en
Feedback
Book4U.MM

Book4U.MM

Open in Telegram

Book4U "Your best partner" မြန်မာပြည်အနှံ့စာအုပ်များပို့ဆောင်ပေးသည်

Show more
5 363
Subscribers
-224 hours
-217 days
-9330 days
Posts Archive
1။Electrical Principles စာရေးသူ-Phyo Thet Paing တန်ဖိုး-60000 2။လျှပ်စစ်သွယ်တန်းတပ်ဆင်မှုများအတွက် စစ်ဆေးရေးနည်းလမ်းများ စာရေ
+6
1။Electrical Principles စာရေးသူ-Phyo Thet Paing တန်ဖိုး-60000 2။လျှပ်စစ်သွယ်တန်းတပ်ဆင်မှုများအတွက် စစ်ဆေးရေးနည်းလမ်းများ စာရေးသူ-Phyo Thet Paing တန်ဖိုး-50000 3။Electrical Control Technology စာရေးသူ-Kyi Soe Winn တန်ဖိုး-60000 4။Electrical Engineering Fundamental& Concept Q100 စာရေးသူ-မင်းသုစံ တန်ဖိုး-18000 5။လျှပ်စစ်အင်ဂျင်နီယာအဘိဓာန် စာရေးသူ-ဦးသန်းမောင် တန်ဖိုး-20000 6။Basic Electrical Guidelines စာရေးသူ-ဆရာခန့် တန်ဖိုး-25000 7။Electrical Control System စာရေးသူ-U Thet Win Soe တန်ဖိုး-89000 ဆက်သွယ်ရန် ☎ - 09798103010; 097949 64825 🏠ဆိုင်မှာ ကိုယ်တိုင်ကိုယ်ကျ လာရောက်ဝယ်ယူလိုတဲ့ စာပေချစ်မြတ်နိုးသူများအတွက် 📘Book4U ဆိုင်လိပ်စာ 📌အမှတ် ၅၆ (မြေညီ) ၊ ၄၄လမ်း (ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကြား၊ ကုန်သည်လမ်းဘက်မှလျှင် ဒုတိယမြောက်တိုက်)၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန် ⏰မနက် (၉ နာရီမှ ညနေ ၅ နာရီခွဲအထိ) တနင်္ဂနွေနေ့တိုင်းဆိုင်ပိတ်ပါသည်။

အနာဂတ်ကာလများတွင် ကမ္ဘာတစ်ဝန်းရှိ အစိုးရများသည် ရှုပ်ထွေးသိမ်မွေ့ပြီး ကိုင်တွယ်ရမလွယ်ကူသော AI စည်းမျဉ်းသတ်မှတ်ခြင်းများနှင့်အ
+1
အနာဂတ်ကာလများတွင် ကမ္ဘာတစ်ဝန်းရှိ အစိုးရများသည် ရှုပ်ထွေးသိမ်မွေ့ပြီး ကိုင်တွယ်ရမလွယ်ကူသော AI စည်းမျဉ်းသတ်မှတ်ခြင်းများနှင့်အတူ ၎င်းတို့၏အုပ်ချုပ်ရေးနှင့် ဒစ်ဂျစ်တယ်စီးပွားရေး စနစ်ထိန်းညှိနေခြင်းသည်လည်း တစ်နိုင်ငံနှင့်တစ်နိုင်ငံ မတူကွဲပြားကြစေကာမူ အပြိုင်အဆိုင်ဖွံ့ဖြိုးတိုးတက်လာကြတော့မည်ဖြစ်သည်။ 📘ကမ္ဘာကြီးကို ပြောင်းလဲပစ်တော့မည့် ဒစ်ဂျစ်တယ်စီးပွားရေး အားပြိုင်မှုများ ~~~~~~~~~~~~~~~~~~ ✍️မောင်မောင်မြင့်သိန်း(စက်မှုတက္ကသိုလ်) တန်ဖိုး-၁၀၀၀၀ စာ-၁၃၈

ဘဝရဲ့ ရည်ရွယ်ချက်ပန်းတိုင်တွေ လှမ်းကိုင်နိုင်ဖို့ အခက်အခဲ တွေ့နေရင် ပန်းတိုင်တွေကို လိုတိုးပိုလျှော့လုပ်မနေပါနဲ့။ ကိုယ် လှမ်း
ဘဝရဲ့ ရည်ရွယ်ချက်ပန်းတိုင်တွေ လှမ်းကိုင်နိုင်ဖို့ အခက်အခဲ တွေ့နေရင် ပန်းတိုင်တွေကို လိုတိုးပိုလျှော့လုပ်မနေပါနဲ့။ ကိုယ် လှမ်းနေတဲ့ ခြေလှမ်းတွေကိုသာ သင့်သလို၊ လိုသလို အလိုက်အထိုက် လိုက်ပြင်ပေးလိုက်ပါ... ▪️ကွန်ဖြူးရှပ် ကျုပ်အတွက်ကတော့ ကြောက်စရာဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။ ကျဆုံးမှာ တွေးမကြောက်ပါဘူး။ ရည်ရွယ်ချက် မပေါက်မမြောက် ဖြစ်သွားတာမျိုးလောက်နဲ့ တော့ ဘယ်တော့မှ ကြောက်စိတ်အဝင်မခံခဲ့ပါဘူး ... ▪️မိုက်ကယ်ဂျော်ဒန် သံသယတွေရဲ့ အဓိကဇာစ်မြစ်တာ ကြောက်စိတ်မှာ တည်တယ်။ ကြောက်စိတ်ကြောင့် ရက်စက်မှုဆိုတာ ပေါ်လာတာ။ အကြောက်တရားကို ရှင်းလင်းဖယ်ရှားလိုက်နိုင်ရင် “ပညာ”” ဆိုတာ ထွန်းတောက်လာတော့တာပဲ ▪️ဘာထရန်ရပ်ဆယ် 📓ကိုယ်တွင်းရန်သူ အနိုင်ယူ ✍မောင်ချို(စိတ်ပညာ)မြန်မာပြန် တန်ဖိုး-၈၀၀၀ စာ-၂၂၄

