ch
Feedback
News Of Myanmar

News Of Myanmar

前往频道在 Telegram

📈 Telegram 频道 News Of Myanmar 的分析概览

频道 News Of Myanmar (@newsofmyanmar) 缅甸语 语言赛道中的 是活跃参与者。目前社区聚集了 12 532 名订阅者,在 新闻与媒体 类别中位列第 16 077,并在 缅甸 地区排名第 10 075

📊 受众指标与增长动态

невідомо 创建以来,项目保持高速增长,吸引了 12 532 名订阅者。

根据 18 六月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -276,过去 24 小时变化为 -19,整体触达仍然可观。

  • 认证状态: 未认证
  • 互动率 (ER): 平均受众互动率为 7.29%。内容发布后 24 小时内通常能获得 9.34% 的反应,占订阅者总量。
  • 帖子覆盖: 每篇帖子平均可获得 913 次浏览,首日通常累积 1 171 次浏览。
  • 互动与反馈: 受众积极参与,单帖平均反应数为 16

📝 描述与内容策略

作者将该频道定位为表达主观观点的平台:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

凭借高频更新(最新数据采集于 19 六月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 新闻与媒体 类别中的关键影响点。

12 532
订阅者
-1924 小时
-637
-27630
帖子存档
ဆိုရှယ်မီဒီယာများတွင် ရထားလက်မှတ်ခဝန်ဆောင်မှုပေးသည့်ကြော်ငြာများအား အရေးယူမည် NOM၊ဇွန်၁၀၊၂၀၂၆ ဆိုရှယ်မီဒီယာများတွင် ရထားလက်မှတ်ခများကို ဝန်ဆောင်မှုပေးခြင်း ပြုလုပ်သည့်ကြော်ငြာများတွေ့ရှိပါကထိရောက်စွာ အရေးယူမည်ဟုယနေ့ဇွန်၁၀ရက်တွင်မြန်မာမီးရထားမှထုတ်ပြန်ထားသည်။ မြန်မာ့မီးရထားက ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့မှစ၍ ရထားစီးခရီးသွား ပြည်သူများ လက်မှတ်ဝယ်ယူရာတွင် အဆင်ပြေ ချောမွေ့စေရန်အတွက် ရန်ကုန်-မန္တလေး လမ်းပိုင်း ပြေးဆွဲလျက် ရှိသော လူစီးအမြန်ရထားများအား Online မှ ရထားလက်မှတ် ဝယ်ယူနိုင်သော Web base (ORTP) စနစ်ကို စတင်အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ပြီးဧပြီလ(၄)ရက်နေ့တွင် မြန်မာ့မီးရထားက ၎င်း (ORTP) စနစ် တည်ဆောက်ခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုတို့အတွက် တင်ဒါ အောင်မြင်သော နည်းပညာကုမ္ပဏီ၏ နည်းပညာ ဝန်ဆောင်ခ အတွက်လက်မှတ် (၁)စောင်လျှင် (၂၀၀/-)ကျ ပ်နှင့် ဘဏ်များက တရားဝင် သတ်မှတ်ထားသော ငွေလွှဲဝန်ဆောင် ခကို ကောက်ခံခွင့် ပြုခဲ့ ကြောင်းသိရသည်။ "လုပ်ပေးတဲ့စနစ်ကကောင်းပါတယ် ဒါပေမဲ့တချို့တွေကဝယ်လို့မရဘူးဆိုတဲ့အသံတွေလည်းထွက်တယ် တစ်ချို့ကြတော့ဝယ်လို့တော့ရတယ်ဒါပေမယ်ငွေလွဲဖို့အတွက်မှန်လား မမှန်လားဆိုတာတွေလည်းအများကြီးရှိနေတယ် တစ်ချိို့အလိမ်ခံရတယ်ဆိုတာတွေလည်းရှိ နေတယ်ဒါကြောင့် ခရီးသွားပြည်သူတွေအလိမ်မခံရအောင် သေချာဖော်ထုတ်သင့်ပါတယ်"ဟုခရီးသွားတစ်ဦးကသုံးသပ် ပြောကြားခဲ့သည်။ ယခုအခါ Social Media များဖြစ်သော Tiktok, Facebook, Telegram, Viber များဖြင့် ကြော်ငြာ၍ ၀န်ဆောင်ခဖြင့် ရထားလက်မှတ်များကို ဆောင်ရွက်ပေးနေ ကြောင်းတွေ့မြင်ကြားသိနေရသည့်အတွက်မြန်မာ့မီးရထားအနေ ဖြင့် ခရီးသွားပြည်သူများအဆင်ပြေစေရေး အတွက် Online မှ ဝယ်ယူရန်ခက်ခဲသော ခရီးသည်များကို ဘူတာရုံများတွင် အထောက်အကူပြုကောင်တာများ ထားရှိခြင်း၊ ဘူတာ ဝန်ထမ်းများမှ လက်မှတ်ရုံများတွင် ORTP စနစ်ဖြင့် ဝယ်ယူပေးခြင်းများကို စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါသည်။ ကိုယ်စားလှယ်အဖြစ် အခြားမည်သူ တစ်ဦးတစ်ယောက်ကိုမျှ ဝန်ဆောင်ခကောက်ခံရန် တာဝန်ပေးအပ်ထားခြင်း လုံးဝမရှိ ကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ သို့ဖြစ်ပါ၍ Social Media များဖြစ်သော Tiktok, Facebook, Telegram, Viber များဖြင့် ရထား လက်မှတ်ခ ဝန်ဆောင်ခ ပေးခြင်းပြုလုပ်သည့် ကြော်ငြာများနှင့်ပတ်သက်၍ လုံးဝ ဆောင်ရွက်ခြင်း မပြုလုပ်ကြပါရန်နှင့် ပြုလုပ်ကြောင်းတွေ့ရှိရပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း အသိပေးထားသည်။

