en
Feedback
Channel U

Channel U

Open in Telegram
842
Subscribers
-124 hours
-17 days
-630 days
Posts Archive
The Break-Up (2006) IMDb Rating (5.8) / Rotten Tomatoes (34%) ဒီဇာတ်ကားလေးကတော့ ကျနော်တို့ငယ်ငယ်ကတည်းက ရင်းနှီးလာခဲ့တဲ့ သရုပ်ဆောင်တွေဖြစ်တဲ့ မင်းသမီးကြီး ဂျနီဖာ အန်နီစတန်အပြင် တခြားသရုပ်ဆောင်တွေနဲ့အတူ ၂၀ ရာစုအစောပိုင်းက အမေရိကန် ချီကာဂိုမြို့ကြီးရဲ့ ခံစားချက်နဲ့အတူ Romance Comedy ကားလေးကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဂယ်ရီနှင့် ဘရွတ်ခ်ဟာ ဘေ့စ်ဘောပွဲမှာ ပထမဆုံး တွေ့ဖူးခဲ့ကြပြီး စကားပြောဖြစ်ရာကနေ သမီးရည်းစားဖြစ်သွားကြပြီး နှစ်ယောက်တစ်အိပ်မက်မက်တာ ဈေးမြောက်တဲ့ကွန်ဒိုတိုက်ခန်းတစ်ခုကိုတောင် အတူတူစပ်ပြီး အရစ်ကျ ငွေသွင်းကာ ဘဝကို အတူတူ ဖြတ်သန်းခဲ့ကြပါတယ်။ ဒါပေမယ့် အချစ်ခရီးလမ်းက မဖြောင့်ဖြူးဘူးဆိုတဲ့အတိုင်း ချီကာဂိုမြို့ကြီးကို လှည့်လည်ပြသရတဲ့ ဧည့်လမ်းညွှန်လုပ်တဲ့ ဂယ်ရီက အိမ်ပြန်လာရင် ဂိမ်းလေးဆော့၊ နားအေးပါအေး အနားယူချင်သူပါ။ တစ်ဖက်မှာတော့ ပန်းချီပြခန်းမှာ အလုပ်လုပ်တဲ့ဘရွတ်ခ်ကလည်း အိမ်ပြန်လာရင် နှစ်ယောက်စာ စားဖို့သောက်ဖို့ ချက်ပြုတ်၊ ဂယ်ရီချွတ်ထားတဲ့ဘောင်းဘီတွေ ခြေအိတ်တွေ လိုက်သိမ်းရ၊ ဂယ်ရီကလည်း ကူဖော်လောင်ဖက်မရတော့ စိတ်ချဉ်ပေါက်လာပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာတော့ သူတို့နှစ်ယောက်ဟာ အကြီးအကျယ် ရန်ဖြစ်ပေါက်ကွဲကြပြီး လမ်းခွဲလိုက်ကြပေမဲ့ ကွန်ဒိုက တူတူစပ်ဝယ်နေတာဖြစ်လို့ နှစ်ယောက်ကလည်း တခြားသွားစရာနေရာမရှိပဲ အတူတူ ဆက်နေရဖို့ ဖြစ်လာပါတယ်။ ဒီတော့ သူတို့နှစ်ယောက် တိုက်ခန်းတစ်ခုကို အတူစပ်နေရင်း ဘယ်လိုတွေနှစ်ပါးသွားကြမလဲ၊ သူတို့တွေ ကွဲကွာသွားကြမလား၊ ပြန်ပေါင်းထုပ်သွားမလားဆိုတာ စိတ်ဝင်တစား ကြည့်ရှုရမှာဖြစ်ပါတယ်

The Break-Up (2006)
The Break-Up (2006)

Channel အရင်Joinပါ https://t.me/+0CGXi_NmU3kxNDU1 Link https://t.me/c/2472158618/601

