uz
Feedback
Channel U

Channel U

Kanalga Telegram’da o‘tish
860
Obunachilar
Ma'lumot yo'q24 soatlar
+57 kunlar
+6630 kunlar
Postlar arxiv
Channel အရင်Joinပါ https://t.me/+0CGXi_NmU3kxNDU1 Link https://t.me/c/2472158618/576

"နော့ ချစ်တဲ့သူတိုင်း... သေရမယ်" ဆိုတဲ့ ချောက်ချားစရာကောင်းတဲ့ ဒီ quote လေးနဲ့ ပရိသတ်တွေ မျှော်လင့်နေကြတဲ့ Pee Nak 5 ထွက်ရှိလာပါပြီနော်။ Pee Nak (ရှင်လောင်းသရဲ) ဇာတ်ကားထုံးစံအတိုင်း သွေးပျက်အောင်ကြောက်စရာကောင်းသလို သေးထွက်အောင် အူတက်ရယ်မောရတဲ့ ဟာသနဲ့ အကြောက်တရားကို အချိုးညီညီ ပေးစွမ်းနိုင်တဲ့ နာမည်ကြီး ထိုင်းသရဲကားစီးရီးဟာ အခု အပိုင်း ၅ အထိရောက်လာပါပြီ။ ရှေ့ကားမှာတုန်းက အငြိုးကြီးလှတဲ့ Nak Tinn သရဲကို အနိုင်ယူနှိမ်နင်းနိုင်ခဲ့ပြီး တစ်နှစ်အကြာမှာတော့ သံသရာလည်နေတဲ့ ကလဲ့စားချေမှု ကျိန်စာတစ်ခု ထပ်ရောက်လာပြန်ပါပြီ။ ဒီတစ်ခါမှာတော့ ကျွန်တော်တိုရဲ့ အချစ်တော်တွေဖြစ်တဲ့ Balloon, First နဲ့ Tho Min Jun တို့ကို Nak သရဲအသစ်က လိုက်လံခြောက်လှန့်ပါတော့တယ်။ အရင်လိုပဲ ပြေးရ၊ လွှားရ၊ အော်ရမယ့် အချိန်မှာ နော့က အချိန်မီရောက်လာပြီး သူတို့ကို ကယ်တင်ပေးခဲ့ပေမယ့် တကယ့်အကျပ်အတည်းက အဲဒီကမှ စတာပါ။ ဒီသရဲအသစ်က နော့ကို တိုက်ရိုက်ရန်မရှာဘဲ နော့ချစ်တဲ့သူ၊ သံယောဇဉ်ရှိတဲ့ သူတိုင်းကို လိုက်သတ်ဖို့ ပစ်မှတ်ထားလာတာကို တွေ့ရပါတယ်။ နော့ တစ်ယောက် သူ့အချစ်ရဆုံးသူတွေကို ဘယ်လိုကာကွယ်မလဲ? Balloon တို့အဖွဲကရော ဒီကြောက်စရာကောင်းတဲ့ သရဲရဲ့ ဇာစ်မြစ်ကို ဘယ်လိုရှာဖွေကြမလဲ ဆိုတာ ရင်တမမနဲ့ ကြည့်ရမယ့်ကားပါ။ Pee Nak စီးရီးတွေရဲ့ ထုံးစံအတိုင်း ရယ်ရ၊ ကြောက်ရနဲ့ အသက်ရှူမှားလောက်အောင် ကောင်းမယ့်ကားဆိုတာ အသေအချာပါပဲ။ ဒီတစ်ခါမှာရော သရဲပဲဘဝကူးမလား အချော် ၃ ယောက်ဦးဆောင်တဲ့ ပေါက်ကရလေးဆယ်အဖွဲ့ပဲ ဘဝပြောင်းမလားဆိုတာ ရှုစားလိုက်ကြပါဦး။

