ru
Feedback

Не попадитесь на канал ботавода! Telemetrio находит и помечает такие каналы 👉 Хотите видеть метку — оформите подписку

Book4U.MM

Book4U.MM

Открыть в Telegram

Book4U "Your best partner" မြန်မာပြည်အနှံ့စာအုပ်များပို့ဆောင်ပေးသည်

Больше
5 298
Подписчики
Нет данных24 часа
-157 дней
-7930 дней
Архив постов
HVAC နယ်ပယ်တွင် အလုပ်လုပ်နေသူများ၊ Marine & Off-shore HVAC System အကြောင်းကိုသေချာ လေ့လာ သိရှိလိုသော Seafarers များနှင့် HVAC
HVAC နယ်ပယ်တွင် အလုပ်လုပ်နေသူများ၊ Marine & Off-shore HVAC System အကြောင်းကိုသေချာ လေ့လာ သိရှိလိုသော Seafarers များနှင့် HVAC ကို စိတ်ဝင်စား သော နည်းပညာကျောင်းသားများအတွက် ရည်ရွယ်၍ အကောင်းဆုံးကြိုးစားပြီး ရှင်းလင်းတင်ပြထားပါသည်။ ဤစာအုပ်တွင် သီအိုရီရှင်းလင်းချက်များ standards များ analysis လုပ်ထားသည့် အချက်များ၊ လုပ်ငန်းခွင် အတွေ အကြုံများ၊ လက်တွေ့ပရောဂျက်များမှ ဒေတာအချက်အလက် များကို ပေါင်းစပ်တင်ပြထားသလို၊ design calculation equipment sizing, components selection functions of instruments, control logic တို့ပါဝင် ပါသည်။ 📙HVAC FOR MARINE & OFFSHORE VOLUME 2 ✍AUNG MYAT THU တန်ဖိုး-98000 ကျပ် (ခန့်ချုပ်အထူ) စာမျက်နှာ-

ဒီစာအုပ်ကိုရေးသားရခြင်းရည်ရွယ်ချက်မှာ တစ်ဖက်မှာ Al ရဲ့စွမ်းအားကို မိတ်ဆက် ပေးဖို့၊ တစ်ဖက်မှာတော့ Al ကို မေးခွန်းမေးတတ်ရန်နဲ့
ဒီစာအုပ်ကိုရေးသားရခြင်းရည်ရွယ်ချက်မှာ တစ်ဖက်မှာ Al ရဲ့စွမ်းအားကို မိတ်ဆက် ပေးဖို့၊ တစ်ဖက်မှာတော့ Al ကို မေးခွန်းမေးတတ်ရန်နဲ့ လုပ်ငန်းညွှန်ကြား ပေးခြင်း (Prompt) များကို စနစ်တကျရေးတတ်အောင် လမ်းညွှန်ဖို့ဖြစ်ပါတယ်။ ဒီစာအုပ်ထဲမှာ စနစ်တကျရေးသားထားတဲ့ Prompt ၁၀၀၀ ကို ကဏ္ဍ စုစည်းထားပါတယ်။ စီးပွားရေး၊ မားကတ်တင်း၊ ပညာရေး၊ ကျန်းမာ Freelancing၊ ဒီဇိုင်း၊ လူနေမှုဘဝနဲ့ ဖန်တီးမှုပေါင်းစုံအတွက် အသုံးပြုနိုင်ပါတယ်။ Prompt များကို မြန်မာ၊ အင်္ဂလိပ်နှစ်ဘာသာဖြင့် ဖော်ပြထားသည့် တွက် အလွယ်တကူ နားလည်နိုင်မှာဖြစ်ပါတယ်။ ဒီစာအုပ်မှာပါဝင်တဲ့ prompt ၁ဝဝဝ ကို AI နဲ့အတူ လက်တွေ့အသုံးချပြီး တီထွင်မှုအသစ်များဖန်တီး၍ အလှ အကိုင်များ တိုးတက်အောင်မြင်ပါစေကြောင်း ဆန္ဒပြုအပ်ပါသည်။ 📓Commonly Used AI Prompts 1000 ✍AUNG KHIT တန်ဖိုး-17500 စာ-170

စာရေးဆရာဇော်ဝင်းကြူ(ပျဉ်းမနား)-ဘာသာပြန်စာအုပ်များ... 📓ဗုဒ္ဓဦးနှောက် တန်ဖိုး-၁၇၀၀၀ 📒ပျော်ရွှင်တဲ့ဦးနှောက်အောင်မြင်တဲ့ဘဝ တန်ဖ
+3
စာရေးဆရာဇော်ဝင်းကြူ(ပျဉ်းမနား)-ဘာသာပြန်စာအုပ်များ... 📓ဗုဒ္ဓဦးနှောက် တန်ဖိုး-၁၇၀၀၀ 📒ပျော်ရွှင်တဲ့ဦးနှောက်အောင်မြင်တဲ့ဘဝ တန်ဖိုး-၁၃၅၀၀ 📕ဗုဒ္ဓပေးသော ဘဝနေနည်းများ တန်ဖိုး-၂၁၀၀၀ 📗သိဒ္ဓတ္ထဦးနှောက် တန်ဖိုး-၁၄၀၀၀

