fa
Feedback

فریب کلاهبرداران را نخورید! تل‌متریو این کانال‌ها را شناسایی و برچسب‌گذاری می‌کند 👉 برای مشاهده برچسب، اشتراک تهیه کنید

News Of Myanmar

News Of Myanmar

رفتن به کانال در Telegram

📈 تحلیل کانال Telegram News Of Myanmar

کانال News Of Myanmar (@newsofmyanmar) در بخش زبانی بورمی بازیگری فعال است. در حال حاضر جامعه شامل 11 422 مشترک است و جایگاه 16 330 را در دسته اخبار و رسانه‌ها و رتبه 9 947 را در منطقه ميانمار دارد.

📊 شاخص‌های مخاطب و پویایی

از زمان ایجاد در невідомо، پروژه رشد سریعی داشته و 11 422 مشترک جذب کرده است.

بر اساس آخرین داده‌ها در تاریخ 27 نوامبر, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -136 و در ۲۴ ساعت گذشته برابر -9 بوده و همچنان دسترسی گسترده‌ای حفظ شده است.

  • وضعیت تأیید: تأیید نشده
  • نرخ تعامل (ER): میانگین تعامل مخاطب 5.67% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 4.32% واکنش نسبت به کل مشترکان کسب می‌کند.
  • دسترسی پست‌ها: هر پست به طور میانگین 648 بازدید دریافت می‌کند. در اولین روز معمولاً 493 بازدید جمع‌آوری می‌شود.
  • واکنش‌ها و تعامل: مخاطبان به‌طور فعال حمایت می‌کنند؛ میانگین واکنش به هر پست 10 است.

📝 توضیح و سیاست محتوایی

نویسنده این فضا را محل بیان دیدگاه‌های شخصی توصیف می‌کند:
“News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ”

به لطف به‌روزرسانی‌های پرتکرار (آخرین داده در تاریخ 28 نوامبر, 2026)، کانال همواره به‌روز و دارای دسترسی بالاست. تحلیل‌ها نشان می‌دهد مخاطبان به‌طور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته اخبار و رسانه‌ها تبدیل کرده‌اند.

