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) မှတစ်ဆင့် မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံရုံးက ထုတ်ပြန်သည်။ ရုရှားသံရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်မြို့ရှိ WFP သိုလှောင်ရုံများသို့ သွားရောက်ပြီး အဆိုပါအကူအညီများကို နိုင်ငံတစ်ဝန်းရှိ ဒေသများသို့ စနစ်တကျ ဖြန့်ဝေပေးနိုင်ရေး လမ်းကြောင်းနှင့် အချိန်ဇယားများကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ ရုရှားနိုင်ငံအနေဖြင့် နှစ်နိုင်ငံအကြား တိုက်ရိုက်အကူအညီများအပြင် သက်ဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီများမှတစ်ဆင့်လည်း မြန်မာနိုင်ငံအား ဆက်လက်ကူညီပံ့ပိုးသွားမည်ဖြစ်ကြောင်း အတည်ပြုထားသည်။ ရုရှားနိုင်ငံသည် ယခုနှစ် ဇန်နဝါရီလအတွင်းကလည်း နေကြာဆီ မက်ထရစ်တန် ၂၅၀ ကျော်ကို မြန်မာနိုင်ငံသို့ ပို့ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။ #SittNaing

ထားဝယ်တွင် အဆင့်မြင့်ရှာဖွေကယ်ဆယ်ရေး သင်တန်းဆင်းပွဲ ကျင်းပ ထားဝယ် စက်တင်ဘာ ၃၀ တနင်္သာရီတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၌ ဖွင့်လှစ်ခဲ့သည့် အဆင့်မြင့်ရှာဖွေကယ်ဆယ်ရေး (ဆင့်ပွား) သင်တန်းဆင်းပွဲနှင့် သရုပ်ပြပွဲကို ယနေ့ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦးနှင့် အစိုးရအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။ တိုင်းဒေသကြီးဝန်ကြီးချုပ်က ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝပတ်ဝန်းကျင်ပြောင်းလဲမှုများကြောင့် သဘာဝဘေးအန္တရာယ်များ ပိုမိုရှုပ်ထွေးလာသဖြင့် ဘေးအန္တရာယ်မဖြစ်မီ ကြိုတင်ပြင်ဆင်ခြင်း၊ အန္တရာယ်ဖြစ်နိုင်သည့်နေရာများ ကြိုတင်သတ်မှတ်ခြင်း၊ အရေးပေါ်တုံ့ပြန်ရေးအစီအစဉ်များ ရေးဆွဲခြင်းနှင့် ရှာဖွေကယ်ဆယ်ရေးစွမ်းရည်များ အစဉ်မြှင့်တင်ထားရန် လိုအပ်ကြောင်း ပြောကြားသည်။ အရေးပေါ်အခြေအနေများတွင် အချိန်သည် အရေးကြီးသဖြင့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များအနေဖြင့် အချိန်နှင့်တစ်ပြေးညီ၊ စနစ်တကျ၊ လျင်မြန်ထိရောက်စွာ တုံ့ပြန်နိုင်ရန် အမြဲအသင့်ပြင်ဆင်ထားရမည်ဖြစ်ကြောင်း၊ ကယ်ဆယ်ရေးဆောင်ရွက်ရာတွင် အခြားသူများ၏ အသက်ကို ကယ်တင်ရင်း မိမိကိုယ်တိုင် အန္တရာယ်မကျရောက်စေရေးလည်း အရေးကြီးကြောင်း မှာကြားသည်။ ထို့အပြင် ယခုရက်ပိုင်းအတွင်း တနင်္သာရီတိုင်းဒေသကြီး၌ ဖြစ်ပေါ်ခဲ့သည့် သဘာဝဘေးအတွေ့အကြုံများကို အခြေခံ၍ ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်မီဆောင်ရွက်နိုင်သည့် ကယ်ဆယ်ရေးသမားကောင်းများ ဖြစ်စေရန် တိုက်တွန်းသည်။ ထားဝယ်မြို့တွင် နှစ် ၈၀ အတွင်း စက်တင်ဘာလ မိုးရွာသွန်းမှု မိုးရေချိန်စံချိန်သစ်တင်ခဲ့ပြီး တော်သလင်းလပြည့်ကျော် ဒီရေတက်ချိန်နှင့် တိုက်ဆိုင်ခဲ့သဖြင့် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း၊ မိုးရာသီမတိုင်မီကတည်းက ရေမြောင်းများ ရေစီးရေလာကောင်းမွန်ရေး ကြိုတင်ဆောင်ရွက်ထားသဖြင့် မြစ်ရေကျသည်နှင့် ရေများလျင်မြန်စွာ ပြန်လည်ကျဆင်းခဲ့ကြောင်း ပြောကြားသည်။ သင်တန်းသားများအနေဖြင့် သင်ယူတတ်မြောက်ထားသည့် စွမ်းရည်များ မမေ့ပျောက်စေရန် ဆက်လက်လေ့ကျင့်ပြီး လက်တွေ့အသုံးချနိုင်ရေး အမြဲအသင့်ရှိရန်နှင့် အယ်နီညိုသတိပေးချက်များ ရှိထားသဖြင့် ကြိုတင်ပြင်ဆင်ထားရန်လည်း တိုက်တွန်းခဲ့ကြောင်း သိရသည်။ #SittNaing