Pee Nak 5
Pee Nak 5

From Series (S1 to S4) ထူးခြားမှုတွေ ကြောက်လန့်မှုတွေကိုမှ ကြိုက်နှစ်သက်တဲ့ သူတွေအတွက် ဇာတ်လမ်းတွဲလေးလာပါပြီ နိုင်ငံအတွင်းမှာ
From Series (S1 to S4) ထူးခြားမှုတွေ ကြောက်လန့်မှုတွေကိုမှ ကြိုက်နှစ်သက်တဲ့ သူတွေအတွက် ဇာတ်လမ်းတွဲလေးလာပါပြီ နိုင်ငံအတွင်းမှာပဲ ခရီးသွားနေရင်းနဲ့ ဒေသမတူ နေရာမတူ လမ်းကြောင်းမတူတဲ့ လူတွေဟာ သစ်တုံးတစ်တုံးလမ်းပိတ်ထားတာနဲ့ ကျီးကန်းအုပ်ကြီးကိုမြင်ပြီး ပြန်လှည့်မောင်းရာကနေတ ဝင်္ကပါထဲကိုရောက်သွားသလိုဖြစ်ပြီး တစ်နေရာတည်းကိုပဲ ပြန်ပြန်ရောက်နေတဲ့ ထူးဆန်းပြီးကြောက်စရာကောင်းတဲ့ မြို့ကြီးတစ်မြို့ထဲကို တဖွဲဖွဲနဲ့ရောက်ရှိလာကြတာပါ အဲဒီမြို့ကြီးကဘယ်လိုထူးဆန်းတာလဲဆိုတော့နေ့ခင်းဘက်ဆိုရင် ပုံမှန်အတိုင်းနေလို့ရပေမယ့် ညပိုင်းမှာဆိုရင်တော့ တောထဲကနေအိမ်တွေကို တံခါးလာလာခေါက်တဲ့ မကောင်းဆိုးဝါးတွေရှိနေတာပါ အဲဒီကောင်တွေကလူယောင်ဖန်ဆင်း လူတွေသဘောကျမယ့်ပုံစံတွေနဲ့ပြောစည်းရုံးပြီး အထဲပေးဝင်ဖို့ တောင်းဆိုတတ်ကြပါတယ် အဲဒါကိုယုံစားဖို့ဖွင့်ပေးလိုက်ရင်တော့ သူတို့ပြုသမျှ နုရတော့တာပါပဲ ရောက်လာတဲ့သူတွေထဲမှာ ရဲမှူးရော သင်းအုပ်ဆရာတော်ရောပါတော့ စုပေါင်းပြီး လက်ဖွဲ့အဆောင်လေးတစ်ခုကိုရှာတွေ့တာနဲ့ တံခါးတွေမှာချိတ်ထားပြီး သူတို့မလာအောင်လို့ ကာကွယ်ပြီးနေကြရတာပါ အဲဒီလိုနဲ့တစ်နေ့မှတော့ နေရာမတူတဲ့နေရကနေ ကာနှစ်စီးရောက်လာပြီး မတော်တဆဖြစ်မှုဖြစ်ပွားခ S1 S2 S3 S4

Welcome to 6lottery🇲🇲🇲🇲 မြန်မာဘာသာပြောင်းနည်း https://t.me/sixlotterybybabe/135?single အကောင့်ဖွင့်နည်း https://t.me/sixl
Welcome to 6lottery🇲🇲🇲🇲 မြန်မာဘာသာပြောင်းနည်း https://t.me/sixlotterybybabe/135?single အကောင့်ဖွင့်နည်း https://t.me/sixlotterybybabe/137?single ငွေသွင်းနည်း https://t.me/sixlotterybybabe/139?single ငွေထုတ်နည်း https://t.me/sixlotterybybabe/141?single ဘဏ်အကောင့်ချိတ်နည်း https://t.me/sixlotterybybabe/143?single

6️⃣🔤🔤🔤🔤🔤🔤🔤 မှာ အကြီး အသေးကို ဇတိုးဇယားသုံးပြီး နေ့စဉ် အမြတ်ငွေ ရှာကြမယ် 💙💙 💸💸 6LOTTERY WinGo အကြီးနဲ့အသေး2ခုထဲက 1ခ
6️⃣🔤🔤🔤🔤🔤🔤🔤 မှာ အကြီး အသေးကို ဇတိုးဇယားသုံးပြီး နေ့စဉ် အမြတ်ငွေ ရှာကြမယ် 💙💙 💸💸 6LOTTERY WinGo အကြီးနဲ့အသေး2ခုထဲက 1ခုကိုရွေးရုံဘဲ နောက်ဆုံး ကိုယ်မှန်းတာ10ကြိမ် လွဲနေခဲ့ရင်တောင်မှတစ်ကြိမ်‌လေး မှန်လိုက်တာနဲ့အရင်းရော အမြတ်ရော တစ်ခါတည်းပြန်ရပြီ☄️☄️ အကောင့်ဖွင့်ကစားရန်👇👇 https://www.6win999.com/#/register?invitationCode=58645589369 ဖိတ်ခေါ်ကုဒ်-58645589369 Pisiphon VPN သုံးပေးပါ Location ကို ဂျာမနီ ထားပေးပါ 1.Vpnခံ 2.Linkထဲဝင် 3.ဖုန်နံပတ်ထည့် 4.passwordထည့်(Aabb1122) အနည်းဆုံး8လုံး abcနဲ့123တွဲထား 5.password ထပ်ထည့်ပါconfirmed 6.မှတ်ပုံတင်မည်(register)ကိုနှိပ် 7.ငွေထုတ်အကောင့်ချိတ်ပေးပါ