“သရဲတွေကို မယုံတဲ့သူတွေက သရဲကို စိန်ခေါ်မိတဲ့အခါ...." သရဲတစ္ဆေတွေကိုမယုံကြည်ဘဲ “သရဲကိုစိန်ခေါ်တဲ့” ဗီဒီယိုတွေ ရိုက်ကူးပြီး အွန်လိုင်းမှာ နာမည်ကြီးလာတဲ့ ကျောင်းသားလူငယ်တစ်စုတို့ဟာ View တွေများလာတာနဲ့အမျှ သူတို့ရဲ့ စိန်ခေါ်မှုတွေက ပိုပြီး ရဲတင်းလာပြီး၊ တစ်နေ့မှာ သင်္ချိုင်းတစ်ခုထဲအထိ ဝင်ရောက်ပြီး ဗီဒီယိုရိုက်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ အဲဒီနေရာမှာ အလောင်းကို​ပြန်တူးဖော်ရင်း သေဆုံးသူရဲ့ပါးစပ်ထဲက ရွှေဒင်္ဂါးတစ်ပြားကို တွေ့ခဲ့ပြီး အလောင်းရဲ့ ပါးစပ်ထဲက ဒင်္ဂါးပြားကို နှုတ်ယူလိုက်ချိန်မှာတော့ မြှုပ်နှံထားတဲ့ ဝိညာဉ်ဆိုး ရုတ်တရက် နိုးထလာပြီး သူတို့ကို ကြောက်မက်ဖွယ်ကောင်းအောင် ခြောက်လှန့်ပါတော့တယ် အဲဒီနောက်မှာတော့ မမြင်နိုင်တဲ့အရာတစ်ခုက သူတို့နောက်ကို လိုက်လာပြီး အစပိုင်းမှာ အပျော်သဘောနဲ့ စတင်ခဲ့တဲ့ သရဲစိန်ခေါ်မှုက အသက်ရှင်လွတ်မြောက်ဖို့ ကြိုးစားရတဲ့ ကြောက်စရာအဖြစ်အပျက် တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပါတော့တယ် ​အမှောင်ထုထဲမှာ တစ်ယောက်ပြီးတစ်ယောက် သရဲခြောက်ခံရပြီး အသက်လုပြေးကြရတဲ့အခါ သူတို့ လွတ်မြောက်အောင် ဘယ်လိုရုန်းကန်ကြမလဲ...... ရွှေဒင်္ဂါးပြားတွေရဲ့ နောက်ကွယ်က ဝှက်ထားတဲ့ လျှို့ဝှက်ချက်ကရော ဘာဖြစ်မလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမယ့် ဇာတ်ကားပဲဖြစ်ပါတယ်

Ghost Coins
Ghost Coins

Channel အရင်Joinပါ https://t.me/+0CGXi_NmU3kxNDU1 Link https://t.me/c/2472158618/600

Minions & Monsters (2026) ++++++++++++++ IMDb Rating (6.5) / Rotten Tomatoes (89%) အားလုံးရဲ့ အသဲကျော် မီနီယံတွေ ပြန်လာပါပြီ။ ဒီဇာတ်ကားကတော့ Animation, Adventure နဲ့ Comedy အမျိုးအစား ရုပ်ရှင်ဇာတ်ကားပဲ ဖြစ်ပါတယ်။ ဒါရိုက်တာ Pierre Coffin က ရိုက်ကူးထားပြီး သရုပ်ဆောင်တွေအဖြစ် Pierre Coffin, Christoph Waltz, Jesse Eisenberg, Allison Janney နဲ့ Jeff Bridges တို့က အသံနဲ့ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ၁၉၂၀ ပြည့်လွန်နှစ်တွေရဲ့ ဟောလိဝုဒ် ရုပ်ရှင်ခေတ်ဦးမှာ ဂရူးနဲ့ မဆုံတွေ့သေးခင် မီနီယံအုပ်စုဟာ မတော်တဆ ရုပ်ရှင်ရိုက်ကွင်းတစ်ခုထဲ ရောက်သွားရင်းကနေ ရုတ်တရက် နာမည်ကြီး မင်းသားတွေ ဖြစ်လာခဲ့ကြရာကနေ ဇာတ်လမ်းစတာပါ။ ဒါပေမဲ့ အသံပါတဲ့ ရုပ်ရှင်ခေတ် ပြောင်းလဲလာတဲ့အခါ မီနီယံဘာသာစကားပဲ ပြောတတ်တဲ့ သူတို့ဟာ ရုပ်ရှင်လောကကနေ စွန့်ပစ်ခံလိုက်ရပါတော့တယ်။ ဒါကို လက်မလျှော့ချင်တဲ့ James, Henry နဲ့ Ed ဆိုတဲ့ မီနီယံသုံးကောင်ဟာ သူတို့ကိုယ်ပိုင် မကောင်းဆိုးဝါး ရုပ်ရှင်ကားကြီး ရိုက်ကူးဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ ရုပ်ရှင်ထဲမှာ သရုပ်ဆောင်ဖို့အတွက် ရှေးဟောင်း ဂါထာစာအုပ်တစ်အုပ်ကို သုံးပြီး မကောင်းဆိုးဝါးတွေကို ဆင့်ခေါ်လိုက်ရာကနေ မထင်မှတ်ဘဲ ကမ္ဘာကြီးကို ဖျက်ဆီးမယ့် မိစ္ဆာကြီး ထွက်ပေါ်လာတဲ့အခါ မီနီယံတွေဟာ ကမ္ဘာကြီးကို ပြန်လည်ကယ်တင်ဖို့ ပရမ်းပတာ စွန့်စားကြရပါတော့တယ်

