es
Feedback
╰┈⫸𝑮𝒆𝒏𝒆𝒓𝒂𝒍 𝑲𝒏𝒐𝒘𝒍𝒆𝒅𝒈𝒆 𝑭𝒐𝒓 𝑺tudents⫷┈┈╯

╰┈⫸𝑮𝒆𝒏𝒆𝒓𝒂𝒍 𝑲𝒏𝒐𝒘𝒍𝒆𝒅𝒈𝒆 𝑭𝒐𝒓 𝑺tudents⫷┈┈╯

Ir al canal en Telegram

ဒီနေရာလေးကနေ ဗဟုသုတ တစ်စုံတရာ ရရှိနိုင်ကြပါစေ baby တို့ ကိုယ့်အရည်အသွေးကို အမြဲသွေးပြီး စိတ်ထားမြင့်မြတ်တဲ့ လူတော်‌လူကောင်းလေးတွေ ဖြစ်လာဖို့ ကြိုးစားကြရအောင် နော 🍀🍀🍀

Mostrar mĂĄs
1 259
Suscriptores
Sin datos24 horas
-27 dĂ­as
+4730 dĂ­as
Archivo de publicaciones
ကဲ တကယ် ရည်းစားစာမှာ ထည့်ရေးလို့ကောင်းမဲ့ chem pick up lines လေးတွေပြောပြပါမယ်။ ၁.မင်းလေးက Copper (Cu) နဲ့ Tellurium (Te) နဲ့ လုပ်ထားတာလားဗျာ? ဘာလို့လဲဆိုတော့ ကြည့်ရတာ CuTe (Cute) ဖြစ်လွန်းလို့။ ၂. Fluorine (F), Iodine (I), Neon (Ne) နဲ့ လုပ်ထားတာလားကွာ ? ဘာလို့လဲဆိုတော့ မင်းလေးက FINe (Fine) ဖြစ်နေလွန်းလို့။ ၃. မင်းနဲ့ငါ့ကြားက Chemistry က Ionic Bond လိုပဲ... ဘာလို့ဆို မင်းလေးဆီကနေ စွမ်းအင်ကြီးကြီးမရှိပဲနဲ့ ဘယ်လိုမှ ခွဲထုတ်လို့ မရနိုင်လို့။ ၄.မင်းက Endothermic Reaction လား? အနားလာလိုက်တာနဲ့ ငါ့ရင်ထဲမှာ အပူချိန်တွေ တက်လာလို့။ ၅. Thermodynamics ဒုတိယနိယာမအရ... စကြာဝဠာကြီးက ရှုပ်ထွေးပရမ်းပတာ ဖြစ်လာရမှာပေမဲ့ မင်းကတော့ ငါ့ကမ္ဘာကြီးတစ်ခုလုံးကို အစီအစဉ်တကျ ဖြစ်သွားစေတယ် ၆. (Ideal Gas Law) တွေကို ခေါင်းထဲမှ မရှိတော့ဘူး... ငါ့ခေါင်းထဲမှာ "Ideal Us" (ငါတို့နှစ်ယောက်) ပဲ ရှိတော့တာ။ ဓာတ်ခွဲခန်းထဲမှာ Safety Goggles မတပ်ထားဘူးလား? မင်းရဲ့ အလှတွေကြားထဲမှာ ကိုယ့်မျက်လုံးတွေ ပြာဝေသွားလို့ပါဗျာ။ ပုံ/ အနာဂတ် chem major ယူမဲ့သူ