လူတိုင်းမှာ ယှဉ်ပြိုင်ရတဲ့ အခြေအနေတွေ ရှိတယ်။ လုပ်ငန်းခွင်မှာ... စီးပွားရေးမှာ... ခေါင်းဆောင်မှုမှာ... လူမှုဆက်ဆံရေးမှာ... အန
လူတိုင်းမှာ ယှဉ်ပြိုင်ရတဲ့ အခြေအနေတွေ ရှိတယ်။ လုပ်ငန်းခွင်မှာ... စီးပွားရေးမှာ... ခေါင်းဆောင်မှုမှာ... လူမှုဆက်ဆံရေးမှာ... အနိုင်ရဖို့ဆိုတာ အင်အားကို အားကိုးတာထက် အချိန်မှန် ဆုံးဖြတ်နိုင်ခြင်း၊ လူကို ဖတ်တတ်ခြင်း၊ အခြေအနေကို ထိန်းချုပ်နိုင်ခြင်း ပိုအရေးကြီးတယ်။ အနိုင်ရသူတို့ရဲ့ မဟာဗျူဟာ ၃၃ ရပ်က ရာဇဝင်ထဲက ဘုရင်တွေ၊ စစ်ခေါင်းဆောင်တွေ၊ နိုင်ငံရေးသမားတွေနဲ့ ခေါင်းဆောင်ကြီးတွေရဲ့ အောင်မြင်မှု၊ ကျရှုံးမှုတွေကို သုံးသပ်ပြီး ယနေ့ခေတ် လူမှုဘဝနဲ့ လုပ်ငန်းခွင်မှာ အသုံးချနိုင်တဲ့ မဟာဗျူဟာ ၃၃ ရပ်ကို ဖော်ပြထားတဲ့ စာအုပ် ဖြစ်ပါတယ်။ "အနိုင်ရဖို့ ကံကောင်းဖို့ မလိုပါဘူး။ မှန်ကန်တဲ့ မဟာဗျူဟာပဲ လိုပါတယ်” 📓အနိုင်ရသူတို့ရဲ့ မဟာဗျုဟာ၃၃ ရပ် ✍သိန်းပိုင်စိုး တန်ဖိုး-၁၁၀၀၀ စာမျက်နှာ-၁၆၇

ဤစာအုပ်ပါ ထူးခြားချက်များ... *အင်္ဂလိပ်လိုရေးထားတဲ့ စကားပြောတွေက လွယ်ကူရှင်းလင်းပြီး လိုရင်းကို ပြုစုထားတယ်။ *အသံထွက်တွေကို မ
ဤစာအုပ်ပါ ထူးခြားချက်များ... *အင်္ဂလိပ်လိုရေးထားတဲ့ စကားပြောတွေက လွယ်ကူရှင်းလင်းပြီး လိုရင်းကို ပြုစုထားတယ်။ *အသံထွက်တွေကို မှန်ကန်စွာ ရေးသားပြုစုပေးထားတယ်။ *မြန်မာလိုဘာသာပြန်ဆိုချက်ကို အပိုအလိုမရှိအောင် တိကျပီပြင်စွာ ပြုစုပေးထားတယ်။ *အင်္ဂလိပ်စကားပြောဆိုရာမှာ အထောက်အကူဖြစ်စေရန် Tense ကာလနဲ့ အတိုကောက်စာလုံးပေါင်းစပ်မှုများ အသံထွက်ပုံ ထွက်နည်းများ ပါရှိတယ်။ *ပြောဆိုရမည့် ခေါင်းစဉ်အကြောင်းအရာ အများအပြားပါရှိတယ်။ MODERN SPOKEN ENGLISH FOR EVERYONE စာရေးသူ-ဆရာဦးတင်ထွန်း (B.A) တန်ဖိုး-၇၅၀၀ စာမျက်နှာ-၃၃၂

စိတ်ချမ်းသာစွာ နေထိုင်တတ်တာဟာ... ရှင်သန်ခြင်းရဲ့ အနုပညာတစ်ခုလည်းဖြစ်ပါတယ်။ လူတိုင်းဟာ သူ့ဘဝနဲ့သူ၊ သူ့ ကုသိုလ်ကံအကြောင်းတရားနဲ
စိတ်ချမ်းသာစွာ နေထိုင်တတ်တာဟာ... ရှင်သန်ခြင်းရဲ့ အနုပညာတစ်ခုလည်းဖြစ်ပါတယ်။ လူတိုင်းဟာ သူ့ဘဝနဲ့သူ၊ သူ့ ကုသိုလ်ကံအကြောင်းတရားနဲ့သူ၊ သူ့စိတ်နေစိတ်ထားနဲ့သူ…ဘဝ ကိုတန်ဖိုးဖြတ်ပုံချင်းလည်းမတူသလို...ဘဝရဲ့အဓိပ္ပါယ်ကို ဖွင့်ဆိုပုံ ချင်းလည်း မတူနိုင်ပါဘူး...။ ဘဝမှာ ကိုယ်ဖြစ်ချင်တာ ကိုယ်လိုချင်တာတွေရမှ..အစစ အရာရာအဆင်ပြေမှ...စိတ်ချမ်းသာရမယ်လို့ တွေးထားရင်တော့... သေချာပါတယ်..ဘယ်တော့မှစိတ်ချမ်းသာဖြစ်မှာ မဟုတ်ပါဘူး….။ ဘာလေးပဲလာလာ စိတ်ချမ်းသာအောင်နေမယ်...လို့ သာ တွေးထားလိုက်ပါ...။ အရာရာပြည့်စုံနေမှ စိတ်ချမ်းသာတာလို့ မခေါ်ပါဘူး။ စိတ်ချမ်းသာအောင်နေထိုင်တတ်ခြင်းက အရာရာပြည့်စုံ စေ ပါတယ်...။ စိတ်ချမ်းသာစွာနေထိုင်ခြင်း စာရေးသူ-လွန်းထားထား တန်ဖိုး-၁၂၀၀၀ စာမျက်နှာ-၁၄၄

