en
Feedback
News Of Myanmar

News Of Myanmar

Open in Telegram

📈 Analytical overview of Telegram channel News Of Myanmar

Channel News Of Myanmar (@newsofmyanmar) in the Burmese language segment is an active participant. Currently, the community unites 12 314 subscribers, ranking 16 233 in the News & Media category and 10 278 in the Myanmar region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 12 314 subscribers.

According to the latest data from 22 July, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -173 over the last 30 days and by -3 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 6.76%. Within the first 24 hours after publication, content typically collects 5.27% reactions from the total number of subscribers.
  • Post reach: On average, each post receives 833 views. Within the first day, a publication typically gains 649 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 14.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
“News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ”

Thanks to the high frequency of updates (latest data received on 23 July, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the News & Media category.

12 314
Subscribers
-324 hours
-347 days
-17330 days
Posts Archive
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ ဖျောက်ဆိပ်ကုန်းကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူးကို PDF အကြမ်းဖက်အဖွဲ့ကသတ်ဖြတ် NOM ဒီဇ
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ ဖျောက်ဆိပ်ကုန်းကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူးကို PDF အကြမ်းဖက်အဖွဲ့ကသတ်ဖြတ် NOM ဒီဇင်ဘာ ၁၅၊ ၂၀၂၅ မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ ဖျောက်ဆိပ်ကုန်းကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ထွန်း (၆၆) နှစ်သည် ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက် ၈ နာရီ ၄၅ မိနစ်အချိန်၌ ၎င်း၏နေအိမ်မှကျေးရွာအတွင်းရှိ ဈေးဆိုင်သို့ ထွက်ခွာလာစဉ် ရွာလယ်လမ်းဆုံအရောက် PDF အကြမ်းဖက်သမားလေးဦးက ဆိုင်ကယ်နှစ်စီးဖြင့် ရောက်လာပြီး သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင်ကျည်ထိမှန်ဒဏ်ရာများ ရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။ News Of Myanmar NOM