Minions & Monsters (2026)
Minions & Monsters (2026)

Channel အရင်Joinပါ https://t.me/+0CGXi_NmU3kxNDU1 Link https://t.me/c/2472158618/599

Big Baby (2025) IMDb Rating (7.0) / Rotten Tomatoes (55%) ဒီဇာတ်ကားကတော့ Horror နဲ့ Thriller အမျိုးအစား ရုပ်ရှင်ဇာတ်ကားပဲ ဖြစ်ပါတယ်။ ဒါရိုက်တာ J.R. Poli က ရိုက်ကူးထားပြီး သရုပ်ဆောင်တွေအဖြစ် Patrick Censoplano, Danielle Baez, Robert LaSardo နဲ့ Josh Server တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဇာတ်ညွှန်းရေးဆရာ အာဒမ်ဟာ သူရေးသားခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားပေါ် ပေါ့ဒ်ကတ်စ် သုံးသပ်သူတွေရဲ့ အဆိုးမြင် ဝေဖန်မှုတွေကြောင့် စိတ်ဓာတ်ကျပြီး ပြင်းထန်တဲ့ စိတ်ဖိစီးမှုတွေကို ရင်ဆိုင်နေရရာကနေ ဇာတ်လမ်းစတာပါ။ အဲဒီ စိတ်ဖိစီးမှုတွေကြားထဲကနေပဲ သူဟာ "ကလေးကြီး" လို့ အမည်ရတဲ့ ခန္ဓာကိုယ်ထွားကြိုင်းပြီး ကလေးမျက်နှာဖုံး စွပ်ထားတဲ့ ရက်စက်လွန်းလှတဲ့ မိစ္ဆာလူသတ်သမားတစ်ယောက်အကြောင်း ဇာတ်ညွှန်းအသစ်ကို စတင်ရေးသားခဲ့ပါတယ်။ ဒါပေမဲ့ မထင်မှတ်ဘဲ သူ ရေးသားနေတဲ့ စာအုပ်ထဲက ထိတ်လန့်စရာ သတ်ဖြတ်မှုတွေဟာ လက်တွေ့ပြင်ပမှာပါ တကယ့်အဖြစ်အပျက်တွေလို အစဉ်လိုက် ဖြစ်ပေါ်လာပါတော့တယ်။ စိတ်ကူးနဲ့ လက်တွေ့ကြား ခွဲခြားရခက်လာတဲ့ အာဒမ်ဟာ သူ့ရဲ့ ဇာတ်ညွှန်းကြောင့် ချစ်သူ ကိတ် နဲ့ ဘေးပတ်ဝန်းကျင်က လူတွေ အန္တရာယ်ကြုံတွေ့လာရတာကို သိလိုက်ရတဲ့အခါ ရူးသွပ်မှုတွေ၊ စိတ္တဇဖိအားတွေကြားထဲကနေ ဒီကျိန်စာဆိုးကို ရပ်တန့်နိုင်ဖို့နဲ့ ဇာတ်လမ်းကို အပြီးသတ်နိုင်အောင် အသည်းအသန် ကြိုးစားသွားရမယ့် သည်းထိတ်ရင်ဖို Horror ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်

Big Baby (2025)
Big Baby (2025)

Channel အရင်Joinပါ https://t.me/+0CGXi_NmU3kxNDU1 Link https://t.me/c/2472158618/598

