es
Feedback
Book4U.MM

Book4U.MM

Ir al canal en Telegram

Book4U "Your best partner" မြန်မာပြည်အနှံ့စာအုပ်များပို့ဆောင်ပေးသည်

Mostrar más
5 545
Suscriptores
-524 horas
-257 días
-7430 días
Archivo de publicaciones
ဒီစာအုပ်လေးက လောကဓံလှိုင်းတံပိုးတွေကြားမှာ မိမိရဲ့စိတ်ကို ချမ်းသာအောင်ထားဖို့၊ မိမိရဲ့စိတ်ကိုပြုပြင်ဖို့နည်းလမ်းကောင်းတွေကိုမ
ဒီစာအုပ်လေးက လောကဓံလှိုင်းတံပိုးတွေကြားမှာ မိမိရဲ့စိတ်ကို ချမ်းသာအောင်ထားဖို့၊ မိမိရဲ့စိတ်ကိုပြုပြင်ဖို့နည်းလမ်းကောင်းတွေကိုမြင်တွေ့ရမှာပါ။ ဘဝရဲ့ အနိမ့်အမြင့်၊အတက်အကျ၊ မှန်ကင်းတစ်လှည့် ထင်းတစ်လှည့်နဲ့ စုန်ဆန်စီးမျောနေကြရတဲ့ ဘဝတိုက်ပွဲမှာ ဘယ်လို စိတ်ထားလေးတွေက ဘဝကိုတိုးတက်တောက်ပြောင်စေလဲဆိုတဲ့ အချက်တွေကိုဖတ်ရမှာ ဖြစ်ပါတယ်။ စိတ်ချမ်းသာအောင်နေနည်း တစ်ခုတည်းကို အသားပေးထားတာမဟုတ်ဘဲ တခြားသော အကျိုးရှိစေမယ် စာတွေလည်း ပါဝင်တယ်။ မိမိကို တိုက်ခိုက်လာသူတွေအပေါ် အကျိုးရှိရှိ ချေပနည်းနဲ့ မမြင်ချင်ယောင် ဆောင်ထားတဲ့ မိမိရဲ့ အားနည်းချက် အားသာချက်တွေကို မြင်အောင်ကြည့်ခြင်းက ကျိုးဖြစ်ထွန်းပုံ စတဲ့ အကြောင်းအရာလေးတွေလည်း ပါဝင်ပါတယ်။ လူမှုဆက်ဆံရေး၊ စည်းကမ်းလိုက်နာရေး၊ စာရိတ္တထူထောင်ရေး၊ ချစ်သူရည်းစား၊ အိမ်ထောင်ရေးအထိ အကြောင်းအရာ အစုံကို ခေါင်းစဉ် ၁၅ မျိုးနဲ့ ရေးသားထားပါတယ်။ 📖- ချမ်းမြေ့သော ဘဝနေနည်းများ ✍ - အရှင်ပညာစက္က (ရမ္မာမြေ) စာမျက်နှာ - 158 တန်ဖိုး - 12,000 ks

နေ့စဉ်ထုတ် နိုင်ငံပိုင် သတင်းစာများ၏ ကြော်ငြာကဏ္ဍတွင် “ဘိုးဘပိုင်/မြေပိုင် အခွင့်အရေး ရရှိထားသော မြေအမည် ပြောင်၊ လျှောက်ထားကြ
နေ့စဉ်ထုတ် နိုင်ငံပိုင် သတင်းစာများ၏ ကြော်ငြာကဏ္ဍတွင် “ဘိုးဘပိုင်/မြေပိုင် အခွင့်အရေး ရရှိထားသော မြေအမည် ပြောင်၊ လျှောက်ထားကြောင်း ကြော်ငြာစာ” ဟူ၍ တွေ့မိသဖြင့် ဤစာကို ရေးဖြစ်ပါသည်။ ဘိုးဘပိုင်ဟူသည်နှင့် မြေပိုင် အခွင့်အရေးဟူသည် မြေတည်ရာဒေသ၊ သက်ဆိုင်သည့် ဥပဒေ၊ ပိုင်ဆိုင်ခွင့် သတ်မှတ်သူ၊ မြေတွင် အခွင့်အရေး ရရှိမှု၊ တရားရုံးများက အသိအမှတ်ပြုမှု တို့သည် တစ်ရပ်နှင့်တစ်ရပ် မတူညီဘဲ လုံးဝ ကွဲပြားခြားနားပါသည်။ ဤသည်တို့အလို့ငှာ ရေးသား တင်ပြပါမည်။ နိဒါန်း မှဖော်ပြသည်။ မြေကို လက်ရှိထားသူတို့၏ သား မြေးမြစ်တို့အနေဖြင့် မိမိတို့သည် ထိုအခွင့်အရေး၊ ပိုင်ဆိုင်မှုများကို ဥပဒေများအရ မည်သို့ ရရှိသည်၊ မည်သို့ မှတ်တမ်းတင်သည်တို့ကို အစချီလျက် အမည်ပေါက် ပြောင်းလဲရေး ဆောင်ရွက်ရာတွင် တည်ဆဲ ဥပဒေများအရ မည်သို့ ဆောင်ရွက်၍ မည်သည့် မှတ်ပုံတင် စာအုပ်များတွင် ပါရှိမှသာ အငြင်းပွားမှုများ ပေါ်ပေါက်လာသည့်အခါ တရားရုံးတွင် ရင်ဆိုင် ဖြေရှင်းရာ၌ မည်သည်တို့က အပြီးအပြတ်သက်သေခံချက် ဖြစ်မည် အထိတိုင်အောင် ဤစာ အုပ်တွင် ရေးသားဖော်ပြထားပါသည်။ အမှာစကား မှဖော်ပြသည်။ ✍ဦးမောင်မောင်ညွှန့် တန်ဖိုး-10000