အွန်လိုင်းလိမ်လည်မှု (Telecom  Fraud)နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသား၁၂၇ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ ထပ်မံပြည်နှင်လွှဲပြောင်းနိုင်ခဲ့ပြီး ပြည်ပနိုင်ငံသား ၁၃၁ ဦးကို ပြည်နှင်နိုင်ရေး စစ်ဆေးနိုင်ခဲ့ နေပြည်တော်၊ ဒီဇင်ဘာ ၁၅ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကိုတစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ် နယ်မြေတွင် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် နိုင်ငံပေါင်း ၁၁ နိုင်ငံမှ စုစုပေါင်း ပြည်ပနိုင်ငံသား ၁၂၇ ဦးတို့အား မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်း စာနာထောက် ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ထပ်မံလွှဲပြောင်းပေးခဲ့ပြီး ပြည်ပနိုင်ငံသား ၁၃၁ ဦးကို ပြည်နှင်နိုင်ရေး ထပ်မံစစ်ဆေးနိုင်ခဲ့သည်။ အဆိုပါ ပြည်နှင်လွှဲပြောင်းပေးမှုလုပ်ငန်းများ စနစ်တကျရှိစေရေးနှင့် အဆင်ပြေ ချောမွေ့  á€…္ရ္းဥတွက် မြဝတီခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်း နှင့် တာဝန်ရှိသူများက ဌာနဆိုင်ရာများနှင့်တွေ့ဆုံကာ စာရင်းဇယား၊ အချက်အလက်များကိုက်ညီမှုရှိရေးနှင့် ပြည့်စုံမှန်ကန်မှုရှိရေးတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ထို့နောက် ပြည်နှင်လွှဲပြောင်းပေးအပ်ပွဲကို ဆက်လက်ကျင်းပခဲ့ရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်သန်းနှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ မွန်ဂိုလီးယားနိုင်ငံသံရုံးမှ Third Secretary Mr. Erdemchukhal Tuvshintugs နှင့် တာဝန်ရှိသူများ၊ အီသီယိုးပီးယားနိုင်ငံ၊ ယူဂန်ဒါနိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ ဘူရွန်ဒီနိုင်ငံ၊ ရဝမ်ဒါနိုင်ငံ၊ ဆီးရီးယားလီယွန်နိုင်ငံ၊ ကင်မရွန်းနိုင်ငံ၊ မော်ရိုဂိုနိုင်ငံ၊ ကင်ညာနိုင်ငံနှင့် အီဂျစ်နိုင်ငံ သံရုံးတို့မှ သံရုံးကိုယ်စားလှယ် Mr. Tana Judah Hira နှင့်တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး  á€™á€źá€”်မဏနိုင်ငလမသ တာဝန်ရှိသူတို့က သက်ဆိုင်ရာနိုင်ငံများမှ တာဝန်ရှိသူများထံသို့ ပြည်နှင်လွှဲပြောင်း လက်ခံရေး ဆိုင်ရာ အထောက်အထား စာရွက်စာတမ်းများကို စနစ်တကျ လွှဲပြောင်းပေးအပ်သည်။ ထို့အတူ မြဝတီမြို့ရှိ အမှတ်(၅)ရပ်ကွက်၊ ဝါးတောရပ်အတွင်းသို့ တရားမဝင် လမ်းကြောင်း များမှတစ်ဆင့် ဝင်ရောက်နေကြသည့် အိန္ဒိယနိုင်ငံသား လေး ဦး၊ အီသီယိုးပီးယားနိုင်ငံသား ၁၃ ဦး၊ ဖိလစ်ပိုင်နိုင်ငံသား ၃၁ ဦး၊ ထိုင်းနိုင်ငံသား ၁၀ ဦး၊ ဗီယက်နမ်နိုင်ငံသား ၄၁ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ၁၂ ဦး၊ ဆီးရီးယားလီယွန်နိုင်ငံသား သုံး ဦးနှင့် ယူဂန်ဒါနိုင်ငံသား ၁၇ ဦး၊ စုစုပေါင်း ပြည်ပနိုင်ငံသား ၁၃၁ ဦးကိုယနေ့တွင် ထပ်မံစစ်ဆေးခဲ့ပြီး  á‚၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ ဒီဇင်ဘာလ ၁၅ ရက်အထိ မြဝတီမြို့နယ်အတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၁၃၆၆၇ ဦး ထိန်းသိမ်းနိုင်ခဲ့ကြောင်းနှင့် ယင်းနိုင်ငံသားအားလုံးကို စစ်ဆေးပြီးစီးခဲ့ပြီး ၎င်းတို့ အနက်မှ ၁၁၇၄၀ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ လုပ်ထုံး လုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၁၉၂၇ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီ ဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားရှိသည်။ နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက် နေသူများနှင့် နောက်ကွယ်မှကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန်အရေးယူနိုင်ရေး အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက် ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခ ရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့်  á€”ိုင်ငလခဟဏးသဏးမဝဏးကို သက်ဆိုင်ရာ နိုင်ငံများသို့ အမြန်ဆုံး ပြည်နှင်လွှဲပြောင်းပေးနိုင်ရေး ထိရောက်စွာညှိနှိုင်း ဆောင်ရွက်လျက် ရှိကြောင်းသတင်းရရှိသည်။

photo content
+5

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ အမှတ် (၁) ရပ်ကွက်နေ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ဇနီးဖြစ်သူတို့ကို PDF အကြမ်းဖက်အဖွဲ့က အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွား NOM ဒီဇင်ဘာ ၁၅၊ ၂၀၂၅ တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ အမှတ် (၁) ရပ်ကွက်နေ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမိုးနိုင် (၅၇) နှစ်သည် ဒီဇင်ဘာလ ၁၄ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်၌ ၎င်း၏ဇနီးဖြစ်သူဒေါ်အေးသန်း (၅၅) နှစ်၊ သားဖြစ်သူ ကိုချစ်စနိုး (၂၅) နှစ်တို့နှင့်အတူ နေအိမ်တွင် ရှိနေစဉ် PDF အကြမ်းဖက်သမားခြောက်ဦးခန့်က စက်လှေတစ်စီးဖြင့် ရောက်လာပြီး ၎င်းတို့သုံးဦးအားနေအိမ်မှ ကျေးရွာဆိပ်ကမ်းသို့ဖမ်းဆီးခေါ်ဆောင်သွားကာ ကျေးရွာဆိပ်ကမ်းအရောက် ကိုချစ်စနိုးအား ပြန်လည်စေလွှတ်ပေးခဲ့ပြီး ဦးမိုးနိုင်နှင့်ဒေါ်အေးသန်းတို့နှစ်ဦးအား အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