Evil Dead Burn (2026) 4K HEVC +++++++++++++ IMDb Rating (6.6) / Rotten Tomatoes (71%) ဒီဇာတ်ကားကတော့ Supernatural Horror နဲ့ Thriller အမျိုးအစား ရုပ်ရှင်ဇာတ်ကားပဲ ဖြစ်ပါတယ်။ ဒါရိုက်တာ Sébastien Vaniček က ရိုက်ကူးထားပြီး သရုပ်ဆောင်တွေအဖြစ် Hunter Schafer, Sophie Thatcher, Souheila Yacoub နဲ့ David Jonsson တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဒီရုပ်ရှင်ကလည်း "Evil Dead" ဖရန့်ချိုင်းရဲ့ နာမည်ဆိုးနဲ့ ကျော်ကြားလှတဲ့ မိစ္ဆာကျမ်းစာအုပ် (Necronomicon Ex-Mortis) ကိုပဲ အခြေခံထားတာပါပဲ။ Classic Evil Dead ကားတွေရဲ့ သွေးထွက်သံယို အသည်းယားစရာ Gore elements တွေနဲ့ နောက်ဆုံးထွက် Evil Dead Rise ရဲ့ အငွေ့အသက်တွေကို ပေါင်းစပ်ထားတာကြောင့် အတော်ကြောက်ဖို့ကောင်းပါတယ်။ ဇာတ်လမ်းအကျဉ်း ခရစ်ယာန်သမ္မာကျမ်းစာ သမိုင်းပါမောက္ခ ဒေါက်တာ ဘင်ဂျမင် ပရိုက်စ် ချန်ထားခဲ့တဲ့ လျှို့ဝှက်ဆန်းကြယ် မှတ်တမ်းတစ်ခုနဲ့ ဇာတ်လမ်းစတင်ထားပါတယ်။ အဲဒီမှတ်တမ်းမှာ သေခြင်းကျမ်းစာ (Necronomicon) ထဲက တားမြစ်ထားတဲ့ စာသားတွေကို ဖတ်ရှုမိတာကြောင့် လူတွေရဲ့ ခန္ဓာကိုယ်ထဲ ပူးကပ်ဝင်ရောက်တတ်တဲ့ ရက်စက်လွန်းလှတဲ့ မိစ္ဆာသရဲသဘက်တွေ နိုးထလာခဲ့ကြောင်းနဲ့ အဲဒီမိစ္ဆာတွေကို ငရဲဆီ ပြန်ပို့နိုင်မယ့် အင်းကွက်ဝှက်ထားတဲ့ ရှေးဟောင်းလက်နက်တစ်မျိုးအကြောင်း ပါဝင်နေပါတယ်။ အခြားတစ်ဖက်မှာတော့ အဲလစ် ဆိုတဲ့ အမျိုးသမီးဟာ ကားအဆင်မပြေမှုနဲ့ ရန်ဖြစ်ရာကနေ မတော်တဆ ဆုံးပါးသွားခဲ့ရတဲ့ သူမရဲ့ ခင်ပွန်းဖြစ်သူ ဝယ်လ် ရဲ့ နာရေးနဲ့ အမှတ်တရ အခမ်းအနားအတွက် ခင်ပွန်းသည်ရဲ့ မိသားစုအိမ်ဆီ ပြန်လာခဲ့ပါတယ်။ အဲဒီအိမ်မှာ ဝယ်လ်ရဲ့ မိခင်၊ အဖေ၊ ညီဖြစ်သူ ဂျိုးဇက် နဲ့ ဆွေမျိုးတွေ စုဝေးနေကြရင်း ဝမ်းနည်းမှု၊ စိတ္တဇနဲ့ မိသားစုကြား အတိတ်က ပဋိပက္ခတွေ၊ အပြစ်တင်မှုတွေနဲ့ တင်းမာမှုတွေ မြင့်တက်လာခဲ့ပါတယ်။ အထူးသဖြင့် ခင်ပွန်းဖြစ်သူရဲ့ အဖိုးဖြစ်သူ သမိုင်းပါမောက္ခ သုတေသနလုပ်ခဲ့တဲ့ ရှေးဟောင်းပစ္စည်းတွေ၊ ကျိန်စာသင့် စာအုပ်မှတ်တမ်းတွေနဲ့ ရှေးဟောင်း ဓားမြှောင် လက်နက်တစ်ခုရဲ့ လျှို့ဝှက်ချက်တွေဟာ အဲဒီအိမ်ထဲမှာ ကျန်ရှိနေခဲ့တာပါ။ မထင်မှတ်ဘဲ မိစ္ဆာကျိန်စာ နိုးထလာခဲ့ပြီး အိမ်ထဲက မိသားစုဝင်တွေရဲ့ ခန္ဓာကိုယ်ထဲကို တစ်ယောက်ပြီးတစ်ယောက် ပူးကပ်ဝင်ရောက်လာတဲ့အခါမှာတော့ အချင်းချင်း ရက်စက်စွာ တိုက်ခိုက်သတ်ဖြတ်ကြရင်း ငရဲခန်းသဖွယ် သွေးထွက်သံယို သွေးပျက်စရာ ရင်ဆိုင်ကြုံတွေ့ကြရပါတော့တယ်။ စိတ္တဇဖိနှိပ်မှုတွေ၊ သွေးသံရဲရဲ သည်းထိတ်ရင်ဖို အခန်းတွေနဲ့အတူ အသက်ဘေးကနေ လွတ်မြောက်ဖို့နဲ့ မိစ္ဆာတွေကို တားဆီးနိုင်မယ့် ရှေးဟောင်းဓားမြှောင်ကို အပြိုင်အဆိုင် လိုက်လံရှာဖွေရင်း ကုန်းရုန်းရုန်းကန်ကြရမယ့် သည်းထိတ်ရင်ဖို Horror ဇာတ်ကားပဲ ဖြစ်ပါတယ်။

