uk
Feedback

Не попадись на ботовода! Telemetrio знаходить і позначає такі канали мітками 👉 Хочеш бачити мітку, оформляй підписку

News Of Myanmar

News Of Myanmar

Відкрити в Telegram

📈 Аналітичний огляд Telegram-каналу News Of Myanmar

Канал News Of Myanmar (@newsofmyanmar) у мовному сегменті Бірманська є активним учасником. На даний момент спільнота об'єднує 11 494 підписників, посідаючи 16 799 місце в категорії Новини і ЗМІ та 10 308 місце у регіоні М'янма.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 11 494 підписників.

За останніми даними від 12 листопада, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -154, а за останні 24 години на -7, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 5.61%. Протягом перших 24 годин після публікації контент зазвичай збирає 4.65% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 645 переглядів. Протягом першої доби публікація в середньому набирає 534 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 10.

📝 Опис та контентна політика

Автор описує ресурс як майданчик для висловлення суб'єктивної думки:
“News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ”

Завдяки високій частоті оновлень (останні дані отримано 13 листопада, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Новини і ЗМІ.

11 494
Підписники
-724 години
-267 днів
-15430 днів
Архів дописів
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၌ PDF အကြမ်းဖက်အဖွဲ့က ကျောင်းသား/ သူများ ပညာသင် ကြားနိုင်မှုမရှိစေရန် အကြမ်းဖက်ခြိမ်းခြောက်၍ ငွေကြေးတောင်းခံမှုများလုပ်ဆောင် NOM နိုဝင်ဘာ ၅၊ ၂၀၂၆ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ အခြေခံပညာအလယ်တန်းကျောင်း (မြောက်ကုန်း) ၌ ပညာ သင်ကြားလျက်ရှိသည့် ကျောင်းသား/သူ ခုနစ်ဦးနှင့် အခြေခံပညာအထက်တန်းကျောင်း (ဂန့်ဂေါ)၌ ပညာသင်ကြားလျက်ရှိသည့် ကျောင်းသူ ခြောက်ဦးတို့သည် နိုဝင်ဘာလ ၂ ရက်နေ့ နံနက် ၇ နာရီအချိန်၌ ဂန့်ဂေါမြို့သို့ ကျောင်းတက်ရောက်ရန် ၎င်းတို့နေထိုင်သည့် ရွာစည်ကျေးရွာနှင့် လာပို့ကျေးရွာများမှ ဆိုင်ကယ်များဖြင့် အသီးသီးထွက်ခွာလာစဉ် PDF အမည်ခံအကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ)က တားဆီးကာ ဂန့်ဂေါမြို့သို့ ကျောင်းတက်ရောက်ရန် ဆက်လက်ထွက်ခွာပါက ကျောင်းသား/သူတစ်ဦးလျှင် ငွေကျပ် ၅ သိန်းစီ ပေးဆောင်ရမည်ဟု အကြမ်းဖက်ခြိမ်းခြောက်ခဲ့သဖြင့် ၎င်းတို့၏မိဘများမှ ပေးဆောင်နိုင်ခြင်းမရှိသောကြောင့် ကျောင်းသား/သူ ၁၃ ဦးတို့မှာ မိမိတို့၏နေအိမ်များသို့ ပြန်လာခဲ့ရကြောင်းသိရသည်။

