╰┈⫸𝑮𝒆𝒏𝒆𝒓𝒂𝒍 𝑲𝒏𝒐𝒘𝒍𝒆𝒅𝒈𝒆 𝑭𝒐𝒓 𝑺tudents⫷┈┈╯
Open in Telegram
ဒီနေရာလေးကနေ ဗဟုသုတ တစ်စုံတရာ ရရှိနိုင်ကြပါစေ baby တို့ ကိုယ့်အရည်အသွေးကို အမြဲသွေးပြီး စိတ်ထားမြင့်မြတ်တဲ့ လူတော်လူကောင်းလေးတွေ ဖြစ်လာဖို့ ကြိုးစားကြရအောင် နော 🍀🍀🍀
Show more1 221
Subscribers
-324 hours
+57 days
+4830 days
Posts Archive
ကာလတက္ကသိုလ်များ၏ တက္ကသိုလ်ဝင်ခွင့် (စတုတ္ထအကြိမ်) (ဇန်နဝါရီလ ၂၀၂၆ ခုနှစ်) တွင် ပါဝင်၍ တက္ကသိုလ်ဝင်ခွင့်ခေါ်ယူနေသည့် တက္ကသိုလ်များ၏ ဆက်သွယ်ရန် လိပ်စာများ
🏛 မြန်မာ့နွေဦးတက္ကသိုလ် [ Myanmar Nway-Oo University (MNOU) ]
Website - https://www.mnou.university
Facebook Page - https://www.facebook.com/mnou2022
Student Affairs Page - https://www.facebook.com/mnoustuaffairsdivision
Telegram Channel - https://t.me/mmnway_oouni
YouTube Channel - https://youtube.com/@myanmarnway-oouniversity
Email (1) - mnou.stuaffairs@mnou.moeedu.org
Email (2) - mnouict@mnou.moeedu.org
/*/*/
🏛 နွေဦးဆရာအတတ်ပညာတက္ကသိုလ် [ Spring Normal University, SNU ]
Facebook Page - https://www.facebook.com/springnormaluniversity
Website - https://www.springnormaluniversity.org/
Telegram - https://t.me/+4pOHxwTQx_Q0MjRl
Email - admin@snuedu.org
/*/*/
🏛 သင်ကြားရေးအတတ်ပညာတက္ကသိုလ် [ University of Teaching (UoT) ]
Facebook Page - https://www.facebook.com/profile.php?id=100076109247802&mibextid=ZbWKwL
Telegram - https://t.me/+iz-vCrTZftFlNzFl
Email - universityofteaching.uotoffice@gmail.com
/*/*/
🏛 နည်းပညာနှင့်နှီးနွှယ် ယာယီတက္ကသိုလ်ကောင်စီများကွန်ရက်
-Facebook Page - https://www.facebook.com/TUNetworkOfficial
- Email address - tunetwork@moemyanmar.org
- Telegram Channel - https://t.me/TUNetworkOfficial
🏛 သန်လျင်နည်းပညာတက္ကသိုလ်
- Email address - uc.ttu@he.moeedu.org
🏛 မုံရွာနည်းပညာတက္ကသိုလ်
- Facebook Page - https://www.facebook.com/TUMONYWACOUNCIL
- Email address - tumonywacouncil@he.moeedu.org
🏛 နည်းပညာတက္ကသိုလ် (စစ်ကိုင်း)
- Email address - tusagaing_uic@he.moeedu.org