11 422
مشترکین
-924 ساعت
-317 روز
-13630 روز
آرشیو پست ها
ဒုတိယသမ္မတ ဦးညိုစော တနင်္သာရီတိုင်းဒေသကြီး မြိတ်နှင့်ထားဝယ်မြို့များအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး အောက်တိုဘာ ၁၇၊ ၂၀၂၆ ဒုတိယသမ္မတ ဦးညိုစောသည် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ကျော်လင်းမောင်၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဇော်နိုင်ဦး၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ရဲဝင်းအောင်၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ ဒေသထွက် ကုန်ကြမ်းများကို အခြေခံသည့် ဒေသတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSMEs) လုပ်ငန်းများဖြစ်သည့် မြန်မာ မာကို အင်ဒတ်စထရီ ကုမ္ပဏီလီမိတက်၏ နိုင်ငံခြားသွင်းကုန် အစားထိုး ငါးသေတ္တာ စည်သွပ်ဘူးထုတ်လုပ်နေမှု၊ တစ်ရက်လျှင် တန် ၁၀၀ ကျ အိုကေရတနာ အဆင့်မြင့်ဆန်စက် လည်ပတ်ဆောင်ရွက်နေမှုနှင့် ဆန်ကြိတ်ခွဲ ထုတ်လုပ်နိုင်မှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် ဒုတိယသမ္မတသည် အဖွဲ့ဝင်များနှင့်အတူ မြိတ်မြို့ရှိ ငါးလေလံဈေးနှင့် ငါးလုပ်ငန်းများ ဆောင်ရွက်မည့် နေရာသို့ရောက်ရှိပြီး စီမံကိန်းလုပ်ငန်းများကို ကြည့်ရှုလေ့လာကာ ငါးလေလံဈေး၌ ငါး၊ ပုဇွန်နှင့် ရေထွက်ပစ္စည်းများ ရောင်းဝယ်ဖောက်ကားနေမှု အခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။   မွန်းလွဲပိုင်းတွင် ဒုတိယသမ္မတသည် အဖွဲ့ဝင်များနှင့်အတူ ထားဝယ်မြို့သို့ရောက်ရှိပြီး ထားဝယ်မြစ်ရေစီးဆင်းမှုနှင့် ထားဝယ်ရိုးရာသပိတ်မျှောပွဲ ကျင်းပမည့်နေရာကိုလည်းကောင်း၊ ဆိုလာလျှပ်စစ် ဓာတ်အားပေးစနစ်ဖြင့် လည်ပတ်ဆောင်ရွက်လျက်ရှိသည့် ရွှေဥဩ ထားဝယ်ရိုးရာယက္ကန်းစက်ရုံ၏ ထားဝယ်ရိုးရာ လုံချည်အမျိုးမျိုး ထုတ်လုပ်နေမှုနှင့် ကျော်ကျော်မုန့်တိုက်၏ ကိတ်မုန့်အမျိုးမျိုး ထုတ်လုပ်နေမှုကိုလည်းကောင်း၊ ထားဝယ်မြို့ အဆင့်မြင့်ဈေးတည်ဆောက်ရန် သတ်မှတ်လျာထားသည့် မြေနေရာကိုလည်းကောင်း လှည့်လည်ကြည့်ရှုရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။ ယင်းနောက် ထားဝယ်မြို့ရှိ လောကမာရဇိန်ဘုရားအား သွားရောက်ဖူးမြော်ကြည်ညိုပြီး အလှူငွေများပေးအပ်ကာ စေတီတော်ပရိဝုဏ်အတွင်း လှည့်လည်ကြည်ညိုသည်။ ဆက်လက်၍ ဒုတိယသမ္မတသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ကျင်းပသည့် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်အမှာစကားပြောကြားသည်။ တွေ့ဆုံစဉ် ဒုတိယသမ္မတက နိုင်ငံတော်သမ္မတ တနင်္သာရီတိုင်းဒေသကြီးသို့ လာရောက်သည့် ခရီးစဉ်တွင် လမ်းညွှန်မှာကြားခဲ့သည့် တနင်္သာရီတိုင်းဒေသကြီးအတွင်း စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ MSME ထုတ်ကုန်များထုတ်လုပ် တင်ပို့နိုင်ရေးဆိုင်ရာ လမ်းညွှန်ချက်များကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး လိုအပ်သည်များကို ဆောင်ရွက်နိုင်ရန် လာရောက်ခြင်းဖြစ်ကြောင်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံသည့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် အားပေးဆောင်ရွက်ရန်၊ နိုင်ငံတကာဈေးကွက်ရှိသည့် ကော်ဖီနှင့်ကိုကိုး တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန်၊ တိုင်းဒေသကြီးအတွင်း ဆန်နှင့်ဆီဖူလုံမှုရှိအောင် ဝိုင်းဝန်းကြိုးစားဆောင်ရွက်ကြရန်၊ ဒေသနှင့်ကိုက်ညီသည့် မွေးမြူရေးလုပ်ငန်းများ တိုးချဲ့မွေးမြူနိုင်ရေး အားပေးဆောင်ရွက်ရန်၊ လောင်းလုံသဘာဝဘေး ပြန်လည်ထူထောင်ရေးကိစ္စရပ်များကို လိုအပ်ချက်များ ဖြည့်ဆည်းပေးရန်၊ အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် သက်ရောက်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များနှင့် စပ်လျဉ်း၍ ကြိုတင်ပြင်ဆင်ရေး၊ ကြိုတင်ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများကို သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍအလိုက် အချိန်မီ အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် အသေးစိတ် ဆွေးနွေးပြောကြားသည်။
17 اکتبر, 11:20

ဒုတိယသမ္မတ ဦးညိုစော တနင်္သာရီတိုင်းဒေသကြီး မြိတ်နှင့်ထားဝယ်မြို့များအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက
+3
ဒုတိယသမ္မတ ဦးညိုစော တနင်္သာရီတိုင်းဒေသကြီး မြိတ်နှင့်ထားဝယ်မြို့များအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး
17 اکتبر, 11:19

