en
Feedback

Don't get caught by a cheater! Telemetrio finds and tags such channels 👉 If you want to see the tag, subscribe

News Of Myanmar

News Of Myanmar

Open in Telegram

📈 Analytical overview of Telegram channel News Of Myanmar

Channel News Of Myanmar (@newsofmyanmar) in the Burmese language segment is an active participant. Currently, the community unites 11 422 subscribers, ranking 16 330 in the News & Media category and 9 947 in the Myanmar region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 11 422 subscribers.

According to the latest data from 27 November, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -136 over the last 30 days and by -9 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 5.67%. Within the first 24 hours after publication, content typically collects 4.32% reactions from the total number of subscribers.
  • Post reach: On average, each post receives 648 views. Within the first day, a publication typically gains 493 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 10.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
“News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ”

Thanks to the high frequency of updates (latest data received on 28 November, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the News & Media category.

11 422
Subscribers
-924 hours
-317 days
-13630 days
Posts Archive
ယူကရိန်း လွှတ်တော်အမတ် ယဲလီဇာဗီတာ ဘိုဂုစကာယာ၏ အမေရိကန် သမ္မတထရန့်ကို ဝေဖန်ပုတ်ခတ်ထားသည့် ဖေ့စ်ဘွတ်ခ်ပို့စ် ပျောက်ကွယ်သွား ယူက
ယူကရိန်း လွှတ်တော်အမတ် ယဲလီဇာဗီတာ ဘိုဂုစကာယာ၏ အမေရိကန် သမ္မတထရန့်ကို ဝေဖန်ပုတ်ခတ်ထားသည့် ဖေ့စ်ဘွတ်ခ်ပို့စ် ပျောက်ကွယ်သွား ယူကရိန်းသမ္မတ ဇယ်လန်စကီး၏ ပါတီဝင်တစ်ဦးဖြစ်သူ သူမသည် အမေရိကန်သမ္မတ ထရန့်ကို 'ရူးသွပ်နေသူ' နှင့် 'ဆံပင်နီမျောက်မ အနီရောင်မျောက်' ဟု ဆဲဆိုဝေဖန်ခဲ့ပြီးနောက် ယခုအခါ အဆိုပါ ပို့စ်မှာ ဖျက်လိုက်ပြီ သို့မဟုတ် ဝှက်ထားလိုက်ပြီ ဖြစ်သဖြင့် ကြည့်ရှု၍ မရတော့ပေ။ သူမ စိတ်ပြောင်းသွားခဲ့ခြင်းများ လား?
16 Oct, 22:55

ဒဂုံတက္ကသိုလ်အတွင်းရှိ ကျောင်းအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်သွားမည် အောက်တိုဘာ ၁၆၊ ၂၀၂၆ ရန်ကုန်တိုင်
ဒဂုံတက္ကသိုလ်အတွင်းရှိ ကျောင်းအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်သွားမည် အောက်တိုဘာ ၁၆၊ ၂၀၂၆ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း) ဒဂုံတက္ကသိုလ်အတွင်းရှိ ကျောင်းအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်သည်။ အဆိုပါတက္ကသိုလ်၌ ရေနုတ် မြောင်းများ ရေစီးရေလာကောင်း မွန်စေရေးအတွက် ဆောင်ရွက် မည့်အခြေအနေ၊ ပန်းခြံတည် ဆောက်မည့်နေရာ၊ ကျောင်းအဝင်လမ်းမကြီး မြေယာရှုခင်းဆောင် ရွက်မည့်အခြေအနေ၊ ဦးစားပေး (၁)ဖြင့် ပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းဆောင်ရွက်မည့် အဆောက်အအုံများ၊ အသစ်တည်ဆောက်မည့် အဆောက် အအုံများ၏တည်နေရာ၊ ဘောလုံးကွင်း အဆင့်မြှင့်တင်တည်ဆောက်မည့်နေရာနှင့် တက္ကသိုလ် အကွက်ချပုံစံတွင် လုပ်ငန်းဆောင်ရွက်မည့် အခြေအနေကိုယမန်နေ့နံနက် ပိုင်းက ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် တာဝန်ရှိသူများနှင့်အတူ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။       ဆက်လက်၍ ဒဂုံတက္ကသိုလ် ဘွဲ့နှင်းသဘင် အဆောက်အအုံ၏ အစည်းအဝေးခန်းမ၌ အဆောက် အဦဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အင်ဂျင်နီယာချုပ်၊ ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ဒဂုံတက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီဝင်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်မည့် ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။ တွေ့ဆုံစဉ် တက်ရောက်လာ ကြသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက ပြုပြင်တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် တက္ကသိုလ်အင်္ဂါရပ်နှင့်အညီ ဖြစ်စေရန်၊ အဆောက်အအုံများ ရေရှည်တည်တံ့ ခိုင်မြဲစေရေးအတွက် စနစ်တကျတွက်ချက်၍ အသုံးပြု သည့်ပစ္စည်းများ အမျိုးအစား မှန်ကန်စေရေး QC အဖွဲ့များကလည်း တည်ဆောက်သည့်အဆင့်အလိုက် စစ်ဆေးဆောင်ရွက်မည့်လုပ်ငန်းများကို အနီးကပ်ကြီးကြပ်မှုဖြင့် သေချာစွာဆောင်ရွက်သွားရန်၊ လုပ်ငန်းများဆောင်ရွက်ရာတွင် လက်ရာသေသပ်ကောင်းမွန်စေရန်၊ အရည်အသွေးကောင်းမွန်စေရေး အလေးထားဆောင်ရွက်သွားရန်၊ တက္ကသိုလ်ပတ်ဝန်းကျင်တွင် စိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာလှပရေး စနစ် တကျဆောင်ရွက်ရန်၊ ကျောင်းအတွင်း ရေစီးရေလာကောင်းမွန်စေရေးနှင့် ရေကြီးရေလျှံမဖြစ်စေရေး ဂရုပြုဆောင်ရွက်သွားရန်၊ ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းများကို ကြိုတင်ပေါင်းစပ် ဆောင်ရွက်ထားရှိရန် မှာကြားသည်။ ညနေပိုင်းတွင် အဆောက်အဦ ဦးစီးဌာန အဆောက်အဦအထူး အဖွဲ့(၁)နှင့် အဆောက်အဦအထူး အဖွဲ့(၂)တို့မှ တည်ဆောက်လျက် ရှိသည့် ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ် ရန်ကုန် အထူးကုဆေးရုံသစ်ကြီး တည် ဆောက်ရေးလုပ်ငန်းခွင်သို့သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
16 Oct, 22:51