Channel အရင်Joinပါ https://t.me/+0CGXi_NmU3kxNDU1 Link https://t.me/c/2472158618/565

IU CONCERT : THE WINNING Part.2 (2025) ******************************************** IMDb Rating (9.0) အဆိုပိုင်းတင်မက သရုပ်ဆောင်ပိုင်းမှာပါ ပရိသတ်ပေါင်းများစွာရဲ့ အချစ်တွေကို ရရှိထားတဲ့ မမလှလှ IU ရဲ့ (၁၀၀) ကြိမ်မြောက် တစ်ကိုယ်တော်ဖျော်ဖြေပွဲလေးဖြစ်တဲ့ "The Winning" က ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီဖျော်ဖြေပွဲလေးဟာဆိုရင်တော့ IU ရဲ့ ပွဲဦးထွက်ပြီးနောက် ပထမဆုံး အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့တဲ့ World Tour ရဲ့ Encore ပွဲစဉ်လေးဖြစ်ပြီး တောင်ကိုးရီးယား တစ်ကိုယ်တော် အမျိုးသမီး အဆိုတော်တွေထဲမှာ ပထမဆုံးအနေနဲ့ Seoul World Cup Stadium မှာ ဖျော်ဖြေနိုင်ခဲ့တဲ့ မှတ်တိုင်ထူစင်မြင့်လေးဆိုလည်း မမှားပါဘူး။ UAENA တို့ရဲ့ ဟိန်းထွက်နေတဲ့ လက်ခုပ်သံတွေ၊ အားပေးဟစ်အော်သံတွေနဲ့အတူ ခမ်းနားထည်ဝါတဲ့ ဖျော်ဖြေမှုမြင်ကွင်းတွေကို ရှုစားရင်း IU ရဲ့ နာမည်ကြီးသီချင်းတွေကို ပြန်လည် ခံစားနားဆင်နိုင်ဖို့အတွက် အခုပဲ လက်မလွတ်တမ်း ကြည့်ရှုလိုက်ကြပါတော့နော်

IU CONCERT : THE WINNING Part.2 (2025)
IU CONCERT : THE WINNING Part.2 (2025)

Channel အရင်Joinပါ https://t.me/+0CGXi_NmU3kxNDU1 Link https://t.me/c/2472158618/564

IU CONCERT : THE WINNING Part.1 (2025) ******************************************** IMDb Rating (9.0) အဆိုပိုင်းတင်မက သရုပ်ဆောင်ပိုင်းမှာပါ ပရိသတ်ပေါင်းများစွာရဲ့ အချစ်တွေကို ရရှိထားတဲ့ မမလှလှ IU ရဲ့ (၁၀၀) ကြိမ်မြောက် တစ်ကိုယ်တော်ဖျော်ဖြေပွဲလေးဖြစ်တဲ့ "The Winning" က ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီဖျော်ဖြေပွဲလေးဟာဆိုရင်တော့ IU ရဲ့ ပွဲဦးထွက်ပြီးနောက် ပထမဆုံး အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့တဲ့ World Tour ရဲ့ Encore ပွဲစဉ်လေးဖြစ်ပြီး တောင်ကိုးရီးယား တစ်ကိုယ်တော် အမျိုးသမီး အဆိုတော်တွေထဲမှာ ပထမဆုံးအနေနဲ့ Seoul World Cup Stadium မှာ ဖျော်ဖြေနိုင်ခဲ့တဲ့ မှတ်တိုင်ထူစင်မြင့်လေးဆိုလည်း မမှားပါဘူး။ UAENA တို့ရဲ့ ဟိန်းထွက်နေတဲ့ လက်ခုပ်သံတွေ၊ အားပေးဟစ်အော်သံတွေနဲ့အတူ ခမ်းနားထည်ဝါတဲ့ ဖျော်ဖြေမှုမြင်ကွင်းတွေကို ရှုစားရင်း IU ရဲ့ နာမည်ကြီးသီချင်းတွေကို ပြန်လည် ခံစားနားဆင်နိုင်ဖို့အတွက် အခုပဲ လက်မလွတ်တမ်း ကြည့်ရှုလိုက်ကြပါတော့နော်။

IU CONCERT : THE WINNING Part.1 (2025)
IU CONCERT : THE WINNING Part.1 (2025)