ပျောက်သွားသည့် နွားကိုလိုက်လံရှာဖွေစဉ် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းအားနင်းမိပေါက်ကွဲမှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ
ပျောက်သွားသည့် နွားကိုလိုက်လံရှာဖွေစဉ် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းအားနင်းမိပေါက်ကွဲမှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာရ NOM ဒီဇင်ဘာ ၁၅၊ ၂၀၂၅ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်ပြည်သူ့ဆေးရုံသို့ ဒီဇင်ဘာလ ၁၄ ရက်နေ့ ညနေ ၄ နာရီ ၂၀ မိနစ်အချိန်၌ မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် အမျိုးသားနှစ်ဦးရောက်ရှိနေကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ နံနက် ၁၁ နာရီ ၁၅ မိနစ်အချိန်၌ စဉ့်ကူးမြို့နယ်၊ ရွှေပြည်ကျေးရွာနေသူများ ဖြစ်ကြသည့် ဦးနိုင်ဇော်ထက် (၃၀) နှစ်နှင့် ဦးကျော် (၆၅) နှစ်တို့သည် ပျောက်သွားသည့်နွားအား လိုက်လံရှာဖွေရန် ထွက်ခွာလာစဉ်ကျေးရွာ၏အရှေ့ဘက် ၁ မိုင်ခန့်အကွာ တောလမ်းအရောက် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအား ဦးကျော်မှ နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတို့နှစ်ဦးတွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ News Of Myanmar NOM

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား လေယာဉ်၊ ရဟတ်ယာဉ်များက သရုပ်ပြအုပ်ဖွဲ့ပျံသန်းအလေးပြုပြီး စွမ
+8
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား လေယာဉ်၊ ရဟတ်ယာဉ်များက သရုပ်ပြအုပ်ဖွဲ့ပျံသန်းအလေးပြုပြီး စွမ်းရည်ပြသ

