uk
Feedback
ဆင်ဖြူရှင်

ဆင်ဖြူရှင်

Відкрити в Telegram

ပြည်တွင်းအတည်ပြုသတင်းများ၊သတင်းမှန်များ၊သတင်းထူးများကိုတင်ပေးမည်။

Показати більше

📈 Аналітичний огляд Telegram-каналу ဆင်ဖြူရှင်

Канал ဆင်ဖြူရှင် (@sinphyushin13) у мовному сегменті Бірманська є активним учасником. На даний момент спільнота об'єднує 12 624 підписників, посідаючи 15 670 місце в категорії Новини і ЗМІ та 9 839 місце у регіоні М'янма.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 12 624 підписників.

За останніми даними від 15 вересня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -329, а за останні 24 години на -10, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 4.31%. Протягом перших 24 годин після публікації контент зазвичай збирає 3.83% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 544 переглядів. Протягом першої доби публікація в середньому набирає 484 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 15.

📝 Опис та контентна політика

Автор описує ресурс як майданчик для висловлення суб'єктивної думки:
ပြည်တွင်းအတည်ပြုသတင်းများ၊သတင်းမှန်များ၊သတင်းထူးများကိုတင်ပေးမည်။

Завдяки високій частоті оновлень (останні дані отримано 16 вересня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Новини і ЗМІ.

12 624
Підписники
-1024 години
-487 днів
-32930 днів
Архів дописів
Repost from Sitt Naing News
မြန်မာ-အိန္ဒိယ ပူးတွဲတပ်မတော်စစ်ရေးလေ့ကျင့်မှု (IMBAX 2026) အိန္ဒိယ၌ စတင် September 16th မြန်မာ-အိန္ဒိယ နှစ်နိုင်ငံကြား ၅ ကြိ
+3
မြန်မာ-အိန္ဒိယ ပူးတွဲတပ်မတော်စစ်ရေးလေ့ကျင့်မှု (IMBAX 2026) အိန္ဒိယ၌ စတင် September 16th မြန်မာ-အိန္ဒိယ နှစ်နိုင်ငံကြား ၅ ကြိမ်မြောက် ပူးတွဲတပ်မတော်စစ်ရေးလေ့ကျင့်မှု (IMBAX 2026) ကို စက်တင်ဘာ ၁၅ ရက်မှ ၂၈ ရက်အထိ ၁၄ ရက်ကြာ အိန္ဒိယနိုင်ငံ၊ Meghalaya ပြည်နယ်၊ Umroi ရှိ Joint Training Node တွင် စတင်ကျင်းပလျက်ရှိသည်။ လေ့ကျင့်မှုကာလအတွင်း နှစ်နိုင်ငံ စစ်ရေးနည်းပညာများ အပြန်အလှန်ဖလှယ်ခြင်းနှင့် အိန္ဒိယတပ်မတော်(ကြည်း)၏ ပြည်တွင်းထုတ် စစ်လက်နက်များကို လေ့လာခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ #SN

“လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်မှုမှသည် နိုင်ငံထုတ်ကုန်တိုးတက်မှုသို့” အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲကို (၂၁-၉-၂၀၂၆)မှ (၂၂-၉-၂၀၂၆)အထိ နေပြည်တော်၊ MICC 1 တွင် ကျင်းပမည်.... #SN