ကျွန်တော့်ရဲ့တတိယမြောက်စာအုပ်ဖြစ်တဲ့ "ပင်ပန်းမှုတွေကြားမှာ ရင့်ကျက်စွာ ရှင်သန်ခြင်း" ဆိုတဲ့စာအုပ်လေးက သင့်ရဲ့ ပြဿနာတွေကို ချက
ကျွန်တော့်ရဲ့တတိယမြောက်စာအုပ်ဖြစ်တဲ့ "ပင်ပန်းမှုတွေကြားမှာ ရင့်ကျက်စွာ ရှင်သန်ခြင်း" ဆိုတဲ့စာအုပ်လေးက သင့်ရဲ့ ပြဿနာတွေကို ချက်ချင်းပျောက်ကွယ်သွားစေမယ့် စာအုပ်လေးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့... အခက်အခဲတွေကြားမှာ ကိုယ့်ကိုယ်ကိုယ် မပျောက်ဆုံးအောင်၊ ကျရှုံးမှုတွေကြားမှာ ပြန်လည်ရပ်တည်နိုင်အောင်၊ ဘဝရဲ့ ခက်ခဲတဲ့အချိန်တွေကို ပိုနားလည်ပြီး ရင့်ကျက်စွာ ဖြတ်သန်းနိုင်အောင် လမ်းပြပေးမယ့် စာအုပ်လေးတစ်အုပ် ဖြစ်ပါတယ်။ တစ်ခါတလေ ဘဝကို ပြောင်းလဲပေးတာက ပြဿနာတွေ မရှိတော့ခြင်း မဟုတ်ပါဘူး။ ပြဿနာတွေကို ကြည့်တဲ့ ကိုယ့်ရဲ့အမြင် ပြောင်းလဲသွားခြင်းပါပဲ။ တကယ်တော့ ပင်ပန်းမှာကို ကြောက်ရမှာ မဟုတ်ပါဘူး၊ သက်သက်သာသာနေရင်း ဘဝက ခက်ခဲလာမှာကိုသာ ကြောက်ရမှာပါ။ သင် အခုတလော စိတ်ပင်ပန်းနေတယ်ဆိုရင်... ဒီစာအုပ်က သင့်ကို အပြစ်တင်မှာ မဟုတ်ပါဘူး။ တရားဟောမှာလည်း မဟုတ်ပါဘူး။ သင့်ဘေးမှာ ထိုင်ပြီး... "ဆက်လျှောက်ပါ၊ မင်းတစ်ယောက်တည်း မဟုတ်ဘူး" လို့ တိတ်တိတ်လေး အားပေးနေမယ့် အဖော်တစ်ယောက် ဖြစ်လာပါလိမ့်မယ်။ 📘ပင်ပန်းမှုတွေကြားမှာ ရင့်ကျက်စွာ ရှင်သန်ခြင်း ✍️- ချမ်းမင်းခန့် စာမျက်နှာ - 110 တန်ဖိုး - 8,000 ks

📓"ဂမ္ဘီ" (အသစ်ထွက်စာအုပ်) ရှေးဟောင်းမဟာဂန္ဓာရီပညာနှင့် မှော်ပညာတို့မှ ဆင်းသက်လာသော အားပြိုင်မှု တိုက်ပွဲကြီး... ဆရာကြီးဒေါက်
📓"ဂမ္ဘီ" (အသစ်ထွက်စာအုပ်) ရှေးဟောင်းမဟာဂန္ဓာရီပညာနှင့် မှော်ပညာတို့မှ ဆင်းသက်လာသော အားပြိုင်မှု တိုက်ပွဲကြီး... ဆရာကြီးဒေါက်တာမင်းအောင်၊ စိုင်းနွံဖ၊ ဘိုးလူပေ၊ ကိုရင်ကြီးဘထစ် စသည့် တာတေဝတ္ထုတွေရဲ့ အသည်းစွဲ ဇာတ်ကောင်စုံလင်စွာ ပြန်လည်ပါဝင်လာမည့်အပြင်... တာတေ့ကို ဝိုင်းဝန်းကူညီစောင့်ရှောက်ကြမည့် ဘိုးပျံ၊ ဘိုးတောင်လုံးကျော်၊ ဦးရီးတော်စန္ဒာ စသည့် ထူးခြားဆန်းပြား အစွမ်းထက်လှသော ပုဂ္ဂိုလ်ကျော်များပါဝင်မည့် "ဂမ္ဘီ" ဝတ္ထုရှည်ကြီးထွက်ပါပြီ။ 📖 စာမျက်နှာ: ၄၀၀ တန်ဖိုး: ၁၅,၀၀၀ ကျပ် ✍️စာရေးသူ-တာတေ