🏛 မော်လမြိုင်နည်းပညာတက္ကသိုလ်
- Facebook Page - https://www.facebook.com/uiactumlm
- Email address - office.mawlamyinetu-uic@he.moeedu.org
/*/*/
🏛 National University of Computer Studies [ NUCS]
- Website : https://nucs-edu.org/
- Facebook: https://www.facebook.com/share/12JgYYh2JBz/
- Email : studentaffairs@nucs-edu.org , ucs.iboe@he.moeedu.org
- Telegram channel (1)- https://t.me/ucs_iboe
- Telegram channel (2) Q&A - https://t.me/ucs_iboe_qa
/*/*/
🏛 သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် (ရေဆင်း) [ University of Forestry and Environmental Science (UFES), Yezin ]
- Website - https://ufes.nugmyanmar.org/
- Facebook Page - https://www.facebook.com/council.ufes
- Telegram Channel - https://t.me/ufesiucprchannel
/*/*/
🏛 တိုင်းရင်းဆေးတက္ကသိုလ် [ University of Traditional Medicine ]
Email Address >> interimunicouncil.utm@gmail.com
Telegram Channel - https://t.me/utm_infochannel
/*/*/
🏛 ဆေးတက္ကသိုလ် (၁) ရန်ကုန်၊ ယာယီတက္ကသိုလ်ကောင်စီ [ UM1 IUC ]
- Webpage - https://um1yangon.org/
- Facebook Page - https://www.facebook.com/um1iuc/
- Email Address - contact@um1yangon.org
- UM1 IUC Telegram Channel - https://t.me/um1iuc
- UM1IUC : University Entrance information Telegram Channel - https://t.me/um1iuc_unient_info
/*/*/
🏛 ဆေးတက္ကသိုလ်(မန္တလေး)၊ ယာယီတက္ကသိုလ်ကောင်စီ [ UMM IUC ]
- Webpage - https://ummdy.org/
- Facebook Page - https://www.facebook.com/ummuniversitycouncil
- Email Address - office@ummuniversitycouncil.org, onlinecampus.umm@gmail.com
- Telegram - https://t.me/ummiucoffice
/*/*/
🏛 ဆေးတက္ကသိုလ်-၂ ရန်ကုန်၊ ယာယီတက္ကသိုလ်ကောင်စီ [ UM2 IUC ]
- Webpage - https://um2campus.com
- Facebook Page - https://www.facebook.com/UM2IUC
- Email Address - um2iucoffice@gmail.com, contactum2iuc@protonmail.ch
- Telegram - https://t.me/UM2IUC
/*/*/
🏛 ဆေးတက္ကသိုလ် (တောင်ကြီး)၊ ယာယီတက္ကသိုလ်ကောင်စီ [ UMTGI IUC ]