စာမေးပွဲ ရလဒ်သစ်များအရ အမေရိကန်နိုင်ငံ၊ ကာလီဖိုးနီးယားပြည်နယ်ရှိ ကျောင်းသား အများစုသည် မိမိတို့ အတန်းအလိုက် တတ်မြောက်ရမည့် အခ
စာမေးပွဲ ရလဒ်သစ်များအရ အမေရိကန်နိုင်ငံ၊ ကာလီဖိုးနီးယားပြည်နယ်ရှိ ကျောင်းသား အများစုသည် မိမိတို့ အတန်းအလိုက် တတ်မြောက်ရမည့် အခြေခံ စာဖတ်စွမ်းရည်နှင့် သင်္ချာစွမ်းရည် မရှိကြကြောင်း ပေါ်ထွက်လာ။
16 Oct, 22:50

အီရန်သည် အမေရိကန်၏ ရေကြောင်းပိတ်ဆို့မှုကို ရှောင်ကွင်း၍ ကုန်စည်များပို့ဆောင်နိုင်ခဲ့ကြောင်း ရိုက်တာ (Reuters) သတင်းတွင် ဖော်ပ
အီရန်သည် အမေရိကန်၏ ရေကြောင်းပိတ်ဆို့မှုကို ရှောင်ကွင်း၍ ကုန်စည်များပို့ဆောင်နိုင်ခဲ့ကြောင်း ရိုက်တာ (Reuters) သတင်းတွင် ဖော်ပြ အီရန်သည် အိုမန်ပင်လယ်ကွေ့အတွင်း သင်္ဘောတစ်စီးမှတစ်စီးသို့ ကုန်စည်လွှဲပြောင်းသည့်နည်းလမ်း (Ship-to-ship transfer) ကို တိုးမြှင့်အသုံးပြုကာ အမေရိကန်၏ ရေကြောင်းပိတ်ဆို့မှုကြားမှ Liquefied Petroleum Gas (LPG) ရေနံဓါတ်ငွေ့ရည် နှင့် လေယာဉ်ဆီများကို လျှို့ဝှက်တင်ပို့နိုင်ခဲ့သည်။
16 Oct, 22:45