📘လျှပ်စစ်အခြေခံသဘောတရားများ Electrical principales for the electrical trades ===================== ▪️လျှပ်စစ်ပညာရပ်အကြောင်းရ
📘လျှပ်စစ်အခြေခံသဘောတရားများ Electrical principales for the electrical trades ===================== ▪️လျှပ်စစ်ပညာရပ်အကြောင်းရာများကို ယခုမှစတင်လေ့လာမည့်သူများ ▪️လျှပ်စစ်ဝါယာရင်းလုပ်ငန်းများ လုပ်ကိုင်နေကြသော်လည်း လျှပ်စစ်အခြေခံအားနည်းသူများ ▪️Theory သဘောတရားနှင့် လက်တွေ့ဆက်စပ်ပြီး အလုပ်လုပ်ချင်သူများ၊ Technical knowledge ပိုမိုနားလည်ချင်သော လျှပ်စစ်ဝါသနာရှင်များ ✔️👤လျှပ်စစ်အင်ဂျင်နီယာများ အားလုံးအတွက် စနစ်တကျနှင့် လက်လှမ်းမီနိုင်သော ချဉ်းကပ်နည်းများဖြင့် လေ့လာနိုင်စေရန် ယခုစာအုပ်ကို ကြိုးစားပြုစုထားပါသည်။ ===================== တန်ဖိုး - ၆၀၀၀၀ ကျပ် စာမျက်နှာ - ၅၆၄ စာရေးသူ - ဖြိုးသက်ပိုင်

▪️Uses (အသုံးပြုပုံများ) ▪️Patterns (dကျပုံစံများ) ▪️Examples (နမူနာဝါကျများ). ▪️Explanations (ရှင်းလင်းချက်များ) ▪️Practices
▪️Uses (အသုံးပြုပုံများ) ▪️Patterns (dကျပုံစံများ) ▪️Examples (နမူနာဝါကျများ). ▪️Explanations (ရှင်းလင်းချက်များ) ▪️Practices (လေ့ကျင့်ခန်းများ) ▪️Exam Old Questions (မေးခွန်းဟောင်းများ) ▪️Progress Test Questions (တိုးတက်မှုစစ်ဆေးခြင်းမေးခွန်းများ) ▪️Keys (အဖြေများ) အားလုံးပြည့်ပြည့်စုံစုံ ပြုစုထားတယ်။ ပညာရေးစနစ် ဟောင်းဟောင်း သစ်သစ် High School Grammarနဲ့ပတ်သက်ရင် အမြဲတမ်းAn up-to-date reference book ဖြစ်အောင် Grade 10, Grade 11, Grade 12 အတွက် စေတနာအပြည့်နဲ့ ပြင်ဆင် ဖြည့်စွက် ပြုစုထားပါတယ်။ ~~~~~~~~~~~~~~ 📖ENGLISH GRAMMAR for self-study ✍️စာရေးသူ-U PAW OO တန်ဖိုး-၁၇၀၀၀ စာမျက်နှာ-၃၄‌၄

"အထီးကျန်ဝံပုလွေ စာအုပ်ဟာ မိမိကိုယ်ကို လွတ်မြောက်မှုကို ရှာဖွေနေသူတွေအတွက် မဖြစ်မနေ ဖတ်သင့်တဲ့ လက်စွဲစာအုပ်တစ်အုပ် ဖြစ်ပါတယ်။
"အထီးကျန်ဝံပုလွေ စာအုပ်ဟာ မိမိကိုယ်ကို လွတ်မြောက်မှုကို ရှာဖွေနေသူတွေအတွက် မဖြစ်မနေ ဖတ်သင့်တဲ့ လက်စွဲစာအုပ်တစ်အုပ် ဖြစ်ပါတယ်။" " စိတ်ပညာနှင့် ဒဿနိကဗေဒဆိုင်ရာ လက်ရာမြောက် စာအုပ်တစ်အုပ်အဖြစ် အားလုံးက ဝိုင်းဝန်းအသိအမှတ်ပြုခဲ့ကြပါတယ်။ ဟားမန်းဟက်စ် (Hermann Hesse) ရဲ့ အထီးကျန်ဝံပုလွေ စာအုပ်ဟာ နစ်ရှေး (Nietzsche) ရဲ့ အတွေးအခေါ်များနှင့် ဒဿနအမြင်များစွာ လွှမ်းမိုးစိမ့်ဝင်နေသည့် စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ ထို့ကြောင့် ဘဝမှာ ကြုံတွေ့နေရသည့် ဒုက္ခများကို ခါးခါးသီးသီး မခံစားဘဲ ရယ်မောကျော်လွှားနိုင်သည့် "Laughing Philosopher" ဖြစ်လာရန် တိုက်တွန်းခဲ့ပါတယ်။ ဆိုတော့... သင့် ရင်ဘတ်ထဲမှာကော ဝံပုလွေတစ်ကောင် ဟိန်းဟောက်နေပါသလား။ လူ့အဖွဲ့အစည်းရဲ့ စည်းကမ်းများ၊ တားမြစ်ချက်များ၊ လူမှုရေးများနှင့် အပေါ်ယံ ဟန်ဆောင်မှုများကြားမှာ မွန်းကြပ်နေပြီး မိမိကိုယ်ကို လမ်းပျောက်နေသူတစ်ယောက်အဖြစ် ခံစားနေရပါသလား။ ဒါဆိုရင်တော့ ဒီစာအုပ်ကို မဖြစ်မနေ ဖတ်ကြည့်သင့်ပါတယ်။ 📕အထီးကျန်ဝံပုလွေ ✍ဒီနိုဗို(မြန်မာပြန်) တန်ဖိုး-၃၀၀၀၀ စာ-၃၇၁