- Facebook Page - https://www.facebook.com/profile.php?id=100068817230119
- Email Address - umtgieducationteam22222@gmail.com
- Telegram - https://t.me/+BBhIcMCRshIwNWRl
/*/*/
🏛 သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များ ၊ ယာယီတက္ကသိုလ်ကောင်စီ
- Email Address - iuc.udmmyanmar@gmail.com, mrcoder333@gmail.com
- Telegram Channel - https://t.me/iucUDM
/*/*/
🏛 ယာယီတက္ကသိုလ်ကောင်စီ ၊ သူနာပြုတက္ကသိုလ် - မန္တလေး (Interim University Council of University of Nursing, Mandalay )
- Facebook Page - https://www.facebook.com/IUCUONMandalay?mibextid=ZbWKwL
- Email Address - unmiuc2023entrance@gmail.com
Repost from Myanmar Basic Education Home
🚨 🚨 လုံခြုံရေးအထူးဂရုပြုကြပါရန် ထပ်မံကြေညာအသိပေးနှိုးဆော်ခြင်း
🔥 BECA နှင့်စပ်လျဥ်း၍ Social Media Platform အမျိုးမျိုးတွင် BECA ပုံစံအတိုင်း Offline လေ့ကျင့်နိုင်မည့် G12 Offline App ဟုဆိုကာ BECA ဖြေဆိုမည့် ကျောင်းသားများအား ငွေကြေးဖြင့် ရောင်းချနေခြင်း ၊ Kpay, Wave Pay များဖြင့် အခကြေးငွေပေးသွင်းစေခြင်းများ ပြုလုပ်နေကြောင်း တွေ့ရှိနေပါသဖြင့် မိမိတို့၏ Bank Account များမှတစ်ဆင့် နောက်ယောင်ခံလိုက်၍ မိမိတို့၏ နေထိုင်မှုဘဝ လုံခြုံရေးများ အကြီးအကျယ် ထိခိုက်နိုင်ပါသဖြင့် အထူးသတိပြုကြပါရန် အထူးထပ်မံ နှိုးဆော်အပ်ပါသည်။
🎯 BECA ဆက်စပ်အမည်များဖြင့် သတင်းအချက်အလက်နှင့် အကူအညီရယူလိုပါက၊ စာအုပ်များမှာယူလိုပါက ၎င်းတို့ထံသို့ ဆက်သွယ်နိုင်ကြောင်း စသည့် ကမ်းလှမ်းမှုများ ၊ Fake Account, Fake Page, Fake Channel များဖြင့် အမျိုးမျိုးဖြားယောင်းသွေးဆောင်နေခြင်းများကို တွေ့ရှိနေရပါ၍ ပူးတွဲဖော်ပြပါ Facebook Page များနှင့် Telegram Channel များမှ လွဲ၍ အခြားမည်သည့် Page များ ၊ Account များ ၊ Channel များမျှ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနနှင့် (လုံးဝ) (လုံးဝ) ဆက်စပ်သက်ဆိုင်ခြင်း မရှိပါကြောင်း ထပ်မံအသိပေးကြေညာအပ်ပါသည်။
⭐RNA ကဗျာ ⭐
ဆဲလ်ထဲမှာ၊ သူရှိနေ၊
RNA ဟု၊ ခေါ်တွင်စေ။
DNA မှ၊ ကူးယူကာ၊ အချက်အလက်ကိုသယ်ဆောင်ပါ။
တစ်ထပ်ကြိုးလို၊ ပုံသဏ္ဌာန်၊ ထူးခြားစွာဖြင့်၊ ပေါ်လွင်ပြန်။