ဒီစာအုပ်မှာ ကျွန်တော်တို့ မြန်မာလူမျိုးတွေအကြားမှာ အမြစ်တွယ်နေတဲ့ ကျန်းမာရေး အယူအဆအမှားတွေ၊ ဥပမာ “အားဆေးသွင်းမှ အားရှိမယ်”၊ “
ဒီစာအုပ်မှာ ကျွန်တော်တို့ မြန်မာလူမျိုးတွေအကြားမှာ အမြစ်တွယ်နေတဲ့ ကျန်းမာရေး အယူအဆအမှားတွေ၊ ဥပမာ “အားဆေးသွင်းမှ အားရှိမယ်”၊ “ထမင်းများများစားရင် အားရှိတယ်” “ရေသန့်ကို ကျိုသောက်ရင် ကင်ဆာဖြစ်မယ်” ဆိုတဲ့ ကောလာဟလ တွေကို သိပ္ပံနည်းကျ ရှင်းပြထားပါတယ်။ ဒါ့အပြင် သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါလို နာတာရှည်ရောဂါတွေအတွက် ဆေးဝါးတစ်ခုတည်း ကို အားမကိုးဘဲ နေထိုင်စားသောက်မှုပုံစံ (Lifestyle Changes) တွေနဲ့ ဘယ်လို ကာကွယ်ထိန်းချုပ်မလဲ ဆိုတာတွေကိုပါ အဓိကထား ရေးသားထားပါတယ်။ အထူးသဖြင့် စာအုပ်နာမည်အတိုင်း ‘ခြေလှမ်း ၁ဝ,ဝဝဝ ၏ စွမ်းအား” ကစလို့ နေ့စဉ်စားသောက်နေတဲ့ ထမင်း၊ ကြက်ဥ၊ ငါးပိရည်တို့ရဲ့ ကျန်းမာရေးအပေါ် သက်ရောက်မှုတွေအထိ အသေး စိတ် ဆွေးနွေးထားပါတယ်။ ဒီစာအုပ်လေးဟာ စာဖတ်သူမိတ်ဆွေတို့ရဲ့ အိမ်မှာ အချိန် မရွေး တိုင်ပင်လို့ရတဲ့ “မိသားစုဆရာဝန်” တစ်ယောက်အဖြစ် အကျိုးပြုနိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ခြေလှမ်း ၁၀,၀၀၀ ကပေးတဲ့စွမ်းအားများနှင့် အထွေထွေကျန်းမာရေး ဆောင်းပါးများ ~~~~~~~~~~~~~~~ စာရေးသူ-ဒေါက်တာရဲ(M.B.,B.S) တန်ဖိုး-၈၀၀၀ စာ-၁၂၄