☑️(31.7.2026) မှာ ထွက်ရှိမည် “ပိုက်ဆံရှိရင် ဆွေမျိုးရှိ၊ ပိုက်ဆံမရှိရင် ဆွေမျိုးမရှိ” ဒီစာအုပ်လေးထဲမှာ လူငယ်တွေအနေနဲ့ ဘဝကို အ
☑️(31.7.2026) မှာ ထွက်ရှိမည် “ပိုက်ဆံရှိရင် ဆွေမျိုးရှိ၊ ပိုက်ဆံမရှိရင် ဆွေမျိုးမရှိ” ဒီစာအုပ်လေးထဲမှာ လူငယ်တွေအနေနဲ့ ဘဝကို အကောင်းဆုံး တည်ဆောက်နိုင်ဖို့ လမ်းညွှန်ပေးထားပါတယ်။ ဒါ့အပြင်... ▪ လူငယ်တွေအတွက် ပိုက်ဆံရှာနည်း ▪စနစ်တကျ ကြိုးစားအားထုတ်မှု နည်းလမ်းတွေ ▪စိန်ခေါ်မှု (Challenges) တွေကို စနစ်တကျ ရင်ဆိုင်ကျော်လွှားနည်းတွေ ▪ရင့်ကျက်တဲ့ ဘဝနေထိုင်နည်းနှင့် လူမှုဆက်ဆံရေး နည်းဗျူဟာတွေ ▪AI နဲ့ပတ်သက်တဲ့ ဗဟုသုတများကို အပြည့်အဝ ပေါင်းစပ် ရေးသားထားပါတယ်။ 📕ဒီနေ့ကြိုးစားနေသည် ✍ဂုဏ်ရှိန်ဝါ တန်ဖိုး-9000 စာ-126

📒“UNSPOKEN “ ကျွန်တော်မပြောခဲ့ရသောစကားများ 👦🏻ငယ်ဘ၀မှာ Selective Mutism (အခြေအနေကိုလိုက်ပြီး ရွေးချယ်စကားမပြောနိုင်ခြင်း) ဆ
📒“UNSPOKEN “ ကျွန်တော်မပြောခဲ့ရသောစကားများ 👦🏻ငယ်ဘ၀မှာ Selective Mutism (အခြေအနေကိုလိုက်ပြီး ရွေးချယ်စကားမပြောနိုင်ခြင်း) ဆိုတဲ့ အခြေအနေကို ပတ်ဝန်းကျင်က ဆွံ့အနေသူတစ်ယောက်လို အမျိုးမျိုးသော ထင်ကြေးတွေနဲ့ လိုရာဆွဲတွေး ကောက်ချက်ရေးခံရတာကနေ… 🎯 Social Anxiety (လူမှုရေးဆိုင်ရာကြောက်ရွံမှု)၊ အဲဒီကနေစိတ်ကျဝေဒနာ (Depression) အထိ ခံစားလာခဲ့ရတဲ့ လူပုဂ္ဂိုလ်တစ်ယောက်ရဲ့ ဘဝအစိတ်အပိုင်း တချို့ကို အခြေခံပြီး ရသမြောက်စွာဖန်တီးရေးထားတဲ့ Biographical Fiction ဇာတ်လမ်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ✍️ MON HALSEY စာမျက်နှာ - ၃၆၀ စာအုပ်တန်ဖိုး - ၂၅၀၀၀

အတိတ်ကအမှားများနှင့် နောင်တများကြောင့် စိတ်ဓာတ်ကျ လမ်းပျောက်နေသူများအတွက် စိတ်ပိုင်းဆိုင်ရာ ထွက်ပေါက်တစ်ခုဖြစ်ပြီး၊ အတိတ်ပြာပ
အတိတ်ကအမှားများနှင့် နောင်တများကြောင့် စိတ်ဓာတ်ကျ လမ်းပျောက်နေသူများအတွက် စိတ်ပိုင်းဆိုင်ရာ ထွက်ပေါက်တစ်ခုဖြစ်ပြီး၊ အတိတ်ပြာပုံထဲမှ ဖီးနစ်ငှက်ကဲ့သို့ ရဲရဲဝံ့ဝံ့ရုန်းထွက်ကာ ဘဝကို အသစ်တစ်ဖန်ယုံကြည်ချက်ရှိရှိ ပြန်လည်စတင်နိုင်စေမည့် လမ်းပြမြေပုံစာအုပ်ကောင်းတစ်အုပ်... လူတိုင်းက အမှားနဲ့ မကင်းကြပါဘူး။ 📖 စိတ်သစ်လူသစ် စာအုပ်ဟာ အတိတ်က အမှားတွေအတွက် ကိုယ့်ကိုယ်ကို အပြစ်တင် နောင်တရနေသူတွေ၊ ဘဝမှာ စိတ်ဓာတ်ကျပြီး လမ်းပျောက်နေတဲ့ လူငယ်တွေနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပျောက်ဆုံးနေသူတွေ ဖတ်ရှုသင့်တဲ့ စာအုပ်တစ်အုပ်ပါ။ 📖 ဒီစာအုပ်လေးက…အတိတ်အရိပ်မည်းတွေ၊ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ်တွေနဲ့ ပိတ်လှောင်ထားရာကနေ ရုန်းထွက်ပြီး ဘဝကို အသစ်တစ်ဖန် ပြန်လည်စတင်ချင်သူတွေ အတွက် စိတ်ပိုင်းဆိုင်ရာ ထွက်ပေါက်တစ်ခုကို ရရှိစေပါလိမ့်မယ်။ ဖီးနစ်ငှက် တစ်ကောင်လိုမျိုး အတိတ်ကာလရဲ့ ပြာပုံထဲကနေ ရဲရဲဝံ့ဝံ့ ရုန်းထွက်ပြီး လူသစ်တစ်ယောက် အဖြစ် ပျံသန်းချင်တယ် ဆိုရင် ဒီစာအုပ်လေးကလမ်းပြမြေပုံတစ်ခုဖြစ်မှာပါ။ 📒စိတ်သစ်လူသစ် 📝ဇသစ်ထွန်း တန်ဖိုး-8000 စာ-133