နွားထိုးကြီးမြို့နယ်တွင် လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိ နေပြည်တော် ဒီဇင်ဘာ ၁၅ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၁၀ ရက်မှစ၍ နယ်မြေမငြိမ်မသက်မှုများ စတင်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သောင်းကျန်းသူများ၏ ဖျက်ဆီးမှုကြောင့် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ ထိခိုက်ပျက်စီးခဲ့ကာ ဓာတ်အား ပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့သည်။ နွားထိုးကြီးမြို့နယ်အား ၂၃၀ ကေဗွီ မြင်းခြံ(သံမဏိ) - သပြေဝဓာတ်အားလိုင်းနှင့် ၁၃၂ ကေဗွီ သာစည်-မြင်းခြံ ဓာတ်အားလိုင်းတို့ဖြင့် နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားကို ၁၃၂ ကေဗွီ မြင်းခြံပင်မဓာတ်အားခွဲရုံမှ ၃၃ ကေဗွီ မြင်းခြံ-နွားထိုးကြီး ဓာတ်အားလိုင်းဖြင့် ဓာတ်အားရယူထားပြီး နွားထိုးကြီးမြို့ပေါ်ရှိ  á€›á€•်ကွက် ၈ ရပ်ကွက်နှင့် ကျေးရွာအချို့အား ၃၃/ ၁၁ ကေဗွီ မြို့မထပ်ဆင့်ဓာတ်အားခွဲရုံမှ လည်းကောင်း၊ ကျန်ကျေးရွာများအား ၃၃/ ၁၁ ကေဗွီ á€•ဟင်စည် ထပ်ဆင့်ဓာတ်အားခွဲရုံနှင့် ဝက်လူးထပ်ဆင့် ဓာတ်အားခွဲရုံများမှ လည်းကောင်း၊ မြို့ပေါ်ရပ်ကွက် ၈ ရပ်ကွက်နှင့် ကျေးရွာပေါင်း ၁၈၈ ရွာမှ မီးသုံးသူဦးရေ စုစုပေါင်း ၂၇၉၃၁ ဦးအား ဓာတ်အားဖြန့်ဖြူး ပေးခဲ့ခြင်းဖြစ်သည်။ ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၀ ရက်တွင် အကြမ်းဖက် သောင်းကျန်းသူများ ဝင်ရောက်ဖျက်ဆီးမှုကြောင့် ယင်းနေ့မှ စတင်၍ ဓာတ်အားလိုင်းများ ပြတ်တောက်ခဲ့သော်လည်း တပ်မတော်လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ လုံခြုံရေးဆောင်ရွက်ပေးမှုကြောင့် ၂၃၀ ကေဗွီ မြင်းခြံ(သံမဏိ) - သပြေဝဓာတ်အားလိုင်းနှင့် ၁၃၂ ကေဗွီ သာစည်-မြင်းခြံ ဓာတ်အားလိုင်းတို့ကို လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေး ဦးစီးဌာနမှ အင်ဂျင်နီယာ များ ဦးဆောင်၍ လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်း ၃၈ ဦးဖြင့် စစ်ဆေးပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာတွင် လုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့သည်။ ထို့အတူ ၁၃၂ ကေဗွီ မြင်းခြံပင်မဓာတ်အားခွဲရုံမှ နွားထိုးကြီးမြို့သို့ ဓာတ်အားဖြန့်ဖြူးပေးထားသော ၃၃ ကေဗွီ မြင်းခြံ-နွားထိုးကြီးဓာတ်အားလိုင်းအား ဆက်လက်ပြုပြင် ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာတွင် ပြီးစီးခဲ့ပြီး မြို့တွင်းဖြန့်ဖြူးရေး ဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံနှင့် ထရန်စဖော်မာများအား မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးဆောင်၍ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၀ ရက်တွင် စစ်ဆေးပြုပြင်ခြင်း လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်ခဲ့သည်။ ထိုသို့ ဆောင်ရွက်ရာတွင် ပထမအဆင့်အနေဖြင့် နွားထိုးကြီးမြို့ပေါ် အရေးကြီးနေရာများနှင့် ဌာနဆိုင်ရာ ရုံးများအား ဓာတ်အားအမြန်ရရှိနိုင်ရေးအတွက် မူလမြို့မ ဓာတ်အားခွဲရုံရှိ ပျက်စီး သွားသော ထရန်စဖော်မာအား ယာယီအစားထိုးဆောင်ရွက်ခြင်း၊ ၃၃ ကေဗွီ မြင်းခြံ-နွားထိုးကြီး ဓာတ်အားလိုင်းအား ပြန်လည်စစ်ဆေးပြုပြင်ခြင်း၊ မြို့ပေါ် ရပ်ကွက်များရှိ ဖြန့်ဖြူးရေး ထရန်စဖော်မာအချို့အား ပြန်လည်စစ်ဆေးပြုပြင်ခြင်း၊ ၁၁ ကေဗွီ ဓာတ်အားလိုင်းနှင့် ၄၀၀ ဗို့ ဓာတ်အားလိုင်းများ စစ်ဆေးပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီးဖြစ်သည့်အတွက် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၄ ရက်၊ မွန်းလွဲ ၂ နာရီ မိနစ် ၅၀ မှစတင်၍ မြို့နယ်ပြည်သူ့ဆေးရုံ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ယာယီအခြေစိုက်ရုံးများနှင့် အရေးကြီး နေရာအချို့အား ဓာတ်အားပြန်လည်ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့သည်။ တစ်မြို့နယ်လုံးအနေဖြင့် ၂၅ ရာခိုင်နှုန်းခန့် ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့ပြီး ဌာနဆိုင်ရာရုံးများ၊ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများကို လျှပ်စစ်ဓာတ်အား တိုးချဲ့ဖြန့်ဖြူး ပေးနိုင်ရေးအတွက် ပြုပြင်ရန်ကျန်ရှိသော ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ ပြန်လည် ပြုပြင်ခြင်းလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။   