ဖိုးထူးရဲ့ 𝐂𝐨𝐨𝐫𝐝𝐢𝐧𝐚𝐭𝐞 𝐁𝐨𝐧𝐝 ရည်းစားစာ ဆရာဦးဘရဲ့ ဓာတုဗေဒအချိန်... တစ်ခန်းလုံး ကျောက်သင်ပုန်းပေါ်က 𝐂𝐡𝐞𝐦𝐢𝐜𝐚𝐥 𝐄𝐪𝐮𝐚𝐭𝐢𝐨𝐧 တွေကို အသည်းအသန် ကူးရေးနေကြတယ်။ ဒါပေမဲ့... ဖိုးထူးတစ်ယောက်တည်းကတော့ စာမရေးဘူး။ သူသဘောကျနေတဲ့ အတန်းခေါင်းဆောင် မေသူ ဆီကို ပေးဖို့ ရည်းစားစာလေးကို သေချာခေါက်နေတာ။ မနေ့ညက 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 မှာတွေ့ထားတဲ့ 𝐂𝐡𝐞𝐦𝐢𝐬𝐭𝐫𝐲 𝐐𝐮𝐨𝐭𝐞 တစ်ခုကို အလွတ်ကျက်လာတာ။ "ဒီစာဖတ်ပြီးရင် မေသူ ငါ့ကို ကြွေမှာပဲ..." ဆိုပြီး ယုံကြည်ချက်အပြည့်။ ဆရာဦးဘ ကျောက်သင်ပုန်းဘက်လှည့်နေတုန်း... ဖိုးထူးက ကျော်ကြီးကို လက်တို့လိုက်တယ်။ ဖိုးထူး (တိုးတိုးလေး) "ဟေ့ကောင်... ဒီစာကို မေသူ့ဆီ ရောက်အောင်ပို့ပေးစမ်း... ငါ့အနာဂတ်က အဲဒီစာရွက်ထဲမှာပါတယ်နော်..." ကျော်ကြီးလည်း ယူပြီး ရှေ့ကိုလက်ဆင့်ကမ်းမယ့်အချိန်... "ဖျတ်!" ဆရာဦးဘက ရုတ်တရက် လှည့်ကြည့်လိုက်တယ်။ ဆရာဦးဘ "ကျော်ကြီး... မင်းလက်ထဲက ဘာစာရွက်လဲ... ယူခဲ့စမ်း!" ဖိုးထူးရဲ့ နှလုံးခုန်သံက 𝐂𝐡𝐞𝐦𝐢𝐬𝐭𝐫𝐲 𝐋𝐚𝐛 ထဲက 𝐄𝐱𝐩𝐥𝐨𝐬𝐢𝐨𝐧 လိုတောင် ထင်ရတယ်။ ဆရာဦးဘက စာရွက်ကို ဖြန့်ပြီး အသံကျယ်ကျယ် ဖတ်လိုက်တယ်။ "မေသူ... မင်းအတွက် ကိုယ့်အချစ်တွေက 𝐂𝐨𝐨𝐫𝐝𝐢𝐧𝐚𝐭𝐞 𝐁𝐨𝐧𝐝 လိုပါပဲ... ကိုယ်ကိုယ်တိုင်က မပြည့်စုံနေတာတောင် မင်းရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးချင်တယ်...🤍🤍🤍" တစ်ခန်းလုံး... "ဝါးးး..." ဆိုပြီး ပွဲကျသွားတယ်။ မေသူကတော့ စားပွဲပေါ် ခေါင်းအပ်ထားရတဲ့အထိ ရှက်နေပြီ။ ဆရာဦးဘ "ဒီစာရေးတဲ့ကောင်... မတ်တပ်ရပ်!" ဖိုးထူးလည်း ဖြည်းဖြည်းချင်း ထရပ်လိုက်တယ်။ ဆရာဦးဘ "မင်းက 𝐂𝐡𝐞𝐦𝐢𝐬𝐭𝐫𝐲 ကို 𝐑𝐨𝐦𝐚𝐧𝐜𝐞 နဲ့ပေါင်းနေတာပေါ့?" ဖိုးထူး "ဟို... 𝐐𝐮𝐨𝐭𝐞 ကလှလို့ သုံးလိုက်တာပါဆရာ..." ဆရာဦးဘ "𝐐𝐮𝐨𝐭𝐞 လှတာနဲ့ အဓိပ္ပာယ်မှန်တာ မဟုတ်ဘူးကွ!" "𝐂𝐨𝐨𝐫𝐝𝐢𝐧𝐚𝐭𝐞 𝐁𝐨𝐧𝐝 ဆိုတာ... အီလက်ထရွန်နှစ်လုံးစလုံးကို 𝐃𝐨𝐧𝐨𝐫 ဘက်ကပဲ ပေးတာ။ အဲဒါပေးဖို့ဆို... သူ့မှာ 𝐋𝐨𝐧𝐞 𝐏𝐚𝐢𝐫 𝐄𝐥𝐞𝐜𝐭𝐫𝐨𝐧𝐬 အပိုရှိရတယ်။" ပြီးတော့... ဆရာဦးဘက ဖိုးထူးကို အပေါ်အောက် ကြည့်လိုက်တယ်။ "မင်းမှာ... နေ့တိုင်း မုန့်ဖိုးတောင် မလုံလောက်လို့ ကျော်ကြီးဆီက ချေးစားနေရတာ... 𝐄𝐥𝐞𝐜𝐭𝐫𝐨𝐧 အပိုတွေ ဘယ်နားသွားသိမ်းထားတာလဲ?" တစ်ခန်းလုံး... "ဟားဟားဟား..." ဖိုးထူး "ဆရာ..." ဆရာဦးဘ "မင်းက 𝐍𝐇₃ လို 𝐋𝐨𝐧𝐞 𝐏𝐚𝐢𝐫 ရှိတဲ့ကောင် မဟုတ်ဘူးကွ..." "မင်းက 𝐇⁺ လို... 𝐄𝐥𝐞𝐜𝐭𝐫𝐨𝐧 တစ်လုံးတောင် မပါတဲ့ကောင်!" "သူများကို သွားပြီး ဖြည့်ဆည်းပေးမယ်ဆိုတာထက်... မင်းက သူများဆီက 𝐄𝐥𝐞𝐜𝐭𝐫𝐨𝐧 တောင်းရမယ့်ဘက်!" တစ်ခန်းလုံး ထပ်ပြီး ပွဲကျသွားတယ်။ ဆရာဦးဘက နောက်ဆုံးတစ်ချက် ထပ်ပိတ်လိုက်သေးတယ်။ "နောက်တစ်ခါ ရည်းစားစာရေးရင်... 𝐂𝐡𝐞𝐦𝐢𝐬𝐭𝐫𝐲 ကို အရင်နားလည်အောင်လုပ်။ မဟုတ်ရင်... စာက 𝐑𝐨𝐦𝐚𝐧𝐭𝐢𝐜 မဖြစ်ဘဲ... 𝐒𝐭𝐨𝐢𝐜𝐡𝐢𝐨𝐦𝐞𝐭𝐫𝐲 လို 𝐁𝐚𝐥𝐚𝐧𝐜𝐞 မညီတဲ့ အချစ်ဖြစ်နေဦးမယ်!" တစ်ခန်းလုံး ရယ်သံတွေနဲ့ ပြည့်သွားတယ်။ ဆရာဦးဘ "ကဲ... 𝐂𝐨𝐨𝐫𝐝𝐢𝐧𝐚𝐭𝐞 𝐁𝐨𝐧𝐝 အကြောင်း... စာမျက်နှာ ၄၀ ကနေ ၄၅ ထိ... အခေါက် ၅၀ ကူးခဲ့!" ဖိုးထူးလည်း မျက်နှာငယ်ငယ်နဲ့ ထိုင်ချလိုက်တယ်။ ဖိုးထူး (စိတ်ထဲမှာ) "ရိုမန်တစ်ဖြစ်မယ်ထင်ပြီး 𝐂𝐨𝐨𝐫𝐝𝐢𝐧𝐚𝐭𝐞 𝐁𝐨𝐧𝐝 သုံးလိုက်တာ... အခုတော့... ရည်းစားမရတဲ့အပြင် 𝐇𝐨𝐦𝐞𝐰𝐨𝐫𝐤 𝐁𝐨𝐧𝐝 ပါ ချုပ်ခံလိုက်ရပါလားကွာ..." 😭 🧪 Quiz Time! ဖိုးထူးရဲ့ ရည်းစားစာထဲမှာ ပြောထားတဲ့ Coordinate Bond နဲ့ပတ်သက်ပြီး ဘယ်အချက်က မှန်သလဲ? A. Electron တစ်လုံးစီကို Atom နှစ်ခုက မျှဝေပေးတာ B. Bond ဖြစ်ဖို့ Electron မလိုဘူး C. Bond ထဲက Electron နှစ်လုံးစလုံးကို Atom တစ်ခုတည်းက ပေးတာ D. Atom နှစ်ခုစလုံးမှာ Lone Pair Electron ရှိမှ Bond ဖြစ်တာ 💬 Comment မှာ A, B, C, D ဖြေခဲ့ဦးနော်!