အသစ်ထွက်နှင့်ပြန်ရစာအုပ်များ..... ဆက်သွယ်ရန် ☎ - 09798103010; 097949 64825 🏠ဆိုင်မှာ ကိုယ်တိုင်ကိုယ်ကျ လာရောက်ဝယ်ယူလိုတဲ့ စာ
+5
အသစ်ထွက်နှင့်ပြန်ရစာအုပ်များ..... ဆက်သွယ်ရန် ☎ - 09798103010; 097949 64825 🏠ဆိုင်မှာ ကိုယ်တိုင်ကိုယ်ကျ လာရောက်ဝယ်ယူလိုတဲ့ စာပေချစ်မြတ်နိုးသူများအတွက် 📘Book4U ဆိုင်လိပ်စာ 📌အမှတ် ၅၆ (မြေညီ) ၊ ၄၄လမ်း (ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကြား၊ ကုန်သည်လမ်းဘက်မှလျှင် ဒုတိယမြောက်တိုက်)၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန် ⏰မနက် (၉ နာရီမှ ညနေ ၅ နာရီခွဲအထိ) တနင်္ဂနွေနေ့တိုင်းဆိုင်ပိတ်ပါသည်။

📖ဒီစာအုပ်မှာ သီအိုရီဆန်ဆန် စကားလုံးကြီးတွေနဲ့ မဟုတ်ဘဲ ချက်ချင်း လက်တွေ့အသုံးချလို့ရတဲ့ "လူမှုဆက်ဆံရေး နည်းလမ်းလေး ၉၂ ခု" ကို
📖ဒီစာအုပ်မှာ သီအိုရီဆန်ဆန် စကားလုံးကြီးတွေနဲ့ မဟုတ်ဘဲ ချက်ချင်း လက်တွေ့အသုံးချလို့ရတဲ့ "လူမှုဆက်ဆံရေး နည်းလမ်းလေး ၉၂ ခု" ကို စိတ်ဝင်စားစရာကောင်းအောင်ရေးသားထားပါတယ်။ 💡 ဒီစာအုပ်ကို ဘယ်သူတွေ ဖတ်သင့်လဲ။ ✔️ လူကြောက်တတ်သူများ (Introverts) ✔️ လုပ်ငန်းခွင်နှင့် စီးပွားရေးနယ်ပယ်မှာ အောင်မြင်ချင်သူများ ✔️ မိတ်ဆွေသစ်တွေ တိုးချဲ့ချင်သူများ ✔️ ကိုယ့်ရဲ့ စကားပြောစွမ်းရည် (Communication Skills) ကို မြှင့်တင်ချင်သူတိုင်း မဖြစ်မနေ ဖတ်သင့်ပါတယ်။ အနှစ်ချုပ်အားဖြင့် - ဒီစာအုပ်က ဖတ်ရတာ လွယ်ကူရိုးရှင်းသလို၊ အချက်လေးတွေကလည်း ကိုယ့်နေ့စဉ်ဘဝမှာ ချက်ချင်း စမ်းသပ်ကြည့်လို့ရတဲ့ အရာလေးတွေ ဖြစ်တာကြောင့် သင့်ရဲ့ လူမှုဆက်ဆံရေးစွမ်းရည်ကို တစ်ဆင့်မြှင့်တင်ပေးမယ့် စာအုပ်ကောင်း တစ်အုပ်ဖြစ်ကြောင်း ညွှန်းဆိုလိုက်ပါရစေ… 📙 စကားနဲ့လူကိုဆွဲဆောင်ပါ ✍️ တမ်းတဟန် စာမျက်နှာ ၄၄၈၊ တန်ဖိုး ၃၁၀၀၀ ဆက်သွယ်ရန် ☎ - 09798103010; 097949 64825 📘Book4U ဆိုင်လိပ်စာ 📌အမှတ် ၅၆ (မြေညီ) ၊ ၄၄လမ်း (အောက်လမ်း) ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန် ⏰မနက် (၉ နာရီမှ ညနေ ၅ နာရီခွဲအထိ) တနင်္ဂနွေနေ့တိုင်းဆိုင်ပိတ်ပါသည်။