Uracil ပါ၊ Thymine နေရာ၊ RNA ရဲ့၊ ထူးခြားတာ။
ပရိုတင်းဓာတ်၊ ဖန်တီးရာ၊ လုပ်ငန်းများစွာ၊ ကူညီရှာ။
အသက်ရှင်သန်၊ တည်တံ့ဖို့၊ သူပါမှလျှင်၊ လုပ်နိုင်လို့။
မျိုးရိုးဗီဇ၊ ဖော်ထုတ်ရာ၊ အရေးပါလှ၊ သိပ္ပံမှာ။
RNA သည်၊ လျှို့ဝှက်ဆန်း၊ လေ့လာစရာ၊ အံ့မခန်း။
RNAရဲ့ ၊သုံးမျိုးက
အလုပ်အမျိုးမျိုး လုပ်ပေးကြ။
mRNA က၊ သတင်းသယ်၊ DNA မှ၊ ကူးယူတယ်။
ပရိုတင်းလုပ်ဖို့၊ လမ်းညွှန်ချက်၊
Ribosome ဆီ၊ သယ်ပို့လျက်။
tRNA ဆို၊ ပို့ဆောင်သူ၊
အမိုင်နိုအက်ဆစ်၊ သူကယူ။
ပရိုတင်းကြိုးဆက်၊တည်ဆောက်ဖို့၊
မှန်ကန်ရာဆီ၊ သူတင်ပို့။
rRNA လည်း၊ အရေးပါ၊ Ribosome ရဲ့၊ အပိုင်းပါ။
ပရိုတင်းဖွဲ့စည်း၊ စက်ရုံက၊
ဆဲလ်ထဲမှာပင်၊ ရှိနေကြ။
🧬🧬🧬DNA ကဗျာ 🧬🧬🧬
ကောင်းကင်ပြာကြီး၊
ကြယ်စုံစီ၊
အသက်ဇီဝ၊
လျှို့ဝှက်သည်။
DNA ဟု၊
ခေါ်တွင်မှတ်၊
မျိုးရိုးဗီဇ၊
ကုဒ်နံပါတ်။
လှေကားထစ်လို၊
လိမ်ရစ်သွယ်၊
ပုံပန်းလှပ၊
နှစ်ထပ်ကယ်။
A, T, G, C၊
လေးမျိုးစုံ၊
စီရီပေါင်းစပ်၊
ညီညာပုံ။
မျိုးဆက်သစ်ဆီ၊ လက်ဆင့်ကမ်း၊
မိဘအသွင်၊
ပုံတူဖမ်း။
ခန္ဓာကိုယ်ရဲ့၊
တည်ဆောက်ရေး၊
အရောင်အဆင်း၊
လှပပေး။
ရောဂါဘယ၊
ခုခံရန်၊
သူကပင်လျှင်၊
စေစားပြန်။
သိပ္ပံပညာ၊
ထွန်းကားဆဲ၊
လျှို့ဝှက်နက်နဲ၊
ဖော်ထုတ်ပွဲ။
ကမ္ဘာမြေပေါ်၊
သက်ရှိတွေ၊
DNA ကြောင့်၊
အသက်ရှည်။
အံ့ဩဖွယ်ရာ၊
သဘာဝ၊
သင်ယူလေ့လာ၊
ကဗျာမှ။
လက်တွေ့အသုံးချ ကိုယ်ခံပညာ
အပိုင်း ၁၀ပိုင်း တင်ပြီးပါပြီ။
အန္တရာယ်များလွန်းတဲ့ခေတ်ကြီးမှာ မိမိကိုယ်မိမိ ကာကွယ်နိုင်ကြပါစေ။
တပည့်တွေ ဆရာမ ဖြစ်လာသောအခါ👆🏻👆🏻👆🏻👆🏻👆🏻
Me 👉🏻 တော်တို့လုပ်ခဲ့တဲ့ အကွက်တွေလေ ပြန်လွမ်းသွားတာလား 😎😒🤪
Repost from Calm Vibe With Us
👩🏻🏫 စာသင်သက် offline ဆယ်စုနှစ်ခုကျော် ရှိတဲ့ ဝါရင့် ဆရာမကြီးများ .....
🙆 GED Online 3years ဆရာမကြီးများ သေချာကြပ်မတ်သင်ကြားပေးနေသော Calm vibe with us ❤️🤍🩷
ဒီနေရာလေးမှာ 👉👉👉
⏳ Pre GED (Foundation)/ GED Preparation Science /
Revision + Intensive Classes
⌛Pre GED (Foundation)/ GED Preparation Math /
Revision + Intensive Classes
⏳Pre GED (Foundation)/ GED Preparation RLA /
Revision + Intensive Classes
⌛Pre GED (Foundation)/ GED Preparation Social Studies /
Revision + Intensive Classes
ဘာသာရပ်များကို
