en
Feedback
News Of Myanmar

News Of Myanmar

Open in Telegram

📈 Analytical overview of Telegram channel News Of Myanmar

Channel News Of Myanmar (@newsofmyanmar) in the Burmese language segment is an active participant. Currently, the community unites 12 514 subscribers, ranking 16 060 in the News & Media category and 10 078 in the Myanmar region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 12 514 subscribers.

According to the latest data from 19 June, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -278 over the last 30 days and by -10 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 10.38%. Within the first 24 hours after publication, content typically collects 9.08% reactions from the total number of subscribers.
  • Post reach: On average, each post receives 1 300 views. Within the first day, a publication typically gains 1 137 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 16.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
“News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ”

Thanks to the high frequency of updates (latest data received on 20 June, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the News & Media category.

12 514
Subscribers
-1024 hours
-777 days
-27830 days
Posts Archive
အောက်ပါအတိုင်း မြန်မာဘာသာသို့ ပြန်ဆိုပေးလိုက်ပါသည်။ --- 📺 အစ္စရေး ဟီဘရူး ရုပ်မြင်သံကြားကွန်ရက်များ (Channel 12, Kan, Channel 15 နှင့် 14) ထိတ်လန့်တုန်လှုပ်သွားရ 🇮🇷 အစ္စရေး လေတပ် သမိုင်းတွင် အကြီးမားဆုံး လုံခြုံရေးအရှုပ်တော်ပုံ ပေါ်ထွက်လာ။ တိုက်လေယာဉ်များတွင် အလုပ်လုပ်သော နည်းပညာရှင်များသည် အီရန်သူလျှိုများဖြစ်နေပြီး — ထိပ်တန်းလျှို့ဝှက်အချက်အလက်များကို အီရန်သို့ လွှဲပြောင်းပေးနေသည်ဟု ဖော်ထုတ်ရရှိထားသည်။ ✈️ အဆိုပါ သူလျှိုများသည် F-15 တိုက်လေယာဉ်များ၊ စစ်ရေးလေ့ကျင့်ရေးပစ္စည်းများနှင့် အမေရိကန်-အစ္စရေး ဂျက်လေယာဉ်များ၏ အထိခိုက်မခံဆုံး စနစ်များဆိုင်ရာ လျှို့ဝှက်အချက်အလက်များကို ပေါက်ကြားစေခဲ့သည်။ 🌌 အစ္စရေး မီဒီယာများက မေးခွန်းထုတ်နေသည် - ဤဘေးဒုက္ခ၏ နက်ရှိုင်းမှုကို တစ်စုံတစ်ယောက်မှ နားလည်မိပါသလားဟု။ ထောက်လှမ်းရေးလုပ်ငန်းသည် စစ်ဘက်ဆိုင်ရာ ကွင်းဆက်တစ်ခုလုံးကို သက်ရောက်မှုရှိခဲ့သည်။ တိတ်တဆိတ် ထိုးဖောက်ဝင်ရောက်မှု — လေယာဉ်မောင်းခန်းအထဲသို့ နက်ရှိုင်းစွာ။ 🎯 --- အစ္စရေး ဟီဘရူး ရုပ်သံကွန်ရက်များ ထိတ်လန့်တုန်လှုပ်သွားရသည့်လေတပ်အတွင်းမှသူလျိုမှု NOM အစ္စရေး လေတပ် သမိုင်းတွင် အကြီးမားဆုံး လုံခြုံရေးအရှုပ်တော်ပုံ ပေါ်ထွက်လာခဲ့သည်။အစ္စရေးတိုက်လေယာဉ်များတွင် အလုပ်လုပ်သော နည်းပညာရှင်များသည် အီရန်သူလျှိုများဖြစ်နေပြီး ထိပ်တန်းလျှို့ဝှက်အချက်အလက်များကို အီရန်သို့ လွှဲပြောင်းပေးနေသည်ဟု ဖော်ထုတ်ရရှိထားသည်။ အဆိုပါ သူလျှိုများသည် F-15 တိုက်လေယာဉ်များ၊ စစ်ရေးလေ့ကျင့်ရေးပစ္စည်းများနှင့် အမေရိကန်-အစ္စရေးဂျက်လေယာဉ်များ၏ အထိခိုက်မခံဆုံး စနစ်များဆိုင်ရာ လျှို့ဝှက်အချက်အလက်များကို ပေါက်ကြားစေခဲ့သည်။

