en
Feedback
News Of Myanmar

News Of Myanmar

Open in Telegram

📈 Analytical overview of Telegram channel News Of Myanmar

Channel News Of Myanmar (@newsofmyanmar) in the Burmese language segment is an active participant. Currently, the community unites 12 555 subscribers, ranking 16 071 in the News & Media category and 10 062 in the Myanmar region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 12 555 subscribers.

According to the latest data from 16 June, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -270 over the last 30 days and by -12 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 7.40%. Within the first 24 hours after publication, content typically collects 9.94% reactions from the total number of subscribers.
  • Post reach: On average, each post receives 929 views. Within the first day, a publication typically gains 1 248 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 17.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

Thanks to the high frequency of updates (latest data received on 17 June, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the News & Media category.

12 555
Subscribers
-1224 hours
-597 days
-27030 days
Posts Archive
တောင်ငူမြို ဖွံဖြိုးရေးစီမံကိန်းများ ကြည့်ရှုစစ်ဆေးသည့် နိုင်ငံတော်သမ္မတ၊ မီးရထားနှင့် အားကစားအခြေခံအဆောက်အအုံများ အဆင့်မြှင့
+5
တောင်ငူမြို ဖွံဖြိုးရေးစီမံကိန်းများ ကြည့်ရှုစစ်ဆေးသည့် နိုင်ငံတော်သမ္မတ၊ မီးရထားနှင့် အားကစားအခြေခံအဆောက်အအုံများ အဆင့်မြှင့်တင်ရေး အလေးထားမှာကြား ပဲခူးတိုင်းဒေသကြီး တောင်ငူမြို၌ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ဖွံဖြိုးရေးစီမံကိန်းများကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဇွန် ၆ ရက်တွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး မီးရထားပိုဆောင်ရေးနှင့် အားကစားအခြေခံအဆောက်အအုံများ ရေရှည်ဖွံဖြိုးတိုးတက်စေရေးအတွက် လိုအပ်သည့် လမ်းညွှန်မှာကြားမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ စစ်ဆေးမှုအတွင်း နိုင်ငံတော်သမ္မတသည် နေပြည်တော်–တောင်ငူ မီးရထားလမ်းပိုင်း အဆင့်မြှင့်တင်ထားမှုများ၊ မီးရထားလမ်းတစ်လျှောက် သန့်ရှင်းသာယာလှပရေးနှင့် စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် ဘူတာဝင်ထွက်နေရာများကို စနစ်တကျ စီမံခန့်ခွဲထားမှုတိုကို လေ့လာကြည့်ရှုခဲ့သည်။

ရွှေကုက္ကိုလ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် တရားမဝင် ၃ ထပ်လူနေအဆောက်အအုံ ၃ လုံး အာ
+5
ရွှေကုက္ကိုလ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် တရားမဝင် ၃ ထပ်လူနေအဆောက်အအုံ ၃ လုံး အား စနစ်တကျ ထပ်မံဖြိုချဖျက်ဆီး၊ တရားမဝင်အဆောက်အအုံ ၄၅ လုံးဖြိုချဖျက်ဆီးပြီးဖြစ် ဇွန် ၈၊ ၂၀၂၆

ဇီယွန်ဝါဒ (အစ္စရေး) ဆန့်ကျင်ရေး ဟက်ကာအဖွဲ့က ယူကရိန်းအား ‘အလ္လာဟ်အရှင်မြတ်၏ ရန်သူများကို အစေခံနေမှု’ ကြောင့် တိုက်ခိုက်မည့်ပစ်မှတ်အဖြစ် ကြေညာ ဆိုက်ဘာ အစ္စနဒ် ဖရန့် (Cyber Isnaad Front) အဖွဲ့က ကရုကော့ဗ်စကီး (Kryukovsky) ရထားတွဲတည်ဆောက်ရေးစက်ရုံကို ဟက်ခ်လုပ် (Hack) (စနစ်ထဲသို့ ခိုးဝင်) ပြီး ၂၅၀ တေရာဘိုက် (Terabytes) ကျော်အရွယ်အစားရှိ အချက်အလက်များ ကို ဖျက်ဆီးပစ်ခဲ့ကြောင်းပြောကြားခဲ့သည်။ ယူကရိန်း၏ ‘အရေးကြီး အခြေခံအဆောက်အအုံများ’ သည် နောက်ထပ်ပစ်မှတ်ဖြစ်ကြောင်း သတိပေးထားသည်။ NOM

မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး ၇၆ နှစ်ပြည့် အထိမ်းအမှတ် တရုတ်ရုပ်ရှင်သီတင်းပတ်ဖွင့်ပွဲသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင
+8
မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး ၇၆ နှစ်ပြည့် အထိမ်းအမှတ် တရုတ်ရုပ်ရှင်သီတင်းပတ်ဖွင့်ပွဲသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့တက်ရောက် ဇွန် ၈၊ ၂၀၂၆ မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး ၇၆ နှစ်ပြည့် အထိမ်းအမှတ် တရုတ်ရုပ်ရှင် သီတင်းပတ်ဖွင့်ပွဲအခမ်းအနားကို ယနေ့ နေပြည်တော်ရှိ Ocean Center ၌ ကျင်းပခဲ့ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ တက်ရောက်ခဲ့သည်။ အခမ်းအနားတွင် နိုင်ငံတော်သမ္မတသည် တရုတ်နိုင်ငံဆိုင်ရာ သံအမတ်ကြီး Ma Jia နှင့်အတူ အမှတ်တရ လက်မှတ်ရေးထိုးခဲ့ပြီး China Media Group (CMG) ၏ မေးမြန်းမှုများကို ဖြေကြားခဲ့သည်။ ထို့နောက် တရုတ်ရုပ်ရှင်သီတင်းပတ် အထိမ်းအမှတ် ပရိုမိုဗီဒီယိုကို ကြည့်ရှုခဲ့ကြပြီး နိုင်ငံတော်သမ္မတနှင့် တရုတ်နိုင်ငံသံအမတ်ကြီးတို့က နှစ်နိုင်ငံ ယဉ်ကျေးမှုနှင့် ပြည်သူချင်းချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်စေရေးဆိုင်ရာ အမှာစကားများ ပြောကြားခဲ့ကြသည်။ ဖွင့်ပွဲအခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတနှင့် တက်ရောက်လာသူများသည် တရုတ်ရုပ်ရှင်လောက၏ လူကြိုက်များသည့် "Lighting Up the Stars" ရုပ်ရှင်ဇာတ်ကားကို ကြည့်ရှုအားပေးခဲ့သည်။

အွန်လိုင်း အချစ်ရှာဖွေရေးအက်ပ် မှ သက်ကြီးပိုင်းအမျိုးသားများကို ဆေးခတ်လုယက်ခဲ့သည့် အသက် ၄၄ နှစ်အရွယ် အမျိုးသမီးတစ်ဦး ဖမ်းဆီးခ
အွန်လိုင်း အချစ်ရှာဖွေရေးအက်ပ် မှ သက်ကြီးပိုင်းအမျိုးသားများကို ဆေးခတ်လုယက်ခဲ့သည့် အသက် ၄၄ နှစ်အရွယ် အမျိုးသမီးတစ်ဦး ဖမ်းဆီးခံရ၊ သားကောင်ဖြစ်ရသူတစ်ဦး သေဆုံး အမေရိကန်-မက္ကဆီကို ကတ္တားနှစ်မျိုးခံယူထားသူ အိုရိုရာ ဖဲလ်ပ်စ် (Aurora Phelps) ဆိုသူ အမျိုးသမီးသည် အနည်းဆုံး အမျိုးသား ၃ ဦးကို ချဉ်းကပ်မြှူဆွယ်ခဲ့ပြီးနောက် ဆေးခတ်လုယက်ခဲ့ကြောင်း စွပ်စွဲခံထားရသည်။ သူမသည် သားကောင်ဖြစ်ရသူတစ်ဦးထံမှ အမေရိကန်ဒေါ်လာ ၅ သောင်းကျော်ကို ခိုးယူခဲ့သည့်အပြင် ထိုသူ့အသွင်ဆောင်ကာ ၎င်း၏သားဖြစ်သူထံသို့ ဖုန်းမက်ဆေ့ခ်ျများ ပေးပို့ခဲ့ကြောင်း သိရသည်။ သူမ၏ခင်ပွန်းဖြစ်သူကမူ ၎င်း၏ဇနီးတွင် ယခုကဲ့သို့ စရိုက်ဆိုးမျိုး ရှိနေလိမ့်မည်ဟု တစ်ခါမျှ မတွေးတောခဲ့ဖူးကြောင်း ပြောကြားခဲ့သည်။ သတင်းရင်းမြစ် - FBI (အမေရိကန် ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို) NOM

ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ မော်စကိုမြို့ရှိ Smart Meter ထုတ်လုပ်သည့်စက်ရုံသို့ သွားရောက်လေ့
ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ မော်စကိုမြို့ရှိ Smart Meter ထုတ်လုပ်သည့်စက်ရုံသို့ သွားရောက်လေ့လာ ဇွန် ၇၊ ၂၀၂၆ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ရောက်ရှိနေသည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့ရှိ Telematic Solution Co., Ltd. ၏ Smart Meter ထုတ်လုပ်ရေးစက်ရုံသို့ သွားရောက်လေ့လာရာ တာဝန်ရှိသူများက စက်ရုံအတွင်း ဆောင်ရွက်နေမှု လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားသည်။ ရှင်းလင်းမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ကိုယ်ပိုင်အဆင့်မြင့်နည်းပညာသုံး တပ်ဆင်ထုတ်လုပ်ထားသည့် Smart Meter စနစ်ကို မြန်မာနိုင်ငံ၌ လက်ရှိအသုံးပြုနေသည့်စနစ်တွင် ပေါင်းစပ်အဆင့်မြှင့်တင်ရာ၌ လာရောက်ရင်းနှီးမြှုပ်နှံလိုသည့်အပေါ် ကြိုဆိုပါကြောင်းနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်းများ ပြုလုပ်လိုပါကြောင်း ပြန်လည်ဆွေးနွေးသည်။ ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးအား Inter Rao Co., Ltd. မှ တာဝန်ရှိသူများက လာရောက်တွေ့ဆုံ၍ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ထုတ်လုပ်သည့် တာဘိုင်များအား စွမ်းဆောင်ရည်မြှင့်တင်နိုင်ရေးနှင့် ပြန်လည်ပြုပြင်နိုင်သည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက သဘာဝဓာတ်ငွေ့လေလွင့်ဆုံးရှုံးမှုများ လျှော့ချနိုင်ရန်အတွက် တာဘိုင်များအားပြုပြင်ခြင်း၊ စွမ်းဆောင်ရည်မြှင့်တင်ခြင်း၊ နည်းပညာရရှိရေးအတွက် ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို လာရောက်လေ့လာရန် ဖိတ်ခေါ်ခဲ့ကြောင်း သတင်းရရှိသည်။

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး Alabuga SEZ မှ ကိုယ်စားလှယ် Mr. Konstantin Trifonov အား လက်ခံတွေ့ဆုံ ဇွန် ၇၊ ၂၀၂၆ ရုရှားဖက်
ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး Alabuga SEZ မှ ကိုယ်စားလှယ် Mr. Konstantin Trifonov အား လက်ခံတွေ့ဆုံ ဇွန် ၇၊ ၂၀၂၆ ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ ကျင်းပလျက်ရှိသည့် (၂၉)ကြိမ်မြောက် စိန့်ပီတာစဘတ်နိုင်ငံတကာစီးပွားရေးဖိုရမ်သို့ ဒုတိယသမ္မတ ဦးညိုစောနှင့်အတူ တက်ရောက်ခဲ့သည့် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးသည် တာတာစတန်ဒေသ ကာဇန်မြို့ရှိ အလာဘူဂါ အထူးစီးပွားရေးဇုန် (Alabuga Special Econo-mic Zone)မှ ကိုယ်စားလှယ် Mr. Konstantin Trifonov အား ဒေသစံတော်ချိန် ညနေပိုင်းတွင် Welton Hotel ၌ လက်ခံတွေ့ဆုံသည်။ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေး တွေ့ဆုံစဉ် အထူးစီးပွားရေးဇုန်၏ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်ရေး စက်မှုလုပ်ငန်းများနှင့် တည်ဆောက်ရေးလုပ်ငန်းများအတွက် လုပ်သားများခေါ်ယူမည့်ကိစ္စရပ်များ၊ အလုပ်သမားရေးရာ MoU ရေးထိုးနိုင်ရေး ဆောင်ရွက်နေသည့်ကိစ္စရပ်များနှင့် မြန်မာလုပ်သားများ အလုပ်လုပ်ကိုင်နေကြသည့် အခြေအနေများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