One On One (or ) Group Class များအပ်လို့ ရပါတယ်ရှင့်။
#အချိန် ညှိပေးပါသည်။# တစ်ဦးတည်းဖြစ်နေပြီး Group Class နဲ့ သင်ချင်ပါကလည်း စီစဉ်ဆောင်ရွက်ပေးပါတယ်။ ။ 🤍ဖေဖေမေမေတို့ လူလေးတို့ အငယ်လေးတို့ဘက်က ရွေးချယ်ရန်သာ လိုတော့သည်။ ။ ⏩⏩To Connect ⏪⏪ ✍️Tg acc @florawhiterose ✍️
Repost from Calm Vibe With Us
စာကလေးတွေ အမြစ်ဖြုတ်ခဲ့လို့ ဒုက္ခအကြီးအကျယ်ရောက်ခဲ့တဲ့နိုင်ငံ
၁၉၅၈ ခုနှစ်မှာ တရုတ်ခေါင်းဆောင်ကြီး မော်စီတုန်း က နိုင်ငံကို ခေတ်မီတိုးတက်စေဖို့ Great Leap Forward (ရှေ့သို့ ခုန်ပျံကျော်လွှားခြင်း) လှုပ်ရှားမှုကြီးကို စတင်ခဲ့ပါတယ်။
အဲဒီလှုပ်ရှားမှုရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ တစ်နိုင်ငံလုံးက ပြည်သူတွေကို စည်းရုံးပြီး စစ်ဆင်ရေးကြီးတစ်ခု လုပ်ဆောင်ခဲ့ပါတယ်။
အဲဒါကတော့ ပိုးမွှားလေးမျိုး နှိမ်နင်းရေး စီမံကိန်း (The Four Pests Campaign) ပဲ ဖြစ်ပါတယ်။
ရည်ရွယ်ချက်ကတော့ ရောဂါဘယ ကင်းရှင်းရေးနဲ့ စိုက်ပျိုးရေး ထွက်ကုန်တိုးမြှင့်ရေးပါပဲ။
ဒါပေမဲ့ မမျှော်လင့်ထားတဲ့ ရလဒ်ကတော့ လူသန်းပေါင်းများစွာ သေဆုံးစေခဲ့တဲ့ ဂေဟစနစ် ပျက်စီးခြင်း ကြီး ဖြစ်လာခဲ့ပါတယ်။
အစိုးရက သတ်မှတ်လိုက်တဲ့ ရန်သူ ၄ မျိုးကတော့ ခြင်(ငှက်ဖျားရောဂါ ကာကွယ်ရန်) ၊ ကြွက် ( ပလိပ်ရောဂါ ကာကွယ်ရန်) ၊ ယင်ကောင် (တကိုယ်ရေသန့်ရှင်းမှုအတွက်) ၊ စာကလေး (စိုက်ခင်းထဲက စပါးစေ့တွေနဲ့ သစ်သီးတွေကို စားသောက်ဖျက်ဆီးလို့ စိုက်ပျိုးရေး ရန်သူ) တို့ ဖြစ်ပါတယ်။
ခြင်၊ ယင်၊ ကြွက် နှိမ်နင်းတာ ပြဿနာမရှိပေမယ့် စာကလေး တွေကို နှိမ်နင်းတဲ့ နည်းလမ်းကတော့ ရက်စက်ပြီး ထူးဆန်းလွန်းလှပါတယ်။
ပြည်သူတွေ၊ ကျောင်းသားတွေဟာ ဒယ်အိုးတွေ၊ ခွက်တွေ၊ လင်ပန်းတွေကို တီးခတ်ပြီး ဆူညံသံတွေ လုပ်ကြပါတယ်။ စာကလေးတွေဟာ အသံကြောင့် လန့်ပြီး ဘယ်သစ်ပင်မှာမှ မနားရဲဘဲ ကောင်းကင်ပေါ်မှာပဲ ပျံသန်းနေရပါတယ်။ နောက်ဆုံးမှာ မောပန်းနွမ်းနယ်ပြီး အားကုန်ကာ မြေကြီးပေါ် ပြုတ်ကျသေဆုံးကုန်ကြပါတယ်။
စာကလေးအသေကောင် အများဆုံးကောက်နိုင်တဲ့သူ၊ ကြွက်မြီးအများဆုံး ဖြတ်လာနိုင်တဲ့သူတွေကို ကျောင်းတွေ၊ ရုံးတွေမှာ ဆုချီးမြှင့်ပါတယ်။
စာကလေး အသိုက်တွေကို ဖျက်ဆီးတယ်၊ ဥတွေကို ခွဲပစ်တယ်၊ အကောင်ပေါက်လေးတွေကို _တျ ပစ်ကြပါတယ်။
