en
Feedback
High School Free Revision Class Channel (MMR)

High School Free Revision Class Channel (MMR)

Closed channel

Free Class for G11 (old) Students

Show more
2 222
Subscribers
No data24 hours
-127 days
-7730 days
Posts Archive
001_တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်_တတိယအကြိမ်_Uni_Ent_3rd_Time_May_2025.pdf1.27 MB

Repost from BECA Public FAQ
"၂၀၂၅ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (စနစ်သစ် ဒွါဒသမတန်း) ၏ Registration ပိတ်သိမ်းရန်ကာလ (၁၅) ရက်အလို ကြိုတင်ထပ်မံ အသိပေးနှိုးဆော်ခြင်း 📢📢📢 ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအတွက် အချိန်မီသတိပြု သိရှိဆောင်ရွက်နိုင်ပါရန် ထပ်မံအသိပေးနှိုးဆော်အပ်ပါသည်။ Grade 12 BECA (စနစ်သစ် ဒွါဒသမတန်း) Registration လျှောက်ထားရမည့် Link >> (https://mes.moeedu.org) ၂၀၂၅ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်းစစ်ဆေးအကဲဖြတ်ခြင်း (စနစ်သစ် ဒွါဒသမတန်း)သည် ‌၂၀၂၅ ခုနှစ်၊ ဇွန်လတွင် ကျင်းပမည် ဖြစ်ပါသဖြင့် ဖြေဆိုခွင့်လျှောက်ထားခြင်းကာလသည် ၂၀၂၅ ခုနှစ်၊ မတ်လ (၂၂) ရက်နေ့မှ ဧပြီလ (၃၀) ရက်နေ့ အထိဖြစ်ပါ၍ လျှောက်ထားနိုင်သည့်ကာလသည် (၂၀) ရက်သာ ကျန်ရှိတော့ပါကြောင်း ကြိုတင်တိုက်တွန်း ထပ်မံနှိုးဆော်အပ်ပါသည်။ ဖြေဆိုကြမည့်ကျောင်းသား၊ကျောင်းသူများအနေဖြင့် (၃၀.၄.၂၀၂၅) ‌ရက်‌နေ့ ၊ ည(၁၂) နာရီ နောက်ဆုံးထား၍ BECA စနစ်သစ် ဒွါဒသမတန်း Registration ဖြည့်သွင်းနိုင်ကြပါရန် ကြိုတင်အသိပေးတိုက်တွန်းနှိုးဆော်အပ်ပါသည်။ #NUGMOE #Grade12 #BECAစနစ်သစ်ဒွါဒသမတန်းRegistration #BasicEducationCompletionAssessment #MBEH #MyanmarBasicEducationHome

Repost from N/a
ကျောင်းသားကျောင်းသူများနဲ့ မိဘအုပ်ထိန်းသူများအတွက် သတင်းကောင်း Grade 12 ကျောင်းသား/သူများအတွက် 1st Batch Free Revision Class (March, 2025 တွင် စတင်မည်။) Grade 12 ကျောင်းသား/သူများအတွက် 1st Batch Free Revision Class တက်ရောက်ခွင့်ဖောင်ဖြည့်ရန် Link >>> https://edu.nugmyanmar.org/61aa99fa ဝါရင့်ဆရာကြီးဆရာမကြီးများက ဦးဆောင်စီစဉ်သည်။ G12 ကျောင်းသားကျောင်းသူများအတွက် ပထမအကြိမ်မြောက် Free Revision Class ကို ဝါရင့်ဆရာကြီးဆရာမကြီးများက ဦးဆောင်ပြီး ၂၀၂၅ ခုနှစ် March လမှ စတင်သင်ကြားပို့ချပေးပါမည်။ Zoom class နှင့် Telegram Gp တွင်းသို့ သတ်မှတ်ထားသော Student ID ဖြင့်သာ ဝင်ခွင့်ပြုပါမည်။ မိမိအပါအဝင် သူတပါး၏ လုံခြုံရေးကို အထူးဂရုစိုက်ရမည်။ အထက်ပါ သင်တန်းစည်းကမ်းများကို လိုက်နာနိုင်သူများကိုသာ လက်ခံပါမည်။ ယခင် စီစဉ်ပေးခဲ့သော G11 (old) ကျောင်းသားကျောင်းသူများအတွက် Free Revision Class များ - 1st Revision Class (Feb-May, 2023), 2nd Revision Class (July-Sept, 2023) & 3rd Free Revision Class (May-Oct, 2024)

Repost from BECA Public FAQ
Grade 12 Myanmar BECA Sample Question (12-2-2025) (1).PDF8.54 MB