လူတိုင်းမှာ ယှဉ်ပြိုင်ရတဲ့ အခြေအနေတွေ ရှိတယ်။ လုပ်ငန်းခွင်မှာ... စီးပွားရေးမှာ... ခေါင်းဆောင်မှုမှာ... လူမှုဆက်ဆံရေးမှာ... အန
လူတိုင်းမှာ ယှဉ်ပြိုင်ရတဲ့ အခြေအနေတွေ ရှိတယ်။ လုပ်ငန်းခွင်မှာ... စီးပွားရေးမှာ... ခေါင်းဆောင်မှုမှာ... လူမှုဆက်ဆံရေးမှာ... အနိုင်ရဖို့ဆိုတာ အင်အားကို အားကိုးတာထက် အချိန်မှန် ဆုံးဖြတ်နိုင်ခြင်း၊ လူကို ဖတ်တတ်ခြင်း၊ အခြေအနေကို ထိန်းချုပ်နိုင်ခြင်း ပိုအရေးကြီးတယ်။ အနိုင်ရသူတို့ရဲ့ မဟာဗျူဟာ ၃၃ ရပ်က ရာဇဝင်ထဲက ဘုရင်တွေ၊ စစ်ခေါင်းဆောင်တွေ၊ နိုင်ငံရေးသမားတွေနဲ့ ခေါင်းဆောင်ကြီးတွေရဲ့ အောင်မြင်မှု၊ ကျရှုံးမှုတွေကို သုံးသပ်ပြီး ယနေ့ခေတ် လူမှုဘဝနဲ့ လုပ်ငန်းခွင်မှာ အသုံးချနိုင်တဲ့ မဟာဗျူဟာ ၃၃ ရပ်ကို ဖော်ပြထားတဲ့ စာအုပ် ဖြစ်ပါတယ်။ "အနိုင်ရဖို့ ကံကောင်းဖို့ မလိုပါဘူး။ မှန်ကန်တဲ့ မဟာဗျူဟာပဲ လိုပါတယ်” 📓အနိုင်ရသူတို့ရဲ့ မဟာဗျုဟာ၃၃ ရပ် ✍သိန်းပိုင်စိုး တန်ဖိုး-၁၁၀၀၀ စာမျက်နှာ-၁၆၇

ဒီစာအုပ်ထဲမှာ တည်ထောင်စ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေအတွက် လိုအပ်တဲ့ရင်းနှီးငွေကို ဘယ်လိုနည်းစနစ်တွေနဲ့ရှာဖွေရမယ်၊ ရင်းနှီးငွေ
ဒီစာအုပ်ထဲမှာ တည်ထောင်စ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေအတွက် လိုအပ်တဲ့ရင်းနှီးငွေကို ဘယ်လိုနည်းစနစ်တွေနဲ့ရှာဖွေရမယ်၊ ရင်းနှီးငွေရဲ့ အရေးပါပုံ၊ ရှယ်ယာနဲ့ ကြွေးမြီစာချုပ်စာတမ်းတွေနဲ့ ရင်းနှီးငွေမြှင့်တင်ပုံ၊ လုပ်ငန်းမော်ဒယ်လ်အမျိုးအစားတွေ၊ ယှဉ်ပြိုင်မှုအားသာချက်ရအောင် ဘယ်လိုဆောင်ရွက်ရမယ်ဆိုတာတွေ၊ ဆုံးရှုံးနိုင်ခြေနဲ့ အကျိုးအမြတ်ပြန်ရချက် စတာတွေ၊ စတော့အိတ်ချိန်းကို စာရင်းဝင်ခြင်းနဲ့ ထွက်ခွာမှုမဟာဗျူဟာ စတာ တွေကို ရေးသားတင်ပြထားတဲ့အတွက် ရင်းနှီးငွေရှာဖွေနေတဲ့ လုပ်ငန်းရှင်တွေ အတွက် တစ်စုံတစ်ရာသော အကျိုးကျေးဇူးရရှိမယ်လို့ ယုံကြည်ပါတယ်။ 📖သင့်လုပ်ငန်းအတွက် အရင်းအနှီးဘယ်လိုရှာမလဲ ✍သက်ထွန်းဦး တန်ဖိုး-၁၆၀၀၀ စာ-၁၈၀ ☎ - 09798103010; 097949 64825 🏠ဆိုင်မှာ ကိုယ်တိုင်ကိုယ်ကျ လာရောက်ဝယ်ယူလိုတဲ့ စာပေချစ်မြတ်နိုးသူများအတွက် 📘Book4U ဆိုင်လိပ်စာ 📌အမှတ် ၅၆ (မြေညီ) ၊ ၄၄လမ်း (ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကြား၊ ကုန်သည်လမ်းဘက်မှလျှင် ဒုတိယမြောက်တိုက်)၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန် ⏰မနက် (၉ နာရီမှ ညနေ ၅ နာရီခွဲအထိ) တနင်္ဂနွေနေ့တိုင်းဆိုင်ပိတ်ပါသည်။