photo content
+9

ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးနှင့် သန့်ရှင်းရေးလုပ်ငန်းများ တနင်္သာရီတိုင်းဝန်ကြီးချုပ် ကွင်းဆင်းကြည့်ရှု ထားဝယ် စက်တင်ဘာ ၃၀ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် ထားဝယ်မြို့ရှိ ကညုံ၊ ဘုမ္မော်နှင့် ပိန္နဲတောရပ်ကွက်များသို့ သွားရောက်၍ ပြန်လည်ထူထောင်ရေးနှင့် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။ စက်တင်ဘာ ၂၃ ရက်မှစတင်၍ မိုးရွာသွန်းခဲ့ပြီး စက်တင်ဘာ ၂၆ ရက်နှင့် ၂၇ ရက်တို့တွင် မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် အဆိုပါရပ်ကွက်များတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကာ လက်ရှိတွင် ရေများပြန်လည်ကျဆင်းသွားပြီဖြစ်၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ တိုင်းဒေသကြီးဝန်ကြီးချုပ်က ရေဘေးကြောင့် ရေဝင်ရောက်ခဲ့သည့် စာသင်ကျောင်းများကို အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေး သန့်ရှင်းရေးလုပ်ငန်းများ ဦးစားပေးဆောင်ရွက်ရန်၊ ကျောင်းသား၊ ကျောင်းသူများ ဘေးအန္တရာယ်ကင်းရှင်းစွာ ကျောင်းတက်နိုင်ရေးနှင့် ပျက်စီးမှုများကို စနစ်တကျပြန်လည်ပြုပြင်ရန် မှာကြားခဲ့သည်။ ထို့အပြင် လိုအပ်သည့် သင်ထောက်ကူပစ္စည်းများ ပြန်လည်ဖြည့်တင်းပေးရန်၊ ရေဘေးသင့်ပြည်သူများအတွက် အစားအသောက်နှင့် တစ်ကိုယ်ရေသုံးပစ္စည်းများ ထောက်ပံ့ပေးရန်၊ ပျက်စီးပျောက်ဆုံးသည့် အိမ်ထောင်စုစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အထောက်အထားစာရွက်စာတမ်းများကို အချိန်နှင့်တစ်ပြေးညီ ပြန်လည်ဆောင်ရွက်ပေးရန်လည်း မှာကြားခဲ့သည်။ ကျန်းမာရေးဌာနအနေဖြင့် ရေဘေးအလွန် ကူးစက်ရောဂါများ မဖြစ်ပွားစေရေး သောက်သုံးရေကန်များတွင် ကလိုရင်းဆေးခတ်ခြင်း၊ ပိုးသတ်ဆေးဖျန်းခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ရန်လည်း ဝန်ကြီးချုပ်က မှာကြားခဲ့သည်။ ယင်းနောက် ဝန်ကြီးချုပ်သည် ပြန်လည်သန့်ရှင်းရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ပူးပေါင်းအဖွဲ့များနှင့် စေတနာ့ဝန်ထမ်းများကို နှုတ်ဆက်အားပေးကာ လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းပေးခဲ့သည်။ ထားဝယ်မြို့နည်းတူ သဘာဝဘေးကျရောက်ခဲ့သည့် လောင်းလုံး၊ သရက်ချောင်းနှင့် ပုလောမြို့နယ်တို့တွင်လည်း ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။ #SN