Repost from Sitt Naing News
ဘုရားစင်အလှဆင်မီးကြိုး အပူလွန်ကဲရာမှ နေအိမ်တစ်လုံး မီးလောင်မှု သထုံမြို့တွင် ဖြစ်ပွား သထုံ၊ စက်တင်ဘာ ၁၆ မွန်ပြည်နယ်၊ သထုံမြို
ဘုရားစင်အလှဆင်မီးကြိုး အပူလွန်ကဲရာမှ နေအိမ်တစ်လုံး မီးလောင်မှု သထုံမြို့တွင် ဖြစ်ပွား သထုံ၊ စက်တင်ဘာ ၁၆ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ ကျိုက်ကော်ရပ်ကွက်၊ မင်းလမ်းနှင့် အောက်ကျင်းလမ်းထောင့်ရှိ နေအိမ်တစ်လုံးတွင် ဘုရားစင်အလှဆင်မီးကြိုး အပူလွန်ကဲရာမှ ယနေ့ စက်တင်ဘာ ၁၆ ရက် နံနက် ၂ နာရီ ၄၅ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ မီးလောင်မှုကြောင့် နှစ်ထပ်အုတ်ခံ ပျဉ်ထောင်အိမ်တစ်လုံးနှင့် အတွင်းပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ပြီး လူထိခိုက်သေဆုံးမှု မရှိကြောင်း သိရသည်။ မီးငြှိမ်းသတ်ယာဉ်၊ ရေသယ်ယာဉ်များ၊ သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၄ နာရီ ၂၀ မိနစ်ခန့်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။ အဆိုပါမီးလောင်မှုနှင့်ပတ်သက်၍ အိမ်ပိုင်ရှင်အား ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် ရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ #SN

၂၀၂၆ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အခမ်းအနား ထားဝယ်၌ ကျင်းပ ထားဝယ်၊ စက်တင်ဘာ ၁၆ ၂၀၂၆ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အခမ်းအနားကို စက်တင်ဘာ ၁၆ ရက် နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ ပုလဲဧကရီခန်းမ၌ ကျင်းပခဲ့သည်။ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦး၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်နှင့် ကျောင်းသား၊ ကျောင်းသူ ဆုရမောင်မယ်များ တက်ရောက်ခဲ့ကြသည်။ ဝန်ကြီးချုပ်က အိုဇုန်းလွှာသည် ကမ္ဘာမြေပေါ်ရှိ သက်ရှိများနှင့် ဂေဟစနစ်ကို ကာကွယ်ပေးသည့် “အသက်စောင့်ဒိုင်းလွှား” ဖြစ်ပြီး အိုဇုန်းလွှာထိန်းသိမ်းခြင်းသည် လူသားတို့၏ ကျန်းမာရေး၊ စားရေရိက္ခာဖူလုံရေး၊ သဘာဝအရင်းအမြစ်များနှင့် အနာဂတ်မျိုးဆက်များ၏ ဘဝလုံခြုံရေးကို ကာကွယ်ခြင်းဖြစ်ကြောင်း ပြောကြားသည်။ ထို့ပြင် တစ်ဦးချင်းအသိစိတ်ဓာတ်ဖြင့် ပူးပေါင်းပါဝင်ကြရန်၊ ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သော လူနေမှုစနစ်များကို လက်ကိုင်ပြုကြရန်နှင့် အနာဂတ်ကမ္ဘာမြေ စိမ်းလန်းစိုပြည်ရေးအတွက် ဝိုင်းဝန်းလက်တွဲဆောင်ရွက်ကြရန် တိုက်တွန်းခဲ့သည်။ ထို့နောက် ၂၀၂၆ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ ဆောင်ပုဒ်ဖြစ်သည့် “ကမ္ဘာမြေ ပိုမိုအေးမြဖို့ အားလုံး ပူးပေါင်းဆောင်ရွက်စို့” နှင့်အညီ အိုဇုန်းလွှာ ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။ #SN