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်
+3
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲအစည်းများ (NCA-S EAOs) ဆွေးနွေးညှိနှိင်းရေးအဖွဲတို အလွတ်သဘော တွေ့ဆုံဆွေးနွေး ဇွန် ၉၊ ၂၀၂၆

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး လာအိုပြည်သူ့တပ်မတော် စစ်ဦးစီးဌာန ဒုတိယအကြီးအကဲ ဖြစ်သူ Major General Vanht
+3
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး လာအိုပြည်သူ့တပ်မတော် စစ်ဦးစီးဌာန ဒုတိယအကြီးအကဲ ဖြစ်သူ Major General Vanhthong BOUDTAVONG  ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ ဇွန် ၉၊ ၂၀၂၆

အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ၁၉ ဦး မြန်မာ - ထိ
+2
အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့်  ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့်  ပြည်ပနိုင်ငံသား ၁၉ ဦး မြန်မာ - ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့  ထပ်မံလွှဲပြောင်းပေးအပ် ဇွန် ၉၊၂၀၂၆

ဖလမ်းမြို့ရှိ ကျန်းမာရေးဝန်ထမ်းအိမ်ရာနှင့် ဘာသာရေးအဆောက်အအုံများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက် NOM၊ဇွန် ၉၊၂၀၂၆ ဖလမ်းမြို့ရှိ
ဖလမ်းမြို့ရှိ ကျန်းမာရေးဝန်ထမ်းအိမ်ရာနှင့် ဘာသာရေးအဆောက်အအုံများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက် NOM၊ဇွန် ၉၊၂၀၂၆ ဖလမ်းမြို့ရှိ နေရပ်ပြန် နိုင်ငံ့ဝန်ထမ်းများသည် ဖလမ်းမြို့တွင်း သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ဖလမ်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ပြည်သူ့ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်သည့် စုပေါင်းအဖွဲ့သည် ဇွန်လ(၈)ရက် ညနေပိုင်းတွင် ပြည်သူ့ဆေးရုံဝင်းအတွင်း လေးခန်းတွဲကျန်းမာရေးဝန်ထမ်းအိမ်ရာ အနီးပတ်ဝန်းကျင်ရှိ ချုံနွယ်ပိတ်ပေါင်းနှင့် အမှိုက်သရိုက်များကို လည်းကောင်း၊ အိမ်ရာအတွင်းအပြင်တွင် လည်းကောင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြသည်။အလားတူဇွန်လ (၉) ရက် နံနက်ပိုင်းတွင် ဖလမ်းနှစ်ခြင်းအသင်းတော် ပရိဝုဏ်အတွင်းတွင် လည်းကောင်း၊ ဇမ္ဗူအေးစေတီတော် ပရိဝုဏ်အတွင်းရှိ ချုံနွယ်ပိတ်ပေါင်းများနှင့် စေတီတော်ရင်ပြင်တွင်လည်းကောင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြကြောင်း သတင်းရရှိသည်။