ကျွန်မတို့ရဲ့ ဘဝမှာလက်ရှိပိုင်ဆိုင် ထားတဲ့ အရာတွေနဲ့ ကိုယ့် ဘဝရဲ့ ကောင်းခြင်းဆိုး ခြင်းတော်တော်များများဟာ ကျွန်မတို့ ကိုယ်တို
ကျွန်မတို့ရဲ့ ဘဝမှာလက်ရှိပိုင်ဆိုင် ထားတဲ့ အရာတွေနဲ့ ကိုယ့် ဘဝရဲ့ ကောင်းခြင်းဆိုး ခြင်းတော်တော်များများဟာ ကျွန်မတို့ ကိုယ်တိုင် Manifest လုပ်ခဲ့မိတဲ့ အရာတွေပါပဲ။ တချို့အရာတွေကို တော့ သိရက်နဲ့ Manifest လုပ်နေပေမဲ့ တချို့အရာတွေကို တော့ ကိုယ်တောင် သတိမထားမိဘဲ Manifest လုပ်မိလိုက်လို့ ကို ယ့် ရဲ့ ဘဝထဲကို ရောက်ရှိ လာကြတာဖြစ်ပါတယ်။ အမှန်တကယ်တော့ Manifestation လုပ်ခြင်းဆို တာ... 📙လိုချင်တဲ့အရာတိုင်းကို အရယူနိုင်စေမယ့် လျို့ဝှက်ချက်များ ✍ထက်ထက်အိန္ဒြေဦး တန်ဖိုး-၈၀၀၀ စာ-၁၂၇ ဆက်သွယ်ရန် ☎ - 09798103010; 097949 64825 🏠ဆိုင်မှာ ကိုယ်တိုင်ကိုယ်ကျ လာရောက်ဝယ်ယူလိုတဲ့ စာပေချစ်မြတ်နိုးသူများအတွက် 📘Book4U ဆိုင်လိပ်စာ 📌အမှတ် ၅၆ (မြေညီ) ၊ ၄၄လမ်း (ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကြား၊ ကုန်သည်လမ်းဘက်မှလျှင် ဒုတိယမြောက်တိုက်)၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန် ⏰မနက် (၉ နာရီမှ ညနေ ၅ နာရီခွဲအထိ) တနင်္ဂနွေနေ့တိုင်းဆိုင်ပိတ်ပါသည်။

✍ပါပီယွန်စာအုပ်(၄)မျိုး... 📖ဇီးကွက်ချောင်းတံတားပေါ်က အဝါရောင်ဝက်ဝံရုပ် အကျိုးအပဲ့လေး 📒ပယ်ရီပယ်ရီချစ်ကန်း 📘မက္ကဇင်ပါပီရဲ့ထရ
+3
✍ပါပီယွန်စာအုပ်(၄)မျိုး... 📖ဇီးကွက်ချောင်းတံတားပေါ်က အဝါရောင်ဝက်ဝံရုပ် အကျိုးအပဲ့လေး 📒ပယ်ရီပယ်ရီချစ်ကန်း 📘မက္ကဇင်ပါပီရဲ့ထရော်မာများ 📒ဂွတ်ဘိုင်ဘလတ်ဒီးမေရီ

ကိုယ်အားကို ကိုယ်ဖို့ လက်တွေ့မှာ နည်းလမ်း များကိုရှာဖို့ ခက်ခဲနေပါလာ? Al လွှမ်းမိုးမှု နှင့် ပို၍ ရှုပ်ထွေးလာ နေသော ခေတ်သစ် လ
ကိုယ်အားကို ကိုယ်ဖို့ လက်တွေ့မှာ နည်းလမ်း များကိုရှာဖို့ ခက်ခဲနေပါလာ? Al လွှမ်းမိုးမှု နှင့် ပို၍ ရှုပ်ထွေးလာ နေသော ခေတ်သစ် လူ့ ဘဝကြီး မှာ Al မလုပ် ပေးနိုင်သော ရုပ်ပိုင်းဆိုင်ရာ နှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး တို့အတွက် ဤစာအုပ်သည် သင့်အတွက် အထိရောက်ဆုံး နှင့် အလွယ်ကူဆုံး မှတ်မိနိုင် သော နည်းလမ်းဖြင့် ရှင်းပြပါမည်။ အနှောင့် အယှက် များ ကြားမှ အောင်မြင်စွာ ဖြတ်သန်း နိုင်ရန် Theory ကြီး များ ထက် လက်တွေ့မြေပြင် ဥပမာများ ၊ အချက် အလက်ဇယား ရုပ်ပုံ (Infographics)များ ဖြင့်အတတ်နိုင်ဆုံး မှတ်မိနိုင် အောင် ရိုးရှင်းစွာ ရေးသား ထားခြင်း ဖြစ်ပါသည်။ 📖သင့်ကောင်းစားရေး နှင့် သင့်တိုင်းပြည် (ဖြည့်စွက်ချက်ဖြင့်ဒုတိယအကြိမ်) ✍တေဇမိုးကျော် တန်ဖိုး-20000 စာ-256

အခြေခံအီလက်ထရောနစ် Device များဖြစ်သည့် Diode, Transistor, MOSFET, Thyristor, Opamp, Voltage Regulator, Oscillator များ၏ အသေးစ
အခြေခံအီလက်ထရောနစ် Device များဖြစ်သည့် Diode, Transistor, MOSFET, Thyristor, Opamp, Voltage Regulator, Oscillator များ၏ အသေးစိတ်ရှင်းလင်းချက်များဖြစ်သည်။ Theory, Equation, Characteristics curve များကို ရှင်းလင်း၊မြင်သာ၊နားလည်အောင်ရေးသားထားပြီး၊ လက်တွေ့တွင် တီထွင်ဖန်တီးနိုင်အောင် ရည်ရွယ်ကာ အသေးစိတ် ရှင်းလင်းတင်ပြထားခြင်း ဖြစ်သည်။ တစ်မျက်နှာချင်းစီကို highlight များ၊ ဥပမာပေးပုံများ၊ Circuit Diagram များဖြင့် ရည်ညွှန်းဖော်ပြထားကာ မြန်မာလိုအရိုးရှင်းဆုံးဖော်ပြထားပါသည်။ ဤစာအုပ်သည် အခြေခံ Electronic Device အကြောင်းအရာများကို အသေးစိတ်ရေးသားထားခြင်း ဖြစ်သည်။ --------------------------------------- 📓အခြေခံအီလက်ထရောနစ်လမ်းညွှန် တန်ဖိုး-၄၃၀၀၀ကျပ် စာမျက်နှာ-၄၂၄ ✍️စာရေးသူ-ရိုးမြေကျ ဆက်သွယ်ရန် ☎ - 09798103010; 097949 64825 🏠ဆိုင်မှာ ကိုယ်တိုင်ကိုယ်ကျ လာရောက်ဝယ်ယူလိုတဲ့ စာပေချစ်မြတ်နိုးသူများအတွက် 📘Book4U ဆိုင်လိပ်စာ 📌အမှတ် ၅၆ (မြေညီ) ၊ ၄၄လမ်း (အောက်လမ်း), ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန် ⏰မနက် (၉ နာရီမှ ညနေ ၅ နာရီခွဲအထိ) တနင်္ဂနွေနေ့တိုင်းဆိုင်ပိတ်ပါသည်။