photo content
+9

Repost from Sitt Naing News
သတင်းမီဒီယာရဲ့ အဓိကတာဝန်က အမှန်တရားကို ရှာဖွေတင်ပြဖို့နဲ့ ပြည်သူ့အကျိုးစီးပွားကို ထမ်းဆောင်ဖို့ ဖြစ်ပါတယ်။ ဝေဖန်မှုဆိုတာ တိုး
သတင်းမီဒီယာရဲ့ အဓိကတာဝန်က အမှန်တရားကို ရှာဖွေတင်ပြဖို့နဲ့ ပြည်သူ့အကျိုးစီးပွားကို ထမ်းဆောင်ဖို့ ဖြစ်ပါတယ်။ ဝေဖန်မှုဆိုတာ တိုးတက်ရေးအတွက် အရေးပါတဲ့ အသံတစ်ခု ဖြစ်သလို၊ အချက်အလက်မှန်ကန်ပြီး အပြုသဘောဆောင်တဲ့ ဝေဖန်ချက်တွေကို နားထောင်သုံးသပ်နိုင်မှသာ သတင်းလောကရဲ့ ယုံကြည်မှုနဲ့ ဂုဏ်သိက္ခာ ပိုမိုခိုင်မာလာနိုင်ပါတယ်။ အမြင်မတူသူတိုင်းကို ရန်သူအဖြစ် သဘောထားခြင်းထက်၊ အကြောင်းအရာကို အချက်အလက်အခြေခံ ဆွေးနွေးခြင်းကသာ သတင်းလောကရဲ့ စံနှုန်းနဲ့ ပိုမိုကိုက်ညီပါတယ်။ ဝေဖန်သူကို အပြစ်ပေးခြင်းထက် အမှန်တရားကို ဦးစားပေးပြီး တာဝန်ယူမှု၊ ပွင့်လင်းမြင်သာမှုနဲ့ တုံ့ပြန်နိုင်ခြင်းကသာ ယုံကြည်ရတဲ့ သတင်းလောကတစ်ခုကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ ✍️ Sittnaing 16-9-2026(Wed-1:20Pm)

ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဆိုင်ရာ ကိစ္စရပ်များအပေါ် စုံစမ်းမေးမြန်းခြင်းနှင့် သတင်းပို့ခြင်းပြုလုပ်နိုင် ၁။      ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာ  ကိစ္စရပ်များနှင့်စပ်လျဉ်း၍ သိရှိလိုသည် များကို စုံစမ်းမေးမြန်းရန်နှင့်သတင်းပို့ရန်တို့အတွက်  တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးရှိ  ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့များ၏  အောက်ပါဖုန်းနံပါတ်များသို့ ရုံးချိန်အတွင်း ဆက်သွယ်နိုင်ပါကြောင်း ထုတ်ပြန်အပ်ပါသည်- (က) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌရုံး(နေပြည်တော်)  (၁)     ၀၆၇- ၃၄၀၄၉၁၁၊ ၀၆၇- ၃၄၀၄၉၂၂၊ ၀၆၇-    ၃၄၀၄၉၃၃၊ ၀၆၇-၃၄၀၄၉၄၄၊ ၀၆၇-၃၄၀၄၉၅၅ (၂)     မိုဘိုင်းဖုန်းမှစာတိုပေးပို့ရန် (SMS) ၀၉- ၂၅၅၀၀၂၅၀၁ (ခ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့(နေပြည်တော်ကောင်စီ) (၁)     ၀၆၇-၄၅၅၀၄၈၈၊၀၆၇-၄၅၅၀၄၉၉ (၂)     မိုဘိုင်းဖုန်းမှစာတိုပေးပို့ရန် (SMS) ၀၉- ၂၅၅၀၀၂၅၀၂ (ဂ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (စစ်ကိုင်းတိုင်းဒေသကြီး) (၁)   ၀၇၁- ၂၀၃၂၀၉၁၊၀၇၁-၂၀၃၂၀၉၂ (၂)     မိုဘိုင်းဖုန်းမှစာတိုပေးပို့ရန် (SMS) ၀၉- ၂၅၅၀၀၂၅၀၇ (ဃ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (တနင်္သာရီတိုင်းဒေသကြီး)  (၁)  ၀၅၉- ၂၀၂၄၀၃၇၊၀၅၉-၂၀၂၄၀၃၈   (၂)     မိုဘိုင်းဖုန်းမှစာတိုပေးပို့ရန် (SMS) ၀၉- ၂၅၅၀၀၂၅၀၈ (င) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (ပဲခူးတိုင်းဒေသကြီး) (၁)  ၀၅၂- ၂၂၀၁၉၃၉၊၀၅၂-၂၂၀၁၉၄၉ (၂)     မိုဘိုင်းဖုန်းမှစာတိုပေးပို့ရန် (SMS) ၀၉- ၂၅၅၀၀၂၅၀၉ (စ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (မကွေးတိုင်းဒေသကြီး) (၁)  ၀၆၃-၂၀၂၈၈၇၈၊ ၀၆၃- ၂၀၂၈၈၇၉ (၂)     မိုဘိုင်းဖုန်းမှစာတိုပေးပို့ရန် (SMS) ၀၉- ၂၅၅၀၀၂၅၁၀ (ဆ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (မန္တလေးတိုင်းဒေသကြီး)   (၁)   ၀၂- ၄၀၂၁၂၄၅၊ ၀၂- ၄၀၂၁၂၄၆ (၂)     မိုဘိုင်းဖုန်းမှစာတိုပို့ဝန်ဆောင်မှု (SMS) ၀၉- ၂၅၅၀၀၂၅၁၁ (ဇ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (မွန်ပြည်နယ်) (၁)  ၀၅၇ -၂၀၂၇၉၃၅၊၀၅၇-၂၀၂၇၉၃၆ (၂)     မိုဘိုင်းဖုန်းမှစာတိုပေးပို့ရန် (SMS) ၀၉- ၂၅၅၀၀၂၅၁၂ (ဈ ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (ရခိုင်ပြည်နယ်) (၁)  ၀၉- ၂၅၅၀၀၂၅၁၇၊၀၉-၂၅၅၀၀၂၅၁၈                    (၂) မိုဘိုင်းဖုန်းမှစာတိုပေးပို့ရန် (SMS) ၀၉- ၂၅၅၀၀၂၅၁၃ (ည) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့(ရန်ကုန်တိုင်းဒေသကြီး) (၁) ၀၁- ၈၃၀၀၀၁၆၊ ၀၁- ၈၃၀၀၀၁၇   (၂)     မိုဘိုင်းဖုန်းမှစာတိုပေးပို့ရန် (SMS) ၀၉- ၂၅၅၀၀၂၅၁၄ (ဋ  ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (ရှမ်းပြည်နယ်) (၁)  ၀၈၁-၂၁၂၄၅၄၀၊ ၀၈၁- ၂၁၂၄၉၉၅ (၂)     မိုဘိုင်းဖုန်းမှစာတိုပေးပို့ရန် () ၀၉- ၂၅၅၀၀၂၅၁၅ (ဌ  ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (ဧရာဝတီတိုင်းဒေသကြီး) (၁) ၀၄၂- ၂၀၂၅၉၉၃၊၀၄၂- ၂၀၂၅၉၉၄ (၂)     မိုဘိုင်းဖုန်းမှစာတိုပေးပို့ရန် (SMS) ၀၉- ၂၅၅၀၀၂၅၁၆ ၂။      စုံစမ်းမေးမြန်းခြင်း၊ သတင်းပို့ခြင်းမဟုတ်ဘဲ အနှောင့်အယှက်ပေး ဆက်သွယ်လာသည့် တယ်လီဖုန်းနံပါတ်များကို  မှတ်တမ်းတင်ကာ ယင်းဖုန်းဆင်းကတ်များကို ပိတ်သိမ်းသွားမည် ဖြစ်ကြောင်း သိရသည်။