အောက်တိုဘာ ၁၆ ရက်နေ့က ရခိုင်ပြည်နယ် စစ်တွေ နှင့် ပေါက်တောမြို့နယ်ကြား ကုလားတန်မြစ်အတွင်းရှိ ငပြီကျွန်းတိုက်ပွဲ၌ အကြမ်းဖက် AA အလောင်း ၈ လောင့် နှင့် လက်နက်မျိုးစုံ ၂၄ လက် အပါအဝင် ဆက်စပ်ပစ္စည်းများကို တပ်မတော်က ရရှိခဲ့သည်။
17 اکتبر, 11:09

photo content
+9
17 اکتبر, 11:08

photo content
+9
17 اکتبر, 11:07

အမေရိကန်သည် အီရန်နှင့် ဖြစ်ပွားသော စစ်ပွဲအတွင်း ၁၉ နှစ်စာ စုဆောင်းထားသည့် ပက်ထရီယော့ (Patriot) ဒုံးကျည် လက်နက်သိုလှောင်မှုမျာ
အမေရိကန်သည် အီရန်နှင့် ဖြစ်ပွားသော စစ်ပွဲအတွင်း ၁၉ နှစ်စာ စုဆောင်းထားသည့် ပက်ထရီယော့ (Patriot) ဒုံးကျည် လက်နက်သိုလှောင်မှုများကို ၇ လအတွင်း အကုန်နီးပါးသုံးစွဲခဲ့ရသည်။
17 اکتبر, 09:58

သာပေါင်းမြို့နယ်၊ ဂျုံးဂျုံးကျကျေးရွာနှင့် ကန်ကြီးထောင့်မြို့နယ်၊ ဖားစည်ကွင်းကျေးရွာကြား၌ ဒါးကမြစ်ကူးတံတား(ကန်ကြီးထောင့်) ကို
+3
သာပေါင်းမြို့နယ်၊ ဂျုံးဂျုံးကျကျေးရွာနှင့် ကန်ကြီးထောင့်မြို့နယ်၊ ဖားစည်ကွင်းကျေးရွာကြား၌  ဒါးကမြစ်ကူးတံတား(ကန်ကြီးထောင့်) ကို တည်ဆောက်သွားမည် အောက်တိုဘာ ၁၇၊ ၂၀၂၆ ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်၊ ဆင်လမ်းကျေးရွာအုပ်စု၊ ဂျုံးဂျုံးကျကျေးရွာနှင့် ကန်ကြီးထောင့်မြို့နယ်၊ သဘော့ငူကျေးရွာအုပ်စု၊ ဖားစည်ကွင်းကျေးရွာကြား တည်ဆောက်မည့် ဒါးကမြစ်ကူးတံတား(ကန်ကြီးထောင့်) တည်ဆောက်ရေးစီမံကိန်း ပန္နက်တော်တင်မင်္ဂလာ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါတံတားဆောက်လုပ်မည့် မြေနေရာတွင်ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်အား တာဝန်ရှိသူများက ဒါးကမြစ်ကူးတံတား (ကန်ကြီးထောင့်)၏ ၂၀၁.၁၆၈ မီတာ(၆၆၀ ပေ)အရှည်၊ ၁.၂ မီတာ အချင်းဘိုးပိုင်အုတ်မြစ်၊ သံကူကွန်ကရစ်၊ Bailey + Steel Decking ၊ ယာဉ်သွားလမ်းအကျယ် ၁၃ ပေ ၆ လက်မနှင့် တံတားဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြပြီးနောက် မင်္ဂလာအချိန်တွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပန္နက်တော်များရိုက်သွင်း၍ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့သည်။ အဆိုပါတံတားသည် ၂၀၁.၁၆၈ မီတာ (၆၆၀ ပေ) အရှည်ရှိ သံကူကွန်ကရစ်၊ Bailey + Steel Decking အမျိုးအစားတံတားဖြစ်ပြီး ကျေးရွာ ၂၃ ရွာ၊ အိမ်ခြေ ၃၈၅၆ အိမ်၊ လူဦးရေ ၁၃၂၅၈ ဦးအား အကျိုးပြုမည်ဖြစ်သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရန်ကုန်-ပုသိမ်လမ်း မိုင်တိုင် ၉၉ မိုင် ၇ ဖာလုံမှ မိုင်တိုင် ၁၀၀ ကြား ၂၀ ပေ အကျယ် ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း၊ ပုသိမ်ပညာရေး ဒီဂရီကောလိပ် ၁၀၉၅ ပေ × ၄၈ ပေ လေးလမ်းသွား ကွန်ကရစ်လမ်းတိုးချဲ့ ဆောင်ရွက်မည့်လုပ်ငန်း၊ ရန်ကုန်-ပုသိမ်လမ်း ၁၁၁ မိုင်၂ ဖာလုံမှ ၁၁၁ မိုင် ၅ ဖာလုံတွင် အဝိုင်း ဆောင်ရွက်မည့်မြေနေရာနှင့် ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းမကြီးနှင့်မြကျွန်းသာ လမ်းဆုံမီးပွိုင့် တွင် ယာဉ်၊ လမ်း အန္တရာယ် ကင်းရှင်းစေရေးနှင့် ယာဉ်သွားလာမှု လွယ်ကူချောမွေ့စေရေး တို့အတွက် ယာဉ်ကြော( Free Lane) သတ်မှတ်ဆောင်ရွက်မည့်နေရာချထားမှုများကို ကြည့်ရှုစစ်ဆေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးပြည့်မီစွာ ဆောင်ရွက်ရန်၊ သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေးအတွက် လုပ်ငန်းအဆင့်ဆင့်ကို စနစ်တကျကြီးကြပ် ဆောင်ရွက်ရန်နှင့် လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာစေရေး၊ ယာဉ်ကြောပိတ်ဆို့မှု လျော့နည်းစေရေး၊ ယာဉ်/လမ်းအန္တရာယ် ကင်းရှင်းစေရေးတို့ကို အလေးထားဆောင်ရွက်ရန်၊ လုပ်ငန်းများဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ဌာနများအကြား ပူးပေါင်းညှိနှိုင်းဆောင်ရွက်ကြရန်နှင့် ပြည်သူများသွားလာအသုံးပြုရာ၌ အဆင်ပြေချောမွေ့စေရေးကို အလေးထားဆောင်ရွက်ကြရန် မှာကြားခဲ့သည်။
17 اکتبر, 09:44