အင်္ဂလန်အလယ်ပိုင်းက မန်ချက်စတာမြို့ရှိ ကျောင်းတစ်ကျောင်းတွင် ကျောင်းသား/ ကျောင်းသူ ၃ ဦး ဓားထိုးခံရဟု ရဲတပ်ဖွဲ့ ထုတ်ပြန်။ ကျော
အင်္ဂလန်အလယ်ပိုင်းက မန်ချက်စတာမြို့ရှိ ကျောင်းတစ်ကျောင်းတွင် ကျောင်းသား/ ကျောင်းသူ ဦး ဓားထိုးခံရဟု ရဲတပ်ဖွဲ့ ထုတ်ပြန်။ ကျောင်းသူတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားသည်။ NOM

မြန်မာ-တရုတ် နှစ်နိုင်ငံကြား ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေးမူကြီး(၅)ရပ်သည် မျက်မှောက်ခေတ် နိုင်ငံတကာဆက်ဆံရေးနယ်ပယ်တွင် စ
+5
မြန်မာ-တရုတ် နှစ်နိုင်ငံကြား ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေးမူကြီး(၅)ရပ်သည် မျက်မှောက်ခေတ် နိုင်ငံတကာဆက်ဆံရေးနယ်ပယ်တွင် စံနမူနာတစ်ခုဖြစ်လာဟု နိုင်ငံတော်သမ္မတပြော ၁၉၅၄ ခုနှစ်ကချမှတ်ခဲ့သည့် မြန်မာ-တရုတ် နှစ်နိုင်ငံကြား ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ရပ်သည် မျက်မှောက်ခေတ် နိုင်ငံတကာဆက်ဆံရေးနယ်ပယ်တွင် စံနမူနာတစ်ခုဖြစ်လာသည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။ ယမန်နေ့ ဇွန် ၈ ရက်ညနေပိုင်းက နေပြည်တော်ရှိ ဥတ္တရသီရိကုန်တိုက်၊ ဂျေစီနီပလက်စ်ရုပ်ရှင်ရုံ၌ ကျင်းပသော "၂၀၂၆ ခုနှစ် တရုတ်ရုပ်ရှင်ပြပွဲရက်သတ္တပတ်အစီအစဉ်"ဖွင့်ပွဲတွင် အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကို ဖမ်းဝရမ်းထုတ်ရန် ကြိုးပမ်းခဲ့သည့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး ICC တရားစွဲဆိုရေးအရာရှိချု
အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကို ဖမ်းဝရမ်းထုတ်ရန် ကြိုးပမ်းခဲ့သည့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး ICC တရားစွဲဆိုရေးအရာရှိချုပ် လိင်ပိုင်းဆိုင်ရာ မလျော်သြဇာသုံးမှု စွပ်စွဲချက်များကြောင့် ရာထူးမှ ခေတ္တရပ်ဆိုင်းခံရ ခရင်မ်ခန်း (Karim Khan) သည် ၎င်းအပေါ် စွပ်စွဲထားသည့် မလျော်ကန်သော အပြုအမူများကို ငြင်းဆိုထားသော်လည်း အဆိုပါ စွပ်စွဲချက်များကို စုံစမ်းစစ်ဆေးနေစဉ်အတွင်း ၎င်း၏ တာဝန်ဝတ္တရားများမှ ဖယ်ရှားခြင်း ခံထားရသည်။ NOM

အာဖရိကတိုက်သား ရွှေ့ပြောင်းအခြေချနေထိုင်သူတစ်ဦးသည် ယမန်နေ့ညက ယူကေနိုင်ငံ​၏ အစိတ်အပိုင်းတခုဖြစ်သည့် မြောက်အိုင်ယာလန်၊ ဘဲလ်ဖတ်စ်မြို့တွင် အမျိုးသားတစ်ဦးအား ခေါင်းဖြတ်သတ်ရန် ကြိုးပမ်းခဲ့ပြီး ၎င်းကို ဆိုမာလီနိုင်ငံသား ဖြစ်နိုင်ကြောင်း မြောက်အိုင်ယာလန် ရဲတပ်ဖွဲ့က ယူဆထားသည်။ ထိခိုက်ဒဏ်ရာရရှိသူမှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေဆဲဖြစ်သည်။ ကျူးလွန်ရသည့် အကြောင်းရင်းကိုမူ လက်ရှိအချိန်ထိ မသိရသေးပေ။ NOM