Evil Dead Burn (2026)
Evil Dead Burn (2026)

Channel အရင်Joinပါ https://t.me/+0CGXi_NmU3kxNDU1 Link https://t.me/c/2472158618/596

Ghost Island (2025) --------------------- အင်ဒိုနီးရှားရုပ်ရှင်လောကမှာ ခေတ်အဆက်ဆက် နာမည်ကြီးခဲ့တဲ့ "Pulau Hantu" သရဲကျွန်း ရုပ်ရှင် Franchise ကို ခေတ်သစ်ပုံစံနဲ့ Reboot ပြန်လည်ရိုက်ကူးထားတဲ့ အင်ဒိုနီးရှား Supernatural Horror / Mystery ရုပ်ရှင်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အားလပ်ရက်မှာ ပင်လယ်ပြင်ဆီ သင်္ဘောစီးပြီး ပျော်ပျော်ပါးပါး ခရီးထွက်လာခဲ့ကြတဲ့ ဆယ်ကျော်သက် လူငယ်သူငယ်ချင်းတစ်စုအကြောင်းကနေ စတင်ထားပါတယ်။ ဒါပေမဲ့ သူတို့စီးလာတဲ့ သင်္ဘောပေါ်မှာ မထင်မှတ်ထားတဲ့ ဆိုးဝါးလှတဲ့ မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ပြီးနောက်... သူတို့အုပ်စုဟာ မြေပုံပေါ်မှာ လုံးဝမရှိတဲ့၊ ထူးဆန်းလှတဲ့ "ကျွန်းပျက်" တစ်ခုပေါ်ဆီ ရောက်ရှိပြီး သောင်တင်သွားပါတော့တယ်။ သူတို့တစ်တွေ အဲဒီကျွန်းပေါ် ရောက်သွားတဲ့အချိန်ကစပြီး... ထူခြားတဲ့ နည်းလမ်းမျိုးစုံနဲ့ ရက်စက်လှတဲ့ သဘာဝလွန်ဖြစ်ရပ်ကို ရင်ဆိုင်ရပါတော့တယ်။ ကျွန်းရဲ့နောက်ကွယ်ကနေ ထွက်ပေါ်လာတဲ့ အသက်အန္တရာယ် ပေးနိုင်တဲ့ ခြိမ်းခြောက်မှုတွေ၊ သရဲတစ္ဆေတွေရဲ့ ဝိုင်းရံပိတ်ဆို့မှုတွေကြောင့် သူတို့အုပ်စုဟာ တစ်ယောက်ပြီးတစ်ယောက် သွေးပျက်ကာ အခြေအနေတွေ ပိုမိုဆိုးဝါးလာပါတော့တယ်။ နောက်ဆုံးမှာတော့... သူတို့အုပ်စုထဲက သတ္တိရှိပြီး ထက်မြက်လှတဲ့ ဆယ်ကျော်သက် လူငယ်တစ်ယောက်ဟာ... ကျွန်းပေါ်က ကံကြမ္မာဆိုးကနေ လွတ်မြောက်ဖို့နဲ့ သူငယ်ချင်းတွေကို ကယ်တင်ဖို့အတွက် သေမင်းနဲ့ လောင်းကြေးထပ်ပြီး ထွက်ပေါက်ကို ဘယ်လိုမျိုး ရှာဖွေမလဲဆိုတာကို ရိုက်ပြထားပါတယ်။