ချင်းပြည်နယ်၊တီးတိန်မြို့ ကုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံတွင် 100mA Fixed Type Digital X-ray တပ်ဆင်ပြီးစီးမှုအခြေအနေနှင့် ဖလမ်းမြ
+3
ချင်းပြည်နယ်၊တီးတိန်မြို့ ကုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံတွင် 100mA Fixed Type Digital X-ray တပ်ဆင်ပြီးစီးမှုအခြေအနေနှင့် ဖလမ်းမြို့ ပြည်သူ့ဆေးရုံဝင်းအတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများအား ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်နှင့် ချင်းပြည်နယ်အစိုးရအဖွဲ့၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကော်မတီဝင်များ ကြည့်ရှုစစ်ဆေး  အောက်တိုဘာ ၁၇၊ ၂၀၂၆ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်သည် ချင်းပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်၊ ချင်းပြည်နယ်အတွင်းပြန်လည်ထူထောင်ရေးနှင့်ပြန်လည်တည်ဆောက်ရေး ကော်မတီဝင်များနှင့်အတူ အောက်တိုဘာလ (၁၆) ရက် မနက်ပိုင်းက ချင်းပြည်နယ်၊ တီးတိန်မြို့ ကုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံတွင် 100mA Fixed Type Digital X-ray စက် တပ်ဆင်ပြီးစီးမှု အခြေအနေကြည့်ရှုစစ်ဆေးသည်။ ရှေးဦးစွာ တီးတိန်ပြည်သူ့ဆေးရုံ ဓါတ်မှန်ဌာန မျက်နှာစာတွင် 100mA Fixed Type Digital X-ray စက် ဖွင့်ပွဲအခမ်းအနားကို ကျင်းပရာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်၊ ချင်းပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အင်ဂျင်နီယာချုပ် ဦးသန်းထူးအောင်နှင့် ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယညွန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ကံကောင်း၊ တီးတိန်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်နိုင်ဦးတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။ ထို့နောက် 100mA Fixed Type Digital X-ray စက် လက်တွေ့အသုံးပြုနေမှုအား ကြည့်ရှုစစ်ဆေးရာ ဆေးရုံအုပ် ဒေါက်တာထောင်းရှန်းစောန်းခိုင်မှ စက်တပ်ဆင်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ဒေါက်တာကျော်ကံကောင်းမှ ဖြည့်စွက်တင်ပြရာ ဒုတိယဝန်ကြီးက နိုင်ငံတော်အကြီးအကဲမှ ဒေသခံပြည်သူများ ကောင်းမွန်သည့် ဝန်ဆောင်မှု ရရှိနိုင်ရန် ရည်ရွယ်ဖြည့်ဆည်းပေးခြင်းဖြစ်သည့်အတွက် အကျိုးရှိရှိ အသုံးပြုရန်နှင့် စက်ထိန်းသိမ်းခြင်းကိုလည်း အလေးထားဆောင်ရွက်ရန် မှာကြားသည်။ 100mA Fixed Type Digital X-ray စက်တပ်ဆင်ခြင်းဖြင့် ရောဂါရှာဖွေခြင်းကို ချက်ခြင်း ဆောင်ရွက်နိုင်သည့်အပြင်၊ ယင်းဓါတ်မှန်စက်မှ ကြည်လင်ပြတ်သားသော ဓါတ်မှန်ပုံရိပ် ရရှိနိုင်သောကြောင့် လူနာများအား ရောဂါကုသရေး ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။ ထို့အတူ အောက်တိုဘာ(၁၇)ရက် မနက်ပိုင်းတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး‌ ဒေါက်တာသောင်းနိုင်၊ ချင်းပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်နှင့် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်‌ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကော်မတီဝင်များနှင့်အတူ ဖလမ်းမြို့ ပြည်သူ့ဆေးရုံဝင်းအတွင်း ဖလမ်းခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာများ၊ နယ်မြေခံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်သည့် စုပေါင်းအင်အား(၂၇၃)ဦးဖြင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးသည်။ ထိုသို့ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ဖလမ်းမြို့ ပြည်သူ့ဆေးရုံဝင်းအတွင်း အပျက်အစီးများ စနစ်တကျ ဖယ်ရှားရှင်းလင်းခြင်း၊ ဆေးရုံဝင်းအတွင်း သန့်ရှင်းသာယာလှပရေးအတွက် ပန်းခြံမြေပြုပြင်ခြင်းနှင့် ပြည်သူများ ကျန်းမာရေးလေ့ကျင့်ခန်း ဆောင်ရွက်နိုင်မည့်နေရာများတွင် ဆောင်ရွက်ကြရာ ဒုတိယဝန်ကြီးနှင့်အဖွဲ့များမှ စုပေါင်းသန့်ရှင်းရေးအဖွဲ့များအား အာဟာရမုန့်များ ပေးအပ်ခဲ့ကြောင်းသိရသည်။
17 اکتبر, 09:42