📝ဆရာမောင်သန်း-မြန်မာပြန်စာအုပ်များ.. ဆက်သွယ်ရန် ☎ - 09798103010; 097949 64825 🏠ဆိုင်မှာ ကိုယ်တိုင်ကိုယ်ကျ လာရောက်ဝယ်ယူလိုတဲ
+4
📝ဆရာမောင်သန်း-မြန်မာပြန်စာအုပ်များ.. ဆက်သွယ်ရန် ☎ - 09798103010; 097949 64825 🏠ဆိုင်မှာ ကိုယ်တိုင်ကိုယ်ကျ လာရောက်ဝယ်ယူလိုတဲ့ စာပေချစ်မြတ်နိုးသူများအတွက် 📘Book4U ဆိုင်လိပ်စာ 📌အမှတ် ၅၆ (မြေညီ) ၊ ၄၄လမ်း (ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကြား၊ ကုန်သည်လမ်းဘက်မှလျှင် ဒုတိယမြောက်တိုက်)၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန် ⏰မနက် (၉ နာရီမှ ညနေ ၅ နာရီခွဲအထိ) တနင်္ဂနွေနေ့တိုင်းဆိုင်ပိတ်ပါသည်။

▪️ ဆင်ဂယ်(လ)ဖေ့(စ) အေစီမိုတာအမျိုးမျိုးအကြောင်းသိကောင်း စရာများ ဝါယာခွေများ စီမံရစ်ခွေနေရာချထားပုံများ၊ ဗိုအားနှစ်မျိုးသုံးမိ
▪️ ဆင်ဂယ်(လ)ဖေ့(စ) အေစီမိုတာအမျိုးမျိုးအကြောင်းသိကောင်း စရာများ ဝါယာခွေများ စီမံရစ်ခွေနေရာချထားပုံများ၊ ဗိုအားနှစ်မျိုးသုံးမိုတာများ လည်ပတ်နှုန်း နှစ်မျိုးရမိုတာများ၊ ကွန်စီးကွင့်ဝန်ရိုးစွန်းသဘောတရား၊ ▪️ သရီးဖေ့(စ)စက်များ၏ ဝါယာခွေစနစ် ၊ ဝါယာရစ်ခွေပုံမူကွဲများ ၊ ဗို့အားပြောင်းလဲ အသုံးပြုနိုင်ရန်စီမံခြင်းများ၊ လည်ပတ်နှုန်းအမျိုးမျိုးပြုလုပ်ပုံ၊ စတေတာမြောင်းဦးရေအမျိုးမျိုးတို့တွင် ဝါယာခွေများနေရာချထားခြင်း နည်းလမ်းများ ၊ ဝါယာခွေချို့ယွင်းမှု အပြစ်ရှာခြင်းနှင့် ပြုပြင်ခြင်းများ၊ 📗အေစီဂျင်နရေတာနှင့်မိုတာ အာမေချာ ဝါယာရစ်ခွေနည်းပညာ ✍ဦးဖေသိန်း တန်ဖိုး-၁၅၀၀၀ စာ-၁၄၄

ဤစာအုပ်သည် - ♦ အင်ဂျင်နီယာများ ♦ ဆောက်လုပ်ရေးလုပ်ငန်းရှင်များနှင့်လုပ်သားများ ♦ မြို့ပြအင်ဂျင်နီယာကျောင်းသား / ကျောင်းသူများ
ဤစာအုပ်သည် - ♦ အင်ဂျင်နီယာများ ♦ ဆောက်လုပ်ရေးလုပ်ငန်းရှင်များနှင့်လုပ်သားများ ♦ မြို့ပြအင်ဂျင်နီယာကျောင်းသား / ကျောင်းသူများ ♦ မြို့ပြအင်ဂျင်နီယာလုပ်ငန်းနယ်ပယ်နှင့် ဆက်စပ်နေသူများ အားလုံးအတွက် နိုင်ငံတကာစံချိန် စံညွှန်းများနှင့်အညီ အခြေခံသိပ္ပံ၊ သင်္ချာမှသည် လက်တွေ့အသုံးချနိုင်သည့် မြို့ပြအင်ဂျင်နီယာဆိုင်ရာ အချက်အလက်ပေါင်များစွာကို ပြည့်ပြည့်စုံစုံပြုစု၍စုစည်းဖော်ပြပေးထားပါသည်။ မြို့ပြအင်ဂျင်နီယာလက်စွဲစာအုပ် စာရေးသူ ➡ ဆရာစိုင်း (FEG) တန်ဖိုး ➡ ‌၃၅,၀၀၀ကျပ် စာမျက်နှာ ➡ ၆၁၂