စာရေးသူ‌ဒေါက်တာမြတ်ထွဋ်ညွှန့်ရဲ့ အသစ်ထွက်ရှိမယ့်စာအုပ်လေးကြိုတင်အမှာတင်လို့ရပါပြီ။ ✅✅ယခုစာအုပ်လေးက 👉မူရင်း‌ဈေး(၁၀၀၀၀)ကျပ် ပထ
စာရေးသူ‌ဒေါက်တာမြတ်ထွဋ်ညွှန့်ရဲ့ အသစ်ထွက်ရှိမယ့်စာအုပ်လေးကြိုတင်အမှာတင်လို့ရပါပြီ။ ✅✅ယခုစာအုပ်လေးက 👉မူရင်း‌ဈေး(၁၀၀၀၀)ကျပ် ပထမဆုံးအမှာတင်သူ(၁၀)ဦးကတော့ 👉(၉၀၀၀)ကျပ်ဖြင့် ရရှိမှာဖြစ်ပါတယ်ရှင့်.... စာညွှန်း.... ဤစာအုပ်သည် အေအိုင်ခေတ်လွန်တွင် လက်တွေ့ကျကျ၊ စနစ် တကျနှင့် ရေရှည်တည်တံ့အောင် အွန်လိုင်းမှတစ်ဆင့် ဝင်ငွေရှာဖွေ နိုင် သည့် မဟာဗျူဟာများပါဝင်ပါသည်။ စာအုပ်အတွင်း၌ - · အခန်း (၁) တွင် အွန်လိုင်းမှ ငွေရှာခြင်းဆိုင်ရာ အမှားများနှင့် အခြေခံ ပြင်ဆင်ရန်များကိုလည်းကောင်း၊ အခန်း (၂) တွင် Freelancing ဝန်ဆောင်မှု ပေးခြင်းဆိုင်ရာ နည်းဗျူဟာများကိုလည်းကောင်း၊ အခန်း (၃) တွင် Content Creation မှတစ်ဆင့် ကြော်ငြာနှင့် စပွန်ဆာ ဝင်ငွေ ရှာဖွေနည်းများ ကိုလည်းကောင်း၊ အခန်း (၄) တွင် ကိုယ်ပိုင် ဒစ်ဂျစ်တယ် ထုတ်ကုန်များ (E-books, Courses, Templates) ဖန်တီး ရောင်းချနည်းကိုလည်းကောင်း၊ အခန်း (၅) တွင် Affiliate Marketing (ညွှန်းဆို ရောင်းချခြင်း) ဖြင့် ဝင်ငွေရှာနည်း ကိုလည်းကောင်း၊ အခန်း (၆) တွင် ဆိုက်ဘာ လုံခြုံရေး၊ ဥပဒေရေးရာများနှင့် ရေရှည် မဟာဗျူဟာများကို လည်းကောင်း ဥပမာများစွာဖြင့် အသေးစိတ် ပြည့်စုံစွာထည့်သွင်း ရေးသားထားပါသည်။

လုပ်ငန်းရှင်တစ်ယောက်အတွက် နေ့တိုင်းဟာ ဆုံးဖြတ်ချက်တွေနဲ့ ပြည့်နေတယ်။ ဒီစာအုပ်က လုပ်ငန်းရှင်တွေ နေ့တိုင်း အနည်းငယ်စီ ဖတ်ပြီး က
လုပ်ငန်းရှင်တစ်ယောက်အတွက် နေ့တိုင်းဟာ ဆုံးဖြတ်ချက်တွေနဲ့ ပြည့်နေတယ်။ ဒီစာအုပ်က လုပ်ငန်းရှင်တွေ နေ့တိုင်း အနည်းငယ်စီ ဖတ်ပြီး ကိုယ့်ကိုယ်ကိုယ် ပြန်နည်းပြနိုင်ဖို့ ရေးထားတဲ့ Daily Coaching Tips စာအုပ် ဖြစ်ပါတယ်။ စာမျက်နှာတိုင်းမှာ မှတ်စရာ အတွေးအမြင်တစ်ခု၊ ကိုယ့်လုပ်ငန်းနဲ့ ချိတ်ဆက် စဉ်းစားစရာ အချက်တစ်ခု၊ ပြီးတော့ ကိုယ့်ကိုယ်ကို ပြန်မေးရမယ့် Coaching Question ပါဝင်ပါတယ်။ ▪️စဉ်းစားပုံကို ပိုရှင်းစေမယ်။ ▪️ဆုံးဖြတ်ချက်တွေကို ပိုတည်ငြိမ်စေမယ်။ ▪️လုပ်ငန်းကို ပိုမဟာဗျူဟာမြောက်စွာ မြင်နိုင်စေမယ်။ ▪️လုပ်ငန်းကို ပိုထိရောက်စွာ ဦးဆောင်နိုင်ဖို့ အထောက်အကူပြုမယ်။ 📘လုပ်ငန်းရှင်များအတွက် နေ့စဉ် နည်းပြခြင်း [စိတ်၊ ငွေ နှင့် လူ ဆိုင်ရာ မဟာဗျူဟာမြောက် သုံးသပ်ချက်များ] ✍နိုင်လိုမွန် (BUSINESS COACH) တန်ဖိုး-28000 စာ-283

စဉ်းစားကြည့်ပါ။ ကျွန်တော်တို့သာ ကိုယ့်ရဲ့ အားနည်းနေတဲ့ အတွေးအခေါ်တွေ၊ အလေ့အကျင့်တွေ၊ ခံယူချက်တွေ၊ အားနည်းချက်တွေကိုသာ ပိုကောင
စဉ်းစားကြည့်ပါ။ ကျွန်တော်တို့သာ ကိုယ့်ရဲ့ အားနည်းနေတဲ့ အတွေးအခေါ်တွေ၊ အလေ့အကျင့်တွေ၊ ခံယူချက်တွေ၊ အားနည်းချက်တွေကိုသာ ပိုကောင်းတဲ့ ဘက်ကို ပြောင်းလဲနိုင်လိုက်ရင် ဘယ်လောက်တောင် ပိုကောင်းတဲ့ Version တစ်ခု၊ လူသစ်တစ်ယောက်ဖြစ်လာနိုင်မလဲဆိုတာကိုပေါ့။ 📘အားနည်းချက်များကို အားသာချက်အဖြစ်သို့ပြောင်းလဲခြင်း ✍နေဗလ် တန်ဖိုး-15000 စာ-178