ဧရာဝတီတိုင်းအစိိိိုးရအဖွဲ့မှ မြစ်ရေကြီးမှုအန္တရာယ် ကြိုတင်သတိပြုပြင်ဆင်ရန် အသိပေးနှိုးဆော်ချက်ထုတ်ပြန် NOM ဇွန် ၉၊ ၂၀၂၆ ဧရာဝတ
ဧရာဝတီတိုင်းအစိိိိုးရအဖွဲ့မှ မြစ်ရေကြီးမှုအန္တရာယ် ကြိုတင်သတိပြုပြင်ဆင်ရန် အသိပေးနှိုးဆော်ချက်ထုတ်ပြန် NOM ဇွန် ၉၊ ၂၀၂၆ ဧရာဝတီတိုင်းအတွင်း လက်ရှိ မိုးသည်းထန်စွာ ရွာသွန်းမှုများနှင့်အတူ မြစ်ရေမျက်နှာပြင် မြင့်တက်လာနိုင်သည့် အခြေအနေများကြောင့် မြစ်ကမ်းနားနှင့် မြေနိမ့်ပိုင်းဒေသများတွင် နေထိုင်ကြသော မိဘပြည်သူများအနေဖြင့် ရေဘေးအန္တရာယ်ကို ကြိုတင်ကာကွယ် နိုင်ရန်အထူးဂရုပြုပြင်ဆင်ထားကြပါရန် အသိပေးနှိုးဆော်ချက်ကို ယနေ့ (ဇွန် ၉ ရက်)က ဧရာဝတီတိုင်းအစိုးရအဖွဲ့က ထုတ်ပြန်ထားကြောင်းသိရသည်။ ထုတ်ပြန်ချက်တွင် အရေးကြီးစာရွက်စာတမ်းများနှင့် ပစ္စည်းများ- မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း၊ ငွေကြေးနှင့် အဖိုးတန်ပစ္စည်းများကို ရေလုံသော အိတ်များဖြင့် သေချာစွာထုပ်ပိုးပြီး ရွှေ့ပြောင်းရလွယ်ကူသည့်နေရာတွင် အသင့်ထားရှိရန်၊ အလွယ်တကူစားသုံးနိုင်သော ရိက္ခာများ၊ သောက်ရေသန့်နှင့် ဆေးဝါးအချို့ကို (အနည်းဆုံး ၃ ရက်စာ) စုဆောင်း ထားရန်၊ လက်နှိပ်ဓာတ်မီး၊ ဖယောင်းတိုင်၊ မီးခြစ်နှင့် ဖုန်း Power Bank များကို အားပြည့်အောင် သွင်းထားပြီး အသင့်ဆောင်ထားရန်နှင့် ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများကို ရေဘေးလွတ်ကင်းရာ အမြင့်ပိုင်း သို့မဟုတ် နီးစပ်ရာရေဘေးခိုလှုံရာစခန်းများသို့ ကြိုတင်ရွှေ့ပြောင်း နေရာချထားရန်တို့ကို ထုတ်ပြန်ထားသည်။ အလားတူ ရေစီးသန်နေချိန်တွင် မြစ်ရေထဲဆင်းခြင်း၊ ရေကူးခြင်းနှင့် လှေစီးခြင်းများကို အထူးရှောင်ကြဉ်ရန်နှင့် ကလေးငယ်များကို ရေအနီးအနားသို့ လုံးဝ (လုံးဝ) သွားလာခွင့်မပြုရန်၊ ရေဘေးကာလတွင် အဆိပ်ရှိသတ္တဝါများ (မြွေ၊ ကင်းမြီးကောက်) ရေလွတ်ရာသို့ တက်လာတတ်သဖြင့် သတိပြုနေထိုင်အသ်််ိပေးထားသည်။ ဓါတ်ပုံ - ဧရာဝတီတိုင်းအစိိိိုးရအဖွဲ့ (ပုံဟောင်း)