ကျောင်းအုပ်ကြီးမှ zoom meeting ခေါ်ပြီး ဩဝါဒများချသောအခါ ဆရာ/မများအခြေနေ :

တခြားသူတွေ 👆🏻👆🏻👆🏻 Me တို့တတွေကတော့ 👇🏻👇🏻 စတိုင်မမိချင်နေ Chemistry မိနေဖို့က အဓိက
တခြားသူတွေ 👆🏻👆🏻👆🏻 Me တို့တတွေကတော့ 👇🏻👇🏻
စတိုင်မမိချင်နေ Chemistry မိနေဖို့က အဓိက

Repost from LSE Family
LSE မှ Volunteer teachers များ ဖိတ်ခေါ်ခြင်း သင်ကြားရေး အတွေ့အကြုံသစ်တွေ ရှာဖွေရင်း မိမိရဲ့ skill တွေကို မြှင့်တင်ချင်တဲ့ Volunteer ဆရာ/ဆရာမများကို ဖိတ်ခေါ်ချင်ပါတယ်။ သင်ကြားပုံကောင်းမွန်ပြီး ထူးချွန်တဲ့သူဆိုရင် LSE ရဲ့ ဝင်ငွေရရှိတဲ့ ဆရာ/မအဖြစ်ပါ ဆက်လက်လျှောက်လှမ်းနိုင်တဲ့ အခွင့်အလမ်းကောင်းတွေ စောင့်ကြိုနေပါတယ်⭐ ဒါဆို သင်မှာ ဘာတွေရှိဖို့လိုမလဲဆိုတော့...
4 Skills & Speaking အတန်းများကို အဓိက တာဝန်ယူ သင်ကြားပေးရပါမယ်။ English Skill (အထူးသဖြင့် Speaking) ကောင်းမွန်ပြီး စာသင်ရတာ ဝါသနာပါသူ ဖြစ်ရပါမယ်။ အတန်းချိန်များကို တာဝန်ယူမှုရှိရှိနဲ့ ပျော်ပျော်ရွှင်ရွှင် သင်ကြားပေးနိုင်ရပါမယ်။ သင်ကြားရေးဝါသနာပါသူဖြစ်ရပါမယ်။ အင်တာနက်လိုင်းကောင်းမွန်သူ ဖြစ်ရပါမယ်။ Laptop ရှိသူ ဖြစ်ရပါမယ်။ English C1 Level ရှိသူဖြစ်ရပါမယ်။
ကိုယ်ရေးအချက်အလက် လိုအပ်ချက်များ
အမည်အပြည့်အစုံ နှင့် အသက် ဆက်သွယ်ရန် ဖုန်းနံပါတ် နှင့် Email လက်ရှိနေရပ်လိပ်စာ (သို့မဟုတ်) ဘယ်မြို့ကနေ သင်ကြားပေးမှာလဲ ပညာအရည်အချင်းနှင့် လက်မှတ်များ (Qualifications & Certificates) English Proficiency Level (ဥပမာ - C1, B2 စသည်ဖြင့်) Teaching Certificates: TEFL, TESOL, TKT သို့မဟုတ် အခြား English ဆိုင်ရာ လက်မှတ်များ (ရှိပါက)။ စာသင်ကြားရေးလုပ်ငန်းအတွေ့အကြုံ (Teaching Experience)ရှိ / မရှိ Volunteer လုပ်ငန်းတွေမှာ ပါဝင်ခဲ့ဖူးပါသလား
Sat & Sun ( Night ) အဆင်ပြေသူများကို ဦးစားပေးမည်။ စိတ်ဝင်စားတယ်ဆိုတော့ အခုပဲ LSEမှာလာရောက်လျှောက်ထားနိုင်ပါပြီရှင့် Date - 29/7/2026နောက်ဆုံး လျှောက်ထားရန်- http://t.me/LSE_Family_Telegram