Advanced Excel (2nd Edition) -*ဤစာအုပ်တွင် Advanced Excel တွက်ချက်နည်းများစွာကို တစ်ဆင့်ချင်း အသေးစိတ် နမူနာပုံများနှင့် အတူရ
Advanced Excel (2nd Edition) -*ဤစာအုပ်တွင် Advanced Excel တွက်ချက်နည်းများစွာကို တစ်ဆင့်ချင်း အသေးစိတ် နမူနာပုံများနှင့် အတူရေးသားဖော်ပြထားသည်။ * အိမ်သုံး၊ ကျောင်းသုံး၊ ရုံးသုံး၊ ဆိုင်သုံး အားလုံး အဆင်ပြေပြေ သုံးနိုင်သည့် Excel နည်း များစွာကို ဖော်ပြထားသည့်အတွက် အသေးစားလုပ်ငန်းများ၊ စက်မှု လက်မှု လုပ်ငန်းများ၊ စာရင်းကိုင်များ၊ သုတေသီများ၊ ဘွဲ့လွန်သင်တန်းသားများ၊ ဆရာ ဆရာမများ လက်စွဲအသုံးပြုရမည့် စာအုပ် ဖြစ်သည်။ * ဒုတိယအကြိမ် ဖြည့်စွက်ချက်များတွင် 3D Map နှင့် Excel Dashboard လုပ်နည်းများကဲ့သို့သော updated features များစွာကို ထည့်သွင်းထားပါသည်။ * ကိုယ်တိုင် လေ့လာနိုင်စေရန်အတွက် နမူနာဖိုင်များ၊ ဒေတာထည့်လိုက်သည်နှင့် တွက်ပြီးသား ဖြစ်စေမည့် template ဖိုင်များ၊ ထပ်မံဖြည့်စွက်သုံးနိုင်သည့် Excel Add-in ဖိုင်များစွာကို ပူးတွဲပါ DVD ထဲတွင် ထည့်သွင်းပေးထားပါသည်။ ---------------------- စာရေးသူ-ဒေါက်တာမြတ်ထွဋ်ညွှန့် တန်ဖိုး-20000 စာမျက်နှာ-336

EFI ဆိုတာဘာလည်း? EFI ဆိုသည်မှာ ကွန်ပြူတာဆီပို့စနစ်ကိုခေါ်ပါတယ်။ မျက်မှောက်ခေတ်ကားတွေ အကုန်လုံးဟာ EFI စနစ်နဲ့ဘဲ အလုပ်လုပ်ကြတာဖ
EFI ဆိုတာဘာလည်း? EFI ဆိုသည်မှာ ကွန်ပြူတာဆီပို့စနစ်ကိုခေါ်ပါတယ်။ မျက်မှောက်ခေတ်ကားတွေ အကုန်လုံးဟာ EFI စနစ်နဲ့ဘဲ အလုပ်လုပ်ကြတာဖြစ်ပါတယ်။ EFI လို့ပြောလိုက်ရင် ဘာတွေပါလည်း။ EFI စနစ်မှာဆိုရင် ECU ကစလို့ ကားမှာပါ တဲ့ ဝါယာလိုင်းတွေ ၊ ဆင်ဆာလိုင်းတွေ ၊ နက်ဝပ်စနစ်တွေ ၊ အက်ကျူရေတာတွေ အကုန်လုံးသည် EFI စနစ်ထဲ အကျုံးဝင် သွားပါတယ်။ ဒါ့ကြောင့် EFI သည် ကားရဲ့ အင်ဂျင်ကစလို့ ဘီးစနစ်တွေအထိ overall ခြုံငုံပြီး ခေါ်ဆို ကြတာဖြစ်ပါ တယ်။ EFI စနစ်မှာ အရေးကြီးဆုံး အဓိကမောင်းနှင်တဲ့ အရာက ECU ဖြစ်ပါ တယ်။ ဒါ့ကြောင့် ECU ကိုနားလည်သွားရင် EFI ရဲ့ အလုပ် လုပ်ပုံ ၇၅% လောက်နားလည်သွားပါတယ်။ ECU ကို ဘယ်လိုနားလည်မှာလဲ။ ECU ကို နားလည်ဖို့ဆိုတာ ECU ရဲ့ software ပိုင်း နဲ့ hardware ပိုင်းကို နားလည် ဖို့ လိုတယ်လို့ဆိုလိုတာမဟုတ်ပါဘူး။ ECU ကနေထွက်လာတဲ့ pinout တွေကို နားလည် ဖို့လိုတာဖြစ်ပါတယ်။ ကျန်တာတွေ မသိရင် နေပါစေ pinout ကိုနားလည်သွားရင် EFI စနစ် နားလည်ပြီဆိုတာ လုံးဝ အာမခံ ပါတယ်။ ဒီစာအုပ်မှာ ECU ရဲ့ pinout အလုပ်လုပ်ပုံတွေကနေ တဆင့် ဆင်ဆာတွေ ၊ အက်ကျူ ရေတာတွေကို တဖြည်းဖြည်း နားလည်သိရှိနိုင်အောင် ရှင်းပြပေးသွားပါ့မယ်ခင်ဗျာ။ 19000 ကျပ် ✍ဇော်မိုး(EFI)