Repost from BECA Public FAQ
"မြန်မာစာ မေးခွန်းလွှာနမူနာပုံစံ (စနစ်သစ် ဒွါဒသမတန်း) ထုတ်ပြန်အသိပေးခြင်း" ၂၀၂၅ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (စနစ်သစ် ဒွါဒသမတန်း) မြန်မာစာဘာသာရပ်အတွက် ကြိုတင်လေ့လာပြင်ဆင်‌ထားနိုင်ရန် မေးခွန်းလွှာနမူနာပုံစံကို ဖြေဆိုကြမည့် ပြည်သူ့ကျောင်းသားများ၊ သင်ကြားပေးနေသည့် ဆရာများနှင့် အများပြည်သူ သိရှိနိုင်ပါရန် အသိပေးထုတ်ပြန်အပ်ပါသည်။ #NUG #NUGMOE #BECA #Grade12 #SampleQuestion ⬇️ ⬇️ ⬇️ ⬇️ ⬇️ ⬇️ ⬇️

စစ်မှုထမ်းများအနေအထား တချက်ကြည့်လိုက်ပါ ကိုယ်တို့နားက စစ်မှုထမ်းတဲ့တစ်ယောက် ပြောပြတာ...သူအပါ...အယောက် ၃၀၀ လွှတ်လိုက်တာ....၁၅ယောက်ပဲ​ပြန် ပါလာတယ်တဲ့...ကံကောင်းလို့သူကျန်ခဲ့....တပ်ရောက်တော့..တပ်သားသစ်တွေထပ်ဖြည့်ပြီး... နောက်ထပ်.. ၃၀၀ သူ့ကိုပါပြန် လွှတ်တာ......ပြန်လည်းလာရော ၆ ယောက်ပဲကျန်တယ်တဲ့...အဲ့ ၆ ယောက်ထဲမှာ သူပြန်ပါလာတယ်တဲ့....ခုနောက်ထပ်လူဖြည့်ပြီး....သူကိုပြန်လွှတ်ခံရပြန်ပြီ....ခုတော့ အဆက်အသွယ်ပြတ်နေတယ်တဲ့....ကဲ.....ဒီပုံအတိုင်းဆို ဇာတ်သိမ်းကိုတွေးသာကြည့်တော့......

Repost from Spring Talk
🌺 ဆရာ/မများ၊ တက္ကသိုလ်ကောင်စီဝင်များ၊ မြိုနယ်ပညာရေးဘုတ်အဖွဲဝင်များ၊ ကျောင်းသူ/သားများ၊ ပညာရေးလေ့လာသူများနှင့် တော်လှန်ရဲဘော်
🌺 ဆရာ/မများ၊ တက္ကသိုလ်ကောင်စီဝင်များ၊ မြိုနယ်ပညာရေးဘုတ်အဖွဲဝင်များ၊ ကျောင်းသူ/သားများ၊ ပညာရေးလေ့လာသူများနှင့် တော်လှန်ရဲဘော်များအားလုံး မင်္ဂလာပါခင်ဗျာ… 🌺အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာကဏ္ဍ၏ CDMA & HR Department က ဦးစီး၍ Spring Talk ကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပမည်ဖြစ်ပါသဖြင့် စိတ်ပါဝင်စားသူတိုင်း တက်ရောက်နိုင်ပါသည်။ Topic: How to Apply Education Policy (Episode-11) Speaker: Sayar Kyaw Wai Phyo Time: 25-1-2025, SATURDAY, 7 pm Join Zoom Meeting https://us06web.zoom.us/j/85659322462?pwd=cAbkuZE6DFYBkfRAqQRaAaCmNBSoQx.1 Meeting ID: 856 5932 2462 Passcode: 10012025

Repost from BECA Public FAQ
အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာန https://moe.nugmyanmar.org ကြေညာချက်အမှတ် (၂/၂၀၂၅) ၁၃၈၆ ခုနှစ်၊ ပြာသိုလဆုတ် ၄ ရက်နေ
+1
အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာန https://moe.nugmyanmar.org ကြေညာချက်အမှတ် (၂/၂၀၂၅) ၁၃၈၆ ခုနှစ်၊ ပြာသိုလဆုတ် ၄ ရက်နေ့ (၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်) "၂၀၂၅ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (စနစ်သစ် ဒွါဒသမတန်း) နှင့်စပ်လျဉ်း၍ အများပြည်သူသို့ အသိပေးတင်ပြခြင်း" #NUG #NUGMOE #BECA #Grade12