ကျိုက်ထိုမြို့နယ်တွင် အကြမ်းဖက်အဖွဲ့ (စီစစ်ဆဲ) က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူအချို့ သေဆုံး/ ထိခိ
+4
ကျိုက်ထိုမြို့နယ်တွင် အကြမ်းဖက်အဖွဲ့ (စီစစ်ဆဲ) က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူအချို့ သေဆုံး/ ထိခိုက်ဒဏ်ရာရရှိ NOM နိုဝင်ဘာ ၅၊ ၂၀၂၆ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်တိုက်နယ်ဆေးရုံသို့ နိုဝင်ဘာ ၄ ရက်နေ့ ညနေ ၄ နာရီအချိန်၌ ဗုံးသီးပေါက်ကွဲစထိမှန်၍ သေဆုံး/ ထိခိုက်ဒဏ်ရာရရှိသူများ ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ မွန်းလွဲ ၁ နာရီတွင် အကြမ်းဖက်အဖွဲ့ (စိစစ်ဆဲ)က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ကျိုက်ထိုမြို့နယ် အခိုင်ကျေးရွာနေ မစုမွန်အောင် (၂၉) နှစ်တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးခဲ့ပြီး တစ်ရွာတည်းနေ ဦးစိုးသန်း (၆၇) နှစ်၊ ဒေါ်စု (၆၆) နှစ်၊ ဇီးပြောင်း (၁) ကျေးရွာနေ ဦးဝင်းသိန်း (၅၀) နှစ်နှင့် ဇီးပြောင်း (၃) ကျေးရွာနေ ဒေါ်တင်တင်မူ (၄၀) နှစ်တို့တွင် ထိခိုက်ဒဏ်ရာများ အသီးသီးရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်အစိုးရနှင့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) ပန်ဆန်းမြို့တွင် ငြိမ်းချမ်းရေးဆွေးနွေး NOM၊ နိုဝင်ဘာ ၅၊၂၀၂၆ အမျိ
နိုင်ငံတော်အစိုးရနှင့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) ပန်ဆန်းမြို့တွင် ငြိမ်းချမ်းရေးဆွေးနွေး NOM၊ နိုဝင်ဘာ ၅၊၂၀၂၆ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ၊ကါကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ နိုဝင်ဘာ ၄ ရက်တွင် ပန်ဆန်းမြို့၌ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာရေး၊ ပြည်ထောင်စုမှ ခွဲမထွက်ရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် အွန်လိုင်းလိမ်လည်မှု၊ မူးယစ်ဆေးဝါးနှင့် အွန်လိုင်းလောင်းကစားတိုက်ဖျက်ရေးကိစ္စများကို နှစ်ဖက်ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။ ထို့ပြင် နှစ်ပေါင်း ၃၀ ကျော် တည်ဆောက်ထားသည့် ငြိမ်းချမ်းရေးနှင့် ယုံကြည်မှု ပိုမိုခိုင်မာစေရေး၊ ဒေသတွင်းတည်ငြိမ်အေးချမ်းရေးနှင့် ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ရန်ကုန်-မန္တလေးအမြန်လမ်းတွင်Taxi ယာဉ် Guard Post တိုင်များကို ဝင်တိုက်၊အမျိုးသားတစ်ဦး ဒဏ်ရာရ NOM၊နိုဝင်ဘာ ၅၊၂၀၂၆ ရန်ကုန်-မန္တ
ရန်ကုန်-မန္တလေးအမြန်လမ်းတွင်Taxi ယာဉ် Guard Post တိုင်များကို ဝင်တိုက်၊အမျိုးသားတစ်ဦး ဒဏ်ရာရ NOM၊နိုဝင်ဘာ ၅၊၂၀၂၆ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ် ၁၁၃/၄ နဲ့ ၁၁၃/၅ ကြား၊ ရန်ကုန်မှ နေပြည်တော်သို့မောင်းနှင်လာသော ယာဉ်မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ေကြာင်းသိရသည်။ ဖြစ်စဉ်မှာနိုဝင်ဘာ ၄ ရက် ည ၁၁ နာရီ ၅၀ မိနစ်ခန့်ကအမျိုးသားနှစ်ဦး လိုက်ပါလာသည့် ခဲရောင် Toyota Vitz Taxi ယာဉ်သည်အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းတံတားထိပ်၌ ကာရံထားသည့်Guard Post တိုင်များကို ဝင်တိုက်မိခဲ့ရာအမျိုးသားတစ်ဦးဒါဏ်ရာရရှိခဲ့သည်။ သတ်မှတ်အမြန်နှုန်းများအနေဖြင့် မှန်လုံခရီးသည်တင်ယာဉ်ကြီးများကို တစ်နာရီ ၉၀ ကီလိုမီတာ၊ လူစီးယာဉ်ငယ်များကို တစ်နာရီ ၁၀၀ ကီလိုမီတာ၊ကုန်တင်ယာဉ်နှင့်ပစ်ကပ်ယာဉ်များကို တစ်နာရီ ၆၀ ကီလိုမီတာထက် မကျော်လွန်ဘဲ မောင်းနှင်ကြရန်အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေး၊ ကြီးကြပ်ရေးအဖွဲ့က အသိပေးထားသည်။