Channel အရင်Joinပါ https://t.me/+0CGXi_NmU3kxNDU1 Link https://t.me/c/2472158618/563

The Sheep Detectives (2026) IMDb Rating (7.6) / Rotten Tomatoes (96%) မင်းသားကြီး Hugh Jackman ရဲ့ ဒီကားလေးကတော့ မိသားစုနဲ့အတူ ပေါ့ပေါ့ပါးပါး ကြည့်လို့ကောင်းမယ့် ဟာသနဲ့ လျှို့ဝှက်ဆန်းကြယ် စုံထောက်ကားလေးပါ။ Leonie Swann ရဲ့ နာမည်ကြီးဝတ္ထု "Three Bags Full" ကို အခြေခံပြီး ဒါရိုက်တာ Kyle Balda က ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ဂျော့ချ်ဆိုတဲ့ သိုးကျောင်းသားကြီးဟာ ညတိုင်း သူ့ရဲ့ချစ်လှစွာသော သိုးလေးတွေကို စုံထောက်ဝတ္ထုတွေ ဖတ်ပြလေ့ရှိပါတယ်။ သိုးတွေဆိုတော့ နားလည်မှာမဟုတ်ပါဘူးလေ ဆိုပြီး ဖတ်ပြနေပေမယ့် တစ်နေ့ကျတော့ ခြံထဲမှာ ဂျော့ချ် အသတ်ခံလိုက်ရတဲ့အခါ ဇာတ်လမ်းစပါတော့တယ်။ သိုးလေးတွေက သူတို့သခင်ကို သတ်သွားတဲ့ လူသတ်သမားကို ရှာဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ ညတိုင်း နားထောင်ခဲ့ရတဲ့ စုံထောက်ဝတ္ထုတွေထဲက အသိပညာတွေနဲ့ သိုးလေးတွေဟာ သဲလွန်စတွေရှာ၊ မသင်္ကာစရာ လူတွေကို စုံစမ်းရင်း တကယ့် စုံထောက်တွေလို အမှုလိုက်ကြပါတော့တယ်။ လူတွေ မထင်မှတ်ထားတဲ့ သိုးလေးတွေရဲ့ ဉာဏ်ရည်နဲ့ အမှုအခင်းကို ဘယ်လို စုံစမ်းဖော်ထုတ်မလဲဆိုတာကို ရယ်မောစရာလေးတွေနဲ့ ကြည့်ရမှာပါ။ Hugh Jackman က ဂျော့ချ်နေရာကနေ ပါဝင်ထားပြီး သိုးလေးတွေရဲ့ အသံတွေနေရာမှာတော့ Julia Louis-Dreyfus, Bryan Cranston, Emma Thompson, Patrick Stewart နဲ့ Bella Ramsey တို့လို နာမည်ကြီး သရုပ်ဆောင်တွေ အများကြီး ပါဝင်အားဖြည့်ထားပါတယ်။ CGI သိုးလေးတွေရဲ့ အမူအရာတွေကလည်း အရမ်းချစ်စရာကောင်းသလို၊ ဟာသလေးတွေနဲ့မို့ အပျင်းပြေကြည့်ဖို့ အရမ်းကောင်းတဲ့ ကားလေးတစ်ကားလို့ ညွှန်းပါရစေ

The Sheep Detectives (2026)
The Sheep Detectives (2026)

ဂိုးလ်ဒင်းလိဖ် တောအုပ်ဆိုတာ သရဲခြောက်တတ်တာ၊ ထူးခြားတဲ့ အသံတွေကြားရတတ်တာ၊ ဘာမှန်းမသိတဲ့ အရာတွေနဲ့ကောက်ပေါက်တတ်တာ အစရှိတဲ့ နာမည်ဆိုးတွေနဲ့ကျော်ကြားတဲ့ အပြင်တောအုပ်ထဲကို ဝင်ရောက်လာသူတွေ အစအနမကျန်ပျောက်ဆုံးသွားတတ်တဲ့ ဒဏ္ဍာရီတွေလည်းရှိပါတယ်။ အဲ့ဒီသတင်းတွေကြားကြားရက်နဲ့ ဆမ်တို့သူငယ်ချင်းတစ်စု၊ စုံတွဲနှစ်တွဲဟာ အပန်းဖြေခရီးထွက် စခန်းချဖို့ရောက်လာခဲ့ကြပါတယ်။ သူတို့နဲ့တစ်ပြိုင်တည်း ရောက်နေခဲ့တဲ့ Youtuber နှစ်ယောက် အမျိုးအမည်မသိတဲ့တစ်စုံတစ်ရာနဲ့ရင်ဆိုင်တိုးပြီး အသက်ဆုံးခဲ့ရပြီး မကြာခင်မှာပဲ သူတို့အုပ်စုလည်း တစ်ယောက်ချင်းစီအမှည့်ချွေခံရဖို့ အလှည့်ရောက်လာပါတော့တယ်။