Repost from Spring Talk
🌺 ဆရာ/မများ၊ တက္ကသိုလ်ကောင်စီဝင်များ၊ မြိုနယ်ပညာရေးဘုတ်အဖွဲဝင်များ၊ ကျောင်းသူ/သားများ၊ ပညာရေးလေ့လာသူများနှင့် တော်လှန်ရဲဘော်
🌺 ဆရာ/မများ၊ တက္ကသိုလ်ကောင်စီဝင်များ၊ မြိုနယ်ပညာရေးဘုတ်အဖွဲဝင်များ၊ ကျောင်းသူ/သားများ၊ ပညာရေးလေ့လာသူများနှင့် တော်လှန်ရဲဘော်များအားလုံး မင်္ဂလာပါခင်ဗျာ… 🌺အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာကဏ္ဍ၏ CDMA & HR Department က ဦးစီး၍ Spring Talk ကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပမည်ဖြစ်ပါသဖြင့် စိတ်ပါဝင်စားသူတိုင်း တက်ရောက်နိုင်ပါသည်။ Topic: How to Apply Education Policy (Episode-10) Speaker: Sayar Kyaw Wai Phyo Time: 11-1-2025, SATURDAY, 7 pm Join Zoom Meeting https://us06web.zoom.us/j/85659322462?pwd=cAbkuZE6DFYBkfRAqQRaAaCmNBSoQx.1 Meeting ID: 856 5932 2462 Passcode: 10012025

Repost from BECA Public FAQ
📣 📣 📣 📣 📣 BECA (စနစ်ဟောင်း ဒသမတန်း) ဖြေဆိုသူများဆိုင်ရာ အသိပေးကြေညာခြင်း 📣 📣 📣 📣 📣 ၂၀၀၆ ခုနှစ် နှင့် ၂၀၀၇ ခုနှစ်တွင် မွေးဖွားခဲ့သောကျောင်းသား၊ ကျောင်းသူများသည် အသက်နှင့် အတန်းအရ စနစ်သစ်ကျောင်းသားကျောင်းသူများဖြစ်ရမည်ဖြစ်သဖြင့် "၂၀၂၄ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (စနစ်ဟောင်း ဒသမတန်း) နှင့်စပ်လျဉ်း၍  ဖြေဆိုခွင့် လျှောက်ထားခြင်းဆိုင်ရာ သတ်မှတ်ချက်တွင် စစ်အာဏာမသိမ်းခင် အခြေခံပညာနဝမတန်း (စနစ်ဟောင်း) သို့မဟုတ် နည်းပညာ အထက်တန်းကျောင်း ပထမနှစ်တက်ရောက်ဖူးပြီး ၂၀၂၃ ခုနှစ် အခြေခံပညာ ပြီးမြောက်ကြောင်းစစ်ဆေးအကဲဖြတ်ခြင်း ဖြေဆိုခဲ့ခြင်းမပြုရသေးသူများဖြစ်ရမည်" ဟူသောသတ်မှတ်ချက်နှင့် မကိုက်ညီနိုင်ကြောင်း ယူဆဖွယ် ရှိပါသည်။ သို့ဖြစ်ပါ၍ စစ်အာဏာမသိမ်းခင်တွင် မည်သည့်တက်ရောက်ခဲ့သည့်အတန်းနှင့်စပ်လျဉ်း၍ စိစစ်အတည်ပြုရန် သက်ဆိုင်ရာ ကျောင်းသား၊ ကျောင်းသူများ Registration လျှောက်ထားစဉ်က ဖြည့်ခဲ့သော Email ထံသို့ မေးခွန်းများ ပေးပို့ထားပါသည်။ သတ်မှတ်ချိန်အတွင်း Email ပြန်လည်အကြောင်းပြန် ဖြေကြားခြင်း မရှိ‌သော လျှောက်ထားသူများနှင့်  စစ်အာဏာမသိမ်းခင်က အခြေခံပညာနဝမတန်း (စနစ်ဟောင်း) သို့မဟုတ် နည်းပညာ အထက်တန်းကျောင်း ပထမနှစ်တွင် တက်ရောက်ဖူးကြောင်း အထောက်အထားများ ပြသနိုင်ခြင်းမရှိသော ကျောင်းသား၊ ကျောင်းသူများကို BECA (စနစ်ဟောင်း ဒသမတန်း) ဖြေဆိုခွင့် ပယ်ဖျက်သွားမည် ဖြစ်ပါ‌ကြောင်း အသိပေးနှိုးဆော် အကြောင်းကြားအပ်ပါသည်။