📓အရှုံးမပေးတဲ့စိတ်ဓာတ် "အကောင်းဆုံး အားပေးစကားတွေ၊ ကိုယ့်ကိုယ်ကိုယ် တိုးတက် စေမယ့် နည်းလမ်းတွေဆိုတာလည်း ယာယီဖြေရှင်းချက်သာ ဖ
📓အရှုံးမပေးတဲ့စိတ်ဓာတ် "အကောင်းဆုံး အားပေးစကားတွေ၊ ကိုယ့်ကိုယ်ကိုယ် တိုးတက် စေမယ့် နည်းလမ်းတွေဆိုတာလည်း ယာယီဖြေရှင်းချက်သာ ဖြစ်တယ်။ စိတ်အားတက်ကြွမှု တစ်ခုတည်းက ဘယ်သူ့ ဘဝကိုမှ အမှန်တကယ် မပြောင်းလဲပေးနိုင်ပါဘူး။ ကိုယ့်ဘဝမှာရရှိခဲ့တဲ့ မကောင်းတဲ့ အခြေအနေတွေဟာ ကိုယ့်တာဝန်ပါပဲ။ အဲဒါတွေကို ပြုပြင်ရမယ့်သူကလည်း ကိုယ်ကိုယ်တိုင်ပါပဲ။ အများစုကတော့ ဝမ်းနည်းစရာကောင်းစွာနဲ့ ကိုယ့်ရဲ့ အစွမ်းကုန် အားထုတ်နိုင်စွမ်းရဲ့ ၄ဝ ရာခိုင်နှုန်း လောက်ပဲ အသုံးချရသေးတဲ့ အချိန်မှာ လက်လျှော့တတ်ကြတယ်။ ကိုယ့်ရဲ့ အဆုံးစွန်ကန့်သတ်ချက်ကို ရောက်နေပြီလို့ ခံစား နေရတဲ့အချိန်မှာတောင် နောက်ထပ် ၆ဝ ရာခိုင်နှုန်းစာ အားထုတ်နိုင်ပါသေးတယ်။" ✍ထက်ထက်တင်ဇာ တန်ဖိုး-၃၂၀၀၀ ကျပ် စာမျက်နှာ-၄၅၉

ကင်ဆာကို တိုက်ဖျက်နိုင်သည့် အစွမ်းထက် သဘာဝ မော်လီကျူးများ ကင်ဆာရောဂါသည် လူတိုင်းကြောက်ကြသည့် ရောဂါဆိုးတစ်ခုဟု ဆိုနိုင်သည်။ ကင
ကင်ဆာကို တိုက်ဖျက်နိုင်သည့် အစွမ်းထက် သဘာဝ မော်လီကျူးများ ကင်ဆာရောဂါသည် လူတိုင်းကြောက်ကြသည့် ရောဂါဆိုးတစ်ခုဟု ဆိုနိုင်သည်။ ကင်ဆာရောဂါ ဖြစ်လာပါက ရောဂါဝေဒနာကို ခံစားကြရသည့်အပြင် ခွဲစိတ်ကုသခြင်း၊ ကီမိုဆေးများသွင်းခြင်း၊ ဓာတ်ရောင်ခြည်ဖြင့် ကုသရခြင်းတို့ကြောင့် လူနာမှာ ဘေးထွက်ဆိုးကျိုးများ ခံစားရသည့်အပြင် ငွေကုန်ကြေးကျလည်း များလှပါသည်။ ဆေးသိပ္ပံပညာရှင်များအနေဖြင့် သဘာဝတွင် ရှိပြီးဖြစ်သည့် ဈေးနှုန်းသက်သာပြီး ဘေးထွက်ဆိုးကျိုး နည်းပါးကာ လူနာတိုင်း အသုံးပြုနိုင်သော ကင်ဆာကို တိုက်ဖျက်နိုင်သည့် မော်လီကျူးများကို တစ်မျိုးပြီးတစ်မျိုး ရှာဖွေဖော်ထုတ်ပေးလျက် ရှိပါသည်။ ဤစာအုပ်တွင် အပင်များမှရရှိသည့် ကင်ဆာကို တိုက်ဖျက်နိုင်သော သဘာဝမော်လီကျူးများထဲ မှ အစွမ်းအထက်ဆုံး (၄) မျိုးဖြစ်သည့် တောင်စကားဖြူအခေါက်မှ ရရှိသည့် ဟိုနိုကီရော (Honokiol) ၊ စပျစ်သီးမှရရှိသည့် ရက်စ်ဗာရာထရော (Resveratrol)၊ နနွင်းဥမှရရှိသည့် ကာကူမင် (Curcumin) နှင့် လက်ဖက်စိမ်းမှ ရရှိသည့် အီးဂျီစီဂျီ (EGCG) တို့၏ ကင်ဆာဆဲလ်များအပေါ် သတ်ဖြတ် နှိမ်နင်းနိုင်သည့် အစွမ်းအာနိသင်များကို အသေးစိတ် ဖော်ပြပေးထားပါသည်။ ကင်ဆာလူနာများ အတွက် အကျိုးရှိမည်ဟု ယုံကြည်ပါသည်။ 15000

