fa
Feedback
Channel U

Channel U

رفتن به کانال در Telegram
852
مشترکین
-124 ساعت
-47 روز
+2230 روز
آرشیو پست ها
Freakier Friday (2025)
Freakier Friday (2025)

Strange Tales of Bangjia Town 2026 သဲထိတ်ရင်ဖိုရုပ်ရှင်တွေပဲ ကြည့်ချင်ပါတယ်ဆိုတဲ့ ရိသတ်တွေအတွက် ရွေးချယ်စရာ ဇာတ်လမ်းအသစ်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့- တရုတ်နိုင်ငံ 1930 နှစ်အစောပိုင်းမှာ ပန့်ကျားမြို့မှာ ခရုနတ်ဘုရားလူသတ်မှုတွေ အကြိမ်ကြိမ် ဖြစ်ပွားနေခဲ့ပါတယ်။ ခရိုင်ရဲဌာနကနေ ကျိဟဲ့ချွမ်းခေါင်းဆောင်တဲ့ အဖွဲ့ကို ပန့်ကျားမြို့ကို စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ စေလွှတ်ခဲ့ပါတယ်။ စုံစမ်းစစ်ဆေးနေချိန်အတွင်းမှာ တစ္ဆေသရဲအကြောင်း အယုံအကြည်မရှိတဲ့ ချိန်ယွဲ့ယောင်ရဲ့အကူအညီကို ရခဲ့ပါတယ်။ သူတို့တွေ စုံစမ်းစစ်ဆေးမှုတွေကတစ်ဆင့် မြို့သူအာရှို့ဆီက သိလိုက်ရတာက လွန်ခဲ့တဲ့ ၇ ရက်က ခရုနတ်ဘုရား ဝင်စားတယ်လို့ သတင်းထွက်နေတဲ့ ချိန်သခင်လေးနဲ့ ဝိညာဉ်မင်္ဂလာပွဲ ကျင်းပမဲ့ သတို့သမီးဖြစ်သူ လုမင်ယွဲ့ ထွက်ပြေးသွားတဲ့အတွက် ခရုနတ်ဘုရားက ဒေါသထွက်ပြီး တကယ်လို့ ၃ ရက်အတွင်း လုမင်ယွဲ့ကို ရှာမတွေ့ရင် ပန့်ကျားမြို့ကို ပြစ်ဒဏ်ပေးမှာဖြစ်ပြီး ပန့်ကျားမြို့မှာ ဘယ်တော့မှ ငြိမ်းချမ်နိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ကျိဟဲ့ချွမ်းနဲ့ ချိန်ယွဲ့ယောင်တို့ဟာ အမှန်တရားကို စုံစမ်းဖို့၊ မြို့သူမြို့သားတွေကို အယူသီးမှုတွေကို မယုံဖို့၊ လုမင်ယွဲ့ကို ကယ်တင်ဖို့ ဘယ်လို အခက်အခဲတွေကို ရင်ဆိုင်ရမလဲ........

Strange Tales of Bangjia Town 2026
Strange Tales of Bangjia Town 2026

Double Occupancy (2026) နှစ်ကိုယ်ခွဲ ကြည့်နေကျ အချစ်ဒရာမာဇာတ်လမ်းတွေလိုမဟုတ်ဘဲ ဇာတ်လမ်းကဆန်းသစ်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ အချစ်ဒရာမာဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဗယ်လီတို့ဖနီးမောင်နှံဟာ ကလေးမရနိုင်ဘဲ ၁၅ နှစ်ကြာမှ ရာဂျီနီ ဆိုတဲ့ ကလေးတစ်ယောက် မွေးဖွားလာပါတယ်။အဲဒီကလေးငယ်မှာ ထူးခြားဆန်းပြားတဲ့ ဘုရားပေးတဲ့ဆု (သို့) မွေးရာပါချို့ယွင်းချက်တစ်ခုကြောင့် သူ့ရဲ့ ခန္ဓာကိုယ်ဟာ တစ်ရက်ကို နှစ်ကိုယ်ခွဲဖြစ်နေရပါတယ်။မနက် ၆:၀၀ နာရီမှ ညနေ ၆:၀၀ နာရီအထိ အမျိုးသမီးအဖြစ် ရှင်သန်ရပြီး DNA သုတေသနကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်ပါတယ်။ ညနေ ၆:၀၀ နာရီမှ မနက် ၆:၀၀ နာရီအထိ အမျိုးသားအဖြစ် ပြောင်းလဲသွားပြီးတော့ ညပိုင်းမှာ Bartender တစ်ဦးအဖြစ် အလုပ်လုပ်ပါတယ်။ခန္ဓာကိုယ်တစ်ခုတည်းကို အချိန်ခွဲပြီး အသုံးပြုနေရပေမဲ့ သူတို့နှစ်ယောက်ရဲ့ စိတ်နေသဘောထား၊ ဝါသနာနဲ့ အိမ်မက်တွေက လုံးဝမတူညီကြပါဘူး။ သူတို့နှစ်ဦးလုံးမှာ ကိုယ်စီအချစ်ဇာတ်လမ်းတွေ ရှိလာတဲ့အခါမှာတော့ လျှို့ဝှက်ချက်တွေကို ဖုံးကွယ်ဖို့ ကြိုးစားရင်း