နေပြည်တော်ရှိ တပ်မတော်ဆေးရုံကြီးတွင်အကြိမ် (၁၅၀) မြောက်နှင့် အတွဲ (၃၀၀) ပြည့် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသခြင်း အောင်မြင်စွာဆေ
နေပြည်တော်ရှိ တပ်မတော်ဆေးရုံကြီးတွင်အကြိမ် (၁၅၀) မြောက်နှင့် အတွဲ (၃၀၀) ပြည့် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသခြင်း အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ နိုဝင်ဘာ ၄၊ ၂၀၂၆ တပ်မတော်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်အပြင် နိုင်ငံ့အကျိုးပြုလုပ်ငန်းများ၊ ပြည်သူ့ အကျိုးပြုလုပ်ငန်းတာဝန်များ၊ပြည်သူများ၏ကျန်းမာရေးဝန်ဆေင်မှုလုပ်ငန်းများကို တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် လိုအပ်သော နေရာများတွင်အင်တိုက်အားတိုက်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီး ချုပ်ရုံး (ကြည်း) ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး၏ လမ်းညွှန်မှုဖြင့် နေပြည်တော်ရှိ အမှတ်(၂) တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) ၌ အကြိမ် (၁၅၀) မြောက်နှင့် အတွဲ (၃၀၀) ပြည့် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသခြင်း အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ကြောင်းသိရသည်။ အဆိုပါခွဲစိတ်ကုသမှုကို အမှတ် (၂) တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀)မှ ဆီးနှင့်ကျောက်ကပ်ကုသမှုနှင့် ခွဲစိတ်ကုပါရဂူများ၊ နှလုံးနှင့်သွေးကြောခွဲစိတ်ကုသမှုပါရဂူများ၊ မေ့ဆေးပါရဂူများ၊ အထူးကြပ်မတ်ကုသမှပါရဂူများနှင့် ကျွမ်းကျင်သူနာပြုများပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ ထိုသို့ ခွဲစိတ်ကုသရာတွင် တပ်မတော်ဆေးတပ်ဖွဲ့မှ ဆေးကုသရေးအဖွဲ့ ပါရဂူကြီးများနှင့် တာဝန်ရှိသူ အသီးသီးက စိတ်ရင်းစေတနာပြည့်ဝစွာဆောင်ရွက်ခဲ့ကြသဖြင့် ခွဲစိတ်ကုသမှုအောင်မြင်ပြီး လူနာနှင့်ကျောက်ကပ်အလှူရှင်များ၏ ခွဲစိတ်ပြီးကျန်းမာရေးအခြေအနေမှာ တိုးတက်ကောင်းမွန်လျက်ရှိကြောင်းနှင့် လိုအပ်သည့် ဆေးဝါးကုသပြုစုမှုများကိုအချိန်နှင့်တစ်ပြေးညီ ဆက်လက်ကုသပေးလျက်ရှိသည်။ ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုများအား နေပြည်တော်၊ ရန်ကုန်၊ ပြင်ဦးလွင်၊ အောင်ပန်းမြို့တို့ရှိ တပ်မတော်ဆေးရုံများတွင် တပ်မတော်သားများ၊ မိသားစုဝင်များနှင့် ဒေသခံပြည်သူများအား ခွဲစိတ်ကုသပေးခြင်းဆောင်ရွက်လျက်ရှိရာ ကျောက်ကပ်အစားထိုးခွဲစိတ်ကုသခြင်းကို အမှတ်(၂)တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) ၌၂၀၁၆ ခုနှစ် သြဂုတ်လ ၈ ရက် နေ့တွင် ပထမဆုံးအကြိမ်စတင်ခွဲစိတ်ကုသပေးခဲ့ပြီး ယနေ့ခွဲစိတ်မှုအပါအဝင် အတွဲပေါင်း (၃၀၀) ပြည့်မြောက်ခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။

ရန်ကုန်မြို့ ၊မင်္ဂလာတောင်ညွန့်မြို့နယ်၌အဆင့်မြင့်မင်္ဂလာဈေးအသစ် ဖွင့်လှစ် NOM၊နိုဝင်ဘာ ၅၊၂၀၂၆ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတေ
ရန်ကုန်မြို့ ၊မင်္ဂလာတောင်ညွန့်မြို့နယ်၌အဆင့်မြင့်မင်္ဂလာဈေးအသစ် ဖွင့်လှစ် NOM၊နိုဝင်ဘာ ၅၊၂၀၂၆ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဗညားဒလလမ်းနှင့် စက်ရုံလမ်းထောင့်ရှိအဆင့်မြင့်မင်္ဂလာဈေးအသစ် ဖွင့်ပွဲအခမ်းအနားကိုယနေ့ နံနက် ၈ နာရီတွင် အဆိုပါစျေးသစ်ရှေ့၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအောင်နိုင်သူကအဆင်မြင့် မင်္ဂလာဈေးသစ်ဆိုင်းဘုတ်အားစက်ခလုတ်နှိပ်၍ဖွင့်လှစ်ပေးသည်။ ထို့နောက်ရန်ကုန်တိုင်းဒေသကြီး၊စည်ပင်သာယာရေးဝန်ကြီး( မြို့တော်ဝန်)ဦးမျိုးမြင့်အောင်၊ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊အတွင်းရေးမှူး ဦးချိုထွန်းအောင်၊ကော်မတီဝင်များနှင့်ဆန်းမြတ်ထွန်းကုမ္မဏီလီမိတက်ဥက္ကဌဒေါက်တာနေလင်းထွန်းတို့ကအဆင့်မြင့်မင်္ဂလာဈေးသစ်ကိုဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ အဆင့်မြင့်မင်္ဂလာစျေးအသစ်ကို ၂၀၁၈ခုနှစ်တွင်ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ဈေးများနှင့်ကုန်စည်ပွဲရုံများဌာနနှင့်ဆန်းမြတ်ထွန်းကုမ္မဏီလီမိတက်တို့အကျိုးတူပူးပေါင်းဆောင်ရွက်တည်ဆောက်ခဲ့ပြီးRC အမျိုးအစား ၈ ထပ်ဖြစ်ကာစျေးဆိုင်ခန်းများအားမြေအောက်ထပ်မှပဥ္မမထပ်အထိ ဆိုင်ခန်းပေါင်း ၄၀၆၇ ရှိကြောင်းသိရသည်။