+1
ဟော်မုဇ် ရေလက်ကြားတွင် မြုပ်သွားသည့် ကုန်တင်သင်္ဘောပေါ်မှ အိုင်ဖုန်း iPhone များကို အီရန်နိုင်ငံသားများက လိုက်လံဆယ်ယူပြီး အွန်လိုင်းတွင် ပြန်လည်ရောင်းချနေကြောင်း တယ်လီဂရပ်ဖ်သတင်းဌာနဖော်ပြ။
17 اکتبر, 09:41

ပြင်သစ်၊ ဘယ်လ်ဂျီယံနှင့် ပိုလန် သံတမန်များ၏ မော်တော်ယာဉ်များသည် အစ္စရေးအခြေချနေထိုင်သူများ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ အွန
+3
ပြင်သစ်၊ ဘယ်လ်ဂျီယံနှင့် ပိုလန် သံတမန်များ၏ မော်တော်ယာဉ်များသည် အစ္စရေးအခြေချနေထိုင်သူများ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ အွန်လိုင်းတွင် ပျံ့နှံ့နေသည့် သတင်းဖော်ပြချက်များနှင့် ဓာတ်ပုံများအရ သံတမန်ယာဉ်တစ်စီးမှာ ကျောက်ခဲများဖြင့် ပစ်ပေါက်တိုက်ခိုက်ခံရပြီး မှန်များ ကွဲအက်သွားခဲ့ကြောင်း သိရသည်။ ထို့အပြင် ဓာတ်ပုံတစ်ပုံတွင် သံတမန်တစ်ဦးသည် တိုက်ခိုက်ခံရပြီးနောက် မြေပြင်ပေါ်တွင် လဲကျနေသည်ကို မြင်တွေ့ရသည်။ အခြားသတင်းဖော်ပြချက်များအရ မျက်နှာဖုံးစွပ်ထားသည့် အစ္စရေးအစွန်းရောက် ၇ ဦးသည် သံတမန်ယာဉ်ကို ဝိုင်းရံကာ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံအထောက်အထား တောင်းခံခဲ့ပြီး ဘယ်လ်ဂျီယံသံရုံးပိုင် ကား၏မှန်များကို ရိုက်ခွဲခဲ့ကြောင်း ဖော်ပြထားသည်။
17 اکتبر, 09:40