၁၉၆၀ ပြည့်နှစ်အရောက်မှာတော့ တရုတ်ပြည်မှာ စာကလေးမျိုးသုဉ်းလုနီးပါး ဖြစ်သွားပါတယ်။
ဒါပေမဲ့အစိုးရအဖွဲ့ လုံးဝ တွက်မထားမိတဲ့ အချက်တစ်ခု ရှိပါတယ်။
စာကလေးတွေက စပါးစေ့ကို စားတာမှန်ပေမယ့် သူတို့ရဲ့ အဓိက အစာက စိုက်ခင်းဖျက်ပိုးမွှားတွေ ဖြစ်တဲ့ ကျိုင်းကောင် တွေ ဖြစ်နေတာပါပဲ။
စာကလေးတွေ မရှိတော့တဲ့အခါ ဂေဟစနစ် ဟန်ချက်ပျက်သွားပါတယ်။
ကျိုင်းကောင်တွေနဲ့ ပိုးမွှားတွေဟာ ထိန်းချုပ်မယ့်သူမရှိတော့ဘဲ အဆမတန် ပေါက်ဖွားလာပါတယ်။
ရလဒ်ကတော့ စာကလေးတွေ စားတာထက် ပိုများပြားတဲ့ စပါးခင်းတွေကို ကျိုင်းကောင်တပ်ကြီးက ဖျက်ဆီးဝါးမျိုပစ်လိုက်ပါတော့တယ်။
ဒီဂေဟစနစ် ပျက်ယွင်းမှု၊ မိုးလေဝသဆိုးရွားမှုနဲ့ အစိုးရရဲ့ လွဲမှားတဲ့ စိုက်ပျိုးရေးမူဝါဒတွေ ပေါင်းစပ်လိုက်တဲ့အခါမှာတော့ တရုတ်ပြည်မှာ သမိုင်းတွင်မယ့် ငတ်မွတ်ခေါင်းပါးမှု ကပ်ဘေးကြီး ဆိုက်ရောက်လာပါတယ်။
၁၉၅၉ ကနေ ၁၉၆၁ ခုနှစ်အတွင်း လူပေါင်း ၁၅ သန်း မှ ၅၅ သန်း အထိ အစာရေစာပြတ်လပ်ပြီး သေဆုံးခဲ့ရပါတယ်။
၁၉၆၀ ခုနှစ်၊ ဧပြီလမှာတော့ ငှက်ပညာရှင်တွေရဲ့ အကြံပေးချက်ကြောင့် ဥက္ကဌကြီးမော် ဟာ စာကလေး _တျ ပွဲ ကို ရပ်တန့်ဖို့ အမိန့်ပေးခဲ့ရပါတယ်။
ပိုးမွှားလေးမျိုး စာရင်းထဲကနေ စာကလေးကို ဖယ်ရှားပြီး ကြမ်းပိုး နဲ့ အစားထိုးလိုက်ပါတယ်။
ပျက်စီးသွားတဲ့ ဂေဟစနစ်ကို ပြန်လည်ကယ်တင်ဖို့အတွက် တရုတ်နိုင်ငံဟာ သူတို့ရဲ့ မဟာမိတ် ဆိုဗီယက်ယူနီယံဆီကနေ စာကလေးကောင်ရေ ၂၅၀,၀၀၀ ခန့်ကို ပြန်လည် တင်သွင်းခဲ့ရပါတယ်။
Four Pests Campaign ဟာ လူသားတွေအနေနဲ့ ဂေဟစနစ်တစ်ခုလုံးကို ဝင်ရောက်စွက်ဖက်တဲ့အခါ ဘယ်လောက်ကြောက်စရာကောင်းတဲ့ အကျိုးဆက်တွေ ဖြစ်လာနိုင်သလဲဆိုတာကို သမိုင်းမှာ သွေးနဲ့ရင်းပြီး ပေးခဲတဲ့ သင်ခန်းစာ တခုလည်း ဖြစ်ပါတယ်။
https://www.facebook.com/share/1HvMNJWkBj/
ဘာသာစုံ သင်နိုင်ပါတယ်ဆိုပြီး ကြေငြာတဲ့သူတွေတွေ့ရင် အပြစ်တော့ မပြောဘူး။
သေချာတာကတော့ မပြည့်စုံနိုင်ဘူးလို့ ပြောမယ်။
ဒါက ဘဝနှင့်ရင်းပြီး ပြောတာပါ။
ကျနော်တို့ မိသားစုက အထည်ကြီးပျက်တွေ။
မိဘက အဆင်မပြေတော့ နို့ညှာမနှင့် နို့စို့လေးကို ကျနော် တယောက်တည်း သင်ပေးခဲ့ရတာ။
ကလေးတွေ အောင်တော့အောင်တယ်။
သူတို့နှင့် မထိုက်တန်တဲ့ ရလဒ်မျိုး။
အခုချိန်ထိ သူတို့ကို ကျနော် တောင်းပန်တုန်း။
ဘာလို့တောင်းပန်လဲဆိုတော့ ကျနော်တို့ မောင်နှမတွေက ဉာဏ်ကောင်းလွန်းတယ်။