ရုရှားလုံခြုံရေးကောင်စီ ဒုတိယအတွင်းရေးမှူးဖြစ်သူ မစ္စတာ အလက်ဇန္ဒားဗန်နီဒီကော့ဗ် နှင့်တွေ့ဆုံစဉ် ထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက်ရေး၊ ပညာရေး၊ နည်းပညာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ရေးအပါအဝင် နိုင်ငံတော်သမ္မတ၏ ၂၀၂၆ ခုနှစ် ဩဂုတ်လ ရုရှားနိုင်ငံခရီးစဉ်အတွင်း နှစ်နိုင်ငံခေါင်းဆောင်များအကြား ဆွေးနွေးခဲ့မှုများကို ဆက်လက်ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် တပ်မတော်မှ သင်တန်းသားများစေလွှတ်ရေး စသည်တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။ ယူရေးရှားဒေသလုံခြုံရေးဆိုင်ရာ မင့်စ်နိုင်ငံတကာအဆင့်မြင့်ညီလာခံကို ၂၀၂၃ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် ဒုတိယအကြိမ်၊ ၂၀၂၅ ခုနှစ်တွင် တတိယအကြိမ်နှင့် ယခု ၂၀၂၆ ခုနှစ်တွင် “Navigating International Disorder in the Spirit of cooperation: Can We Solve the Eurasian Security Puzzle” ခေါင်းစဉ်ဖြင့် စတုတ္ထအကြိမ် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေက မိန့်ခွန်းပြောကြားရာတွင် လက်ရှိကမ္ဘာ့လုံခြုံရေးကဏ္ဍတွင် အပြောင်းအလဲများနှင့် ရင်ဆိုင်နေရချိန်၌ ယူရေးရှားဒေသရှိ နိုင်ငံများအနေဖြင့် ပြိုင်ဆိုင်မှုနှင့် ထိပ်တိုက်ရင်ဆိုင်မှုများထက် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုနှင့် ဆွေးနွေးညှိနှိုင်းမှုတို့ကို ဦးစားပေးသည့် လုံခြုံရေးဆိုင်ရာလမ်းကြောင်းကို ကိုယ်တိုင် ဖော်ဆောင်သွားရန် လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် “၂၁ ရာစု မတူကွဲပြားမှုနှင့် နိုင်ငံစုံဗဟုဝင်ရိုးစနစ်ဆိုင်ရာ ယူရေးရှားပဋိညာဉ်စာတမ်း” ရေးဆွဲမှုကို ကြိုဆိုပြီး မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒ၊ လက်ရှိကျင့်သုံးလျက်ရှိသည့် ဥပဒေ၊ စည်းမျဉ်းများ၊ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းနှင့် နိုင်ငံတကာဥပဒေတို့နှင့်အညီ ပါဝင်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ နိုင်ငံအားလုံး၏ ဘုံအနာဂတ်အတွက် အားလုံးပါဝင်နိုင်သော ဆွေးနွေးမှု၊ အပြန်အလှန် လေးစားမှုနှင့်ညီမျှသည့် မိတ်ဖက်ဆောင်ရွက်မှုတို့အပေါ် အခြေခံသော ပွင့်လင်းမှု၊ ဟန်ချက်ညီမှုနှင့် အားလုံးပါဝင်နိုင်သော လုံခြုံရေးဗိသုကာတစ်ရပ် ပေါ်ထွက်ရေးကို မြန်မာနိုင်ငံအနေဖြင့် အခိုင်အမာ ထောက်ခံပါကြောင်း၊ မြန်မာနိုင်ငံ၌ လွတ်လပ်ပြီးမျှတသည့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှတစ်ဆင့် အစိုးရတစ်ရပ် ပေါ်ထွက်လာခဲ့ပြီဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအစိုးရအနေဖြင့် တိုင်းပြည်တည်ငြိမ် အေးချမ်းမှုရရှိရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုရရှိရေးဟူသည့် အဓိကရည်မှန်းချက်နှစ်ရပ်ကို ဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာအစိုးရအနေဖြင့် ဆိုက်ဘာခြိမ်းခြောက်မှုများ၊ အွန်လိုင်းလိမ်လည်မှုများနှင့် လူကုန်ကူးမှုများစသည့် နိုင်ငံဖြတ်ကျော်မှုခင်းများကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် တိုက်ဖျက်လျက်ရှိပြီး အိမ်နီးချင်းနိုင်ငံများ၊ မိတ်ဖက်နိုင်ငံများနှင့်လည်း နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း အဓိက ပြောကြားခဲ့သည်။ ပြည်ထောင်စုဝန်ကြီးသည် ညီလာခံတက်ရောက်စဉ်ကာလအတွင်း နိုဝင်ဘာ ၃ ရက်တွင် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) အတွင်းရေးမှူးချုပ် မစ္စတာ နျူလန်ယာမတ်ဘာယက်ဗ် နှင့်လည်းကောင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆာဂျီလတ်ဗ်ရော့ နှင့်လည်းကောင်း၊ နိုဝင်ဘာ ၄ ရက်တွင် ဘယ်လာရုစ်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ မက်ဆင်ရူဇန်ကော့ဗ် နှင့်လည်းကောင်း၊ ရုရှားလုံခြုံရေးကောင်စီ ဒုတိယအတွင်းရေးမှူးဖြစ်သူ မစ္စတာ အလက်ဇန္ဒားဗန်နီဒီကော့ဗ် နှင့်လည်းကောင်း သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့သည်။ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ နျူလန်ယာမတ်ဘာယက်ဗ် နှင့်တွေ့ဆုံရာတွင် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများတွင် မြန်မာနိုင်ငံနှင့် SCO တို့အကြား ပိုမိုတက်ကြွစွာ ပါဝင်ဆောင်ရွက်သွားရေး၊ SCO ၏ ပူးပေါင်းဆောင်ရွက်ရေး ကဏ္ဍများဖြစ်သည့် လုံခြုံရေးနှင့် နယ်စပ်ဖြတ်ကျော် မှုခင်းတိုက်ဖျက်ရေးကဏ္ဍ၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ဒီဂျစ်တယ်နည်းပညာကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးနှင့် ဒေသတွင်းချိတ်ဆက်မှု ကဏ္ဍများတွင်လည်း ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားရေး၊ မြန်မာနိုင်ငံအနေဖြင့် SCO တွင် တင်းပြည့်အဖွဲ့ဝင်နိုင်ငံဖြစ်ရေးအတွက် ထောက်ခံပေးရေးတို့နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။ ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆာဂျီလတ်ဗ်ရော့နှင့် တွေ့ဆုံဆွေးနွေးရာတွင် နှစ်နိုင်ငံအကြား ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းစေရန်အတွက် ဦးစားပေးကဏ္ဍများဖြစ်သော နိုင်ငံရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် လူမှုရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးတို့အပေါ် အခြေခံ၍ အဆင့်မြှင့်တင်ဆောင်ရွက်နိုင်မည့် အလားအလာများကို ဆွေးနွေးခဲ့ကြပြီး ကုလသမဂ္ဂနှင့် အာဆီယံအပါအဝင် နိုင်ငံတကာနှင့် ဒေသတွင်းမျက်နှာစာများတွင်လည်း ဆက်လက် ပူးပေါင်းဆောင်ရွက်သွားကြရန် ဆွေးနွေးခဲ့ကြသည်။ ဘယ်လာရုစ်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ မက်ဆင်ရူဇန်ကော့ဗ် နှင့်တွေ့ဆုံရာတွင် ဘယ်လာရုစ်နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် တန်းတူညီမျှမှုကို အစဉ်အမြဲ ထောက်ခံပေးမည်ဖြစ်ကြောင်းနှင့် နိုင်ငံတကာမျက်နှာစာတွင်လည်း ဆက်လက်ထောက်ခံသွားမည်ဖြစ်ကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်သံရုံးအား နေပြည်တော်တွင် စတင်ဖွင့်လှစ်ထားရှိမှု၊ နှစ်နိုင်ငံအကြား နိုင်ငံရေး၊ စီးပွားရေးအပါအဝင် ကဏ္ဍစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားရေး၊ ယူရေးရှားပဋိညာဉ် ရေးဆွဲအကောင်အထည်ဖော်ရာတွင် ပူးပေါင်းဆောင်ရွက်သွားရေးတို့နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