photo content
+9

အိမ်ယာမဲ့တောင်းရမ်းနေသူတွေရဲ့ လူနေမှုဘဝ ရပ်တည်ချက်ကောင်းမွန်အောင်နှင့် ပတ်သက်ပြီး မေးခွန်းမေးမြန်းချက် ၃၀-၉-၂၀၂၆ "အိမ်ယာမဲ့တောင်းရမ်းနေသူတွေရဲ့ လူနေမှုဘဝ ရပ်တည်ချက်ကောင်းမွန်အောင် ဘဝအာမခံချက်နဲ့ ပြည့်စုံဖို့အတွက်စနစ်တကျစီစဉ်ဆောင်ရွက်ပေးပြီး တောင်းရမ်းနေမှုကိုအရေးယူရန်မဟုတ်ဘဲ ၎င်းတို့ဘဝတွေအေးချမ်းတည်ငြိမ်ပြီး အိမ်ယာ၊အလုပ်အကိုင် လူမှုဖူလုံရေးစနစ်နဲ့ လူနေမှုပတ်ဝန်းကျင်အတွင်း ပြန်လည်ဝင်ရောက်လာနိုင်စေရေးလက်ရှိအစိုးရလက်ထက်မှာ ပံ့ပိုးကူညီဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ " ဗိုလ်တထောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၏ မေးခွန်းမေးမြန်းချက်အပေါ် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးးဝန်ကြီးဌာနမှ ပြန်လည်ဖြေကြားချက်။ Truth Waves

Repost from Sitt Naing News
(၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ ဂုဏ်ပြုအရုဏ်ဆွမ်းဆက်ကပ် လားရှိုး စက်တင်ဘာ ၃၀ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် ကျရောက
+1
(၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ ဂုဏ်ပြုအရုဏ်ဆွမ်းဆက်ကပ် လားရှိုး စက်တင်ဘာ ၃၀ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် ကျရောက်မည့် (၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ယနေ့နံနက်ပိုင်းတွင် လားရှိုးမြို့၊ ရပ်ကွက်(၁၂)၊ နယ်မြေ(၁၉)ရှိ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်း၌ အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းပွဲ ပြုလုပ်ခဲ့သည်။ အဆိုပါအခမ်းအနားသို့ ကျောင်းထိုင်ဆရာတော် ဒေါက်တာဘဒ္ဒန္တပုညနန္ဒ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ၊ ဒုရပရမှူး ရဲမှူးကြီး နေမျိုးထွဋ်၊ ခရရမှူး ဒုရဲမှူးကြီး ဝေဖြိုးနိုင်၊ မယတခွဲ(၆)(လားရှိုး)မှ ဒုရဲမှူးကြီး သက်ထွန်းနှင့် ရဲတပ်ဖွဲ့ဝင်များ၊ တရားနာပရိသတ်များ စုစုပေါင်း ၃၀ ဦးခန့် တက်ရောက်ခဲ့ကြသည်။ ထို့နောက် ရဲမှူးကြီး နေမျိုးထွဋ်နှင့် တက်ရောက်လာသူများက ဆရာတော် ဒေါက်တာဘဒ္ဒန္တပုညနန္ဒအား ရှိခိုးကန်တော့၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး အစုစုသော လှူဒါန်းမှုများအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။ ယင်းနောက် ဆရာတော်၊ သံဃာတော်များအား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းကာ တက်ရောက်လာသူများအား နံနက်စာဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။ #SN

"ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲတွေ အနေနဲ့ မှတ်ပုံတင်မရှိ၊ အိမ်ထောင်စုစာရင်းမရှိတဲ့ လမ်းမှာတွေ့တဲ့လူကို အိမ်ထောင်စုစာရင်း အတု၊ နိုင်ငံသားကတ် အတုလုပ်ပြီး မထည့်ဖို မေတ္တာရပ်ခံလိုပါတယ်။ ဒီဖြစ်စဉ်တွေက အခုချိန်မှာ ရာဂဏန်းထိ ရှိလာပါပြီ။ အရေးယူခံရတဲ့သူလည်း တော်တော်များနေပါပြီ" လို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အသိပေးမှာကြားလိုက်ပါတယ်။ စက်တင်ဘာလ (၂၉)ရက်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်၊ တောင်ကြီးမြိုမှာ ကျင်းပပြုလုပ်တဲ့ မြေပြင်စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီလုပ်ငန်းညှိနှိင်းအစည်းအဝေးတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အခုလို အသိပေးပြောကြားခဲ့တာ ဖြစ်ပါတယ်။ Truth Wave #SN