အိန္ဒိယ - အိမ်နီးချင်း - ယုံကြည်မှု။
+3
အိန္ဒိယ - အိမ်နီးချင်း - ယုံကြည်မှု။

ယူကရိန်းနိုင်ငံ ချာနော့ဗ်ဆီ (Chernovtsy) ဒေသတွင် ကလေးငယ်များ ပြည့်နှက်နေသည့် တံတားတစ်စင်း ပြိုကျ။ ကျောင်းသား/ ကျောင်းသူ ၆ ဦး ဆေးရုံတင်ထားရ။ NOM

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သော ကိုယ်စ
+8
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲက လာရောက်ဂါရဝပြု တွေ့ဆုံ။ ဇွန် ၈၊ ၂၀၂၆

ခြိမ်းခြောက်မှုများကို နောက်ထပ် ငြိမ်ခံစောင့်နေမည်မဟုတ်ကြောင်း အီရန်ပြောကြား၊ ဒေသတွင်း မဟာဗျူဟာမြောက် ကာကွယ်ရေးမူဝါဒအသစ်ကို က
ခြိမ်းခြောက်မှုများကို နောက်ထပ် ငြိမ်ခံစောင့်နေမည်မဟုတ်ကြောင်း အီရန်ပြောကြား၊ ဒေသတွင်း မဟာဗျူဟာမြောက် ကာကွယ်ရေးမူဝါဒအသစ်ကို ကြေညာ အီရန်နိုင်ငံ၏ အရေးပေါ်အခြေအနေ စိစစ်သုံးသပ်ရေးကောင်စီ (Expediency Discernment Council) ဥက္ကဋ္ဌ ဆာဒက် လာရီဂျာနီ (Sadeq Larijani) က လက်ဘနွန်ကို ထောက်ခံအားပေးရန်အတွက် အီရန်အစိုးရ၏ ကြားဝင်စွက်ဖက်မှုသည် မဟာဗျူဟာမြောက် မူဝါဒအသစ်တစ်ရပ်ကို တရားဝင်ကြေညာခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထိုမူဝါဒသစ်အရ "တော်လှန်ရေးဝင်ရိုးတန်း" (Resistance Axis) ၏ မည်သည့်အဖွဲ့ဝင်မဆို တိုက်ခိုက်ခံရပါက ပထဝီဝင်နယ်နိမိတ်များကို ကျော်လွန်ပြီး ဒေသတွင်းအခြေအနေများကို ပြောင်းလဲပစ်နိုင်မည့် တုံ့ပြန်မှုမျိုးဖြင့် တုံ့ပြန်သွားမည်ဖြစ်သည်။ လာရီဂျာနီက အီရန်သည် ၎င်း၏ဒေသတွင်းရပ်တည်ချက်ကို ထိန်းသိမ်းရန်အတွက် ခြိမ်းခြောက်မှုများ ပေါ်ပေါက်လာသည်အထိ ငြိမ်ခံစောင့်ဆိုင်းခြင်းမပြုတော့ဘဲ စတင်ဦးဦးဖျားဖျား အရေးယူဆောင်ရွက်မည့် အဆင့်သစ်တစ်ခုသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် ပဋိပက္ခကို ပိုမိုချဲ့ထွင်လာခြင်း သို့မဟုတ် အီရန်၏ အရေးပါသော အခြေခံအဆောက်အအုံများကို တိုက်ခိုက်လာခြင်းမျိုးမဆို ဘက်စုံလွှမ်းခြုံပြီး ဟန့်တားမှုဖြစ်စေမည့် ပြင်းထန်သော တုံ့ပြန်မှုနှင့် ရင်ဆိုင်ရလိမ့်မည်ဟုလည်း သတိပေးခဲ့သည်။ NOM