Auto CAD Drafter တစ်ယောက်အဖြစ်အသက်မွေး၀မ်းကျောင်းပြုလိုသူများ၊ Designer, CAD Drafter အဖြစ် သော်လည်းကောင်း၊ Decoration and Bui
Auto CAD Drafter တစ်ယောက်အဖြစ်အသက်မွေး၀မ်းကျောင်းပြုလိုသူများ၊ Designer, CAD Drafter အဖြစ် သော်လည်းကောင်း၊ Decoration and Building Construction Compariy များတွင် ဝင်ရောက်လုပ်ကိုင်လိုသူများအတွက်လည်း ရည်ရွယ်၍ ရေးသားပေးရခြင်းဖြစ်ပါတယ်။ Auto CAD သင်ထားပြီး Software/ Commands/ Tools များစွာကို မေ့နေတဲ့သူများအတွက်လည်း ဤစာအုပ်လေးတွင် လွယ်ကူစွာပြန်လေ့လာနိုင်စေရန်အတွက် ရေးသားပေးရခြင်းဖြစ်ပါတယ်။ Auto CAD Software သည် သေချာစွာလေ့လာမည်ဆိုလျှင် Drawings များစွာကို ပိုင်နိုင်စွာ ဖတ်နိုင်မည့်အပြင် Drawings များအား မိမိ Design ဖြင့် ပုံဖော် ရေးဆွဲနိုင်မည်ဖြစ်ပါသည်။ သင်ရိုး၏ Software Version ကို 2016 Version ဖြင့် ရေးသားဖော်ပြထားပါသည်။ 2016 Version သင်ရိုးစာအုပ်ဖြင့် အချက်အလက်များအား သိရှိနိုင်မည်ဆိုပါက 2019 Version ကိုလည်း လွယ်ကူစွာ အသုံးပြုနိုင်မည် ဖြစ်ပါသည်။ ============ Learning Auto CAD Software တန်ဖိုး–10000 စာမျက်နှာ–102 စာရေးသူ -Ma Htet ----------------------------

အခန်း (၁) အခြေခံသိထားအပ်သောအကြောင်းအရာမျာ အခန်း (၂) လျှပ်စစ်ဓာတ်အားပို့ဆောင်ဖြန့်ဖြူးခြင်း အခန်း (၃) လျှပ်စစ်ဓာတ်အားစနစ်တကျအသ
အခန်း (၁) အခြေခံသိထားအပ်သောအကြောင်းအရာမျာ အခန်း (၂) လျှပ်စစ်ဓာတ်အားပို့ဆောင်ဖြန့်ဖြူးခြင်း အခန်း (၃) လျှပ်စစ်ဓာတ်အားစနစ်တကျအသုံးပြုခြင်း အခန်း (၄) လျှပ်စစ်တိုင်းတွာရေးမီတာများ အခန်း (၅) လျှပ်စစ်စမ်းသပ်ကိရိယာများ အခန်း (၆) လျှပ်စစ်အားသုံးပစ္စည်းများ အခန်း (၇) အေစီဂျင်နရေတာများ အခန်း (၈) ဒီစီဂျင်နရေတာများ အခန်း (၉) အေစီမိုတာများ အခန်း (၁ဝ) ဒီစီမိုတာများ အခန်း (၁၁) ပါဝါထရမ်(စ)ဖေါ်မာများ အခန်း (၁၂) မီးအားမြှင့်စက်များ အခန်း (၁၃) ဘက်ထရီချာဂျင်သွင်းစက်များ အခန်း (၁၄) မော်တော်ယာဉ်လျှပ်စစ် အခန်း (၁၅) စမ်းသပ်စစ်ဆေးထိန်းသိမ်းရေးလုပ်ငန်းများ အခန်း (၁၆) လျှပ်စစ်ဓာတ်လိုက်မှု သူနာပြုစုနည်း - - - လျှပ်စစ်ပညာသဘောတရားနှင့်လက်တွေ့ ~~~~~~~~~~~~~~~ စာရေးသူ-ဦးဖေသိန်း တန်ဖိုး-၂၀၀၀၀ စာ-၂၉၀