စတုတ္ထအကြိမ် ယူရေးရှားဒေသလုံခြုံရေးဆိုင်ရာ မင့်စ်နိုင်ငံတကာအဆင့်မြင့်ညီလာခံသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက် နိုဝင်ဘာ ၄၊ ၂၀၂၆ ဘယ်လာရုစ်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ မက်ဆင်ရူဇန်ကော့ဗ်၏ ဖိတ်ကြားချက်အရ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့သည် ဘယ်လာရုစ်နိုင်ငံ မင့်စ်မြို့၌ ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၃ ရက်မှ ၄ ရက်အထိ ကျင်းပသည့် စတုတ္ထအကြိမ် ယူရေးရှားဒေသလုံခြုံရေးဆိုင်ရာ မင့်စ်နိုင်ငံတကာအဆင့်မြင့်ညီလာခံသို့ တက်ရောက်ခဲ့သည်။ အဆိုပါညီလာခံသို့ မြန်မာ၊ တရုတ်၊ အိန္ဒိယ၊ ရုရှား၊ ဟန်ဂေရီ၊ ကာဇက်စတန်၊ ကာဂျစ်စတန်၊ တာဂျစ်ကစ္စတန်၊ ဥဇဘက်ကစ္စတန်၊ တာ့ခ်မင်နစ္စတန်၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ လာအို၊ ကမ္ဘော ဒီးယား၊ အီရန်၊ ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံတို့အပါအဝင် နိုင်ငံပေါင်း ၅၀ ကျော်မှ နိုင်ငံခြားရေးဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ သံတမန်များ၊ နိုင်ငံတကာသုတေသီများနှင့် ပညာရှင်များ စုစုပေါင်းကိုယ်စားလှယ် ၆၀၀ ကျော် တက်ရောက်ခဲ့ကြသည်။ နိုဝင်ဘာ ၃ ရက်တွင် ကျင်းပသည့် ညီလာခံဖွင့်ပွဲအခမ်းအနား၌ ဘယ်လာရုစ်နိုင်ငံ သမ္မတ မစ္စတာ အလက်ဇန္ဒားလူကာရှန်ကိုနှင့် ညီလာခံသို့ တက်ရောက်လာကြသည့် နိုင်ငံခြားရေးဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် Organization for Security and Co-operation in Europe (OSCE)၊ Collective Security Treaty Organization (CSTO)၊ Shanghai Cooperation Organization (SCO) နှင့် Commonwealth of Independence States (CIS) အဖွဲ့အစည်းများမှ အတွင်းရေးမှူးချုပ်များနှင့် ကိုယ်စားလှယ်များက မိန့်ခွန်းပြောကြားခဲ့ကြသည်။ ဘယ်လာရုစ်နိုင်ငံသမ္မတက မိန့်ခွန်းပြောကြားရာတွင် မင့်စ်နိုင်ငံတကာအဆင့်မြင့်ညီလာခံသည် စည်းလုံးညီညွတ်မှုကို ဖော်ဆောင်ပေးသည့် နေရာတစ်ခုဖြစ်ပါကြောင်း၊ ယူရေးရှားသည် ကြီးကျယ်ခမ်းနားသော ယဉ်ကျေးမှုများနှင့် ကမ္ဘာ့ဘာသာတရားများ ပေါ်ထွန်းရာနေရာဖြစ်ပြီး မတူညီသော ယဉ်ကျေးမှုများနှင့် လူမျိုးများအကြား ထောင်စုနှစ်များစွာ အပြန်အလှန် ဆက်ဆံထိတွေ့လာခဲ့သည့် သမိုင်းကြောင်းရှိသော ဒေသတစ်ခုဖြစ်ပါကြောင်း၊ ယနေ့အချိန်တွင် ကမ္ဘာပေါ်ရှိ အကြီးမားဆုံးသော သယံဇာတအရင်းအမြစ်များနှင့် လူဦးရေအများစုတည်ရှိရာ နေရာလည်းဖြစ်ပါကြောင်း၊ ယူရေးရှားဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုသည် မျိုးဆက်သစ်များထံသို့ ကြောက်ရွံ့မှုနှင့် သံသယများကင်းစင်သည့် ကမ္ဘာကြီးတစ်ခုကို ပုံဖော်ပေးသွားမည်ဟု ယုံကြည်ပါကြောင်း၊ မိမိတို့အနေဖြင့် စုပေါင်းညီညွတ်သော ယူရေးရှားဒေသဖြစ်လာစေရန် လိုလားပါကြောင်း၊ ယူရေးရှားဒေသ၏ လုံခြုံရေးသည် အားလုံးနှင့်သက်ဆိုင်ပြီး ခွဲခြား၍မရနိုင်သော ကိစ္စရပ်တစ်ခုဖြစ်ပါကြောင်း၊ မည်သူမျှ (အနောက်ကမ္ဘာဖြစ်စေ၊ အရှေ့ကမ္ဘာဖြစ်စေ) တစ်ဦးတည်းအနေဖြင့် ဤလုံခြုံရေးကို အပြည့်အဝ တာဝန်ယူ ဆောင်ရွက်ပေးနိုင်မည် မဟုတ်သောကြောင့် ဤတာဝန်ကို အားလုံးက ပူးတွဲထမ်းဆောင်ကြရမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