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ ပန် Penn ဘူတာရုံအတွင်း ဓားထိုးမှုဖြစ်ပွားပြီး လူခြောက်ဦး ဒဏ်ရာရ သံသယရှိသူကို ဖမ်းဆီးထိန်းသိမ်းထားနိုင်ခဲ့သော်လည်း တိုက်ခိုက်ရသည့် အကြောင်းရင်းကိုမူ မသိရသေးပေ။ NOM

မီတာခတွေ အလဟဿ မကုန်ဆုံးစေဘဲ ထိရောက်တဲ့ လျှပ်စစ်ချွေတာနည်းလမ်းကို သိရှိဖို့ အိမ်တိုင်း အိမ်တိုင်း Capacitor Bank တပ်ဆင်ကာ လျှပ်စစ်ကိုချွေတာပါ ✅မီတာခ သက်သာတယ်... ✅ဓာတ်အား စနစ် တည်ငြိမ်တယ်... ✅ပိုလာတဲ့ လျှပ်စစ်ဓာတ်အားကို အခြားလူတွေ မျှပေးလို့ရတယ်.....

ကုမ္ပဏီစတော့ရှယ်ယာများကြောင့် SpaceX အာကာသကုမ္ပဏီမှ ဂဟေဆော်သူတစ်ဦး မီလျံနာဖြစ်လာတော့မည် ဟွမ် ဟာနန်ဒက်ဇ်သည် တစ်နာရီလျှင် ၂၈ ဒေ
ကုမ္ပဏီစတော့ရှယ်ယာများကြောင့် SpaceX အာကာသကုမ္ပဏီမှ ဂဟေဆော်သူတစ်ဦး မီလျံနာဖြစ်လာတော့မည် ဟွမ် ဟာနန်ဒက်ဇ်သည် တစ်နာရီလျှင် ၂၈ ဒေါ်လာရရှိသော ဂဟေဆော်သူတစ်ဦးအဖြစ် အီလွန်မက်စ်​၏ SpaceX အာကာသကုမ္ပဏီသို့ စတင်ဝင်ရောက်ခဲ့ပြီး ကုမ္ပဏီ၏ စတော့ရှယ်ယာ ၁၀,၀၀၀ ဒေါ်လာဖိုးကို (အပိုဆုအဖြစ်) ရရှိခဲ့သည်။ SpaceX ကုမ္ပဏီသည် အများပိုင်ကုမ္ပဏီအဖြစ် အိတ်ချိန်းစျေးကွက်သို့ ဝင်ရောက်ရန် (IPO) ဦးတည်နေချိန်တွင် ၎င်းလက်ဝယ် ဆုပ်ကိုင်ထားခဲ့သော ရှယ်ယာများ၏ တန်ဖိုးမှာ ယခုအခါ အမေရိကန်ဒေါ်လာ ၁ သန်းနီးပါးအထိ ရှိနေပြီဖြစ်သည်။ NOM

၂၀၂၆ ခုနှစ် မေလအတွင်း ရွာသွန်းခဲ့သော မိုးရေများတွင် အက်စစ်ဖြစ်ထွန်းမှု အခြေအနေများ။
၂၀၂၆ ခုနှစ် မေလအတွင်း ရွာသွန်းခဲ့သော မိုးရေများတွင် အက်စစ်ဖြစ်ထွန်းမှု အခြေအနေများ။

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းတွင် ပမာဏ . အဆင့်ရှိ အင်အားပြင်းငလျင် လှုပ်ခတ်မှုကြောင့် ၃၆ ထပ်မြင့်အဆောက်အအုံတစ်ခု ယိမ်းခါသွား NOM

အိုမန်ကမ်းလွန်တွင် Marivex သင်္ဘော တိုက်ခိုက်ခံရပြီးနောက် အိန္ဒိယသင်္ဘောသား ၂၄ ဦးကို ရဟတ်ယာဉ်ဖြင့် ကယ်ဆယ်ခဲ့ရ အခင်းဖြစ်ပွားရာနေရာမှ ရရှိသည့် ရုပ်သံမှတ်တမ်းများအရ သင်္ဘောသားများသည် ပင်လယ်ပြင်တွင် အသက်ရှင်သန်ရေးအတွက် ရုန်းကန်ခဲ့ကြရပြီးနောက် ပျက်စီးသွားသော အဆိုပါသင်္ဘောပေါ်မှ ၎င်းတို့အား (ရဟတ်ယာဉ်ဖြင့်) မတင်ကယ်ဆယ်နေသည်ကို မြင်တွေ့ရသည်။ NOM