ဤစာအုပ်ကို English, Chinex, Japanese နှင့် Korean ဘာသာ ၄ မျိုး၏ အခြေခံစကားပြောများကို တစ်အုပ်တည်းအတွင်း လွယ်ကူစွာ လေ့လာနိုင်ရ
ဤစာအုပ်ကို English, Chinex, Japanese နှင့် Korean ဘာသာ ၄ မျိုး၏ အခြေခံစကားပြောများကို တစ်အုပ်တည်းအတွင်း လွယ်ကူစွာ လေ့လာနိုင်ရန် စီစဉ်ရေးသားထားပါသည်။ English အတွက် IPA, Chinese အတွက် Pinyin, Japanese အတွက် Roma), Korn အတွက် Revised Romanization တို့ကို ထည့်သွင်းပေးထားသဖြင့် မူရင်းစာလုံးများကို မဖတ်တတ်သေးသူများလည်း အသံထွက်ကို အဆင့်လိုက် လေ့လာနိုင်ပါသည်။ ထို့အပြင် မြန်မာဘာသာဖြင့် အနီးစပ်ဆုံးအသံထွက်နှင့် အဓိပ္ပာယ်များ ကို ထည့်သွင်းထားသောကြောင့် စတင်လေ့လာသူများအတွက် ပိုမိုနားလည်လွယ်ကူစေပါသည်။ စာအုပ်အတွင်း အခန်းများကို နှုတ်ဆက်ခြင်း၊ နေ့စဉ်ဘဝ၊ စားသောက်ဆိုင်၊ ဈေးဝယ်ခြင်း၊ ခရီးသွားခြင်း၊ ဟိုတယ်၊ လေဆိပ်၊ကျန်းမာရေး၊ ဖုန်းနှင့် အင်တာနက်၊ လုပ်ငန်းခွင် စသည့် လက်တွေ့အသုံးများသော အခြေအနေများအလိုက် စီစဉ်ထား ပါသည်။ ဝါကျများကို ဖတ်ရုံဖြင့် မရပ်ဘဲ မြန်မာအဓိပ္ပာယ်ကိုကြည့်ပြီး ဘာသာ ၄ မျိုးဖြင့် ပြန်ပြောကြည့်နိုင်ရန် လေ့ကျင့် ခန်းများကိုပါ ထည့်သွင်းထားပါသည်။ ဤစာအုပ်သည် ဘာသာစကားအသစ်များကို စတင်လေ့လာလိုသူတိုင်းအတွက် လွယ်ကူ၊ အသုံးဝင်ပြီး လက်တွေ့ကျသော စကားပြောလမ်းညွှန်တစ်အုပ် ဖြစ်စေရန် ရည်ရွယ်ပါသည်။ တန်ဖိုး-23500

သတ္တမကြိမ်ထုတ် ဆရာမခေတ်ရှေးညိုရဲ့ နရသူ စာအုပ်လေးပြန်ရပါပြီ။ ကျိန်စာတစ်ခုကြောင့် ဘဝအဆက်ဆက် ရေစက်ဆိုးတွေနဲ့ ကြုံတွေ့ခဲ့ကြတဲ့ ပု
သတ္တမကြိမ်ထုတ် ဆရာမခေတ်ရှေးညိုရဲ့ နရသူ စာအုပ်လေးပြန်ရပါပြီ။ ကျိန်စာတစ်ခုကြောင့် ဘဝအဆက်ဆက် ရေစက်ဆိုးတွေနဲ့ ကြုံတွေ့ခဲ့ကြတဲ့ ပုဂံသမိုင်းနောက်ခံ အချစ်ဇာတ်လမ်းတစ်ပုဒ်... အသက်ဝင်လေ့ရှိတဲ့ အမုန်းကျိန်စာတွေကြားက မြေစာပင်ဖြစ်ရတဲ့ဘဝတွေ၊ ပုဂံသမိုင်းကြောင်းတွေ၊ စာရေးသူရဲ့ စာအုပ်တိုင်းလိုလိုမှာ ပါဝင်လေ့ရှိတဲ့ သဘာဝပတ်‌ဝန်းကျင်နှင့်ဒေသတွင်း တိုးတက်မှုဆိုင်ရာ ဗဟုသုတရဖွယ်များ စတဲ့ သုတ ရသတွေ ရောပြွမ်းနေတဲ့ ရသဝတ္ထုစာအုပ်လေး ... မတူညီတဲ့ ချစ်ခြင်းမေတ္တာတရားတွေ… ချစ်ခြင်းမေတ္တာနဲ့ အပြိုင် လွန်ဆွဲနေတဲ့ ကျိန်စာတွေ… ဘဝအဆက်ဆက် ချုပ်နှောင်ထားခံရတဲ့ ကြိုးတွေ… ပုဂံပြည်ရဲ့ သမိုင်းကြောင်းတွေ… စတဲ့ အရာတွေကို စိတ်ဝင်တစားနဲ့ ဖတ်ရှုရမဲ့ စာအုပ်လေးပဲ ဖြစ်ပါတယ်။ တန်ဖိုး-၁၂၀၀၀ စာမျက်နှာ-၂၈၃