Repost from Calm Vibe With Us
"Online ကမို့ စာသင်ရတာ effective မဖြစ်ဘူး" ဆိုပြီး ပြောနေတာတွေ မြင်ဖူးကြမှာပါ။ တကယ်တော့ Online Learning မှာ On-ground class လို နီးကပ်တဲ့ interaction မရှိတာက အားနည်းချက်တစ်ခုဖြစ်နိုင်ပါတယ်။ ဒါပေမယ့် လူတော်တော်များများ သတိမထားမိတဲ့ အားသာချက်‌‌တွေလဲရှိနေပါတယ်။ အဲဒါကတော့ စာပဲသင်ပေးတာမဟုတ်ဘဲ မိမိ ဘဝတစ်လျှောက်အသုံးဝင်မယ့် Skill တွေကိုပါ တဖြည်းဖြည်း တည်ဆောက်ပေးနေသွားတာပဲဖြစ်ပါတယ်။ 📌 (1) Responsibility & Self-Discipline Online class မှာ ဘယ်သူမှ ကိုယ့်ဘေးမှာထိုင်ပြီး "စာလုပ်တော့" လို့ မပြောနိုင်ပါဘူး။ ဒါကြောင့် ကိုယ့်အချိန်ကိုယ်manageလုပ်တာ၊ ကိုယ့်တာဝန်ကိုယ်ယူတာ၊ စတာတွေကို ကောက်ရိုးမီးလို ခဏလေး motivation ရှိတုန်းသာထလုပ်တာမျိုးမဟုတ်ဘဲ၊ တကယ် consistency နဲ့ ဆက်လုပ်နိုင်တာတွေကို သဘာဝကျကျ လေ့ကျင့်ဖြစ်လာပါတယ်။ ဒီလိုမျိုး ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချနိုင်လာတဲ့ အတွေ့အကြုံတွေက Self-esteem ကိုလည်း တဖြည်းဖြည်း မြင့်တက်လာစေပါတယ်။ 📌 (2) Problem-Solving Skill စာပြန်လုပ်ရင်း မရှင်းတဲ့ Lesson တစ်ခုခုကြုံခဲ့ ရင် class အတွင်းမှာလို ဆရာကိုချက်ချင်းမေးလို့မရနိုင်တဲ့အတွက် ကိုယ်တိုင်ရှာဖွေတတ်တဲ့အကျင့် ဖြစ်လာပါတယ်။ Google Search၊ AI Tools၊ Reference Books နဲ့ အမျိုးမျိုးသော information, reference တွေကို နှိုင်းယှဉ်လေ့လာရင်း ပြဿနာဖြေရှင်းနိုင်စွမ်း တိုးလာပါတယ်။ 📌 (3) Digital Communication Skill Online Learning ကို ပုံမှန်အသုံးပြုလာတာနဲ့ Email ရေးခြင်း၊ Online Discussion ဝင်ခြင်း၊ Presentation လုပ်ခြင်း၊ Digital Tools အသုံးပြုခြင်းလို Skills တွေက နောက်အခါ အလုပ်ခွင်‌မှာပါ အကျိုးရှိစေပါတယ်။
တကယ်တော့ အောင်မြင်တဲ့ Online Learner တစ်ယောက်ဟာ စာပဲတတ်လာတာမဟုတ်ပါဘူး
"ကိုယ့်ကိုယ်ကိုယ် စီမံနိုင်တဲ့သူ" တစ်ယောက်အဖြစ်လည်း growth journey ရှိလာပါတယ်🍀 ဒါကြောင့် Online Learning ရဲ့ တန်ဖိုးဟာ Certificate တွေ exam marks တွေထက် ကိုယ့်ရဲ့ Skill Set နဲ့ Mindset ကိုလဲ ပြောင်းလဲ လေ့ကျင့်ပေးနိုင်တာ ဖြစ်ပါတယ်🌱 Online Learning ကနေ ဘယ် Skill ကို အများဆုံးရခဲ့တယ်လို့ ထင်လဲ? Comment မှာ အတွေ့ကြုံလေးတွေ အမှတ်တရလေးတွေ မျှဝေပေးခဲ့ပါဦး🍀
Learn Calmly. Achieve Confidently🌱
#toiko #calm vibe with us