၂၀၂၆ ခုနှစ် (၆၁) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ နဝမနေ့ဆက်လက်ကျင်းပ အောက်တိုဘာ ၁၆၊ ၂၀၂၆ ၂၀၂၆ ခုနှစ် (၆၁) ကြိမ်မြောက် မ
၂၀၂၆ ခုနှစ် (၆၁) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ နဝမနေ့ဆက်လက်ကျင်းပ အောက်တိုဘာ ၁၆၊ ၂၀၂၆ ၂၀၂၆ ခုနှစ် (၆၁) ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲ နဝမနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်တွင်းရတနာကုန်သည် များသည် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ(MSME)ကို အားပေးမြှင့်တင် ရန်အတွက် ခင်းကျင်းပြသထားသည့် အုပ်စု(စီ)မှ ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လေ့လာ ကြည့်ရှုစစ်ဆေးကြသည်။ ယနေ့ပြပွဲတွင် အုပ်စု (စီ) မှ ကျောက်စိမ်းအတွဲများ အနက် အတွဲအမှတ် (၁၆၀၆) မှ (၂၃၅၅)အထိ အတွဲ (၇၅၀) ၏ ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက စစ်ဆေးကာကျောက်စိမ်းအတွဲပေါင်း ၇၃၃ တွဲ ရောင်းချခဲ့ရကြောင်း ကြေညာသည်။ ယနေ့ညနေပိုင်းတွင် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲ ဗဟိုကော်မတီနာယက သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဆန်းဦးသည် ပြည်တွင်းရတနာကုန်သည် များက အုပ်စု(စီ)မှ ကျောက်စိမ်းအတွဲများ ရွေးချယ်ကြည့်ရှုနေမှုနှင့် ဈေးနှုန်းပေးသွင်းလွှာများအား တင်ဒါပုံးများအတွင်း ထည့်သွင်းနေမှု ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။ ပြပွဲဒသမနေ့တွင် အုပ်စု (စီ) မှ ကျောက်စိမ်းအတွဲ များအနက် အတွဲအမှတ် (၂၃၅၆) မှ (၃၀၇၃)အထိ (၇၁၈)တွဲကို ပြည်တွင်းရတနာကုန်သည်များက ကြည့်ရှုစစ်ဆေး၍ ဈေးနှုန်းတင်သွင်းလွှာများကို တင်ဒါပုံးများ အတွင်းသို့ ထည့်သွင်းကြပြီး တင်ဒါပုံးများကို ညနေ ၅ နာရီတွင် ပိတ်သိမ်း၍ တာဝန်ရှိသူများ က ဖွင့်ဖောက်စစ်ဆေးကာ အောက်တိုဘာ ၁၇ ရက် တွင် ရောင်းချရသည့် ကျောက်စိမ်းအတွဲများအား ကြေညာသွားမည်ဖြစ်သည်။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာနသည် မြန်မာ့အဖိုးတန် သယံဇာတများကို ရေရှည်တည်တံ့စေမှု၊ မြေသယံဇာတများကို ကန့်သတ်ထုတ်လုပ်မှု၊ ရေသယံဇာတများကိုတိုးတက် ထုတ်လုပ်မှုနှင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်နိုင်မှုတို့အကြား ဟန်ချက်ညီစွာ စီမံခန့်ခွဲခြင်းဖြင့် သယံဇာတစီမံခန့်ခွဲမှုလုပ်ငန်းများကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
16 Oct, 22:41

ဟော်မုဇ်ရေလက်ကြားတွင် တိုက်ခိုက်ခံရသည့် သင်္ဘောအများစုသည် ဖြစ်စဉ်များကို သတင်းပို့တိုင်ကြားခြင်း မရှိကြသည့်အတွက် ပင်လယ်ပြင်အတ
ဟော်မုဇ်ရေလက်ကြားတွင် တိုက်ခိုက်ခံရသည့် သင်္ဘောအများစုသည် ဖြစ်စဉ်များကို သတင်းပို့တိုင်ကြားခြင်း မရှိကြသည့်အတွက် ပင်လယ်ပြင်အတွင်း ဖြစ်ပွားသည့် တိုက်ခိုက်ခံရမှုအချို့ကို သတင်းထုတ်ပြန်နိုင်ခြင်း မရှိသေးကြောင်း ဗြိတိန် ရေကြောင်းကုန်သွယ်ရေး စိုင်းငံ့စောင့်ကြည့်ရေးအဖွဲ့ (UKMTO) က ထုတ်ပြန်ကြေညာခဲ့သည်။ 
16 Oct, 22:40

အိမ်ဖြူတော်၏ ပြောရေးဆိုခွင့်ရှိသူအသစ် ခေတီ ဇာခါရီယာ (Katie Zacharia) သည် တာဝန်ယူပြီး ၅ ရက်အကြာနှင့် ၁၄ မိနစ်စာ သတင်းစာရှင်းလင
အိမ်ဖြူတော်၏ ပြောရေးဆိုခွင့်ရှိသူအသစ် ခေတီ ဇာခါရီယာ (Katie Zacharia) သည် တာဝန်ယူပြီး ၅ ရက်အကြာနှင့် ၁၄ မိနစ်စာ သတင်းစာရှင်းလင်းပွဲ ၁ ကြိမ်အပြီးတွင် ရာထူးမှ ထုတ်ပယ်ခံခဲ့ရသည်။
16 Oct, 22:38