စတုတ္ထအကြိမ် ယူရေးရှားဒေသလုံခြုံရေးဆိုင်ရာ မင့်စ်နိုင်ငံတကာအဆင့်မြင့်ညီလာခံသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦ
စတုတ္ထအကြိမ် ယူရေးရှားဒေသလုံခြုံရေးဆိုင်ရာ မင့်စ်နိုင်ငံတကာအဆင့်မြင့်ညီလာခံသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်

အမေရိကန်ဒုသမ္မတ ဂျေဒီ ဗန့်စ် JD Vance က ၂၀၂၆ ကြားဖြတ်ရွေးကောက်ပွဲမှာ ငါတို့ ရှုံးနိမ့်ခဲ့ရတာ အကြောင်းရင်း ၄ ချက်ကြောင့်ဖြစ်တယ
အမေရိကန်ဒုသမ္မတ ဂျေဒီ ဗန့်စ် JD Vance က ၂၀၂၆ ကြားဖြတ်ရွေးကောက်ပွဲမှာ ငါတို့ ရှုံးနိမ့်ခဲ့ရတာ အကြောင်းရင်း ၄ ချက်ကြောင့်ဖြစ်တယ်- ၁။ အီရန်စစ်ပွဲ ၂။ မြင့်မားနေတဲ့ ကုန်ဈေးနှုန်းနှင့် စားဝတ်နေရေး စရိတ်စက ၃။ အမေရိကန်ဦးစားပေးမူ (America First) ကို အကောင်အထည် မဖော်နိုင်ခဲ့ခြင်း ၄။ အစ္စရေးနှင့် ငါတို့၏ ဆက်ဆံရေး

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့ ထုတ်ပြန်သည့် နိုဝင်ဘာလ၏ အမြင့်ဆုံးအပူချိန် စံချိန်သစ် ========================= Ref: မိုးလေဝသ
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့ ထုတ်ပြန်သည့် နိုဝင်ဘာလ၏ အမြင့်ဆုံးအပူချိန် စံချိန်သစ် =========================   Ref: မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