photo content
+2

ဒီဇင်ဘာလ၁၅ရက်နိုင်ငံတကာသတင်းတိုများ NOM ၁။ဆစ်ဒနီကမ်းခြေတွင်ကျင်းပနေသောဂျူးပွဲတော်သို့သေနတ်သမားကဝင်ရောက်ပစ်ခတ်ရာလူ၁၅ဦးသေဆုံးပ
ဒီဇင်ဘာလ၁၅ရက်နိုင်ငံတကာသတင်းတိုများ NOM ၁။ဆစ်ဒနီကမ်းခြေတွင်ကျင်းပနေသောဂျူးပွဲတော်သို့သေနတ်သမားကဝင်ရောက်ပစ်ခတ်ရာလူ၁၅ဦးသေဆုံးပြီးနောက်သြစတေလျဝန်ကြီးချုပ်ကပိုမိုတင်းကြတ်သည့်လက်နက်ဥပဒေကိုအဆိုပြုလိုက်သည်။ ၂။ထိုင်းစစ်တပ်ထံမှ နယ်စပ်တိုက်ပွဲများအတွင်း သိမ်းပိုက်ရရှိခဲ့သည့် BTR-3E1 စစ်ယာဉ်ကိုကမ္ဘောဒီးယားကပြသခဲ့သည်။(ဓါတ်ပုံ) ၃။ပယ်မီယာဒေသတွင်ကင်းလှည့်နေသောဆီးရီးယားစစ်တပ်ကိုISအကြမ်းဖက်အဖွဲ့ကယနေ့ခြုံခိုတိုက်ခိုက်ရာဆီးရီးယားစစ်သားလေးဦးသေသည်။ယမန်နေ့ကလည်းအမေရိကန်စစ်သားသုံးဦးသေဆုံးပြီးဖြစ်သည်။ ၄။ရေကြီးမှုကြောင့်မိုရိုကိုကမ်းရိုးတန်းမြို့များတွင်လူ၃၇ဦးသေသည်။ ၅။ယူကရိန်းသည် ရက် ၁၀၀ အတွင်း ရွေးကောက်ပွဲကျင်းပရန် နှင့် နေတိုး အဖွဲ့သို့ ဝင်ရောက်ရန် တောင်းဆိုခြင်းကို စွန့်လွှတ်မည်ဖြစ်ကြောင်း ဂျာမန်သတင်းစာဘိုင်းဒ်ကဖော်ပြသည်။

အကြမ်းဖက်သမားများ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သော တံတားများအား မိဘပြည်သူများသွားလာကူးသန်းမှု့အဆင်ပြေစေရန် အချိန်မှီပြန်လည်ပြုပြင်တည်ဆောက်ပေးနေသော တပ်မတော်သားများ - တိုက်ပွဲသတင်းစုံ