၁၆-၉-၂၀၂၆ ပြည်သူ့စစ်မှုထမ်းဆောင်ရမည့်တာဝန်မှ ယာယီရွှေ့ဆိုင်းနိုင်သူများ ပြည်သူ့စစ်မှုထမ်းဆောင်ရမည့်ကာလ ရွှေ့ဆိုင်းခွင့်ပြုသူမ
၁၆-၉-၂၀၂၆ ပြည်သူ့စစ်မှုထမ်းဆောင်ရမည့်တာဝန်မှ ယာယီရွှေ့ဆိုင်းနိုင်သူများ   ပြည်သူ့စစ်မှုထမ်းဆောင်ရမည့်ကာလ ရွှေ့ဆိုင်းခွင့်ပြုသူများ

Repost from Sitt Naing News
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားချက်မှ ‌ကောက်န
+9
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားချက်မှ ‌ကောက်နုတ်ချက် #HOS #SN

Repost from Truth Waves
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) တို့ တွေ့ဆုံဆွေးနွေး Truth Waves TikTokTelegram

Repost from Sitt Naing News
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် တရားမဝင် Online လောင်းကစားလုပ်ကိုင်သူ တရားခံ အမျိုးသား ၁၃ ဦး၊ အမျိုးသမီး ၂၃ ဦး
+7
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် တရားမဝင် Online လောင်းကစားလုပ်ကိုင်သူ တရားခံ အမျိုးသား ၁၃ ဦး၊ အမျိုးသမီး ၂၃ ဦးတို့အား သက်သေခံပစ္စည်းနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ နေပြည်တော်၊ စက်တင်ဘာ ၁၅ #SN

Repost from Sitt Naing News
သီပေါမြို့နယ်၌ Online လိမ်လည်လောင်းကစားသူ ၁၃ ဦး ဖမ်းဆီးရမိ နေပြည်တော်၊ စက်တင်ဘာ ၁၅ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊
+4
သီပေါမြို့နယ်၌ Online လိမ်လည်လောင်းကစားသူ ၁၃ ဦး ဖမ်းဆီးရမိ နေပြည်တော်၊ စက်တင်ဘာ ၁၅ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ နမ့်ခမ်းကျေးရွာအနီး၌ Online လိမ်လည်လောင်းကစားမှု လုပ်ကိုင်သူများ ရှိကြောင်း တာဝန်သိပြည်သူများ၏ သတင်းပေးပို့ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က စုံစမ်းရှာဖွေခဲ့ရာ ယနေ့နံနက် ၅ နာရီ ၄၅ မိနစ်ခန့်တွင် နေအိမ်တစ်လုံးအတွင်းမှ တရုတ်နိုင်ငံသား အမျိုးသား ၈ ဦး၊ အမျိုးသမီး ၁ ဦးနှင့် မြန်မာနိုင်ငံသား အမျိုးသား ၁ ဦး၊ အမျိုးသမီး ၃ ဦး စုစုပေါင်း ၁၃ ဦးကို ဖမ်းဆီးရမိခဲ့သည်။ ၎င်းတို့ထံမှ Type-81 သေနတ် ၁ လက်၊ ကျည် ၆၀ တောင့်၊ ကျည်အိမ် ၄ ခု၊ ဖုန်း ၂၂ လုံး၊ Laptop ၁ လုံး၊ Starlink ၄ စုံ၊ 12V Battery ၁ လုံး၊ Solar Battery ၂ လုံး၊ Solar Panel (620W) ၆ ချပ်၊ (420W) ၁ ချပ်နှင့် Online လိမ်လည်လောင်းကစားလုပ်ငန်းသုံး ဆက်စပ်ပစ္စည်းများ၊ အဆောက်အအုံ ၃ လုံးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ ဖမ်းဆီးရမိသူများအား လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်ပြီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။ #SN

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် RCSS တွေ့ဆုံဆွေးနွေး နေပြည်တော်၊ စက်တင်ဘာ ၁၅ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့၏ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Horizon Lake View ဟိုတယ်၌ ကျင်းပခဲ့သည်။ တွေ့ဆုံပွဲသို့ ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ RCSS အတွင်းရေးမှူး (၁) စဝ်စိုင်းငင်းနှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ ဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆက်လက်အကောင်အထည်ဖော်ရေး၊ ယခင်သဘောတူညီချက်များကို လိုက်နာရေး၊ နှစ်ဖက်ယုံကြည်မှုတည်ဆောက်ရေးနှင့် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် ပဋိပက္ခကြောင့် ရွှေ့ပြောင်းနေထိုင်ခဲ့ရသူများ နေရပ်ပြန်နိုင်ရေးနှင့် ပြန်လည်ထူထောင်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ဒေသတည်ငြိမ်အေးချမ်းရေး၊ မူးယစ်ဆေးဝါးနှင့် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်ရေးများကိုလည်း အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။ ဆွေးနွေးချက်များအပေါ် မှတ်တမ်းအား နှစ်ဖက်ညှိနှိုင်း၍ လက်မှတ်ရေးထိုးအတည်ပြုခဲ့ကြောင်း သိရသည်။ #SN