Island of Death (aka) Ghost Island 2024
Island of Death (aka) Ghost Island 2024

Channel အရင်Joinပါ https://t.me/+0CGXi_NmU3kxNDU1 Link https://t.me/c/2472158618/595

Wild Sing (2026) ******************** IMDb Rating (6.5) မထွက်ခင်ကတည်းက "နီဂါး ဂျိုဝါး" Challenge နဲ့ viral ဖြစ်နေခဲ့တဲ့ ရုံတင်ဟာသကားသစ်ကြီးကို တင်ဆက်ပေးလိုက်ပါပြီနော်။ Main Cast တွေအနေနဲ့ Gang Dong-Won, Um Tae-Goo, Park Ji-Hyun, Oh Jung-Se တို့လို ထိပ်တန်းသရုပ်ဆောင်တွေ ပါဝင်ထားပြီး Shin Ha-Kyun, Kang Ki-Young နဲ့ Gong Myung တို့ကလည်း ဧည့်သည်သရုပ်ဆောင်အဖြစ် အားဖြည့်ပေးထားကြပါတယ်။ - ဇာတ်လမ်းအကျဉ်း - နာမည်ကျော် ကေပေါ့အဖွဲ့ Triangle ရဲ့ အဖွဲ့ဝင်တွေဖြစ်ကြတဲ့ ဟွမ်ဟျွန်းအူ (Gang Dong-Won) ၊ ဂူဆန်းဂူ (Um Tae-Goo) နဲ့ ဗြောင်ဒိုမီ (Park Ji-Hyun) တို့ဟာ အောင်မြင်မှု အထွတ်အထိပ်ကို ရောက်ရှိနေချိန်မှာပဲ သီချင်းခိုးကူးမှု အရှုပ်တော်ပုံကြောင့် အဖွဲ့ပြိုကွဲခဲ့ရပါတယ်။ အလားတူပဲ ၃၈ ပတ်တိုင်တိုင် နံပါတ် ၂ နေရာကို ထိန်းထားနိုင်တဲ့ အဆိုတော် ချွဲဆောင်းဂွန်း (Oh Jung-Se) ဟာဆိုရင်လည်း မူးယစ်ဆေးမှုထဲ ပါဝင်ပတ်သက်မိပြီး နာမည်ပျက်ကာ ပရိသတ်တွေရဲ့ မှတ်ဉာဏ်ထဲကနေ ပျောက်ကွယ်သွားခဲ့ရတဲ့အထိပါပဲ။ အဲဒီလိုနဲ့ နှစ် ၂၀ အကြာမှာ Triangle အဖွဲ့အတွက်ရော ချွဲဆောင်းဂွန်းအတွက်ပါ ဂန်ဝန်ဒိုက ဖျော်ဖြေပွဲတစ်ခုမှာ ပါဝင်ဖျော်ဖြေဖို့ အခွင့်အရေးရလာပါတော့တယ်။ ဖျော်ဖြေပွဲနေရာဆီ ခရီးထွက်လာရင်း လမ်းခုလတ်မှာ မထင်မှတ်တဲ့ မတော်တဆမှုလေးနဲ့ တွေ့ကြုံလိုက်ရတဲ့ Triangle အဖွဲ့လည်း တစ်ချိန်က ပြိုင်ဘက်ဖြစ်တဲ့ ချွဲဆောင်းဂွန်းရဲ့ကားနဲ့ ကားကြုံလိုက်စီးလာရတဲ့အခါမှာတော့... အလွဲလွဲအချော်ချော်တွေကြားကနေ သူတို့လေးဦး ဖျော်ဖြေပွဲနေရာဆီ အချိန်မီ ရောက်ရှိနိုင်ပါ့မလား

Wild Sing (2026)
Wild Sing (2026)