✔️ ဒီစာအုပ်ဟာ Digital Marketing ဘယ်လိုလုပ်ရမလဲ ဆိုတဲ့ နည်းပညာစာအုပ်တစ်အုပ် မဟုတ်ပါဘူး။ Digital Marketer တစ်ယောက်ရဲ့ အတွေးတွေ၊
✔️ ဒီစာအုပ်ဟာ Digital Marketing ဘယ်လိုလုပ်ရမလဲ ဆိုတဲ့ နည်းပညာစာအုပ်တစ်အုပ် မဟုတ်ပါဘူး။ Digital Marketer တစ်ယောက်ရဲ့ အတွေးတွေ၊ အတွေ့အကြုံတွေ၊ သင်ခန်းစာတွေ၊ အမှားတွေနဲ့ Marketing ကို ကြည့်တဲ့ အမြင်တွေကို စုစည်းထားတဲ့ စာအုပ်တစ်အုပ်ပါ။ ✤ ဒီစာအုပ်ဟာ Digital Marketing နည်းလမ်းတွေကို သင်ကြားပေးမယ့် စာအုပ်တစ်အုပ် မဟုတ်ပါဘူး။ ဒါဟာ Digital Marketer တစ်ယောက်ရဲ့ စဉ်းစားပုံ၊ လေ့လာပုံ၊ ဆုံးဖြတ်ပုံနဲ့ တိုးတက်လာပုံတွေကို မှတ်တမ်းတင်ထားတဲ့ အတွေးအခေါ် စာအုပ်တစ်အုပ်သာ ဖြစ်ပါတယ်။ ယနေ့ခေတ်မှာ Marketing ဆိုတာ ကြော်ငြာတင်ခြင်း၊ Product ရောင်းချ ခြင်း ဆိုတဲ့ အဓိပ္ပာယ်ထက် ပိုမိုကျယ်ပြန့်လာပါပြီ။ ✤ ဒီစာအုပ်ထဲမှာ Digital Marketing ရဲ့ အခြေခံ အတွေးအခေါ် တွေကနေ စပြီး… • Brand တည်ဆောက်ခြင်း။ • Customer Relationship ဖန်တီးခြင်း။ • Data ကို အသုံးချခြင်း။ • Al ခေတ်မှာ ကိုယ်တိုင်ကိုယ်ကျ တိုးတက်ခြင်း။ • Personal Brand တည်ဆောက်ခြင်း စတဲ့ အရေးကြီးတဲ့ အကြောင်းအရာတွေကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။ စာရေးသူ-အီရှီတာ တန်ဖိုး-11000 စာ-133

အသစ်ထွက်နှင့်ပြန်ရစာအုပ်များ... ဆက်သွယ်ရန် ☎ - 09798103010; 097949 64825 🏠ဆိုင်မှာ ကိုယ်တိုင်ကိုယ်ကျ လာရောက်ဝယ်ယူလိုတဲ့ စာပေ
+3
အသစ်ထွက်နှင့်ပြန်ရစာအုပ်များ... ဆက်သွယ်ရန် ☎ - 09798103010; 097949 64825 🏠ဆိုင်မှာ ကိုယ်တိုင်ကိုယ်ကျ လာရောက်ဝယ်ယူလိုတဲ့ စာပေချစ်မြတ်နိုးသူများအတွက် 📘Book4U ဆိုင်လိပ်စာ 📌အမှတ် ၅၆ (မြေညီ) ၊ ၄၄လမ်း (ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကြား၊ ကုန်သည်လမ်းဘက်မှလျှင် ဒုတိယမြောက်တိုက်)၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန် ⏰မနက် (၉ နာရီမှ ညနေ ၅ နာရီခွဲအထိ) တနင်္ဂနွေနေ့တိုင်းဆိုင်ပိတ်ပါသည်။