Repost from BECA Public FAQ
"တတိယအကြိမ်ဖြေဆိုခွင့် တောင်းခံခြင်း" ဆိုင်ရာ အသိပေးခြင်း ၂၀၂၄ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်းစစ်ဆေးအကဲဖြတ်ခြင်း (စနစ်ဟောင်း ဒသမတန်း) နောက်ဆုံးအကြိမ်ဖြေဆိုကြမည့် ကျောင်းသားကျောင်းသူများအနေဖြင့် ဖြေဆိုခွင့် နှစ်ကြိမ်ရရှိပါသည်။ သို့ရာတွင် ကျောင်းသား/သူများအနေဖြင့် လုံခြုံရေး (သို့မဟုတ်) လိုင်းအခက်အခဲဖြစ်ပေါ်ခြင်းကြောင့် ပြီးဆုံးသည်အထိ ဖြေဆိုခွင့်မရပါက တတိယအကြိမ် (Third Attempt) တောင်းခံနိုင်ခွင့်ရှိပါသည်။ ဖော်ပြပါအခက်အခဲများကြောင့်  တတိယအကြိမ်ဖြေဆိုခွင့်တောင်းခံလိုပါက ကျောင်းသား/သူ၏ ၁။ Student ID ၂။ Moodle ID ၃။ မှတ်ပုံတင်နံပါတ် နောက်ဆုံး(၄) လုံး ၄။ မွေးသက္ကရာဇ် ၅။ ဖြေဆိုလိုသည့်ဘာသာရပ် တို့ကို beca.lms@be.moeedu.org ဆီသို့ Email ပေးပို့အကြောင်းကြားပေးပါ။ လုံခြုံရေး၊ လိုင်းအခက်အခဲ အမှန်တကယ် ဖြစ်ပေါ်ခြင်း ရှိ၊ မရှိကို သေချာစွာစိစစ်ပြီး (5)ရက် အတွင်း အကြောင်းပြန်ပါမည်။

Repost from Spring Talk
🌺 ဆရာ/မများ၊ တက္ကသိုလ်ကောင်စီဝင်များ၊ မြိုနယ်ပညာရေးဘုတ်အဖွဲဝင်များ၊ ကျောင်းသူ/သားများ၊ ပညာရေးလေ့လာသူများနှင့် တော်လှန်ရဲဘော်
🌺 ဆရာ/မများ၊ တက္ကသိုလ်ကောင်စီဝင်များ၊ မြိုနယ်ပညာရေးဘုတ်အဖွဲဝင်များ၊ ကျောင်းသူ/သားများ၊ ပညာရေးလေ့လာသူများနှင့် တော်လှန်ရဲဘော်များအားလုံး မင်္ဂလာပါခင်ဗျာ… 🌺အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာကဏ္ဍ၏ CDMA & HR Department နှင့် HECAFC တို့မှ ဦးစီး၍ Spring Talk ကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပမည်ဖြစ်ပါသဖြင့် စိတ်ပါဝင်စားသူတိုင်း တက်ရောက်နိုင်ပါသည်။ Topic: အကြမ်းဖက်စစ်တပ်အမြစ်ပြတ်ရေး Speaker: Comrade Naing Khun Arr & Comrade Bhone Tay Za Time: 21-12-2024, SATURDAY, 7 pm Join Zoom Meeting https://us06web.zoom.us/j/85659322462?pwd=b1TewNXQ8lxAwNnkWHOaxWWCUgKCbU.1 Meeting ID: 856 5932 2462 Passcode: 844840

Repost from Khit Thit Media
စစ်ကောင်စီက ဒုတိယမြောက် တိုင်းစစ်ဌာနချုပ် ဆုံးရှုံးမှုအဖြစ် ရခိုင်ပြည်မှ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ထပ်မံဆုံးရှုံး၊ ဗိုလ်မှူးချုပ် သောင်းထွန်း၊ ဗိုလ်မှူးချုပ်ကျော်ကျော်သန်းနှင့် ဗိုလ်မှူးချုပ် သူရိန်ထွန်းတို့ကို AA လက်ရ အရှင်ဖမ်းဆီးထား ရန်ကုန်၊ ဒီဇင်ဘာ ၂၀ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA ဦးဆောင်သော မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ယနေ့တွင် ရခိုင်ပြည်နယ်၊ အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို AA က ထပ်မံ သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း AA က တရားဝင် သတင်းထုတ်ပြန်သည်။ ရခိုင်ပြည်၊ အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို တစ်ခုလုံးကို AA က သိမ်းပိုက်ရရှိပြီး ဒုတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းနှင့် ဗိုလ်မှူးချုပ်ကျော်ကျော်သန်းတို့ကို ဖမ်းဆီးရရှိကြောင်း AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဒီဇင်ဘာလ ၂၀ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်တွင် နပခ ဌာနချုပ်တစ်ခုလုံးကို သိမ်းပိုက်ရရှိခြင်းဖြစ်ပြီး ဒုတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်း၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့ကိုလည်း အရှင်ဖမ်းဆီးရရှိကြောင်း သိရှိရသည်။ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၃ရက်နေ့ ပထမဆုံးအကြိမ်အဖြစ် လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA နှင့်တပ်ပေါင်းစုမဟာမိတ်များက သိမ်းပိုက်ပြီးနောက် အမ်းမြို့နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို AA က ဒုတိယအကြိမ် တိုက်ခိုက် သိမ်းပိုက်လိုက်ခြင်းလည်းဖြစ်သည်။ AA က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်ပြီးနောက် ဗိုလ်မှူးချုပ် ၃ ဦးကို ဖမ်းဆီး ထိန်းသိမ်းထားရာ ဒုတိယ တိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်း၊ ဗိုလ်မှူးချုပ် ကျော်ကျော်သန်း၊ ဗိုလ်မှူးချုပ် သူရိန်ထွန်းတို့မှာ AA ၏ လက်ထဲတွင် စစ်သုံ့ပန်းများ အဖြစ် ဖမ်းဆီးရရှိထားကြောင်း သိရှိရသည်။