ဟော်မုဇ်ရေလက်ကြားတွင် နောက်ထပ် စူပါရေနံတင်သင်္ဘောကြီးတစ်စီး ေမိုင်းထိမှန်။
17 اکتبر, 09:33

အမေရိကန်သမ္မတထရမ့်၏မှတ်သားလောက်သည့်စကါး NOM ထရမ့် - " အရှေ့အလယ်ပိုင်းမှာတစ်စုံတစ်ယောက်ရဲ့နာမည်ကို သံသယရှိနေရင် 'မိုဟာမက်' လို့သာ ခေါ်လိုက်ပါ၊ ၆၅ ရာခိုင်နှုန်းလောက် မှန်ကန်နိုင်ခြေ ရှိပါတယ်။ 'မင်္ဂလာပါ၊ မိုဟာမက်။' ကျွန်တော် ဒါကို နှစ်နဲ့ချီပြီး လုပ်ခဲ့တာ၊ တစ်ခါမှ မမှားခဲ့ဖူးဘူး။"
17 اکتبر, 07:38

အာကာသပြတိုက်(ရန်ကုန်)သို့ အိန္ဒိယနိုင်ငံမှ လှူဒါန်းသည့် ပစ္စည်းများ လွှဲပြောင်းပေးအပ် NOM၊အောက်တိုဘာ ၁၇၊၂၀၂၆ အာကာသပြတိုက်(ရန်
အာကာသပြတိုက်(ရန်ကုန်)သို့ အိန္ဒိယနိုင်ငံမှ လှူဒါန်းသည့် ပစ္စည်းများ လွှဲပြောင်းပေးအပ် NOM၊အောက်တိုဘာ ၁၇၊၂၀၂၆ အာကာသပြတိုက်(ရန်ကုန်)သို့ အိန္ဒိယနိုင်ငံမှ လှူဒါန်းသည့် ပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ အာကာသပြတိုက် (ရန်ကုန်) ၌ကျင်းပသည်။ အခမ်းအနားတွင်မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Abhay Thakur က အာကာသပြတိုက် (ရန်ကုန်)သို့ လှူဒါန်းသည့်ပစ္စည်းများ လွှဲပြောင်းပေးအပ်ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ က လက်ခံရယူသည်။ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ် ကြီး H.E. Mr. Abhay Thakur က လှူဒါန်းသည့် ပစ္စည်းများအကြောင်းကို ရှင်းလင်းတင်ပြပြီး မြန်မာအာကာသအေဂျင်စီ အမှုဆောင်အရာရှိချုပ် ဒေါက်တာ စိုးမြင့်မောင် က ကျေးဇူးတင်စကား ပြောကြားသည်။ ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ နှင့် တာ ဝန်ရှိသူများက လှူဒါန်းသည့် ပစ္စည်းများအား လှည့်လည်ကြည့်ရှုကြသည်။
17 اکتبر, 07:16