29.9.2026ထွက်ပါမယ်။ ဒီစာအုပ်က ငွေကြေးလွတ်လပ်မှု (Financial Freedom) ရှိတဲ့ဘ၀ကိုရောက်အောင် ဘယ်လိုတည်ဆောက်သွားရမလဲဆိုတာကို ငွေရ
29.9.2026ထွက်ပါမယ်။ ဒီစာအုပ်က ငွေကြေးလွတ်လပ်မှု (Financial Freedom) ရှိတဲ့ဘ၀ကိုရောက်အောင် ဘယ်လိုတည်ဆောက်သွားရမလဲဆိုတာကို ငွေရှာတာ၊ ငွေကြေးစီမံတာကနေ ရေရှည်ရင်းနှီးမြှုပ်နှံမှုပြုလုပ်တဲ့အထိ တစ်ဆင့်ချင်းလမ်းညွှန်ထားပါတယ်။ ဝင်ငွေရလာတဲ့အခါ မိမိကိုယ်ကို အရင်ဆုံးပေးရန် ဆုံးဖြတ်ခြင်း၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကစားပွဲစည်းမျဉ်းစည်းကမ်းကို နားလည်ခြင်း၊ Leverage ကို အသုံးပြု၍ လုပ်ငန်းကိုအရှိန်မြှင့်တင်ခြင်း၊ ဖြန့်ကြက်ခွဲဝေ ရင်းနှီးမြှုပ်နှံခြင်း၊ တစ်သက်တာ ဝင်ငွေစီးကြောင်း ဖန်တီးခြင်း၊ ထိပ်တန်း ၀.၀၀၁ ရာခိုင်နှုန်းစာရင်းဝင် အချမ်းသာဆုံးပုဂ္ဂိုလ်များကဲ့သို့ စဉ်းစားတွေးခေါ် ဆုံးဖြတ်လုပ်ကိုင်ခြင်း စတဲ့အကြောင်းအရာတွေကို ဖတ်ရှုရမှာဖြစ်ပါတယ်။ ဒီစာအုပ်ရဲ့ နောက်ထပ်အားသာချက်တစ်ချက်က Financial Freedom ရအောင် လက်တွေ့တည်ဆောက်ထားတဲ့သူတချို့ရဲ့ဘ၀ဇာတ်ကြောင်းကို အခြေခံပြီး ရေးသားထားတာကြောင့် သီအိုရီချည်းသက်သက်ထက် လက်တွေ့ကျတဲ့အတွေ့အကြုံတွေကိုပါ ဖတ်ရှုလေ့လာရမှာဖြစ်ပါတယ်။ ◾ငွေကြေးလွတ်လပ်မှုဆီသို့ ခြေလှမ်း ၇ လှမ်း ◾စည်သူ ◾စာမျက်နှာ - ၁၉၃ ◾တန်ဖိုး - ၁၇,၀၀၀ ကျပ်

✔️စာအုပ်ပြန်ရပါပြီ။ 👉ဈေးပြောင်းပါတယ်။ ဒီစာအုပ်ထဲမှာ မေးလ်က သူ့ဘဝနဲ့ရင်းပြီးရလာတဲ့ အကြောင်းအရာတွေဖြစ်တဲ့ အသက်မွေးမှုနဲ့ပတ်သက်
✔️စာအုပ်ပြန်ရပါပြီ။ 👉ဈေးပြောင်းပါတယ်။ ဒီစာအုပ်ထဲမှာ မေးလ်က သူ့ဘဝနဲ့ရင်းပြီးရလာတဲ့ အကြောင်းအရာတွေဖြစ်တဲ့ အသက်မွေးမှုနဲ့ပတ်သက်ပြီး ခက်ခဲစွာရုန်းကန်ရင်း ရလာတဲ့အသိပညာတွေအကြောင်း၊ မိသားစုအကြောင်း၊ ကျန်းမာရေးအကြောင်းနဲ့ စွန့်စားခန်းတွေအကြောင်း စတဲ့ အကြောင်းအရာတွေကို မျှဝေပေးထားပါတယ်။ ဘဝမှာ ဖြစ်ပျက်လာသမျှကို ထိန်းချုပ်လို့ မရပါဘူး။ ဒါပေမဲ့ ဘယ်အရွယ်ပဲ ရောက်ရောက် ကိုယ်လိုချင်တဲ့ဘဝမျိုးကို ဖန်တီးယူလို့ရပါတယ်။ အစီအစဉ်လေးရှိနေ ဖို့ပဲ လိုတာပါ။ 📓အာဂမိန်းမ ~~~~~~~~ ✍️မြူနှင်းဝေ(ဘာသာပြန်) တန်ဖိုး-11500 စာမျက်နှာ-247

စာရေးဆရာလင်းသိုက်ညွန့်(မြန်မာ့မြေ)စာအုပ်များ.. ဆက်သွယ်ရန် ☎ - 09798103010; 097949 64825 🏠ဆိုင်မှာ ကိုယ်တိုင်ကိုယ်ကျ လာရောက်ဝ
+8
စာရေးဆရာလင်းသိုက်ညွန့်(မြန်မာ့မြေ)စာအုပ်များ.. ဆက်သွယ်ရန် ☎ - 09798103010; 097949 64825 🏠ဆိုင်မှာ ကိုယ်တိုင်ကိုယ်ကျ လာရောက်ဝယ်ယူလိုတဲ့ စာပေချစ်မြတ်နိုးသူများအတွက် 📘Book4U ဆိုင်လိပ်စာ 📌အမှတ် ၅၆ (မြေညီ) ၊ ၄၄လမ်း (ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကြား၊ ကုန်သည်လမ်းဘက်မှလျှင် ဒုတိယမြောက်တိုက်)၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန် ⏰မနက် (၉ နာရီမှ ညနေ ၅ နာရီခွဲအထိ) တနင်္ဂနွေနေ့တိုင်းဆိုင်ပိတ်ပါသည်။