Repost from News
"၂၀၂၄ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (BECA Online)ဖြေဆိုရန် စာရင်းသွင်းခြင်းအဆင့်ကို ဖြည့်စွက်ရန်ကျန်ရှိခဲ့သော ကျောင်းသား/သူများသို့ ဖြေဆိုရန်စာရင်းသွင်းခြင်းနှင့်ပတ်သက်၍ အသိပေးကြေညာခြင်း" ၂၀၂၄ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (BECA Online) ဖြေဆိုရန် လျှောက်ထားရာတွင် ကျောင်းသား၊ ကျောင်းသူအချို့သည် လျှောက်ထားနည်းလမ်းညွှန်ကို သေချာစွာမဖတ်မိခြင်း/မလေ့လာမိခြင်းကြောင့်ဖြစ်စေ၊ နည်းပညာအခက်အခဲကြောင့်ဖြစ်စေ၊ အင်တာနက်ရရှိမှုအခက်အခဲကြောင့်ဖြစ်စေ ID ရရှိပြီးနောက်တစ်ဆင့် ဖြေဆိုရန် စာရင်းသွင်းခြင်းအဆင့်ကို ပြုလုပ်ရန်ကျန်နေခဲ့ကြကြောင်းတွေ့ရှိရပါသည်။ ထိုသို့သောကျောင်းသား၊ ကျောင်းသူများမှ စာရင်းသွင်းခြင်းပြုလုပ်ခွင့်ပေးပါရန် တောင်းဆိုလာသည်များရှိသောကြောင့်  အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (BECA Online) စာရင်းသွင်းရန်ကို ( ၁၆- ၁၂- ၂၀၂၄) ရက်မှ ( ၂၀- ၁၂-၂၀၂၄ ) ရက် ည (၁၂) အထိ ဖွင့်ပေးထားမည်ဖြစ်ပါသည်။ အခြေခံပညာပြီးမြောက်ကြောင်းဖြေဆိုခြင်းလုပ်ငန်းစဉ်များနှောင့်နှေးမည်စိုး၍ ID အသစ်လျှောက်ပြီး ဖြေဆိုမည့်သူများကို လက်ခံနိုင်ခြင်းမရှိပါ။ ID ရရှိထားပြီး အကြောင်းအမျိုးမျိုးကြောင့် စာရင်းသွင်းရန်ကျန်ရှိသူများသည် အောက်ပါလမ်းညွှန်ချက်များအတိုင်း ဖြည့်စွက်ပြီး ဖြေဆိုရန် စာရင်းသွင်းနိုင်ပါသည်။ စာရင်းသွင်းပြီး သူများသည် (၁-၁-၂၀၂၅) ရက်နေ့မှစ၍ https://mes.moeedu.org တွင် Moodle ID များ ရယူပြီး https://lms.moeedu.org တွင် ဝင်ရောက်ဖြေဆိုနိုင်မည်ဖြစ်ပါသည်။ #NUGMOE #BECA #BasicEducationCompletionAssessment #MBEH #MyanmarBasicEducationHome https://www.facebook.com/share/p/15W16gNyPa/

ပြည်သူ့ဘက်တော်သားတက္ကသိုလ်များကို တက်ရောက်လိုပါက ဝင်ရောက်လေ့လာ ဆက်သွယ်ကြပါရန် https://t.me/UniversityEntranceHandbookNUGMoE