📣 တာတေပရိသတ်ကြီး စောင့်မျှော်နေတဲ့ လုံးချင်းဝတ္ထုရှည်အသစ်စက်စက် "ဂမ္ဘီ" (Pre-order ) ရှေးဟောင်းမဟာဂန္ဓာရီပညာနှင့် မှော်ပညာတိ
📣 တာတေပရိသတ်ကြီး စောင့်မျှော်နေတဲ့ လုံးချင်းဝတ္ထုရှည်အသစ်စက်စက် "ဂမ္ဘီ" (Pre-order ) ရှေးဟောင်းမဟာဂန္ဓာရီပညာနှင့် မှော်ပညာတို့မှ ဆင်းသက်လာသော အားပြိုင်မှု တိုက်ပွဲကြီး... 💥 ဆရာကြီးဒေါက်တာမင်းအောင်၊ စိုင်းနွံဖ၊ ဘိုးလူပေ၊ ကိုရင်ကြီးဘထစ် စသည့် တာတေဝတ္ထုတွေရဲ့ အသည်းစွဲ ဇာတ်ကောင်စုံလင်စွာ ပြန်လည်ပါဝင်လာမည့်အပြင်... တာတေ့ကို ဝိုင်းဝန်းကူညီစောင့်ရှောက်ကြမည့် ဘိုးပျံ၊ ဘိုးတောင်လုံးကျော်၊ ဦးရီးတော်စန္ဒာ စသည့် ထူးခြားဆန်းပြား အစွမ်းထက်လှသော ပုဂ္ဂိုလ်ကျော်များပါဝင်မည့် "ဂမ္ဘီ" ဝတ္ထုရှည်ကြီး မကြာမီ ထွက်ရှိတော့မည် ဖြစ်ပါသည် 📖 စာမျက်နှာ: ၄၀၀ တန်ဖိုး: ၁၅,၀၀၀ ကျပ်

ထောင်က လွတ်လာကာစ၊ အလုပ်တစ်ခုကို အသည်းအသန်လိုအပ်နေတဲ့ မီလီ ဟာ ချမ်းသာတဲ့ ဝင်ချက်စတာ မိသားစုအိမ်မှာ အိမ်ဖော်အဖြစ် အလုပ်ရသွားပါတ
ထောင်က လွတ်လာကာစ၊ အလုပ်တစ်ခုကို အသည်းအသန်လိုအပ်နေတဲ့ မီလီ ဟာ ချမ်းသာတဲ့ ဝင်ချက်စတာ မိသားစုအိမ်မှာ အိမ်ဖော်အဖြစ် အလုပ်ရသွားပါတယ်။ ဒါပေမယ့်... အိမ်ရှင်မ နီနာ က ခန့်မှန်းလို့မရတဲ့ အပြုအမူတွေ၊ စိတ်အပြောင်းအလဲတွေကြောင့် မီလီကို နေ့စဉ်နှိပ်စက်သလို ဖြစ်နေပါတယ်။ အိမ်ရှင် အင်ဒရူး ကတော့ ရုပ်ချော၊ သဘောကောင်းပြီး မီလီ့ဘက်က ရပ်တည်ပေးနေတဲ့ လူတစ်ယောက်လို မြင်ရပါတယ်။ ဒါပေမယ့်... ဒီအိမ်ကြီးထဲမှာ မြင်နေရတာတွေက အမှန်တရား မဟုတ်ပါဘူး။ လူတိုင်းမှာ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တစ်ခုစီ ရှိနေပြီး၊ ယုံကြည်မိတဲ့သူကပဲ အန္တရာယ်အကြီးဆုံး ဖြစ်လာနိုင်ပါတယ်။ မီလီရဲ့ အတိတ်၊ နီနာရဲ့ အပြုအမူ၊ အင်ဒရူးရဲ့ မျက်နှာဖုံး... ဘယ်အရာက အမှန်လဲ... ဘယ်သူက လိမ်နေတာလဲ... အဆုံးသတ်ရောက်မှ အရာအားလုံး ပြောင်းပြန်ဖြစ်သွားမယ့် Plot Twist တွေက ဒီဝတ္ထုရဲ့ အကြီးမားဆုံး ဆွဲဆောင်မှုပါ။ စိတ်ပိုင်းဆိုင်ရာဒရာမာ၊ သည်းထိတ်ရင်ဖိုမှု၊ စိတ်ခံစားမှု အားပြိုင်မှုတို့ကို ကျွမ်းကျင်စွာ ပေါင်းစပ်ထားတဲ့ The Housemaid ဟာ စွဲလမ်းမှု၊ အာဏာနဲ့ သစ္စာဖောက်မှုတို့ရဲ့ အမှောင်ဘက်ကို တဖြည်းဖြည်း ဖော်ထုတ်ပေးသွားမယ့် Thriller ဝတ္ထုကောင်းတစ်အုပ် ဖြစ်ပါတယ်။ 📘အိမ်ဖော် ✍သက်ပိုင် တန်ဖိုး-17000