photo content
+2

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး ပါတီညီလာခံကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်မှုများ
+9
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး ပါတီညီလာခံကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်မှုများ ကြည့်ရှု နေပြည်တော်၊ စက်တင်ဘာ ၁၅ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေးသည် သတ္တမအကြိမ် ဗဟိုကော်မတီအစည်းအဝေးနှင့် စတုတ္ထအကြိမ် ပါတီညီလာခံ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပါတီဌာနချုပ်အတွင်း ရိပ်သာဆောင် A၊ B၊ C နှင့် သင်တန်းကျောင်းရှိ အိပ်ဆောင်များ ပြင်ဆင်ထားရှိမှုများကို စက်တင်ဘာ ၁၅ ရက် နံနက်ပိုင်းတွင် တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ဌာနချုပ်ဌာနမှူး ဦးမင်းမောင်မောင်တို့နှင့်အတူ လိုက်လံကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို အချိန်မီဆောင်ရွက်နိုင်ရေး လမ်းညွှန်မှာကြားခဲ့သည်။ ဆက်လက်၍ ဦးသောင်းအေးသည် ညနေပိုင်းတွင် စတုတ္ထအကြိမ် ပါတီညီလာခံအစီအစဉ်တွင် ပါဝင်သည့် ဖျော်ဖြေရေးအစီအစဉ်အတွက် တေးသီချင်းနှင့် အကများ လေ့ကျင့်ပြင်ဆင်နေမှုများကို ကြည့်ရှုကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။ #SN #PhotosbyUSDP

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွား၊ တစ်ဦးသေဆုံး September 15th ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် (၁၄၂/၁-၁၄၂
ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွား၊ တစ်ဦးသေဆုံး September 15th ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် (၁၄၂/၁-၁၄၂/၂) ကြားတွင် စက်တင်ဘာ ၁၄ ရက် နံနက် ၁ နာရီ ၄၅ မိနစ်က ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည်။ ရန်ကုန်မှ နေပြည်တော်သို့ မောင်းနှင်လာသည့် အမျိုးသား ၄ ဦး၊ အမျိုးသမီး ၉ ဦး လိုက်ပါလာသော TOWNACE လိုက်ထရပ်ယာဉ်အား လားရာတူနောက်မှ လိုက်ပါလာသည့် SUZUKI SOLIO ယာဉ်က အရှိန်မထိန်းနိုင်ဘဲ နောက်မှဝင်တိုက်မိခဲ့သဖြင့် TOWNACE ယာဉ်မှာ လမ်းယာဘက် မြေသားလမ်းပေါ်သို့ ရောက်ရှိတိမ်းမှောက်ခဲ့သည်။ အဆိုပါဖြစ်စဉ်ကြောင့် TOWNACE ယာဉ်ပေါ်ပါ ခရီးသည်တစ်ဦး နေရာတွင်သေဆုံးခဲ့ပြီး ကျန်ခရီးသည်များ ဒဏ်ရာအသီးသီးရရှိသဖြင့် တောင်ငူပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ #SN

Repost from Sitt Naing News
နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၌ နေအိမ်မီးလောင်မှုဖြစ်ပွား နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊ ပြည်(၁)လမ်းတွင် စက်တင်ဘာ
+1
နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၌ နေအိမ်မီးလောင်မှုဖြစ်ပွား နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊ ပြည်(၁)လမ်းတွင် စက်တင်ဘာ ၁၅ ရက် ည ၈ နာရီ ၄၁ မိနစ်အချိန်က နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့သည်။ မီးလောင်မှုသတင်းရရှိသဖြင့် ပုဗ္ဗသီရိမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၂ စီးနှင့် တပင်ရွှေထီးနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၂ စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ည ၉ နာရီ ၅ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။ #SN