#စူပါစတားတောင်ပိုင်းမင်းသားဗီဂျေး ကျွန်မအထင် အိန္ဒိယကျောင်းသူ ကျောင်းသား‌တွေ ယခုလိုမျိုးထပြီး ပြတ်ပြတ်သားသားတွန်းလှန်တယ်ဆိုတာ အိန္ဒိယစူပါစတားအချို့ကြောင့်လဲ ပါမယ် အကြောင်းက အိန္ဒိယစူပါစတား တောင်ပိုင်းမင်းသား ဗီဂျေးဆို အမြဲတမ်းလိုလို အိန္ဒိယအစိုးရ အာဏာရှင်တွေက ကိုယ်ကျိုးသာကြည့်ပြီး ပြည်သူတွေ အတွက်မကြည့်လို့ အိန္ဒိယပြည်သူတွေ တောင်သူလယ်သမား‌တွေ ဒုက္ခရောက်တာ နောက်ဆက်တွဲ မိသားစုဝင်တွေပါဘဝပျက်တာ နည်းမျိုးစုံနဲ့ရိုက်ပြတဲ့အပြင် အုပ်ချုပ်သူလူတန်းစားကိုပါအထိနာစေတဲ့ ဇာတ်ကားတွေလဲ ခဏခဏရိုက်တဲ့အတွက်ခဏခဏလည်း တရားစွဲခံရတာတွေ့ရတယ် အထူးသဖြင့် ပြည်သူတွေရဲ့ဘဝကို အုပ်ချုပ်သူလူတန်းစားဘာလုပ်လုပ် ငြိမ်ခံမနေဖို့ မီးမောင်းထိုးပြပြီး လက်ရှိ သူကိုယ်တိုင်လည်း အောင်မြင်တဲ့ စူပါစတား ရုပ်ရှင်မင်းသားဘဝကို စွန့်လွှတ်ကာ တမီးနာဒူးပြည်နယ်မှာ မဲဝင်ပြိုင်ရင်း တမီးပြည်သူတွေရဲ့‌ချစ်ခင်လေးစားယုံကြည်မှုကြောင့် ဝန်ကြီးချုပ်တစ်ဦးဖြစ်လာကာ မကြာခင်ကလည်း တမီးနာဒူးပြည်နယ်မှာ ထောင်နဲ့ချီဖွင့်ထားတဲ့ အရက်ဆိုင်များကို ဆိုင်ပေါင်း ၇၀၀ နီးပါးထိ ဝန်ကြီးချုပ် ဖြစ်ဖြစ်ခြင်းမှာပဲ ပိတ်ပြစ်လိုက်ကြောင်း သိရတဲ့အတွက် လက်ဖက်ရည်‌ရောင်းတဲ့ဘဝကနေတက်လာပြီး ဘဝမေ့တဲ့ မိုဒီတို့ထက်စာရင် စူပါစတားဘဝကိုစွန့်လွှတ်ပြီး ပြည်သူတွေရဲ့ဘဝကို ကယ်တင်မဲ့ ဒီလိုမျိုးစူပါစတားမင်းသားတွေကတော့ တော်ရှားပါတယ် ပြည်သူ‌တွေရဲ့အားပေးရကျိုးလည်း နပ်တယ်။

သူချစ်ကိုရွေးတာကောင်းတယ် ကိုယ်ချစ်ကိုရွေးတာကောင်းတယ် | Aung Thu Hein and Kyar Nyo Thin ဒီနေ့ " မသိဘူး ငြင်းမယ် " အစီအစဉ်မှာတော့
" သူချစ်ကိုရွေးတာကောင်းတယ် ကိုယ်ချစ်ကိုရွေးတာကောင်းတယ်"
ဆိုတဲ့ခေါင်းစဉ်အောက်ကနေ အောင်သူဟိန်းနဲ့ ကြာညိုသင်းတို့က အပြိုင်ငြင်းကြမှာဖြစ်ပါတယ်နော် 😁😂😃 ပရိတ်သတ်တွေကရော သူချစ်လား၊ ကိုယ်ချစ်လား.......😜😛

အိုးးးးးးး ပျော်စရာကြီးးးးးးး😳😳
အိုးးးးးးး ပျော်စရာကြီးးးးးးး😳😳

Repost from LSE Family
English စာအခြေခံရှိချင်တာလား? ရတယ် ရက် ၃၀ပဲ အချိန်ပေး တစ်နေ့ ၅၀၀နဲ့ပဲလေ့လာ ရက် ၃၀အတွင်း English အခြေခံပိုင်စေရမဲ့အပြင် Certif
English စာအခြေခံရှိချင်တာလား? ရတယ် ရက် ၃၀ပဲ အချိန်ပေး တစ်နေ့ ၅၀၀နဲ့ပဲလေ့လာ ရက် ၃၀အတွင်း English အခြေခံပိုင်စေရမဲ့အပြင် Certificate ပါရစေရမယ် ဘာတွေစောင့်နေတာလဲ အခုပဲလာအပ်လိုက်တော့နော် Class - https://t.me/LSE_Family/1465 @LSE_Family_Telegram