ဒုတိယဝန်ကြီး ဦးဝင်းမြင့်ခိုင် သီလဝါအထူးစီးပွားရေးဇုန်ရှိ စက်ရုံများကြည့်ရှုစစ်ဆေး ဇွန် ၈၊ ၂၀၂၆ စီးပွားရေးနှင့် ကူးသန်းရောင်းဝ
ဒုတိယဝန်ကြီး ဦးဝင်းမြင့်ခိုင် သီလဝါအထူးစီးပွားရေးဇုန်ရှိ စက်ရုံများကြည့်ရှုစစ်ဆေး ဇွန် ၈၊ ၂၀၂၆ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမြင့်ခိုင်သည် ဇွန် ၅ ရက် မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ် သီလဝါအထူးစီးပွားရေးဇုန်ရှိ Hansae Myanmar Co., Ltd.၌ ပြည်ပသို့တင်ပို့ရန် အဝတ်အထည်အမျိုးမျိုးထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် Kianjoo Can Myanmar Co., Ltd. ၏ အလူမီနီယံထုတ်လုပ်သည့် စက်ရုံ၌ အလူမီနီယံဘူးခွံအမျိုးမျိုးထုတ်လုပ်နေမှုနှင့် Zifan Pyrex Myanmar Co., Ltd. ၌ ဆေးဝါးများထုတ်လုပ်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဆေးဝါးများ အရည်အသွေးပြည့်မီစေရေး အလေးထားဆောင်ရွက်ရန်၊ ပြည်ပသို့ တင်ပို့ရာတွင် နိုင်ငံတကာဈေးကွက်၌ ယှဉ်ပြိုင်နိုင်ရေး၊ စံချိန်စံညွှန်းအရည်အသွေးပြည့်မီစေရေးနှင့် ပြည်ပပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေး အလေးထားဆောင်ရွက်သွားကြရန်မှာကြားခဲ့ကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ်တွင် အီလက်ထရောနစ်စနစ် မွေးဖွားမှုနှင့် သေဆုံးမှု မှတ်ပုံတင်ခြင်းလုပ်ငန်း (MBDR) သင်တန်းဖွင့်လှစ် ဇွန် ၉၊ ၂၀၂
+2
ကျိုက်ထိုမြို့နယ်တွင် အီလက်ထရောနစ်စနစ် မွေးဖွားမှုနှင့် သေဆုံးမှု မှတ်ပုံတင်ခြင်းလုပ်ငန်း (MBDR) သင်တန်းဖွင့်လှစ်   ဇွန် ၉၊ ၂၀၂၆   မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် လက်ထရောနစ်စနစ် မွေးဖွားမှုနှင့် သေဆုံးမှု မှတ်ပုံတင်ခြင်းလုပ်ငန်း (MBDR) သင်တန်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။   ဦးစွာ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာခွန်မောင်အိုးက အဖွင့်အမှာစကားပြောကြားပြီး (ကျန်းမာရေးမှူး-၁) ဦးထွန်းညီညီက သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။   ဆက်လက်၍ အခမ်းအနားကို ကျင်းပရာ (ကျန်းမာရေးမှူး-၃) ဒေါ်ပိုးအိအိစိုးက သင်တန်းနှင့် ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားပြီး သင်တန်းနည်းပြ (၆) ဦးတို့က သင်တန်းသား/ သူ (၅၈) ဦးတို့အား (၃) ရက်ကြာ စာတွေ့လက်တွေ့ သင်‌ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ထီးချိုင့်မြို့နယ်၊ စံပြရပ်ကွက်တွင် PDF အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် မိုင်းအားတိုက်မိပေါက်ကွဲမှုကြောင့် အရပ်သားပြည်သူနှစ်ဦး ထိ
+1
ထီးချိုင့်မြို့နယ်၊ စံပြရပ်ကွက်တွင် PDF အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် မိုင်းအားတိုက်မိပေါက်ကွဲမှုကြောင့် အရပ်သားပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရ NOM ဇွန် ၉၊ ၂၀၂၆ စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်၊ မောင်းကုန်း ကျေးရွာနေ ဦးအောင်ကျော်တိုး (၃၉) နှစ်သည် ဇွန်လ ၈ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်၌ တစ်ရွာတည်းနေ မသွန်းဟေသီ (၂၀) နှစ်နှင့်အတူ မောင်းကုန်းကျေးရွာမှ ထီးချိုင့်မြို့နယ်၊ စံပြရပ်ကွက်သို့ မော်တော်ယာဉ်ဖြင့် သွားရောက်စဉ် အဆိုပါရပ်ကွက်ရှိ မြို့နယ်ဥပဒေရုံးအနီးအရောက် လမ်းဘေးမှ PDF အကြမ်းဖက်အဖွဲ့ထောင်ထား သည့် မိုင်းတစ်လုံးအား တိုက်မိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတို့နှစ်ဦးတွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ထီးချိုင့်မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်းသိရသည်။ NOM

ပုလောမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရ NOM ဇွန်
ပုလောမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရ NOM ဇွန် ၉၊ ၂၀၂၆ တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ပြည်သူ့ဆေးရုံသို့ ဇွန်လ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်အချိန်၌ မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ မွန်းလွဲ ၁ နာရီအချိန်၌ ပုလောမြို့နယ်၊ ရှပ်ပုံကျေးရွာနေ ဦးမင်းပိုင်ဦး (၃၂) နှစ် သည် ၎င်း၏နေအိမ်မှ ဖော့ကျေးရွာသို့ ကျေးရွာချင်း ဆက်လမ်းအတိုင်း ဆိုင်ကယ်ဖြင့် ထွက်ခွာလာစဉ် ရှပ်ပုံကျေးရွာ၏ မြောက်ဘက် ၃ မိုင်ခန့်အကွာ အထက်ပေါင်းကျေးရွာအနီးအရောက် လမ်းဘေးမှ PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံး ပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ NOM