ဖာပွန်မြို့နယ် စစ်ရေးဖြစ်စဉ်နှင့်ပတ်သက်၍ NUG လော်ဘီမီဒီယာက သတင်းမှားဖြန့်ဝေ နိုဝင်ဘာ ၅၊ ၂၀၂၆ ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်အတွင်
+1
ဖာပွန်မြို့နယ် စစ်ရေးဖြစ်စဉ်နှင့်ပတ်သက်၍ NUG လော်ဘီမီဒီယာက သတင်းမှားဖြန့်ဝေ နိုဝင်ဘာ ၅၊ ၂၀၂၆ ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်အတွင်း နိုဝင်ဘာ ၄ ရက်က KNU တပ်မဟာ (၅) အဖွဲ့ကို ရှင်းလင်းဆောင်ရွက်ခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ NUG အကြမ်းဖက်အဖွဲ့၏ လော်ဘီမီဒီယာတစ်ခုက ကျမ်းစာသင်ကျောင်းအပါအဝင် ဖာပွန်ခရိုင်အတွင်းရှိ ကျေးရွာများကို တပ်မတော်က ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ရေးသားဖြန့်ဝေခဲ့သည်။ အဆိုပါရေးသားဖြန့်ဝေမှုသည် အများပြည်သူ အထင်အမြင်လွဲမှားစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံဖန်တီးထားခြင်းဖြစ်ကြောင်း သိရသည်။ နိုဝင်ဘာ ၄ ရက်က အကြမ်းဖက်နှိမ်နင်းရေး ရှင်းလင်းဆောင်ရွက်မှုအတွင်း KNU တပ်မဟာ (၅) မှ ဗျူဟာမှူးဆိုသူ ဖိုးလေးထူးအပါအဝင် အကြမ်းဖက်သမားအချို့ သေဆုံးခဲ့ကြောင်းသိရသည်။ တပ်မတော်အနေဖြင့် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးအတွက် ကရင်ပြည်နယ်သာမက ရခိုင်ပြည်နယ်အတွင်းရှိ အကြမ်းဖက်အဖွဲ့များ အခြေပြုလှုပ်ရှားသည့် ဒေသများကိုလည်း ရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနအနေဖြင့် ဒီဇယ်ဆီ HSD (500 ppm)၊ ဓာတ်မြေဩဇာနှင့် သဘာဝဓာတ်ငွေ့ရည် (LNG) တို့အပေါ် အခွန်ကင်းလွတ်ခွင့်ကို ၁-၁၀-၂၀၂၆ ရက်နေ့မှ ၃၀-၁၁-၂ဝ၂၆ ရက်နေ့အထိ (၂)လ ထပ်မံတိုးမြှင့်ကင်းလွတ်ခွင့်ပြုသွားမည်...

Repost from KO CHIT (MDY)
ပြီးမှ ဘုရားဗုံးကျဲလို့တို့ ရိပ်သာဗုံးကျဲပါတယ်တို့မအော်နဲ့ပေါ့ကွာ 🤌🤌🤌
+2
ပြီးမှ ဘုရားဗုံးကျဲလို့တို့ ရိပ်သာဗုံးကျဲပါတယ်တို့မအော်နဲ့ပေါ့ကွာ 🤌🤌🤌

လာအို ကာကွယ်ရေးအရာရှိကြီးများ၏ ဂုဏ်ပြုညစာစားပွဲသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး တက်ရောက် လာအိုနိုင်င
+9
လာအို ကာကွယ်ရေးအရာရှိကြီးများ၏ ဂုဏ်ပြုညစာစားပွဲသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး တက်ရောက် လာအိုနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး သည်လာအိုအမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် စစ်ဦးစီးဌာနအကြီးအကဲတို့က တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

လာအိုနိုင်ငံရှိ မြန်မာစစ်သံရုံးဝန်ထမ်းများနှင့် ပညာတော်သင်သင်တန်းသားများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တွေ့ဆုံအားပေး လာအိုနိ
+9
လာအိုနိုင်ငံရှိ မြန်မာစစ်သံရုံးဝန်ထမ်းများနှင့် ပညာတော်သင်သင်တန်းသားများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တွေ့ဆုံအားပေး လာအိုနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် လာအိုနိုင်ငံဆိုင်ရာ မြန်မာစစ်သံရုံးတွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများနှင့် ပညာတော်သင် သင်တန်းသားများကို တွေ့ဆုံကာ အမှာစကားပြောကြားခဲ့သည်။