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံစက်မှုဇုန်ရှိ Myanmar Asia Optical Co.,Ltd. (မှန်ဘီလူးစက်ရုံ) နှင့် Honey Garment Co.,Ltd. (အထ
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံစက်မှုဇုန်ရှိ Myanmar Asia Optical Co.,Ltd. (မှန်ဘီလူးစက်ရုံ) နှင့် Honey Garment Co.,Ltd. (အထည်ချုပ်စက်ရုံ) တို့မှ အာမခံအလုပ်သမားများကို စက်ရုံအရောက် ကျန်းမာရေး စောင့်ရှောက်မှုပေး အောက်တိုဘာ ၁၆၊ ၂၀၂၆ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံ စက်မှုဇုန်ရှိ Myanmar Asia Optical Co.,Ltd. (မှန်ဘီလူး စက်ရုံ) နှင့် Honey Garment Co.,Ltd.(အထည်ချုပ်စက်ရုံ) တို့မှ အာမခံအလုပ်သမားများကို ယနေ့ မွန်းလွဲပိုင်းတွင် အလုပ်သမား ဝန်ကြီးဌာနအောက်ရှိ အလုပ်သမားဆေးရုံကြီးများရှိ အထူးကုဆရာဝန်ကြီးများ ပါဝင်သော ရွေ့လျားဆေးကုသယာဉ် (MMU) ဖြင့် စက်ရုံအရောက် ကွင်းဆင်း၍ ကျန်းမာရေး စောင့်ရှောက်မှု ပေးခဲ့သည်။ ယနေ့တွင် အလုပ်သမား ဆေးရုံကြီးများမှ သမားတော်များ၊ သားဖွားမီးယပ်အထူးကု ဆရာဝန်များ၊ အရိုးအထူးကုဆရာဝန်များ၊ မျက်စိအထူးကု ဆရာဝန်များ၊ အကြောအဆစ် ပြန်လည်သန်စွမ်းရေး အထူးကုဆရာဝန်များ ပါဝင်သော ဆေးကုသရေးအဖွဲ့က စက်ရုံနှစ်ရုံမှ အာမခံအလုပ်သမား ၆၉၈၄ ဦးတို့ကို ဆေးကုသမှု ဝန်ဆောင်မှုများ၊ ECG ဖြင့် လိုအပ် သော နှလုံးစစ်ဆေးမှုများနှင့် ဓာတ်ခွဲစစ်ဆေးမှုများကို ဆောင် ရွက်ပေးခဲ့ပြီး ဆေးဝါးများနှင့် မျက်မှန်များ ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။ ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှု အခြေအနေကို အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်သည် တာဝန် ရှိသူများနှင့်အတူ သွားရောက် ကြည့်ရှုအားပေးသည်။ ထို့ပြင် စက်ရုံတာဝန်ရှိသူများ၊ အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီဝင်၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး နှင့်ကျန်းမာရေးကော်မတီ၊ အလုပ်သမားများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက စက်ရုံ၊ အလုပ်ရုံများ တွင် ကုန်ထုတ်စွမ်းအားတိုးတက်စေရေးအတွက် အလုပ်ရှင်နှင့် အလုပ်သမား ဆက်ဆံရေး ကောင်းမွန်ရန် လိုအပ်ကြောင်း၊ ကောင်းမွန်သည့် လုပ်ငန်းခွင် ဆက်ဆံရေး ထူထောင်ရန်အတွက်အလုပ်ရှင်၊ အလုပ်သမားအကြား ပွင့်လင်းမြင်သာမှု၊ အပြန်အလှန်ယုံကြည်မှု၊ နားလည်မှုတို့ထားရှိ ရန်လိုအပ်ကြောင်းမှာကြားပြီး တက်ရောက်လာသူများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ရန်ကုန် တိုင်းဒေသကြီးမှ အကျုံးဝင်အာမခံ အလုပ်သမား တစ်သန်းကျော်၏ ကျန်းမာရေး စောင့်ရှောက်မှု အတွက်လက်ရှိတွင် အလုပ်သမားဆေးရုံကြီး (ရန်ကုန်)၊ အလုပ်သမားဆေးရုံ (ထန်းတပင်)၊ မြို့နယ်လူမှုဖူလုံရေး ဆေးခန်း ၂၂ ခန်း၊ တိုင်းရင်းဆေး ကုခန်း တစ်ခန်း၊ ဌာနကြီး ဆေးခန်း ၂၁ ခန်း၊ စာချုပ်ဆေးခန်း ၅၃ခန်း၊ မီးဖွားခြင်း ဝန်ဆောင်မှုဆောင်ရွက်သည့် စာချုပ်ဆေးရုံ၊ သားဖွားခန်းငါးခန်းဖြင့် ကျန်းမာရေး ဝန်ဆောင်မှု ပေးလျက်ရှိကြောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တွင် ရန်ကုန်တိုင်းဒေသကြီး၌ လူနာပြသသည့် အကြိမ်ရေ ၆၉၇၅၈၂ အတွက် ဆေးကုသမှုဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဆေးဖိုးတင်ပြတောင်းခံသည့်အကြိမ်ရေ ၇၇၈၇ အတွက် ငွေကျပ်သန်း ၇၉၇၄ ဒသမ ၃၉၆ နှင့် ၂၀၂၆ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိအကြိမ်ရေ ၂၂၁၉၆ အတွက် ငွေကျပ် ၂၄၆၂ ဒသမ ၄၂၅ သန်း ပေးအပ်နိုင်ခဲ့ကြောင်း သိရသည်။
16 Oct, 22:36

၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား ကျောင်းသူများနှင့် ဂုဏ်ထူးဖြင့်အောင်မြင်
၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား ကျောင်းသူများနှင့် ဂုဏ်ထူးဖြင့်အောင်မြင်သည့်စစ်သည်များပါဝင်သော မျိုးဆက်သစ်ထူးချွန်လူငယ် မောင်မယ်များ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လေ့လာရေးခရီးထွက်ခွာ အောက်တိုဘာ ၁၆၊ ၂၀၂၆ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ၏ လမ်းညွှန်မှုဖြင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် စစ်မှုထမ်းဆဲ/ စစ်မှု ထမ်းဟောင်းနှင့် အစားခန့်ဝန်ထမ်းများ၏ သား/သမီး ကျောင်းသား၊ ကျောင်းသူများနှင့် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သောစစ်သည်များ ပါဝင်သည့် မျိုးဆက်သစ်ထူးချွန် လူငယ်မောင်မယ်များသည် နိုင်ငံတကာယဉ်ကျေးမှု၊ ဗဟုသုတနှင့် အသိပညာများ အတုယူလေ့လာ နိုင်စေရန် အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လေ့လာရေးခရီးစဉ်သွားရောက်ကြမည်ဖြစ်ရာ အဆိုပါ လေ့လာရေး အဖွဲ့သည် ယနေ့ နံနက် ၁၁ နာရီခွဲတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ လေကြောင်းခရီးဖြင့် ထွက်ခွာ ကြသည်။ အဆိုပါ ထူးချွန်လူငယ်များ ပါဝင်သည့် လေ့လာရေးအဖွဲ့အား ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် တင်မင်းလတ်နှင့် တပ်မတော်အရာရှိကြီးများ၊ မြန်မာ့စီးပွားရေး ဦးပိုင်အများနှင့် သက်ဆိုင်သောကုမ္ပဏီ လီမိတက်မှ ဌာနကြီးမှူး ဦးအောင်ရဲဝင်းနှင့် တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ၏ မိဘဆွေမျိုး များက ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၌ ရင်းရင်းနှီးနှီး လိုက်လံအားပေးပြီး ပို့ဆောင် နှုတ်ဆက်ကြသည်။ အဆိုပါ လေ့လာရေးအဖွဲ့တွင် စစ်မှုထမ်းဆဲ/စစ်မှုထမ်းဟောင်း မိသားစုဝင် သား၊ သမီးများမှ ၂၀၂၅- ၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အမှတ်အများဆုံး ရရှိသောကျောင်းသား၊ ကျောင်းသူ ၁၈ ဦး၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ပြီးသည့် လူရည်ချွန် ကျောင်းသား၊ ကျောင်းသူ ၅ ဦး၊ ဂုဏ်ထူး ၃ ဘာသာဖြင့် အောင်မြင် သော စစ်သည် ၂ ဦး၊ ကျောင်း အုပ်ချုပ်မှုတာဝန်ခံ ၁ ဦး၊ အုပ်ချုပ် မှုအဖွဲ့ဝင် ၄ ဦး စုစုပေါင်း ၃၀ ဦး တို့ပါဝင်ကြပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၌ အောက်တိုဘာ ၂၂ ရက်အထိ လေ့လာရေးခရီးစဉ် ကာလအတွင်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံရှိ ကောင်းကင်ဘုံ ဗိမာန်ပန်းခြံ၊ လင်ကွမ်းဘုရား ကျောင်း၊ နွေရာသီနန်းတော်၊ မဟာတံတိုင်းကြီး (Great Wall) နှင့် အခြားအထင်ကရနေရာများသို့ သွားရောက်လေ့လာလည်ပတ် ခြင်းများ ဆောင်ရွက်ကြမည် ဖြစ်ကြောင်း သိရှိရသည်။ တပ်မတော် အနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် စစ်သည်များ၊ တပ်မတော်သား မိသားစုဝင် သား၊ သမီးများ၊ စစ်မှုထမ်းဟောင်း မိသားစုဝင် သား၊ သမီးများနှင့် စစ်သည်အစားခန့် အရပ်သား အမှုထမ်းများ၏ သား၊ သမီးများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းကို ၂၀၁၁-၂၀၁၂ ပညာသင်နှစ်မှ စတင်ပေးအပ်ခဲ့ပြီး ဆုရရှိသူများ အနက်မှ ထူးချွန်စစ်သည်နှင့် ဘက်စုံ ထူးချွန်လူငယ်များအား ၂၀၁၃ ခုနှစ်မှစ၍ ပြည်ပနိုင်ငံ များသို့ လေ့လာရေးခရီးစဉ်များ စီစဉ်စေလွှတ်ပေးခဲ့ရာ ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားချိန်တွင် ခေတ္တရပ်နားခဲ့ရ ပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မှစတင်၍ လေ့လာရေးခရီး ပြန်လည် စေလွှတ်ခဲ့ခြင်းဖြစ်သည်။
16 Oct, 22:34