Repost from NOM
ဘွန်ဒီကမ်းခြေမှာ သေနတ်သမားဆီကနေ သေနတ်ကို သွားလုခဲ့ပြီး လူ့အသက်ပေါင်းများစွာကို ကယ်တင်ခဲ့တဲ့ အသက် ၄၃ နှစ်အရွယ်၊ ကလေး ၂ ဦးဖခင်က
ဘွန်ဒီကမ်းခြေမှာ သေနတ်သမားဆီကနေ သေနတ်ကို သွားလုခဲ့ပြီး လူ့အသက်ပေါင်းများစွာကို ကယ်တင်ခဲ့တဲ့ အသက် ၄၃ နှစ်အရွယ်၊ ကလေး ၂ ဦးဖခင်ကို ဆုကြေးငွေချီးမြှင့်ဖို့အတွက် စုဆောင်းထားမှုဟာ ဒေါ်လာ ၁ သန်းကျော်အထိ ရှိလာတယ်လို့ သိရပါတယ်။ Ahmed el Ahmed ဟာ သေနတ်သမားဆီ မသွားခင် သူ့ရဲ့ ဝမ်းကွဲညီအကိုဖြစ်သူကို “ငါ သေချင် သေသွားလိမ့်မယ်၊ လူတွေရဲ့ အသက်ကို ကယ်တင်ဖို့ ငါလုပ်ခဲ့တာလို့ ငါ့မိသားစုကို ပြောပေး” ဆိုပြီး မှာခဲ့တယ်လို့ Daily Mail က ဆိုပါတယ်။ သူဟာ သေနတ်ကို အောင်မြင်စွာနဲ့ လုယူနိုင်ခဲ့ပြီး သေနတ်သမားကို ထွက်ပြေးစေခဲ့ပါတယ်။ အခုအခါမှာ သူ့အတွက် ဆုကြေးပေးအပ်ဖို့ GoFundMe ကတဆင့် ကမ်ပိန်းလုပ်ခဲ့ရာမှာ လှူဒါန်းသူပေါင်း ၁၈၀၀၀ အထိ ရှိခဲ့ကာ ဒေါ်လာ ၁ သန်းအထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။ သူ့ကို နယူးဆောက်ဝေးလ်ပြည်နယ်အုပ်ချုပ်ရေးမှူးက ဆေးရုံအထိ လိုက်ကာ သတင်းမေးပြီး ချီးကျူးဂုဏ်ပြုခဲ့ကာ သူရဲကောင်းလို့လည်း ခေါ်ဝေါ်ခဲ့ပါတယ်။ NOM

မြောက်ဥက္ကလာပမြို့နယ်တွင် မလေးရှားနှင့် ထိုင်းရေပိုင်နက်သို့ ပင်လယ်ရေကြောင်းဖြင့် သယ်ဆောင်မည့် မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား
+5
မြောက်ဥက္ကလာပမြို့နယ်တွင် မလေးရှားနှင့် ထိုင်းရေပိုင်နက်သို့ ပင်လယ်ရေကြောင်းဖြင့် သယ်ဆောင်မည့် မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား ငွေကျပ် ၁၃၃ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၁ ဒသမ ၅၈ တန်နှင့် ကက်တမင်း ၁ ဒသမ ၈ တန်ကျော်တို့နှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ နေပြည်တော် ဒီဇင်ဘာ ၁၅

မူဆယ်မြို့တွင် လမ်းလျောက်နေသူများကို ကျောက်ကားမှဝင်တိုက် နှစ်ဦးသေဆုံးရှစ်ဦးဒဏ်ရာရ NOM၊ဒီဇင်ဘာ၁၅၊၂၀၂၅ ရှမ်းပြည်နယ် မြောက်ပို
မူဆယ်မြို့တွင် လမ်းလျောက်နေသူများကို ကျောက်ကားမှဝင်တိုက် နှစ်ဦးသေဆုံးရှစ်ဦးဒဏ်ရာရ NOM၊ဒီဇင်ဘာ၁၅၊၂၀၂၅ ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ မူဆယ် - ၁၀၅ မိုင်အနီး ပြည်ထောင်စုလမ်းမပေါ် တွင်ယမန်နေ့ဒီဇင်ဘာလ ၁၄ ရက်မွန်းလွဲ ၂ နာရီခွဲခန့်က လမ်းလျောက်နေသူများကို ကျောက်ကားမှဝင်တိုက်ခဲ့ရာ နှစ်ဦးသေဆုံ ရှစ်ဦဒဏ်ရာ ရရှိခဲ့ ကြောင်းဒေသခံလူမှုကူညီရေးအသင်းတစ်ခုမှသိရသည်။ ဖြစ်စဉ်မှာ မူဆယ် - ၁၀၅ မိုင်အနီး ပြည်ထောင်စုလမ်းမပေါ်တွင်ကျောက်များတင် ဆောင်လာသည့် ၆ ဘီးကား ဘရိတ်ပေါက်ပြီး လမ်းဘေးတွင်သွားလာနေသည့်ပြည်သူများအားတိုက်သွားပြီး လမ်းဘေးတွင်တိမ်းမှောက်ခဲ့သည့်အတွက်လူနှစ်ဦးသေဆုံပြီး ရှစ်ဦးဒဏ်ရာရရှိခဲ့ ကြောင်းသိရသည်။ "အခုဖြစ်တဲ့နေရာကစစ်ဆေးရေးဂိတ်တစ်ခုဖြစ်ပါတယ် အဲဒီဂိတ်ရောက်ရင်ကားပေါ်ပါလာသည့် ခရီးသည်များအားလုံးဆင်ပြီးဂိတ်ကိုလမ်းလျှောက်ရတာပြီးတော့မှတ်ပုံတင်ပြပြီးကားပေါ်ပြန်တက်ရတာဆိုတော့ သူတို့ လမ်းလျောက်နေတဲ့အချိန်မှဘဲ ကျောက်ကားကဘရိတ် ပေါက်ပြီးလူတွေကို တိုက်မိပြီးကားကတိမ်မှောက် သွားတာပါ"ဟု ဒေသ ခံလူမှုကူညီရေးအသင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးကပြော သည်။