သည်ထက်အများကြီး ထိုက်တန်တယ်။
ကျနော် မနိုင်ဝန် ထမ်းခဲ့ရလို့ သူတို့ပါ နစ်နာတာ။
ဘာပဲဖြစ်ဖြစ် တကယ်တော့ ကျနော် တာဝန်ကျေပါတယ်။
မိဘ မထမ်းနိုင်တာကို ငယ်ငယ်ရွယ်ရွယ်နှင့် ပခုံးပြောင်း ထမ်းခဲ့ရတာကိုး။
ကျနော်လည်း ကျနော်စွမ်းသမျှ ကြိုးစားခဲ့တယ်။
ညီမလေးတွေကလည်း ကျနော့်ထက် ပိုကြိုးစားတယ်။
သူတို့ အောင်ခဲ့တယ်။
ရသင့်တဲ့ ရလဒ်တော့ မရခဲ့ဘူး။
တကယ်လို့သာ တဘာသာချင်းမှာ pro ဖြစ်တဲ့ ဆရာတွေနှင့်သာ သင်ကြားခွင့်ရခဲ့ရင် အဖြေက အများကြီးပြောင်းလဲမှာ။
ခု နို့ညှာမက ကိုယ်ပိုင်ကျောင်းပိုင်ရှင်ပါ။
နို့စို့လေးက နိုင်ငံခြားကျောင်းတခုရဲ့ ကျောင်းအုပ်ပါ။
အဲဒါတွေက သူတို့ရဲ့ ကိုယ်ပိုင် အရည်အချင်းကြောင့်ပါ။
ကျနော့်ကြောင့် မဟုတ်ပါဘူး။
ကျနော့်မှာ အခုချိန်ထိ ညီမလေးတွေကို တောင်းပန်ရတုန်းပါ။
ကိုကိုသာ အဲတုန်းက ခုလို ပညာပြည့်ရင် ညီမလေးတို့ ဆရာဝန် ဖြစ်နေပြီဆိုပြီး။
သူတို့ရဲ့အိပ်မက်က ဆရာဝန်ကိုး။
အင်မတန် ဉာဏ်ထက်တဲ့ ညီမလေးတွေ။
အစ်ကို အသုံးမကျလို့ ဆရာဝန် မဖြစ်ခဲ့ရဘူး။
ဘာပဲဖြစ်ဖြစ် သည်စာရေးရင်း ထပ်တောင်းပန်ပါတယ်။
တချို့လူကြီးတွေကတော့ လူငယ်တွေကို တောင်းပန်ရကောင်းမှန်း မသိကြဘူး။
အဲဒါ ထားလိုက်တော့။
ဘာသာစုံ သင်နိုင်ပါတယ်ဆိုတဲ့ ညီလေးတွေကို ကိုကြီး request တခု လုပ်ချင်တာက တဘာသာချင်း pro ဖြစ်နေသူတွေကို မမီပါဘူး။
ဒါကြောင့် ကိုကြီးလို နောင်တမရအောင် မာနလေး လျှော့ကြပါကွာ။
ကလေးတွေ နစ်နာပါတယ်။
1. Which of the following is NOT TRUE about catalysts?
A. A catalyst is a substance that can be added to a reaction to increase the reaction rate without getting consumed in the process.
B. Catalysts typically speed up a reaction by reducing the activation energy changing the reaction mechanism. or
C. Enzymes are proteins that act as catalysts in biochemical reactions.
E. None of these
2. It refers to the minimum energy required for reactions to start.
A. Activation energy
B. Kinetic energy
C. Potential energy
D. Stored energy
3. Which of the following is NOT A FACTOR that affects the reaction rates?
A. Reactant concentration
B. Catalysts
C. Particle size
D. Shape of particles