အမေရိကန်က အီရန်နိုင်ငံရှိ ပစ်ကတ်စ်တောင်တန်း (Pickaxe Mountain) နျူကလီးယားစခန်းကို လက်တုန့်ပြန်မှုမခံရဘဲ တိုက်ခိုက်ခွင့်ပြုရန်
အမေရိကန်က အီရန်နိုင်ငံရှိ ပစ်ကတ်စ်တောင်တန်း (Pickaxe Mountain) နျူကလီးယားစခန်းကို လက်တုန့်ပြန်မှုမခံရဘဲ တိုက်ခိုက်ခွင့်ပြုရန် အီရန်ထံ တောင်းဆိုခဲ့သော်လည်း... ...အီရန်က အဆိုပါတောင်းဆိုမှုကို ပယ်ချခဲ့ကြောင်း အီရန်နိုင်ငံပိုင် ရုပ်မြင်သံကြားသတင်းထောက် မော်တေဇာ ဂိုရိုဂီက ပြောကြား။ ထရန့်၏ ပြောကြားချက်များအရ လာမည့် ၂၄ နာရီအတွင်း 'စစ်ပွဲ' ဖြစ်ပွားနိုင်သည်ဟု ညွှန်ပြနေကြောင်းနှင့် 'အီရန်စစ်တပ်သည် အပြည့်အဝ အသင့်ပြင်ဆင်ထားကြောင်း' ၎င်းက ပြောဆိုသည်။
16 Oct, 22:33

ဟော်မုဇ်ရေလက်ကြားတွင် 'မိုင်းထိမှန်ပြီး' မီးလောင်ကျွမ်းခဲ့သည့် စူပါရေနံတင်သင်္ဘောကြီး၏ ဖြစ်စဉ်ကို အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့က ရုပ်သံသတင်းရိုက်ကူးထုတ်ပြန်ခဲ့သည်။ စည်းမျဉ်းစည်းကမ်းများကို မလိုက်နာဘဲ အန္တရာယ်ရှိစွာ မောင်းနှင်လာသည့် အဆိုပါ စူပါရေနံတင်သင်္ဘောကြီးသည် ရေနံစိမ်းစည်ပေါင်း ၂ သန်းကျော် တင်ဆောင်လာစဉ် မိုင်းထိမှန်ကာ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး၊ အဆိုပါသင်္ဘောသည် လမ်းကြောင်းပြစနစ်များနှင့် ရေဒါစနစ်များကို ပိတ်ထားကာ 'တရားမဝင် ဖြတ်သန်းရန်' ကြိုးပမ်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) က "ဟော်မုဇ်ရေလက်ကြားကို ပိတ်ထားပြီ" ဟု ကြေညာထားပြီး ရေလက်ကြားကို ဖြတ်သန်းသွားလာမည့် သင်္ဘောများကို သတိပေးထားသည်။
16 Oct, 22:25

အမေရိကန်သမ္မတထရမ့်၊ရုရှားသမ္မတပူတင်နှင့်မြောက်ကိုးရီးယားခေါင်းဆောင်ကင်ဂျုံအမ်တို့ကယူကရိန်းသမ္မတဇလင်စကီးကိုလှောင်ပြောင်နေသည့်AIဖြင့်ဖန်တီးထားသောဗီဒီယို
16 Oct, 15:02

အမေရိကန်သတင်းထောက် ဟိုင်ဒီ လက်ဗင်း Heidi Levine သည် အစ္စရေးအခြေချနေထိုင်သူများ၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်းခံရပြီး တုတ်များဖြင့် ရက်စက်စွာအရိုက်ခံရ ဗွီဒီယိုမှတ်တမ်းများအရ မျက်နှာဖုံးစွပ်ထားသည့် လူအုပ်ကြီးက သူမကို ဝိုင်းအုံကာ တွန်းလှဲပြီး ရိုက်နှက်နေသည်ကို တွေ့ရသည်။ လက်ဗင်း Levine က သူမအနေဖြင့် ကန်ချက်ပေါင်း ၅၀ ခန့်အထိ ခံခဲ့ရကြောင်း ပြောကြားခဲ့သည်။ဒီ
16 Oct, 15:01

ခွင့်ရက်အငြင်းပွားမှုကြောင့် အစည်းအဝေးလုပ်နေစဥ် အလုပ်ထုတ်ခံရသည့် စူပါမားကက်ဝန်ထမ်းဟောင်းက အမျိုးသမီးမန်နေဂျာ ၃ ဦးကို သေနတ်ဖြင့် ပစ်သတ်မှု တောင်အာဖရိကတွင် ဖြစ်ပွား ဗွီဒီယိုမှတ်တမ်းများအရ ၎င်းသည် သေနတ်ဖြင့် တရစပ်ပစ်ခတ်ခဲ့ပြီး သေနတ် Jam ဖြစ်သွားသည်ကိုပင် ရှင်းထုတ်ကာ ဆက်လက်ပစ်ခတ်ခဲ့ကြောင်းသိရသည်။ တရားခံမှာ လက်ရှိတွင် ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်ပြီး ရဲတပ်ဖွဲ့က အသည်းအသန် ရှာဖွေဖမ်းဆီးနေသည်။
16 Oct, 14:56