Bigfoot Primal Fear (2026)
Bigfoot Primal Fear (2026)

Channel အရင်Joinပါ https://t.me/+0CGXi_NmU3kxNDU1 Link https://t.me/c/2472158618/561

၂၀၂၆ ခုနှစ် ဇန်နဝါရီလက ထိုင်းနိုင်ငံမှာ ရုံတင်ပြသခဲ့တဲ့ "กิ่งแก้ว" (Kingkaew) ရုပ်ရှင်ကားကတော့ ထိုင်းနိုင်ငံရဲ့သမိုင်းမှာ ဒုတိယမြောက် သေဒဏ်ပေးခြင်းခံခဲ့ရတဲ့ အမျိုးသမီးအကျဉ်းသား "ကင်ကဲယောက်"ရဲ့ ဖြစ်ရပ်မှန်အပေါ် အခြေခံပြီး ရိုက်ကူးထားတာပဲဖြစ်ပါတယ် ​​၁၉၇၈ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ အသက် ၆ နှစ်အရွယ် ကလေးတစ်ဦးကို ပြန်ပေးဆွဲပြီး လူသတ်ခဲ့တဲ့ တုန်လှုပ်ခြောက်ခြားဖွယ်ရာ အမှုတစ်ခုဖြစ်ပွားခဲ့ပါတယ် ကင်ကဲယောက်ဟာ သူချစ်ရတဲ့သူ "ဟင်းမ်"က သူ့ကို အသည်းခွဲခဲ့လို့ စိတ်ပိုင်းဆိုင်ရာ ခံစားနေရတဲ့ အမျိုးသမီးတစ်ဦးဖြစ်ပြီး အဲဒီအမှုမှာ ပါဝင်ပတ်သက်နေတယ်လို့ စွပ်စွဲခံထားရပါတယ် ကင်ကဲယောက်က သူ မလုပ်ရကြောင်း အကြိမ်ကြိမ် ငြင်းဆိုခဲ့ပေမဲ့ ခိုင်လုံတဲ့ သက်​သေအထောက်အထား​တွေကြောင့် တရားရုံးက သူ့ကို သေဒဏ် အမိန့်ချမှတ်ခဲ့ပါတယ် ​သူ့ကို ကွပ်မျက်တဲ့နေ့မှာ ပိုတုန်လှုပ်ဖွယ်ရာ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါသေးတယ် သေနတ်နဲ့ အချက်ပေါင်းများစွာ ပစ်ခတ်ကွပ်မျက်ပြီးနောက်မှာ သေပြီအထင်နဲ့ ရင်ခွဲရုံကို ပိုဆောင်တဲ့အချိန် သူက မသေသေးဘဲ ရုန်းကန်ငိုယိုနေခဲ့လို့ ဒုတိယအကြိမ် ထပ်မံပစ်ခတ်ပြီးမှ သေဆုံးသွားခဲ့ရတာပါ ​သူ သေဆုံးသွားပြီးနောက်မှာတော့ အကျဉ်းထောင်အတွင်းနဲ့ အဲဒီအမှုမှာ ပတ်သက်ခဲ့သူတွေဆီမှာ ထိတ်လန့်စရာ ဝိညာဉ်ခြောက်လှန့်မှုတွေနဲ့ နာကျင်စွာ အော်ဟစ်ငိုကြွေးသံတွေ ဆက်တိုက်ထွက်ပေါ်လာပြီး မာယာထောင်ချောက်ကြီးတစ်ခုလို အသက်အန္တရာယ်ပြု ခြောက်လှန့်လာခဲ့ပါတော့တယ် သေဆုံးခြင်းနောက်ကွယ်က အမှန်တရားနဲ့ သေဆုံးပြီး တစ်ဖန်ပြန်လာတဲ့ ဝိဉာဥ်ရဲ့ အငြှိုးအာဃာတစိတ်တွေကြားမှာ ဘယ်လို တုန်လှုပ်ခြောက်ခြားရမလဲဆိုတာ.... ဇာတ်လမ်းတစ်လျှောက်လုံး အသက်ရှူဖို့တောင် မေ့သွားရလောက်အောင် ရင်တထိတ်ထိတ်နဲ့ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ

King Kaew (2026)
King Kaew (2026)