Double Occupancy(2026) နှစ်ကိုယ်ခွဲ
Double Occupancy(2026) နှစ်ကိုယ်ခွဲ

Ikka(2026) Netflix ကနေ တိုက်ရိုက်ထုတ်လွှင့်ပြသလိုက်တဲ့ ဒီဇာတ်ကားကတော့ နာမည်ကြီးမင်းသားကြီး Sunny Deol နဲ့ Akshaye Khanna တို့ဟာ ၁၉၉၇ ခုနှစ်ကထွက်ခဲ့တဲ့ "Border" ရုပ်ရှင်ပြီးနောက် နှစ်ပေါင်း ၃၀ နီးပါးအကြာမှာ ပထမဆုံးအကြိမ်အဖြစ် ဆုံတွေ့သရုပ်ဆောင်ထားကြပြီးတော့ သရုပ်ဆောင်ကောင်းတွေဖြစ်တဲ့ Dia Mirza နဲ့ Tillotama Shome တို့လည်း ပါဝင်အားဖြည့်ထားကြပါတယ်။ ဇာတ်လမ်းကတော့ ရှေ့နေအာဂျွန် မေဟရာ ဟာ တရားခွင်မှာ တစ်ခါမှမရှုံးဖူးဘဲ အမြဲတမ်းအနိုင်ရလေ့ရှိတာကြောင့် ဥပဒေလောကမှာ ဖဲချပ်ထဲက အေ့စ် (Ace) ကိုအစွဲပြုပြီး "Ikka" လို့ လူသိများတဲ့ နာမည်ကြီး အကျင့်စာရိတ္တဖြောင့်မတ်တဲ့ ရှေ့နေတစ်ဦးဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူဌေးသား အောင်ပွဲခံ လူရှုပ်တစ်ဦးဖြစ်တဲ့ ရှော်ယာမန်း ဂေါ ဟာ အမျိုးသမီးတစ်ဦးကို သ_တ်ဖြတ်ရန် ကြိုးပမ်းမှု နဲ့ ဖမ်းဆီးတရားစွဲဆိုခြင်း ခံရပါတယ်။ အာဂျွန် အနေနဲ့ အပြစ်ရှိမှန်းသိသာနေတဲ့ အဲဒီတရားခံကို ဘယ်လိုမှ ရှေ့နေလိုက်ပေးဖို့ ဆန္ဒမရှိပါဘူး။ ဒါပေမဲ့ အာဂျွန် ရဲ့ သမီးဖြစ်သူ ဆာမိုင်ယာ ဟာ သွေးကင်ဆာ ရောဂါခံစားနေရပြီး အရေးပေါ် ရိုးတွင်းခြင်ဆီအစားထိုးဖို့ လိုအပ်လာပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ သမီးဖြစ်သူရဲ့ အသက်ကို ကယ်တင်နိုင်မယ့် တစ်ဦးတည်းသော ကိုက်ညီတဲ့ ရိုးတွင်းခြင်ဆီအလှူရှင်ဟာ တရားခံ ရှော်ယာမန်း ဂေါ ဖြစ်နေပါတော့တယ်။ မိမိရဲ့ မွန်မြတ်တဲ့ ကျင့်ဝတ်သိက္ခာတွေနဲ့ သမီးဖြစ်သူရဲ့ အသက်ကို ကယ်တင်လိုတဲ့ ဖခင်တစ်ယောက်ရဲ့ မေတ္တာတို့ကြားမှာ အာဂွှန်တစ်ယောက် အကြီးအကျယ် စိတ်ဒွန်တွဲစရာ ဖြစ်လာပါတော့တယ်။ နောက်ဆုံးမှာတော့ သူဟာ သမီးအသက်အတွက် မိမိရဲ့ သိက္ခာကို စတေးပြီး ရှော်ယာမန်း ဂေါ ဘက်ကနေ တရားခွင်မှာ ရှေ့နေလိုက်ပေးဖို့ ဆုံးဖြတ်လိုက်ရပါတော့တယ်။ ဒီလိုနဲ့ တရားလိုအစိုးရရှေ့နေ မာဒူရာ ဘန်နာဂျီ နဲ့ အာဂျွန် တို့ကြားက တရားခွင်အကြိတ်အနယ် ယှဉ်ပြိုင်မှုတွေ၊ စိတ်ပိုင်းဆိုင်ရာ ပဋိပက္ခတွေကို စိတ်လှုပ်ရှားဖွယ် ရှုမြင်ရမှာပဲဖြစ်ပါတယ်။