ဒီစာအုပ်ဟာ စတော့ဈေးကွက်မှာ အမှန်တကယ် . အမြတ်ရအောင် ဘယ်လို ရင်းနှီးမြှပ်နှံရမလဲဆိုတာကို လမ်းပြပေးမဲ့လက်စွဲကျမ်းတစ်ခုပါ။ ဒီစာအု
ဒီစာအုပ်ဟာ စတော့ဈေးကွက်မှာ အမှန်တကယ် . အမြတ်ရအောင် ဘယ်လို ရင်းနှီးမြှပ်နှံရမလဲဆိုတာကို လမ်းပြပေးမဲ့လက်စွဲကျမ်းတစ်ခုပါ။ ဒီစာအုပ်ထဲမှာ သင် ဘာတွေလေ့လာရမလဲ...။ ▪️ ကုမ္ပဏီစစ်ဆေးနည်း (Fundamental Analysis) အပေါ်ယံကြည့်ပြီး မဝယ်ဘဲ ကုမ္ပဏီရဲ့ အတွင်းပိုင်း ဘဏ္ဍာရေးအခြေအနေကို နှိုက်နှိုက်ချွတ်ချွတ် စစ်ဆေး တတ်စေဖို့။ ▪️အချိန်အခါရွေးချယ်နည်း (Technical Analysis) ဈေးနှုန်း Chart တွေကို ဖတ်တတ်ပြီး ဘယ်အချိန်မှာ ဝယ်ရမလဲ၊ ဘယ်အချိန်မှာ ရောင်းရမလဲဆိုတာကို ကိုယ်တိုင် ဆုံးဖြတ်နိုင်စေဖို့။ ▪️လက်တွေ့လုပ်ဆောင်ခြင်း အကောင့်ဖွင့်တာကစလို့ အမှာစာတင်တဲ့အထိတစ်ဆင့်ချင်းစီကို နားလည်လွယ်အောင် ရှင်းပြထားခြင်း။ ဒါ့အပြင် အရေးကြီးသည့်အခန်းများတွင်QR Scan ဖတ်ပြီး Video သင်ခန်းစာ များကိုပါလေ့လာနိုင်အောင်ထည့်သွင်းပေးထားပါတယ်။ လုပ်ငန်းပေါင်းများစွာမှာ Shareholder တစ်ဦးအဖြစ် ရင်းနှီးမြှပ်နှံထားတဲ့ ဆရာ Tayza Ko Ko ရဲ့ လက်တွေ့ကျတဲ့ အမြင်တွေ၊ ဗျူဟာတွေဟာ သင့်ရဲ့ ငွေကြေးခရီးလမ်းကို ပြောင်းလဲပေးပါလိမ့်မယ်။ သင်ဟာ ငွေကြေးလွတ်လပ်ခွင့်ကို ရှာဖွေနေသူလား...။ ဒါဆိုရင်တော့ ဒီစာအုပ် က သင့်အတွက်ပါပဲ။ ✍Tayza KO Ko တန်ဖိုး-25000 စာ-132

‘ပန်းပျိုးလက်ငါးသွယ်” သည် လက်တွေ့လုပ်ကိုင်နေကြသူများ အတွက် လက်စွဲစာအုပ်ဖြစ်နိုင်သကဲ့သို့ သင်တန်းများအတွက် ပြဋ္ဌာန်း စာအုပ်လည်
‘ပန်းပျိုးလက်ငါးသွယ်” သည် လက်တွေ့လုပ်ကိုင်နေကြသူများ အတွက် လက်စွဲစာအုပ်ဖြစ်နိုင်သကဲ့သို့ သင်တန်းများအတွက် ပြဋ္ဌာန်း စာအုပ်လည်း ဖြစ်နိုင်ပါသည်။ ကလေးများနှင့် လုပ်ကိုင်နေကြရပြီး ကလေးများ မည်ကဲ့သို့ စဉ်းစားကြသည်၊ မည်ကဲ့သို့ ပြုမူကြသည်၊ ကလေးများနှင့်အတူ မည်ကဲ့သို့ ပိုမိုထိရောက်စွာ လုပ်ကိုင်နိုင်မည်ကို နားလည်လိုကြသူများအတွက် စီစဉ်ထားသော စာအုပ် တစ်အုပ်ဖြစ် သည်။ သဘောတရားနှင့် လက်တွေ့ကျင့်သုံးမှုတို့၏ အပြန်အလှန် ဆက်နွှယ်မှုကို ဆွေးနွေးခြင်းဖြင့် စတင်ထားပါသည်။ ကလေးသူငယ် ဖွံ့ဖြိုးမှုနှင့် ပတ်သက်ပြီး ကျွန်ုပ်တို့၏ အကောင်း ဆုံး လက်တွေ့ ကျင့်သုံးမှုများ၏ မြစ်ဖျားခံရာ အသိပညာ ပင်မကို ဖြည့်ဆည်းပေးခဲ့ကြသည့် အဓိကပုဂ္ဂိုလ်ငါးဦး၏ ကြိုးပမ်းချက်များကို သုံးသပ်တင်ပြထားပါသည်။ အခြေခံမိတ်ဆက်သဘော တင်ပြထားပြီး တတ်နိုင်သမျှ ပညာရပ် မဆန်အောင်လည်း ကြိုးပမ်းထားပါသည်။ သဘောတရားနှင့် လက်တွေ့ကျင့်သုံးမှုတို့၏ အဆက်အစပ်၊ ကလေး များအပေါ် ထိုအဆက်အစပ်၏ အမှန်တကယ် သက်ရောက်မှုတို့နှင့် ပတ်သက်ပြီး စိတ်ဝင်စားကြသည့် ပုဂ္ဂိုလ်များ၏ဆန္ဒကို ဖြည့်ဆည်းပေး နိုင်မည်ဟု မျှော်လင့်ပါသည်။ (အမှာစာမှဖော်ပြသည်) ပန်းပျိုးလက် ငါးသွယ် ~~~~~~~~~~ ✍-ဦးဝင်းအောင် တန်ဖိုး-၆၀၀၀