ယောကျ်ားတစ်ယောက်ရဲ့ စိတ်ထဲမှာ ဘာတွေ ရှိနေလဲ... သူက သင့်ကို ချစ်တယ်လို့ ပြောတယ်။ ဒါပေမဲ့ သင့်အပေါ် တကယ်ဘယ်လို သဘောထားသလဲ။ အပျေ
ယောကျ်ားတစ်ယောက်ရဲ့ စိတ်ထဲမှာ ဘာတွေ ရှိနေလဲ... သူက သင့်ကို ချစ်တယ်လို့ ပြောတယ်။ ဒါပေမဲ့ သင့်အပေါ် တကယ်ဘယ်လို သဘောထားသလဲ။ အပျော်တွဲနေတာလား၊ ရေရှည်လက်တွဲဖို့ ရည်ရွယ်ထား တာလား။ သူ့စိတ်ထဲက အဖြေကို ဘယ်လိုသိနိုင်မလဲ။ အမျိုးသမီးတွေ အချစ်ရေးမှာ အကြိမ်ကြိမ်မေးခွန်းထုတ်မိတတ်တဲ့ ဒီအကြောင်း အရာတွေကို ယောက်ျားတစ်ယောက်ရဲ့ ရှုထောင့်ကနေ ပြန်လည်ကြည့်ရှုနိုင် ဖို့ ဒီစာအုပ်က ဖိတ်ခေါ်နေပါတယ်။ ယောကျ်ားတွေ အချစ်ရေးမှာ တကယ် လိုချင်တာ ဘာလဲ... ချစ်သူအဖြစ် တွဲတာနဲ့ ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်တာ ဘာကွာခြားသလဲ... ယောကျ်ားတစ်ယောက်က အိမ်ထောင်ပြုဖို့ ဘယ်အချိန်မှာ ဆုံးဖြတ်တတ်လဲ... ရင်းနှီးမှုနဲ့ ကတိကဝတ်တွေအပေါ် သူတို့ ဘယ်လိုတွေးခေါ်ကြသလဲ... ဟာသဉာဏ်နဲ့ ပြတ်သားတဲ့အမြင်တွေကို ပေါင်းစပ်ပြီး Steve Harvey က အချစ်ရေးရဲ့ နောက်ကွယ်မှာ အမျိုးသမီးတွေ သိထားသင့်တဲ့အချက်တွေကို ဖွင့်ချထားပါတယ်။ အချစ်ရေးမှာ မျှော်လင့်ချက်တွေနဲ့ပဲ ရှင်သန်မနေဘဲ ကိုယ် တကယ်လိုချင်တဲ့ ဆက်ဆံရေးကို သိမြင်ရွေးချယ်နိုင်ဖို့ ဒီစာအုပ်ကို ဖတ်ကြည့်လိုက်ပါ။ 📓ပုရိသဋီကာ ယောက်ျားတို့အထာ ✍ဆောင်းသက်ငြိမ် တန်ဖိုး-12000

မာတိကာ... ▪️လျှပ်စစ်ဓာတ်အကြောင်း ▪️လျှပ်စစ်ဝါယာရင်းပစ္စည်းများ ▪️လျှပ်စစ်ဝါယာရင်းအခြေခံများ ▪️အခြေခံဝါယာရင်းအလုပ် (၁၁) မျိုး
မာတိကာ... ▪️လျှပ်စစ်ဓာတ်အကြောင်း ▪️လျှပ်စစ်ဝါယာရင်းပစ္စည်းများ ▪️လျှပ်စစ်ဝါယာရင်းအခြေခံများ ▪️အခြေခံဝါယာရင်းအလုပ် (၁၁) မျိုး ▪️လျှပ်စစ်ဝါယာရင်းပြုလုပ်ခြင်း ▪️ဝါယာရင်းသရုပ်ပြပုံများ (၁) ▪️ဝါယာရင်းသရုပ်ပြပုံများ (၂) ▪️ဝါယာအရွယ်အစားရွေးခြင်း (၁) ▪️ဝါယာအရွယ်အစားရွေးခြင်း (၂) ▪️ကာကွယ်ရေးပစ္စည်းများ ▪️ပစ္စည်းစာရင်းနှင့်ခန့်မှန်းကုန်ကျငွေ 📘လျှပ်စစ်ဝါယာရင်းအတတ်ပညာ ~~~~~~~~~~~~~~ စာရေးသူ-ဦးဖေသိန်း တန်ဖိုး-၁၅၀၀၀ စာမျက်နှာ-၂၀၄

“လုပ်ချင်တယ်… ဒါပေမဲ့ စိတ်မပါသေးဘူး” 🗣ဒီစကားကို သင်လည်း မကြာခဏ ပြောမိပါသလား... ✔️အလုပ်တစ်ခု စချင်တယ်။ ✔️ဘဝကို ပြောင်းလဲချင်တ
“လုပ်ချင်တယ်… ဒါပေမဲ့ စိတ်မပါသေးဘူး” 🗣ဒီစကားကို သင်လည်း မကြာခဏ ပြောမိပါသလား... ✔️အလုပ်တစ်ခု စချင်တယ်။ ✔️ဘဝကို ပြောင်းလဲချင်တယ်။ ✔️ အောင်မြင်ချင်တယ်။ ဒါပေမဲ့ Motivation မရှိသေးဘူး။ တကယ်တော့ အောင်မြင်သူတွေဟာ Motivation ရလာမှ စတာ မဟုတ်ပါဘူး။ သူတို့က စလိုက်တယ်။ လုပ်ရင်းနဲ့ တိုးတက်လာတယ်။ တိုးတက်ရင်းနဲ့ Motivation ရလာတယ်။ 📖ဒီစာအုပ်က စိတ်မပါတဲ့နေ့မှာတောင် ဘယ်လိုစမလဲ၊ ရည်မှန်းချက်တွေကို ဘယ်လိုအကောင်အထည်ဖော်မလဲ၊ အောင်မြင်မှုကို ဘယ်လိုတည်ဆောက်မလဲ ဆိုတာကို လက်တွေ့ကျကျ ပြောပြပေးမှာပါ။ Motivation ကို မစောင့်ပါနဲ့။ ဒီနေ့ပဲ စလိုက်ပါ။ 📙စိတ်မပါလည်း-လုပ် ✍ထက်ထက်တင်ဇာ တန်ဖိုး-၂၀၀၀၀ စာ-၂၉၆