မြန်မာနိုင်ငံမှ မူးယစ်ပြစ်မှုဖြင့် အလိုရှိတရားခံပြေး ၁ ဦးအား ထိုင်းနိုင်ငံမှ ဘန်ကောက်မြို့ရှိ သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာလေဆိ
+2
မြန်မာနိုင်ငံမှ မူးယစ်ပြစ်မှုဖြင့် အလိုရှိတရားခံပြေး ၁ ဦးအား ထိုင်းနိုင်ငံမှ ဘန်ကောက်မြို့ရှိ သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးအပ် နိုဝင်ဘာ ၄၊ ၂၀၂၆ မြန်မာနိုင်ငံတွင် မူးယစ်ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်နေသူ ၁ ဦးအား ထိုင်းနိုင်ငံမှ ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းအား ဘန်ကောက်မြို့ရှိ သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာလေဆိပ်၌ မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ၁-၁-၂၀၂၆ ရက်နေ့တွင်မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအနီးတွင် တရားခံ ၂ ဦး မောင်းနှင်လာသည့် မော်တော်ယာဉ်ပေါ်မှ စိတ်ကြွဆေးပြား ၅၆ သိန်းအား ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ စိတ်ကြွဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာတွင် ပူးပေါင်းပါဝင်သူ တရားခံ ၆ ဦး နှင့်အတူ စိတ်ကြွဆေးပြား ၃ ဒသမ ၈ သိန်း၊ အိုက်စ်(မက်သ်အဖက်တမင်း) ၁ ကီလို၊ ဘိန်းဖြူ ၁၆ ဒသမ ၃၉၆ ကီလိုတို့အား ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်းငွေကျပ် ၉ ဒသမ ၄၉၅၃၈ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများအား ဖမ်းဆီးရမိခဲ့ပါသည်။ အဆိုပါ မူးယစ်ဆေးဝါးများ သယ်ဆောင်ရောင်းဝယ်ရာတွင် မူးယစ်မှောင်ခိုဂိုဏ်းဖွဲ့၍ အဓိကစီမံခန့်ခွဲသူမှာ အောင်ဇော်မင်းခန့် ၄၂ နှစ်၊ ကံကောက်ရပ်ကွက်၊ ချမ်းအေးသာစံမြို့နယ်နေသူဖြစ်ပြီး ၎င်းသည် ၂၇-၁၁-၂၀၂၅ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ထွက်ခွာသွားကြောင်း သိရှိရ၍ ၃-၂-၂၀၂၆ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့(ONCB)သို့ သတင်းဖလှယ်ပေးပို့ခဲ့ပါသည်။ ထိုသို့သတင်းဖလှယ်ချက်အရ ၄-၁၀-၂၀၂၆ ရက်နေ့တွင် ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့(ONCB)နှင့် လူဝင်မှုကြီးကြပ်ရေးဗျူရိုတို့ ပူးပေါင်းအဖွဲ့မှ မူးယစ်ပြစ်မှုဖြင့် အလိုရှိတရားခံပြေး အောင်ဇော်မင်းခန့်အား ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဟွိုင်ခွမ်ခရိုင်တွင် ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းအား ၃-၁၁-၂၀၂၆ ရက်နေ့ ည ၆ နာရီခွဲ အချိန်တွင် ထိုင်းနိုင်ငံ၊ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့(ONCB)မှ တားဆီးဌာနမှူး Mr. Kanison Papernon ဦးဆောင်သည့်အဖွဲ့မှ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ဒုတိယတပ်ဖွဲ့မှူး ရဲမှူးကြီး ဇော်လင်း ဦးဆောင်သည့်အဖွဲ့ထံသို့ ဘန်ကောက်မြို့ရှိ သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံအတွင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့်ချမှတ်ပြီး ဦးစားပေးလုပ်ငန်းအဖြစ် ဆောင်ရွက်လျက်ရှိရာ တားဆီးနှိမ်နင်းရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ခြင်း၊ နောက်ကွယ်မှ ကျူးလွန်သူတရားခံများအား ဖော်ထုတ်ဖမ်းဆီးခြင်းနှင့် ဆက်စပ်တရားခံပြေးများအား အိမ်နီးချင်းနိုင်ငံများ၊ MOU အဖွဲ့ဝင်နိုင်ငံများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဖော်ထုတ်ဖမ်းဆီးလျက်ရှိရာ မြန်မာနိုင်ငံအနေဖြင့် ၂၀၂၆ ခုနှစ်အတွင်း ဖမ်းဆီးရမိသည့် ထိုင်းနိုင်ငံမှ မူးယစ်ပြစ်မှုဖြင့် အလိုရှိတရားခံပြေး ၁၂ ဦး၊ အင်ဒိုနီးရှားနိုင်ငံမှ မူးယစ်ပြစ်မှုဖြင့် အလိုရှိတရားခံပြေး ၁ ဦးတို့ကို သက်ဆိုင်ရာနိုင်ငံအသီးသီးသို့ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ ယခုကဲ့သို့ မူးယစ်ဆေးဝါးပြစ်မှုကျူးလွန်ပြီး တစ်ဘက်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ကာ နိုင်ငံဖြတ်ကျော်မူးယစ်မှုခင်းများ ထပ်မံကျူးလွန်နေသည့် တရားခံပြေးများကို အပြန်အလှန်ဖော်ထုတ်ဖမ်းဆီးလွှဲပြောင်းပေးခြင်းဖြင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မြဲစေသည့်အပြင် မူးယစ်ဆေးဝါးထိန်းချုပ်ရေးလုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်နိုင်မည်ဖြစ်သည်။

နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်းနှင့်ပတ်သက်၍ သိရှိနိုင်ပါရန် အသိပေးကြေညာခြင်း
နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်းနှင့်ပတ်သက်၍ သိရှိနိုင်ပါရန် အသိပေးကြေညာခြင်း

ပြည်ထောင်စုဝန်ကြီးဌာနအမည် ပြောင်းလဲသတ်မှတ်ခြင်း
ပြည်ထောင်စုဝန်ကြီးဌာနအမည် ပြောင်းလဲသတ်မှတ်ခြင်း