ရပ်စောက်မြို့နယ်၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၀) သင်တန်းဖွင့်ပွဲ ပြုလုပ်
+5
ရပ်စောက်မြို့နယ်၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၀) သင်တန်းဖွင့်ပွဲ ပြုလုပ်

ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဥ် (၂၀) သင်တန်းဖွင့်ပွဲ အခမ်းအနား။
+5
ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဥ် (၂၀) သင်တန်းဖွင့်ပွဲ အခမ်းအနား။

ရန်ကုန်တိုင်းဒေသကြီးမရမ်းကုန်းတွင် ကားပစ္စည်းဂိုဒေါင် မီးလောင် NOM၊ဒီဇင်ဘာ၁၅၊၂၀၂၅ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ န
ရန်ကုန်တိုင်းဒေသကြီးမရမ်းကုန်းတွင် ကားပစ္စည်းဂိုဒေါင် မီးလောင် NOM၊ဒီဇင်ဘာ၁၅၊၂၀၂၅ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ နဝဒေးလမ်းရှိကားပစ္စည်းဂိုဒေါင်တစ်ခု ဒီဇင်ဘာ ၁၅ ရက် နံနက် ၅း၄၆နာရီ အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့‌ကြောင်းမြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။ အဆိုပါမီးလောင်မှုကို Level 1 ယာဉ်အုပ်စုဖြင့် ငြှိမ်းသတ်ခဲ့ရ၍ လူမှုကူညီရေးအသင်းအဖွဲ့များက ဝိုင်းဝန်းကူညီ ငြှိမ်းသတ်ခဲ့ကြပြီး မနက် ၆ နာရီ ၁၀ မိနစ်တွင် မီးထိန်းနိုင်ကါ ၆း၁၇ နာရီ ၌ မီးငြိမ်းသွားသည်။ မီးလောင်မှုကြောင့် ဂိုဒေါင်ထဲတွင်ရှိသည့် ကားအင်ဂျင်များ၊ကားပစ္စည်းများ မီးလောင်ဆုံးရှုံးသွားပြီးမီးလောင်ရသည့်အကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို စိစစ်နေဆဲဖြစ်‌ကြောင်းသိရသည်။