ခေတ်အဆက်ဆက် ကြုံတွေ့ခဲ့ရသော မြို့ပြ ဆိုင်ရာ ပြဿနာများ၊ မြို့ပြ ဖွဲ့စည်းတည် ဆောက်ပုံ ပြောင်းလဲလာခြင်းများ လေ့လာ နိုင်ရန် ဒေါက်
ခေတ်အဆက်ဆက် ကြုံတွေ့ခဲ့ရသော မြို့ပြ ဆိုင်ရာ ပြဿနာများ၊ မြို့ပြ ဖွဲ့စည်းတည် ဆောက်ပုံ ပြောင်းလဲလာခြင်းများ လေ့လာ နိုင်ရန် ဒေါက်တာလွင်အောင်၏ မြို့တည်မှု သီအိုရီ စာတမ်း၊ မြို့သစ်များနှင့် မြို့မဗဟိုစာတမ်း၊ Ozhegov, S.S Traditional Town Planning in Burmaစာတမ်းတို့ကိုစုစည်း ထုတ်ဝေလိုက်ခြင်း ဖြစ်သည်။ ✍️ဒေါက်တာလွင်အောင် 📒မြို့တည်မှုသီအိုရီ တန်ဖိုး-19000ကျပ် စာမျက်နှာ-158

“ငွေနဲ့သင့်ကြားက ဆက်ဆံရေးကို ပိုအေးချမ်းပျော်ရွှင်စေမယ့် စာအုပ်” တချို့လူတွေက ငွေရှိပေမယ့် မပျော်ကြဘူး။ တချို့လူတွေက ငွေဝင်လာ
“ငွေနဲ့သင့်ကြားက ဆက်ဆံရေးကို ပိုအေးချမ်းပျော်ရွှင်စေမယ့် စာအုပ်” တချို့လူတွေက ငွေရှိပေမယ့် မပျော်ကြဘူး။ တချို့လူတွေက ငွေဝင်လာတိုင်း ပူပန်ကြတယ်။ တချို့လူတွေက ငွေထွက်သွားတိုင်း စိတ်မအေးကြဘူး။ ဒါဟာ ငွေပမာဏကြောင့်ပဲ မဟုတ်ပါဘူး။ ငွေနဲ့ ကိုယ့်ကြားက ဆက်ဆံရေးကြောင့် ဖြစ်ပါတယ်။ ငွေဝင်တဲ့အခါ ပျော်ရွှင်စွာ လက်ခံတတ်ဖို့၊ ငွေထွက်တဲ့အခါ ကြောက်ရွံ့စိတ်မပါဘဲ ကောင်းသောရည်ရွယ်ချက်နဲ့ လွှတ်ပေးတတ်ဖို့ ငွေကို ကိုယ့်ဘဝကို ပိုလှပစေတဲ့ စွမ်းအင်တစ်ခုအဖြစ် မြင်တတ်ဖို့၊ ဒီစာအုပ်က လမ်းပြပေးထားပါတယ်။ ငွေနဲ့ပတ်သက်ပြီး ပိုအေးချမ်းချင်သူ၊ ပိုပျော်ရွှင်တဲ့ဘဝတစ်ခု တည်ဆောက်ချင်သူတိုင်း ဖတ်သင့်တဲ့ စာအုပ်ပါ။ ငွေကို မလိုက်ဖမ်းတော့ဘဲ၊ ငွေနဲ့ပိုပျော်ရွှင်စွာ နေထိုင်တတ်ဖို့ ပျော်ရွှင်သောငွေကြေးကို ဖတ်ပါ။ 📓HAPPY MONEY ပျော်ရွှင်သော ငွေကြေး ~~~~~~~~~~~~~ ✍TEAM NYĀNA(ဘာသာပြန်) တန်ဖိုး-၁၄၀၀၀ စာ-၁၉၉