တောတွင်းလက်နက်ကိုင်အဖွဲ့များအမြန်ဆုံးချုပ်ငြိမ်းလိုလျှင် ပဲခူးရိုးမထဲက ဗကပပြိုကွဲခြင်း ၁၉၄၈ ခုနှစ် မတ်လ ၂၈ ရက်နေ့မှာ ဗကပတွေ တ
တောတွင်းလက်နက်ကိုင်အဖွဲ့များအမြန်ဆုံးချုပ်ငြိမ်းလိုလျှင် ပဲခူးရိုးမထဲက ဗကပပြိုကွဲခြင်း ၁၉၄၈ ခုနှစ် မတ်လ ၂၈ ရက်နေ့မှာ ဗကပတွေ တောခိုပြီး အစိုးရကိုပုန်ကန်ခဲ့ကြတယ်။ မြန်မာနိုင်ငံမှာ အကြီးဆုံးလက်နက်ကိုင် အင်အားစုကြီးဖြစ်ခဲ့တယ်။ အစိုးရက လက်ဝဲညီညွှတ်ရေးမူတွေ၊ ငြိမ်းချမ်းရေးဖိတ်ခေါ်ဆွေးမှုတွေ အကြိမ်ကြိမ်လုပ်ဆောင်ခဲ့ပေမယ့် ဗကပခေါင်းဆောင်တွေကတော့ သဘောမတူခေါင်းမာနေခဲ့ကြသည်။ ဒါ့ကြောင့် ပဲခူးရိုးမထဲက ဗကပတွေကို တပ်မတော်က ဖိအားပေးတိုက်ပွဲတွေ ဆက်တိုက်လုပ်ခဲ့သလို ဖြတ်လေးဖြတ်နဲ့ ပိတ်စို့တဲ့အတွက် ပဲခူးရိုးမတောတွင်းက ဗကပတွေ အစာရေစာဆေးဝါး ပြတ်လတ်ငတ်မွတ်လာတယ်။ ထိခိုက်သေဆုံးမှုတွေလည်း များလာတယ်။ နောက်ဆုံးတော့ ဗကပ ခေါင်းဆောင် သခင်သန်းထွန်းကို ၁၉၆၈ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့ အိမ်သာတက်နေတုန်းမှာ သူရဲ့ အကူ ရဲဘော်မြကြီးက ရိုင်ဖယ်သေနတ်နဲ့ အနီးကပ် ပစ်ခတ်လုပ်ကြံခဲ့လို့သာ ပဲခူးရိုးမက ဗကပတွေ ပြိုကွဲသွားခဲ့တာဖြစ်ပါတယ်။ နိုင်ငံတော်ကြီးကို တကယ်ငြိမ်းချမ်းစေချင်လို့ အစိုးရက ငြိမ်းချမ်းရေးဖိတ်ခေါ်နေတာကို လက်မခံဘဲ ခေါင်းမာနေတဲ့ ခေါင်းဆောင်လုပ်နေသူတွေကို ဘာလုပ်သင့်တယ်ဆိုတာ လက်အောက်ရဲဘော်တွေစဉ်းစားရမယ့်အချိန်ဖြစ်နေပါပြီ။

နယ်မြေတည်ငြိမ်အေးချမ်းမှသာ ဒေသဖွံဖြိုးရေးလုပ်ငန်းများ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်မည်ဟု ပြည်ထောင်စုဝန်ကြီး ပြောကြား 𝙎𝙀𝙋~
နယ်မြေတည်ငြိမ်အေးချမ်းမှသာ ဒေသဖွံဖြိုးရေးလုပ်ငန်းများ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်မည်ဟု ပြည်ထောင်စုဝန်ကြီး ပြောကြား 𝙎𝙀𝙋~𝟑𝟎 နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ဖွံဖြိုးတိုးတက်ရေးသည် တိုက်ရိုက်အချိုးကျနေပြီး နယ်မြေတည်ငြိမ်အေးချမ်းမှုရှိမှသာ ဒေသဖွံဖြိုးရေးလုပ်ငန်းများကို ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့် ကျရာကဏ္ဍမှ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်က တိုက်တွန်းမှာကြားသည်။