Ikka(2026)
Ikka(2026)

Kpayကတသစကတမျိုး🙂
Kpayကတသစကတမျိုး🙂

လိုင်းကားပေါ်မှာ ဘာလို့အတွဲတွေများရတာလဲ🙂🙂 ဘေးလာလာရိုနေတာပျော်မနေဘူးနော်😊 (ထီးနဲ့ရိုက်သတ်ချင်စိတ်ဖြစ်ပွား)

BL manhwa ရော Manga free တင်ပေးထားပါတယ် manhwa/mangaဖန်တွေfreeမလို့ဝင်ဖတ်နိုင်ပါတယ်

Repost from N/a
ပထမဆုံး one short အပုဒ်လေးတင်ပေးပြီးပါပြီ အသဲတုန်းတို့ဗျို့! ! https://t.me/KCYAshortmanga/9 Manhwa short channel လေးလည်းရှိတ
+4
ပထမဆုံး one short အပုဒ်လေးတင်ပေးပြီးပါပြီ အသဲတုန်းတို့ဗျို့! ! https://t.me/KCYAshortmanga/9 Manhwa short channel လေးလည်းရှိတာမို့joinထားဖို့မမေ့ကြနဲ့ဗျို့ Manhwa short channel link https://t.me/KCYAManhwashort #A💙🦂

The Furious (2026) +++++++++ ၂၀၂၆ ရဲ့အကောင်းဆုံး အက်ရှင်ကား လာပါပြီ။ ဇာတ်လမ်းက ဝမ်ဝေ (Xie Miao) ဆိုတဲ့ အဖေတစ်ယောက်ရဲ့ သမီးလေးကို လူကုန်ကူးတဲ့ ပြန်ပေးသမားတွေက ဖမ်းသွားရာကနေ စတာပါ။ ဒေသခံ ရဲတွေကလည်း အကျင့်ပျက်ခြစားနေတဲ့သူတွေချည်းပဲ ဆိုတော့ ဘာမှ အားကိုးလို့မရဘူးဖြစ်နေပါတယ်။ အဲဒါနဲ့ သူကိုယ်တိုင်ပဲ သမီးဖြစ်သူကို ပြန်ရှာပြီး ကယ်တင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ လမ်းမှာ နာဗင် (Joe Taslim) ဆိုတဲ့ သတင်းထောက်တစ်ယောက်နဲ့ သွားဆုံပါတယ်။ နာဗင်ရဲ့ မိန်းမကလည်း အဲဒီ လူကုန်ကူးဂိုဏ်းအကြောင်း စုံစမ်းရင်းနဲ့ လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ဆုံးသွားခဲ့တာပါ။ ရည်ရွယ်ချက်တူနေတဲ့ သူတို့နှစ်ယောက် ပူးပေါင်းပြီး ပြန်ပေးသမားတွေနဲ့ လူသတ်ကောင်တွေကို အသေအကြေ လိုက်လံနှိမ်နင်းကြတဲ့ ပုံစံကို ရင်တမမနဲ့ ကြည့်ရမှာပါ။ ဒီကားရဲ့ အဓိက အသက်ကတော့ ဇာတ်လမ်းထက်စာရင် အက်ရှင်အခန်းတွေပါပဲ။ ဒါရိုက်တာ Kenji Tanigaki က အက်ရှင် ကိုရီယိုဂရပ်ဖီ (Action Choreography) တွေကို တကယ့်ကို အမိုက်စား ပုံဖော်ပေးထားပါတယ်။ The Raid လိုမျိုး အကြမ်းစား အက်ရှင်ကားမျိုးဆိုတော့ ကြည့်နေရင်းနဲ့တောင် ကိုယ်ပါ ဝင်ချင်လာလောက်တဲ့အထိ သရုပ်ဆောင်ထားတာ တွေ့ရပါမယ်။ မင်းသားနှစ်ပွင့်ဆိုင် သိုင်းကွက်များ: Joe Taslim (Mortal Kombat ကားထဲက Sub-Zero) နဲ့ တရုတ်သိုင်းမင်းသား Xie Miao တို့ရဲ့ သိုင်းကွက်တွေ၊ ချခန်းတွေက အစအဆုံး မျက်တောင်မခတ်တမ်း ကြည့်ရလောက်အောင်ကို ကောင်းလွန်းပါတယ်။ သူတို့နှစ်ယောက်ရဲ့ မတူညီတဲ့ တိုက်ခိုက်ရေးဟန်တွေ ပေါင်းစပ်သွားတဲ့အခါ ကြည့်ရတာ တကယ့်ကို အားရစရာပါ။ ဇာတ်လမ်းသွားက ခဏလေးတောင် အနားပေးမထားဘဲ မြန်မြန်ဆန်ဆန်နဲ့ ဆွဲခေါ်သွားမှာပါ။ ဇာတ်လမ်းက နည်းနည်း ရိုးရှင်းပေမယ့် အက်ရှင်အခန်းတွေက တစ်ခန်းပြီးတစ်ခန်း မနားတမ်း လာတာမို့ ပျင်းဖို့ အချိန်တောင် ရမှာမဟုတ်ပါဘူး။ လူဆိုးတွေကို အပြတ်ရှင်းတဲ့ အခန်းတွေက အက်ရှင်ပရိသတ်တွေအတွက်တော့ အရသာပါပဲ။ ပြန်ပေးသမားတွေ၊ လူသတ်သမားတွေကို လက်နက်ပေါင်းစုံ၊ တိုက်ကွက်ပေါင်းစုံနဲ့ ရှင်းထုတ်တဲ့ အခန်းတွေဆို လုံးဝ အမိုက်စားပါပဲ။