📙လုပ်ငန်းခွင်အသုံးချ HR MANAGEMENT ✍️စာရေးသူ-စုဝေဖြိုးအောင် တန်ဖိုး-12000 စာ-137 ~~~~~~~~~~~ 📘လူတိုင်းအတွက်HR ✍️စာရေးသူ-Nay
+3
📙လုပ်ငန်းခွင်အသုံးချ HR MANAGEMENT ✍️စာရေးသူ-စုဝေဖြိုးအောင် တန်ဖိုး-12000 စာ-137 ~~~~~~~~~~~ 📘လူတိုင်းအတွက်HR ✍️စာရေးသူ-Nay Linn (People Management) တန်ဖိုး- 17000 စာ-301 ~~~~~~~~~~ 📓HR Management and Development for MBA &SME ✍️စာရေးသူ-ဝေဖြိုးအောင်(AIT Computer) တန်ဖိုး-55000 စာ-642 ~~~~~~~~ 📓MSME များအတွက် HR စီမံခန့်ခွဲမှုအတွေးများ ✍️စာရေးသူ-မြင့်မောင်(Phil .Q) တန်ဖိုး-8000 စာ-339 ဆက်သွယ်ရန် ☎ - 09798103010; 097949 64825 🏠ဆိုင်မှာ ကိုယ်တိုင်ကိုယ်ကျ လာရောက်ဝယ်ယူလိုတဲ့ စာပေချစ်မြတ်နိုးသူများအတွက် 📘Book4U ဆိုင်လိပ်စာ 📌အမှတ် ၅၆ (မြေညီ) ၊ ၄၄လမ်း (ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကြား၊ ကုန်သည်လမ်းဘက်မှလျှင် ဒုတိယမြောက်တိုက်)၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန် ⏰မနက် (၉ နာရီမှ ညနေ ၅ နာရီခွဲအထိ) တနင်္ဂနွေနေ့တိုင်းဆိုင်ပိတ်ပါသည်။

ကိုယ်ဝန်ဆောင်နှင့်ကလေးပြုစုစောင့်ရှောက်ခြင်းအကြောင်းစာအုပ်များ.. ဆက်သွယ်ရန် ☎ - 09798103010; 097949 64825 🏠ဆိုင်မှာ ကိုယ်တို
+9
ကိုယ်ဝန်ဆောင်နှင့်ကလေးပြုစုစောင့်ရှောက်ခြင်းအကြောင်းစာအုပ်များ.. ဆက်သွယ်ရန် ☎ - 09798103010; 097949 64825 🏠ဆိုင်မှာ ကိုယ်တိုင်ကိုယ်ကျ လာရောက်ဝယ်ယူလိုတဲ့ စာပေချစ်မြတ်နိုးသူများအတွက် 📘Book4U ဆိုင်လိပ်စာ 📌အမှတ် ၅၆ (မြေညီ) ၊ ၄၄လမ်း (ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကြား၊ ကုန်သည်လမ်းဘက်မှလျှင် ဒုတိယမြောက်တိုက်)၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန် ⏰မနက် (၉ နာရီမှ ညနေ ၅ နာရီခွဲအထိ) တနင်္ဂနွေနေ့တိုင်းဆိုင်ပိတ်ပါသည်။

photo content

📖“ငွေ၏ မာယာ” စာအုပ်မှာ စုစုပေါင်း အခန်း ၂၀ ပါဝင်ပါတယ်။ အခန်းတစ်ခုချင်းစီမှာ လူတွေရဲ့ ငွေကြေးဆိုင်ရာ စိတ်နေစိတ်ထားနဲ့ အပြုအမူ
📖“ငွေ၏ မာယာ” စာအုပ်မှာ စုစုပေါင်း အခန်း ၂၀ ပါဝင်ပါတယ်။ အခန်းတစ်ခုချင်းစီမှာ လူတွေရဲ့ ငွေကြေးဆိုင်ရာ စိတ်နေစိတ်ထားနဲ့ အပြုအမူတွေနဲ့ မလုပ်သင့်တဲ့ အမှားတွေအကြောင်းတွေကို ဖော်ပြပေးထားပါတယ်။ အခန်းတွေအားလုံးဟာ အဓိကအကြောင်းအရာ တစ်ခုတည်းကို ဆက်စပ်ဖော်ပြထားပေမယ့် သီးခြားတည်ရှိနေတဲ့ တစ်ခန်းချင်းစီကိုလည်း သီးခြားစီ ဖတ်ရှုနိုင်ပါတယ်။ ဒီစာအုပ်ဟာ သိပ်ရှည်တဲ့ စာအုပ်မဟုတ်လို့ ဖတ်ရတာ အဆင်ပြေမှာပါ။ စာဖတ်သူအများစုက စာအုပ်ဖတ်ရင် ပြီးဆုံးအောင် မဖတ်ကြဘူး။ အကြောင်းက စာအုပ်မှာပါတဲ့ အကြောင်းအရာတစ်ခုအတွက် စာမျက်နှာ ၃၀၀ ကျော်အောင် ရေးထားတတ်လို့ ဖတ်ရတာ ငြီးငွေ့လာပြီး၊ စာအုပ်ကို ပြီးဆုံးအောင် မဖတ်ကြတော့တာပါ။ ဒါကြောင့် ဒီစာအုပ်ကို ပြီးဆုံးအောင် မဖတ်နိုင်မယ့် အချက်ရှည်ကြီးတစ်ခုအစား အချက်တိုလေး ၂၀ ကို အခန်း ၂၀ အဖြစ် ရေးပြထားပါတယ်။ စာရေးသူ-ဗန်းမော်သိန်းဖေ(မြန်မာပြန်) တန်ဖိုး-15000 စာ-308