ဖြစ်စဉ်ကို ပြောင်းပြန်မပြောသင့်ပါ ပြည်ဖျက်မီဒီညာ စက်တင်ဘာ ၁၄ ရက်က တီးတိန်မြို့နယ်အတွင်း သင်းအုပ်ဆရာတစ်ဦး သေနတ်ကျည်ထိမှန်သေဆုံးခဲ့တဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ပြည်ဖျက်မီဒီယာ Irrawaddy ရဲ့သတင်းဖော်ပြချက်တွေမှာ “ထွက်ပြေးလာတဲ့ စစ်သုံ့ပန်းတွေက ပစ်ခတ်ခဲ့တာ” ဆိုတဲ့ အကြောင်းအရာဆိုပြီး ရေးထားတာတွေ့ရတယ်။ - မြေပြင်ဖြစ်စဉ်အမှန်က သင်းအုပ်ဆရာဟာ ဘာသာရေးလုပ်ငန်းတာဝန်နဲ့ ဆိုင်ကယ်စီးပြီး ခရီးသွားနေစဉ် မွှာလ်လွန်းရွာအနီး ကပ်တဲလ်တံတားမှာ အကြမ်းဖက် PDF-Zoland အဖွဲ့က ရပ်တန့်ဖို့ အချက်ပြခဲ့ပေမယ့် မသိရှိဘဲ ဆက်လက်မောင်းနှင်သွားခဲ့တာကြောင့် ထွက်ပြေးလွတ်မြောက်လာသူ(စစ်သုံ့ပန်းတွေ)ဟု ယူဆပြီး သေနတ်နဲ့ပစ်ခတ်လိုက်တာဖြစ်ပါတယ်။ ဆိုင်ကယ်နောက်မှာပါတဲ့ သင်းအုပ်ဆရာ ဒါလ်ထွန်းတေွာင် ဟာ ဝမ်းဗိုက်နဲ့ ပေါင်မှာ ဒဏ်ရာရရှိပြီး အဲဒီနေရာမှာ သေသွားတာဖြစ်တယ်။ - ပြည်ဖျက်မီဒီယာတွေအနေနဲ့ “ဘယ်သူ့ကြောင့် ဖြစ်ခဲ့တာလဲ” ဆိုတဲ့ အချက်ကို မစစ်ဆေးဘဲ “စစ်သုံ့ပန်းတွေက ပစ်ခဲ့တာ” ဆိုပြီး ပြောင်းပြန်ဖော်ပြနေတော့ အမှန်တရားကို ဖုံးကွယ်ပြီး ပိုက်ဆံရတိုင်း ပေါက်ကရ လျှောက်ရေးနေခြင်း ဖြစ်ပါတယ်။ - ဒါကြောင့် သတင်းတစ်ခုကို ပိုက်ဆံရရင်ပြီးရော ရေးတင်မယ့်အစား ဘယ်သူက ဘယ်အချိန်မှာ၊ ဘယ်လိုအခြေအနေမှာ ပစ်ခတ်ခဲ့တာလဲဆိုတဲ့ ဖြစ်စဉ်အမှန်ကို ဗူးကွယ်မရေးသင့်ပါ။ ဖြစ်စဉ်ကို သေချာစုံစမ်း အတည်ပြုပြီးမှ ရေးပါ။ ပြည်သူတွေကို သတင်းအဆိပ်မခတ်ပါနဲ့။ - ပြောမယ့်သာပြောရတယ် ပြည်ဖျက်မီဒီညာဆိုတော့လည်း သောက်ရှက်ရှိမှာလည်း မဟုတ်ပါဘူး။ တိုက်ပွဲသတင်းစုံ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား ပြည်ထောင်စုသမ
+4
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား          ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးကို ယနေ့ စက်တင်ဘာ ၁၅ ရက်မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ တက်ရောက်အမှာစကားပြောကြားသည်။ ထိုသို့ အမှာစကားပြောကြားရာတွင် နိုင်ငံတော်သမ္မတက နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှ နိုင်ငံသားများ၏ လူမှုစီးပွားဘဝများသည်လည်း ဖွံ့ဖြိုးတိုးတက်နိုင်မည်ဖြစ်သဖြင့် တည်ငြိမ်အေးချမ်းမှု ရရှိရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုရရှိရေးတို့အတွက် နိုင်ငံတော်တွင် အတူတကွမှီတင်း နေထိုင်ကြသည့် ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံးက ကိုယ်စီအသိရှိစွာဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း ထည့်သွင်းပြောကြားသည်။ #HOS #SN