ရွှေကုက္ကိုလ်နယ်မြေ၊ ဒုတိယပိုင်းအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် တရားမဝင် ၁၃ ထပ် အဆောက်အအုံ ၁ လုံးအား ထပ်မံဖြိုချဖျက်ဆီး၊ ကျန်အဆောက်အအုံများအား ဆက်လက်ဖြိုချဖျက်ဆီးသွားမည်ဖြစ် အောက်တိုဘာလ ၁၆၊ ၂၀၂၆ နိုင်ငံတော်အစိုးရအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ လူမှုစီးပွားနယ်ပယ်နှင့် အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်လာသည့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလိမ်လည် လောင်းကစားမှု (ONLINE SCAM)များ ပပျောက်စေရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းကာ အပြီးတိုင်လုံးဝပပျောက်သွားစေရေး အထူးအလေးထားနှိမ်နင်းလျက်ရှိရာ အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို အများဆုံးအခြေချလုပ်ကိုင်ခဲ့ကြသည့် ကရင် ပြည်နယ်၊ မြဝတီခရိုင်၊ ရွှေကုက္ကိုလ်နယ်မြေရှိ တရားမဝင်အဆောက်အအုံများအား အပြီးတိုင် ဖြိုချဖျက်ဆီးခြင်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့်ဒေသတွင်း တာဝန်ရှိသူများအပါအဝင် အဖွဲ့စုံပါဝင်သည့်ပူးပေါင်းအဖွဲ့များဖြင့် ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ၁၃ ထပ်အဆောက်အအုံ ၁ လုံးအားယမ်းဖြင့် ထပ်မံဖောက်ခွဲဖြိုချဖျက်ဆီးခဲ့ကြောင်းနှင့် ၅ ထပ် အဆောက်အအုံ ၂ လုံးအားယာဉ် ယန္တရားများဖြင့် စနစ်တကျဆက်လက်ဖြိုချဖျက်ဆီးလျက်ရှိကြောင်း သိရှိရသည်။ ရွှေကုက္ကိုလ်နယ်မြေ၊ ဒုတိယပိုင်းအတွင်း၌ အွန်လိုင်းလိမ်လည်လောင်းကစားလုပ် ငန်းများကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် ဖြိုချဖျက်ဆီးရန်ကျန် အဆောက်အအုံ ၆၃ လုံး အား ယာဉ်ယန္တရားများဖြင့် ဖြိုချဖျက်ဆီးမည့်အဆောက်အအုံ၊ ဖောက်ခွဲ၍ဖြိုချဖျက်ဆီးမည့် အဆောက်အအုံနှင့် လူနေအိမ်များနှင့်မလွတ်ကင်း၍ လူအင်အားအသုံးပြုကာ တစ်လွှာချင်း ဖြိုချဖျက်ဆီးမည့် အဆောက်အအုံဟူ၍ အမျိုးအစားအလိုက်ခွဲခြားသတ်မှတ်ပြီး စနစ်တကျ ဆက်လက်ဖြိုချဖျက်ဆီးလျက်ရှိရာ ယနေ့တွင်ယာဉ်ယန္တရားများအသုံးပြု၍ ဖြိုချဖျက်ဆီး ရမည့် အဆောက်အအုံများအနက် ၅ ထပ် အဆောက်အအုံ ၁ လုံးမှာ ဖြိုချဖျက်ဆီးမှု ၉၈ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ပြီး ထပ်မံ၍ ၅ ထပ်အဆောက်အအုံ ၁ လုံးမှာ ၆၅ ရာခိုင်နှုန်း ဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်း သိရှိရသည်။ ထို့ပြင်ဖောက်ခွဲ၍ဖြိုချဖျက်ဆီးမည့် ၁၃ အဆောက်အအုံ ၁ လုံးအား ယမ်းဖြင့် ထပ်မံဖောက်ခွဲ၍ အလုံးစုံဖြိုချဖျက်ဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များအနေဖြင့် ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများလုပ်ကိုင်ခဲ့သည့် ဖျက်ဆီးရန်ကျန် အဆောက် အအုံ ၅၉ လုံးအား စနစ်တကျဆက်လက်၍ဖြိုချဖျက်ဆီးသွားမည်ဖြစ်ပြီး နိုင်ငံတော်အစိုးရ အနေဖြင့် အွန်လိုင်းလိမ်လည်မှုနှင့်အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များ ကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိကာ ပြည်တွင်း အင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ နိုင်ငံအတွင်း လုံးဝအခြေမချနိုင်သည်အထိ ထိထိရောက်ရောက် ရှာဖွေစစ်ဆေးနှိမ်နင်းခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
16 Oct, 12:24