တရုတ်-မြောက်ကိုရီးယားချစ်ကြည်ရေးသည် ပြောင်းလဲမည်မဟုတ်ကြောင်း သမ္မတ ရှီကျင့်ဖျင် ထပ်လောင်းအတည်ပြု — ဆင်ဟွာ ပြုံယမ်းမြို့တွင် ပြုလုပ်ခဲ့သော တွေ့ဆုံပွဲ၌ ရှီကျင့်ဖျင်နှင့် ကင်ဂျုံအွန်တို့က နိုင်ငံရေးအရ ယုံကြည်မှုကို ပိုမိုနက်ရှိုင်းစေရန်၊ ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့ရန်နှင့် ဒေသတွင်း လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းညှိနှိုင်းမှုများကို အားကောင်းမောင်သန် လုပ်ဆောင်သွားရန် ကတိပြုခဲ့ကြသည်။ NOM

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများပြုလုပ်ခဲ့သူအား ဖော်ထုတ်အရေးယူ ဇွန် ၈၊ ၂၀၂၆ အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည်နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့်အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ် ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။ ထိုကဲ့သို့ သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ၂၀၂၆ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့တွင် အသိပေးထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုမူလုပ်ဆောင်ခဲ့သည့် “Nang Akari” Facebook အကောင့်ပိုင်ရှင်ဖြစ်သူ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ ညောင်ဖြူစခန်းရပ်ကွက်၊ စဝ်စံထွန်းဈေး (အောက်ဘက်)တေဇလမ်းနေ ဧကရီကျော် (ခ) နန်းဧကရီကျော် အား ည ၁၀ နာရီ ၄၀ မိနစ်တွင် တောင်ကြီးနယ်မြေရဲစခန်း၌ တရားဥပဒေနှင့်အညီ ဖမ်းဆီး ထိန်းသိမ်း အမှုဖွင့်လှစ်အရေးယူဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။ NOM

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၌ လက်နက်ကိုင်အကြမ်းဖက်သမားများက "မံဆောင်" သံကူကွန်ကရစ်တံတားအသစ်အား မိုင်းထောင်ဖောက်ခွဲဖျက်ဆီး NO
+1
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၌ လက်နက်ကိုင်အကြမ်းဖက်သမားများက "မံဆောင်" သံကူကွန်ကရစ်တံတားအသစ်အား မိုင်းထောင်ဖောက်ခွဲဖျက်ဆီး NOM ဇွန် ၈၊ ၂၀၂၆ ချင်းပြည်နယ်၊ တီးတိန် မြို့နယ်၊ လမ်းဇန်ကျေးရွာနှင့် လိုင်တွီးကျေးရွာကြားရှိ မဏိပူရမြစ်အား ဖြတ်သန်း၍ တီးတိန်မြို့နှင့် ရိဒ်ခေါဒါရ်မြို့သို့ ဆက်သွယ်ထားသည့် "မံဆောင်" သံကူကွန်ကရစ်တံတားအသစ်အား ဇွန်လ ၇ ရက်နေ့ နံနက် ၄ နာရီအချိန်၌ အကြမ်းဖက် အဖွဲ့ (စိစစ်ဆဲ) က မိုင်းထောင်ဖောက်ခွဲခဲ့သဖြင့် အဆိုပါတံတား၏ ရေလယ်တိုင်အမှတ် P1 ရှိ တိုင် နှစ်လုံးတွင် အောက်ခြေပိုင်းပျက်စီးသွားခဲ့ပြီး လူနှင့် မော်တော်ဆိုင်ကယ်များဖြတ်သန်းသွားလာနိုင် ကြောင်းနှင့် မော်တော်ယာဉ်များမှာ အနီးရှိ တံတားအဟောင်းမှ ဖြတ်သွားလာလျက်ရှိကြောင်းသိရသည်။ NOM