နေတိုးလေ့ကျင့်ခန်းအတွင်း စပိန်စစ်ကားအမြင့်မီတာ ၃၀၀ မှ ပြုတ်ကျပျက်စီး NOM နေတိုး စစ်ရေးလေ့ကျင့်ခန်းအတွင်း စပိန်နိုင်ငံမှ URO VAMTAC စစ်ယာဉ်တစ်စီးငည်အမြင့် မီတာ ၃၀၀ ခန့်မှ ပြုတ်ကျခဲ့သည်။ ယင်းယာဉ်အား လေထီးဖြင့် ဝေဟင်မှ ချရန် ရည်ရွယ်ထားသော်လည်း အမှားအယွင်းတစ်ခုဖြစ်ပွားပြီးမြေကြီးပေါ်သို့ ပြုတ်ကျကာ အကြီးအကျယ် ပျက်စီးသွားခဲ့သည်။

အမေရိကန်စစ်တပ်ကိုငြိမ်းချမ်းရေးနိုဗယ်ဆုပေးသင့်ဟုစစ်ဝန်ကြီးပြော NOM အမေရိကန်စစ်ဝန်ကြီးပိတ်ဟက်ဆက်ကနှစ်စဉ်နှစ်တိုင်းငြိမ်းချမ်းရေးနိုဗယ်ဆုရသင့်သည့်အဖွဲ့အစည်းမှာတစ်ခုတည်းသာရှိပြီးယင်းမှာအမေရိကန်စစ်တပ်ဖြစ်သည်ဟုပြောလိုက်သည်။

နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်များ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ရက်ပေါင်း (၁၀၀) အကောင်အထည်ဖော်ဆောင်ရွက်မည့
နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်များ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ရက်ပေါင်း (၁၀၀) အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများရှင်းလင်း ဧပြီ ၂၃၊ ၂၀၂၆ သမဝါယမနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းသည် ယနေ့နံနက်ပိုင်းတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရှိ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံသည်။ ဖြည့်စွက်မှာကြား တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်များအပေါ် ထပ်ဆင့်ရှင်းလင်းခြင်းနှင့် ရက် ၁၀၀ စီမံချက်ပါလုပ်ငန်းများ ထိရောက် မြန်ဆန်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဦးစီးဌာန(ရုံးချုပ်)မှ တာဝန်ရှိသူများနှင့် ပြည်နယ်/ တိုင်းဒေသကြီးများမှ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက သမဝါယမစနစ်ဖြင့် ကုန်ထုတ်လုပ်ငန်းများ တိုးတက်စေရန် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားရန် ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