အမေရိကန်က အီရန်ဘောလုံးပရိသတ်တွေရဲ့ ကမ္ဘာ့ဖလားလက်မှတ်တွေကို ပယ်ဖျက် — Al Jazeera အိမ်ရှင်အဖြစ် ပူးတွဲလက်ခံကျင်းပတဲ့ အမေရိကန်နိ
အမေရိကန်က အီရန်ဘောလုံးပရိသတ်တွေရဲ့ ကမ္ဘာ့ဖလားလက်မှတ်တွေကို ပယ်ဖျက် — Al Jazeera အိမ်ရှင်အဖြစ် ပူးတွဲလက်ခံကျင်းပတဲ့ အမေရိကန်နိုင်ငံဟာ အီရန်အားပေးသူတွေ လာရောက်ကြည့်ရှုခွင့်ကို ဟန့်တားနှောင့်ယှက်ဖို့အတွက် FIFA က သတ်မှတ်ပေးထားတဲ့ အီရန်နိုင်ငံရဲ့ လက်မှတ်ခွဲတမ်းတွေကို ပြန်လည်ရုပ်သိမ်း (ပယ်ဖျက်) လိုက်တယ်လို့ အီရန်ဘောလုံးအဖွဲ့ချုပ်က ပြောကြားခဲ့ပါတယ်။ ဒီလုပ်ရပ်ဟာ "နိုင်ငံတကာပြိုင်ပွဲတွေရဲ့ စိတ်ဓာတ်" ကို ချိုးဖောက်ရာရောက်နေတာကြောင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) အနေနဲ့ ဝင်ရောက်စွက်ဖက် ဖြေရှင်းပေးဖို့ အီရန်ဘက်က တောင်းဆိုထားပါတယ်။ NOM

၂၇ နှစ်အရွယ် SpaceX အာကာသကုမ္ပဏီ​၏ အင်ဂျင်နီယာတစ်ဦး မီလျံနာဖြစ်လာနိုင်ခြေရှိ — WSJ အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မေရီအယ်လင်
၂၇ နှစ်အရွယ် SpaceX အာကာသကုမ္ပဏီ​၏ အင်ဂျင်နီယာတစ်ဦး မီလျံနာဖြစ်လာနိုင်ခြေရှိ — WSJ အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မေရီအယ်လင် မက်ဆဲလ်မန်း (Maryellyn Musselman) ဟာ SpaceX အာကာသကုမ္ပဏီရဲ့ ဒုံးပျံအစိတ်အပိုင်းတွေ ပြန်လည်ဆယ်ယူရေး ရေယာဉ်ပေါ်မှာ အင်ဂျင်နီယာအရာရှိအဖြစ် ၂ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး သူမရရှိတဲ့ လစာချက်လက်မှတ်တိုင်းရဲ့ ၁၀ ရာခိုင်နှုန်းကို ကုမ္ပဏီရဲ့ ရှယ်ယာတွေဝယ်ယူဖို့ ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ အခုအခါမှာတော့ SpaceX ကုမ္ပဏီဟာ အများပိုင်ကုမ္ပဏီအဖြစ် ရှယ်ယာတွေ စတင်ရောင်းချဖို့ (IPO) ပြင်ဆင်နေတာကြောင့် သူမပိုင်ဆိုင်ထားတဲ့ ရှယ်ယာတန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၁ သန်း (မီလျံနာ) ကျော်အထိ တန်ကြေးရှိလာနိုင်ပါတယ်။ SpaceX ဟာ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့မှာ စတော့စျေးကွက်အတွင်း သမိုင်းဝင် IPO အဖြစ် ရှယ်ယာတွေ စတင်ရောင်းချဖို့ ပြင်ဆင်နေတာဖြစ်ပြီး ကုမ္ပဏီရဲ့ တန်ကြေးဟာ ဒေါ်လာ ၁.၇၅ ထရီလီယံဝန်းကျင်အထိ ရှိလာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ ဒါကြောင့် ကုမ္ပဏီရဲ့ ရှယ်ယာတွေကို ကြိုတင်ပိုင်ဆိုင်ထားကြတဲ့ ရေယာဉ်အဖွဲ့သားတွေ၊ ဂဟေဆော်သူတွေနဲ့ အင်ဂျင်နီယာတွေအပါအဝင် ဝန်ထမ်းအမြောက်အမြားဟာ ညတွင်းချင်း မီလျံနာတွေ ဖြစ်လာဖို့ ရှိနေကြပါတယ်။ NOM