The Furious (2026)
The Furious (2026)

Black Box (2026) +++++++++++ လေယာဉ်ပေါ်မှာ အဖြစ်အပျက်တွေအကုန်လုံး ဇာတ်အိမ်တည်ထားပြီး ကြည့်နေရင်းနဲ့ ရင်တမမဖြစ်စေမယ့် ဇာတ်ကားမျိုး ကြိုက်တတ်လား။ ဒါဆိုရင်တော့ Black Box (2026) ကိုသာ ကြည့်လိုက်ပါ။ Final Destination 5 နဲ့ Into the Storm တို့ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Steven Quale ရဲ့ နောက်ထပ်လက်ရာကောင်းတစ်ခုပါပဲ။ ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းက New Orleans ကနေ Seattle ကို ပျံသန်းမယ့် Vero Airlines လေကြောင်းလိုင်းက ခရီးစဉ်အမှတ် ၂၉၈ (Flight 298) အကြောင်းပါ။ သာမန်ပြည်တွင်းခရီးစဉ်လေးတစ်ခုကနေ ငရဲခန်းတစ်ခုလို ပြောင်းလဲသွားတာကို မြင်ရမှာပါ။ လေယာဉ်ပေါ်မှာ နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းချက်တွေ ဆက်တိုက်ဖြစ်လာတယ်။ ပြတင်းပေါက်အပြင်ဘက်မှာလည်း ထူးဆန်းတဲ့ အလင်းရောင်တွေ မြင်နေရတယ်။ နောက်ပိုင်းမှာတော့ သာမန်ချို့ယွင်းချက်မဟုတ်ဘဲ သဘာဝလွန် သတ္တဝါတွေ ဒါမှမဟုတ် ဂြိုဟ်သားတွေရဲ့ ခြိမ်းခြောက်မှုဆိုတာ သိလာရတဲ့အခါ ခရီးသည်တွေ အသက်ရှင်ဖို့ ဘယ်လိုရုန်းကန်ကြမလဲဆိုတာ စိတ်ဝင်စားစရာ ကြည့်ရမှာပါ။ အဓိကဇာတ်ကောင် ဂျယ်ရမီ (Jeremy) နေရာမှာ Tom Brittney က သရုပ်ဆောင်ထားပါတယ်။ သူက အစပိုင်းမှာတော့ သာမန်ခရီးသည်တစ်ယောက်ပုံစံပေမယ့် အခြေအနေတွေ ဆိုးရွားလာတဲ့အခါမှာတော့ တော်တော်လေး အားကိုးရတဲ့သူဖြစ်လာတယ်။ သူ့အပြင် လေယာဉ်မယ် အမ်မာ (Emma) နဲ့ လေကြောင်းလုံခြုံရေးအရာရှိ လော်ရင် (Lauren) တို့ကလည်း ဇာတ်လမ်းကို ပိုပြီးအသက်ဝင်အောင် ပံ့ပိုးပေးထားပါတယ်။

Black Box (2026)
Black Box (2026)