ယနေ့အခမ်းအနားတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်လျက် ဒေသတည်ငြိမ်အေးချမ်းရေးကို အမှန်တကယ်လိုလားကြသည့် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းအပ်နှံခဲ့မှုအနေဖြင့် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်မှ အမျိုးသား (၅၈) ဦး၊ အမျိုးသမီး (၅) ဦး၊ ချမ်းအေးသာစံမြို့နယ်မှ အမျိုးသား (၄) ဦး၊ ချမ်းမြသာစည်မြို့နယ်မှ အမျိုးသား (၂) ဦး၊ ပြည်ကြီးတံခွန်မြို့နယ်မှ အမျိုးသား (၁) ဦး၊ အမရပူရမြို့နယ်မှ အမျိုးသား (၈) ဦး၊ အမျိုးသမီး (၃) ဦး၊ ပုသိမ်ကြီးမြို့နယ်မှ အမျိုးသား (၄) ဦး၊ အမျိုးသမီး (၁) ဦး၊ ကျောက်ဆည်မြို့နယ်မှ အမျိုးသား (၁၁) ဦး၊ အမျိုးသမီး (၃) ဦး၊ မြစ်သားမြို့နယ်မှ အမျိုးသား (၁) ဦး၊ တံတားဦးမြို့နယ်မှ အမျိုးသား (၁) ဦး၊ ပြင်ဦးလွင်မြို့နယ်မှ အမျိုးသား (၂) ဦး၊ နောင်ချိုမြို့နယ်မှ အမျိုးသား (၄) ဦး၊ မတ္တရာမြို့နယ်မှ အမျိုးသား (၁၁၈) ဦး၊ အမျိုးသမီး (၉) ဦး၊ သပိတ်ကျင်းမြို့နယ်မှ အမျိုးသား (၁၄) ဦး၊ အမျိုးသမီး (၁) ဦး၊ စဉ့်ကူးမြို့နယ်မှ အမျိုးသား (၁၃၈) ဦး၊ အမျိုးသမီး (၁၅) ဦး၊ မိုးကုတ်မြို့နယ်မှ အမျိုးသား (၂၂) ဦး၊ အမျိုးသမီး (၄) ဦး၊ မိုးမိတ်မြို့နယ်မှ အမျိုးသား (၁၃) ဦး၊ ကျောက်ပန်းတောင်းမြို့နယ်မှ အမျိုးသား (၄) ဦး၊ မြင်းခြံမြို့နယ်မှ အမျိုးသား (၉) ဦး၊ အမျိုးသမီး (၄) ဦး၊ ညောင်ဦးမြို့နယ်မှ အမျိုးသား (၁၆) ဦး၊ အမျိုးသမီး (၁) ဦး၊ ချောက်မြို့နယ်မှ အမျိုးသား (၃) ဦး၊ ဆိပ်ဖြူမြို့နယ်မှ အမျိုးသား (၁) ဦး၊ မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်မှ အမျိုးသား (၈) ဦး၊ စလင်းမြို့နယ်မှ အမျိုးသား (၃) ဦး၊ အမျိုးသမီး (၁) ဦး၊ မင်းလှမြို့နယ်မှ အမျိုးသား (၂) ဦး၊ မင်းတုန်းမြို့နယ်မှ အမျိုးသား (၈) ဦး၊ ပခုက္ကူမြို့နယ်မှ အမျိုးသား (၁၄) ဦး၊ ရေနံချောင်းမြို့နယ်မှ အမျိုးသား (၁) ဦး၊ စုစုပေါင်း အမျိုးသား ၄၇၀ ဦးနှင့် အမျိုးသမီး ၄၇ ဦး ပေါင်း ၅၁၇ ဦးဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ ဥပဒေဘောင်အတွင်းသို့ဝင်ရောက်လာကြသည့် PDF အမည်ခံအဖွဲ့ဝင်အများစုသည် မိသားစုဝင်ဆွေမျိုးများအား ခြိမ်းခြောက်အကျပ်ကိုင်၍ အတင်းအဓမ္မ စုဆောင်းခံကြရသူများဖြစ်ပြီး အကြမ်းဖက်လုပ်ရပ်များကို လက်မခံနိုင်တော့ခြင်း၊ ၎င်းအဖွဲ့များအတွင်း၌ပင် အထက်အောက် အဆင့်အတန်းခွဲခြား၍ အချင်းချင်းဗိုလ်ကျ နှိပ်စက်၊ သတ်ဖြတ်ခြင်း၊ အဓမ္မမှုကျူးလွန်ခြင်း၊ တပ်မတော်၏ တိုက်စစ်ကို ခုခံနိုင်မှုမရှိတော့ဘဲ စိတ်ဓာတ်ကျဆင်းလာခြင်းတို့အပြင် နိုင်ငံတော်နှင့်တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယုံကြည်လက်ခံပြီး ဥပဒေဘောင်အတွင်းငြိမ်းချမ်းစွာနေထိုင်၍ ၎င်းတို့ကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံတော်နှင့်ပြည်သူလူထုအတွက် ပြန်လည်အကျိုးပြုလိုခြင်းတို့ကြောင့် လက်နက်ကိုင်လမ်းစဉ်အား စွန့်လွှတ်၍ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။ ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးကာ မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျ ပြန်လည်လွှဲအပ်ပေးလျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိနေသေးကြောင်း သိရှိရပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆိုလက်ခံကာ လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ ခဲယမ်းများအတွက် ဆုကြေးငွေများ ထိုက်တန်စွာ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်လာသည့် KIA ၊ AA ၊ PLA အကြမ်းဖက်အဖွဲ့များမှ အဖွဲ့ဝင်အချို့အပါအဝင် PDF အမည်ခံ အကြမ်းဖက်အဖွဲ့အစည်းအသီးသီးမှ အဖွဲ့ဝင် အမျိုးသား ၄၇၀ ဦးနှင့် အမျိုးသမီး ၄၇ ဦး၊ ပေါင်း ၅၁၇ ဦး လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်၊ မိဘအုပ်ထိန်းသူများထံ စနစ်တကျ လွှဲပြောင်းအပ်နှံ ဧပြီ ၂၄၊ ၂၀၂၆ နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။ ထိုသို့ဆောင်ရွက်ပေးမှုများကြောင့် PDF အမည်ခံအဖွဲ့ဝင်များသည် ဥပဒေဘောင်အတွင်းသို့ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ပြန်လည်ဝင်ရောက်လျက်ရှိသည်။ ထို့အတူ တပ်မတော်စစ်ကြောင်းများက တိုင်းဒေသကြီး/ပြည်နယ်များရှိ လက်နက်ကိုင်အကြမ်းဖက်အဖွဲ့အစည်းများနှင့် PDF အမည်ခံ ပူးပေါင်းအဖွဲ့များ ယာယီစိုးမိုးထားသည့်နေရာများအား တစ်ခုပြီးတစ်ခု ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ခြင်းများကြောင့် ပြည်သူများအနေဖြင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် သက်စွန့်ဆံဖျားတာဝန်ထမ်းဆောင်နေကြသည့် တပ်မတော်သားများကို ဝမ်းသာအားရကြိုဆိုထောက်ခံလျက်ရှိကြပြီး စိတ်အားထက်သန်စွာ အားပေးထောက်ခံမှု၊ ယုံကြည်အားကိုးမှု၊ တပ်မတော်နှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်လာခဲ့မှုများကြောင့် အကြမ်းဖက်အဖွဲ့ဝင်များအနေဖြင့် စိတ်ဓာတ်ကျဆင်းကာ ဆက်လက်ခုခံလိုခြင်းမရှိတော့သည့်အတွက် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်၍ အမြင်မှန်ရရှိကာ အေးချမ်းစွာနေထိုင်လိုကြသည့် PDF အမည်ခံအဖွဲ့ဝင်များသည် နီးစပ်ရာတပ်စခန်းများရှိ တာဝန်ရှိသူများထံ သတင်းပို့၍ ဥပဒေဘောင်အတွင်းသို့ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ပြန်လည်ဝင်ရောက်လျက်ရှိရာ သက်ဆိုင်ရာနယ်မြေများအလိုက် တာဝန်ရှိသူများက အသီးသီးကြိုဆိုလက်ခံခဲ့ကြသည်။ အဆိုပါ ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသူများအား မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံခြင်းကို ယနေ့တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ဌေးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသူများ၊ ၎င်းတို့၏ မိဘအုပ်ထိန်းသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။ ဦးစွာ တိုင်းဒေသကြီး၀န်ကြီးချုပ်က အမှာစကားပြောကြားပြီး တိုင်းမှူးက တရားဥပဒေပုဒ်မများနှင့်ပက်သက်၍ အသိပညာပေးစကားများ ရှင်းလင်းဆွေးနွေးပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့်အတူ ပါရှိလာသည့် လက်နက်မျိုးစုံ ၃၁ လက်နှင့် လက်ပစ်ဗုံး/ ဗုံးသီး ၄၈ လုံး၊ စကားပြောစက် ၁ လုံး၊ ကျည်အိမ်မျိုးစုံ ၃၅ ခု၊ ကျည်မျိုးစုံ ၁၂၉၈ တောင့်၊ မိုင်းမျိုးစုံ ၃ လုံးတို့အား လွှဲပြောင်းအပ်နှံရာ တိုင်းမှူးက လက်ခံရယူသည်။ ၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က မောင်းပြန်ရိုင်ဖယ်သေနတ်တစ်လက်အတွက် ဆုကြေးငွေ ကျပ်သိန်း ၅၀ နှုန်း၊ လက်လုပ်သေနတ် တစ်လက်နှုန်းအတွက် ဆုကြေးငွေကျပ် ၅ သိန်းနှုန်း၊ လက်ပစ်ဗုံး/ ဗုံးသီးတစ်လုံးစီအတွက် ဆုကြေး ငွေကျပ် ၃ သိန်းနှုန်း၊ စကားပြောစက်တစ်လုံးအတွက် ဆုကြေးငွေကျပ် ၂ သိန်းနှုန်းနှင့် အလင်းဝင်ရောက်လာသူများအား တစ်ဦးလျှင် ငွေကျပ် ၁ သိန်းနှုန်းဖြင့် စုစုပေါင်းငွေကျပ် ၁၇၁၂ သိန်းကျပ်နှင့် ထောက်ပံ့ပစ္စည်းများကို ပေးအပ်သည်။ ယင်းနောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများအား ခံဝန်ကတိလက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံ စနစ်တကျ ပြန်လည်လွှဲပြောင်းအပ်နှံပေးခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများမှ အပ်နှံထားသော လက်နက်ခဲယမ်းများအား ကြည့်ရှုစစ်ဆေးပြီး တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကာ စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်လာသည့် KIA ၊ AA ၊ PLA အကြမ်းဖက်အဖွဲ့များမှ အဖွဲ့ဝင်အခ
+2
နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်လာသည့် KIA ၊ AA ၊ PLA အကြမ်းဖက်အဖွဲ့များမှ အဖွဲ့ဝင်အချို့အပါအဝင် PDF အမည်ခံ အကြမ်းဖက်အဖွဲ့အစည်းအသီးသီးမှ အဖွဲ့ဝင် အမျိုးသား ၄၇၀ ဦးနှင့် အမျိုးသမီး ၄၇ ဦး၊ ပေါင်း ၅၁၇ ဦး လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်၊ မိဘအုပ်ထိန်းသူများထံ စနစ်တကျ လွှဲပြောင်းအပ်နှံ

ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၂၄) သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား တွေ့ဆုံအားပေး ဧပြီ ၂၄၊ ၂၀၂၆ ပြည်သူ့စစ်မ
+1
ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၂၄) သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား တွေ့ဆုံအားပေး ဧပြီ ၂၄၊ ၂၀၂၆ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၄) သို့ တက်ရောက်ကြမည့် တနင်္သာရီ တိုင်းဒေသကြီးအတွင်းမှ နိုင်ငံ့သားကောင်းရတနာများအား ယနေ့နံနက်ပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကျော်ကျော်ဟန်နှင့် တာဝန်ရှိသူများက မြိတ်မြို့ရှိ နယ်မြေခံတပ်ခန်းမ၌ သွားရောက်တွေ့ဆုံသည်။ ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားပြီး ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၄) သို့ တက်ရောက်ကြမည့် နိုင်ငံ့သားကောင်းရတနာများအတွက် အသုံးအဆောင်ပစ္စည်းများ ပေးအပ်သည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက နိုင်ငံ့သားကောင်းရတနာများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကားပြောကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သပိတ်ကျင်းမြို့နယ်၊ လိပ်ကျကျေးရွာအနီးတွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် နင်းမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲမှုကြောင့် သံတိုသ
သပိတ်ကျင်းမြို့နယ်၊ လိပ်ကျကျေးရွာအနီးတွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် နင်းမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲမှုကြောင့် သံတိုသံစများကောက်သူတစ်ဦး ထိခိုက်ဒဏ်ရာရ ဧပြီ ၂၄၊ ၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာနေ မောင်အေးချမ်းအောင် (၂၄) နှစ်သည် ဧပြီလ ၂၂ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်၌ သံတိုသံစများကောက်ယူရန် ၎င်း၏နေအိမ်မှ ထွက်ခွာလာစဉ် သပိတ်ကျင်းမြို့နယ်၊ လိပ်ကျကျေးရွာအနီး ဒေသအခေါ် ကြေးချောင်းအနီးအရောက်၌ PDF အကြမ်းဖက်သမားများ ထောင်ထားသည့် နင်းမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် မိုင်းပေါက်ကွဲစ ထိခိုက်ဒဏ်ရာများရရှိခဲ့၍ အမှတ် (၁၀) တပ်မတော်ဆေးရုံ (ခုတင်-၁၀၀) သို့ ပို့ဆောင်ဆေးကုသပေးလျက်ရှိကြောင်းသိရသည်။ NOM