မြောက်ကိုရီးယားက AI သုံး ရေငုပ်သင်္ဘောဖျက် တော်ပီဒိုကို စမ်းသပ် NOM မြောက်ကိုရီးယားနိုင်ငံသည် ပစ်မှတ်ရှာဖွေခြင်းနှင့် လမ်းကြေ
မြောက်ကိုရီးယားက AI သုံး ရေငုပ်သင်္ဘောဖျက် တော်ပီဒိုကို စမ်းသပ် NOM မြောက်ကိုရီးယားနိုင်ငံသည် ပစ်မှတ်ရှာဖွေခြင်းနှင့် လမ်းကြောင်းပြစနစ်များတွင် AI နည်းပညာ ပါဝင်အသုံးပြုထားသော Zam-2.0 အရှိန်မြင့် ပစ်မှတ်တိကျစွမ်းရည်မြင့် တော်ပီဒိုကို ကြာသပတေးနေ့က ရေအောက်စမ်းသပ်မှု ပြုလုပ်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာမှ ပြောကြားခဲ့သည်။ အဆိုပါ စမ်းသပ်မှုသည် လက်နက်၏ နည်းပညာမြင့်မားလာမှုကို အတည်ပြုနိုင်ခဲ့ပြီး ရေတပ်၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် အောင်မြင်မှုတစ်ခုဖြစ်ကြောင်း အဆင့်မြင့် ကာကွယ်ရေးတာဝန်ရှိသူများက သုံးသပ်ခဲ့သည်ဟု KCNA သတင်းတွင် ဖော်ပြထားသည်။ KCNA ၏ ဖော်ပြချက်အရ လွန်ခဲ့သော ၅ နှစ်အတွင်း ဆက်စပ်စမ်းသပ်မှု ပေါင်း ၁၈၀ ကျော် ပြုလုပ်ခဲ့ပြီးနောက် ယခုစမ်းသပ်မှုတွင် ဒုံးပျံမောင်းနှင်မှုစွမ်းရည်နှင့် တွန်းအားပေးမှု ထိရောက်မှုတို့ကိုလည်း အတည်ပြုနိုင်ခဲ့ကြောင်းသိရသည်။ ထိုစနစ်ကို "အလွန်အမင်း အရှိန်မြင့်" တော်ပီဒိုအဖြစ် ဖော်ပြထားပြီး မြောက်ကိုရီးယားအနေဖြင့် အနောက်ဘက်ပင်လယ်နှင့် အရှေ့ဘက်ပင်လယ်တို့တွင် တန် ၅,၀၀၀ ဖျက်သင်္ဘောသစ်များ တပ်တော်ဝင်ခြင်းနှင့် ရေငုပ်သင်္ဘောပစ် ခရုစ်ဒုံးကျည် စမ်းသပ်မှုများမှတစ်ဆင့် ရေတပ်စွမ်းရည်ကို တိုးချဲ့နေချိန်တွင် ယခုသတင်း ထွက်ပေါ်လာခြင်းဖြစ်သည်။ ယခု ထုတ်ဖော်ပြောကြားချက်သည် ရေအောက်တိုက်ခိုက်ရေး ပလပ်ဖောင်းများကို ဗဟိုပြု၍ မြောက်ကိုရီးယား၏ ရေတပ်လက်နက်များ တိုးတက်ထုတ်လုပ်လာသည့် ဖြစ်စဉ်များထဲမှ တစ်ခုဖြစ်သည်။ ထို့အပြင် ရေကြောင်းဆိုင်ရာစနစ်များတွင် လမ်းကြောင်းပြ နည်းပညာသစ်များကို ဆက်လက်ပေါင်းစပ် အသုံးပြုနေသည်ကိုလည်း မီးမောင်းထိုးပြနေသည်။
17 اکتبر, 06:58

အင်းလေးတွင် ဘုရားဆွဲလှေမှ Grade-12 ကျောင်းသား တစ်ဦးရေထဲပြုတ်ကျပြီး သေဆုံး NOM၊အောက်တိုဘာ၁၇၊၂၀၂၆ ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန်တွင်ယမန်နေ့အောက်တိုဘာ၁၆ရက် နံနက်၈နာရီခန့်က ဖောင်တော်ဦးဘုရား ဆွဲလှေပေါ်မှ Grade-12 ကျောင်းသားတစ်ဦးရေထဲပြုတ်ကျပြီး သေဆုံးခဲ့ကြောင်း အင်းလေးဒေသရှိဆရာတော်တစ်ပါးကမိန့်ကြားခဲ့သည်။ ဖြစ်စဉ်မှာအောက်တိုဘာ၁၆ရက် နံနက်၇နာရီခန့်ကအင်းလေးဖောင်တော် ဦးဘုရား ရုပ်ရှင်တော်မြတ် ၄ ဆူ ငါးဖယ်ချောင်းကျေးရွာမှ ကြေးစားကုန်းကျေးရွာသို့ ကြွချီစဉ်အင်းလယ်ဟသ်ာတိုင်အကျော်တွင်ငါးဖယ်ချောင်းအုပ်စုနေ ကျန်းမာရေးမကောင်းသူ အသက် ၁၆ နှစ်အရွယ် Grade- 12 ကျောင်းသားတစ်ဦး ရေထဲပြုတ်ကျခဲ့ပြီးသေဆုံးခဲ့ခြင်းဖြစ် သည်။ "ဦးဇင်သိသလောက်တော့သူကကျန်းမာရေးမကောင်းဘူးခေါင်းထဲ မှာမူးလာပြီးရေထဲပြုတ်ကျသွားတာပါ သူကရေလည်းကူးတတ်တော့ ကျန်တဲ့သူတွေကပြန်တက်လာ မယ်အထင်နဲ့ပေါ့ပေါ့တန်တန်နေလိုက်ကြတာ အချိန်ကြာလာပြီးပေါ်မလာဝိုင်ပြီးဆယ်ကြတာ ညနေ၅နာရီမှာသေဆုံးလျက်ပြန်တွေ့တယ်”ဟု အင်းလေးဒေသရှိဆရာ တော်တစ်ပါးကမိန့်ကြားခဲ့သည်။ အင်းလေးဖောင်တော်ဦးဘုရားပွဲတော်ကို အောက်တိုဘာ ၁၂ ရက်မှ ၂၉ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အင်းလေးဒေသရှိ စံကျောင်း ၂၁ ဌာနကို ဖောင်တော်ဖြင့်ဒေသစာရီကြွချီကာ ပူဇော်ခံနေစဥ်အတွင်း အောက်တိုဘာ၁၃ရက်က ဆွဲလှေတစ်စီးအောက်တိုဘာ ၁၄ရက်တွင်အလှပြလှေတစ်စီးတို့ တိမ်မှောက်ခဲ့ပြီး ယခုဆွဲလှေပေါ်မှကျောင်းသားတစ်ဦးပြုတ်ကျသေဆုံးခဲ့ကြောင်း သိရသည်။
17 اکتبر, 06:54