🎓 Vibe Learning ကို မိတ်ဆက်လိုက်ပါတယ် မြန်မာနိုင်ငံက Grade 12 ကျောင်းသားကျောင်းသူတွေအတွက် AI စွမ်းအင်သုံး လေ့လာရေးအဖော်ပါ။ ✅
🎓 Vibe Learning ကို မိတ်ဆက်လိုက်ပါတယ် မြန်မာနိုင်ငံက Grade 12 ကျောင်းသားကျောင်းသူတွေအတွက် AI စွမ်းအင်သုံး လေ့လာရေးအဖော်ပါ။ ✅ ကိုယ်နားလည်သလို မေးခွန်းတွေကို အချိန်မရွေးမေးလို့ရတယ် — သင်သုံးနေတဲ့ ပြဋ္ဌာန်းစာအုပ်တွေကို အခြေခံထားတဲ့ ရှင်းလင်းချက်တွေ ချက်ချင်းရမယ်။ ✅ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ၊ သင်္ချာ၊ အင်္ဂလိပ်စာ နဲ့ နောက်ထပ်ဘာသာရပ်တွေလည်း လာဦးမယ်။ ✅ ကိုယ်ပိုင်လေ့ကျင့်စာမေးပွဲတွေ ဖန်တီးနိုင်တယ်၊ တရားဝင်စာမေးပွဲပုံစံ စာရွက်တွေကိုလည်း ပုံနှိပ်ထုတ်ယူလို့ရတယ် — အားလုံးကို ဒီအက်ပ်တစ်ခုထဲမှာပဲ။ ကျွန်တော်တို့ ဆက်လက်ဖွံ့ဖြိုးနေဆဲပါ — ကျောင်းသားတွေဆီက တုံ့ပြန်ချက်တွေကို အခြေခံပြီး ဘာသာရပ်အသစ်တွေ၊ အင်္ဂါရပ်အသစ်တွေကို ပုံမှန်ထပ်ထည့်ပေးနေပါတယ်။ ဒီနေ့ပဲ အခမဲ့စမ်းသုံးခွင့်ကို စတင်လိုက်ပြီး ပိုပြီး ထက်မြက်စွာ လေ့လာလိုက်ပါ။ 📱 #VibeLearning #Grade12 #Myanmar #StudySmart Vibe Learning ရဲ့ Update တိုင်းအတွက် အောက်ပါ Website မှာတစ်ဆင့် အမြဲစောင့်ကြည့် စစ်ဆေး download လုပ်နိုင်ပါတယ်ခင်‌ဗျာ။ https://chemteacher.cineversemm.com/

Repost from LSE Family
Day 30 English Challenge (Batch 14) သင့် English Level ကို အမြင့်ဆုံး တက်လှမ်းဖို့! “English စာကို အခြေခံမရှိလို့ စိတ်ညစ်နေရပြီလား” “ဘယ်ကစရမှန်းမသိဘဲ အချိန်ကုန်နေပြီလား”🖥 LSE Family ရဲ့ လူကြိုက်အများဆုံး Challenge က သင့်ကို ရက် ၃၀ အတွင်း အခြေခံပိုင်ပိုင်နိုင်နိုင် တတ်မြောက် စေဖို့ အာမခံပါတယ်။
ရက် ၃၀ အပြီး သင့်လက်ထဲမှာ ဘာတွေရရှိမလဲ ပြောရဲဆိုရဲရှိလာခြင်း သဒ္ဒါစည်းမျဉ်းများကို ပိုင်ပိုင်နိုင်နိုင်သုံးနိုင်ခြင်း သီချင်းနားထောင်ရင်း၊ စကားပြောရင်း လေ့လာနိုင်သော Vocabulary ပညာရေးနှင့် အလုပ်အကိုင်အတွက် အခရာကျသော အခြေခံကျွမ်းကျင်မှု့  ထူးခြားချက်အနေနဲ့ (The Best Student) ရွေးချယ်ဂုဏ်ပြုခြင်း သင်တန်းပြီးဆုံးပါက အလုပ်အတွေ့အကြုံယူရန် Admin အဖြစ် ခေါ်ယူမည့် အခွင့်အလမ်း!
Scholarship: စစ်ဖြစ်ရာဒေသမှသူများကို (၂၀) အထိ အခမဲ့ Scholarship လျှောက်ခွင့်ရှိသည် သင့်ရဲ့ Level Up လုပ်မယ့်အခွင့်အရေးကို လက်လွတ်မခံပါနဲ့။ Students limit - 50 သင်တန်းကြေး: 15,000 ကျပ် သင်တန်းစမည့်ရက်: 23. 7 .2026 သင်တန်းအပ်ရန်: http://t.me/LSE_Family_Telegram ⭐ Channel: https://t.me/LSE_Family ✅ Facebook: https://www.facebook.com/share/1BGcEwpWVZ/