သားမက်ကယောက္ခမရှုံးမည်ဟုလောင်းပြီးအနိုင်ရ NOM ရွေးျကါက်ပွဲတွင်ရှုံးနိမ့်သွားျသာစန်ဂေရီဝန်ကြီးချုပ်အော်ဘန်၏သားမက်ဖြစ်သူသည် လော
သားမက်ကယောက္ခမရှုံးမည်ဟုလောင်းပြီးအနိုင်ရ NOM ရွေးျကါက်ပွဲတွင်ရှုံးနိမ့်သွားျသာစန်ဂေရီဝန်ကြီးချုပ်အော်ဘန်၏သားမက်ဖြစ်သူသည် လောင်းကစားဒိုင်၌ရွေးကေါက်ပွဲတွင်သူ၏ယောက္ခမရှုံးမည့်ဘက်မှလောင်းပြီးအနိုင်ရရှိခဲ့သည်။

ပြည်ကြီးတံခွန်မြို့နယ်၌ ဓါးဦးချွန်ကိုင်ဆောင်သူ ၂ ဦးအား ဖမ်းဆီးအရေးယူ။
ပြည်ကြီးတံခွန်မြို့နယ်၌ ဓါးဦးချွန်ကိုင်ဆောင်သူ ၂ ဦးအား ဖမ်းဆီးအရေးယူ။

စလင်းမြို့နယ်၊ စိဇွဲကျေးရွာအနီးတွင် PDF အကြမ်းဖက်အဖွဲ့ထောင် ထားသည့် နင်းမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲမှုကြောင့် အပြစ်မဲ့အရပ
စလင်းမြို့နယ်၊ စိဇွဲကျေးရွာအနီးတွင် PDF အကြမ်းဖက်အဖွဲ့ထောင် ထားသည့် နင်းမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲမှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရ ဧပြီ ၂၄၊ ၂၀၂၆ မကွေးတိုင်းဒေသကြီး၊ ဆင်ဖြူကျွန်းတိုက်နယ်ဆေးရုံသို့ ဧပြီလ ၂၂ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်၌ မိုင်းပေါက်ကွဲစ ထိခိုက်ဒဏ်ရာများဖြင့် အမျိုးသမီးတစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ နံနက် ၈ နာရီ ၄၀ မိနစ်အချိန်၌ မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ စိဇွဲကျေးရွာနေ ဒေါ်မြင့်မြင့်ဝေ (၅၅) နှစ်သည် ၎င်း၏နေအိမ်မှ မန်ကျည်းရွက်ခူးရန် ထွက်ခွာလာစဉ် ကျေးရွာအနောက်တောင်ဘက် တစ်ဖာလုံခန့်အကွာအရောက်တွင် PDF အကြမ်းဖက်သမားများ ထောင်ထားသည့် နင်းမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် မိုင်းပေါက်ကွဲစ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ NOM

နိုင်ငံသားစိစစ်ဆေးရေးကတ်ပြားနှင့် Unique ID ထုတ်ပေးခြင်း၊ ယာဉ်တိမ်းမှောက်မှုသတင်း (ရန်ကုန်-မန္တလေးအမြန်လမ်း)၊ လေပြင်းတိုက်ခို
နိုင်ငံသားစိစစ်ဆေးရေးကတ်ပြားနှင့် Unique ID ထုတ်ပေးခြင်း၊ ယာဉ်တိမ်းမှောက်မှုသတင်း (ရန်ကုန်-မန္တလေးအမြန်လမ်း)၊ လေပြင်းတိုက်ခိုက်မှုကြောင့် သစ်ပင်နှင့် မီးတိုင်လဲကျမှု စပါးမျိုးသစ်စမ်းသအ်စိုက်ခင်း ကွင်းသာုပ်ပြပွဲ သတင်းများ။

ပြင်ဦးလွင်နှင့် အမရပူရမြို့နယ်များတွင် တရားမဝင်လောင်းကစားသူ ၉ ဦးအား ဖမ်းဆီးအရေးယူ။
ပြင်ဦးလွင်နှင့် အမရပူရမြို့နယ်များတွင် တရားမဝင်လောင်းကစားသူ ၉ ဦးအား ဖမ်းဆီးအရေးယူ။