အကြမ်းဖက်အဖွဲ့က မန္တလေး-မတ္တရာ-သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားကို မိုင်းခွဲဖျက်ဆီး NOM၊ဒီဇင်ဘာ၁၅၊၂၀၂၅ မန္တလေးတ
အကြမ်းဖက်အဖွဲ့က မန္တလေး-မတ္တရာ-သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားကို မိုင်းခွဲဖျက်ဆီး NOM၊ဒီဇင်ဘာ၁၅၊၂၀၂၅ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအနီးရှိ မန္တလေး-မတ္တရာ- သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ ဇရပ်ကွင်းကျေးရွာနှင့် လိပ်ကြကျေးရွာတို့အားဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်သံကူကွန်ကရစ်တံတားအား အကြမ်းဖက်အဖွဲ့က ဒီဇင် ဘာ ၁၄ ရက်နံနက်ပိုင်းကမိုင်းခွဲဖျက်ဆီးခဲ့ကြကြောင်း သိရသည်။ အဆိုပါအကြမ်းဖက်အဖွဲ့ဝင်များသည် လုံခြုံရေးအဖွဲ့ဝင်များအား စတင်ပစ်ခတ်တိုက် ခိုက်ပြီးနောက် လုံခြုံရေးအဖွဲ့ဝင်များကပြန်လည်ပစ်ခတ်ရာထွက်ပြေးချိန်၌ တံတားအရှည်(၈၀)ပေအကျယ်(၁၅) ပေရှိ ကျေးရွာချင်းဆက် သံကူကွန်ကရစ်တံတားအား မိုင်းထောင်ဖောက်ခွဲခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် တံတာအောက်ခြေတိုင်များပြိုကျပျ-က်စီးခဲ့သဖြင့် လူနှင့် ယာဉ်များဖြတ် သန်း သွားလာမရဖြစ်နေ၍ လုံခြုံရေးအဖွဲ့ဝင်များက အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေးကို ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ပျက်ဆီးခဲ့သည့်တံတားအား ပုံမှန်အတိုင်းပြန်လည်အသုံးပြုနိုင်ရန် တာဝန်ရှိသူများနှင့်အတူဆောင်ရွက်နိုင်ရေးပြုလုပ်လျက်ရှိကြောင်း သိရသည်။

Repost from NOM
ဘွန်ဒီကမ်းခြေမှာ သေနတ်သမားဆီကနေ သေနတ်ကို ဝင်ရောက်လုယူခဲ့ပြီး ဟီးရိုးတဦးအဖြစ် ကျော်ကြားခဲ့တဲ့ အမျိုးသားကို ဂျူးလူမျိုး သူဌေးတဦ
ဘွန်ဒီကမ်းခြေမှာ သေနတ်သမားဆီကနေ သေနတ်ကို ဝင်ရောက်လုယူခဲ့ပြီး ဟီးရိုးတဦးအဖြစ် ကျော်ကြားခဲ့တဲ့ အမျိုးသားကို ဂျူးလူမျိုး သူဌေးတဦးဖြစ်တဲ့ Bill Ackman က ဒေါ်လာ ၁ သိန်း ပေးအပ်ခဲ့တယ်လို့ သတင်းတွေထွက်လာခဲ့ပါတယ်။ သူဟာ အမေရိကန်ရဲ့ အချမ်းသာဆုံး သူဌေးတွေထဲက တဦးဖြစ်ပြီး ဒေါ်လာ ၉.၅ ဘီလျံအထိ ကြွယ်၀သူဖြစ်ပါတယ်။ NOM

KK Park နယ်မြေအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် အဆောက်အအုံ ၁၆ လုံး ထပ်မံဖြိုချဖျက်ဆီး၊ မြဝတ
+9
KK Park နယ်မြေအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် အဆောက်အအုံ ၁၆ လုံး ထပ်မံဖြိုချဖျက်ဆီး၊ မြဝတီမြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်မှုမရှိစေရေး ဆက်လက်ရှာဖွေစစ်ဆေး

Repost from NOM
အကြမ်းဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ ဘွန်ဒီကမ်းခြေအနီးက မွတ်စလင်သုဿန်ထဲကို ဝက်ခေါင်းတွေ ပစ်ထည့်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ N
အကြမ်းဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ ဘွန်ဒီကမ်းခြေအနီးက မွတ်စလင်သုဿန်ထဲကို ဝက်ခေါင်းတွေ ပစ်ထည့်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ NOM