photo content
+4
16 Oct, 12:23

photo content
+9
16 Oct, 12:23

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူများအား လုပ်ငန်းသုံးပစ္စည်းများနှင့် အတ
+1
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူများအား လုပ်ငန်းသုံးပစ္စည်းများနှင့် အတူဖမ်းဆီးရမိ အောက်တိုဘာ ၁၆၊ ၂၀၂၆ နိုင်ငံတော်အစိုးရအနေဖြင့် လူမှုစီးပွားဘဝများကို ထိခိုက်ပျက်စီးအောင်အလုံးစုံ အန္တရာယ်ပေးလျက်ရှိသည့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုကျူးလွန်ခြင်းများအား တားဆီးကာကွယ်ခြင်းနှင့် ရှာဖွေဖော်ထုတ် ဖမ်းဆီးအရေးယူခြင်းများကို အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် အလေးထား ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ နယ်မြေ(၁၉)၊ ရပ်ကွက်(၁၂) အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်နေကြောင်း သတင်းအရလုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့ကယမန်နေ့ညပိုင်းတွင် သွားရောက်ရှာဖွေစစ်ဆေး ခြင်းများဆောင်ရွက်ခဲ့ရာ အဆိုပါရပ်ကွက်၊ ဆင်းရွှေလီလမ်းသွယ်(၇)ရှိ နေအိမ်တစ်လုံး၌ အွန်လိုင်းလိမ်လည် လောင်းကစားမှုလုပ်ကိုင်နေသူ မြန်မာနိုင်ငံသား အမျိုးသား ၃ ဦး အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၄ ဦးတို့အား ဖုန်းမျိုးစုံ ၆ လုံး၊ Laptop ၃ လုံး၊ 12V Battery ၁ လုံး၊ Solar ၁ ချပ်၊ Wifi စက် ၁ လုံး၊ အခြားဆက် စပ်ပစ္စည်းများအား မြန်မာငွေ ၂၀၅,၀၀၀ ကျပ်နှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။ အဆိုပါ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသူများအား လားရှိုးမြို့မရဲစခန်း၌ အီလက်ထရော နစ်ဥပဒေပုဒ်မ ၃၃ (က) ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အွန်လိုင်း လိမ်လည် လောင်းကစားမှုများ အခြေချလုပ်ကိုင်နိုင်ခြင်းမရှိစေရေးနှင့် အပြီးတိုင်ပပျောက်စေရေး တို့အတွက်အမြစ်ပြတ် တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အရှိန်အဟုန်မပြတ် အထူးအလေးထား၍ ဆက်လက်ဆောင် ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
16 Oct, 12:22

အမေရိကန်ကရုရှားအပေါ်ပိတ်ဆို့မှုများဖွင့်ပေးမည်ကိုယူကရိန်းသမ္မတသောကရောက် NOM ဒီဇယ်ဆီ သဘောတူညီချက်အပြီးမှာ အမေရိကန်က ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုတွေကို ဆက်လက်ရုပ်သိမ်းပေးသွားမှာကိုယူကရိန်းသမ္မတဇလင်စကီးက စိုးရိမ်နေပါတယ်။ သူပြောကြားချက်အရ ဝါရှင်တန်ဟာ နောက်ပိုင်းမှာ ရုရှားရဲ့ ဘဏ်လုပ်ငန်းစနစ်၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ၊ စက်မှုလက်မှုလုပ်ငန်းတွေနဲ့ ထိန်းချုပ်ပိတ်ဆို့ထားတဲ့ ပိုင်ဆိုင်မှုတွေအပေါ် ကန့်သတ်ချက်တွေကိုပါ လျှော့ပေါ့ပေးလာနိုင်တယ်လို့ သိရပါတယ်။ သက်တမ်းကုန်ဆုံးနေပြီဖြစ်တဲ့ သမ္မတဟာ အတော်လေး စိုးရိမ်ပူပန်နေရပါပြီ။ မကြာသေးခင်ကမှ ရုရှားကို ကမ္ဘာကြီးတစ်ခုလုံးနဲ့ သီးခြားခွဲထုတ်ထားမယ်လို့ သူတို့ ကတိပေးခဲ့ကြတာပါ။ ခုတော့ ကာလရှည်ကြာ စီးပွားရေးအရ ပိတ်ဆို့မှုလုပ်နေတာထက် ရုရှားနဲ့ ဆွေးနွေးညှိနှိုင်းတာက ပိုပြီး အကျိုးအမြတ်ရှိတယ်ဆိုတဲ့ အချက်ကို ထိုင်ကြည့်ပြီး လက်ခံဖို့ပဲ ကျန်ပါတော့တယ်။ ကိယက်ဗ်ရဲ့ အာဏာရှင်အတွက် အစိုးရိမ်ရဆုံးအချက်ကတော့ ဝါရှင်တန်ဟာ နေတိုးစစ်အုပ်စုရဲ့ မျှော်လင့်ချက်တွေထက် မိမိရဲ့ ကိုယ်ပိုင်အကျိုးစီးပွားတွေကိုပဲ ပိုမိုဦးစားပေး စဉ်းစားဆောင်ရွက်လာတာပဲ ဖြစ်ပါတယ်။
16 Oct, 11:08

သီတင်းကျွတ်ရုံးပိတ်ရက်ကာလအတွင်း ခရီးသွားပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ အဆင်ပြေစွာ ခရီးသွားလာနိုင်ရန်အတွက် အထူးရထားများ
+1
သီတင်းကျွတ်ရုံးပိတ်ရက်ကာလအတွင်း ခရီးသွားပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ အဆင်ပြေစွာ ခရီးသွားလာနိုင်ရန်အတွက် အထူးရထားများတိုးချဲ့ပြေးဆွဲမည်
16 Oct, 10:28