ရုရှားတို့ ပစ်လွှတ်လိုက်သော ပဲ့ထိန်းဒုံးကျည် (၂၈) စင်းအနက် တစ်စင်းမျှ ကြားဖြတ်ပစ်ချနိုင်ခြင်းမရှိခဲ့ကြောင်း ယူကရိန်းလေတပ်ဝန်ခံ ရုရှားတို့၏ ညတွင်းချင်း တိုက်ခိုက်မှုအတွင်း ယူကရိန်းလက်နက်စက်ရုံများသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေသည့် တစ်နိုင်ငံလုံးရှိ စွမ်းအင်ဆိုင်ရာ စက်ရုံ/စခန်းပေါင်း ၁၅ ခုထက်မနည်း ထိမှန်ပျက်စီးခဲ့ကြောင်း ယူကရိန်းသမ္မတ ဇယ်လန်းစကီးက မကျေမနပ် ပြောကြားခဲ့သည်။  "ယူကရိန်း၏ စွမ်းအင်ကဏ္ဍအပေါ် တိုက်ခိုက်ခဲ့သည့် သမိုင်းတစ်လျှောက် အကြီးမားဆုံး တိုက်ခိုက်မှုများထဲမှ တစ်ခု"
17 اکتبر, 06:52

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ အောက်တိုဘာ ၁၇၊ ၂၀၂၆ အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည်နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့်အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ် ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။ ထိုကဲ့သို့ သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့တွင် အသိပေးထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုမူ လုပ်ဆောင်ခဲ့သည့် “Swe Swe Thi” Facebook အကောင့်ပိုင်ရှင်ဖြစ်သူ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သာယာကုန်းရပ်ကွက်နေ လေးနွယ်အား ညနေ ၄ နာရီ ၂၀ မိနစ်တွင်သင်္ဃန်းကျွန်းမြို့မရဲစခန်း၌ တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ်အရေးယူဆောင်ရွက် ခဲ့ကြောင်း သတင်းရရှိသည်။
17 اکتبر, 06:48

ကျပ်ငါးသောင်းတန်ထုတ်မည်ဆိုသောသတင်းမှာတိုင်းပြည်ကိုဖျက်ဆီးလိုသူများထုတ််သည့်ကေါလဟလသာဖြစ်
ကျပ်ငါးသောင်းတန်ထုတ်မည်ဆိုသောသတင်းမှာတိုင်းပြည်ကိုဖျက်ဆီးလိုသူများထုတ််သည့်ကေါလဟလသာဖြစ်
17 اکتبر, 03:06

အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခု လှုပ်ရှား...
အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခု လှုပ်ရှား...
17 اکتبر, 00:53

ရုရှားနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုသစ်များ ကင်းလွတ်ခွင့်ပေးသည့် အမိန့်အား သမ္မတ ထရန့် လက်မှတ်ရေးထိုး — ယခုလို ခေတ္တဆိုင်းငံ့ခြင်းသည် 'အမျိုးသား အကျိုးစီးပွား' အတွက်ဖြစ်ကြောင်း လွှတ်တော်သို့ အကြောင်းကြား။
16 اکتبر, 22:57