လူသိနည်းသော အာဇာနည်နေ့ အကြောင်း အချက်၉ ချက်
ပထမဆုံး အာဇာနည်နေ့
မြန်မာနိုင်ငံမှာ ပထမဆုံး ကျင်းပတဲ့ အာဇာနည်နေ့က ဗိုလ်အောင်ကျော်ကြေးရုပ်ဖွင့်ပွဲနေ့ ဖြစ်ပါတယ်။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ လွှတ်တော်က ဗိုလ်အောင်ကျော်ကျဆုံးတဲ့ ၂ နှစ်ပြည့်ချိန် ၁၉၄ဝ ဒီဇင်ဘာ ၂ဝ မှာ အာဇာနည်နေ့အဖြစ် သတ်မှတ်ကျင်းပခဲ့ပါတယ်။ ကြေးရုပ်အစား သစ်သားကို ရွှေမင်သုတ်ပီး ဖွင့်ရပြီး ကြေးရုပ်လုပ်ဖို့ ကောက်ခံထားတဲ့ ရန်ပုံငွေကိုတော့ ရဲဘော် သုံးကျိပ် ဂျပန်လွှတ်ဖို့ သုံးရတယ်လို့ ဆိုပါတယ်။ မီးတုတ်ကိုင် ကျောင်းသားသံမဏိတပ်တွေ တက္ကသိုလ်ဝင်းထဲ ချီတက်လှည့်လည်ခဲ့တဲ့ အာဇာနည်နေ့ဟာ အင်မတန်လူစည်တယ်လို့ ဒဂုန်တာရာရဲ့ ဒဂုန်တာရာ ကိုယ်ရေးအတ္ထုပ္ပတ္တိမှာ ဖော်ပြထားပါတယ်။
မန္တလေး အာဇာနည်ကုန်း
၁၃ဝဝ ပြည့်အရေးတော်ပုံ အတွင်း မန္တလေးမှာ ပစ်ခတ် သတ်ဖြတ်ခံရတဲ့ ကျောင်းသား၊ ရဟန်းနဲ့ အရပ်သား ၁၇ ယောက်ကို မန္တလေး-စစ်ကိုင်းကားလမ်းပေါ်က တမ္ပဝတီရပ် သူကြွယ်ကုန်းမှာ အာဇာနည်ဗိမာန်နဲ့ သင်္ဂြိုဟ်ခဲ့ပါတယ်။ အဲဒီမှာ ရန်ကုန်မှာ အတွင်းဝန်ရုံးကို ဝိုင်းရာမှာ နံပါတ်တုတ်ရိုက်ခံရပြီးကျဆုံးတဲ့ ဗိုလ်အောင်ကျော်နဲ့ မန္တလေးအာဇာနည်တွေကို နေမျိုးမဟာသီဟသူရဘွဲ့နဲ့ ဗိုလ်ဘွဲ့ အပ်နှင်းပါတယ်။ အာဇာနည်တွေ ကျဆုံးတဲ့ မန္တလေး ၂၆ ဘီလမ်းကို အာဇာနည်လမ်းလို့ ခေါ်တွင်ပါတယ်။
ရန်ကုန် အာဇာနည်ကုန်း အစ
ဂျပန်ခေတ် အဓိပတိ ဒေါက်တာဘမော်လက်ထက်မှာ ဗမာ့လွတ်လပ်ရေးလမ်းကို "အရိုးနဲ့ခင်း၊ သွေးစက်နဲ့ရှင်းသွားကြတဲ့ လူမျိုးမရွေး ဘာသာမရွေး ခေတ်သစ်အာဇာနည်တွေ အတွက်" ရွှေတိဂုံမြောက်ဘက် ကုန်းမြင့်မှာ အာဇာနည်ဗိမာန် ဆောက်ဖို့ စစ်ဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်းက ကြီးမှူးခဲ့ပါတယ်။ ဒါကတော့ ဂျပန်ပြည်မှာ စစ်သည်တွေအတွက် နတ်ကွန်းဆောက် ကိုးကွယ်တဲ့ဓလေ့နဲ့ နီးစပ်ပါတယ်။ ဒီအာဇာနည်ကုန်းမှာပဲ ဗိုလ်ချုပ်အောင်ဆန်းတို့ကို မြှုပ်နှံခဲ့ရတာပါ။ ဗမာရာဇဝင်ကို သွေးနဲ့ထူထောင်ခဲ့ကြတဲ့ ရှေးဗမာအာဇာနည် သူရဲကောင်းတွေကို ချီးကျူးပူဇော်တဲ့အနေနဲ့ ဝါဒဖြန့်ချိရေးဌာနက ခရိုင်တိုင်းမှာ သူရဲကောင်းမှတ်တိုင်စိုက်ဖို့လည်း လုပ်ခဲ့တယ်လို့ ဝါဒဖြန့်ချိရေးဝန်ကြီးဟောင်း ဗန္ဓုလဦးစိန်ရဲ့ ကျွန်ုပ်တို့အတွင်းရေးစာအုပ်မှာ ရေးသား ဖော်ပြခဲ့တယ်။
အာဇာနည်ကုန်းမှာ မြှုပ်နှံ မခံရသူတွေ
အာဇာနည် ခေါင်းဆောင်တွေ အဖြစ် သတ်မှတ်ခံရပေမယ့် သီးသန့် သင်္ဂြိုဟ်ခံရသူတွေက ရန်ကုန် တာမွေ မွတ်ဆလင် သင်္ချိုင်းမှာ ထားရှိတဲ့ ဝန်ကြီး ဦးရာဇတ်နဲ့ သူ့သက်တော်စောင့် ကိုထွေး တို့ ဖြစ်ပါတယ်။ နောက် မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်းရဲ့ ရုပ်ကလာပ်ကိုလည်း သူ့ဇာတိ ရှမ်းပြည် မိုင်းပွန်မှာပဲ မီးသင်္ဂြိုဟ်ပြီး ပြာတွေကို ရန်ကုန်နဲ့ မိုင်းပွန်မှာ ခွဲထားပါတယ်။