လာအိုနိုင်ငံခြားရေးဝန်ကြီး သောင်ဆာဗန် ဖုန်ဗီဟန် (Thongsavanh Phomvihane) သည် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေ၏ ဖိတ်က
လာအိုနိုင်ငံခြားရေးဝန်ကြီး သောင်ဆာဗန် ဖုန်ဗီဟန် (Thongsavanh Phomvihane) သည် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေ၏ ဖိတ်ကြားချက်အရ ဇွန်လ ၁၂ ရက်မှ ၁၃ ရက်အထိ မြန်မာနိုင်ငံသို့ တရားဝင်အလည်အပတ်ခရီးစဉ် လာရောက်မည် ဖြစ်သည်။ အဆိုပါ ခရီးစဉ်သည် ဆယ်စုနှစ် ခုနစ်စုကျော် ကြာမြင့်ခဲ့ပြီဖြစ်သော နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုခိုင်မာစေရန်နှင့် အိမ်နီးချင်းကောင်း ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်ရန် ရည်ရွယ်သည်။ NOM

တွဲကားဝင်တိုက်မှုကြောင့်ပျက်စီးသွားသည့်ဓာတ်တိုင်များအား အစားထိုးတပ်ဆင်ဆောင်ရွက်နေကြောင်း YESC အသိပေး NOM၊ဇွန်၉၊၂၀၂၆ ရန်ကုန်မြ
တွဲကားဝင်တိုက်မှုကြောင့်ပျက်စီးသွားသည့်ဓာတ်တိုင်များအား အစားထိုးတပ်ဆင်ဆောင်ရွက်နေကြောင်း YESC အသိပေး NOM၊ဇွန်၉၊၂၀၂၆ ရန်ကုန်မြို့၊ ဒညင်းကုန်းလမ်းမပေါ် (၆၄၆)တပ်ရှေ့ရှိ ယနေ့(ဇွန်၉ရက်)နံနက် ၈ နာရီ ၅၀ မိနစ်ခန့်က တွဲကား ဝင်တိုက်မှုကြောင့် ပျက်စီးသွားခဲ့သည့် 12M Concrete ဓာတ်တိုင်(၂)တိုင်အား အစားထိုးတပ်ဆင်ရန်ဆောင်ရွက်နေသောကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေး ရှင်း(YESC)မှ အသိပေးထုတ်ပြန်ထားသည်။ အဆိုပါတွဲကား ဝင်တိုက်မှုကြောင့် လှော်ကားခွဲရုံမှဓာတ်အားပေးထားသော (33)kV လှော်ကား-Ba ဖီဒါ၏ 12M Concrete ဓာတ်တိုင်(၂)တိုင်၏ အောက်ခြေကျိုးပဲ့ပျက်စီးခဲ့ရာပျက်စီးသွားသော ဓာတ်တိုင်(၂)တိုင်အားအစားထိုးတပ်ဆင်နိုင်ရေးအတွက် ခရိုင်/မြို့နယ်တို့မှ လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများကဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။ ထိုပြင် ဓာတ်အားပြတ်တောက်မှုမရှိစေရေးအတွက်လည်း နံနက် ၉ နာရီတွင် (33)kV MIP- ရွှေပေါက္ကံဖီဒါမှ ယာယီဓာတ်အားပြန်ပေးထားကြောင်း သိရသည်။