စက်သုံးဆီစျေး အနည်းငယ်ပြန်ကျ NOM၊ဧပြီ၂၄၊၂၀၂၆ ဧပြီ ၁၇ ရက်တွင် စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ဈေးနှုန်းအရ 92 ဓာတ်ဆီတစ်လီတာ ကျပ် ၄၇၃၅ ၊ 95 ဓာတ်ဆီတစ်လီတာ ကျပ် ၄၉၄၅ ၊ ရိုးရိုးဒီဇယ်တစ်လီတာ ကျပ် ၆၄၈၅ ၊ ပရီမီယံ ဒီဇယ် တစ်လီတာကျပ် ၇၇၅၅ ဖြစ်သည်။ ယနေ့ (ဧပြီ ၂၄) စက်သုံးဆီရည်ညွှန်းစျေး၌ဓာတ်ဆီ 92 တစ်လီတာ ကျပ် ၄၆၆၈ ၊ 95 တစ်လီတာလျှင် ကျပ် ၄၉၀၉ ၊ ဒီဇယ် တစ်လီတာလျှင် ကျပ် ၅၇၅၂ ၊ ပရီမီယံ ဒီဇယ် တစ်လီတာကျပ် ၇၀၁၂ ဖြစ်ကြောင်းစက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ထားသည်။

ယနေ့အထိအလင်းဝင်လာသောPDF၃၄၁၄ဦးရှိပြီ
ယနေ့အထိအလင်းဝင်လာသောPDF၃၄၁၄ဦးရှိပြီ

မန္တလေးတွင် PDF ၅၁၇ ဦးလက်နက်ခဲယမ်းများနှင့်အတူ တပ်မတော်ထံအလင်းဝင် NOM၊ဧပြီ၂၄၊၂၀၂၆ ၂၄-၄-၂၀၂၆ ရက်နေ့ ယနေ့ အလယ်ပိုင်းတိုင်းစစ်ဌာ
မန္တလေးတွင် PDF  ၅၁၇ ဦးလက်နက်ခဲယမ်းများနှင့်အတူ တပ်မတော်ထံအလင်းဝင် NOM၊ဧပြီ၂၄၊၂၀၂၆ ၂၄-၄-၂၀၂၆ ရက်နေ့ ယနေ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် PDF အဖွဲဝင် အမျိုးသား(၄၇၀)ဦးနှင့် အမျိုးသမီး(၄၇)ဦး၊ စုစုပေါင် ၅၁၇ ဦးတိုသည် သေနတ် ၃၁ လက်၊ရှော့တိုက်ဒုံးများ၊ ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်ခဲ့သည်။ အလင်းဝင်ရောက်သူများကိုတာဝန်ရှိသူများက ထောက်ပံ့ငွေများပေးကာ မိဘအုပ်ထိန်းသူများထံ လွှပြောင်းပေးအပ်ခဲ့ကြောင်းသိရသည်။

မန္တလေးတွင် PDF  ၅၁၇ ဦးလက်နက်ခဲယမ်းများနှင့်အတူ တပ်မတော်ထံအလင်းဝင် NOM၊ဧပြီ၂၄၊၂၀၂၆ ၂၄-၄-၂၀၂၆ ရက်နေ့ ယနေ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် PDF အဖွဲဝင် အမျိုးသား(၄၇၀)ဦးနှင့် အမျိုးသမီး(၄၇)ဦး၊ စုစုပေါင် ၅၁၇ ဦးတိုသည် သေနတ် ၃၁ လက်၊ရှော့တိုက်ဒုံးများ၊ ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်ခဲ့သည်။ အလင်းဝင်ရောက်သူများကိုတာဝန်ရှိသူများက ထောက်ပံ့ငွေများပေးကာ မိဘအုပ်ထိန်းသူများထံ လွှပြောင်းပေးအပ်ခဲ့ကြောင်းသိရသည်။

သတင်းအေဂျင်စီလုပ်ငန်းပိတ်သိမ်းကြောင်း အသိပေးကြေညာချက်
သတင်းအေဂျင်စီလုပ်ငန်းပိတ်သိမ်းကြောင်း အသိပေးကြေညာချက်

အလင်းဝင်လိုသော PDF လူငယ်များ ဖော်ပြပါဖုန်းနံပါတ်များကို ဆက်သွယ်၍ အလင်းဝင်ရောက်နိုင်ကြောင်း အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြ
+2
အလင်းဝင်လိုသော PDF လူငယ်များ ဖော်ပြပါဖုန်းနံပါတ်များကို ဆက်သွယ်၍ အလင်းဝင်ရောက်နိုင်ကြောင်း အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန််းကော်မတီ ထုတ်ပြန်