အာဇာနည်ကုန်းမှာ နောက်ထပ် မြှုပ်နှံခံရသူတွေ
လွတ်လပ်ရေးရစမှာ ကားဗုံးနဲ့ လုပ်ကြံခံရတဲ့ တပ်မင်းကြီး ဦးတင်ထွတ်နဲ့ သာယာဝတီမှာ လေယာဉ်ပျံ ကျည်ဆန်မှန်ကျဆုံးတဲ့ အထူးမင်းကြီး ဗိုလ်စိန်မှန် တို့ကိုလည်း အာဇာနည်ကုန်းမှာပဲ ဂူသွင်းခဲ့ပါတယ်။ ၁၉၈၃ မြောက်ကိုရီးယား ဗုံးခွဲ တိုက်ခိုက်မှုအပြီးမှ ဒီဂူတွေကို ဖယ်ရှားခဲ့ပါတယ်။
အာဇာနည် ဇနီးတွေကို လွှတ်တော်အမတ်ခန့်
ဗိုလ်ချုပ်အောင်ဆန်းနဲ့ ကျဆုံးသွားတဲ့ ဝန်ကြီးတွေရဲ့ ဇနီးတွေကို သူတို့ခင်ပွန်းတွေ နေရာမှာ လွှတ်တော်အမတ်တွေ အဖြစ် ခန့်အပ်ခဲ့ပါတယ်။ ဒီးဒုတ်ဦးဘချို နေရာကိုတော့ ဇနီး ဝံသာနု ခေါင်းဆောင် ဒေါ်လှမေက မယူဘဲ သူ့သမီးလတ် ဒေါ်ခင်ပု ခေါ် ငွေဝတ်ရည်ကို ခန့်ပါတယ်။ သမီးဖြစ်သူကလည်း မကြာခင် ကွယ်လွန်ပါတယ်။ ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်ကိုတော့ နောက်ပိုင်းမှာ ဦးနုရဲ့ ပထစ ပါတီ ဗဟိုအမှုဆောင်ကော်မတီဝင်နဲ့ အိန္ဒိယသံအမတ်နေရာတွေ ပေးခဲ့ပါတယ်။
ဗိုလ်ချုပ်အိမ် ပစ်ခံရ
လုပ်ကြံမှု ဖြစ်ပြီး တစ်လ မရှိခင် သြဂုတ်လ ၁၁ ရက်မှာ တာဝါလိန်းလမ်းက ဗိုလ်ချုပ်အောင်ဆန်းအိမ်အနား လူဆိုး ၂ ယောက်လာပြီး သေနတ်နဲ့ပစ်ခတ်ပေမယ့် ကင်းနဲ့တိုးလို့ အထိအခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်။ လုပ်ကြံမှု ခုံရုံးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မြင့် အိမ်နားမှာလည်း အဲဒီအချိန်က ပစ်ခတ်မှုတွေ ရှိခဲ့တယ်လို့ သူ့မိသားစုက ပြောကြားပါတယ်။
ထောင်တွင်းက တက်ရတဲ့ အာဇာနည်နေ့
၁၉၆၂ အာဇာနည်နေ့မှာ မိုင်းပွန်စော်ဘွား စဝ်ဆေးဟုမ် အထိန်းသိမ်းခံရဆဲ ဖြစ်လို့ သူ့ဖခင်အတွက် အာဇာနည်နေ့အခမ်းအနားကို ထောင်တွင်းက ထွက်ပြီး တက်ခဲ့ရပါတယ်။
အာဇာနည် အားလုံး တချိန်တည်း ကျတာမဟုတ်
ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ၊ ဦးဘဝင်းနဲ့ ဦးရာဇတ်၊ မန်းဘခိုင်၊ ဦးအုန်းမောင်တို့ ပစ်ခတ်မှု ဖြစ်တဲ့ ဇူလိုင်လ ၁၉ ရက် ၁ဝနာရီ ၃၇ မိနစ်က ကွယ်လွန်ခဲ့ပေမယ့် သက်တော်စောင့် ကိုထွေးက ဝန်ကြီးတွေ လုပ်ကြံမှု ဖြစ်ပြီးနောက် ပြန်အထွက်မှာ ပစ်ခံရလို့ ၁ဝ နာရီ ၄၅ မိနစ်မှာ သေဆုံးပါတယ်။ ဒီးဒုတ်ဦးဘချိုက မွန်းလွဲ ၁ နာရီ ၄၅ မိနစ်မှာ ရန်ကုန်ဆေးရုံကြီးမှာ ကွယ်လွန်ပါတယ်။ မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်းက ဇူလိုင်လ ၂ဝ ရက်နေ့မှ ကွယ်လွန်တာ ဖြစ်ပါတယ်။ #credit_to_original_writer #Knowledge_sharing