ရွှေကူသို့ပေးစာ ရွှေကူမြို့ကိုတိမ်းရှောင်ဖို့ KIAကစာထုတ်ပြန်တဲ့အထဲမှာ ထွက်ခွာကြဖို့ပြောထားသလို ထွက်ခွာရမယ့်လမ်းကိုလည်း ညွှန်ပ
+1
ရွှေကူသို့ပေးစာ ရွှေကူမြို့ကိုတိမ်းရှောင်ဖို့ KIAကစာထုတ်ပြန်တဲ့အထဲမှာ ထွက်ခွာကြဖို့ပြောထားသလို ထွက်ခွာရမယ့်လမ်းကိုလည်း ညွှန်ပြထားတယ်။ သူတို့သတ်မှတ်တဲ့လမ်းကလွဲရင် တာဝန်မယူပါပေါ့။ မြို့ကနေထွက်ခွါပါ။ ထွက်ခွာတဲ့အခါလည်း တော်လှန်-လမ်းကူး-စီသာ-မိုးကင့်လမ်းကိုသာအသုံးပြုရမည်တဲ့။ ဒါဟာဘာပြောချင်တာလဲဆိုတော့ မြို့လုံးကျွတ် စုဆောင်းရေးဆွဲဖို့အကြံပဲ။ ဒီရွှေကူမြို့လည်း သူတို့ဝင်တိုက်လို့ မနိုင်ဘူးဆိုတာသူတို့သိတယ်။ နိုင်ရင် စောစောကတည်းကတိုက်ပြီးနေပြီ။ အခုသူတို့အကြံက စာထုတ်မယ်။ လမ်းကြောင်းပေးမယ်။ အတိုက်ပြမယ်။ ထွက်လာသမျှကို စုဆောင်းရေးဆွဲမယ် ဒါသူတို့အကြံပဲ။ CDMမလုပ်တဲ့သူတွေကိုဖမ်းမယ်။ ငွေညှစ်မယ်။ လူငယ်တွေကိုတပ်သားသစ်စုဆောင်းမယ်။ တစ်ယောက်ချင်းလိုက်ဖမ်းနေရင်ကြာတယ်။ ဆည်ဝကဗျိုင်းစောင့်သလို အထဲကိုခါပြီးအထွက်မှာအကုန်ကျုံးဖို့ကြံနေတာပဲ။ ရွှေကူမြို့သားတွေ လုံးဝမထွက်ပါနဲ့။ ထွက်တာနဲ့လူကြီးမင်းတို့ချန်ထားသမျှ တံခါးရွက်ပါမကျန် တက်တက်စင်အောင်ပြောင်မှာပါ။ လူငယ်လူရွယ်တွေလည်း KIAကရှေ့တန်းပို့တာခံရပြီး အချောင်အသက်ပေးရမှာပါ။

ရွှေကူသို့ပေးစာ ရွှေကူမြို့ကိုတိမ်းရှောင်ဖို့ KIAကစာထုတ်ပြန်တဲ့အထဲမှာ ထွက်ခွာကြဖို့ပြောထားသလို ထွက်ခွာရမယ့်လမ်းကိုလည်း ညွှန်ပ
ရွှေကူသို့ပေးစာ ရွှေကူမြို့ကိုတိမ်းရှောင်ဖို့ KIAကစာထုတ်ပြန်တဲ့အထဲမှာ ထွက်ခွာကြဖို့ပြောထားသလို ထွက်ခွာရမယ့်လမ်းကိုလည်း ညွှန်ပြထားတယ်။ သူတို့သတ်မှတ်တဲ့လမ်းကလွဲရင် တာဝန်မယူပါပေါ့။ မြို့ကနေထွက်ခွါပါ။ ထွက်ခွာတဲ့အခါလည်း တော်လှန်-လမ်းကူး-စီသာ-မိုးကင့်လမ်းကိုသာအသုံးပြုရမည်တဲ့။ ဒါဟာဘာပြောချင်တာလဲဆိုတော့ မြို့လုံးကျွတ် စုဆောင်းရေးဆွဲဖို့အကြံပဲ။ ဒီရွှေကူမြို့လည်း သူတို့ဝင်တိုက်လို့ မနိုင်ဘူးဆိုတာသူတို့သိတယ်။ နိုင်ရင် စောစောကတည်းကတိုက်ပြီးနေပြီ။ အခုသူတို့အကြံက စာထုတ်မယ်။ လမ်းကြောင်းပေးမယ်။ အတိုက်ပြမယ်။ ထွက်လာသမျှကို စုဆောင်းရေးဆွဲမယ် ဒါသူတို့အကြံပဲ။ CDMမလုပ်တဲ့သူတွေကိုဖမ်းမယ်။ ငွေညှစ်မယ်။ လူငယ်တွေကိုတပ်သားသစ်စုဆောင်းမယ်။ တစ်ယောက်ချင်းလိုက်ဖမ်းနေရင်ကြာတယ်။ ဆည်ဝကဗျိုင်းစောင့်သလို အထဲကိုခါပြီးအထွက်မှာအကုန်ကျုံးဖို့ကြံနေတာပဲ။ ရွှေကူမြို့သားတွေ လုံးဝမထွက်ပါနဲ့။ ထွက်တာနဲ့လူကြီးမင်းတို့ချန်ထားသမျှ တံခါးရွက်ပါမကျန် တက်တက်စင်အောင်ပြောင်မှာပါ။ လူငယ်လူရွယ်တွေလည်း KIAကရှေ့တန်းပို့တာခံရပြီး အချောင်အသက်ပေးရမှာပါ။